Showing posts with label စိတ်ဝင်စားဖွယ် သတင်းများ. Show all posts
Showing posts with label စိတ်ဝင်စားဖွယ် သတင်းများ. Show all posts

Saturday, June 24, 2017

ပျက်ကျ Y8 လေယာဉ် ရှာဖွေရေး ရေငုပ်သမား ကိုသန်.ဇင်ဦး နှင့် အင်တာဗျုး နှင့် ကွယ်လွန်သွားသူ ကိုစောနောင်

Y-8 လေယာဉ်ဆယ်ယူရာတွင်ပါဝင်ကူညီခဲ့သော အရပ်ဘက်ရေငုပ်သမား ကိုသန့်ဇင်ဦးနှင့် တာဝန်ရှိသူတို့ ၏စကားသံများ


၂၀၁၇ ခုနှစ် ဇွန် ၇ ရက်တွင်ပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ်(Y-8)၏ အစိတ် အပိုင်းများဆယ်ယူရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော အရပ်ဘက်ရေငုပ်အဖွဲ့မှ ရေငုပ်သမားနှစ်ဦး၏ ဆောင်ရွက်ချက်များနှင့် ဆေးကုသပေးမှုအပေါ် ရေငုပ်သမားကိုသန့်ဇင်ဦးနှင့် တာဝန်ရှိသူတို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်-

သန့်ဇင်ဦး(ရေငုပ်သမား)


Y-8 လေယာဉ်အမြီးပိုင်းကို ရေထဲမှစမ်းသပ်ရရှိပြီးတဲ့နောက်မှာ ကျွန်တော်နဲ့ကိုစောနောင်က အရင်ဆုံးဆင်းပါတယ်။ ရေထဲမှာ ကြိုးတစ်ချောင်းထောက်ပြီးပြန်တက်လာတယ်။ နောက်တစ်ခါလေအိတ် နှစ်လုံးထိုးပေးရမယ့်နေရာကို နောက်တစ်ဆိုင်းဖြစ်တဲ့ ကိုသောင်းနဲ့ကတုံးတို့က ထပ်ဆင်းပြီး လေယာဉ်တောင်ပံနှစ်ခုကို ကြိုးချည်ပြီးပြန်တက်လာတယ်။ အနက်ပေ ၁၂၀ ကျော်လောက်မှာ လုပ်ရတာဖြစ်ပြီး ပထမတစ်ကြိမ်က နာရီဝက်ကျော်လောက်တော့ကြာတယ်။ ကတုံးတို့ပြန်တက်လာပြီး လေအိတ်တွေချမယ်ဆိုတော့ ကျွန်တော်တို့ ဒုတိယအကြိမ်ပြန်ဆင်းပါတယ်။ သင်္ဘောပေါ်ကနေကြိုး ချည်ပေးဦးဆိုတော့ ကျွန်တော်တို့ရေငုပ်ပြီး Black box ကိုသွားရှာတာမတွေ့ဘူး။ ဒါနဲ့ရေထဲ ကနေပြန်တက်လာခဲ့တယ်။ တောင်ပံနှစ်ဖက်ကို ကြိုးတစ်ချောင်းစီချည်ပြီးလေအိတ်ကို တစ်လုံးပြီး တစ်လုံးဆွဲရတယ်။ ကိုစောနောင်ကလည်း တစ်လုံးဆွဲချတယ်။ နောက်တစ်လုံးဆွဲချတဲ့အချိန်မှာ နည်းနည်း ကြာသွားတယ်။ လေအိတ်ကြီးကို ရေထဲယူပြီးတော့ လေယာဉ်တောင်ပံနှစ်ဖက်မှာချည်ပြီး ရေထဲကပြန်တက်လာခဲ့ပါတယ်။

ကျွန်တော်တို့နှစ်ယောက်သင်္ဘောပေါ်ရောက်တော့ ကိုစောနောင်က အင်္ကျီတောင်ချွတ်လိုက်သေးတယ်။ ထမင်းစားမယ်ဆိုပြီး ဗိုက်ဆာလို့ထမင်းခူးနေတုန်း ကျွန်တော့်နောက်က ကိုစောနောင်ပစ်လဲသွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်လည်းခြေထောက်နဲ့ လက်ထောက်လို့ မရတော့ပါဘူး။ ခန္ဓာကိုယ်ကကိုက်ခဲလာတယ်။ အဲဒီအခါ သင်္ဘောပေါ်ကလူတွေရောက်လာပြီး နှိပ်နယ်ပေးတော့ လည်းမခံနိုင်ဘူးဖြစ်နေတယ်။ ဒါကိုဒေသခံတွေကရေနာမိတာလို့ပြောပါတယ်။ အဲဒီအတွက် ကျွန်တော်တို့နှစ်ဦးကို ပေ ၆၀ ရေအနက်လောက်မှာ ရေငုပ်သမားအချို့က၀န်းရံပြီး ရေထဲပြန် ဆင်းကြတယ်။ အဲဒီမှာကိုစောနောင်က မျက်စိဖွင့်ကြည့်ပြီး သတိပြန်ရလာတယ်။ လက်တွေ လှုပ်ရှားလာတယ်။ သတိပြန်လည်လာတော့ အပေါ်ကိုခေါ်တင်တဲ့အခါ လှေပေါ်ကို ရောက်တော့သတိမေ့သွားရော၊ ဒါနဲ့နောက်တစ်ခါ ရေထဲကိုပြန်ဆင်းတယ်။ သတိပြန်ရလာပြီး မျက်လုံးတွေဖွင့်ကြည့်တယ်။ လက်လှုပ်ပြတယ်။ ဒါနဲ့အပေါ်ပြန်တက်တဲ့အခါမှာ သတိလစ်နေပြန်ရော၊ ခုနစ်ကြိမ်လောက်အတက်အဆင်းလုပ်တယ်။ လှေပေါ်ရောက်ရင် သတိပြန်မေ့တယ်။ အခြေအနေ မကောင်းတော့ဘူးဆိုပြီး ထားဝယ်ဆေးရုံမှာဆေးကုသမှုခံယူခဲ့ပါတယ်။ ကိုစောနောင်က အသက် ၄၅ နှစ်လောက်ရှိပြီးရေငုပ်သက် နှစ် ၂၀ ကျော်နေပါပြီ။

ဒီဖြစ်စဉ်က ရေစီးကြောင်းနှစ်ကြောင်းကြားထဲ ရောက်သွားတယ်လို့ပြောတယ်။ ကျွန်တော်ကတော့ ပထမတစ်ကြိမ်ရေထဲဆင်းပြီးကတည်းက သတိပြန်ရလာပြီး အခြေအနေကောင်းလာပါတယ်။ ဒီအပေါ်မှာ တပ်မတော်(ရေ)အဖွဲ့တွေကလည်း အားလုံး ပြည့်ပြည့်စုံစုံလုပ်ပေးပါတယ်။
ကျွန်တော်တို့ ရှာနေတဲ့ Y-8 လေယာဉ်ရဲ့ Black box တွေ့ရင် လေယာဉ်ဘာကြောင့် ပျက်ကျသွားတယ်ဆိုတာသိရမယ်။ သူများနိုင်ငံတွေမှာ လေယာဉ်ပျက်ကျတာ ဘာအစိတ်အပိုင်းမှ ရှာမတွေ့ဘူးလေ။ ဒါကိုကျွန်တော်တို့ အနေနဲ့ကြိုးစားပြီး ရှာဖွေခဲ့ပါတယ်။ ဒီအပေါ်မှာ လုပ်ဖော် ကိုင်ဖက်တစ်ဦး၊ ရဲဘော်ရဲဘက်တစ်ဦး ကျဆုံးသွားတဲ့အတွက်အရမ်းကိုဝမ်းနည်းရပါတယ်။ ကျွန်တော့်ရဲ့ကျန်းမာရေးအခြေအနေကတော့ အခုအခါမှာအားလုံးကောင်းနေပါပြီဟုပြောသည်။


