Monday, March 10, 2014

စိတ်ဝင်စားဖွယ်ရာ မလေးရှား လေယာဉ် ပျောက်ဆုံးမှု (သို.) Collection of MH370 News




Malaysia နိုင် ငံ လေ ကြောင်း ကု မ္ပ ဏီ ပိုင် Boeing 777-200 ခ ရီး သည် တင် လေ ယဉ် MH370 ခ ရီး စဉ် ဟာ Malaysia နိုင် ငံ မြို့ တော် Kualalumpur မြို့ မှ နံ နက် စော စော ထွက် ခွာ ပြီး ချိန် ဒေ သ စံ တော် ချိန် ၂ : ၄၀ နာ ရီ အချိန် လေ ဆိပ် ကွပ် ကဲ ရေး ဌာ န နဲ့ အ ဆက် အ သွယ် ပြတ် တောက် သွား ခဲ.တာပါ ။
ဒီ လေ ယာဉ် ကြီး ဟာ Malaysia နိုင် ငံ Kuala Lumpur မြို့ တော် မှ တ ရုပ် နိုင် ငံ မြို့ တော် Bei jing သို့ ခ ရီး သည် ၂၂၇ ဦး တင် ဆောင် လာပြီး လေ ယဉ် အ မှု ထမ်း ၁၂ ဦး အ ပါ အဝင် လူ ပေါင်း ၂၃၉ ဦး လိုက် ပါ လာ ခဲ့ပြီးတ ရုပ် နိုင် ငံ Bei jing မြို့ တော် ကို ဒေ သ စံ တော် ချိန် နံ နက် ၆ : ၃၀ နာ ရီ အ ချိန် ရောက် ရှိ ရ မှာ ဖြစ်ပါတယ် ။ လေယာဉ်အမှုထမ်းအားလုံး မလေးရှားလူ မျိုးတွေဖြစ်ပြီး ခရီးသည်တွေထဲမှာ တရုတ်လူမျိုး အများစုဖြစ်ပါတယ်။ နို.စို့ကလေးအရွယ်နှစ်ဦးလည်း လေယာဉ်ပေါ်လိုက်ပါသွားတယ် လို့ သိရပါတယ်။မလေးရှားအဲလိုင်း ဟာ အာရှလေကြောင်းလိုင်းတွေထဲလုံခြုံစိတ်ချရမှုအကောင်းဆုံးမှတ်တမ်းရှိတဲ့လိုင်းတွေထဲက တစ်ခု
ဖြစ်တယ်လို့ လည်း ဆိုကြပါတယ်။

 ပထမဆုံး ဒါနဲ.ပတ်သက်လို. ထွက်ပေါ်လာတဲ့ သတင်းကတော. Malaysia Airline
မှ Flight MH370 သည်၊ ဗီယက်နမ်နိုင်ငံရေပိုင်နက်အနီး Tho Chu ကျွန်းအနီးတွင် ပျက်ကြသွားခဲ့သည် လို. ကြားသိရတာပါ ။ဒါပေမယ်.လည်း ဗီယက်နမ်သတင်းဌာနမှ.. လေယာဉ်ပင်လယ်ထဲသို့  ပျက်ကျခဲ့ကြောင်း ရေတပ်မှပြောဆို အတည်ပြုသည်ဟု ပြောဆို သတင်းထုတ်လွှင့်မှုကိုမလေးရှား ပို့ ဆောင်ရေးဝန်ကြီးမှ အတည်မပြုကြောင်း.....ရေတပ်တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာတွင်လည်း သူတို့ မပြောဆိုကြောင်း...သတင်းတွေ ထပ်မံပေးထွက်လာခဲ့တာကြောင်. အားလုံးက အကောင်းဘက်ကပြန်တွေး မျှော်လင်.ခဲ့ကြပါတယ် ။ အဲ့ဒီ သတင်းထွက်ခဲ့တာကတော ဗီယက်နမ်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးက အဆိုပါလေယာဉ် ဗီယက်နမ်တောင်ပိုင်း ပင်လယ်ပြင်ထဲ ပျက်ကျသွားတယ် လို့ ဆိုခဲ့ပြီး လေကြောင်းလိုင်းတာဝန်ရှိသူတွေနဲ့ မလေးရှား
အာဏာပိုင်တွေကတော့ အတည်မပြုနိုင်သေးကြောင်း ၊ အပျက်
အစီးတွေကို တွေ့ရှိဖို့ကြိုးပမ်းရှာဖွေနေကြောင်း  သတင်းထုတ်ပြန်ခဲ့ရာက ပေါ်ထွက်ခြင်းဖြစ်ပါတယ်။ပျက်ကျတယ်လို့ ဆိုတဲ့ ပြောဆိုမှုတွေမှာလည်းနေရာတွေ ကွဲလွဲနေကြပါတယ်။



