Showing posts with label Ayeyawady United FC. Show all posts
Showing posts with label Ayeyawady United FC. Show all posts
Sunday, January 4, 2015
ဧရာဝတီကို နိုင်ဖို.ကို .....................
နေ.ရက် - ၂၀၁၅ ဇန်န၀ါရီလ ၃ ရက်
နေရာ - အောင်ဆန်းအားကစားပြိုင်ကွင်း
အချိန် - ညနေ ၄း၀၀ နာရီ
အခြေအနေ - လာအားပေးသော ပရိသတ်များ တွင် မန္တလေး ပ၇ိသတ်က ဧရာဝတီ ပ၇ိသတ်ထက် များပြားနေပြီး ကစားသမားအင်အားအနေအထားအရ ရတာနာပုံ အသင်း က ဧရာဝတီထက် သာနေသယောင်ရှိသည် ။
ရတနာပုံကို တစ်ကျော.ပြန် အမှတ်ပေးချန်ပီယံဖြစ်စေခဲ့သူ ဦးခင်မောင်တင်.က ကိုင်တွယ်ခဲ့ပြီး ဧရာဝတီကိုမူ ပထမ ကြံ.ခိုင်ရေးနည်းပြ ၊ ထိုမှ နည်းပြချုပ် ၊ ထို.နောက် ပြည်တော်ပြန် မာဂျန်က တစ်ဖန်ပြန်လည် ကိုင်တွယ်ခဲ့သည်
ရတနာပုံတွင် နောက်ခံလူ ဟက်ပီးနက်စ် ၊ ကွင်းလယ်လူ မက်ဆီမင် တို.ကိုသက်တမ်းတိုးထားပြီး တိုက်စစ်မှုး ဖိုဒေး ၊ သြစတေးလျ ကွင်းလယ်လူ ဂျိမ်းမေယာ တို.ကို အသစ်ခေါ်ထားပြီး ဧရာဝတီကစားသမား နန္ဒလင်းကျော်ချစ်ကိုပါ ခေါ်ယူထားခဲ့သလို တင်ဝင်းအောင် ၊ နေမျိုးအောင် ၊ ဇော်လင်းထွန်းတို.ကိုခေါ်ယူထားနိုင်ခဲ့သည် ။ 
ဧရာဝတီ ပ၇ိသတ်များ
ဧရာဝတီကမူ နိုင်ငံခြားကစားသမား ၄ ဦး စလုံးအသစ်ခေါ်ယူထားပြီး ပြည်တွင်းမှ ဗန်လားဟရွယ် ၊ အောင်ကျော်နိုင် ၊ ပြည်.ဖြိုးဦး ၊ ချစ်စမ်းမောင် ၊ သက်လွင်ဝင်း ၊ ထူးကျော် နှင်. ဇင်မျိုးအောင်တို.အသစ်ခေါ်ယူထားသဖြင်. အသင်းသစ် တစ်ခုနီးပါးဖြစ်နေသည် ။ထိုပွဲတွင် ပြည်ပကစားသမားများအနက် ဆစ်ဝမ်းဆက် ၊ အန်ဒါဆမ် ၊ နာမိုဗ်ရစ် တို.ထည်.သွင်းကစားခဲ့သည် ။
ချာရတီဖလားပြိုင်ပွဲ ဆိုသည်မှာ ပြီးခဲ့သော ဘောလုံးရာသီ တွင် အမှတ်ပေးချန်ပီယံဖြစ်ခဲ့သော အသင်းနှင်. ရှုံးထွက်ဖလားချန်ပီယံဖြစ်ခဲ့သော အသင်းတို.ကဘောလုံးရာသီသစ်တွင် ကွင်းဖွင်.ဖလားအဖြစ် ယှဉ်ပြိုင်စေပြီး ရရှိလာသော ကွင်းဝင်ကြေးများကို လှုဒါန်းသော ပွဲဖြစ်သည် ။
ဧရာဝတီ ပ၇ိသတ်များ