ဗိုလ်ကြီးရာဇာဝင်း(ဌာနချုပ်ဆေးမှူး၊ မောရ၀တီရေတပ်စခန်းဌာနချုပ်)
ရေငုပ်သမားနှစ်ဦးက ဖြစ်စဉ်ဖြစ်တဲ့ ဇွန် ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ ပေ ၁၂၀ ကျော်လောက်ရေငုပ်ပါတယ်။ ရေအောက်ကြမ်းပြင်မှာ အလုပ်လုပ်ချိန်က နာရီဝက်လောက်ကြာပါတယ်။ ရေငုပ်ခြင်းကနေပြန်တက်လာတဲ့အခါ ပုံမှန်အားဖြင့်လိုအပ်တဲ့ ရေအနက်ပေ တစ်နေရာမှာနားရပါမယ်။ ပြီးမှ အပေါ်ကို တဖြည်းဖြည်းချင်းတက်ရပါမယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကရပ်နားခြင်းမရှိဘဲ ပြန်တက်လာပါတယ်။ ပြန်တက်လာလာချင်း မိနစ်ပိုင်းအတွင်းမှာပဲ သတိလစ်မေ့မြောသွားပါတယ်။ အဲ့လို ရုတ်တရက်မေ့မြောသွားတာကြောင့် ရေငုပ်အဖွဲ့ခေါင်းဆောင်နဲ့ ဒေသခံရေငုပ်သမားတွေက ရေအောက် အနက် ပေ ၆၀ သို့ပြန်ချပြီး ဖိအားလျှော့ချခြင်းများလုပ်ဆောင်ပြီး သတိရအောင်ဆောင်ရွက်ပါတယ်။ ရေပေါ်သို့ ပြန်ပေါ်လာချိန်မှာလူနာနှစ်ဦးအနက်မှ ကိုသန့်ဇင်ဦးက သတိပြန်ရလာပြီး ကိုစောနောင်ကတော့ သတိပြန်ရလာခြင်းမရှိပါဘူး။ ဒါကြောင့်ကိုစောနောင်ကို နောက်ထပ်တစ်ကြိမ်ရေအောက်သို့ ပြန်လည်ခေါ်ဆောင်ပြီးဖိအားလျှော့ချခြင်းများ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုစောနောင် ကပြန်လည်သတိရလာခြင်းမရှိတဲ့အတွက်နီးစပ်ရာဆေးမှူးဆရာဝန်တွေကို အကူအညီတောင်းပြီး ဆေးကုသမှုခံယူပါတယ်။ အဲဒီအချိန်မှာ တာဝန်ကျဆရာဝန်တစ်ဦးရောက်လာပြီး လူနာကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ပါတယ်။ စမ်းသပ်စစ်ဆေးချက်များအရဆေးရုံပို့ဖို့လိုအပ်လာတဲ့အတွက် လူနာနှစ်ဦးစလုံးကို ညောပြင်ဆိပ်ကမ်းမှတစ်ဆင့် ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံ ခုတင်-၁၀၀ ကိုပို့ဆောင်ပေးပါတယ်။ ဆေးရုံကလိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုနဲ့ ကုသမှုတွေပြုလုပ်ပြီးတဲ့နောက်မှာ မင်္ဂလာဒုံဆေးရုံကြီး ခုတင်-၁၀၀၀ ကို ဇွန် ၁၈ ရက် နံနက် ၉ နာရီ ၃၅ မိနစ်မှာရောက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ မော်တော်ယာဉ်နဲ့ သယ်ဆောင်ရတဲ့အကြောင်းရင်းက ရေငုပ်ခြင်းကြောင့် ရောဂါဖြစ်တဲ့ အတွက် လေယာဉ်နဲ့ သယ်ဆောင်လို့မရပါဘူး။ လေယာဉ်နဲ့သယ်မယ်ဆိုရင် လေဖိအားလျော့တဲ့အပြင် တစ်နေရာကနေတစ်နေရာ သယ်ဆောင်မယ်ဆိုရင်လူနာတွေအတွက် အန္တရာယ်ပိုရှိပါတယ်။အဲဒါကြောင့် မော်တော်ယာဉ်နဲ့သယ်ဆောင်ခြင်းဖြစ်ပါတယ်။ မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီးကိုရောက်ရှိတဲ့အခါမှာ ကိုစောနောင်နဲ့ကိုသန့်ဇင်ဦးတို့နှစ်ဦးစလုံးကို လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ကုသမှုတွေပေးဖို့အတွက် ပြင်ဆင်ပါတယ်။ စီစဉ်ပေးတဲ့အခါ ကိုသန့်ဇင်ဦးကို လေဖိအားသုံးအိမ် Hyperbaric Chamber နဲ့ကုသနိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့် ကုသပေးဖို့စီစဉ်ပါတယ်။ ကိုသန့်ဇင်ဦးကို ဇွန် ၁၉ ရက်မှာတစ်ကြိမ်၊ ၂၀ ရက်မှာတစ်ကြိမ်၊ ၂၁ ရက်မှာတစ်ကြိမ် စုစုပေါင်းသုံးကြိမ် လေဖိအားသုံး Chamber နဲ့ကုသပေးပါတယ်။ ကိုသန့်ဇင်ဦးခံစားနေရတဲ့ရောဂါလက္ခဏာတွေက ပျောက်ကင်းသွားပါတယ်။ သတိလစ်မေ့မြောနေတဲ့ ကိုစောနောင်ကိုတော့ ကျွန်တော်တို့လေဖိအားသုံးအိမ် Chamber နဲ့ ကုသဖို့စဉ်းစားပါတယ်။ ဒါပေမဲ့ကိုစောနောင်က သတိလည်လာခြင်းမရှိပါဘူး။ နောက်ပြီး သူ့ရဲ့အသက်ရှူမှုအနေအထားနဲ့ အဆုတ်အနေအထားအရ အသက်ရှူအားကူစက်တင်ပြီးမှ အသက်ရှူ ရတာအဆင်ပြေမှာဖြစ်တဲ့အတွက် အသက်ရှူအားကူစက်တင်ထားလိုက်ရပါတယ်။ လေဖိအားသုံးအိမ်နဲ့ ကုသဖို့ အခွင့်အရေးမရခဲ့ပါဘူး။ ဒါပေမဲ့ ကုသခွင့်ရဖို့အတွက် အချိန်တစ်ခုပေးဖို့ကြိုးစားနေဆဲမှာပဲ ကိုစောနောင်ဆုံးပါးသွားခဲ့ပါတယ်။ ဆုံးပါးသွားတဲ့ ကိုစောနောင်ဈာပနကိစ္စများအတွက် သူ့မိသားစုဝင် တွေနဲ့တွေ့ဆုံတယ်။ ရပ်မိရပ်ဖတွေ့နဲ့လည်းတွေ့ဆုံပြီး သူ့ရဲ့ရက်လည်အတွက်ရော၊ ဈာပနအတွက်ရော အစမှအဆုံးအထိတပ်မတော်မှအကုန်လုံးတာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ ကိုစောနောင်ရဲ့မိသားစုဝင်၊ ဇနီး၊ မိခင်၊ ညီအစ်ကိုမောင်နှမတွေအားလုံးကို မေးမြန်းပြီးတော့ကျေနပ်မှုရှိသည်အထိ ဆောင်ရွက်ပေး ထားပါတယ်။ ဆက်လက်ပြီးတော့လည်း လိုအပ်တဲ့ထောက်ပံ့မှုတွေပေးဖို့ရှိပါတယ်။ ကိုစောနောင်ရဲ့ ဈာပနအတွက် မင်္ဂလာဒုံစစ်သင်္ချိုင်းမှာပဲ သဂြုင်္ိဟ်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုစောနောင်က အရပ်သားဖြစ်နေပေမယ့် တပ်မတော်အတွက်ကူညီလုပ်ကိုင်ပေးတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ သတ်မှတ်ပြီးတော့ စစ်သင်္ချိုင်းမှာသဂြုင်္ိဟ်ရခြင်းဖြစ်ပါတယ်။ အခမ်းအနားကတော့ အရပ်သားလိုပဲလုပ်မှာပါ။ ကိုသန့်ဇင်ဦးကတော့ ရောဂါလက္ခဏာတွေခံစားရခြင်းမရှိတော့ဘဲ ရာခိုင်နှုန်းပြည့်ပျောက်ကင်း သွားပြီဖြစ်တဲ့အတွက် မကြာခင်ရက်ပိုင်းအတွင်း ဆေးရုံကဆင်းပေးဖို့ရှိပါတယ်။ သူ့ကိုလည်းလိုအပ်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့တပ်မတော်အပေါ်ကူညီပေးတဲ့သူတစ်ယောက် အခုလိုဆုံးပါးသွားတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ကြိုးစားကုသပေးခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် မမျှော်လင့်ဘဲဆုံးပါးသွားခဲ့ရတဲ့အတွက် များစွာဝမ်းနည်းမိပါတယ်။


ဒုတိယဗိုလ်မှူးကြီးဇော်ဦး [စစ်ဦးစီးမှူး(ပထမတန်း) စစ်ဆင်ရေးနှင့်လေ့ကျင့်ရေးတာဝန်၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်]
ရေငုပ်သမားတစ်ယောက်အနေနဲ့ ရေအနက် ၃၃ ပေ ရောက်တိုင်းမှာ သူ့အပေါ်ကို အမောစဖီးယား၊ One Bar ၊ လေဖိအားသက်ရောက်မှုရှိပါတယ်။ ရေအနက် ၃၃ ပေနောက်ထပ် ထပ်ဆင်းတိုင်းကို One Bar One Bar စီပိုပြီး သက်ရောက်တာဖြစ်ပါတယ်။ ရေငုပ်သမားဟာ အကြမ်းဖျင်းအနေနဲ့ ရေအောက်မှာအလုပ်ချိန် ပေ ၆၀ မှာ ၃ အမောစဖီးယား၊ three Bar သက်ရောက်နေမှာဖြစ်ပါတယ်။ လေဖိအားသက်ရောက် နေတာနဲ့အမျှ နိုက်ထရိုဂျင်ပူဖောင်းလေးတွေဟာ ခန္ဓာကိုယ်ထဲကို ပျော်ဝင်သွားတာရှိပါတယ်။ ဒီပူဖောင်းလေးတွေဟာ လေထုဖိအားများချိန်မှာ သေးသေးလေးဖြစ်နေပြီးရေပေါ်ပြန်တက်လာတဲ့အခါမှာ လေပူဖောင်းလေးတွေဟာ ကြီးသွားပါတယ်။ သွေးကြောထဲမှာ လေပူဖောင်းတွေပိတ်ဆို့ရင် သွေးကြော ပိတ်ရောဂါကိုဖြစ်စေပါတယ်။ ရေငုပ်သမားတွေဟာ ရေအနက်သတ်မှတ်တဲ့ အတိုင်းအတာအထိငုပ်ပြီဆိုရင် ရေပေါ်ပြန်တက်တဲ့အခါမှာ သတ်မှတ်ရေအနက်အတိုင်း နားနားပြီးတက်ရပါတယ်။ ဒီလိုမှမလုပ်ဘဲ တက်လာရင်သွေးကြောထဲမှာ ရေပူဖောင်းတွေပိတ်ပြီးရေငုပ်ရောဂါဖြစ်တတ်ပါတယ်။ ရောဂါဖြစ်တဲ့ ရေငုပ်သမားကို Hyperbaric Chamber လို့ခေါ်တဲ့ကိရိယာတပ်ရေငုပ်တဲ့ အနက်မှာရှိနေတဲ့ ဖိအားအတိုင်းဒီအထဲမှ လေဖိအားကိုပေးပါတယ်။ ပြီးရင်သူဖြစ်နေတဲ့ လေပူဖောင်းတွေက သေးသွားမယ်။ ပြီးရင် သွေးကြောထဲပျော်ဝင်သွားမယ်။ အဲဒီလိုမျိုးအတိုင်း ရေအောက်မှာဖြစ်နေတဲ့ရောဂါအတွက်ကို ကူပေးတဲ့ ပစ္စည်းကိရိယာပါ။ ရေငုပ်သမားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုရှိပါတယ်။ တစ်ယောက်ကတော့ သတိ လစ်မေ့မြောနေပြီး သူ့လို ICU ထဲမှာကုသတယ်။ အသက်ရှူကိရိယာနဲ့ကုသတဲ့အနေအထားရှိပါတယ်။ အသက်ရှူကိရိယာနဲ့ကုတဲ့အခြေအနေမှာ Hyperbaric Chamber နဲ့ ကုဖို့အခက်အခဲရှိပါတယ်။ ဒီစက်နဲ့ကုလို့မရဘူး။ ကျန်တစ်ယောက်က ရေငုပ်ရောဂါဖြစ်လို့သူက သတိကောင်းတဲ့အတွက် သူ့ကို Hyperbaric Chamber ထဲမှာထည့်ပြီးကုသပေးခဲ့ပါတယ်။ ကိုသန့်ဇင်ဦးကို ဇွန်လ(၁၉၊ ၂၀၊ ၂၁)ရက်တို့တွင် တစ်ရက်ကို ၂ နာရီခန့် Chamber ထဲမှာထည့်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ရေငုပ်လုပ်ငန်းကြောင့်ဖြစ်ပေါ် တဲ့သွေးကြောထဲမှာဝင်နေတဲ့ ပူဖောင်းလေးတွေကို သေးအောင်ပြန်လုပ် ပေးတယ်။ ပြီးတော့သွေးကြောထဲမှစီးဝင်ပြီး ပျောက်သွားတဲ့အထိဖြစ်အောင် ဒီ Chamber ထဲမှာကုသပေးပါ တယ်။ အဲဒီအတွက် ကိုသန့်ဇင်ဦးဟာ ဒီမရောက်ခင်လက်တွေ၊ ခန္ဓာကိုယ်တွေနာကျင်ကိုက်ခဲတာရှိတယ်။ ဒီပူဖောင်းလေးတွေဟာလှုပ်ရှားလို့တောင်မဖြစ်နိုင်တဲ့သဘောရှိပါတယ်။ ဒီသုံးရက်မှာပျမ်းမျှ ၂ နာရီနဲ့ ကုသပေးတဲ့အတွက် လုံးဝသက်သာပျောက်ကင်းသွားတဲ့အနေအထားရှိပါတယ်။ ကိုစောနောင်ကတော့ ရေငုပ်ရောဂါဖြစ်ပြီးရှေးဦးသူနာပြုစုနည်းလုပ်တဲ့အချိန်ကတည်းက သတိမေ့နေတယ်။ ဒါကိုကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေက သတိလစ်နေသူကို Chamber ထဲမထည့်ဖို့အကြံပြုတယ်။

