Thursday, February 28, 2013

ဧရာဝတီ၏ AFC Cup 2013 အဖွင်.ပွဲ -အဝေးကွင်းပွဲစဉ်


AFC Cup 2013 Group G ၏ အဖွင့်ပွဲစဉ်ဖြစ်သော ဗီယက်နမ်ကလပ်အသင်း ဒါနန်းနှင့် ယှဉ်ပြိုင်ကစားရန် ဧရာဝတီယူနိုက်တက်သည် ၂၄.၂.၂၀၁၃ ည ၇း၀၀ နာရီတွင် ဗီယက်နမ်လေကြောင်းလိုင်းဖြင့် ဗီယက်နမ် နိုင်ငံ၏ မြို့တော် ဟနွိုင်းမြို့သို့ ဒေသစံတော်ချိန် ည ၉ နာရီတွင် ရောက်ရှိခဲ့သည်။ 

Noibai International Airport နှင့် ၁ ကီလိုမီတာအကွာရှိ Airport View Hotel တွင် တစ်ည ညအိပ်ရပ်နားခဲ့ပြီး ၂၅.၂.၂၀၁၃ နေ့ နံနက် (၇း၁၀) နာရီ လေယာဉ်ဖြင့် ဒါနန်းမြို့သို့ဆက်လက်ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် (၈း၁၀) တွင် ရောက်ရှိပြီး ဒါနန်းမြို့ရှိ Saigon Tourane Hotel တွင်တည်းခိုခဲ့ကြပါသည်။ ဧရာဝတီယူနိုက်တက်အသင်းနှင့် အတူ အသင်းပိုင်ရှင်တစ်ဦးဖြစ်သော ဦးမင်းလှိုင်လည်း လိုက်ပါလာပြီး အသင်း၏ ဒုဥက္ကဋ္ဌ ဦးသန်းအောင်လင်း ကိုယ်တိုင် ရန်ကုန်လေဆိပ်သို့ လိုက်ပါနှုတ်ဆက်ကာ အသင်းသားများအား နိုင်ငံအတွက် ကြိုးစားခဲ့ကြရန် မှာကြားခဲ့သည်။



ဧရာဝတီယူနိုက်တက်သည် ဒါနန်းအသင်း၏ စီစဉ်ပေးမှုဖြင့် အပေါ့စားလေ့ကျင့်ခန်းဆင်းခြင်းကို ၂၅.၂.၂၀၁၂ နေ့ ညနေ (၄း၀၀) နာရီတွင်ပြုလုပ်သွားမည် ဖြစ်သည်။ ထိုပွဲစဉ်နှင်. ပတ်သက်၍ 
ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် အိမ်ရှင် ဒါနန်းအသင်းနှင့် AFC Cup 2013 အတွက် ပထမဆုံး ယှဉ်ပြိုင် ကစားရမည့်ပွဲစဉ်သည် ခက်ခဲမည့် ပွဲစဉ်ဖြစ်ကြောင်း နည်းပြချုပ် မစ္စတာမာယန်းက ပြောကြားခဲ့သည်။ ဒါနန်းအသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက ကစားခဲ့သော ပြည်တွင်း လိဂ် ပွဲစဉ်တွင်လည်း ပြိုင်ဘက် အသင်းအား ၄ - ၀ ဖြင့် အနိုင်ရရှိထားသော အသင်းဖြစ်ပြီး လတ်တလောတွင် ခြေစွမ်းထက်နေသော အသင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ပြိုင်ဘက်အသင်းကို တလေးတစားဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ မိမိအသင်းတွင် ဂျပန်ကွင်းလယ်ကစားသမား ဆာတိုရှီ မပါဝင်နိုင်သဖြင့် အားနည်း သွားမည်ဟု မယူဆပဲ ၄င်းနေရာတွင် ပြည်တွင်းကစားသမားများက ကောင်းစွာ ကစားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းကိုလည်း မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။ 
  ထို့အပြင် အသင်းခေါင်းဆောင် ဇော်ဇော်ဦးကလည်း "မိမိအနေဖြင့် မြန်မာ့လက်ရွေးစင်ကစားသမားလည်းဖြစ်၊ ဧရာဝတီယူနိုက်တက်အသင်း၏ အသင်းခေါင်းဆောင်လည်းဖြစ်သဖြင့် အသင်းရလာဒ်ကောင်းရရန် အတွက် မည်သို့ အထောက်အကူ ပြုနိုင်မည်လဲ" ဟူသည့် မီဒီယာများ၏ မေးမြန်းချက်အား "ကျနော်ကတော့ အကောင်းဆုံးဖြစ် အောင် ကြိုးစားမှာပါ။ ဒီကိုလာတာ ဧရာဝတီအတွက်ပဲ လာတာမဟုတ်ဘဲ မြန်မာပြည်ကိုပါ ကိုယ်စားပြုဖို့ ရောက်လာတဲ့အတွက် အစွမ်းကုန်ကြိုးစားမှာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။  
   ဧရာဝတီယူနိုက်တက်အနေဖြင့်  ထိုနေ.ကပွဲစဉ်တွင် ဒဏ်ရာရရှိနေသော ဂျပန်ကွင်းလယ်ကစားသမား ဆာတိုရှီနှင့် ညာတောင်ပံကစားသမား ညီညီမင်းတို့ မပါဝင်ဘဲ ဂိုး အောင်မင်းခန့်၊ နောက်တန်း ဟိန်းသီဟဇော်၊ ကျော်ဇေယျာမင်း၊ မာယန်၊ ဇော်ဇော်ဦး၊ အလယ်တန်း နန္ဒ၊ နေလင်းအောင်၊ ဒေါမနစ်၊ နိုင်လင်းဦး၊ ရှေ့တန်း စိုးကျော်ကျော်၊ လီအန်ဒရိုတို့ဖြင့် ၄-၄-၂ ပုံစံဖြင့်ပွဲထွက် ကစားခဲ့သည်။  
 ပွဲစစချင်း ဘယ်တောင်ပံမှ နန္ဒဖြတ်တင်ပေးလိုက်သည့် ဘောလုံးအား နိုင်လင်းဦး အပိုင်အသုံးမချနိုင်ခဲ့၍ စောစီးစွာ ဂိုးရမည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။ ဧရာဝတီယူနိုက်တက်သည် ပွဲစစချင်း ၅ မိနစ်ခန့် တစ်ဖက်အသင်းအား ဖိ၍ ကစားနိုင်ခဲ့သော်လည်း ကျန် ပထမပိုင်းအချိန်များတွင် တစ်ဖက်အသင်း၏ တိုက်စစ် အား ခုခံ၊ ဖျက်ထုတ်နေရသည်က များနေပြီး ထောင့်ကန်ဘောများလည်း မကြာခဏ ပေးနေရသည်။ ပွဲချိန် ၆ မိနစ်တွင် ပယ်နယ်တီ ဧရိယာအစပ်နားတွင် ပြစ်ဒဏ်ဘောပေးရပြီး ၄င်းပြစ်ဒဏ်ဘော ကန်သွင်းချက်မှာ ဂိုး၏ ညာဘက်အခြမ်းမှ ကပ်ကာ ကျော်သွားသဖြင့် စောစီးစွာ ဂိုးမပေးခဲ့ရခြင်းဖြစ်သည်။ ၂၂ မိနစ်တွင် တစ်ဘက်အသင်း ကျောနံပါတ် ၅ အား ဟိန်းသီဟဇော် ဖျက်ထုတ်မှု ကြမ်းသဖြင့် အ၀ါကတ်ပြသခြင်း ခံခဲ့ရသည်။ အလားတူ ၃၆ မိနစ်တွင်လည်း တစ်ဘက်အသင်းက ထောင့်ကန်ဘောဖြင့် အဖွင့်ဂိုးရရန် နီးစပ်ခဲ့သော်လည်း ဂိုးစည်းပေါ်မှ ဘောလုံးအား နိုင်လင်းဦး အသည်းအသန် ဖျက်ထုတ်နိုင်ခဲ့၍ ကံကောင်း ခဲ့သည်။ 
တစ်ဖက်အသင်း၏ တိုက်စစ်အား ခုံခံဖျက်ထုတ်နေရင်း ပွဲချိန် ၄၃ မိနစ်တွင် ဂိုးဧရိယာရှေ့တွင် ဂိုးသမားပုတ်ထုတ် လိုက်သော ဘောလုံးအား ရှုပ်ရှက်ခက်နေသည့်ကြားမှ ဒါနန်းအသင်း၏ ကျောနံပါတ် (၂၀) က ခေါင်းတိုက်သွင်းယူသွားခဲ့ပြီး  ဧရာဝတီတို့ ဦးဆောင်ဂိုးပေးလိုက်ရသည်။ ပထမပိုင်းအပြီးတွင် ဒါနန်းအသင်းက ၁ - ၀ဖြင့် ဦးဆောင်နေခဲ့သည်။