အဲ့ဒီလို မရေမရာ ဖြစ်နေတာတွေကနေ ပထမဆုံး သဲလွန်စ ကတော. မလေးရှားလေကြောင်းလိုင်းရဲ့ လေယာဉ်ပျောက်သွားတဲ့နေရာနားမှာ ရေနံလောင်စာဆီကွက်ကြီး ၂ ခုကို ဗီယက်နမ်ရှာဖွေ ကယ်ဆယ်ရေး လေယာဉ်တွေက တွေ့ရှိခဲ့ခြင်းပါ ။ဗီယက်နမ်နိုင်ငံရဲ့တောင်ဘက်စွန်းနားမှာတွေ့ရတဲ့ လောင်စာဆီကွက်ကြီး ၂ ခုရှိတဲ့နားကို ကယ်ဆယ်ရေးသင်္ဘောတွေကို စေလွှတ်ထားတယ်လို့ ဗီယက်နမ်အစိုးရက ပြောခဲ့ခြင်း ဖြစ်ပြီး၆ မိုင်ကနေပြီး ၉ မိုင်လောက် ရှိတယ်ဆိုတဲ့ ဆီကွက်ကြီးတွေကို တွေ့ရှိရခြင်းဖြစ်ပါတယ် ။ လေယာဉ်ပျံတဲ့နောက်ဆုံးအဆက်အသွယ်ရတဲ့နေရာလို့ ဗီယက်နမ်တာဝန်ရှိသူတွေ ပြောတဲ့ ဗီယက်နမ်နိုင်ငံ၊ အနောက်တောင်ပိုင်း သောင်ချူးကျွန်း ( Tho Chu) ရဲ့ အနောက်တောင်ပိုင်း ကမ်းလွန် မိုင် ၁၅၀ လောက်မှာ အဓိက အာရုံစိုက်ပြီး နိုင်ငံစုံက ရှာဖွေရေးတွေကို လုပ်နေကြခြင်းဖြစ်ပြီးမလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့က သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ပျောက်ဆုံးသွားတဲ့လေယာဉ်ကိုပါဝင် ရှာဖွေနေကြ တာပါ ။

ဒါပေမယ်.လည်း ဒီ.ထက်ပိုသေချာတဲ့ ဘာ သတင်း တစ်ခု ဘာသဲလွန်စ တစ်ခုမှ မရခဲ့ကြတာကြောင်. တွေးစရာတွေ ဆန်းစစ်စရာတွေ ဖြစ်လာခဲ့ပါတယ် ။အဲ့ဒီမှာ




လေယာဉ်မှူးကြီးအနေနဲ.အချိန်တိုင်းမြေပြင်ထိန်းသိမ်းရေးမျှော်စင်နှင့်အဆက်သွယ်ရနေပါလျှက်
မည်သည့်အကြောင်းကြောင့်လေယာဉ်စက်ချို့ယွင်လို့ဖြစ်စေလေယာဉ်ပေါ်တွင်အရေးပေါ်
ခြေအနေတခုခုကြောင့်ဖြစ်စေဘာကြောင့်အကြောင်းစုံကိုသတင်းမပို့နိုင်ခဲ့သနည်း။

လောယာဉ်ပျက်ကျလောက်အောင်အထိအဖြစ်အပျက်သည်လူအမှားကြောင့်လော၊လူပယောဂ
ကြောင့်လေစက်ချို့ယွင်းမှုကြောင့်လောမသိနိုင်သေးခြင်း။လေယာဉ်အတွင်အကြမ်းဖက်မှု
(airplane kidnapping case)ကြောင့်လား။

လေယာဉ်တစင်းစင်းရေထဲသို့ပျက်ကျပါကလေယာဉ်ဆီကွက်ကြီးများ၊လေယာဉ်အပိုင်းအစ
များ၊အလိုအလျောက်ထွက်ကျသော(Life boat)များ၊ရေတွင်ပေါ်သောလေယာဉ်ကူရှင်များ။ခရီး
သည်အသုံးဆောင်အိပ်များဘာလို. မပေါ်တာလဲ