ထိုနေ.ကစားပွဲတွင် ဧရာဝတိထက် ရတနာပုံက ပ၇ိသတ်အင်အားပိုများသလို ကစားကွက်ပိုင်းတွင်လည်း သာသည်ဟုပြော၍ရသည် ။ ဧရာဝတီထက် အချိတ်အဆက် ပိုမိုကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး ဂိုးကိုခြိမ်းခြောက်မှု အကြိမ်အရေအတွက် အတော်များများလုပ်နိုင်ခဲ့သော်လည်းရတနာပုံမှ ခေါ်ယူထားသော ဧရာဝတီဂိုးသမားအသစ် ဗန်လားဟရွယ်၏ လက်စွမ်းပြ ကာကွယ်မှုများကြောင်. ထင်တိုင်းမပေါက်ခဲ့ခြင်းဖြစ်သည် ။ နောက်ခံကစားသမား ဆစ်ဝမ်းဆက် ကလည်း  တစ်ဖက်တိုက်စစ်များကို ချေမှုန်းပစ်နိုင်သူတစ်ဦးဖြစ်သည် ။ထို.အတူ ရတနာပုံနောက်တန်းကစားသမား မက်ဆီမင်၏ စွမ်းဆောင်ရည်များကလည်း နဂိုကမှ တောင်.တောင်.တင်းတင်း မရှိလှသေးသော ဧရာဝတီတိုက်စစ်ကို ကောင်းကောင်းဟန်.တား ထားနိုင်ခဲ့သည် ။
အချိန်အတော်များများ ရတနာပုံအသင်း၏ တိုက်စစ်ဖိအားအောက် ဧရာဝတီရောက်နေရသော်လည်း ၅၈မိနစ်တွင် ရရှိလာသော အခွင်.အရေးကိုအထိရောက်ဆုံးအသုံးချခိုက် တစ်ဖက်အသင်းဂိုးသမားကြောင်. ဧရာဝတီအသင်း ပင်နတီကန်ခွင်.ရခဲ့သည် ။ ထိုပင်နတီကို ရစ္စတီက ဂိုးအဖြစ် အောင်မြင်စွာပြောင်းလဲပေးနိုင်ခဲ့ပြီး ထိုဂိုးသည်ပင် ဧရာဝတီင်္အတွက်ကွင်းဖွင်.ဖလားပိုင်ရှင်အဖြစ် ဒုတိယအကြိမ်ရောက်ရှိစေခဲ့ပြန်သည် ။
ဖလားရစေခဲ့သော ၅၈ မိနစ်
 ထိုသွင်းဂိုးနောက်ပိုင်း ၀ယ်ဧရာဝင်္တီပ၇ိသတ်များအတွက် အသည်းတယားယား ရင်တစ်ဖိုဖို ဟူသော စကားလုံးဆိုလိုရင်းကို ကောင်းကောင်းသဘောပေါက်စေခဲ့ကြသည် ။ နာကျင်အချိန်ပို ၆မိနစ်ကလည်း ဧရာဝတီပ၇ိသတ်အတွက် အလွန်ရှည်ကြာလှသော အချိန်များ ဖြစ်ခဲ့သည် ။
မည်သို.ပင်ဆိုစေ အဆုံးသတ်တွင်တော. ဧရာဝတီ ပ၇ိသတ်တို. တစ်ခဲနက်ကြွေးကျော်အော်ဟစ်ခဲ့ကြသော ဧရာဝတီကို နိုင်ဖို.ကို ၁၀ နှစ် ၁၀မိုး ကြိုးစားလိုက်အုံး ဟူသော အသံများဖြင်. ၇တနာပုံကို အနိုင်ယူပြီး ကွင်းဖွင်.ဖလားပိုင်ရှင်အဖြစ် သို.ရောက်ရှိခဲ့သည် ။
 ပွဲအပြီးတွင် ရရှိသော ကွင်းဝင်ကြေးများနှင်. MNL အသင်းများ၏ စုပေါင်းလှုဒါန်းငွေ များကို ကျိုက်ဝိုင်း မိဘမဲ့ကလေးကျောင်း ၊ မေတ္တာဝါဒီပရဟိတကျောင်း ၊ သာကေတမဟာဂန္ဒာရုံ မူလတန်းလွန်ကျောင်း၊ ၀ါးရုံပင်ဖောင်ဒေးရှင်းကျောင်း တို.အတွက် ၂၅ သိန်းစီလှုဒါန်းခဲ့ပြီး နေပြည်တော်အသင်းပိုင်ရှင် ဒေါက်တာဖြိုးကိုကိုတင်.ဆန်း မှ ဧရာဝတီအသင်းကို ဆုဖလားချီးမြှင်.ခဲ့ပါသည် ။
Redwave နှင်. ဧရာဝတီ ပ၇ိသတ်တို.၏ အပျော်
ဧရာဝတီကို နိုင်ဖို.ကို ……………………
ဆယ်နှစ်ဆယ်မိုးကြိုးစားလိုက်…….အုံး
Thursday, September 25, 2014
