Showing posts with label ရောက်ရာပေါက်ရာ. Show all posts
Showing posts with label ရောက်ရာပေါက်ရာ. Show all posts

Tuesday, December 10, 2013

ရောက်ခဲ့သည်. မြန်မာ - အရှေ.တီမော ဘောလုံးပွဲ





လောကသဘော ဆိုသည်က ဆန်.သောလက်မကွေးမှီ ကွေးသောလက်မဆန်.မှီ ဘ၀တစ်ပါး ရောက်သွားတတ်သည်တဲ့ အဲ့ဒီတော. ဆုံးဖြတ်ဖြစ်သည်ပေါ. ဒီဘ၀ ဒီခန္ဒာနဲ. ကိုယ်.နိုင်ငံမှာ လုပ်တဲ့ Sea Game ပွဲတော. ကြည်.ဖြစ်အောင်ကြည်.အုံးမှ လို.




အကြိမ်ကြိမ်ကြည်.ဖူးနေသည်.ဘောလုံးပွဲ ၊အကြိမ်ကြိမ်ရောက်ဖူးနေသည်. သုဝဏကွင်း Feeling ချင်းကတော. မတူဖြစ်နေသည် ။ လက်မှတ်တွင်ပါသည်. ၀င်ရမည်. Gate ပေါက်က Gate 6 မို. အသင်းတိုက်ပေါက်ဘက်က ၀င်ဖြစ်သည် ။ မြန်မာဘောလုံးအကျီင်္ အနီ ၊ အဖြူ ၀တ် အရွယ်စုံ ၊အခြေအနေစုံ လူများ လှုပ်လှုပ်ရှားရှား တွေ.နေရသည် ။ နဖူးစည်း များက တစ်ခုကို ၃၀၀ ၊ အားပေးသော ရာဘာချောင်းများက ၁၀၀၀ ၊ရောင်းချသူအတော်များသည် ။ နောက်ရက်အဖွဲ. လိုက်ကြည်.ရန် အစီအစဉ်ရှိသည်မို. အသင်.တွေ.ရသော လက်မှတ်ပေါက်ဆီ စပ်စုမိသည် ။ အထူးတန်းလက်မှတ်ကတော. မရှိတော. (ပြောရင်းနှင်.မှ အထူးတန်းလက်မှတ် လက်ကျန်အချို.ထပ်ရောက်လာပြီး ရောင်းပေးသည် )ရိုးရိုးတန်း လက်မှတ်ကတော. တန်းစီစရာပင်မလိုပဲ ၀ယ်လို.ရနေသည်  (အချိန်က ပထမပွဲပင် စကန်နေပြီဖြစ်သည် ) ။ မေးကြည်.တော. လက်ကျန်လက်မှတ်အားလုံးရောင်းပေးနေသည် ။ဘယ်လောက်ကျန်သည်တော.မသိ ။သို.သော် တစ်ယောက်ကို ၂စောင်မှ ၄စောင်အထိ ၀ယ်ခွင်.ပေးသည် ။ ၀ယ်ယူသူများလျှင်တော. တစ်ယောက်၂စောင်သာရောင်းပေးပြီး နည်းလျှင်တော. ၄စောင်အထိရောင်းပေးသည်တဲ့ ။ကလေးဝယ်လည်း ၂၀၀၀ ပင်ဖြစ်သည် ။



ကွင်းပတ်ချာလည်တွင်တော. ပျားပန်းခပ်မျှ ဆိုသောစကားလုံးအတိုင်းပင် ။ရိုက်ကူးရေးအဖွဲ.များ ၊ ပရိသတ်များ ၊လုံခြုံရေးများ ၊ဈေးသည်များ  တစ်ခုပဲရှိသည်က သိပ်မူးရူးနေသူများ များများစားစားမတွေ.ရ ။ နောက်တစ်ခုက ငယ်ငယ်ရွယ်ရွယ် သွက်သွက်လက်လက် လှလှပပ ဒုရဲအုပ် ရဲမေများအစုလိုက်တွေ.နေရသည် ။ ယခုလို မြင်ကွင်းမျိုးက မမြင်ရတာအတော်ပင်ကြာပြီဖြစ်သည် ။

ကွင်း၏ ညာဘက်ခြမ်း ယခင်ကွက်လပ်နေရာကိုရှင်း၍ MFF ၏ စည်းရုံးရေးကားကြီး ချထားသည် ။ ထိုကား TV တွင်လည်း ကွင်းအတွင်း ဘောလုံးပွဲ ပြသနေသည် ။ထိုင်ကြည်.နေသူအချို.လည်းရှိသည် ။အနားတွင် ကား Packing ရှိနေပြီး အဖွဲ.လိုက် လာရောက်သူများက ခုမှ ဘောလုံးအကျီင်္များဖြင်. လဲလှယ်ဝတ်ဆင်ရင်း အားပေးဖို.ပြင်ကြတုန်း ။



 ဘောလုံးကွင်းရှေ. ကားလမ်း တစ်ဖက် Myanmar Goal Hotel နှင်. Eagle Garden Restaurant ကြားကွက်လပ် မြေနေရာတွင် ယခင်ရက်များက ကွန်ကရစ်ခင်းနေဆဲဖြစ်ပြီး ယခုတော. ထိုနေရာတွင် Car Packing , အချိုရည်ဆိုင် ၊ မုန်.ဆိုင်များ ၊လုံခြုံရေး ကားများ ရှိနေပြီး စိတ်ဝင်စားစရာ အကောင်းဆုံးက ထို ကွန်ကရစ်ရင်ပြင် ထိပ်ရှိ  ဘောလုံးပွဲတိုက်ရိုက်ပြနေသော LED TV မြင်ဖူးသမျှထဲတော. အကြီးဆုံးဟုပြောလို.ရသည်.အမျိုးအစားပင် ။အချို. ခေတ္တကြည်.လိုသူများ ၊ အလုပ်ပြီးမှမိသားစုလိုက်ရောက်လာပြီး မုန်.စား ၊စကားပြော ၊ဘောပွဲကြည်. မိသားစုများ ၊သူငယ်ချင်းများအတွက်တော. အတော်အဆင်ပြေသော နေရာဟုပြော၇မည် ။အသံစနစ်ကလည်း အပြည်.အ၀ ပံ.ပိုးပေးထားသည် ။



  
ဘောလုံးကွင်းရှေ. လမ်းမကြီးက ပြည်.လုခမန်း ၊ ဘောလုံးကွင်းဘက်ခြမ်းပြန်ကူးလာပြီး ကွင်းရှေ. ဈေးတန်းတစ်လျှောက်ကြည်.မိသည် ။ မြန်မာဘောလုံးအကျီများကို တစ်ထည် ၃၅၀၀ နှင်.ရောင်းနေသောနေရာတွင် တန်းစိဝယ်ယူနေကြရသည် ။ဦးထုပ်အရှည်များ ၊အ၀ိုင်းများ ၊ အလံစုံထိုးထားသည်. ဦးထုပ်များက မြင်နေကျပုံစံမျိုးမဟုတ်ပဲ နိုင်ငံခြားဘောလုံးပွဲ ပ၇ိသတ်များထံတွင် တွေ.၇တတ်သော ပုံစံများ

ပထမပွဲ၏ ပထမပိုင်း ပြီးပြီမို.ကွင်းထဲဝင်ဖြစ်သည် ။ Gate 6 က အသင်းတိုက် ၀င်ပေါက်နှင်. တည်.တည်.မို. ထိုနေရာသို.ပြန်သွားရသည် ။သိပ်တိုးဝှေ.မနေရ ။သက်တောင်.သက်သာပင် ။ကွင်းအတွင်းဝင်ရောက်ရာတွင် စစ်ဆေးသည်.အပိုင်းကတော. ဟိုးးးယခင်ဘောလုံးပွဲ အားလုံးထက် စေ.စပ်သည် ၊စနစ်ကျသည် ဟုပြော၇မည်ဖြစ်သည် ။အထောက်အကူပြု စက်ပစ္စည်းများလည်း လုံလောက်အောင်တပ်ဆင်ထားသည်ကိုတွေ.ရသည် ။