ပေပေါင်း(35000)အမြင့်ကနေပြီးပျက်ကျလာတဲ့လေယာဉ်ကြီးတစီးဟာရေမျက်နှာပြင်ပေါ်
ရောက်ဖို့အချိန်(5 to 10)min အတွင်းမှာလေယာဉ်မှူးကြီးဘာလုပ်နေခဲ့ပါသလဲ ..(Co pilot)မည်
သည့်အကြောင့်ကြောင့်လေကြောင်းထိန်းသိမ်းရေးမြော်စင်နဲ့မဆက်သွယ်ခဲ့ပါသလဲ
လေယာဉ်မှူးများကိုယ်တိုင်အရေးပေါ်အကူအညီ May Day...May Day... May Day ကိုမပြော
နိုင်ခဲ့သော်ထားဦးအနီးအနားကူညီပေးနိုင်သောအရေးပေါ်အကူအညီပေးရးစက်( emergency situation Radio)ခလုတ်ကမနိပ်ခဲ့ရတာလဲ

အသက်(53)နှစ်ရှိပြီဖြစ်တဲ့လေယာဉ်မှူကြီး Mr Zaharie Ahmad Shah ဟ်ာလေယာဉ်ပျံ
သန်းချိန်နာရီ(18000)အတွေ့အကြုံရှိသောလေယာဉ်မှူးကြီးတဦးဖြစ်ပြီး(1981)ခုနှစ်ကတည်း
ကခရီးသည်တင်လေယာဉ်မောင်းခဲ့သူဖြစ်သလို ပထမအရာရှိ လေယာဉ်မှူး Mr Fariq Hamid
သည်လေယာဉ်ပျံသန်းချိန်နာရီ(2800)အတွေ့အကြုံရှိသူတဦးလည်းဖြစ်ပါလျှက်
ထိုလေယာဉ်မှူးနှစ်ဦးစလုံးလေယာဉ်ရေပြင်ကိုထိုးစိုက်ဆင်းနေစဉ်အတွင်ဘာတွေလုပ်ခဲ့ပါသလဲ
လေယာဉ်ကိုမထိန်းနိုင်လောက်အောင်အထိဖြစ်ရလေအောင်အသတ်ခံခဲ့ရခြင်းလား ။

အခုလေယာဉ်ပျက်ကျတယ်ဆိုတဲ့ နေရာရေအနက်ဟ်ာအနက်ပေ(300)ခန်.ရှိပါတယ် ။ လေယာဉ်အပျက်အစီးအပိုင်းအစများမတွေ့ရသဖြင့်လေယာဉ်သည်အကောင်းတိုင်းအရေးပေါ်
တံခါးတွေမဖွင့်နိုင်ပဲရေအောက်သို့နစ်မြှုပ်သွားခဲ့ရသလား။

အပျက်အစီးတစုံတရာမရှိပဲရေပြင်ပေါ်သို့ထိမ်းဆင်းနိုင်သောလေယာဉ်ဟ်ာရေပြင်ပေါ်မိနစ်အနည်း
ငယ်ပေါ်နိုင်သေးသဖြင့်အဘယ်ကြောင့်အရေးပေါ်တံခါးတွေကိုလေယာဉ်အမှုထမ်း(12)ဦးတောင်
လိုက်ပါသွားသောလေယာဉ်တွင်အဘယ်ကြောင့်တခါးမဖွင့်ပေးနိုင်ခဲ့ရတာလည်း။



ယေဘူယျ သုံးသပ်ရရင်တော. ဒီလေယာဉ်ပျက်ကျမှုဟာထူးဆန်းတယ်လို့တော့ပြောလို့ရတဲ့သဘောရှိတယ်။
-လေယာဉ်မှူးကြီးအပါအ၀င်ခရီးသည်အားလုံး(All death)ဖြစ်နေခြင်း။
-လေယာဉ်မပျက်ကျချင်အချိန်အထိလေယာဉ်ပုံမှန်ပျံသန်းနေခြင်းဖြစ်ကြောင်း (Airplane
Control Rader )ပုံရိပ်များအရသိရှိရခြင်း။
  အပါအ၀င် အထက်ပါ အချက်အလက်တွေက တကယ်.စိတ်ဝင်စားစရာပါ ။