ရေငုပ်ခြင်းကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်အတွင်းရုတ်တရက်ဖိအားလျော့ပြီး သွေးကြောများပိတ်ဆို့ခြင်းနဲ့ ဦးနှောက်သွေးကြောပိတ်ဆို့ပြီး သွေးပြတ်လပ်ခြင်းတို့ကြောင့် မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှာ ကွယ်လွန်သွားပါတယ်။
ရေငုပ်ရောဂါဖြစ်ရင် လေယာဉ်နဲ့သယ်လို့မရပါဘူး၊ ကားနဲ့သယ်ရပါတယ်။ ထားဝယ်ကနေကားနဲ့ သယ်ခဲ့ပါတယ်။ လေယာဉ်နဲ့သယ်ရင် လူနာလေဖိအားပိုလျော့သွားပြီး သွေးကြောထဲမှာရှိတဲ့ ပူဖောင်းလေး တွေက ပေါက်ကွဲထွက်နိုင်တဲ့အတွက် လူနာကိုလေယာဉ်နဲ့ သယ်ဆောင်ခြင်းမပြုပါဘူး။ တစ်ချိန်တည်းမှာ ရေငုပ်တပ်က Hyperbaric Chamber ကို တစ်ခါတည်းယူဆောင်ပြီး အသင့်ကုသနိုင်အောင် ထားရှိပြီးကုသပေးခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။



တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ဆယ်ယူရေးတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော ရေငုပ်သမားတစ်ဦး ကွယ်လွန်

နေပြည်တော် ၊ ဇွန် ၂၃
တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ဆယ်ယူရေးတွင် တပ်မတော်နှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ဒလမြို့နယ်၊ အဏ္ဏ၀ါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမား ဦးစောနောင်နှင့် ဦးသန့်ဇင်ဦးတို့ ၂ ဦးသည် ပင်လယ်ရေအောက် ၁၂၀ ပေခန့်၌ Y-8 လေယာဉ်၏အမြီးပိုင်းတွင်ငြိနေသော ငါးဖမ်းပိုက် ဖြတ်တောက်ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်စဉ် ရေနာရောဂါရရှိခဲ့သဖြင့် ကနဦးကုသပြုစုခြင်းများ ဆောင်ရွက်၍ ဆေးမှူး အရာရှိတစ်ဦးလိုက်ပါလျက် ရန်ကုန်မြို့သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ရာ ဇွန် ၁၈ ရက် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီးသို့ရောက်ရှိ၍ ဆေးကုသမှုခံယူခဲ့သည်။
အဆိုပါရေငုပ်သမား ၂ ဦးအား ကုသမှုများဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်(ရေ)မှ Hyperbaric Chamber (လေဖိအားသုံးကုသသည့် ပစ္စည်း)အား မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးသို့ ပို့ဆောင်တပ်ဆင်ပေးခဲ့ပြီး တပ်မတော်ဆေးရုံမှ ကျွမ်းကျင်ပါရဂူများဖြင့် အထူးကြပ်မတ်ကုသပေးခဲ့သဖြင့် ဦးသန့်ဇင်ဦးမှာ ရောဂါသက်သာ ပျောက်ကင်းခဲ့သော်လည်း ဦးစောနောင်(၄၅)နှစ်၏ ရောဂါအခြေအနေမှာ ကောင်းမွန်လာခြင်းမရှိဘဲ ရေငုပ်ခြင်းကြောင့်ဖြစ်သော ခန္ဓာကိုယ်အတွင်း ရုတ်တရက်ဖိအားလျော့ပြီး သွေးကြောများပိတ်ဆို့ခြင်းကြောင့် ဇွန် ၂၂ ရက် ည ၉ နာရီခွဲတွင် ကွယ်လွန်ခဲ့သဖြင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ၀မ်းနည်းပါကြောင်းနှင့် ၎င်းမိသားစုများ၏ လိုအပ်ချက်များကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ကွယ်လွန်သူရေငုပ်သမား ဦးစောနောင်၏ ကျန်ရစ်သူမိသားစုများအား သွားရောက် တွေ့ဆုံအားပေး


နေပြည်တော်၊ ဇွန် ၂၃
တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်၏ အစိတ်အပိုင်းများအား ဆယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အဏ္ဏ၀ါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမားဦးစောနောင်နှင့် ဦးသန့်ဇင်ဦးတို့သည် ဇွန် ၁၈ ရက်မှစ၍ မင်္ဂလာဒုံမြို့၊ တပ်မတော်ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူနေစဉ် အဆိုပါ ၂ ဦးအနက် ဦးစောနောင်သည် ဇွန် ၂၂ ရက် ည ၉ နာရီခွဲတွင် ကွယ်လွန်သွားခဲ့သဖြင့် ကျန်ရစ်သူမိသားစုများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံနှင့် တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် တပ်မတော်ဆေးရုံကြီးရုံးခန်းမ၌ သွားရောက်တွေ့ဆုံအားပေး စကားပြောကြားသည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ကွယ်လွန်သူ ဦးစောနောင်၏ ကျန်ရစ်သူမိသားစုများအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ငွေကျပ် ၁၀ သိန်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများကလှူဒါန်းသည့် ငွေကျပ် ၁၀ သိန်း၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများကလှူဒါန်းသည့် ငွေကျပ် ၁၀ သိန်း စုစုပေါင်း ငွေကျပ် သိန်း ၃၀ တို့အား အသီးသီးပေးအပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီး၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် ဦးသန့်ဇင်ဦး၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Source ; တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး Page

Tuesday, March 7, 2017

Myanmar Idol နဲ. ရဲနောင် ( ၃ )

အဓိက ပြသာနာမှာ ရဲနောင် ကို အားပေးကြသော ပရိသတ် ( ထိုအထဲတွင် ရဲနောင်စိတ်ဓါတ်ကို ကြိုက်၍ ၊ ရဲနောင်ဘ၀ကို သနား၍ ၊ ရဲနောင် အရည်အချင်းကိုသဘောကျ၍ ၊ ရဲနောင် ၏ ဇာတိမြေ နှင့် ဆက်နွယ်၍ စသည်ဖြင့် ) အကြောင်းအမျိုးမျိုးဖြင့် အားပေးကြ ထိုပရိသတ်နှင့်
အဆိုကောင်းဖို.သာလိုသည် ကျန်တာဘာမှကြည့်ရန်မလို ထို.ကြောင့် အဆိုအတော်ဆုံးလူကိုသာ Vote ပေးရမည်ဟူသောအဖွဲ.
ရဲ.နောင်ကို အားကြိုးမာန်တက် အားပေးနေကြသည်ကို မနှစ်လိုကြသောအဖွဲ.
ထို ၃ဖွဲ.တွင် ပထမ အဖွဲ.က တစ်ဘက် ၊ ဒုတိယ နှင့် တတိယအဖွဲ.က ပေါင်းလျှက် တစ်ဘက် ဖြစ်သွားကာ ထိုဖိအားသည် သက်ဆိုင်သူအသီးသီး အပေါ် သက်ရောက်သွားရာက Myanmar Idol သည် ပို၍ သက်ဝင် ဆူညံ လာခဲ့ခြင်းဖြစ်သည် ။

အောက်တွင် အယူအဆ အသီးသီး ရှိသော ပရိသတ်တို.၏ Myanmar Idol Page တွင်ရေးထားသော Comment များအနက် အချို.အား ကူးယူဖော်ပြထားပါသည် ။


Monday, March 6, 2017

Myanmar Idol နဲ. ရဲနောင် ( ၂ )




ရဲနောင်နဲ.ပတ်သက်လို. ပညာလောကသား ( အထူးသဖြင့် ဂိတလောကသား )အချို.ရဲ. အမြင်တွေကိုလည်းဖော်ပြလိုက်ပါတယ်

ဒါကတော. မြန်မာသံအဆိုတော် ဗညားဟန်က ရဲနောင်ထွက်လိုက်ရပြီးတဲ့အချိန်မှာ သူ. Facebook ပေါ်မှာရေးသားထားတာလေးတွေပါ