ကြည်.နေကျနေရာဖြစ်သော်လည်း ယခုလို တစ်ခါမှ စနစ်တကျမကြည်.ဖြစ်သည်မို. ကိုယ်.ဘာသာအတော်ရှာယူနေရသည် ။ တကယ်တော.လည်း ယခုလိုလေးက အမြဲလုပ်နိုင်လျှင်ကောင်းပါသည် ။ လက်မှတ်၏ နောက်ကျောတွင် ၀င်ရမည်. Gate နံပါတ် တစ်ခါတည်း ပါပြီးသား ။ ထိုအသင်းတိုက် Gate 6 မှ အရှေ.ဘက်သို. တစ်ဂိတ်စီလျော.လာခြင်းဖြစ်သည် ။ ထိုသတ်မှတ် Gate မှဝင်ပြီး ပွဲကြည်.စင်ရောက်လျှင် Level 1-1 သည် စတီးလက်ရမ်း၏ ရှေ.ဘက်ပိုင်းဖြစ်ပြီး နောက်ဘက်ခြမ်းသည် Level 1-2 ဖြစ်သည် ။ပြီးလျှင် Zone သတ်မှတ်ထားသည် ။ထို Zone က ပွဲကြည်.စင်၏ အနောက်ဘက် နံရံတွင် ခွဲခြားထားသည် ။ W21- W22 W23 စသည်ဖြင်. ထိုဇုံအတွင်းရှာရုံပင် ။ပြီးလျှင် Row ရှာရမည် ။ထို.အတွက် အတန်းထိပ်တွင် A ,B, C. D ရေးပေးထားသည် ။ထို Row တွေ.လျှင် Seat No ရှာရုံပင် 01 ,02,03,04 စသည်ဖြင်. ။ဤနေရာ သတ်မှတိချက်များသည် လူနည်းလျှင်တော.ပြဿနာမရှိသော်လည်း လူများလျှင်တော. ကိုယ်.နေရာကိုယ်ထိုင်မှ စကားအပိုပြောစရာ မလိုဖြစ်မည် ။




ကွင်းထဲမှာက အင်ဒို - ကမ္ဘောဒီးယား ဒုတိယပိုင်းပြန်စနေပြီဖြစ်သည် .၀-၀ ပင်ရှိနေသေးသည်မို. အားကြိုးမာန်တက်ကန်ကျတုန်း ။ အထူးတန်းပွဲကြည်.၀င် ဘယ်ဘက်ထောင်.ရှိ အင်ဒိုမိသားစုများက အင်ဒိုအလံနှင်.အတူ အစွမ်းကုန်အော်ဟစ်အားပေးနေကြဆဲ ..  ဒီလိုနဲ့ပဲ နောက်ဆုံးတော. အင်ဒိုက ကမ္ဘောဒီးယားကို ၁-၀ နှင်.နိုင်လိုက်သည် ။သို.သော် နောက်ဆက်တွဲစိတ်ဝင်စားစရာက ထိုပွဲသတင်းကို 27th Sea Game ၏ Officialy Facebook Page တွင် ၅၂မိနစ် အင်ဒို ဂိုးသွင်းလိုက်စဉ်က ၁-၀ ဟု သတင်းတင်ပေးခဲ့သော်လည်း ပွဲပြီး Result တင်ရာတွင် ၀-၀ ဟုတင်ပေးခဲ့ရာ Comment များ ရာချီတက်လာပြီး ကမ္ဘောဒီးယား user များနှင်. အင်ဒို user များ အပြင်းအထန်ငြင်းခုန်ကြရာနေရာ ဖြစ်လာခဲ့ပြီး မြန်မာ ၊ယိုးဒယား  ဗီယက်နမ် များပါပါလာခဲ့ကြသည် ။ ပေးလိုက်ရသော ဂိုးသည် လူကျွံဘော ဖြစ်သဖြင်. ၀-၀ ဆုံးဖြတ်သည်ဆိုသည်. အသံများလည်းထွက်လာခဲ့သည် (သို.သော် ယနေ.ထုတ် သတင်းစာများတွင်မူ ၁-၀ ရလာဒ်ဖြင်.ပင်အတည်ပြုဖော်ပြခဲ့ပြီး official page ကလည်း ယခုတိုင် ၀-၀ အဖြစ်သာထားဆဲ ) ။ ထို အင်ဒို-ကမ္ဘောဒီးယား ပွဲသို.ပ၇ိသတ် ၇၇၀၀ သာလာရောက်ကြည်.ရှုခဲ့ရာ ပထမဦးဆုံးနေ. ထိုင်းနှင်. တီမောပွဲသို.လာရောက်ကြည်.ရှုသူ ၁၁၀၀၀ ထက်တော.လျှော.နည်းနေခဲ့သည် ။


 မြန်မာပွဲအစ လူတစ်ဖြေးဖြေး ပြည်.လာခဲ့သည် ။ပွဲစတော. အထူးတန်းပွဲကြည်.စင် အပြည်.ရှိခဲ့ပြီး ရိုးရိုးတန်း တွင်တော.အနည်းငယ်သာ ၊ Goal Score Board ရှေ.တွင်တော. မြန်မာ Fan Club Member များက စနစ်တကျနေရာယူထားကြသည် ။ပွဲမစခင် နိုင်ငံတော်သီချင်းဆိုကြတော. အားလုံးမတ်တတ်ရပ် တစ်ညိတစ်ညာတည်း.



တစ်ခုအကြံပြုချင်ပါသည် ။ မိမိတို.သားသမီးငယ်များ နိုင်ငံတော်ကိုချစ်စိတ် ပိုမြင်.မားလာစေရန် ယခုလို မြန်မာနှင်. တိုင်းတပါးသားတို.ကန်သောဘောလုံးပွဲတစ်ပွဲသို. ခေါ်ဆောင်လာရောက်ကြည်.ရှု လှည်.ပါ ။နိုင်ငံတော် သီချင်းကို အားလုံးနှင်.အတူ သီဆိုစေပါ ။ လူပေါင်းသောင်းနှင်.ချီ၍ နိုင်ငံတော်သိချင်းကို တစ်ညီတစ်ညွတ်တည်းဆိုရသော ခံစားမှု (အထူးသဖြင်. ပြည်ပနိုင်ငံရောက်နေပြီး ထိုသို.သိဆိုမှုမျိုးကြုံဖူးသူများ မှတ်မှတ်ရရဖြစ်ကြပါလိမ်.မည် ) တစ်ကယ်ကို ကြက်သီးဖျန်းဖျန်းထကြရသည် ။ ထိုသို.သီဆိုနေစဉ် ဖြစ်လာရသော ကျေနပ်ပိတိကား ဖော်မပြတတ် ။