၂၀၁၅ သည် ဧရာဝတီ အတွက် ဖြစ်မည်လား
ရှုံးထွက်ဖလား ဗိုလ်လုပွဲ သို.လာရောက်အားပေးကြသော ဧရာဝတီ ပရိသတ်
2014 MNL League တွင်  1 to 5 ၀င်အောင်အပြင်းအထန်ကြိုးပမ်းခဲ့ရသော ဧရာဝတီ ယူနိုက်တက် အနေဖြင်. သူတို.၏အောင်မြေဖြစ်သော ရှုံးထွက်ဖလား ပြိုင်ပွဲ တွင်မူ ဒုတိယအကြိမ်မြောက် ဖလားတစ်လုံးကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သည်
၂၀၁၄ စက်တင်ဘာ ၂၁ ရက် ညနေ က YTC ကစားကွင်းတွင် ကျင်းပခဲ့သော ဧရာဝတီ ယူနိုက်တက် နှင်. နေပြည်တော် အက်ဖ်စီ တို.၏ချန်ပီယံ လုပွဲတွင် ဧရာဝတီ က ၂ ဂိုး ဂိုးမရှိဖြင်. ၂ကြိမ်မြောက် ရှုံး ထွက်ဖလား ရယူနိုင်ခဲ့ခြင်းဖြစ်သည် ။ ထိုပွဲသို. ဘိုကလေး ၊ မအူပင် ၊ ပုသိမ်စသည်တို.မှ ဧရာဝတီသားများ ၊ ပုသိမ်ရှိ လူငယ်အကယ်ဒမီ မှ ကစားသမားငယ်များ ၊ Redwave Fans ( ဧရာဝတီ ၏ အမာခံ ပရိသတ်များ ) Member များ ၊ ရန်ကုန်ရောက် ဧရာဝတီ ဇာတိဖွားများအပြင် ကိုမေတ္တာ ၊ အရိုင်း ၊ ကိုငြိမ်းချမ်း အစရှိသော အနုပညာလောကသားများ ဧရာဝတီ အသင်းကို လာရောက်အားပေးခဲ့ကြသည် ။
အထူးတန်းပွဲကြည်.စင် ပြည်.လုနီးပါး ဧရာဝတီ ပ၇ိသတ်များကား တစ်ချိန်က Delta United FC ဘ၀ ကွင်းပြည်.ကွင်းလျှံ ပ၇ိသတ်များကို သတိရမိစေသည် ။ ဘိုကလေး ပရိသတ်များ ၊ ပုသိမ်အကယ်ဒမီမှ ကစားသမားငယ်များ နှင်. Redwaves Fan တို.၏ ဧရာဝတီအောင်နိုင်ရေး Vinyl များကိုတွေ.ရပြီး ပရိသတ်အတော်များများ၏ ပါးတွင် Redwaves Fan Club မှ စီစဉ်ပေးသော Sticker များကို တွေ.ရသည် ။
ကစားပွဲ အနေအထားကမူ ဧရာဝတီ ကသာသလို ရှိသော်လည်း နေပြည်တော်က အချိတ်အဆက် ပိုမိနေသလို မြင်ရသည် ။ သို.သော် နေပြည်တော် အနေဖြင်. ဂိုးကိုတိုက်ရိုက်ခြိမ်းခြောက်နိုင်စွမ်းနည်းပါးပြီး  ကန်ခွင်.ရသော ဘောလုံးတို.ကိုလည်း ဧရာဝတီ ဂိုးသမားက လက်စွမ်းပြ၍ သေသပ်စွာကာကွယ်နိုင်ခဲ့သောကြောင်. နေပြည်တော်တို. ထင်တိုင်းမပေါက်ခဲ့ခြင်း ဖြစ်သည် ။
ဧရာဝတီ အနေဖြင်. လူစုံ့ထုတ်ကစားခဲ့ပြီး တိုက်စစ်မှုးဆာဆာ ကိုမူဒါဏ်ရာကြောင်. ဒုတိယပိုင်းမှ ထည်.သွင်းကစားခဲ့သည် ။ ၁၃ မိနစ်တွင် နေလင်းထွန်းက ဧရာဝတီ အတွက် အဖွင်.ဂိုးသွင်းပေးခဲ့ပြီး ၇၉ မိနစ်တွင်မူ ဒုတိယအကြိမ်ရှုံးထွက်ဖလားအတွက် ဒုတိယဂိုးကို ကိုနေးက သွင်းယူပေးခဲ့သည် ။ ရှုံးထွက်ဖလားပြိုင်ပွဲကို နောက်ဆုံးကျင်းပခဲ့သည်. ( ၂၀၁၃ ခုနှစ်က Seagame ကြောင်. ရှုံးထွက်ဖလားပွဲ မကျင်းပခဲ့ပါ ) ၂၀၁၂ ခုနှစ်ကလည်း ဧရာဝတီပင် ဖလားရခဲ့သဖြင်. နှစ်ကြိမ်ဆက်တိုက် ရှုံးထွက်ဖလား ရယူနိုင်ခဲ့ခြင်းဖြစ်သည်