ဒုတိယပိုင်း ပြန်အစတွင် ကျော်ဇေယျာမင်းကိုထုတ်ကာ ဖြိုးကိုကိုသိန်းအား ထည့်သွင်းကစားစေခဲ့သည်။ ပွဲချိန် ၅၅ မိနစ်တွင် ဒါနန်းအသင်း၏ ဒုတိယဂိုးအား ကျောနံပါတ် (၂၇) မာလိုက ထပ်မံသွင်းယူခဲ့သည်။ ၆၃ မိနစ်တွင် နိုင်လင်းဦးနေရာတွင် နေလင်းထွန်းအား လူစားလဲကစားစေခဲ့သည်။ လူစားလဲပြီး နောက်ပိုင်းတွင် ဧရာဝတီကစားကွက် ပိုမိုမြန်ဆန်လာပြီး တစ်ဖက်အသင်းဂိုးပေါက်အား မကြာခဏ ချိန်းချောက် မှုများ ပြန်လည်ပြုလုပ်လာနိုင်ခဲ့သည်။ ဒုတိယပိုင်း ၇၂ မိနစ်တွင် ဧရာဝတီအတွက် ပထမဆုံး ထောင့်ကန်ဘော ရရှိခဲ့ပြီး တစ်ဖက်အသင်းကစားသမားများ ဖျက်ထုတ်ကာကွယ်နိုင်ခဲ့၍ ဂိုးမဖြစ်ခဲ့ပေ။ ၇၆ မိနစ်တွင် ကြံ့ခိုင်မှု နည်းလာသော နန္ဒ၏ နေရာတွင် သီဟဇော်အား အစားထိုးခဲ့သည်။ လူစားဝင်ဝင်ချင်း ၇၇ မိနစ်တွင် ဒုတိယအကြိမ် ထောင့်ကန်ဘော၊ မိနစ် ၈၀၊ ၈၁ မိနစ်များတွင် ထောင့်ကန်ဘောများ ကန်ခွင့် ရသော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ပွဲချိန် ၈၂ မိနစ်တွင်လည်း ကွင်းလယ်နေရာလောက်တွင် ရရှိသော အလွတ်တည်ကန်ဘောကို ဒေါမနစ် အပြင်းကန်သွင်းရာ ကန်ချက်ကောင်းမွန်လှသော်လည်း တစ်ဖက် ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၈၈ မိနစ်တွင် ဘယ်အခြမ်းမှ သီဟဇော်၏ ဖျက်တင်ဘောကို နေလင်းထွန်း နေရာယူမှန်စွာဖြင့် အဆုံးသတ်နိုင်ခဲ့သဖြင့် ချေပဂိုး ရရှိခဲ့သည်။


၈၉ မိနစ်တွင် ချက်ချင်းဆိုသလိုပင် တစ်ဖက်အသင်းမှ ပြန်လည်ထိုးဖောက်ကစားရာ ဂိုးပေးရလု အခြေအနေမှ ဂိုးသမား အောင်မင်းခန့်ကာကွယ်နိုင်ခဲ့၍ ကံကောင်းခဲ့သည်။ အချိန်ပို ၄ မိနစ် ပေးခဲ့ရာ ပွဲချိန် ၉၁ မိနစ်တွင် ကစားပုံကြမ်းသည့် သီဟဇော် အား အ၀ါကတ်ပြားပြသခဲ့သဖြင့် ယနေ့ပွဲတွင် အ၀ါကတ်ထိသူ (၂) ဦးအထိ ဖြစ်ခဲ့သည်။ လက်ကျန်အချိန်များတွင် တစ်ဖက်နှင့် တစ်ဖက် ဂိုးမသွင်းနိုင်သဖြင့် ပွဲအပြီးတွင် ဧရာဝတီယူနိုက်တက်သည် ဒါနန်းအသင်းအား ၂ - ၁ ဖြင့် ရှုံးနိမ့်ခဲ့ရသည်။


 ယနေ့ပွဲနှင့် ပတ်သက်၍ ဧရာဝတီနည်းပြချုပ် မာယန်းက မီဒီယာများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြား ရာတွင် မိမိအနေဖြင့် ဂိုးများပေးလိုက်ရသည့် နောက်တန်းခံစစ်ထက် အလယ်တန်းနှင့် ရှေ့တန်းကစားပုံအား ပိုမိုကာ စိတ်တိုင်းမကျဖြစ်မိကြောင်း၊ ဘောလုံးလည်း မကြာခဏ ဆုံးရှုံးကြောင်း၊ ပထမပိုင်းကစားပုံမှာ ညံ့ဖျင်းကြောင်းပြောကြားခဲ့သည်။ ပေးလိုက်ရသော ၂ ဂိုးစလုံးမှာ set pieces များမှာ ပေးလိုက်ရခြင်း ဖြစ်ကြောင်းနှင့် ဒါနန်းအသင်းသည် အတွေ့အကြုံရင့်ကျက်သော ကစားသမားများ ပါဝင်နေသည့်အပြင် မိမိတို့အသင်းထက် ပိုကောင်းစွာ ကစားနိုင်ခဲ့၍ အနိုင်နှင့် ထိုက်တန်သော အသင်းဖြစ်ကြောင်း၊ မြန်မာပြည်တွင် အိမ်ကွင်းအဖြစ် လက်ခံကစားသည့်အခါတွင် ယနေ့ပွဲတွင် ပြုလုပ်ခဲ့သော မိမိအသင်း၏ အမှားများကို ပြုပြင်၍ ကစားသွားမည်ဖြစ်ကြောင်းများ ပြောကြားခဲ့ပါသည်။


 ဧရာဝတီယူနိုက်တက်သည် ဒါနန်းအသင်းအား ရန်ကုန်မြို့ YTC အားကစားကွင်းတွင် ၂၃.၄.၂၀၁၃ အင်္ဂါနေ့တွင် အိမ်ကွင်းအဖြစ် ဧည့်ခံကစားရဦးမည်ဖြစ်ပြီး ဒုတိယပွဲစဉ်အနေဖြင့် ၁၃.၃.၂၀၁၃ ဗုဒဟူးနေ့ ညနေ (၅း၀၀) နာရီတွင် မလေးရှားကလပ်အသင်း ကီလန်တန်အသင်းနှင့် YTC တွင် ကစားမည်ဖြစ်သည်။

 သတင်းများနှင်. ဓါတ်ပုံများ အားလုံးကို ဧရာဝတီ ဘောလုံး အသင်း၏ တရားဝင် Website ဖြစ်သော
http://ayeyawadyutd.com နှင်. AUFC Page တို.မှ စုစည်း ကူးယူဖော်ပြခြင်းဖြစ်ပါသည်......



မျက်နှာပေါ်က အမွှေးကြောင်. X-Men နာမည်ကျော်ပြန်


မျက်နှာပေါ်ရှိ အမွေးအမင်များကြောင့် ဆွဲဆောင်မှု အကောင်းဆုံး ဖြစ်နေသည့် နာမည်ကျော် အမျိုးသားများ စာရင်းတွင် ဟုဂ်ျဂျက်မန်းက ထိပ်ဆုံးနေရာမှ မဲပေး ရွေးချယ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။ X-Menဇာတ်ဆောင် မင်းသားသည် အော်စကာဆုပေးပွဲတွင် ၎င်းနှင့်အတူ ဆန်ခါတင်စာရင်း အဆင့်၌ ပါဝင်ခဲ့သည့် ဘရက်ဒ်လေ ကူးပါးကို ကျော်ဖြတ်ကာ ပရိသတ် မဲပေးသည့် ဆွဲဆောင်မှု အကောင်းဆုံး ဆုကို ရရှိခဲ့သည်။ Les Miserables ဇာတ်ဆောင် မင်းသားသည် ကူးပါးကို အကြိတ်အနယ် ယှဉ်ပြိုင် ကျော်ဖြတ်ကာ ဆွဲဆောင်မှု အရှိဆုံး မျက်နှာပေါ်မှ အမွေးအမင်များကို ပိုင်ဆိုင်သော နာမည်ကျော် အမျိုးသားအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု မဲပေးရွေးချယ်မှုကို စာနယ်ဇင်း အချို့က မုတ်ဆိတ်များ၏ တိုက်ပွဲဟု အရွှမ်းဖောက် ညွှန်းဆိုခဲ့ကြသေးသည်။ ယခုစစ်တမ်းကို ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ နာမည်ကျော် ဆံပင်စိုက် ကုထုံးစင်တာဖြစ်သည့် Crown Clinicက ကောက်ခံခဲ့ခြင်း ဖြစ်သည်။ ဂျက်မန်းနှင့် ကူးပါးတို့နောက်တွင် နာမည်ကျော် အင်္ဂလန် ဘောလုံးကြယ်ပွင့် ဒေးဗစ်ဘက်ဟမ်းက တတိယ နေရာမှ ရပ်တည်နေသည်။ စတုတ္ထနှင့် ပဉ္စမ နေရာများတွင် ဟောလီးဝုဒ် အကျော်အမော် နှစ်ဦးဖြစ်သည့် ဂျော့ဂ်ျကလူနီးနှင့် ဘန်အက်ဖလက်တို့က အစဉ်လိုက် ရှိနေကြောင်းလည်း သိရသည်။ 