ထို.နောက်တော. ဘောလုံးပွဲတို.ထုံးစံအတိုင်း အော်လိုက်ကြ ၊အားမလိုအားမရပြောလိုက်ကြ ၊နိုင်ငံတော်သိချင်းများဆိုလိုက်ကြ နှင်.ပုံမှန်ဘောလုံးပွဲတစ်ခု၏ အခင်းအကျင်းအတိုင်းသာ ။ ယနေ.မြန်မာပွဲကို ပ၇ိသတ် ၁၉၀၀၀ သာလာရောက်ကြည်.ရှုခဲ့သဖြင်. ကမ္ဘောဒီးယားနေ. ကလာအားပေးသော ပရိသတ် ၂၆၀၀၀ ကျော်ကိုတော.မမှီခဲ့ ။နောင်ယိုးဒယားနှင်.ကန်ရမည်.ပွဲ အင်ဒိုနှင်. ကန်ရမည်.ပွဲတို.အဖို.တော. ပရိသတ် အားက ယခုထက် လိုမည်ဖြစ်ပါသည် ။

တစခုပဲရှိသည် ။ကြည်.ဖြစ်သည်က နိုင်ငံခြားသား အများစုနားမှာဆိုတော. သူတို.အားပေးသံ ၊ပြောဆိုသံတို.ကြားနေရသည် ။ အာရှသားများပါသလို အခြားတိုက်သားများလည်းပါသည်မို. သူတို.ပြောနေသော Cultural Gap များအကြောင်း လည်း တစ်လုံးစ နှစ်လုံးစ လိုက်ဘာသာပြန်နေမိသည် ။ သူတို.အားပေးသည်.ပုံစံက ကျေနပ်မှု ၊ နှစ်သိမ်.ခြင်း တို.ကိုသာ ပိုအားပြုကြပြီး အားမလိုအားမရဖြစ်ခြင်းများပါသော်လည်းအပြစ်တင်ခြင်းမပါသည်.အားပေးပုံမျိုးဖြစ်သည် ။(ကိုယ်.နိုင်ငံ ပဲမဟုတ်တာလား ၊သူတို.ကိုယ်တိုင်ရဲ. မူရင်း ပုံစံလားတော.မသိ ဟုတ်တော.လည်းဟုတ်သည် ..စာမေးပွဲခန်းဝင်တော.မည်.ကလေးငယ်အား ဟိုဟာမရသေးဘူးလား ၊ဒီဟာကျက်ပြီးပြီလား ၊ဒါကျိန်းသေပါမှာဟု ပြောနေခြင်းထက် စိတ်အေးအေးနဲ.ရသမျှဖြေလာခဲ့နှစ်သိမ်.ခြင်းက ပိုနည်းလမ်း မှန်မည်ဟုမြင်မိသည်) ။ဒီကြားထဲ ပြုံးစရာလေး တစ်ခုတွေ.ခဲ့ရသေးသည် ။ ပွဲပြီးကာနီးတော. မြန်မာနိုင်ပြီ မြန်မာနိုင်ပြီ ဟုအားလုံးအော်နေကြတော. သူတို.လည်း သေချာနားလိုက်ထောင်ပြီး သူတို.ကြားသလိုအော်ကြတော.သည် ။မြန်မာနာပြီ မြန်မာနာပြီ  တဲ့


ဘောလုံးကစားကြသည်.ပုံစံကတော. စိတ်ချလက်ချ အားပေးနေသည်.အနေအထားမျိုးမဟုတ်သေး ၊ရင်သိမ်.တုန်ဇာတ်ကွက်များ ပါနေသေးသည်ပဲဖြစ်သည် ။ပွဲက ၃-၁ နှင်.နိုင်ခဲ့သော်လည်း အေးဆေးပါဟု မပြောရဲသည်.အနေအထား ။




သိသိသာသာ တိုးတက်လာသည်ဟုပြောရမည်က အားပေးသောပရိသတ် ။ အရင်ကလို သိပ်ဆဲတာ ဆိုတာ မလုပ်ကြ ။ ဦးထုပ် ၊မာဖလာ ၊နဖူးစည်း ၊ လက်ပတ် စသည်တို.က နိုင်ငံတကာပွဲများအတိုင်း ၊ အုပ်စုလိုက် အတွဲလိုက် လာကြည်.ကြသော မိန်းကလေးများကလည်း နိုင်င့တကာစံချိန်မှီ ၀တ်စားဆင်ယင်ပုံများနှင်. ။ သို.သော် ဟိုးး ယခင်ပွဲတွေလို မျက်နှာတွေ ဆေးခြယ်ထားသည်မျိုး ၊ ဆံပင်တွေဆေးခြယ်ထားသည်မျိုးများတော. မတွေ.ရ ၊အချို.အဖွဲ.လိုက်လာကြသူများက ကားပေါ် မီးစက်တွေ ၊Sound Box တွေတင်ပြီး အော်ဟစ်ဖွင်.လှစ် လာကြသူများလည်းရှိသည် ။ လူလှိုင်းလုံးပုံစံ ပုံဖော်မှုများ ကလည်း ပိုပီပြင်လာသည် ။ထို လူလှိုင်းလုံး ပုံဖော်ဖို.Timing ခေါ်ပေးနေသူများတွင် နိုင်ငံခြားသား အမျိုးသမီးငယ်များပါပါသည် ။ ထို.အပြင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို မကျေနပ်ကြောင်းပြသရာတွင်လည်း ယခင်လို ဒေါသတကြီး အော်ဟစ်ဆဲဆိုမှုမျိုး သိပ်မတွေ.ရတော.ပဲ WOO !!!!!!!!! ဟူသော နိုင်ငံတကာလှောင်ပြောင်မှု ပုံစံမျိုးသာ သုံးလာကြတော.သည် ။

ထို.အပြင် စနစ်တကျ လေ.ကျင်.လာခဲ့သော Myanmmar Fan များ၏ Performance များကလည်း ကြည်.လို.တော.အတော်ကောင်းလှသည် ။ အချိန်အခါ နှင်.အခြေအနေပေါ်လိုက်၍ အားပေးပုံပြောင်းလဲရာတွင်လည်း အဆင်ပြေသလို ကွင်းအတွင်းပ၇ိသတ် များကိုလည်း အားပေးရာတွင် ထိုက်သင်.သလို ဦးဆောင်နိုင်စွမ်းရှိသည် ။ သီချင်းသီဆိုပုံများ ၊လှုပ်ရှားမှုဖြင်. သရုပ်ဖော်ပုံများကအစ သဘောကျစရာဖြစ်သည် ။ယခုထက်ပိုလူဦးရေ ထပ်တိုးပြီး ကွင်းတစ်ကွင်းလုံး သူတို. အားပေးပုံစံအတိုင်း ပုံတူကူး ပြုလုပ်နိုင်လျှင်လည်း အတော်လှပသောမြင်ကွင်းများဖြစ်လာမည်ဖြစ်သည် ။

 
From FB

  ထူးထူးခြားခြား သတိပြုမိသည်က ( အခြားအချိန်များတွင် ပြုလုပ်နေကောင်းပြုလုပ်နေမည်ဖြစ်သော်လည်း ) ၈၅ မိနစ် တိတိ မြန်မာ ၃-၁ နှင်.နိုင်နေချိန်  ထိုအဖွဲ.က နိုင်ငံတော် သိချင်းကို စဆိုတော.သည် ။ထိုသို.ဆိုနေရင်း သူတို.ကိုင်ထားသော ပေ ၂၀ခန်.၇ှိမည်.နိုင်ငံတော် အလံသည် ရှေ.ဆုံးတန်းမှနေ၍ သူတို.ခေါင်းပေါ်တက်လာသည် ။ဆိုနေရင်း အားလုံး၏ ဦးခေါင်းပေါ် လှိုင်းကြက်ခွပ် လေးများသဖွယ် လှုပ်ခတ်ရင်း ဖုံးလွှမ်းသွားသည် ။ကြည်.လိုက်လျှင် နိုင်ငံတော် အလံကြီးက လှိုင်းလေးများလွန်.ရင်း လှုပ်ခတ်နေသည်ပဲတွေ.ရသည် ။လူများအားလုံးက ထိုအလံတော်အောက်ဝယ် ။ထိုမှ နေ၍ အလံက အထက်ဘက်ဆီ အလိပ်လိုက် တက်သွားရင်း သီချင်းလည်းဆုံး အလံတော်လည်း အပျောက် ဆိုတော. အတော်လေး သဘောကျဖွယ် Performance တစ်ခုဖြစ်ခဲ့သည်