ဧရာဝတီ ၏ ဖလားတစ်လုံး ပိုင်ဆိုင်ခွင်.သေချာစေခဲ့သော ဒုတိယဂိုးသွင်းအပြီး ပရိသတ်၏ အပျော်
ပွဲအပြီးတွင် Ooredoo မှ ဆုကြေးငွေ သိန်း ၃၀၀ ကို  MFF ဥက္ကဋ္ဌ ဦးဇော်ဇော် နှင်. တာဝန်ရှိသူများက ချီးမြှင်.ခဲ့ပြီး အောက်တိုဘာလ နောက်ဆုံးပတ်တွင် ကျင်းပမည်. မဲခေါင်တိုယိုတာ ဖလားပြိုင်ပွဲဝင်ခွင်.အတွက် တရားဝင်ဖိတ်ကြားစာကို Toyota Company က ပေးအပ်ခဲ့သည် ။
တကယ်က ဒါသည်ပင် ဇာတ်လမ်းအစဖြစ်သည် ။ ယခုကဲ့သို. ရှုံးထွက်ဖလားရခဲ့သဖြင်. လာမည်. ၂၀၁၅ သည် ဧရာဝတီ အတွက် ပိုအရေးကြီးလာသည် ။ မည်သူမဆို ၃ကြိမ်ဆက်တိုက်ချန်ပီယံ ဆိုသည်ကို မက်မောကြမြဲ ဖြစ်သည် ။ ထို.အတွက် ဧရာဝတီသည်လည်း သူ၏ ၃ကြိမ်ဆက် ချန်ပိယံဘွဲ.အတွက် အပြင်းအထန်ကြိုးပမ်းရတော.မည်ဖြစ်သည် ။
ဒုတိယ အနေဖြင်. လာမည်. ၂၀၁၅ ကွင်းဖွင်.ဖလားတွင် ၇တနာပုံနှင်. တစ်ပွဲတည်း ကန်ရုံနှင်. ဖလားတစ်လုံး ရမည်.ပွဲကို ရင်ဆိုင်ရမည်ဖြစ်သည် ။ အရှိန်အဟုန် ဖြင်. အောင်မြင်နေသော Delta United FC ဘ၀မှ မွေးစားပိုင်ရှင်လက် ၊ ထိုမှ ဇာတိဖွားတို.ရင်ခွင် ပြန်ဝင်ပြီး ဧရာဝတီ ယူနိုက်တက်ဖြစ်ခဲ့ရသော်လည်း အမှတ်ပေးပွဲများတွင် အသည်းအသန်ရုန်းကန်နေရခြင်း၏  ဇာတ်လမ်းအစ ( မှတ်မိကြအုံးမည်ထင်ပါသည် )  ၇တနာပုံအိမ်ကွင်းအတွင်းမှပွဲပြီးသည်အထိ ထွက်မရ ၊ ထိုမှ နောက်ဆုံးပိုင်ရှင်အဆင်.ပြောင်းခဲ့ရစေခဲ့သော အဖြစ်အပျက်များ ၊ ယခု လာမည်. ၂၀၁၅ နှစ်စတွင် ထိုအသင်းနှင်. ယှဉ်ပြိုင်ရင်း  ဖလားလုပွဲ ဖြင်.စဖွင်.ရတော.မည် ။ထိုအတွက်လည်း အလေးအနက်ထားကြရပေမည် ။ ထို.အပြင် ၂၀၁၅ တွင် ၀င်ရောက်ယှဉ်ပြိုင်ခွင်.ရမည်. အာရှအဆင်. AFC Cup ပြိုင်ပွဲတွင် အဆင်.အတန်းရှိရှိ ၀င်ရောက်ယှဉ်ပြိုင် နိုင်ရန်အတွက် လိုအပ်သော အင်အားစုဖွဲ.မှုများ ၊ ကြိုတင်ပြင်ဆင်ထားသင်.သည်များကလည်း အများအပြားရှိနေသည် ။ MNL အသင်းတိုင်း မက်မောသည်. MNL Cup ကိုပါ ထည်.သွင်းတွက်ချက်လျှင် ( အနိမ်.ဆုံး ၁ - ၅ ၊  ဖြစ်နိုင်လျှင် ဖလားပိုင်ရှင် ) တော. ၂၀၁၅ သည် ဧရာဝတီကို အောင်မြင်မှု လမ်းစများနှင်. စောင်.ကြိုနေသကဲ့သို. အမှန်တကယ်အောင်မြင်မှု ရရန် အတွက်ကလည်း စိန်ခေါ်မှု အချို.ကတော. ရှိနေမည်ဖြစ်သည် ။