ရဲနောင် 
မင်းက လူငယ်လေးပေမယ့်
မင်းစိတ်ဓာတ်ကလေး လေးစားလိုက်တာကွာ ...
မင်း ဒီည နှုတ်ဆက်စကားပြောသွားလိုက်တာ ငါတို့တောင် အတုယူရမယ်ကွ ...
ဒီလို ခံနိုင်ရည်မျိုး လူတိုင်းမှာ မရှိဘူးနော်
ငါပြောရဲတယ် ငါဆို မခံနိုင်လောက်ဖူး ၀န်ခံတယ် ဘယ်သူမဆို မနိုင်မှ ရှုံးရော ဘယ်ရှုံးချင်ပါ့မလဲ ဒါပြိုင်နေတာလေ နိုင်ကို နိုင်ချင်နေရမယ် နိုင်ဖို့အတွက်ပြိုင်ရမယ် သူများကိုလည်း ပြိုင်ရမယ် ကိုယ့်ကိုယ်ကိုလည်း ပြိုင်ရမယ်( ရိုးသားစွာ ) ...
မင်းက အခုတော့ကွာ နိုင်လို့ ပြုံးတာမဟုတ်ပဲ ရှုံးလို့ ပြုံးသတဲ့ မင်းတကယ်ပြုံးနေတာ မင်းကဘယ်သူ့မှ မနာလိုတဲ့ အပြုံးနဲ့ ပြုံးနေတာမဟုတ်ဖူး ဖြူစင်ပီးတော့ကို ပြုံးပြနေတာ တစ်နိုင်ငံလုံးသိတယ် အဲဒါ ငါ့ညီရေ မင်းရဲ့သိက္ခာပါကွာ ...
မင်းလိုမျိုး လူငယ်တွေ ဖြစ်စေချင်လိုက်တာ မင်းကို အတုယူစေချင်လိုက်တာကွာ ( ဒါ အကိုအနေနဲ့ သုံးသပ်ပြခြင်းသက်သက်ပါ) 
ဘယ်သူဘာပြောပြော ငါမင်းကို လေးစားတယ် ညီလေး ...
မင်းဟာ တကယ်တော့ ပြည်သူ့အချစ်တော် ဖြစ်သွားပါဘီကွ
မင်းသီချင်းဆိုပြနေတုန်းကထက် ဒီည မင်းရဲ့ အပြုအမူဟာ မင်းကို ချစ်ဖို့ အဆတွေ ပိုကုန်ကြမယ်လို့ ငါပြောရဲတယ်ညီလေးရေ ...
အကိုကတော့ မှာနေကျ စကားပဲ မှာရအုံးမယ် မင်း ရပ်မနေနဲ့နော် ဆက်ရွေ့ဖို့ ကြိုးစားပါ မင်းမှာ ပရိသတ်တွေရှိနေဘီ
ဘာဖြစ်လဲ ငါ့ညီ မင်း သီချင်းတိုင်း ကောင်းအောင် ဆိုနိုင်ဖို့မှ မလိုတာ မင်းပိုင်တာ မင်းဆိုပေါ့ မင်းမှာ အစွမ်းအစ ရှိပါတယ် ရှိလို့ ဒီနေရာထိ ရောက်တာပေါ့ကွ
ဒါကတော့ ပြိုင်ပွဲလေ ကိုယ်မပိုင်တာတွေလည်း ဆိုပြရင် ဆိုပြရတဲ့ နေရာဆိုတော့ ကိုယ်မပိုင်တဲ့ လိုင်းဆိုရင် အားနည်းမှာပဲလေ ငါတို့လည်း ကိုယ်နဲ့ မလိုက်တဲ့ Rock ကို ကောင်းအောင် မဆိုနိုင်ဘူး ကိုယ့်ကို ဘုရားပေးလိုက်တဲ့ အသံက Rock သံမှ မဟုတ်တာ အဲဒီတော့ မဆိုဘူးလေ ကိုယ်ပိုင်တာ ကိုယ်ဆိုမှာပေါ့ကွ
သီချင်းဆိုတာ ဘာကမှ ကောင်းတယ် ညာကမှ ကောင်းတယ်လို့ မရှိပါဘူး ပရိသတ်ရင်ကို မှန်အောင် ထိအောင် ဆိုပြနိုင်ရင် သီချင်းကောင်းတစ်ပုဒ် ဖြစ်တာပါဘဲကွ ဒါကြောင့် ဂီတဆိုတာ ပုံစံမျိုးစုံ ပေါ်ပေါက်လာရတာပဲလေ ငါ့ညီ
စိတ်ဓာတ်မကျနဲ့ စိတ်မယိုင်စေနဲ့ မင်းလမ်းကို မင်း ရောက်အောင်လျှောက် မင်းမှာပရိသတ်တွေ များမှများပါကွာ မင်းမယုံရင် ခုနေ စီးရီးထွက်ကြည့်ပါလား(မင်းပိုင်တဲ့လိုင်း မင်းချပြချင်တဲ့ ဂီတပုံစံနဲ့) ၀က်ဝက်တောင် ကွဲသွားအုံးမယ် ငါ့ညီ ...
အနုပညာဆိုတာ ဝေဖန်ရခက်ခဲတဲ့အရာတခုပါ တော်တိုင်း ကောင်းတိုင်း ပရိသတ် ရကြတာ မဟုတ်ဖူးကွ
(တော်တိုင်းမကျော်သလို ကျော်တိုင်းလည်း မတော်နိုင်ဘူး )
ပရိသတ်ရဖို့ဆိုတာ ခုဘ၀ ကြိုးစားအားထုတ်မှုတွေလိုသလို သံသရာအဆက်ဆက်က ကုသိုလ်ပါရမီပါ ( လူအများပြောကြတဲ့ စန်း ဆိုတာပေါ့ ) လိုတယ်ငါ့ညီ ...
မင်းမှာ အဲဒီ စန်း ရှိတယ် မင်းမှာ ပရိသတ် မေတ္တာတွေ ရထားတယ် အဲဒါ မင်းအနုပညာလမ်းကြောင်းအတွက် ပန်းမွှေ့ယာလေးတွေပဲငါ့ညီ မင်းသာအရွေးမမှားမိစေနဲ့ အလျှောက် မမှားမိစေနဲ့ ဒါဆိုမင်း ဘာလို့ နိုင်ငံကျော် အဆိုတော် မဖြစ်ရမှာလဲ Fighting ညီလေး ...
မင်းဝင်လာမယ့် အနုပညာ တံခါးဝကနေ
အကို တို့ ကြိုနေကြမှာပါကွာ ...
မင်းစိတ်ဓာတ်ကို လေးစားတဲ့
ဗညားဟန်

 ဒါလေးကတော. ပွဲပြီးပြီးချင်းရေးတင်လိုက်တဲ့ Status ပါ
ရဲနောင်
မင်းရဲ့ နှုတ်ဆက်စကားက
တန်ဖိုး ရှိလိုက်တာကွာ
ငါမင်းကို လောကထဲက မျှော်လင့်နေပါအုံးမယ် ...
ပွဲရှိနေလို့ အချိန် မပေးနိုင်လို့ နောက်နေ့မှ မင်းအတွက် သီးသန့် ဂုဏ်ပြု ချီးမြှင့် အုံးမယ်ကွာ ...
ငါ့ညီ အောင်မြင်ပါစေ
ဗညားဟန်

 အဲ့ဒီလိုပဲအဆိုတော် လီလီနိုင်ကျော်ကလည်း သူ. Facebook မှာ ခုလိုရေးသားထားခဲ့ပါတယ်
လီလီနိုင်ကျော်အနေနဲ.ပြိုင်ပွဲစဉ်တစ်လျှောက်မှာလည်း ရဲနောင်ကိုသာ အစဉ်တစိုက်အားပေးလာခဲ့တာတွေ.ရပါတယ်


သို့.....
ရဲနောင်
အနုပညာလောက ဆိုတာ တကယ်ကြမ်းတယ်ကွ..မှတ်ထား,
မင်းမှာ တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်လို့ လက်ခံတဲ့အတွက်အားပေးပါတယ်..
အခုချိန်မှာ မင်း Stressတွေအရမ်းများနေပီ ..
တခုတော့မှတ်သွားပေါ့....
လူတစ်ယောက်မှာ ကိုယ့်ရဲ့ Stress ကို ကိုယ်က
Controမလုပ်နိုင်ရင် မအောင်မြင်ခင်က ကျဆုံး မှာ ဓမ္မတာ ဘဲမို့...
မင်းရဲ့ ကံတရားကို မင်းဟာမင်း ဖန်တီးပစ်နေပီ...
တခါလာလဲ ကျနော်က အရည်အချင်း မရှိပါဘူး တို့
တခါလာလဲ ကျနော်က ပရိသတ် အားပေးသလောက်
ဘာမှပြန်လုပ်မပေးနိုင်ပါဘူးတို့....
ပြီးတော့ တစ်ယောက်ထွက်သွားတိုင်း မလုံမလဲ စိတ်နဲ့
တငိုငို ဖြစ်နေတာကို ဒို့ကတော့ စိတ်တိုတယ်...
လူတွေရဲ့အားပေးမှု့ကို စော်ကားနေသလိုဘဲ
ပြိုင်ပွဲ ဆိုတာ ပွဲမပြီးခင်အထိ အောင်ပွဲသရဖူဟာ ...
လူတိုင်းနဲ့ဆိုင်တယ်...
မျှော်မှန်းနိုင်ခွင့်ရှိတယ်....ပြိုင်ပွဲမပြီးမခြင်း
သရဖူဟာ ငါ့အတွက်ဘဲဖြစ်ရမယ် ဆိုတဲ့စိတ် ထားကိုထားရမှာ
အခုတော့ မင်းက စစ်မရောက်ခင်မြှားကုန်ပြနေတာ
စိတ်အပေါက်ဆုံးဘဲ...
ဒို့ကတော့ ဒို့ယုံကြည်ရာကို ဒို့လုပ်မယ်...


ဒါ့ကြောင့်နောက်ဆုံးအချနိထိ Vote တယ်ဟေ့

ဆက်စပ်ဖတ်ရှု ရန်

Myanmar Idol နဲ. ရဲနောင် ( ၁ )

Myanmar Idol နဲ. ရဲနောင် ( ၁ )



Myanmar Idol Season 2 ကတော. ဒိုင်အဖြစ် တာဝန်ယူနေတဲ့ မြန်မာပြည်သိန်းတန် နဲ. ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ ရဲ.နောင်တို.ကြောင့် အတော်လေး လှုပ်လှုပ် ခတ်ခတ် ဖြစ်ခဲ့ရတယ်ဆိုရင်တော. ငြင်းမယ့်သူမရှိလောက်ပါဘူးဒါ့ကြောင့် ရဲနောင်နဲ.ပတ်သက်တဲ့ အနုပညာရှင်အချို.ရဲ.အမြင် ၊ ရဲနောင့်ဇာတိ မအူပင်သားတို.ရဲ. အတွေး ၊ ပရိသတ်တို.ရဲ. စိတ်ခံစားမှု ၊ ရဲနောင်ရဲ. အပြန်ခရီးစဉ်နဲ. မီဒီယာအချို.မှာရေးသားဖော်ပြထားမှုတွေကိုစုဆောင်းတင်ပြပါမယ် ။

ပထမဆုံးအနေနဲ. The Voice မှာရေးသားဖော်ပြထားတဲ့ ဆောင်းပါးရှင် ဆုအိနြေ္ဒဦး ရဲ. မြေဇာပင်အိုင်ဒေါ ( မူရင်း Link ; http://thevoicemyanmar.com/popular-posts/6662-mzp ဆိုတာလေးကိုအရင်ဆုံးဖော်ပြပေးပါမယ်



တစ်ဦးက ဂီတလောကတွင် နှစ်ပေါင်းများစွာမှသည် ယခုအချိန်တိုင် နာမည်ကျော်ကြား လူသိများလှသော ဂီတအနုပညာရှင် မြန်မာပြည်သိန်းတန်။
နောက်တစ်ဦးကမူ ယခုမှ ဂီတလျှောက်လမ်းပေါ် လှမ်းတက်ရန် ကြိုးစားနေဆဲ အဆိုဝါသနာရှင် ရဲနောင်။
သို့သော် သူသည်လည်း ခေသူမဟုတ်။
ကိုယ်တိုင်ရေးစပ်ထားသော ကိုယ်ပိုင်သံစဉ်သီချင်းဖြင့် အွန်လိုင်းတွင် လူသိများလာပြီး မြန်မာအိုင်ဒေါ၏ နောက်ဆုံးဆန်ခါတင် ဆယ်ဦးစာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်ဒီပြိုင်ပွဲက သူ့အတွက် နောက်ဆုံးပြိုင်ပွဲပဲ” ဟု ရဲနောင်၏ မိခင် ဒေါ်ချိုချိုမြင့်က ဆိုသည်။
မြန်မာစာ တက္ကသိုလ် နောက်ဆုံးနှစ် စာမေးပွဲ ဖြေဆိုထားသော သားဖြစ်သူ၏ ပညာရေးကို အဟန့်အတား၊ အနှောင့်အယှက်ဖြစ်မည် စိုးသောကြောင့် ရဲနောင်၏ ဝါသနာကို ဒေါ်ချိုချိုမြင့်က လှိုက်လှိုက်လှဲလှဲ မရှိလှ။ ဂီတကို ရဲနောင် စတင်စိတ်ဝင်စားခဲ့သည်က ရှစ်တန်းအရွယ်လောက်က ဖြစ်ပြီး ဆယ်တန်းတွင် အစ်ကိုကြီး ဖြစ်သူထံတွင် ဂစ်တာတီးသင်ပြီး နောက်ပိုင်း သီချင်းရေးလိုက်၊ ဂီတာတီးလိုက်၊ သီချင်းဆိုလိုက်ဖြင့် တစ်ယောက်တည်း ကမ္ဘာကြီးတစ်ခုကို ဖန်တီးခဲ့သည်။ သူက အနေအေးတယ်၊ မိသားစုနဲ့ ရောရောထွေးထွေး မနေဘူး။ စိတ်ကူးယဉ်သမား” ဟု ဒေါ်ချိုချိုမြင့်က သားလတ် ရဲနောင်အကြောင်းကို ဖောက်သည်ချသည်။

 ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ယောက် အများတကာနည်းတူ ပေါ်ပင်လုပ်ချင်သည့် အတွက် ဂီတာတီး၊ သီချင်းဆိုနေခြင်း ဖြစ်သည်ဟု ဒေါ်ချိုချိုမြင့်က ထင်ထားသည်။ ထို့ကြောင့်ပင် ရန်ကုန်သို့ ပထမဆုံးအကြိမ် သီချင်းအဆိုပြိုင်ပွဲ ဝင်ပြိုင်မည့် ရဲနောင်၏စိတ်ကို စမ်းသပ်သည့် အနေဖြင့် ငွေတစ်ပြားတစ်ချပ်မှ ထုတ်မပေးဘဲ နေခဲ့သည်။ ရန်ကုန်ကို မရောက်ဖူးတဲ့သူဆိုတော့ သူ စိတ်ပျက်သွားမယ်လို့ ကိုယ်က ထင်တာပေါ့။ သူကလည်း လက်စွမ်းပြတယ်။ ဆိုင်ကယ်ကယ်ရီ ထွက်ဆွဲ။ သူ့ဘာသာ ပိုက်ဆံစုပြီးတော့ သွားပြိုင်တယ်” ဟု  ဒေါ်ချိုချိုမြင့်က ဆိုသည်။ ဆယ်တန်းကျောင်းသား အရွယ်လောက်သာ ရှိသေးသော ရဲနောင်မှာ MRTV မှ ထုတ်လွှင့်သော ကိုယ်တိုင်ရေး၊ ကိုယ်ပိုင်သံစဉ်ဖြင့် သီဆိုယှဉ်ပြိုင်ရသော ရင်ခုန်လက်ကမ်း တေးသင်တန်းပြိုင်ပွဲတွင် တတိယဆု ရခဲ့သည်။ ထို့နောက်ပိုင်းတွင် သီချင်းဆို ပြိုင်ပွဲတိုင်းကို သူ ဝင်ပြိုင်သည်။ အိပ်မက်ဆုံရာပြိုင်ပွဲကို သုံးကြိမ် ဝင်ပြိုင်သော်လည်း သုံးကြိမ်လုံး နောက်ဆုံးဆန်ခါတင်စာရင်း  မရောက်မီပင် ပြုတ်ကျန်ရစ်ခဲ့သည်။ “မြန်မာအိုင်ဒေါကလွဲလို့ ကျန်တာတွေ အကုန်ပြိုင်ဖူးတယ်။ ကျွန်တော်လည်း ပညာမစုံသေးလို့ နေမှာပါ” ဟု ရဲနောင်က  ဆိုသည်။

 လက်ရှိအချိန်တွင် မြန်မာအိုင်ဒေါ ပြိုင်ပွဲ၏ ထိပ်ဆုံးငါးယောက်စာရင်း၌ သူ ပါဝင်နေသည်။ >ထိုငါးယောက်စာရင်းတွင် ရဲနောင် ပါဝင်နေခြင်းကပင် မြန်မာအိုင်ဒေါ အကြောင်းကို လူပြောသူပြော ပိုများနေရခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင်တချို့၏ အသံပိုင်း၊ အဆို ပညာပိုင်းမှာ ရဲနောင်ထက် ပို၍ကောင်းသော်လည်း ပြိုင်ပွဲမှ ထွက်သွားခဲ့ရသည်ကို စိတ်အလိုမကျသည့် ပရိသတ်များစွာ ရှိနေပြီး ပြိုင်ပွဲတစ်ပတ်ပြီးသွားတိုင်း ဝေဖန်မှုများစွာ ပေါ်ထွက်လာလေ့ ရှိသည်။ ပြိုင်ပွဲ၏ နောက်ဆုံးဆန်ခါတင် ဆယ်ဦးမှသည် ယခု ငါးဦးအဆင့် ရောက်လာသည်အထိ ရဲနောင်၏ သီဆိုယှဉ်ပြိုင်မှုမှာ ပြိုင်ဘက်ကင်းနေရာတွင် ရှိမနေသော်လည်း ပရိသတ် မဲရလဒ်တွင် အခြားပြိုင်ပွဲဝင်များကို အပြတ်အသတ် ဖြတ်ထားနိုင်သည်။ တစ်ပတ်လျှင် မတူညီသည့် သီချင်းပုံစံ အမျိုးမျိုးဖြင့် ယှဉ်ပြိုင်လာရာ ယခုဆိုလျှင် ပြိုင်ပွဲငါးပတ် မြောက်ပြီးသွားပြီ ဖြစ်ပြီး ထိုငါးပတ်စလုံးတွင် မဲပေးခံရမှု အနည်းဆုံး သုံးဦးစာရင်းသို့ ရဲနောင် တစ်ခါမျှ မရောက်သေးပေ။

ရဲနောင်ကို အဓိက ဝေဖန်နေကြခြင်းမှာလည်း ထိုအချက်ပင် ဖြစ်သည်။ ရဲနောင်က သီချင်းအားလုံး မဆိုနိုင်တာ အမှန်ပဲ။ သို့ပေမယ့် တက်သစ်စ လူငယ်လေးကို ဝိုင်းပြောနေကြတဲ့ ပရိတ်သတ်ကတော့ လွန်တယ်” ဟု မအူပင်ဒေသခံဖြစ်ပြီး ယခုစင်ကာပူနိုင်ငံတွင် အခြေချ အလုပ်လုပ်ကိုင်နေသူ မမြဝတ်ရည်ဦးက ဆိုသည်။ စုံတွဲသီချင်း သီဆိုယှဉ်ပြိုင်သည့် တစ်ပတ်တွင် ရဲနောင်နှင့် ပိုးမီတို့နှစ်ဦးအနက် ဒိုင်သုံးဦးလုံး၏ ချီးကျူးမှုကို ခံခဲ့ရသော ပိုးမီက ပရိသတ် မဲပေးမှု အနည်းဆုံးဖြင့် ပြိုင်ပွဲမှ ထွက်ခွာရမည့်အ ချိန်တွင် ပရိသတ်များ၏ ဆန္ဒနှင့် ဒိုင်များ၏ သဘောထား မတူညီမှုက ထင်းခနဲ ပေါ်လာသည်။ ပိုးမီ ပြိုင်ပွဲတွင် ဆက်လက်ပါဝင်နိုင်စေရန် ဒိုင်သုံးယောက်လုံးက တစ်သဘောတည်း ဆုံးဖြတ်ကာ တစ်ကြိမ်သာ အသုံးပြုခွင့်ရမည့် Save လုပ်ခြင်းကို ရွေးချယ်လိုက်ကြသည်။ ပညာရပ်ပိုင်းကို သေသေချာချာကြည့်ပြီး လေ့လာပြီးတော့မှ လှတာ၊ မလှတာ၊ ဖြူတာ၊ မည်းတာ ဒါတွေကို ကြည့်မနေပါနဲ့။ အရည်အချင်းအစစ်ကို သေချာကြည့်၊ တရားသဖြင့် ပေးပါလို့ ပြောချင်ပါတယ်”ပရိသတ်များအနေဖြင့် ပြိုင်ပွဲဝင်များကို မဲပေးရွေးချယ်ရာတွင် မြို့အစွဲ၊ ပုဂ္ဂိုလ်အစွဲဖြင့် မဲပေးခြင်းထက် ပင်ကိုအရည်အချင်းကို ကြည့်ပြီး မဲပေးကြရန်လိုကြောင်း မြန်မာပြည်သိန်းတန်က ဆိုခြင်း ဖြစ်သည်။



  မြို့အစွဲ၊ ပုဂ္ဂိုလ်အစွဲဆိုသည့် စကားကို မအူပင်မြို့မှ ရဲနောင်၏ ပရိသတ်များကအမျက်ထွက်ကြခြင်း ဖြစ်သည်။ မြို့အစွဲ၊ ဒေသအစွဲတွေ မရှိရဘူးလို့ ပြောတယ်။ ဒါပေမဲ့ ဥပမာအနေနဲ့ ပြောရရင် မြန်မာနဲ့ ထိုင်းဘောလုံးကန်တာကိုပဲ ကြည့်။ မြန်မာအသင်း မကောင်းပေမယ့် မြန်မာအသင်းကို ဝိုင်းအားပေးကြတာပဲလေ။ အခုလည်း အဲဒီအတိုင်းပဲ ကိုယ့်မြို့ခံမို့လို့ သူ့ကိုပဲ အားပေးဖြစ်တယ်” ဟု မအူပင်မြို့နေ ကိုနေလင်းဇော်က ဆိုသည်။ ဒိုင်ကတော့ ဒိုင်အလုပ်ကို လုပ်ရမှာပါပဲ။ ဦးသိန်းတန်က တကယ်တော်တဲ့သူ ဆုံးရှုံးသွားမှာစိုးတဲ့စိတ်နဲ့ ဝေဖန်တာလို့ ထင်တယ်။ သူရဲနောင်ကို မုန်းလို့မဟုတ်လောက်ပါဘူး။” ဟု မြန်မာအိုင်ဒေါ ပရိသတ်လည်းဖြစ် မိုင်းမိုင်ဆန်းနှင့် ပိုးမီကို Vote ပေးနေသူလည်း ဖြစ်သည့် မမေသက်ဟန်က ပြောဆိုသည်။ >ရဲနောင်ကို အပြင်းအထန် ဝေဖန်နေကြသူများနှင့် ဒိုင်ဖြစ်သူ မြန်မာပြည်သိန်းတန်၏ ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြသည့် မှတ်ချက်များကြောင့် တစ်နိုင်ငံလုံးရှိ ရဲနောင်အားပေးသူ ပရိသတ်များက တစ်ပတ်ထက် တစ်ပတ် ပို၍ မဲကို တိုးပေးလာကြသည်။ ကျွန်တော်က တစ်ပတ်ကို အစောင် ၄၀ လောက်ပေးတယ်။ ကျွန်တော့်မရီးဆိုရင် စောင်ရေ ၁၀၀၀ လောက်ပေးတာ။ အဲ့လိုပေးတဲ့သူတွေ မအူပင်မှာ အများကြီး” ဟု ရဲနောင်၏ အမာခံ ပရိသတ်လည်းဖြစ်သူ ကိုနေလင်းဇော်က ဆိုသည်။ ရဲနောင်ကို အားပေးနေသည်မှာ မအူပင်တစ်မြို့တည်း မဟုတ်၊ ဧရာဝတီတိုင်းဒေသကြီး အပါအဝင် တစ်နိုင်ငံလုံးတွင် ပရိသတ်များစွာ ရှိနေသည်။ အညာဘက်က ပရိသတ်တချို့ဆို ဆိုင်အထိ ရောက်အောင်လာပြီး အားပေးစကား ပြောကြတယ်။ ကိုယ့်ကို ရဲနောင်အမေ ဆိုပြီး လာနှုတ်ဆက်ကြတာပေါ့” ဟု ဒေါ်ချိုချိုမြင့်က ပြောပြသည်။