Photo by u-23 Myanmar Football Team
 ပွဲပြီးသွားတော. ကစားသမားများက အားလုံးကိုလိုက်နှုတ်ဆက်သည် ။ပရိသတ်ကလည်း အနိုင်ပီတိဖြင်.တော်တော်နှင်.ကွင်းထဲမှမထွက်ကြသေး ။မြန်မာကစားသများများ စီးမည်.ကားအတနားတွင်တော. မိန်းကလေးငယ်များရော ပရိသတ်အချို. ပါ နှုတ်ဆက်ရန်စောင်.ဆိုင်းနေကြသည် ။ ထို.နောက်တော. တစ်ယောက်ချင်းထွက်လာသော ကစားသမားများကိုနှုတ်ဆက်ကြ ၊အချို.က ဓါတ်ပုံတွဲ၇ိုက်ကြ  နှင်. အောင်ပွဲ၏ ညကားးးးးးးးးးးးးးးးးးးးးးးး

ပြန်အထွက်တွင်လည်း ထင်သလောက်အခြေအနေမဆိုးပါ ။လိုင်းကားမှအစ အဆင်ပြေပြေရှိနေသဖြင်. အားပေးရတာ သက်တောင်.သက်သာ မဟုတ်တောင် အဆင်ပြေပြေ ပြန်နိုင်သည်ဟုပြောရမည်ပင် .



ယခုပွဲတွင်တော. ကစားသမားများအတွက် ပြင်ပက ပံ.ပိုးပေးကြသော SCANIA ကားများ ၊ နိုင်ငံတကာ အဆင်.မှီ ၀တ်စုံပြည်. ၀တ်( EU အထောက်အပံ.စပြီလားမသိ ) ရဲတပ်ဖွဲ.၀င်များ ၊ Suzuki Company မှအချိန်မှီ လှုဒါန်းထားသော လမ်းကြောင်းပြ ဆိုင်ကယ်များ ၊ ကွင်းအတွင်းမှ ကစားသမားနှင်.နည်ူးပြအဖွဲ.များထိုင်သည်. Stainless Steel ထိုင်ခုံများကတော. အားလုံးအသစ်စက်စက် ထို.အပြင် MRTV ရိုက်ကူးရေးယာဉ်ကိုလည်း ၀ံ.၀ံ.ကြွားကြွားတွေ.ခဲ့ရသည် ။




Tuesday, November 5, 2013

စင်္ကာပူက ၀ါးခယ်မ GTI ကျောင်းသားတို.ရဲ. 4th Gathering Party





 စင်္ကာပူ နိုင်ငံတွင် ရောက်ရှိနေသော ၀ါးခယ်မ GTI   ကျောင်းသားဟောင်းများ ၏ Gathering Party ကို ၂၀၁၃ နိုဝင်ဘာ ၂ ရက် ညနေ ၅နာရိအချိန်က စင်္ကာပူနိုင်ငံ ရှိ Labrador Park တွင် ကျင်းပခဲ့ပါသည် ။ ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက် ကျင်းပခဲ့သော ပွဲဖြစ်ပြီး ထူးခြားမှုအတော် များများ ရှိခဲ့သော ပွဲ တစ်ပွဲဖြစ်သည် ။ပထမဆုံး ထူးခြားမှုမှာ ယခုနှစ် Gathering Party သို. ၀ါးခယ်မ GTI မှ ဆရာမ ဒေါ်သဇင်အေး ( အင်္ဂလိပ်စာနည်းပြ ) စင်္ကာပူ ပွဲသို. တက်ရောက် ပြီး သြ၀ါဒ စကားများ ပြောကြားပေးခဲ့ခြင်းဖြစ်သည် ။ထိုနေ.က ကျောင်းသား/ကျောင်းသူ စုစုပေါင်း၆၀  .တက်ေ၇ာက်ခဲ.ပြီး ဆ၇ာမ ဒေါ်သဇင်အေး   ဒေါ်ဝင်းမာလာ နှင့် ကျောင်းအုပ်ကြီးဟောင်း ဦးဇော်မင်းထွန်း တို.ပါ တက်ရောက်ချီးမြှင်.ပေးခဲ့ပါသည် ။


 ထို.အပြင် ယခုရက်ပိုင်း ရွာနေသော မိုးကြောင်. ပွဲကျင်းပမည်.နေ. ပွဲကျင်းပမည်.အချိန် မိုးလေကင်းလွတ်အောင်  ဆရာမ ဒေါ်သဇင်အေး ဆုတောင်းပေးခဲ့ခြင်းကလည်း အတွေ.အကြုံ သစ်တစ်ခုဖြစ်ခဲ့ကြသည် ။


 အစီအစဉ်များကို ကြိုတင်ကြေညာ ထားသည်.အတိုင်း ပြုလုပ်ခဲ့ပါသည် ။ပွဲမစတင်မှီ ကြွေ၇ာက်လာသူတိုင်းကို Soft Drink ဖြင့် တည်ခင်းဧည့်ခံခြင်း ၊အမှတ်တ၇ တီ၇ှပ် အကျီများ ပေးအပ်ခြင်း ၊ Labrador Park အလှ နောက်ခံများဖြင့် အုပ်စုလိုက် ဓါက်ပုံ၇ိုက်ခြင်း ၊တစ်ဦးချင်း အလှဓါက်ပုံများ ၇ိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြပါသည် ။
ထို.နောက် တက်ရောက်လာသော ကျောင်းသားကျောင်းသူများ အားလုံးတို.က တစ်ဥိးချင်းစီ မိတ်ဆက်ကြပြီး မိမိတို.၏ ကျောင်းသားဘ၀ အမှတ်တရများအနက်မှ အမှတ်ထင်ထင် အရှိဆုံး  အဖြစ်အပျက် တစ်ခုစီကို ပြောကြားစေခြင်းဖြင်.  အားလုံးမိမိတို.၏ ကျောင်းတက်စဉ်ကာလများဆီ တဒင်္ဂစီ ပြန်သွားခဲ့ကြပြီးနောက် အုပ်စုဖွဲ. ဓါတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ကြပါသည် ။
 အစီအစဉ် တစ်ခုအနေဖြင်. ကျောင်းအုပ်ကြီးဟောင်း ဆရာဦးဇော်မင်းထွန်းမှ အဖွင်.အမှာစကားပြောကြားပြီး ယခုနှစ် အတွက် အထူးဧည်.သည်တော် ဆရာမဒေါ် သဇင်အေး ကတပည်.ကျောင်းသားဟောင်းတို.အား ဆုံးမသြ၀ါဒ စကားပြောကြားခဲ့ပါသည် (ဆရာမ သည် စင်္ကာပူ သို. ၂၆-၁၀-၂၀၁၃ နေ.တွင်ရောက်ရှိခဲ့ပြီး ၂ - ၁၁-၂၀၁၃ ပွဲသို.တက်ရောက်ကာ ၄-၁၁-၂၀၁၃ နေ.တွင် စင်္ကာပူ နိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ပါသည် ) ။
  ထို.နောက် ရောက်ရှိလာကြသော သူငယ်ချင်း ကျောင်းသား/ကျောင်းသူ ဟောင်းများ စုပေါင်းပြီး အလွမ်း၇ယ်မပြေ သူငယ်ချင်းတွေ ဖြေသိမ့်လိုက်  သိချင်း၃ ပုဒ်ကို စုဖွဲ. သီဆိုခဲ့ကြပြီး ဆရာ /ဆ၇ာမ နှင်. ကျောင်းသား/ကျောင်းသူ အားလုံးတို.ကို ညစာဖြင့် တည့်ခင်းဧည့်ခံပြီး BBQ များ ဆာတေး များဖြင့် ကျွေးမွေးခဲ.ကြပါသည်  (တက်ေ၇ာက်လာသော ကျောင်းသား/သူဟောင်းများ အား ညနေစာ ထမင်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်  ဖြင့် တည့်ခင်းဧည့်ခံ ၇န် ကျောင်းသား ကျောင်းသူ အယောက်၄၀ အတွက်ကို မခိုင်ဇင် နှင့် Ericka ( Treasure Travel & Tour Pte Ltd ) , #03-59, Peninsula Plaza" မှ ပါဝင်လှုဒါန်းပေးခဲ့သည်ဟု သိရပါသည် ) ။