၂၀၁၀ ပြည်. ရှုံးထွက်ဖလားစကျင်းပချိန်မှ ယခုအချိန်အထိ ဖလားရယူပေးနိုင်ခဲ့သော နည်းပြများအနက် ပထမဆုံးမြန်မာနည်းပြ ဖြစ်သော ဧရာဝတီ နည်းပြချုပ် ဦးဆန်းဝင်းက စံတော်ချိန် သတင်းစာနှင်. အင်တာဗျုးဖြေကြားရာတွင်  ဒီနှစ် ဘောလုံးရာသီတွင် အမှတ်ပေး နှင်. ရှုံးထွက် ဖလား နှစ်ခုစလုံးကို ပြည်တွင်းနည်းပြများက ယူပေးနိုင်ခဲ့သဖြင်. မြန်မာတွေမညံ.တာပြနိုင်ခဲ့ကြောင်း ၊ လေ.ကျင်.ချိန် တစ်လကျော်အတွင်းမှာ နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်၇မှာကြောင်. လိုအပ်ချက်တွေကြိုးစားပြင်ဆင်ရမှာဖြစ်ကြောင်း ၊ ဧရာဝတီရှေ.မှာ မြန်မာပါလာပြီမို. ကြိုးစားယှဉ်ပြိုင် သွားမှာဖြစ်ကြောင်း ၊ လာမယ်.နှစ်ပြိုင်ပွဲတွေကြောင်. ကစားသမားအင်အား ထပ်ဖြည်.ရမှာဖြစ်ပြီး အသင်းပိုင်ရှင်တွေနဲ. ညှိုနှိုင်း ခေါ်ယူရမှာဖြစ်ကြောင်း ၊ သူ.အနေနဲ. အသုံးများတဲ့ ကစားကွက်က ၄-၂-၃-၁ ဖြစ်ပြီး ပုံသေကစားကွက်မထားပဲ တိုက်စစ်ဦးစားပေး ကစားကြောင်း ၊ နည်းပြ အနေနဲ. အသက် ၆၀ လောက်မှသာ အနားယူမယ်စဉ်းစားထားကြောင်း ပြောကြားခဲ့သည် ။
ရှုံးထွက် ဖလားနှင်. RED WAVES Fan - EC & Member အချို.
 လာမည်. ၂၀၁၅ တွင် အသင်းပိုင်ရှင်တို.အနေဖြင်. လိုအပ်သော စွမ်းရည်ပြည်.ကစားသမားအချို. နှင်.အိမ်ကွင်းအပါအ၀င် ပံ.ပို.မှုများအား ပြည်.စုံစွာ ထောက်ပံ.ပေးနိုင် ခဲ့ပါလျှင်  ၊ ကစားသမားများကလည်း တစ်ဥိးချင်း သော်လည်းကောင်း အသင်းလိုက် အနေဖြင်. လည်းကောင်း ပိုမို၍ညီညွတ်စွာ နိုင်လိုစိတ်အပြည်. အမှာ.အယွင်းမရှိ ကြိုးစားနိုင်ခဲ့ ကြပါလျှင် ၊ နည်းပြ နှင်. အုပ်ချုပ်မှု အဖွဲ.များကလည်း  စေတနာအပြည်. တက်ကြွမှုအပြည်. နည်းပညာထက်မြက်စွာဖြင်.သာ ဟာကွက်မရှိ စီမံဆောင်ရွက်နိုင်ကြပါလျှင် ၊ ပရိသတ်အနေဖြင်.လည်း အင်ပြည်. အားပြည်. တက်ညီလက်ညီ စုစည်း ညီညွတ်စွာ အားပေးကြပါလျှင် 
သေချာပါသည် ၂၀၁၅ သည် ဧရာဝတီ အတွက်သာ ဖြစ်လာပါလိမ်.မည်
Thursday, August 7, 2014
Ooredoo ဖလားနဲ. လက်တစ်ကမ်း အလို ရောက် Ayeyawady United FC