ရဲနောင်ကို ဝေဖန်အပြစ်ပြောလေ ရဲနောင်ပရိသတ်များက ပိုမိုမဲပေးလေဖြင့် နှစ်ဖက်ပရိသတ်ကြားတွင် ရဲနောင်က မြေဇာပင် ဖြစ်နေသည်။ မြေဇာပင်မှာ တစ်ပင်တည်း မဟုတ်။ သူနှင့်နှီးနွယ်ဆက်စပ်သူများလည်း ထိခိုက်ခံစားကြရသည်။ “သား ငိုနေတာကို မကြည့်ချင်တော့ဘူး။ ရင်ထဲမှာ အရမ်းနာကျင်ရတယ်။ မလိုတဲ့သူတွေရဲ့ တိုက်ခိုက်တဲ့ စကားကို ကြားနေ၊ မြင်နေ၊ ဖတ်နေရတယ်” ဟု ရဲနောင်၏ မိခင်က ပြောပြနေရင်း မျက်ရည်ဝေ့တက်လာသည်။ အသံနှင့် အဆိုပညာပိုင်းကို ပညာရှင်တစ်ယောက်အဖြစ်၊ ဒိုင်လူကြီးတစ်ယောက် အဖြစ် လူမုန်းခံကာ သုံးသပ်ထောက်ပြနေသော မြန်မာပြည်သိန်းတန်မှာလည်း နောက်ထပ် မြေဇာပင် ဖြစ်သည်။ မြန်မာပြည်သိန်းတန်၏ ပွင့်လင်းစွာ ဝေဖန်မှုအပေါ် ထောက်ခံသူများ၊ ရဲနောင်ဘက် ရပ်တည်သူများ၊ Voting စနစ်ကို ဝေဖန်သူများနှင့် မြန်မာအိုင်ဒေါမှာ ပွဲဆူအောင် ဆွဲဆောင်နိုင်ခဲ့သည်ကတော့ အသေအချာ။ အစကတည်းက ဒီ Voting စနစ်ကို လုပ်ထားတဲ့အတွက် မကြိုက်ဘူးလို့ ဝိုင်းပြောနေပေမယ့်လည်း  Vote ပေးနေမှာပဲ။ ပေးနေတဲ့ သူတွေကိုလည်း ဒါအပြစ်လို့ ပြောလို့မရဘူး” ဟု ကိုနေလင်းဇော်က  ဆိုသည်။ မြန်မာအိုင်ဒေါ အဆိုပြိုင်ပွဲတွင် ပရိသတ်တစ်ဦးလျှင် MPT ဖုန်းနံပါတ် တစ်ခုတည်းဖြင့် အကန့်အသတ်မရှိ မဲပေးနိုင်သည်ဆိုသော စည်းကမ်းသတ်မှတ်ချက်ကြောင့် ထိုသို့ ပြဿနာများ တက်နေရခြင်း ဖြစ်ကြောင်း နည်းပညာကုမ္ပဏီ တစ်ခုတွင် လုပ်နေသူ ကိုသန်းဇော်က မှတ်ချက်ပေးသည်။


အခြားသော အဆိုပြိုင်ပွဲအချို့တွင်လည်း ဖုန်းဖြင့် မက်ဆေ့ခ်ျပေးပို့ကာ မဲပေးရသော်လည်း ဖုန်းနံပါတ်တစ်ခုလျှင် မဲတစ်မဲသာ ပေးရမည်ဆိုသည့် စည်းကမ်း သတ်မှတ်ထားသည့်အတွက် လူတစ်ယောက်တည်းက မဲအရေအတွက် ဆယ်ဂဏန်းပေးနိုင်ရန် မလွယ်ကူပေ။ >မဲပေးရွေးချယ်မှုစနစ်အရ ငွေကြေးအားဖြင့် မြေဇာပင် ဖြစ်နေသူမှာ မက်ဆေ့ခ်ျပို့ကာ မဲပေးနေသော ပရိသတ်များဖြစ်သည်။ ကိုယ်မဲပေးလိုက်တဲ့ ပြိုင်ပွဲဝင်က မဲဘယ်လောက်ရသလဲ မသိရဘူး။ တကယ်ဆို ကိုယ့်ပိုက်ဆံအကုန်ခံပြီး မဲတွေအများကြီး ပေးထားတာ၊ မဲအရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာကို ပရိသတ်တွေကို ချပြရမယ်။ သိခွင့်ရှိရမယ်” ဟု ကိုနေလင်းဇော်က ဆိုသည်။ မဲပေးရွေးချယ်ခိုင်းပြီး မဲရလဒ် မကြေညာသည့် မဲပေးစနစ်တွင် ကိုယ်အားပေးသည့် ပြိုင်ပွဲဝင် နောက်တစ်ဆင့်တက်ဖို့ သေချာစေရန် တစ်ပတ်ထက် တစ်ပတ် ပို၍ ပို၍ မဲများများ ပေးနေကြရဦးမည် ဖြစ်သည်။ ရဲနောင်နှင့် မြန်မာပြည်သိန်းတန်သည်လည်း ပရိသတ်များ၏ အပြန်အလှန် ဝေဖန်ပြစ်တင်မှုကို ခံနေရဦးမည် ဖြစ်သည်။ ယခုအချိန်တွင် ပြိုင်ပွဲမှ ထွက်ခွာရသည့်တိုင် သားဖြစ်သူ ရဲနောင်မှာ အနုပညာလမ်းကြောင်းပေါ်တွင် ဆက်လျှောက်လှမ်းနိုင်လိမ့်မည်ဟု ဒေါ်ချိုချိုမြင့်က ယုံကြည်မှု ရှိနှင့်ပြီး ဖြစ်သည်။ ဆု ဆိုတာ ဒီတစ်ခါပဲ ရမယ့်ဟာ။ ပရိသတ်ရသွားပြီ ဆိုရင် တစ်သက်လုံး ဆက်သွားလို့ရပြီ။ Top 10 ဝင်တဲ့နေ့က သူ အပျော်ဆုံးနေ့ တစ်နေ့ပဲလေ။

( အထက်ပါ ဆောင်းပါးမှာ ရဲနောင်ထွက်ခဲ့ရသော Result Show မတိုင်မှီ ရေးသားထားခြင်းဖြစ်ပါသည် )

Saturday, March 4, 2017

ဦးကိုနီ သတ်ဖြတ်ခံရခြင်း ဆိုင်ရာ သတင်းများစုစည်းမှု ( ၂ )

တာဝန်သိ နိုင်ငံသား ကိုနေ၀င်း နှင့် ၀ိုင်းဝန်းဖမ်းဆီးမှု



အဲ့ဒီနေ.ဖြစ်စဉ်မှာ ကိုယ်.အသိစိတ်အပြည့် နဲ.ကိုယ်တာဝန်ယူရင်း သေနတ်သမားလက်ချက်နဲ.သေဆုံးခဲ့ရသူ ကိုနေ၀င်းဟာလည်းတကယ်ကို ချီးကျုး ဂုဏ်ပြုရမယ့်သူဖြစ်ပါတယ်
သူနဲ.ပတ်သက်လို. အဲ့ဒီနေ.က ဖြစ်စဉ်ကို သူ.မိတ်ဆွေတစ်ဦးက ခုလို ပြောပြထားပါတယ်

မေး- လေဆိပ်မှာ အစ်ကိုမြင်တွေ့ခဲ့ရတဲ့ ဖြစ်စဉ်ကိုပြောပြပေးပါ။
ြေ
ဖ-လေဆိပ်အဆောက်အအုံထဲကနေ လူတစ်ယောက်ပြေးဆင်းလာတယ်။ နောက်ကလူတွေက အဲဒီလူကို ဖမ်းပါဖမ်းပါဆိုပြီး အော်နေကြတယ်။ ကျွန်တော်တို့လဲ ရုတ်တရက်ဆိုတော့ကြောင်နေတာပေါ့။သေနတ်ကိုင်ထားတာတော့တွေ့တယ်။ အတုလားအစစ်လားဆိုတာတော့ ကျွန်တော်တို့လဲ မသိဘူးလေ။ အဲဒီအချိန်မှာကိုနေဝင်းက ခဲလုံးကိုင်ပြီးတော့ လှမ်းပစ်လိုက်တာ သေနတ်သမားနောက်စေ့ကိုထိသွားတယ်။ သူ့ကိုခဲမှန်သွားတော့ သေနတ်သမားကနောက်လှည့်ပြီး သေနတ်နဲ့အပစ်မှာ နေဝင်းကိုမှန်သွားတယ်။ ပစ်ပြီးတော့ သေနတ်သမားကရှေ့ကိုဆက်ပြေးပြီး မောင်းလာတဲ့ကားတွေကိုတားနေတယ်။ တက္ကစီသမားတယောက်က ဘုမသိဘမသိနဲ့ ရပ်ပေးလိုက်တယ်။ သေနတ်သမားက တက္ကစီပေါ်ကလူကို အောက်ဆင်းခိုင်းဖို့ပြောနေတုန်း အနားမှာရှိတဲ့ ကျွန်တော်တို့ကားသမားတွေက တွေ့တာတွေနဲ့ကောက်ပစ်ပြီးတော့ ဝိုင်းဖမ်းလိုက်ကြတာပါ။
မေး-ကိုနေဝင်းက နေရာမှာတင် သေနတ်မှန်ပြီး သေဆုံးသွားတာလား။
ြေ
ဖ-နေဝင်းက သေနတ်မှန်ပြီးတော့ အဲဒီနေရာမှာ ခွေခွေလေး လဲသွားတယ်။ ဆီးခုံနားလောက်ကိုသေနတ်မှန်သွားတာပါ။ ကျွန်တော်တို့ အသင်းသားတယောက်ဖြစ်တဲ့အတွက် ကျွန်တော်တို့ flying swallow အသင်းကားနဲ့ပဲဆေးရုံကိုပို့ကြပါတယ်။ မြောက်ဥက္ကလာဆေးရုံမရောက်ခင် လမ်းမှာပဲ ညနေ ၅ နာရီခွဲလောက်မှာ ကိုနေဝင်းဆုံးသွားတာပါ။

မေး-ကိုနေဝင်းနဲ့ သိတာဘယ်လောက်ကြာပြီလဲဗျ။
ဖြေ-ကျွန်တော်နဲ့သိတာ နှစ်နှစ်ကျော်ပြီဗျ။လူမှုရေးသိပ်ကောင်းတဲ့လူ၊ လေဆိပ်မှာဂိတ်ကိုစောင့်ပြီး အိပ်ကြတဲ့ ကားသမားတွေရှိတယ်။ မနက်၅နာရီဆိုရင် ကျွန်တော်တို့ ဂိတ်ဖွင့်တယ်။ အဲဒီမှာ ဂိတ်စောင့်ကြတဲ့ ကားသမားတွေမနိုးသေးရင် သူကလိုက်ပြီးတော့ နှိုးပေတယ်။ YBS ကားတွေစဆွဲတုန်းကလဲ သူကားနဲ့ အခမဲ့လိုက်ဆွဲပေးခဲ့တယ်။ ပရဟိတစိတ်ရှိတဲ့ဒီလိုလူတယောက် ဆုံရှုံးသွားတဲ့အတွက်ရော၊ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တယောက် ဆုံးရှုံးသွားတဲ့အတွက်ရော အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။ မေး-ရန်ကုန်လေဆိပ်မှာ သေနတ်ပစ်ပြီး လူစုခွဲခဲ့ရတယ်ဆိုတာ ဟုတ်လားဗျ။ ဖြေ-ဟုတ်ပါတယ်။ ကွန်တော်တို့က သေနတ်သမားကိုဝိုင်းဖမ်းတဲ့အချိန်မှာ လူကအရမ်းများတော့ ခြေလွန်လက်လွန်ဖြစ်မှာစိုးလို့ ရဲတွေက သေနတ်သုံးချက် မိုးပေါ်ထောင်ပစ်ပြီးတော့ လူစုခွဲလိုက်ရတာပါ။ ကျေးဇူးတင်ပါတယ်။
အဲ့ဒီ ကွယ်လွန်သူ ကွယ်လွန်သူ တာဝန်သိ Taxi ဆရာကိုနေဝင်း၏ ကျန်ရစ်သူမိသားစုအတွက် ကိုခင်မောင်ဦး (Appolo 168 Company Ltd..) မိသားစုမှ လက်တလောလိုအပ်သည်များ အသုံးပြုရန် ငွေကျပ် ၁၁ သိန်းကို လှူဒါန်းခဲ့ပြီး ကလေးများ၏ ရေရှည်ပညာရေးအတွက်လည်း ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ် ။