 ကြွရောက်လာပေးသော ဆရာ /. ဆရာမတို.အားလက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုး ပူဇော်ကန်တော.ခြင်းအစိအစဉ်ကို ဆက်လက်ကျင်းပခဲ့ပြီးနောက် အမှတ်တရ လက်ဆောင်များပေးအပ်ခဲ.ကြပါတယ် ။ထို.နောက် ဆ၇ာမ ဒေါ်သဇင်အေး နှင့် ဦးဇော်မင်းထွန်းတို.မှ တပည်.သား/သမီးတို.အားဆုံးမ စကားပြောကြားခဲ.ပါသည် ။
 ထို.နောက် တက်ရောက်လာကြသော ကျောင်းသား /ကျောင်းသူ အားလုံး Game အစိအစဉ်များကို လွတ်လပ် ၊ ပျော်ရွှင် စွာ ၀င်ရောက်ကစားကြပြီး အနိုင်ရရှိသော Major များကို အမှတ်တရ ဆုလက်ဆောင်များချီးမြှင်.ပါသည် ။
  ယခုနှစ် Gathering Party ၏ ထူးခြားအစီအစဉ် တစ်ခုလည်းဖြစ် ၊ အမှန်တကယ်လည်း စိတ်ဝင်စားဖွယ်ကောင်းသော အစီအစဉ်ကိုတော. Game Playing အပြီးတွင် ကျင်းပခဲ့ပါသည်။ ထိုအစီအစဉ်မှာ ၂၀၁၄ ဇန်န၀ါရီလ ရန်ကုန်မြို.တွင်ကျင်းပမည်. ၀ါးခယ်မ GTI ဆရာကန်တော.ပွဲသို. စင်္ကာပူရှိ  ၀ါးခယ်မ GTI  ကျောင်းသားဟောင်းများ ကိုယ်စား ၊ အထူးဧည်.သည်တော်အဖြစ် တက်ရောက်ရန် စင်္ကာပူ ၊ ရန်ကုန် ၊ စင်္ကာပူ အသွားအပြန် လေယာဉ် လက်မှတ် ၂စောင် ကံစမ်းမဲဖောက်ခြင်း ဖြစ်ပြီး ထိုအစီအစဉ်သို. ကျင်းပရေး ကော်မတီဝင်များ ၀င်ရောက်ကံစမ်းခွင်. မရှိပဲ တက်ရောက်လာပေးသော ကျောင်းသား/ကျောင်းသူ များအတွက် သီးသန်.ရည်ရွယ်ခြင်းဖြစ်သည် ။ ထိုကံစမ်းမဲကို ဆရာမ ဒေါ်သဇင်အေးက ကံစမ်းပေးခဲ့ခြင်းဖြစ်ပြီး  ပေါ်ထွက်လာသော အထူးဧည်.သည်တော် ၂ ဦးမှာ မောင်ကျော်ဇော်ထွန်း(ခ) ကဲကဲ (EP - 2001) နှင့် မ၀င့်အိဖြိုး (MP -2002) တို. ဖြစ်ပါသည် 

 ထို.နောက် တစ်ဦးချင်းစီ ခံစားမှုများ ၊ အဖွဲ.လိုက် ဟစ်ကြွေးမှုများ ဖြင်. သိဆိုခံစားကြရင်း စင်္ကာပူရှိ ၀ါးခယ်မ GTI  ကျောင်းသားဟောင်းများ ၏ စတုတ္ထအကြိမ်မြောက် စုစည်းတွေ.ဆုံပွဲကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည် ။
ထိုသို. ပွဲတစ်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက်  ပွဲဖြစ်မြောက်ရေး ကော်မတီအပါအ၀င် ပူးပေါင်းဆောင်ရွက်သူများ၏ ညီညွတ်မှုကား အထူးအရေးကြီးပါသည်။ကော်မတီကို ကိုဝေဖြိုးကျော် (MP 2000) ကိုညဏ်လင်းဖြိုး (MP 2000) မစုသွယ်သွယ်အောင် (EP 2000) သန်းထိုက်စိုး ( Civil 2001) တင့်လွင်ဦး ( Civil 2001) ဝင်းပိုင်စိုး (MP 2001)၊ အောင်ပိုင်ဦး (EP 2001)၊၊ဟိန်းသူရအောင် (MP 2001 )၊ မေနှင်းဦး (EP 2002)၊ အေးသန္တာ (EP 2002 )  တို.ဖြင်.ဖွဲ.စည်းထားခြင်းဖြစ်ပြီး ယခုနှစ်ထူးခြားမှုများ အနက် တစ်ခုဖြစ်သလို အားရစရာကောင်းသော ၊၀မ်းမြောက်ဝမ်းသာကြိုဆိုရမည်ဖြစ်သော အချက်တစ်ခုက Junior ညီငယ်များ အားတက်သရော ဖြင်. Gathering Party သို.စိတ်ဝင်စားစွာ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည် ။
 

  နှစ်စဉ်နှစ်တိုင်း အာစရိယပူဇော်ပွဲ နှင့် Gathering Singapore ကို အောင်မြင်စွာကျင်းပ နိုင်၇န် ၊ ကျောင်းသား ကျောင်းသူဟောင်းများ ၏ အခက်အခဲများကိုေ၇ခြားမြေခြားမှာ ၇င်း၇င်းနီးနှီး တိုင်တိုင်ပင်ပင် နှင့် စည်းလုံးစွာ  ကူညီဖြေရှင်းပေးနိုင်ကြ၇န် .. စသည်တို.ကတော. ကော်မတီ၏ အဓိက ရည်ရွယ်ချက်များဖြစ်ပါသည် ။
 
Gathering ပြီးသွားသော်လည်းအာစရိယပူဇော်ပွဲ အလှုငွေများ ကို 002-3-066493 (DBS Saving Plus) Account တွင် နိုဝင်ဘာ လကုန်ထိ ထည်.၀င်လှုဒါန်းနိုင်ပြီး ထည်.၀င်ပြီးပါကလည်း ကိုဝေဖြိုးကျော် - 81834647   သန်းထိုက်စိုး ( Civil ကုလားမ) 83331012   မေနှင်းဦး - 94571143 တို.ထံသို. အသိပေးအကြောင်းကြား ပေးရန်မေတ္တာရပ်ခံထားပါသည် ။
တစ်နှစ်ထက် တစ်နှစ် ပိုမိုအောင်မြင်စည်းလုံး ပျော်ရွှင်သော တွေ.ဆုံပွဲများ ၊ ပူဇော်ကန်တော.ပွဲများ ကျင်းပနိုင်ပါစေကြောင်း wakhama.blogspot.com မှ ဆုမွန်ကောင်းတောင်းလျှက်.                                အချက်အလက်များ ပံ.ပိုး ကူညိပေးပါသော ညီငယ် Aung Paing Oo နှင်. Wakema GTI Group                ဓါတ်ပုံများ သုံးစွဲခွင်.ရရှိစေခဲ့သော Aung Paing Oo, Hein Thura Aung    နှင်. အချက်အလက်အချို. ပြင်ဆင်ပေးခဲ့သော ညိလေးပိုင်စိုး တို.အား ကျေးဇူးတင်ရှိပါသည် ။
     