အဲ့ဒီလိုအခြေအနေတွေမှာပဲ ထပ်ပေါ်လာတဲ့ သတင်းကတော. လေယာဉ်ပေါ်ပါသူ ၂ ယောက်ဟာ ခိုးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို ကိုင်ဆောင်ထားခဲ့ပုံ ရတယ်လို့ ဥရောပအရာရှိတွေက ပြောပြီး မလေးရှား အရပ်ဘက် လေကြောင်းဌာနကလဲ အတည်ပြုပါတယ်။ဒီလူ ၂ ယောက် လေဆိပ်မှာ ခရီးသည်စစ်ဆေးတဲ့ နေရာကနေ ပြည်ပထွက်ခွာ နေရာကို ရောက်တဲ့အထိ လုံခြုံရေး ကင်မရာက မှတ်တမ်း
တင်ထားတာ ရှိတယ် အဲဒီမှတ်တမ်းကို အခု သုံးနေပြီလို့ အရပ်ဘက်
လေကြောင်းဌာန ညွှန်ချုပ် အဇာရပ်ဒင်း အဗ်ဒူ ရာမန်က ပြောကြားခဲ့တာပါ ။

ဒီ.အချိန်မှာပဲ ထပ်ဆင်. စိတ်ဝင်စားစရာ သတင်းတစ်ခုက ထပ်ထွက်လာပြန်ပါတယ် ။ ပျောက်ဆုံးနေသော မလေးလေကြောင်းလိုင်းမှ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသွားသည့် တရုတ်ခရီးသည်တစ်ဦး၏ လက်ကိုင်ဖုန်းအား ဆက်သွယ်ခေါ်ဆို၍ ရခဲ့ကြောင်း၊ သို့ရာတွင် မည်သူမျှ ဖုန်းကို ပြန်လည်
ဖြေ ဆိုခဲ့ခြင်းမရှိကြောင်း ယူကေအခြေဆိုက် The Mirror သတင်းဌာန က ရေးသားဖော်ပြထားပါသည်။ The Mirror သတင်းဌာနက ခရီးသည်
ထံ ဖုန်းဆက်သွယ်နေသည့် ဗီဒီယိုဖိုင်ကိုပါ တင်ပြထားခဲ့ပါတယ် ။
တရုတ်မီဒီယာများ၏ ဖော်ပြချက်အရ တရုတ်မိသားစုများက လေယာဉ်ပေါ် တွင် စီးနင်းလိုက်ပါသွားသော ၄င်းတို့၏ ဆွေမျိုးများထံ တယ်လီဖုန်းဆက် သွယ်၍ ရကြောင်း၊ သို့ရာတွင် ပြန်လည်ဖြေဆိုခြင်းမျိုးကိုမူ လက်ခံရရှိခြင်း မရှိကြကြောင်း  ဆိုတဲ့ သတင်းပါပဲ ။ Flight Global မဂ္ဂဇင်း၏ အယ်ဒီတာတဦးဖြစ်သူ လေယာဉ်မှူး ဒေးဗစ်လဲ ယာမောင့်က "တခုခုဖြစ်တဲ့အချိန်မှာ၊ လေယာဉ်မှူးက ဘာဖြစ်နေလဲ ဆိုတာကို ဘယ်သူ့ကိုမှ မပြောဘူးဆိုရင် ဒါဟာ တော်တော် ထူးခြား
နေပြီ။ လေယာဉ်မှူးက အရေးပေါ်အချက်ပြဖို့ ပျက်ကွက်ခဲ့ တယ်ဆိုရင် ဒါဟာ သဘာဝမကျဘူး၊ အချက်ပြဖို့လည်း အချိန်တွေ အများကြီး ရှိနေခဲ့တာပဲ၊ တခုရှိတာက လေယာဉ်ပေါ်မှာ ဗုံးထောင်ထားတာမျိုး ဆိုရင်တော့ အချက်ပြဖို့ ခဲယာဉ်းမှာပေါ့၊ ဒါပေမယ့် ဗုံးထောင်ထားတဲ့ အရိပ်လက္ခဏာလည်း မတွေ့ရဘူး" ဟု မှတ်ချက်ပေးခဲ့ပြန်ပါတယ် ။