Ref ; နှင်းမောင်ဦး ၊ ကုမုဒြာ 

ဆက်စပ်ဖတ်ရှု ရန်

ဦးကိုနီ သတ်ဖြတ်ခံရခြင်းဆိုင်ရာ သတင်းများ စုစည်းမှု ( ၁ )

( ရန်ကုန်လေဆိပ် တွင် ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသော ဦးကိုနီ နှင့် ပတ်သက်၍ Facebook ပေါ်ရှိ မှုခင်းသတင်းများ စုစည်းမှု Page တွင်ဖော်ပြထားသော သတင်းများအား ကူးယူဖော်ပြပါသည် )


ပစ်ခတ်ခံရမှု ဖြစ်စဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ရဲ့ ဥပဒေအကြံပေး လွတ်တော်ရှေ့ နေဦးကိုနီဟာ ရန်ကုန်လေဆိပ်ကို ပြန်လည် ရောက်ရှိလာချိန်မှာ သူရဲ့ မြေးလေးကို အားရပါးရပွေ့ ချီပြီး မြေးအဖိုးနှစ်ဦး ကြည်နှုးနေခဲ့ကြ တယ်လို့ ဆိုပါတယ်။ သိပ်မကြာခင်မှာပဲ ပန်းရောင်အင်္ကျီ၊ ဘောင်းဘီတို ၀တ်ဆင်ထားသူတစ်ယောက်ဟာ ဦးကိုနီရဲ့  ဦးခေါင်း ညာဖက်အခြမ်းကို သေနတ်နဲ့  အနီးကပ်ပစ်ထည့် လိုက်ပါတယ်
”ဖောက်…. ”
သည်နေ့ ညနေပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့ က တက္ကစီစတန်းအနီးမှာ စူးစူးရှရှနဲ့  ပေါ်ထွက်လာတဲ့ အသံဖြစ်ပါတယ်။
အဲသည်အသံနဲ့ အတူ တက္ကစီစတန်းအနီးနားမှာရှိတဲ့ လူတွေ ၀ိုးတိုးဝါးတားကြားလိုက်ရတာကတော့
” ”မင်းငါ့ကို ……”။
ဒါပေမယ့် လူလတ်ပိုင်းအမျိုးသားဟာ ပြေးမြဲပြေးနေရာကနေ တွေ့ ရာတက္ကစီတစ်စီးကို သေနတ်ထုတ်ကာ တားဆီးလိုက်နေပြန်ပါတယ်။
အဲသည်အမျိုးသားက ကားစက်ဖုံးကို သေနတ်နဲ့  ခေါက်ပြီး သူ့ ကို လိုက်ပို့ ပေးဖို့  တောင်းတနေ တာဖြစ်တယ်လို့  တက္ကစီအငှားယာဉ်မောင် ဦးကျော်လွင်က ပြောပါတယ်။ ဒါပေမယ့် ကားသမားက မရပ်ပေးတာကြောင့် အဆိုပါအမျိုးသားဟာ ဓာတ်တိုင် လေးတိုင်အကွာအဝေးလောက်ကို ဆက်လက် ပြေးထွက်သွားခဲ့ပါတယ်။
သေနတ်ကိုင်ဆောင်ထားသူ အမျိုးသားက ဦးနေ၀င်းကို ပြန်လှည့်ကြည့်ပြီး ” ခင်ဗျာနဲ့  မဆိုင်ဘူး”လို့  အော်ပြောနေချိန်မှာ ဦးနေ၀င်းက အုပ်ခဲနဲ့  နောက်တစ်ကြိမ် ထပ်ထုလိုက်ပြန်ပါတယ်။

ဦးနေ၀င်းကို သေနတ်နဲ့  ပစ်ပြီး ပြီးချင်းမှာပဲ သေနတ်ကိုင်ဆောင်ထားသူအမျိုးသားက ချက်ချင်းလှည်ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် ဘေးနားမှာ အသင့်ရှိတဲ့ ဦးနေ၀င်းရဲ့ အဖော်တက္ကစီယာဉ်မောင်းတွေဟာ ၀ိုင်းအုံပြီး လက်ရဖမ်းဆီးလိုက်ပါတယ်။

အဲသည်အချိန်မှာပဲ ရဲတပ်ဖွဲ့ ရဲ့  လူစုခွဲသေနတ်ဖောက်သံကြောင့် လူစုခွဲလိုက်ြ ကသည် ။
သေနတ်နဲ့ ပစ်ခတ်မှုဒဏ်ကြောင့် ဦးကိုနီလဲကျသွားချိန်မှာတော့ အနီးနားမှာရှိနေသူတွေဟာ ဘာဖြစ်သွားမှန်းမသိ ပြာပြာသလဲဖြစ်နေကြပါ။

”ဘာဖြစ်သွားတာလဲ” ၊ ”သေနတ်နဲ့ ပစ်သွားတာ”၊ ”ဘာသံမှ မကြားလိုက်ရဘူး” ၊ ”ဦးကိုနီလား” ၊ “ဟာ… ဦးကိုနီ” ၊ ”ပါပါ.. ဟုတ်တယ်” (သမီးဖြစ်သူရဲ့ အသံ) ဆိုတဲ့ အသံတွေက ဆူဝေလာခဲ့ပါတယ်။ သွေးအလူးလူး ဦးကိုနီရဲ့  ဦးခေါင်းကို သွေးတိတ်စေလေမလားဆိုပြီး ဖိကပ်ပြီးနေကြပေမယ့် ဦးကိုနီက တုန့် ပြန်ပြောဆိုတာ မမြင်တွေ့ ရတော့ပါဘူး။


ဆရာဦးကိုနီဖြစ်သွားတဲ့ ကိစ္စက အကြမ်းဖက်မှုဖြစ်တယ်။ တရားဥပဒေအရ နိုင်ငံသူ နိင်ငံသားတိုင်းကို အကာအကွယ်ပေးဖို့ လိုတယ်ထင်ပါတယ်။ တရားဥပဒေရဲ့ အကာအကွယ်မဲ့ မှုကို ဆရာဦးကိုနီကိုယ်တိုင်ခံ စားသွားရပြီ” လို့ ပြောပါတယ်။

ဒါပေမယ့် သေနတ်သမားရဲ့  ပစ်ခတ်မှုကြောင့် တရားလွတ်တော်ရှေ့နေ ဦးကိုနီ ကို လုပ်ကြံခဲ့သူကို ဖမ်းဆီးပေးတဲ့ တက္ကစီယာဉ်မောင်းကိုနေ၀င်းဆိုသူဟာလည်း မြောက်ဥက္ကလာဆေးရုံမရောက်ခင် လမ်းမှာဘဲ ကွယ်လွန်သွားခဲ့ပါတယ်။
သေဆုံးသွားတဲ့တက္ကစီသမားကိုနေ၀င်းဟာ ကလေးသုံးယောက်ဖခင်တစ်ဦးဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Airport Taxi သမား ဦး ကျော်လွင်ကပြောပါတယ်။
ဦးမြအေးက -တရားခံမိထားပြီဖြစ်တဲ့အတွက်တရားဥပဒေအရမြန်မြန်ဆန်ဆန်အမူမှန်ဖော်ထုတ်ပေးဖို့လိုပါတယ် တရားမျှတမူပဲလိုချင်တယ်လို့ပြောပါတယ်။
လက်ရှိအချိန်မှာတော့ရှေ့နေဦးကိုနီရဲ့ အလောင်းကို မြောက်ဥက္ကလာဆေးရုံမှာစစ်ဆေးနေဆဲဖြစ်ပါတယ်။
ဦးကိုနီကို လုပ်ကြံမှုမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ လိုက်ရတဲ့ အမျိုးသမီးတစ်ဦးက
လက်နက်ချပြီဆိုတော့ ရဲတွေက အသာတကြည်ဖမ်းတော့မယ်ဆိုတဲ့အချိန်မှာမှ အိတ်ထဲကနောက်ထပ်ဝှက်ထားတဲ့သေနတ်နဲ့ ရဲကိုလှမ်းပစ် ( မထိလို့တော်သေးတယ် )တဲ့အချိန်မှာမှ သူ့နောက်ရောက်နေတဲ့ ဒုရဲအုပ်က အတင်းဝင်လုံးထွေးပြီးဖမ်းမှ ဖမ်းမိတယ်ဆိုတော့… လူသတ်သမားဟာ ဘယ်အချိန် ဘယ်ကာလကတည်းက ဘယ်လောက်တောင်တိုက်ခိုက်ရေးလေ့ကျင့်မှုပြည့်ဝထားတဲ့သူပါလိမ့်” လို့  ဆိုပါတယ်။


မျက်မြင်မို့ ရေးတာပါ..




ညနေက ကျနော်က ရန်ကုန်လေဆိပ် လမ်းထဲအဝင် domestic terminal အကျော် အဝိုင်းပတ်ပြီး မြင်လိုက်ရတာက လူ ၅၀-၆၀ လောက်က အုတ်နီခဲတွေ တုတ်တွေနဲ့ ပြေးလာတာကိုမြင်ရတယ်..
ကျနော်ကားရပ်လိုက်တယ်.. သေချာကြည့်တယ်
တီရှပ်နဲ့ ဘောင်ဘီတိုဝတ်ထားတဲ့ တရုတ်တစ်ယောက်နောက်ကို ဝိုင်းလိုက်နေတာ..
မှန်ချပြီး အသံနားထောင်ကြည့်တော့ ဆဲသံဆိုသံတွေကြားမှာ အနားမကပ်နဲ့ သေနတ်ပါတယ် ဆိုမှ သူ့လက်ထဲကြည့်မိတော့ ပြောင်းရှည် ပစ္စတိုသေနတ်ပါတာမြင်ရတယ်..
ကြည့်နေရင်း သူ့နောက် ၅ ပေ လောက်အကွာရောက်နေတဲ့ Taxi သမား ( နောက်မှသိရတာ ) က သူ့လက်ထဲက အုတ်နီခဲနဲ့ လှမ်းပစ်တယ်..
အဲ့တရုတ်က ချက်ချင်းလှည့်ပြီး သေနတ်နဲ့ပစ်တာ ဘောင်းဆို Taxi သမားရဲ့ကျောကိုမှန်တယ်..
ကျနော်လည်း ချက်ခြင်းကားကိုဘယ်ဘက်က ကားပါကင်ထဲမောင်းချပြီး ချက်ခြင်းဆင်းလိုက်တယ်တယ်..
ပေ ၁၀၀ လောက်အကွာမှာ သူက သေနတ်ပြပြီး ကားတွေကိုတားတယ်...
..
ကျနော်ပြောချင်တာ ခုစပြီ..
..
Terminal 1 ကနေ ခုနေရာထိ သေနတ်ကိုင်ထားတဲ့လူနောက်ကို တုတ်တွေ အုတ်ခဲတွေကိုင်ပြီးလိုက်လာတာ အရပ်သား taxi သမားတွေချည်းပဲ..
ရဲဝတ်စုံနဲ့ တပ်သားတစ်ယောက်ကတော့ ဖုန်းလေးပွတ်ရင်း လမ်းလျှောက်လိုက်လာတယ်..
လေဆိပ်ထဲမှာ မျက်နှာအလွန်မာပြီး ဆော်ကြည်အောင် နိုင်ငံခြားစတိုင်ဖမ်းနေတဲ့ လေဆိပ်တွင်းလုံခြုံရေးချာတိတ်က သူ့ခါးက ကျည်မပါတဲ့ပစ္စတိုကို မကိုင်ရဲကိုင်ရဲစမ်းရင်း အနားမကပ်ရဲဘူး...
..
အဲ့ တရုတ် သေနတ်ပြပြီး ရပ်ခိုင်းလို့ရပ်သွားတဲ့ taxi ပေါ်ရောက်သွားတော့ လူအုပ်ကြီးက taxi ကို ခဲတွေနဲ့ဝိုင်းထုတယ်အသေခံပြီး အဲ့ တရုတ်ကို ကားပေါ်ကဝိုင်းဆွဲချကြတယ် သူက နောက်ထပ် ၂ ချက်ထပ်ပစ်တယ်..
မြန်မာ့သွေးလေ.. ကားပေါ်ကနေဆွဲချပြီး အုတ်နီခဲတွေ တုတ်တွေနဲ့ဝိုင်းလိုက်ကြတာ အခြားပို့စ်က ပုံတွေမှာမြင်တဲ့အတိုင်းပဲ...မိပြီဆိုတော့မှ..