    Friday, May 31, 2013

    ပွင်.ဖတ်မစုံသေးသော်လည်း ညှာတန် နွမ်းနှင်.နေခဲ့ပြီ

    ထိုနေ.က ဗုဒ္ဓဘာသာ တို.အတွက် အမွန်အမြတ်တစ်နေ.ဖြစ်သော ကဆုန်လပြည်. ဗုဒ္ဓနေ.
    ဖွား ပွင်. ဟောစံ ဆိုသော ဘုရားအလောင်း ဖွားတော်မူသောနေ.
    ဘုရားအဖြစ် ရောက်ရှိတော်မူသောနေ.
    တရားဦးဓမ္မစင်္ကြာ ဟောတော်မူသောနေ.
    ပရိနိဗ္ဗာန် စံဝင်တော်မူသောနေ.
    အစအားလုံး၏နေ. အဆုံးအားလုံး၏နေ.
    ထိုနေ.တွင် Red Waves တို.၏ ပထမဆုံး ပရဟိတဒါန ပြုဖြစ်ကြသောနေ.

    ဂေဟာသို. Red Waves & Ayeyawady FC အရောက်
     Member အားလုံး စုရပ်သို. မနက် ၈နာရီအရောက်လာရန်....အသင်းမှ ကစားသမားအချို.ပါလာမည်. ကားက ဆုံရပ်သို. ၈နာရီခွဲရောက်ရန်  ...၉နာရီ  အခမ်းအနားကျင်းပမည်. သုခရိပ်မြုံသို.ရောက်ရန် စီစဉ်ထားသော်လည်း တစ်သက်စာအလွဲများနှင်. ကျွနုပ်တို.၏ အောင်ချိုက ကား  ၉နာရီမှ ဆုံရပ်သို.ရောက်ရန် စီစဉ်ထားပြီး ပြောတော. ကျွန်တော် ကြည်.ကျက် လုပ်လိုက်မယ် ဆိုသော သူ. လက်သုံး စကားနှင်. .............


    လိုက်ပါကြမည်. အားလုံးလိုလို ၈နာရီခန်.တွင် ဆုံနေသော်လည်း သူငယ်ချင်းများ၏ လူမှားပေါင်းခြင်းကို ခံရနေသော ကျွနုပ်တို.၏ သနားစဖွယ် ညီလေး Thae Xein က အားနာတတ်လွန်းစွာ တစ်မြို.လုံးအနှံ. ပတ်သွင်းထားသည်. Ethyl Alcohol တို.ကြောင်. ဖုန်း ၄လုံးခန်.ပြုံခေါ်နေသော်လည်း အိပ်ပျော်နေသည်မှာ ခရစ်တော်ထံ ရောက်လုနီးနီး

    ၉နာရီဝန်းကျင်တွင် လူငယ်ဆန်လွန်းစွာ ဖီးလိမ်းခြယ်သလာသော ကျွန်တော်တို. Member........ အသင်း၏ Media Officerညိလေး အောင်ကျော် နှင်. စတစ်ကော်လံအဖြူဖြင်. မိမိကိုယ်ကို တန်ဖိုးမြှင်.ထားရရှာသော ညီလွဲ အောင်ချို တို. ကစားသမား ၃ ဦး ဆေးမှုးနှင်.အတူရောက်လာတော. မိုးကောင်းကောင်းမလင်းသေးသည်. ညိလေး Thaw Xein က Taxi ပေါ်ရောက်နေပြီမို.စောင်.ပါအုံးတဲ့

    Break မfast ရသေးသူများ အမြန် fast သူတို.ပြီးသွားတော. Thaw Xeinကရောက်မလာသေး အချိန်က ၉နာရီ ခွဲလုလု ...အခမ်းအနားမှ Dual Admin (Red Waves တွင်ရော mm online teashop တွင်ပါ )ဖြစ်သော ညီမ ရွှေရည်က ဘယ်နေရာ ရောက်ပြီလည်း လှမ်းမေးနေတော. ဒီမှာက ဘယ်မှမရောက်ကြသေး

    Forum မှ တာဝန်ရှိသူ တစ်ဦး အလှုအကြောင်း ပြောကြားစဉ်
     အားလုံးကားပေါ်တက်ချိန်ကြမှ မျက်နှာသစ်လာရသေးပုံမရသော ညိလေး  Thaw Xein တစ်ယောက် ဒရောသောပါး ကားပေါ်က ပြေးဆင်းလာသည်...ထိုသို.ဖြင်. မြောက်ဒဂုံသို.ရောက်လာသော်လည်း သုခရိပ်မြုံနေရာကိုမသိ....ကားပေါ်တွင် ဒဂုံ၌ နေထိုင်ပြီး Report တစ်ဦးလည်းဖြစ်သော ညိမတစ်ယောက်၏ နှံ.စပ်ကျွမ်းကျင်မှုကြောင်. ကားကလမ်းများကျော်ပြီး ဘယ်ရောက်လို.ရောက်မှန်းမသိဖြစ်...နောက်ဆုံး လမ်းဘေးကွမ်းယာဆိုင်တစ်ခု၏ လမ်းညွှန်မှုဖြင်. သွားရမည်. လမ်းကိုအနည်းငယ်ထပ်ကျော်ပြီးမှ ပတ်ဝန်းကျင်ကောင်းမှုဖြင်. လိုရာနေရာသို.ရောက်ရှိကြတော.သည်...

    ဟိုမှာက ဒိအဖွဲ.ကိုစောင်.ရင်း အခမ်းအနား အချိန်တွေတောင်နောက်ကျလို.
    လူကတော. သူတို.နဲ.ကိုယ်တို. ထက်ဝက်စီလောက်ဖြင်.(သူတို.ကနည်းနည်းပိုများပါတယ်) စကြသည်....

    နောက်မှသိရသည်က အခမ်းအနားမှုးဖြစ်သူ က ယနေ.မှ မလွဲမရှောင်သာ အခြေအနေကြောင်. ရောက်မလာနိုင်သဖြင်. သူတို.မှာလည်း အရေးပေါ်အစားထိုးမှုများဖြင်. ....