အဲ့ဒီလို ဘာကိုမျှော်လင်.ရမယ်မှန်း မသိတဲ့ အခြေအနေမှာ် 9-4-2014 ရက်နေ့ နေ့လည်နှစ်နာရီအချိန်  ယခင်သမ္မတဟောင်း မှ ဘာသာလေးခှုခေါင်းဆောင်များအားဦးဆောင်ကာ ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်အနီး၌ ဘာသာအသီးသီးတို့၏ ထုံးတမ်းစဉ်လာအတိုင်း ဆုတောင်းပွဲကျင်းပရာ ပြည်သူလူထုအများပါဝင်ခဲ့ပြီး လေယာဉ်ပေါ်ရှိလူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်ရောက်ရှိရန်အတွက် ဆုတောင်းပေးခဲ့ကြပါတယ် ။

Luigi Maraldi
အဲ့ဒီလို နည်းလမ်းစုံ သုံးနေကြချိန်မှာ  မလေးရှား ပို့ဆောင်ရေးဝန်ကြီး ဟီရှာမဒ်ဒင် ဟူစိန်က လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေထဲက ၄ ဦး ကို ဘယ်သူတွေ ဖြစ်တယ်ဆိုတာ သိရှိဖို့ စိစစ်မှုတွေ လုပ်နေပြီး ပျောက်ဆုံး လေယာဉ်ကိစ္စ နိုင်ငံတကာ အကြမ်းဖက်တိုက် ဖျက်ရေး အဖွဲ့တွေ အပါအဝင် အမေရိကန် FBI နဲ့ အခြား နိုင်ငံတကာ ထောက်လှမ်းရေး အဖွဲ့တွေ၊ ကျွမ်းကျင် ပညာရှင် အဖွဲ့တွေနဲ့ ပူး ပေါင်း လက်တွဲပြီး အစွမ်းကုန် ကြိုးစားနေတယ် လို့ မတ်လ ၉ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။  အဲ့ဒီ ပတ်စပို.စ် တွေ နဲ. ပတ်သက်လို. မတ် လ ၉ ရက် နေ့ Thai နိုင် ငံ Phuket ကျွန်း မှာ ထိုင်း ရဲ တပ် ဖွဲ့ မှ 
ပြု လုပ် တဲ့ သ တင်း စာ ရှင်း လင်း ပွဲ အ တွင်း Italy နိုင် ငံ မှ အ မျိုး သား Luigi Maraldi ကသူ့ ရဲ့ မူ လ Passport စာ အုပ် ဟာ ၂၀၁၃ ခု နှစ် ၈ လ ၁ ရက် နေ့ မှာ Thai နိုင် ငံ မှာ သူ ခိုး ခိုး ခံ ရ ပြီး သူ ဟာ Italy နိုင် ငံ ပြန် ကာ Passport အ သစ် ပြု လုပ် ခဲ့ ကာ Thai နိုင် ငံ သို့ နောက် တ ဖန် ပြန် လာ တာ ဖြစ် ကြောင်း တ ဦး တ ယောက် က သူ့ passport ကို ခိုး ယူ ကာ လေ ယာဉ် ခ ရီး စဉ် MH 370 ကို စီး နင်း တာ ဖြစ် ကြောင်း ပြော ဆို ပါ တယ် ။ ဒါ.အပြင် MH 370 ကို စီး နင်း လိုက် ပါ သူ ခ ရီး သည် အ မှတ် ၈၂ ရဲ့ Ppassport ဟာ တ ရုပ် နိုင် ငံ Fu zhou မြို့ Fu qing ဒေ သ က Yu မျိုး နွယ် အ မျိုး သား ရဲ့ passport နဲ့ နံ ပါတ် နဲ့ 
တူ နေ ပြီး အ မည် ကွဲ မွေး လ မွေး ရက် မ တူ ; မွေး ဖွား နှစ် သာ တူ ညီ  တယ်  လို.ဆိုပြန်ပါတယ် ။
ဒီ Yu မျိုး နွယ် အ မျိုး သား ဟာ ၂၀၀၇ ခု နှစ် မှာ Singapore Visa 
ရ ခဲ့ ပြီး နိုင် ငံ ရပ် ခြား မ သွား ဖြစ် ခဲ့ ကာ Malaysia မ ရောက် ဖူး ပဲ Fu qing ဒေ သ မှ မ ထွက် ခွာ နိုင် သေး ကြောင်း ပြော ဆို ခဲ့ပါတယ် တဲ့ ။