ဧရာဝတီသည် ယခုတိုင် အသင်းကြီး တစ်ခုဖြစ်နေဆဲ ဟူသည်. အကောင်းဆုံး သက်သေ တစ်ရပ်ပင် ။
၆ ရက် သြဂုတ် ၂၀၁၄ နေ. ညနေ YTC ကွင်းတွင် ကျင်းပမည်. ဧရာဝတီ နှင်. ရတနာပုံ တို.၏ ပွဲက မတိုင်ခင်ကပင် စိတ်လှုပ်ရှားစရာများ ရှိနေသည် ။ အသင်း၏ ပွဲထွက် ကစားသမားများဖြစ်သော ဆာဆာ၊ ကင်(မ်) နဲ့ နိုင်လင်းဦး တို.က ပွဲပါယ်ပြစ်ဒါဏ် ခံထားရသလို အသင်း၏ အားထားရသော အသင်းခေါင်းဆောင် မင်းမင်းသူ ကလည်း ဇေယျာရွှေမြေ ပွဲနေ.က ဒါဏ်ရာကြောင်. မပါဝင်နိုင် ။ ထို.အတူ ရတနာပုံ ဘက်ကလည်းရန်အောင်ဝင်း၊ အောင်မြင့်အေး နဲ့ နိုင်ငံခြားသားကျောနံပါတ် ၇ ကွင်းလယ်ကစားသမား မပါဝင်နိုင် ဆိုတော. ပိုခန်.မှန်းရခက်နေသည် ။
ဇေယျာရွှေမြေ ကို ရှုံးနိမ်.ရခြင်းမှာ အူရီဒူး ဆီမီးပွဲအတွက် လူချန်ကစားခြင်းကြောင်.မဟုတ်ပဲ ပွဲပယနဲ. ဒါဏ်ရာရ ကစားသမားများ တွေရှိနေလို.ပါ ။ ကျနော်တို့ ဧရာဝတီမှာ ပွဲပယ်၊ ဒဏ်ရာရ ကစားသမားတွေ ရှိသလို ရတနာပုံမှာလည်း ရှိနေပါတယ်။ ကျနော့်အနေနဲ့ကတော့ ၂ သင်းစလုံး ၅၀/၅၀ ပါပဲ ဗျ။ အခွင့်အရေး ကိုယ်စီ ရှိပါတယ်။ ကျနော့်အသင်းက လူငယ်ကစားသမားတွေနဲ့ အကောင်းဆုံး ပြင်ဆင်မှာပါ မင်းမင်းသူက တကယ် ကောင်းတဲ့ကစားသမားပါ။ ဒါကြောင့်လည်း အသင်းရဲ့ ခေါင်းဆောင်ဖြစ်နေတာပါ။ ပြီးတော့ လက်ရွေးစင်ကစားသမားလည်း ဖြစ်ပါတယ်။ မင်းမင်းသူလို နိုင်လင်းဦးလို ကစားသမားမျိုးတွေ မပါနိုင်တဲ့အတွက်တော့ ကစားပုံကို ထိခိုက်စရာ ရှိပါတယ်။ ဒါပေမယ့်လည်း ရှိတဲ့လူနဲ့ အကောင်းဆုံး အစားထိုးနိုင်အောင် ပြင်ဆင်ရမှာပါ နည်းပြတိုင်းကတော့ ပြိုင်ပွဲဝင်ပြိုင်ပြီဆိုရင် ချန်ပီယံဖြစ်ချင်ကြတာပဲဗျ။ ကျနော်လည်း ချန်ပီယံ ဖြစ်ချင်ပါတယ်။ ဗိုလ်စွဲတဲ့အသင်းက တိုယိုတာမဲခေါင်ဖလား ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရမှာ မို. ၀င်ပြိုင်ဖို. အစီအစဉ် ရှိပါတယ် လို. ဖြေကြားခဲ့ပါတယ် ။ 
ရတနာပုံ နည်းပြချုပ် က မူ -
ဧရာဝတီမှာ ပွဲပယ် ကစားသမားတွေ ရှိနေသလို ကျွန်တော်တို.မှာလည်း ပွဲပယ်ကစားသမားတွေ ရှိနေပါတယ် ။ လိဂ် နဲ. ရှုံးထွက် ဖလား ၂လုံး စလုံး ပစ်မှတ်ထားပြီး တစ်ပွဲချင်းအကောင်းဆုံး ပစ်မှတ်ထား ပြင်ဆင်သွားမှာပါ ဟု ပြောဆိုခဲ့သည် ။