 
Crown Clinic၏ ဆံပင်ကျွတ်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ အက်စ်မာ ရှာမာလက်က "ဂျက်မန်းက သူ့မျက်နှာပေါ်က အမွေးအမင်တွေနဲ့ သိပ်လိုက်ဖက်ပါတယ်။ သူ့မုတ်ဆိတ်တွေမှာ သူ့ရဲ့ ခန့်ညားမှုကို ပိုပေါ်လွင်နေစေတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ မုတ်ဆိတ်မွေးများကြောင့် ဆွဲဆောင်မှု အနည်းဆုံး စိတ်ပျက်ဖွယ် နာမည်ကျော် အမျိုးသားအဖြစ်မူ ဘရတ်ပစ်တ်က ထိပ်ဆုံးနေရာ ရခဲ့သည်။ အဆိုပါ မလိုလားဖွယ် ဂုဏ်ပုဒ်အတွက် ဒုတိယနေရာတွင် ယိုအာကွင်း ဖီးနစ်က ရပ်တည်နေကြောင်းလည်း သိရှိရသည်။

Source: FemaleFirst @ Planet Myanmar

Wednesday, February 27, 2013

သဒ္ဓါ တရား အတွက် နှိုးဆော် ချက် လေးပါ- မြသိန်းတန် စေတီတော်



မြို.လေးရဲ. မြို.ဦးစေတီတော် ဖြစ်တဲ့ သမိုင်းဝင် မြသိန်းတန် စေတီတော်မြတ် ကို ခု ဘက်စုံမွမ်းမံ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်...............



စေတီတော်မြတ်ရဲ. စိန်ဖူးတော် ပြန်လည် တင်လျုခြင်းအတွက် ပြုလုပ်ရင်း အခြားသော ပြင်ဆင်ဖွယ်  မွမ်းမံစရာ တို.ကိုလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်



ကမ်းနားဖက်မှာ ရှိနေတဲ. တန်ဆောင်းတော်ကြီးဟာ မြစ်ဘက်ကို မျက်နှာ မူထားတာကြောင်. သီးခြားသွားရောက် ဖူးမြှော်မှုတွေ အားနည်းသလို စေတီတော်ကို မြစ်အတွင်းက လှမ်းပြီးဖူးမြှော်ရင်လင်း ရှင်းလင်းစွာ ကြည်ညိုခွင်.အတွက် အကွယ်အကာ လိုဖြစ်နေတာကြောင်. ဒိတန်ဆောင်းတော်ကြီးကိုဖျက်ပြီး ဆင်းတုတော်တွေကို တန်ဆောင်းတော် တစ်ခုနဲ. ပူဇော်ထားရှိဖို. လုပ်ဆောင်ခဲ့ကြပါတယ်......ဒီဆင်းတုတော်တွေကိုတော. အသစ်ပူဇော်ထားရှိမယ်.နေရာကို မြန်မာ.နည်း မြန်မာ.ဟန် နဲ.ပဲ ရွှေ.ယူမှာဖြစ်ပါတယ်....ဒါကိုတော. ဗိသုကာ ဦးကျော်မြင်.ရဲ. တပည်.တွေ အဖွဲ.က တာဝန်ယူရွှေ.ပေးမှာလို.သိရပါတယ်...ဒီအဖွဟာ ရွှေလောင်း က ဘုရားဆင်းတုတော်တွေကို ရွှေ.ပေးတုန်းက တာဝန်ယူခဲ့တဲ့ အဖွဲ.ပဲလို.လည်း သိရပါတယ်..........

ဒါ.အပြင် နဂါးရုံ ဆင်းတုတော် တစ်ဆူကိုလည်း အသစ်တည်ထားပူဇော်နေပါတယ်.....မူလ နတ်လမ်းအ၀င် ဘယ်ဘက်ခြမ်း ဓမ္မာရုံ နောက်ဘက်နားနေရာမှာ မြစ်ကမ်းပါးဘက် မျက်နှာမူ တည်ထားပူဇော်ထားတာဖြစ်ပါတယ်.....ဒါ.အပြင် ဒီနတ်လမ်း ဘယ်ဘက်ခြမ်း ကဓမ္မာရုံ ကိုလည်း ဖျက်ပြီး အသစ်ပြန်လည်တည်ဆောက်နေတာဖြစ်ပါတယ်...........ဒီဓမ္မာရုံ နဲ. နဂါးရုံ ဆင်းတုတော် တို.ကို အလှုရှင် တွေဖြစ်တဲ့ မြို.မလမ်း ဆေးရုံရပ်ကွက်က ဒေါ်ရီ နဲ. ရန်ကုန်က ဒေးရွှေတို.က တာဝန်ယူလှုဒါန်း တည်ဆောက် ပူဇော်တာလို.သိရပြီး ခန်.မှန်း ကုန်ကျစရိတ်က သိန်း ၅၀၀ ခန်.ရှိတယ်လို.သိရပါတယ်


ဒါ.အပြင် နတ်လမ်းကိုလည်း ပေ၁၀၀ ပြုပြင်တည်ဆောက်မှာဖြစ်ပြီး စေတီတော်ရဲ. ရင်ပြင်ကိုလည်း ကြွေပြားခင်းမှာဖြစ်ပါတယ်....ရင်ပြင်တော်ကိုကြွေပြားခင်းမယ်ဆိုရင်တော. ကြွေပြား ၃၇၀၀ ခန်. ၀င်ဆန်.နိုင်မယ်လို. သိရပါတယ်..ဒါ.အပြင် ထီးတော်ဟောင်းအတွက် ထီးတော်ပုံစေတီတစ်ခုလည်း တည်ဆောက်ဖို. လိုအပ်နေပါသေးတယ်

စေတီတော်ရဲ. ကပ်လျှက်မှာ ရှိတဲ့ ဘုရားပွဲကျင်းပရာ ကွင်းပြင်ဟာလည်း မိုးတွင်းလိုမျိုးဆို ရေ၀ပ်..မြက်ထူ နဲ.မို. ဒီကွင်းကို ရှင်းလင်းပြီး ကွန်ကရစ် ခင်းဖို.အစီအစဉ်လည်း ရှိပါတယ်....ဒါ.အပြင် ၀ါးခယ်မမြစ်ဟာ စေတီတော်အနားမှာ မှ မြို.နဲ.အပြိုင်ကွေ.၀င်လာတာကြောင်. မြစ်ရေထိုးခံ၇တဲ့သဘောရှိပါတယ်.. မြို.မှာ ဒီလိုရေထိုးခံရလို.ကမ်းပါးပြိုတာ ဈေးကမ်းပါးရယ် ဒိနေရာရယ် ၂ခုလောက်ပဲ သိသိသာသာရှိတာပါ.......ရေရှည်အတွက် မျှော်ကိုးပြီး မြစ်ကမ်းပါးကို ကျောက်စီရေထိန်းတမံ လုပ်ဖို.ကလည်း မဖြစ်မနေ လုပ်ဆောင်ရမယ်. ကိစ္စ တစ်ခုဖြစ်နေပါတယ်......မြစ်နဲ.ယှဉ်နေတဲ. စေတီတော်ရဲ. ၀တ္တကမြေကမ်းပါး အရှည် ဟာ ပေ ၁၈၀ ခန်.ထိရှိပါတယ်.....ဒါနဲ.ပတ်သက်လို. ခုချိန်ထိတော. အသေးစိပ် ခန်.မှန်း တွက်ချက်မှု မပြုရသေးပဲ အလှုရှင်လည်း ပေါ်ပေါက်ခြင်းတော. မရှိသေးပါဘူး...........အရင်ကဆို တောရွာတွေကနေ လှေလေးတွေနဲ. လာကြသူတွေဟာ ဒီစေတီရဲ. တံတားဆိပ်လေးမှာ လှေဆိုက်ကပ် ..ဘုရားတက်ဖူး ကုသိုလ်ယူတာမျိုးတွေလည်း ရှိခဲ့ဖူးပါတယ်...