" ဟေ့ .. မဆိုင်တဲ့သူတွေ အကုန်ဘေးဖယ် "

ဆိုတဲ့ စကားကြီးကိုမိန့်ကြားလိုက်တော့ ..
" မဆိုင်သူတွေသာ ဝင်မပါကြေးဆို ခင်ဗျား ခုရောက်လာချိန် လေဆိပ်မှာ သေနတ်တစ်ဒိုင်းဒိုင်းပစ်နေတဲ့ ခင်ဗျားအဖေက taxi စီးပြီး ၈ မိုင်ရောက်နေပြီ " ဆိုတော့ ပြန်တောင်မပြောရဲဘူး ဖူးစတားကြီးက..ကျနော်လဲ မသိဘူး..ဒါပေမယ့် သေချာတာကတော့ သူ အထဲဝင်ရတော့မယ်..
..
လေးစားစရာကတော့ လေဆိပ်က taxi သမားတွေပါပဲ သူတို့ဝိုင်းလိုက်လို့ မိတာ..
သေနတ်ကတော့ 9mm ထက်ပိုကြီးမယ် ထင်တယ်
9mm က ဖန်းဖန်းပဲမြည်တာလေ..
ခုဟာက ကျနော့်ရှေ့ ပေ ၂၀ လောက်မှာပစ်တာ ဘောင်းဆို ယမ်းကန်အားက မီးခိုးပြာတွေတောင်ထွက်တယ်.. ပြောင်းကလည်းရှည်တော့ .
.45 ထင်တာပဲ ခါးမှန်တဲ့ taxi သမားတောင် တစ်ချက်တည်းနဲ့ အပြီးပဲလေ..


ဖမ်းဆီးရမိထားသူ ၏ အိမ်ကိုဝင်ရောက်စစ်ဆေးမှု


န်ကုန်မြို့တွင် ဦးကိုနီအသတ်ခံရသည်နှင့်ပတ်သက်၍ တရားခံဟု ယူဆရသူနေထိုင်သည့် မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ၃၄လမ်း၊ ၇၃လမ်းနှင့် ၇၄ ကြားရှိနေအိမ်အား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရပြီး လုံခြုံရေးယူထားကာအပြင်လူများဝင်ရောက်မှုကို ကန့်သတ်ထားခဲ့သည်ဟုသိရပါသည် ။
ဦးကိုနီအား သနတ်ဖြင့် ပစ်ခတ်မှုဖြင့် ဖမ်းဆီးရမိသူသူ ဦးကြည်လင်း ဆိုသူသည်
မန္တလေးမြို့  ၃၄လမ်း ၇၃-၇၄ ကြားတွင်
ယန်ဆန်းခေါက်ဆွဲဆိုင်ဖွင့်ထားသူဖြစ်ကြောင်းသိရပါသည် ။

သူ့အိမ်ထဲတွင် ချိတ်ထားသောပုံမှာ
ကြယ်သုံးပွင့်နဲ့  တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ. တစ်ခုမှ ဖြစ်သည်ဟုဆိုပြီး မည်သည့်လက်နက်ကိုင်တပ်ဖွဲ.မှန်းမသိရကြောင်း Facebook User တစ်ဦးမှ ဖော်ပြလာခဲ့ကာ
ဝင်ရောက်စစ်ဆေးစဉ်သူ့ သမီးနှင့် မိန်းမမှာ မုန့် စားမပျက်တီဗွီကြည့် မပျက်ရှိနေခဲ့သည်ဟု ဆိုပါသည် ။

( သို.သော် နောက်ပိုင်းသိရသော သတင်းများအရ အထက်ပါပုံမှာ ခေတ္တ၀င်ရောက်အနားယူသောဆိုင်မှပုံကိုရိုက်ယူပြီး တင်ကြခြင်းဖြစ်ကြောင်း နှင့် ကာယကံရှင်မိသားစုမှလည်း ထိုကဲ့သို.မဟုတ်မမှန်ရေးသားဖြန်.ဝေမှု များကို အရေးယူမည်ဖြစ်ကြောင်း လည်း သိရပါသည် ။ ထိုအိမ်မှာလည်း ဦးကြည်လင်းဆိုသူနှင့် မည်သို.မျှမသက်ဆိုင်ကြောင်း သိရပါသည် )

ဦးကိုနီ ပစ်ခတ်ခံရမှုအပေါ် ပြောကြားမှု နှင့် တိုက်တွန်းချက်များ

ဦီးကိုနီလုပ်ကြံခံရတဲ့ကိစ္စ ဘာသာရေးပဋိပက္ခမဖြစ်စေချင်ဘူးလို့ အစ္စလာမ်ဘာသာရေးဥက္ကဌပြော

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး ဥက္ကဌ ဦးမြင့်မောင်ရှိန်

တရားလွတ်တော်ရှေ့နေဦးကိုနီလုပ်ကြံခံရတာနဲ့ပတ်သတ်ပြီး ဘာသာရေးပဋိပက္ခတွေမဖြစ်စေချင်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး ဥက္ကဌ ဦးမြင့်မောင်ရှိန်ကပြောကြားလိုက်ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ သည်ကနေ့ ငါးနာရီဝန်းကျင်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ အဆိုပါကိစ္စကြောင့် မွတ်စလင်ဘာသာရေးအဖွဲ့စည်းတွေနဲ့ အငြင်းပွားခဲ့မူများရှိခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လက်ရှိအချိန်မှာတော့ တရားဥပဒေအတိုင်းသာ လက်ခံဆောင်ရွက်သွားမယ်လို့ ဥက္ကဌ ဦးမြင့်မောင်ရှိန်ကပြောပါတယ်။
“ကျွန်တော်တို့အဆင့်နဲ့တော့ ဒီကိစ္စကိုဘယ်သူကလုပ်ကြံတယ် ဘယ်သူကခိုင်းတယ် ဘယ်သူကနောက်ကွယ်မှာ လူပ်ရှားတယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ဒီအချိန်မှာ လုံးဝလက်လှမ်းမမှီနိုင်ပါဘူး”လို့. သူကပြောပါတယ်။
ထွက်ပေါ်လာတဲ့ ပုံတွေအရကျူးလွန်သူဟာ နောက်မှအနီးကပ်ပြီး ၉မမပစ်စတိုနဲ့ ဦးခေါင်းကိုချိန်ကာ ပစ်သွားခြင်းဖြစ်ပါတယ်။ လုပ်ကြံခံရတဲ့နေရာဟာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးဖြစ်တဲ့အတွက် ၄င်းတို့အနေနဲ့ လွန်စွာစိတ်မကောင်းဖြစ်ရတယ်လို့ သူကဆက်ပြောပါတယ်။
“အထူးသဖြင့်ဒီလိုနေရာကြီးမှာ လုပ်ကြံသတ်ဖြတ်ခံရခြင်းမှာ အထူးသဖြင့် ကျွန်တော်လုံခြုံရေးကိုလုံးဝအားမရပါဘူး ဒီလိုလူတစ်ယောက်ဆုံးရူံးလိုက်ရတာဟာ ဒီမိုကရေစီကိုလက်ခံလျှောက်လှမ်းနေတဲ့လူတွေအားလုံး အတွက်လွန်စွာဆုံးရူံးရပါတယ်”လို့ သူကပြောပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှုအပေါ် အလွန်အကျွံ တုံ့ပြန်မှု မပြုရန် အန်အယ်လ်ဒီ တိုက်တွန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုဥပဒေအထောက်အပြုအဖွဲ့ဝင် ဦးကိုနီ လုပ်ကြံခံရတဲ့အပေါ်မှာ အဖွဲ့ဝင်တွေအနေနဲ့ အလွန်အကျွံ တုံ့ပြန်မှုမပြုဘဲ တည်ငြိမ်မှုနဲ့ ရင်ဆိုင်ဖို့ အန်အယ်လ်ဒီပါတီက ဇန်နဝါရီ ၂၉ ရက်က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
ဦးကိုနီဟာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဖွဲ့ချုပ်အတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို အနီးကပ်လုပ်ကြံတဲ့သူကို ဖမ်းဆီးထားတဲ့အပြင် ကြံရာပါတွေကို အဆောတလျင် ဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ကြိုးပမ်းနေတယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် လုပ်ကြံသတ်ဖြတ်သူကို တားဆီးရင်း အသက်ပေးခဲ့တဲ့ မင်္ဂလာဒုံမြို့နယ်က အဖွဲ့ချုပ်အဖွဲ့ဝင် တက္ကစီမောင်းသမား ဦးနေဝင်းနဲ့ ဝိုင်းဝန်းပံ့ပိုးသူတွေကို ချီးကျူးဂုဏ်ပြုတယ်လို့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။
အလားတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ဦးကိုနီ လုပ်ကြံခံရတဲ့အတွက် တိုင်းပြည်မှာ ဥပဒေပညာရှင်တယောက် ဆုံးရှုံးရတဲ့အပေါ် နှမြောတသ ဖြစ်ရပြီး အကြမ်းဖက်မှုတွေကို ဆန့်ကျင်သွားမယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။
လူသတ်သမားကို မိနိုင်ရေးအတွက် ကူညီပေးသူ တက္ကစီယာဉ်မောင်းကို ဂုဏ်ပြုထားပြီး အကြမ်းဖက်လုပ်ကြံမှုကို အမှုမှန်ပေါ်ပေါက်ဖို့ အမြန်ဆုံး အရေးယူပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

Ref ;  Mizzima , Annawar Soe Wai , Phyowai Thinn ,  DVB ,The Voice & ကုမုဒြာ