ဧရာဝတီ ယူနိုက်တက် ၏ Facebook စာမျက်နှာ တွင် တင်ထားသော မိုဗစ်ခ်ျ ၏ စကားကလည်း လက်ရှိအခြေအနေအတွက် အထောက်အကူဖြစ်ခဲ့သည် ။ 
ယနေ.ကျင်းပခဲ့သော အော်ရီဒူး Cup – Semi Final ပွဲတွင်တော. ဧရာဝတီ ပ၇ိသတ်များ ထိုက်သင်.သလောက် လာရောက်ခဲ့ကြသလို အခြား ဘောလုံးအသင်းမှ ကစားသများများလည်း လာရောက်လေ.လာခဲ့ကြပြီး ဧရာဝတီ အကယ်ဒမီိ မှ ကလေးငယ်များလည်း လာရောက်လေ.လာ အားပေးခဲ့ကြသည် ။
ယနေ.ပွဲတွင် ဧရာဝတီ အနေဖြင်. ဂိုးသမားချမ်းငြိမ်းကျော် ၊ အေးကိုကိုမောင် ၊ နေလင်းအောင် ၊ ဟိန်းသီဟဇော် ၊ စံမျိုးဦး ၊ နေလင်းထွန်း ၊ နန္ဒလင်းကျော်ချစ် ၊ သီဟဇော် ၊ ကိုနေး ၊ ကလစ်ဖို.ဒ် ၊ မိုးဝင်းတို.ဖြင်. ပွဲထွက်လာခဲ့ပြီး မိုးဝင်းက အသင်းခေါင်းဆောင် တာဝန်ယူပေးခဲ့သည် ။
ရတနာပုံ ကတော. တိုက်စစ်မှာ ဖွန်ဆီကာ၊ ဒွေးကိုကိုချစ်၊ ကွင်းလယ်မှာ ရှင်းပဲ၊ ရဲကိုဦး၊ တောင်ပံမှာ သက်နိုင်၊ ကောင်းစည်သူ၊ နောက်တန်းမှာ ရဲဝင်းအောင်၊ ဇော်မင်းထွန်း၊ ဟက်ပီးနက်၊ စည်သူအောင်နဲ့ ဂိုးမှာ သီဟစည်သူတို့ ပွဲထွက်ခဲ့ပါတယ် ။
ပွဲစ၍ သိပ်မကြာခင်မှာပင် ကလစ်ဖို.ဒ် ၏ အမှား မှ တစ်ဖက်ကစားသမားဘောလုံးရပြီး ဂိုးဧရိယာ အတွင်း ကန်သွင်းခွင်. ရခဲ့ပြီး ထိုကန်ချက်မှာ အပေါ် ဘားတန်းထိ ထိုမှမြေထောက်ကာ ပြန်ထွက်သွားသဖြင်. ဧရာဝတီ တို.အတွက် တစ်ချက် သက်သာခဲ့ရသည် ။ ပထမပိုင်း ကစားကွက်များအနေဖြင်. ကစားသမားများ အချိတ်အဆက် မမိဖြစ်နေသလို တစ်ဖက်ကိုလည်း ထိထိရောက်ေ၇ာက် တိုက်စစ်မဆင်နိုင်ဖြစ်နေရသည် ။ သို.သော် ၄၂ မိနစ်တွင် ရရှိသော ပြစ်ဒါဏ်ဘောကို နန္ဒ လင်းကျော်ချစ် ကန်သွင်းရာ ရတနာပုံ ဂိုးသမား သီဟစည်သူ ပုတ်ထုတ်၍ ပြန်ကျလာသော ဘောလုံးကို ကိုနေး ပိတ်သွင်းရာမှ ဧရာဝတီ တို.အတွက် အဖွင်.ဂိုး ရရှိခဲ့ပါသည် ။
ဒုတိယ ပိုင်းတွင် ရတနာပုံထက် ဧရာဝတီကို ပိုမို ထိုးဖောက် နိုင်ခဲ့သည် ။ မိနစ် ၆၀ ခန်.တွင် သက်နိုင်ကန်သွင်းသော ကန်ချက်သည် ကောင်းမွန်သော်လည်း ဧရာဝတီ ဂိုးဘေးမှ ကပ်ထွက်သွားသည် ။ ထို.အပြင် ရတနာပုံ ၏ ဂိုးသွင်းကန်ချက် များကလည်း ဧရာ ဂိုးသမားချမ်းငြိမ်းကျော်၏ လက်တွင်သာ အဆုံးသတ်သွားကြရသည် ။ ၇၅ မိနစ်ခန်.တွင် ကိုနေး နှင်. နန္ဒ တို. အတွဲ တိုက်စစ်ဆင်လာပြီး နန္ဒ ထိုးပေးသော ဘောလုံး ကိုနေး ကန်သွင်းသော်လည်း ကျော်ထွက်သွားခဲ့သည် ။ ၈၂ မိနစ်ခန်.