စိန်ဖူးတော်ပြန်လည် တင်လှုပွဲကိုတော. လာမယ်. တပေါင်းလပြည်.နေ.မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး  အခိုးခံရတဲ့ စိန်ဖူးတော်ဟောင်းက ပြန်လည်ရှိတဲ့ ရွေ၅ကျပ်သားခန်.ကိုတော. အဲဒီမှာပဲ ပြန်လည် အသုံးပြု လှုဒါန်းမယ်လို. သိရပါတယ်

အလှုအတန်းကို စိတ်ဝင်စားသော နေရာဒေသစုံရောက်မြို.သူ/မြို.သားတွေအနေနဲ. ဒိအလှုဒါနတွေမှာ ပါဝင်ချင်တယ်ဆိုရင် ပါဝင်နိုင်အောင် တင်ပြပေးတာဖြစ်ပါတယ်....ဒါ.အပြင် On Line မသုံးဖြစ်တဲ့ ကိုယ်.ပတ်ဝန်းကျင်က ဒေသဖွားတွေ...အခြားသူတွေကို သတင်းဖြန်.ဝေပေးခြင်.ဖြင်.လည်း ကုသိုလ်ယူနိုင်ပါတယ်....လှုဒါန်းမှုတွေအတွက် မြသိန်းတန် စေတီတော် ဂေါပက အဖွဲ.ကို ဆက်သွယ်နိုင်သလို ကံလှကျောင်းဆရာတော် ဦးပညာသီရိ (ဖုန်း-၀၉ ၄၉၂၂ ၈၉၀၇ )သို.လည်း ဆက်သွယ်လှုဒါန်းနိုင်ပါတယ်.....လှုဒါန်းချင်လို.အသေးစိပ်သိချင်ရင်လည်း ဒီဖုန်းကို ဆက်သွယ်ပြီးဆရာတော်ထံမေးမြန်းနိုင်ပါတယ်.....

စိတ်ပါဝင်စားစွာ ပြောကြားပေးပါသောကံလှ ကျောင်းဆရာတော် ဦးပညာသိရိအားလည်းကောင်း ကူညိပေးပါသော Tee Tee အားလည်းကောင်းဓါတ်ပုံများ ရိုက်ကူးပေးပါသော ဖြူနှင်းနိုင် အားလည်းကောင်း အထူးကျေးဇူးတင်ပါသည်...

Tuesday, February 26, 2013

မြို.ဦး မြသိန်းတန် စေတီတော်မြတ်

မြန်မာနိုင်ငံရှိ မြို.များ ရွာများတွင် မြို.ဦးကျောင်း မြို.ဦးစေတီ ရွာဦးကျောင်း ရွာဦးစေတီ စသည်ဖြင်. အတော်များများ တည်ထားကိုးကွယ် ပူဇော်လေ.ရှိကြပါသည် ၀ါးခယ်မနှင်.အနီးဆုံးမြို. များဖြစ်သော မအူပင်မြို.တွင် ပေါ်တော်မူ မြို.ဦးစေတီတည်ရှိသကဲ့သို. မြောင်းမြမြို.တွင်လည်း စင်္ကြာသီဟ စင်္ကြာနန္ဒ စေတီ ညီနောင် တည်ရှိတော်မူပါသည် ၀ါးခယ်မမြို.တွင်လည်း ၀ါးခယ်မမြို.သို. မြစ်ကြောင်းနှင်. ၀င်ဝင်ချင်း မြို.ဦးထိပ်တွင် မြသိန်းတန်စေတီတော်မြတ်ကို မြို.ဦးစေတီအဖြစ်တည်ထားကိုးကွယ် ကြပါသည်. 


၁၂၅၂ ခုနှစ် (၁၈၉၀ ခုနှစ်ခန်.) က ၀ါးခယ်မမြို.တွင် သကျမဟာသီရိ ကြေးဆင်းတုတော်ကြီး သွန်းလုပ်ကြရာတွင် ကြီးကြပ် စောင်.ရှောက်ရသည်. မြို.မိ မြို.ဖများထဲမှ တစ်ဦးဖြစ်သော ရှေ.နေကြီး ဦးမိုနု သည် ရုပ်ပွားဆင်းတုတော်ထက်စာလျှင် မြေစိုက်စေတီတော် တည်ထားပါက ရပ်နီးရပ်ဝေးမှ ဖူးမြှော်နိုင်မည်.အပြင် ဘုရားဝင်းအတွင်း ဇရပ် တန်ဆောင်းများဆောက်လုပ်၍ ဥပုသ်သီတင်းဆောက်တည်နိုင်သည် ဟုစိတ်ကူးအကြံပေါ်ပေါက်ခဲ့ပါသည် .... ထိုသို. စိတ်ကူးကြံစည်ပြီးနောက် မြေနေရာကြည်.ရှု ရှာဖွေရာ ၀ါးခယ်မ အရှေ.ပိုင်းရှိ ထိုစဉ်က (အထက်အညာမှ စလေသားများစုဝေးနေထိုင်ကြသောကြောင်.) စလေစုဟုခေါ်သော နေရာ၌ ဦးလန်း ဆိုသူပိုင်သော ဥယျဉ် တစ်ခုကို သဘောကျမိလေသည်... ထိုဥယျဉ်မှာ မြို.ဦးထိပ်တွင် တည်ရှိသည်. အပြင် မြစ်နှင်.လည်း မလှမ်းမကမ်းတွင် ရှိခြင်း.ကြောင်. ရေလမ်းရော ကုန်းလမ်းကပါ ဖူးမြှော်နိုင်မည်ဟု တွေးတောမိကာ ဥယျဉ် ပိုင်ရှင်ထံ မြေနေရာ ရောင်းချပေး၇န် မေတ္တာရပ်ခံခဲ့လေသည် .. ဥယျဉ် ပိုင်ရှင် ဦးလန်းကလည်း မိမိမှာ ချို.တဲ့သူ မဟုတ်...မြေမှာလည်း ဘိုးဘွားပိုင်ဖြစ်၍ ငွေကြေးဖြင်. မရောင်းလို သို.သော်စေတီတည်ထားခြင်းဖြစ်သောကြောင်. ဥယျဉ်မြေ အားလုံး အလှုခံပါ သာသနာ.မြေအဖြစ် လှုပါမည်ဟု အကြောင်းပြန်ခဲ့ပါသည်....



၁၂၅၃ (၁၈၉၁ ခန်.) တွင် မြို.ပေါ်ရှိ မထေရ်ကြီးများ ပင်.ပြီးအောက်ခြေ ပစ္စယံ လုံးပတ် အကျယ် ၁၀၁ ပေရှိ စေတီတော်ကြီးကို ပန္နက် ချခဲ့ပါသည်.. မြတ်ဗုဒ္ဓနှင်. ရဟန္တာ တို.၏ ဓါတ်တော်များ ရတနာပစ္စည်းများ ဌာပနာထားရာ သိန်းတန်သည်. မြတစ်လုံး ပါခဲ့သဖြင်. ဆရာတော် ဦးမေဓာ က မြသိန်းတန် စေတီတော်ဟု ဘွဲ.မည် တပ်ခဲ့ပါသည်... စေတီတော်ကို အစွဲ ပြု၍ စေတီတည်ထားရာ ၇ပ်ကွက်ကိုလည်း ယခင် စလေစုမှ မြသိန်းတန် ရပ်ကွက်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်...မြသိန်းတန် စေတီတော်ဟူသော ဘွဲ.တော်နှင်.ပတ်သက်၍ သိသလောက် ယောနယ် မင်းရွာတွင် မုဌော မြသိန်းတန် စေတီဟူသော စေတီ တစ်ဆူရှိသကဲ့သို. မင်းကွန်းတွင်လည်း မြသိန်းတန်ဟူသော ဘွဲ.နှင်. စေတီတစ်ဆူရှိပါသည်...ပြည်ဘက်တွင်လည်း တစ်ဆူရှိပါသည်.. ရန်ကုန်တွင်တော. ပုဇွန်တောင်ဘက်တွင် ကြားဖူးပါသည်....