သြစတြီးယားနဲ့ အီတလီ အစိုးရ တာဝန်ရှိသူတွေကတော့ ပျောက်ဆုံး လေယာဉ်မှာ ပါသွားတဲ့ ခရီးသည်ထဲ ပါသူတွေထဲမှာ သူတို့ နိုင်ငံသား ၂ ဦးဟာ သူတို့ရဲ့ ပတ့်စ်ပို့တွေဟာ ထိုင်းနိုင်ငံမှာ ခိုးယူခံခဲ့ရတာဖြစ်ပြီး အဲဒီ လေယာဉ်ပေါ် ပါသွားမှု မရှိပဲ ကျန်းမာစွာ ရှိနေတယ်လို့ အတည်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ 

ဘီဘီစီ သတင်းတခုမှာတော့ ကွာလာလမ်ပူကနေ ပီကင်းအသွား ပျောက်ဆုံးနေဆဲ လေယာဉ်ပေါ်က အဲဒီ ခိုးယူပတ့်စ်ပို့ ကိုင် ဆောင်ထားသူ ၂ ဦးဟာ ပီကင်းကနေ ဥရောပကိုလည်း လေယာဉ်လက်မှတ်တွေကို တချိန်တည်း ဝယ်ယူထားတဲ့ အထောက် အထားတွေ့တယ်လို့ ရေးသားထားပါတယ်။

ပျောက်ဆုံး လေယာဉ်ဟာ နောက်ကြောင်းပြန်လှည့်ကောင်းလှည့်သွားနိုင်တဲ့ လမ်းကြောင်းကို တွေ့ထား တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် မလေးရှားလေကြောင်းလိုင်းအနေနဲ့ကတော့ အခုထိ လေယာဉ်ကို ပျက်ကျတယ်လို့ အတည်ပြု ထုတ်ပြန်မှု မလုပ်သေးသလို အကြမ်းဖက်မှုကြောင့်ဆိုတာလည်း ပြောလို့ မရသေးဘူးလို့ ဆိုထားပါတယ်။ ဒါတွေ နဲ.ပတ်သက်လို. ပိုမိုရှုပ်ထွေးလာစေတဲ့ နောက်ဆုံးတွေ.ရှိချက်ကတော. ဂြိုဟ်တု မှတဆင့် ဖတ်ယူ
ရ ရှိသော ဓါတ်ပုံ အရ ဗီယက်နမ် ကမ်း လွန်အတွင်း တွေ.ရှိရ သော ဆီကွက်များမှာလေယာဉ်ဆီ မဟုတ်ပဲ သ င်္ဘောများမှ ယို စိမ့်သော ဆီများသာ ဖြစ်ကြောင်း မ လေးရှား ဓါတုဗေဒ ဌာနမှ အတည်ပြု
ထုတ်ပြန်လိုက်ခြင်းပါပဲ ။



ရေမိုင် ၉၀ အကျယ် ၂၅ မိုင်အတွင်းမှာ ရှာဖွေရေးတွေ လုပ်ဖို. တရုတ်သင်္ဘောတွေ ဟာလည်း ထွက်ခွာနေပြီး အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် ၊ Australia တွေလည်းကြိုးပမ်းနေကြပါတယ် ။ ခုရက်ပိုင်းအကြမ်းဖက် တိုက်ခိုက်မှု  သတိပေးချက် တစ်ရပ် ရရှိခဲ့ကြတယ်လို.လည်း ဆိုကြပါတယ် ။

Ref ; Irrawaddy , Pyone Cho , Myawady , MRTV , Mirror.Co.UK ,  စပါယ်ရှယ်ဝမ်း , ကိုမိုးထက် 

ဆက်စပ်ဖတ်ရှုရန် .... 

  * မလေးလေယာဉ် ပျောက် ရှာပုံတော် ၁၂ . ၃ . ၂၀၁၄ ညနေပိုင်းအထိ (သို. ) Latest Condition of MH370 's Finding 
 * MH370 လေယာဉ်ပျောက် ရှာပုံတော် ရဲ. အဆုံးသတ် ဘာဖြစ်လာမလဲ 
 * ပျောက်ဆုံး မလေးလေယာဉ် နဲ.. မြန်မာပြည် က အသံများ

No comments:

Post a Comment