    Forum မှ တာဝန်ရှိသူ တစ်ဦးရှင်းလင်းပြောကြားစဉ်
     ထို.နောက်တော. အခမ်းအနားစကြသည်.
    သူတို. Myanmar Online Teashop Forum အကြောင်း ..နှစ်နှစ်ပြည်.မွေးနေ.အလှုအကြောင်း စသည်ဖြင်. တာဝန်ရှိသူ ၂ဦးမှ ရှင်းပြကြသည်....ထို.နောက်ဂေဟာဘက်မှ တာဝန်ရှိသူများ မိတ်ဆက်ခြင်း....ဂေဟာမှတာဝန်ရှိသူတစ်ဦးက ဂေဟာအကြောင်းရှင်းလင်းပြောကြားခြင်း....ထို.နောက်
    ပစ္စည်းများလှုဒါန်းရာတွင် Myanmar Online Teashop မှတာဝန်ရှိသူများအပြင် Red Waves မှ တစ်ဦးနှင်. ဧရာဝတီ United FC မှ ကစားသမား တစ်ဦးကိုပါ ၀င်ရောက်လှုဒါန်းစေခဲ့ပါသည်...ထို.နောက် Forum မှ တာဝန်ရှိသူ တစ်ဦးကို ကျေးဇူးတင်စကားပြောကြားခဲ့သလို အရေးပေါ်ကြားဖြတ် အစိအစဉ်တစ်ခုရေးဆွဲကာ တက်ရောက်လာသူများကို Red Waves Fan Club အကြောင်းရှင်းလင်းခွင်.ပြုစေခဲ့သလို Red Waves မှ ယခုကဲ့သို. Myanmar Online Teashop Forum .နှစ်နှစ်ပြည်.မွေးနေ.အလှု တွင် ပူးပေါင်းကုသိုလ်ပြုခွင်.အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောခွင်.စီစဉ်ပေးခဲ့ပါသည်...Red Waves Fan Club အကြောင်းရှင်းလင်း မှုစတင်ကာနီးလေးမှာပင် ဧရာဝတီ United FC မှအသင်းအုပ်ချုပ်သူ ဦးဇော်မြင်.ပါ အခမ်းအနားသို.ရောက်ရှိလာခဲ့ပါသည်...

    ထို.နောက် အထိမ်းအမှတ် Cake မုန်.ခွဲဝေခြင်းတွင် ဧရာဝတီ အသင်း အုပ်ချုပ်သူအား အထူးဧည်.သည် အဖြစ်ဖိတ်ခေါ်ခဲ့သော်လည်း ဥိးဇော်မြင်.မှ ကစားသမားများကို နေရာပေးခွဲဝေစေခဲ့ပြီး Forum မှ member များ ဧရာဝတီ United FC မှ ကစားသမားများ ပူးပေါင်း ခွဲစိတ်ပေးကာ တက်ရောက်လာသူများက ကလေးငယ်များကို  နွေးထွေးစွာ တစ်ဦးချင်းစိခွဲဝေကျွေးမွေးခဲ့သည်...  

    RED WAVES အကြောင်း ရှင်းလင်းရင်း ကျေးဇူးတင်စကားပြောကြားစဉ်
     ထို.နောက် ကလေးငယ်များ ...တက်ရောက်လာသူများ အတူထိုင်ကာ ပုံပြောခြင်း..ကဗျာရွတ်ခြင်း..မိသားစုများပမာ ၀ိုင်းဖွဲ.ပြောဆို ကြခြင်းများ ပြုလုပ်ခဲ့ကြသည်

    တကယ်က ဒိဂေဟာလေးမှာ ရှိနေကြတဲ့ကလေးအားလုံးဟာ HIV ပိုး ကူးစက်ခံထားရသူတွေဖြစ်ပါတယ်
    သူတို.အားလုံး ၁၀၀ ကျော်ရှိနေကြပြီး မိဘနှစ်ဦးလုံးက ဒိရောဂါနဲ. လူ.လောက ကနေအချိန်မတန်မှီ ထွက်ခွာသွားလို. ခိုကိုးရာမဲ့နေသူတွေ...မိဘတစ်ဦးဦးတော. ကျန်နေသေးပေမယ်. သူကိုယ်တိုင်ဒိဝေဒနာကြောင်. သေမိန်.ကို လူတကာအပယ်ခံပြီးစောင်.နေရချိန် အပြစ်မဲ. ပူးတွဲဒါဏ်ခံနေ၇တဲ့ကလေးတွေ....အခြေအနေအရပ်ရပ်အရ ဒီလိုမှပြုစုမပေးရင် မ၇နိုင်တော.တဲ့ မိဘမဲ့ကလေးငယ်လေးတွေရဲ. ရိပ်မြုံလေးပါ....သူတို.ထဲက ၇၇ ယောက်က ပညာ.သိပ္ပံဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ သင်ကြားနေကြပြီး အချို.ကတော. အစိုး၇ကျောင်းတွေမှာ သင်ကြားနေကြသူတွေပါ...အမြင်.ဆုံး ၉တန်းထိရှိပါတယ်
    Red Waves မှအလှုပစ္စည်း ပေးအပ်စဉ်
     ဒိနေရာမှာ တစ်ခုပြောစရာရှိတာက ကိုယ်တွေအကြောင်းပါ..ကိုယ်တွေဆီမှာ အကြောင်းအရာ တစ်ခုခုကို ဆုံးခန်းတိုင်အပြည်.အစုံ သိနေသူတွေ ဘယ်နယ်ပယ်မှာမဆို အရေအတွက်အနည်းငယ်ပဲရှိပြီး ဘာအကြောင်းအရာ တစ်ခုမှ မသိသူဆိုတာလည်းအတော်ရှားပါတယ်....များတာက ဘာပဲဖြစ်ဖြစ် နည်းနည်းစီတော. သိတယ်ဆိုသူက ၉၀% လောက်ဖြစ်နေပါတယ်....အဲဒါဆိုးတာပါပဲ...ဘာဖြစ်လဲဆိုတော. သိသာသေချာမသိတယ် ဆရာတွေချည်းပဲဆိုတာလိုမျိုးပါပဲ...ဒါကိုယ်.နိုင်ငံ.ရဲ. ငြင်းမရတဲ့အခြေအနေပါ....ဒီကျန်းမာရေးကိစ္စမှာလည်း ဒိတိုင်းပါပဲ....အဲဒါတွေရဲ. အကျိုးဆက်ကတော. မလိုအပ်ပဲလောကရဲ. အပယ်ခံ...လူသားချင်းအတူတူ ဥပက္ခော ပြုခံရသူ တွေ ပေါ်ပေါက်လာတော.တာပါပဲ...ဒိရောဂါ ဘယ်လိုနေရင်ကူးလည်း ဘာတွေသတိထားရင်ရပြီလဲဆိုတာတွေကို အသေးစိပ်မလေ.လာဖြစ်တော.ပဲ  ကင်းကင်းနေလိုက်တာစိတ်ချရတယ်ဆိုတဲ့ သိမ်ဖျင်းတဲ့အတွေးအခေါ်တွေနဲ. အလွယ်တကူ ဆုံးဖြတ်လိုက်တတ်ကြတာပါပဲ...
    ကစားသမားတစ်ဦးက အလှုပစ္စည်း ပေးအပ်စဉ်
    ကိုယ်.သားသမီး ကျောင်းမှာ သူ.သူငယ်ချင်းတွေကမခေါ်လို.ဆိုရင် အိမ်ကနေဒေါသတွေအလိပ်လိုက်ထွက်နေတတ်တဲ့မိဘတွေ.....ကိုယ်.ကို သူငယ်ချင်းတွေက ပယ်ထားရင် ၀မ်းနည်းတတ်တဲ့..ဒေါသထွက်တတ်တဲ့ သူတွေ  သူတို.အဖို.အစားထိုးဖြေသိမ်.စရာတွေအမျိုးမျိုးရှိနေချိန်မှာ မိဘကရောဂါကြောင်. မထနိုင်
    ပတ်ဝန်းကျင်က ကူးမှာစိုးလို.ဘယ်သူမှအဆက်ဆံမလုပ်
    အဲဒီလိုအိမ်မျိုးက အရွယ်မရောက်သေးတဲ့ကလေး.........ကဲ သူအသက်ဘယ်လိုဆက်မလဲ
    ခွေးတွေအတွက် တစ်နပ်စာ ၅၀၀၀ လောက်အကုန်ခံကျွေးနေကြချိန်မှာ....အဲဒိလိုကြုံနေ၇တဲ့မိသားစုတွေအတွက် ဘယ်သူတွေ ၀င်စိတ်မကောင်းဖြစ်ပေးကြသလဲ ...ဘယ်နေရာက ၀င်ကူညိပေးကြလဲ....သနားပါတယ် သဗ္ဗေသတ္တာ ကမ္မသကာပဲလေ ဆိုရင်ပြီးရောလား...................................