မြစ်ဘက် မျက်နှာမူ တည်ထားသော တန်ဆောင်းတွင်းမှ ဆင်းတုတော်များ
၁၂၅၄ (၁၈၉၂ ခန်. ) ခုနှစ်တွင် အရေးပိုင် ဦးဖိုးဖေ မိသားစုက စေတီတော်အရှေ.ဘက်တွင် ပိဋိကတ်တိုက် နတ်လမ်း တန်ဆောင်းတို.ကို လှုဒါန်းခဲ့ပြီး စေတီတော်ကြီးအားရွှေသက်န်းဆက်ကပ်လှုဒါန်းခဲ့ပါသည်.. ထိုအချိန်က စေတီတော် မြောက်ဘက်တွင် တန်ဆောင်းတော်မှ မြစ်ဆိပ်ထိ ဘုံနှစ်ဆင်.ပါ ရေဆင်းတံတားနှင်. နတ်လမ်း ထိုဝဲယာ ဘေးနှစ်ဖက်တွင် ဥပုသ်သည် ဇရပ်များ ဖြင်.စည်ကားခဲ.သော်လည်း ယခုအခါ မြစ်ကမ်းပါးပြို သည်.ထဲသို. အားလုံးလိုလို ပါကုန်ပြီဖြစ်ပါသည်...ထို.ပြင် ၁၂၈၃ တပေါင်းလပြည်.(၁၉၂၁ခန်.) ညနေပိုင်း လေပြင်းကြောင်. ထီးတော်မြေခခဲ့ရသည်.အပြင် ပိဋိကတ်တိုက် အမိုးများလည်းပျက်စီးခဲ့ရပါသည် ..ထို.ကြောင်. ဦးဖိုးမောင်ဦးစီး၍ ဒုတိယအကြိမ် ထီးတော် တင်လှုခဲ့ရပါသည်...

စေတီတော် အ၀င် ညာဘက်ခြမ်းမှ သိမ်တော်
သို.သော် ထိုထီးတော်မှာ အရွယ်အစားသေးငယ်သော သံထီးတော်ဖြစ်ပါသည် ရာသီဥတုဒါဏ်ကြောင်. ထပ်မံတင်လှုသော ထီးတော်မှာ ယိုယွင်းလာသဖြင်. ကံလှကျောင်းဆရာတော် ဦးသံဝရ မှ ဥိးစီးပြီး ဦးမောင်မောင်ကြီး ဦးနက်ကြီးတို.ကို ခေါင်းဆောင်စေကာ ၁၃၀၃ (၁၉၄၁ ခန်. ) တွင် တတိယအကြိမ် ထီးတော် တင်လှုပူဇော်ခဲ့ပါသည် ... (ဒီဘက်ခောတ် မှာ နောက်တစ်ကြိမ် ထပ်တင်ဖြစ်သေးတယ်လို.တော.သိရပါတယ်)...ဘုရားပွဲတော်ကို နှစ်စဉ်ကျင်းပခဲ.သော်လည်း အင်္ဂလိပ် အစိုးရ အုပ်ချုပ်စဉ်ကာလ က ပိတ်ပင်ခံခဲ့ရပါသည်..စောင်.ေ၇ှာက်သူလည်း နည်းပါးလာ၍ ချုံနွယ် ပိတ်ပေါင်းများဖုန်းလွှမ်းကာ အဆောက်အဦးများလည်းယိုယွင်းလာခဲ့ပါသည် ထိုမှနေ၍ မြသိန်းတန် ရပ်ကွက်နေ ပန်းချီဦးတင်ရွှေ၏ အဘ ဖြစ်သူ ဦးနီ မှ ထိုခြုံနွယ်တို.ကို အမြဲတာဝန်ယူရှင်းလင်းပေးနေခဲ့ပါသည် ဆေးဆရာကြီး ဦးကျော်မောင် ခေါင်းဆောင်သော ဥပသကာများ ဦးသန်းမောင်ခေါင်းဆောင်သော လူငယ်များက သာသနာတော်သက္ကရာဇ် ၂၅၀၀ တိုင်အောင် လက်ဆင်.ကမ်းထိမ်းသိမ်းခဲ့ကြပါသည် ...

စေတီတော် ၀င်းအတွင်းမှ ကံလှ ကျောင်း

၁၃၄၂ (၁၉၈၀ ခန်. ) တွင်ကံလှကျောင်းဆရာတော် ဦးသံဝရ က ၀တ္ထုငွေ ကျပ်တစ်သောင်း မတည်ပေးပြီး ဂေါပက ၆၆ယောက်ကို တစ်ဦးကျပ်တစ်ရာ ထည်.၀င်စေလျှက် အပျက်အစီးများကို ပြန်လည်မွမ်းမံခဲ့ပါသည် ... ထိုဂေါပက အဖွဲ့.ကို ဥက္ကဌ ဦးထွန်းရှိန် အတွင်းရေးမှုး ပန်ချီ ဦးတင်ရွှေတို.က ဦးဆောင်ခဲ့ပါသည် ၀ါးခယ်မအသင်း (ရန်ကုန်) နှင်. မြို.တွင်း စေတနာရှင်တို.၏ အလှုငွေဖြင်. ကြေးသင်္ကန်း ဆက်ကပ် လှုဒါန်းနိုင်ခဲ့ပြီး ၅.၁.၂၀၀၃ ခုနှစ်တွင် ၁၉လမ်း ၄ရပ်ကွက် လသာမြို.နယ်နေ ဦးသိန်းဝင်း ဒေါ်နီ မိသားစုတို.၏ လှုဒါန်းမှုဖြင်. ငွေကျပ် ၁၇၅ သိန်းအကုန်ကျခံကာ လုံးတော်ပြည်.ရွှေသက်န်းကပ်လှု ပူဇော်ခဲ့ပါသည်...ပြီးခဲ့သော နှစ် အနည်းငယ်က စေတီတော်၏ စိန်ဖူးတော်အားခိုးယူခြင်းခံခဲ့ ရပါသေးသည်....ထို စိန်ဖူးတော်ခိုးယူသူကို၂၀၁၂ နှစ်ကုန်ပိုင်းကမှ သူကျုးလွန်ခဲ့သော အခြားအမှု တစ်ခုတွင် ဖမ်းဆီးရမိခဲ့ပြီး သူတို.အဖွဲ.အနေနှင်. ထိုကဲ့သို.အမှုမျိုး ဆယ်ဂဏန်းခန်.ကျုးလွန်ခဲ့ကြောင်းသိရှိရပါသည်....အမှုစစ်ဆေးစီရင်ပြီးနောက် မြသိန်းတန် စေတီ၏ စိန်ဖူးတော်မှ အရည်ကျိုပြီးသား ရွှေ ၅ ကျပ်သားခန်.သာ ပြန်လည်ရရှိ  ခဲ့ပါသည်.....အချို.ကို သုံးစွဲပြီး အချို.ကတော. အထက်ဘက်ရှိ မြစ်တစ်ခုအတွင်း ရေချဖျောက်ဖျက်ခဲ့သည်ဟု သိရပါသည်...

စေတီတော် အ၀င် စောင်းတန်းနှင်. ဘယ်ဘက်ခြမ်းမှ ဓမ္မာရုံ

ဘုရားပွဲတော်ကို နှစ်စဉ် ဇာတ်ပွဲများ သီချင်းဆိုပြိုင်ပွဲများ ကံစမ်းမဲ ဖောက်ခြင်း စသည်တို.ဖြင်.စည်ကားစွာ ကျင်းပလေ.ရှိပါသည် ယမန်နှစ်ပွဲတော်ကို ဧပြီလ ၁၅..၁၆..၁၇ တို.တွင် သီချင်းဆိုပြိုင်ပွဲ ၁၈..၁၉တို.တွင် ဆန်းသစ် ဇာတ်သဘင်ဖြင်. ကပြဖျော်ဖြေခဲ့ပါသည်...ဘုရားပွဲ ကာလ တစ်စောင်လျှင် ၅၀၀ ဖြင်.ကဲစမ်းမဲလက်မှတ်ရောင်းပြီး ပွဲအပြီးမဲဖောက်ပေးခဲ့ရာ ဆိုင်ကယ်ကိုတော. GTI ကျောင်းသားကျော်ကိုကိုလင်း ကပေါက်သွားခဲ့ပြီး GSM ဖုန်းကိုတော. ရွာက ဆရာမ တစ်ဦးပေါက်သွား ပါသည် စက်ဘီးကိုတော. ညောင်ချောင်းက အမျိုးသမီးတစ်ယောက်ပေါက်သွားပါတယ် ပျော်စရာလည်းကောင်း ကုသိုလ်လဲ၇ အစီစဉ်ဖြစ်ပါသည်


၂၀၁၂ ခုနှစ် ဘုရားပွဲကျင်းပစဉ်
(ရွေရတုမဂ္ဂဇင်းပါ ဂေါပကအဖွဲ.၏ ဆောင်းပါးပါအချက်အလက်များကို အဓိက မှီငြမ်းပါသည် )