တွင် နန္ဒ နှင်. အောင်ကျော်မျိုး အတွဲ တို.ထိုးဖောက်ချက်ကလည်း နန္ဒက အောင်ကျော်မျိုးကို ထိုးပေးပြီး အောင်ကျော်မျိုး ကန်သွင်းခဲ့ရာ ဂိုးဘေးမှ ကပ်ထွက်သွားခဲ့ပြန်သည် ။ နောက်ပိုင်ွးင်တော. ရတနာပုံ ကစားသမားတို. ဂိုးဧရိယာအတွင်း ရောက်အောင်ကန်ထည်.ရင်း တိုက်စစ်ဆင်ခဲ့သော်လည်း ပွဲပြီးဆုံးချိန်တွင်တော. ဧရာဝတီ ယူနိုက်တက်သည် ၇တနာပုံအားချန်ထားခဲ့နိုင်ပြီး အော်ရီဒူး Cup – Final သို. ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့သည် ။
 လူစားလဲမှု တွေအနေနဲ. ရတနာပုံ ဘက်က ၆၁' မှာ ဒွေးကိုကိုချစ်အစား ဇင်မင်းထွန်း ၀င်ကစားပြီး ၆၈' မှာ ဧရာဝတီယူနိုက်တက်မှ သီဟဇော် အစား အောင်ကျော်မျိုးဝင်ကစားသလို  ၇၅ မိနစ် မှာ  ရတနာပုံမှ ဖွန်ဆီကာ အစား ၀င်းနိုင်စိုးဝင် ပြီး နောက်ထပ် လူစားလဲမှု အနေနဲ.  စည်သူအောင် အစား ရဲဇော်ထက်အောင် ၀င်ကစားခဲ့ပါတယ် ။် ဧရာဝတီမှ ဟိန်းသီဟဇော်အစား ရွှေလှိုင်ဝင်း ၀င်ရောက်ကစား ခဲ့ပြီး နာကျင်အချိန်ပိုမှာ နန္ဒ အနည်းငယ် နာသွားတာကြောင်.  ဖြိုးကိုကိုသိန်း ၀င်ကစားခဲ့ပါတယ် ။
ပွဲအပြီး သီိဟစည်သူ၏ Facebook တွင်  Today lose coz me sorry for all of ydnb FC players n fan
ဟုရေးသားထားခဲ့ပြီး သူ.ပရိသတ် အတော်များများ ကမူ အားပေးခဲ့ကြ ပါတယ် ။ MNL League အတွက်သာ အာရုံစိုက်ရန် ရေးသားထားကြသော်လည်း အချို.ကမူ ယခုနောက်ပိုင်း ရတနာပုံ ပေးလိုက်ရသော ဂိုးများသည် တည်ကန်ဘောများမှသာ ပေးနေရသဖြင်. သတိပြု၇န် သတိပေးရေးသားမှုတွေ ရှိခဲ့ပါတယ် ။
 ဒီနေ.ပွဲမှာ ရတနာပုံ ဂိုးသမား သီဟစည်သူဟာ တစ်ချိန်က ဧရာဝတီ အသင်းခေါင်းဆောင် ဖြစ်ခဲ့သလို ဧရာဝတီကို ဖိုင်နယ် တက်ရောက်စေခဲ့တဲ့ ဂိုးပိုင်ရှင် ကိုနေး ဟာလည်း တစ်ချိန်က ရတနာပုံ ကစားသမား တစ်ဦးပါ ။ဒါ.အပြင် ရတနာပုံအသင်းဟာ ရှုံးထွက်ပြိုင်ပွဲမှာ ဧရာဝတီယူနိုက်တက် အသင်းနှင့် ၃ ကြိမ်တွေ့ဆုံခဲ့ရာ ၃ ကြိမ်လုံး ရှုံးနိမ့်ခဲ့သည့် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်
ဒါ.အပြင် အဲ့ဒီပွဲမှာ Ooredoo Sim Card မဲဖောက်ခဲ့တယ်လို.လည်းပြောသံကြားရပါတယ် ။
Ref ;  AUFC Page , YDNB Page & Aung Thu Htut - All Photos by AUFC
bHBHBHYပပပအအအ်fffffffbbbyjnhgmghngfnfgb