    ကလေးများနဲ. ကျော အတူရွတ်ကြစဉ်
     ကလေးတွေနဲ. အားလုံးဝိုင်းထိုင်ကြချိန်မှာ ကလေးမလေးတစ်ယောက်
    သူ.အသက်ကအလွန်ဆုံးရှိ နှစ်နှစ် မပြည်.တစ်ပြည်.
    ပထမဆုံးတစ်ယောက်ပေါင်ပေါ်သူတက်ထိုင်လိုက်တယ်
    အဲ့လိုထိုင်ရင်း သူထိုင်လိုက်တဲ့သူကိုမော.ကြည်.လိုက်ချိန်မှာ သူ.မျက်လုံးမှာ စိုး၇ိမ်စိတ်အချို........ မောင်းချလိုက်လေမလားလို. ..........
    တစ်အောင်.နေတော. သူနောက်တစ်ယောက်ပေါင်ပေါ် ပြောင်းထိုင်လိုက်ပြန်တယ်...ပြီးတော. သူထိုင်လိုက်တဲ့သူကိုမော.ကြည်.ပြိး ရီပြနေတယ် ....ဒါပေမယ်. စိုးရွံ.မှုတွေပါနေတဲ့ ခပ်ဖျော.ဖျော.အရယ်
    ပြီးတော. နောက်တစ်ယောက်ပေါ်ပြောင်းထိုင်ပြန်တယ်
    အဲ့ဒီလိုနဲ့ သူ ၅ယောက်လောက်ပြောင်းထိုင်နေတယ်
    တစ်ဖြေးဖြေး သူ.မျက်နှာကအပြုံးနဲ.အရယ်က စိုးရွံ.ခြင်းကင်းလာတယ်
    အိမ်ကို ကား၅စီးတစ်ပြိုင်တည်း ၀ယ်လာပြီး တစ်စီးချင်းပြောင်းထိုင်ပျော်မြူးနေတဲ့ လူတစ်ယောက်ထက် ပိုပြီးပျော်မြူးကျေနပ်နေတဲ့ မျက်နှာလေးနဲ. ...... ဒါပေမယ်. လောဘမပါတဲ့ကျေနပ်မှုမျိုးမို.ထင်ပါ. ...ကြည်.ရင်း ရင်ထဲပီတိ တွေဖြစ်လိုက်တာ............

    အချို.က ရုပ်ချင်းဆင်လို.မေးလိုက်တော. ဘာမှမတော်ဘူးတဲ့ ....အဖေနာမည်မေးလိုက်တော. မသိ...အမေနာမည်မေးလိုက်တော. မမှတ်မိ...အသက်ရောဆိုတော. ၀ိုးတ၀ါး...ဘယ်ကရောက်လာတာလည်းဆိုတော. မရေမရာ.........ဆိုးဝါးလွန်းတဲ့ အတိတ်တွေကို အမှတ်မရနေတာကိုကပဲ ကောင်းသလိုလို.......စကားတွေပြောကြ...သိချင်တာတွေမေးကြ..ကလေးတွေနဲ.
    ဖက်လှဲတကင်းနေကြ................

    ဒီလိုနဲ.ပြန်ကြတော.မယ်ဆိုပြီးပြောတဲ့အခိုက် ဆူညံနေတဲ့ခန်းမ ချက်ခြင်းတိတ်ကျသွားတယ်
    ပျော်နေတဲ့မျက်နှာလေး အချို. ရုတ်ကနဲ မှိုင်းညှို.သွားတယ်
    ရီနေတဲ့ နှုတ်ခမ်းလေးတွေ ဖျတ်ဆို ပိတ်ကျသွားတယ်
    ခုနတစ်ယောက်ဆိပေါ်ကိုလိုက်ထိုင်နေတဲ့ ကလေးလေး သူ.အနီးဆုံး လူတစ်ယောက်ရဲ. ပုဆိုးစ ကို သူ.လက်သေးသေးလေးနဲ.အတင်းဆွဲထားတယ်
    အချို.က ချက်ခြင်း မျက်ရည်ကြည်တွေ ဝေ.လာတယ်
    ငါဆက်နေရင် ငိုမိလိမ်.မယ်ဆိုတဲ့ စကားနဲ. Red Waves Member မိန်းကလေးတစ်ယောက် အပြင်ကို ထထွက်သွားတယ်.......
    ကလေးတစ်ချို.ရဲ. တိတ်တိတ်လေး ရှိုက်လိုက်သံ .......................
    အကြင်နာကြီးတယ်ဆိုတဲ့ ...သနားတတ်တယ်ဆိုတဲ့ ...မေတ္တာထားကြပါတယ်ဆိုတဲ့ လူသားတွေရဲ.
    အပယ်ခံ ထားရဖူးသူတွေ အဖို.   သူတို.ကို မိသားစုလေးလို လာဆက်ဆံကြပြီး  နောင်ဘယ်တော.မှတွေ.၇တော.မယ်မှန်းမသိတဲ့ (တစ်သက်လုံးအတွက် တွေ.ခွင်.ရချင်မှလည်း၇တော.မယ် သူတွေကို)
    နောင်လာခဲ့ပါအုံးနော်လို. သူတို.မခေါ်တတ်ကြဘူး....မခေါ်ရဲကြဘူး....တစ်သက်လုံးစာအတွက် တစ်ကြိမ်လာကြင်နာပေးကြသူတွေ (အချို.ကတော. အကြိမ်ကြိမ်ဖြစ်ချင်လည်းဖြစ်မှာပေါ.)
    ကို မပြန်ပါနဲ.နော်လို. မပြောရဲကြဘူး..........
    လာလှုဒါန်းကြသူတွေ သူတို.သွာံးလိုရာကို ကျေနပ်ပီတိတွေနဲ. ပြန်ထွက်သွားကြချိန်မှာ ကလေးငယ်လေးတွေခမျာ မပြန်ချင်.ပြန်ချင်နဲ. သူတို.အဆောင်လေးတွေဆီ နွမ်းယဲ့ယဲ့ခြေလှမ်းလေးတွေနဲ.တိတ်တဆိတ် .....................................


    အဲဒိနေ.ကအလှုဟာ Myanmar Online Teashop Forum ရဲ.နှစ်နှစ်ပြည်.အလှုဖြစ်ပြီး Red Waves Fan Club ရဲ. ပရဟိတလုပ်ငန်း ပထမဆင်.အစီအစဉ်ရဲ. ပထမဆုံးပူုးပေါင်းဒါန အနေနဲ. ပါဝင်လှုဒါန်းခြင်းဖြစ်ပါတယ်....လှုဒါန်းမှုအစုစု ဟာ ၁၂သိန်းဖိုးခန်.ရှိပြီး ကျောင်းဝတ်စုံ...မိုးကာ..ကျောပိုးအိတ်...ဆေး..စားစရာ...ထာဝရငွေပဒေသာပင်.(၁၅၀ ၀၀၀)..တစ်နေ.စာ စားသောက်စရိတ် (၁၂၅ ၀၀၀) တို.ဖြစ်ပြီး Red Waves Members & Ayeyawady United FC 's Players တွေက ( ၂၃၀ ၀၀၀ ) ပါဝင်လှုဒါန်းခဲ့ခြင်းဖြစ်ပါတယ်.........
    ကလေးတွေရဲ. ပုံတွေကိုတော. မရိုက်ရက်လို. ရိုက်မလာခဲ့ပါဘူး