၁၁ နှစ် Raping ထောင်ဒါဏ် ၄၃၁ နှစ်

                 ၁၁ နှစ်အရွယ် မိန်းကလေးအား ၁၈ နှစ်ကြာ အကျဉ်းချထားပြီး အဓမ္မ ပြုကျင့်ခဲ့သူအား ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်



 
၁၁ နှစ်အရွယ် ဂျေစီဒူးဂတ် ဆိုသူ မိန်းကလေးအား အသက် ၂၉ နှစ် အရွယ်အထိ ၁၈ နှစ်ကြာ အကျဉ်းချ အဓမ္မပြုကျင့်ခဲ့သူ ဖိလစ်ဂါရီဒို ဆိုသူအား တရားရုံးက ဇွန်လ ၂ ရက်နေ့တွင် တရားရုံးက ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ဂျေစီဒူးဂတ်အား အကျဉ်းချ နှိပ်စက်မှုများတွင် ပါဝင် ပတ်သက်ခဲ့သော ဖိလစ်ဂါရီဒို၏ ဇနီးဖြစ်သူ နန်စီဂါရီဒိုကိုလည်း ကာလီဖိုးနီးယား ပြည်နယ် အယ်လ်ဒိုရာဒို ကောင်တီ တရားရုံးက ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခဲ့သည်။ ကျူးလွန်ခံခဲ့ရသည့် ဒူးဂတ်သည် စီရင်ချက်ချသည့်နေ့တွင် ကိုယ်တိုင် တက်ရောက် နားထောင်ခြင်း မရှိဘဲ မိခင်ဖြစ်သူကသာ သူ၏ ထွက်ဆိုချက်ကို ကိုင်ဆောင်ပြီး တက်ရောက်ခဲ့သည်။
ဂျေစီဒူးဂတ်၏ ထွက်ဆိုချက်ကို မိခင်ဖြစ်သူ တယ်ရီပရိုဗင်က တရားရုံးတွင် ဖတ်ပြခဲ့သည်။ ၁၉၉၁ ခုနှစ်က ကာလီဖိုးနီးယားပြည်နယ် တာဟိုးကန် တောင်ပိုင်းရှိ နေအိမ်ရှေ့တွင် ကစားနေစဉ် ပြန်ပေးဆွဲခံခဲ့ရသော ဒူးဂတ်သည် ယခုအခါ အသက် ၃၁ နှစ် ရှိနေပြီ ဖြစ်သည်။
ဒူးဂတ်ကို ၂၀၀၉ ခုနှစ်တွင်မှ အာဏာပိုင်များက ပြန်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ဂါရီဒို လင်မယားသည် ၎င်းတို့အိမ်ရှိရာ ကာလီဖိုးနီးယား ပြည်နယ်၊ အန်တီယို့ခ်ျရှိ မြေအောက်ခန်းတွင် ဒူးဂတ်ကို ဖမ်းထားခဲ့သည်။ ဒူးဂတ်သည် ဂါရီဒိုနှင့် ကလေး နှစ်ယောက် ရခဲ့သည်။
ဒူးဂတ်၏ ထွက်ဆိုချက်တွင် ''ရှင်ရှိနေတဲ့ နေရာမှာ ကျွန်မဘ၀ရဲ့ နောက်ထပ် တစ်စက္ကန့်ကိုမျှ မဖြုန်းတီးပစ်ချင်တော့လို့ ဒီနေ့ ဒီနေရာမှာ ကျွန်မ ရှိမနေတာပါ''ဟု ဖော်ပြထားခဲ့သည်။
''ဖိလစ်၊ ရှင့်ရဲ့ ဖျော်ဖြေရေး အတွက် ကျွန်မကို အရာဝတ္ထု တစ်ခုလို အမြဲ အသုံးချခဲ့တယ်။ ရှင်နဲ့ ရှင့်ရဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် ၁၈ နှစ်လုံး နေ့တိုင်း စက္ကန့်တိုင်း အမုန်းတရားတွေနဲ့ ပြည့်နှက်နေခဲ့ရတယ်။ နန်စီ၊ ရှင့်ကိုတော့ ဘာမှ မပြောလိုပါဘူး။ ရှင်တို့ နှစ်ယောက်စလုံးရဲ့ အနှစ်မပါတဲ့ စကားလုံးတွေနဲ့ တောင်းပန်မှုတွေကို ထပ်ပြောမနေပါနဲ့တော့။ ရှင်တို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် ကျွန်မလိုပဲ ရှင်တို့မှာ အိပ်မပျော်နိုင်တဲ့ညတွေ အများကြီး ရှိမယ်လို့ မျှော်လင့်ပါတယ်''ဟု ခံစားချက် အပြည့်ဖြင့် ရေးသားထားသော ထွက်ဆိုချက်ကို တင်ပြခဲ့သည်။
''ကျွန်မဘ၀နဲ့ ကျွန်မမိသားစုကို ခိုးယူသွားတဲ့ အဲဒီနှစ်တွေ အတွက် ကျွန်မ အရမ်း ဒေါသထွက်ခဲ့တယ်။ အခုချိန်မှာတော့ နေလို့ကောင်းနေပါ ပြီ။ ခြောက်အိပ်မက်တွေ ရှိမနေတော့ပါဘူး။ ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေ ရှိနေပြီ။ ရှင်တို့ ကျွန်မဆီက ဘယ်တော့မှ ထပ်မယူသွားနိုင်မဲ့ အရာတွေပေါ့။ ရှင်တို့ဟာ ကျွန်မအတွက် အရေးမကြီးတော့ဘူး''ဟု ဒူးဂတ် က ပြောကြားခဲ့သည်။
ကာလီဖိုးနီးယားပြည်နယ် ဥပဒေအရ ဂါရီဒို ကျူးလွန်ခဲ့သော ပြစ်မှုများ အတွက် သေဒဏ်ချမှတ်၍ မရနိုင်ကြောင်း သိရသည်။ အသက် ၆၀ ရှိပြီ ဖြစ်သော ဂါရီဒိုသည် ယခု စီရင်ချက်ကို အယူခံဝင်နိုင်သည်ဟု သိရသည်။

@ sites.google.com/site/ashinvisuta11/7

ခွေးတွေရှေ.မှာ သမ်းပြ လို.တဲ့

  
ဆွီဒင်သုတေသီများက ခွေးများသည် သက်တမ်းခုနစ်လ ကျော်လာသောအခါ ၎င်းတို့အနီးဝန်းကျင်ရှိ လူအများသမ်းဝေခြင်းကို လိုက်လံအတုခိုးတတ်ကြကြောင်း ၎င်းတို့ယူဆသည်ဟုဆိုသည်။ ဆွီဒင်နိုင်ငံ လန်းတက္ကသိုလ်မှ သုတေသီများက လူနှင့်ခွေးများတွင် ကြာမြင့်စွာသမ်းဝေတတ်ခြင်းသည် အသက်အရွယ်နှင့် ဆက်စပ်နေသည်ဟု အဆိုပါတက္ကသိုလ်ထုတ် ဂျာနယ်တစ်စောင်တွင် ရေးသားဖော်ပြကြသည်။ အဆိုပါသုတေသီများက သမ်းဝေတတ်ခြင်းသည် အတုခိုး၍ကူးစက်တတ်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်း ဆိုကြသည်။

          ၎င်းတို့ ယခင်ကပြုလုပ်သည့် သုတေသနများအရလည်း လူများ၊ ချင်ပန်ဇီမျောက်များ၊ ဘာဘွန်းမျောက်များနှင့် ခွေးများသည် အတုခိုးတတ်ကြကြောင်း တွေ့ရှိခဲ့သည်ဟုဆိုသည်။ အဆိုပါသုတေသီများသည် အသက်လေးလမှ ၁၄လအတွင်းရှိသည့် ခွေး၃၅ကောင်ကို သုတေသနပြုရာတွင် လူများသည် ၎င်းတို့ရှေ့တွင် ကြိမ်ဖန်တလဲလဲ သမ်းဝေပြပါက အသက်အရွယ် ခုနစ်လထက်ကျော်သော ခွေးများသည်လည်း အတုခိုး၍သမ်းဝေကြကြောင်း တွေ့ရှိရသည်ဟု သိရသည်။

 @ satekuupuyar.blogspot.com

Monday, February 25, 2013

The X Factor NZ စင်မြင့်ထက်ပေါ်က မြန်မာလူငယ်လေး ဆန်းထိုက်အောင်

The  X Factor NZ စင်မြင့်ထက်ပေါ်က မြန်မာလူငယ်လေး ဆန်းထိုက်အောင် (သို့)
မြန်မာပြည်မှာ အဆိုတော်တဦးဖြစ်ချင်တဲ့ နယူးဇီလန်ရောက် မြန်မာလူငယ်လေး
ခင်လွန်း (ခေတ္တနယူးဇီလန်)၊ ဖေဖော်ဝါရီ၊ ၂၅ ။၂၀၁၃

ကိုင်း … ဒီတနှစ်တော့ဖြင့် ကျနော်တို့ရွှေမြန်မာများသည်လဲ တခြားနိုင်ငံသားများနည်းတူ ဂလိုဘယ်အဆင့်နဲ့ ဆိုင်မွန်ကောင်ဝဲလ် (Simon Cowell )ရဲ့ (X Factor) အမေရိကန်ဒေါ်လာ ၅ သန်းထိုက် အဆိုပြိုင်ပွဲကြီးမှာ ကိုယ်နဲ့တိုက်ရိုက်ပတ်သက် ကိုယ့်နုလုံးသားနဲ့တိုက်ရိုက်နှီးနွယ် နီးကပ်စွာ ဖိဖိစီးစီးအားပေးကြဖို့ ဖြစ်လာခဲ့ပါပြီ။
ဆိုင်မွန်ကောင်ဝဲလ် (Simon Cowell )ရဲ့ ကမ္ဘာ့အကြီးအကျယ်ဆုံး အဟိန်းအထဆုံး ဂလိုဘယ်အဆိုပြိုင်ပွဲ (X Factor) အစီအစဉ်ကို အထူးအထွေ မိတ်ဆက်ပေးနေစရာ လိုမယ်မထင်တော့ပါဘူး။ ဒီနှစ်မှာတော့ ကမ္ဘာ့ရုပ်ရှင်စတီရီယိုကြီးလို့ခေါ်ရလောက်အောင်လှပတဲ့ နယူးဇီလန်ကျွန်းနိုင်ငံလေးမှာ အဲ့ဒီ ပြိုင်ပွဲကြီးဟာ ဂီတလိုင်းမျိုးစုံ အသွေးအရောင်မျိုးစုံ အရွယ်မျိုးစုံတို့ပြန့်လွှင့်စီးမျောရင်း ပြိုင်ပွဲဝင်တွေက သူ့ထက်သူ လူစွမ်းကောင်းဖြစ်ကြောင်း သည်းကြီးမည်းကြီးနဲ့ ဆိုကြဟစ်ကြ ဟဲကြ နွှဲကြတော့မှာပါ။ အဲဒီ့အချိန်       ဆိုရင် ကမ္ဘာတလွှားက ဂီတချစ်မြတ်နိုးသူတွေဟာ တီဗီမျက်နှာပြင်ပေါ်မှာ အဲဒီ့ အဆိုသူရဲကောင်းပါရမီရှင်တို့ရဲ့ ကိုယ်စိတ်၊ ခံစားမှုအလုံးစုံကိုနစ်ပီး ပြိုင်ပွဲဝင်ဆိုဟန်တွေကို တသသစွဲရင်း မိမိဆန္ဒစွဲလေးတွေ မိမိမျှော်မှန်းတွက်ဆမှုလေးလေးတွေနဲ့အတူ ရက်သတ္တပတ်များစွာ မှိန်းမော ဖိုလှိုက် ရင်ခုန် အားပေးကြရတာ နောက်ဆုံးအထိ ရင်ခုန်လှိုက်မောမှုနဲ့ပါ။

တကယ်တော့ အဲဒီ့ပြိုင်ပွဲနဲ့ ပြိုင်ပွဲဝင်သူတွေဟာ ကျနော်တို့နဲ့ဆို တိုက်ရိုက်ပတ်သက်ဆက်စပ်မှုမရှိသလောက်မို့ ကျနော်တို့အားပေးကြရပုံက ခပ်လှမ်းလှမ်း ခပ်ဝေးဝေးကနေ ကိုယ့်အမြင် ကိုယ့်အထင် ကိုယ့်ဘ၀င်နဲ့ကိုယ် ကိုယ်သန်ရာစွဲရင်း အဆိုရှင်တယောက်ယောက်၊ ဒါမှမဟုတ် တဖွဲ့ဖွဲ့ကို အားပေးကြရတာမျိုး၊ ပြောရရင် နတ်ကရာ ကြည့်မောရတာမျိုးလောက်ပဲ မဟုတ်လား။
ဆိုတော့ … ဒီတနှစ်တော့ဖြင့် ကျနော်တို့ရွှေမြန်မာများသည်လဲ တခြားနိုင်ငံသားများနည်းတူ ဂလိုဘယ်အဆင့်နဲ့ ကိုယ်နဲ့တိုက်ရိုက်ပတ်သက်နီးကပ်စွာ ကိုယ့်သွေးကိုယ့်သား အရင်းအချာကို ဖိဖိစီးစီးအားပေးကြဖို့ ဖြစ်လာခဲ့ပါပြီ။
မြန်မာလူငယ်လေးတဦး၊ ဒါမှမဟုတ် မြန်မာနိုင်ငံကိုတခါဖူးမှခြေမချ မရောက်ဖူးသေးတဲ့ မြန်မာလူငယ်လေးတဦး။ လေးဖြူတို့ မျိုးကြီးတို့ကိုအားကျပြီး မြန်မာပြည်မှာ အဆိုတော်တဦးဖြစ်ချင်တဲ့ နယူးဇီလန်ကျွန်းနိုင်ငံရောက် မြန်မာလူငယ်လေး ဆန်းထိုက်အောင်။
မိဘတွေက ၈၈ အရေးတော်ပုံကြီးမှာ  ပါဝင်ခဲ့ပြီး တိမ်ူးေ၇ှာင်လာခဲ့ရာက သူဟာ တောမြောင်လျှိုကမ်းပါးကြီးတွေအကြားမွေးဖွားခဲ့ပြီး ဒုက္ခသည်စခန်းမှာ လူလားမြောက်ခဲ့ရသူ။ The     X Factor လိုပြိုင်ပွဲကြီးကို  သိုးဆောင်းဘာသာစကားနဲ့ ပြိုင်ပွဲဝင်ဖို့မဆိုထားနဲ့ နယူးဇီလန်ကျွန်းလေးကိုရောက်စက ဘာသာစကားအခက်အခဲကြောင့် ကျောင်းကင်တဲန်းမှာ သူပြောတတ်တဲ့ Pieတမျိုးထဲကိုသာ ရက်ပေါင်းများစွာ စားနေခဲ့ရတဲ့သူ။ ခုတော့ ကျွန်းလေးပေါ်မှာ ၂ နှစ်အကြာ The  X Factor NZ ပြိုင်ပွဲကို ၀င်တိုးကြတဲ့ အဆိုရှင် လူပေါင်း ၆၀၀၀ လောက်ထဲမှာ သူက The Scriptရဲ့ Breakevenသီချင်းကိုဆိုပြီး ပြိုင်ပွဲဝင်ခဲ့ရာက ခုတော့ ပဏာမ လူ ၃၀၀ ထဲမှာ ရွေးချယ်ခံခဲ့ရပါပြီ။


ထိုင်းနိုင်ငံရဲ့ပီဘိတောနက်မည်းကြီးထဲက ဒုက္ခသည်စခန်းတခုမှာ တော်လှန်ရေး ဂစ်တာသမားကြီးတဦးဆီကနေ ဂစ်တာတီးတဲ့ပညာအခြေခံနဲ့ သူ့ရဲ့ပင်ကိုယ်ပါရမီတို့ကြောင့်  Glen Innes Talent Quest ဆိုတဲ့ သီချင်းဆို ဂစ်တာတီး၊ အကမျိုးစုံပါဝင်တဲ့ Talent မျိုးမှာလဲ ဒုတိယဆုရခဲ့ဖူးတာကြောင့် သူကိုယ်သူ ယုံကြည်မှုရှိနေတဲ့လူငယ်လေးဖြစ်ပါတယ်။ ခုတော့ pop နဲ့ soft rock စတိုင်ကို နှစ်သက်တတ်သူဟာ ခုဆို တကမ္ဘာလုံးကစောင့်ကြည့်နေကြတော့မယ့် X Factor ပြိုင်ပွဲကြီးမှာ မြန်မာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူ့ကိုယ်သူ မိတ်ဆက်လိုက်ပါပြီ။ ဆိုတော့ ကျနော်တို့တွေ ခပ်ဝေးဝေးခပ်လှမ်းလှမ်းကနေခဲ့ရတာမျိုးမဟုတ်တော့ဘဲ ကိုယ်တိုင် စင်ပေါ်တက်နိုင်ခဲ့ကြပြီမဟုတ်လား။ အားပေးကြတာပေါ့ဗျာ။
အခုဆို သူ့ရဲ့(ဆန်းထိုက်အောင်)ဘ၀ပုံရိပ်အချို့ကို တာဝန်ရှိအဖွဲ့တွေက ဗီဒီယို ရိုက်ကူးယူသွားခဲ့ပြီး သလို အင်တာဗျူးမေးမြန်းမှုအဆင့်တွေလည်း ပြီးစီးသွားခဲ့ပါပြီ။ အားကစားမှာလဲ ထူးချွန်တဲ့သူ့ရဲ့ ဘောလုံးကစားဟန်အပါအ၀င် မိဘမောင်နှမတွေနဲ့အတူ မြန်မာမိသားစုတစုရဲ့နေမှုပုံစံတွေကိုလဲ ရိုက် ယူသွားတာမို့ သူပြိုင်ပွဲဝင်မယ့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ညမှာတော့ The X Factor NZ ရဲ့အစီအစဉ်ကို TV 3 ကနေ ကျနော်တို့ ကမ္ဘာတလွှားနိုင်ငံပေါင်းများစွာမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားများ အားလုံး အနီးကပ်စောင့်ကြည့်အားပေးနိုင်ကြပါပြီ။


သူက အဲဒီ့ညမှာ  Enrique Iglesias ရဲ့ HERO ဆိုတဲ့သီချင်းနဲ့ပြိုင်ပွဲဝင်ရင်း မြန်မာနိုင်ငံသားအားလုံးရဲ့ အားပေးမှုကို မျှော်လင့်နေမယ်လို့ဆိုပါတယ်။ ကျနော်တို့တွေက သူ့ကို အဆင့်အဆင့်တွေ အထပ်ထပ် နဲ့ ရင်ဖိုမောလျရတဲ့ပြိုင်ပွဲကြီးမှာ သူ့ကို အဆင့်တိုင်းအဆင့်တိုင်းမှာ အောင်မြင်စွာကျော်လွှား ဖြတ်သန်း နိုင်ပါစေလို့ဆုတောင်းပေးရင်း ရင်ခုန်ကြပါစို့လို့ အာရုံများနိုးဆွပေးလိုက်ကြောင်းပါ။ 

(ဓာတ်ပုံများ –  Glen Innes Talent Quest  ပြိုင်ပွဲ ဆုရရှိစဉ် အမှတ်တရနဲ့  ဒုက္ခသည်စခန်းမှာနေစဉ်က… ဖြစ်ပါတယ် အခြားဓာတ်ပုံတွေက သူ့ရဲ့ဆိုဟန်စတိုင်များဖြစ်ပါတယ်

Khin Lun @ Moemakha  http://moemaka.com/?p=32527

သီလရှင် အကြောင်း သိကောင်းစရာများ

သီလရှင်စတင်ဖြစ်ပေါ်လာပုံ၊ သီလရှင်ထံမှ သီလယူလို့ရမရ၊ သီလရှင်အား မိဘများ၊ ယောက်ျားလေးများက ရှိခိုးသင့်လားစတဲ့ ...မေးခွန်းများကို ဦးဇင်းဆီ မကြာခဏ မေးခွန်းတွေ ရောက်လာပါတယ်။

  
ဒါကြောင့် သီလရှင်အကြောင်းနဲ့ပတ်သတ်ပြီး ဆရာရဝေထွန်း ရေးသား ထားတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင် သမိုင်းစာအုပ်ကို လေ့လာခဲ့ပါတယ်။ အဲဒီမှာဖော်ပြထားတာ က သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု ၀န်းကျင်လောက်မှာ သီလရှင် စတင်ဖြစ်ပေါ် လာတယ်လို့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။ ဘိက္ခုနီ သာသနာဟာ သီဟိုဠ်ကျွန်းတွင် အေဒီသုံးရာစုဝန်း ကျင်မှာ နောက်ဆုံး တည်ရှိခဲ့ပြီး ကွယ်ပျောက်သွားခဲ့တယ်လို့ ဘိက္ခုနီ သာသနာ အကြောင်း ရေးသားထားတဲ့ တရုတ်ရဟန်းတော် ဖာဟီယန်မှတ်တမ်းက ဆိုပါတယ်။

အဲဒီလို ဘိက္ခုနီသာသနာကွယ်ပြီးနောက်ပိုင်း သာသနာနှစ် (၉၀၀)ကနေ (၁၄၀၀) အတွင်း (အေဒီသုံးရာစုကနေ အေဒီကိုးရာစု) ပျုခေတ်မှာ ပျု အမျိုးသမီးများ သီလရှင်ဝတ်လာကြပါတယ်။ အဲဒီတုန်းက သီလရှင်ကိုတော့ ပရိဗိုဇ်မယ်လို့ ခေါ်ပါတယ်။ အဲဒီကနေ ပုဂံခေတ်၊ အင်းဝခေတ်အထိ သီလရှင်များ အဆက်ဆက် ထွန်းကားလာပြီး ကုန်းဘောင်ခေတ်ထိ ရောက်လာ ပါတယ်။ ကုန်းဘောင်ခေတ်တွင် မယ်ခေမာအမည်ရှိတဲ့ သီလရှင် မယ်ကင်းတို့ ခေတ်မှာ သီလရှင်များ ပိုမိုထင်ရှားလာပါတယ်။ အဲဒီလို ထင်ရှားလာရာကနေ တဖြည်းဖြည်းချင်း သီလရှင်ဝတ်ကြသူ အမျိုးသမီးများ ပေါများတာကြောင့် သီလရှင်များ ယခုအချိန်ထိ ထွန်းကားနေခြင်း ဖြစ်ပါတယ်။ ဒါကတော့ သီလရှင်စတင်ဖြစ်ပေါ်လာပုံပါ။


 

တစ်ခါ သီလရှင်ကို ယောက်ျားလေးများ၊ မိဘများက ရှိခိုးသင့်၊ ရှိမခိုးသင့်နဲ့ ပတ်သတ်ပြီး ပြောပြပေးရမယ်ဆိုရင်

သီလသိက္ခာပုဒ်အနည်းအများအပေါ်မူတည်ပြီး သီလနည်းသူက သီလများ သူကို ရှိခိုးရပါမယ်။ ဒါနဲ့စပ်ပြီး ရှင်းလင်းသွားအောင် မြတ်ဗုဒ္ဓမိန့်ကြားခဲ့တဲ့ စကားတော်လေးပါ ပြောပြပေးပါမယ်။

မြတ်ဗုဒ္ဓ ဝေသာလီပြည်ကနေ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း တော်ကို ကြွတော်မူတဲ့အခါ ဆဗ္ဗဂ္ဂီရဟန်းများဟာ ဒါက ငါတို့ဥပဇ္ဈာယ်ဆရာအတွက်၊ ဒါက ငါတို့ကမ္မ၀ါစာ ဆရာအတွက်၊ ဒါက ငါတို့အတွက်ဆိုပြီး အိပ်ရာနေရာများ ဦးထားကြပါတယ်။ အဲဒီလိုဦးထားတဲ့အခါ ဇေတ၀န်ကျောင်းကို နောက်မှ ရောက်လာတဲ့ မထေရ်များအတွက် အိပ်ရာနေရာ မရှိကြဘဲ ဖြစ်နေပါတယ်။ အဆိုးဆုံးကတော့ မြတ်ဗုဒ္ဓရဲ့ လက်ယာရံ၊ ဉာဏ်ပညာမှာ ဧတဒဂ်ရထားတဲ့ ရှင်သာရိပုတ္တရာရောက်လာတာကို အိပ်စရာနေရာမပေးဘဲ နေကြတာပါ။ ဒါနဲ့ သူတော်ကောင်း ဆိုတော့ ဘယ်သူကိုမှ ဒုက္ခမပေးဘဲ ရှင်သာရိပုတ္တရာဟာ မြတ်စွာဘုရားကျိန်းစက်ရာ ဂန္ဓကုဋီကျောင်းဆောင်နားက သစ်ပင်ရင်းမှာ ထိုင်ရင်း၊ စင်္ကြန်သွားရင်းနဲ့ ညဥ့်အချိန်ကို ကုန်လွန်စေခဲ့ပါတယ်။

မနက်မိုးလင်းတော့ ဘုရားရှင်က ကျောင်းနားရပ်နေတာ “ဘယ်သူလဲ” လို့မေးတော်မူတဲ့အခါ ရှင်သာရိပုတ္တရာက “တပည့်တော် သာရိပုတ္တရာပါ ဘုရား” လို့ လျှောက်ပါတယ်။ ထိုအခါ ဘုရားရှင်က “ဘာ့ကြောင့်ဒီလို ဖြစ်ရတာလဲ”လို့ မေးတော့ ရှင်သာရိပုတ္တရာက ဖြစ်ကြောင်းကုန်စဉ် လျှောက်ထားလိုက်ပါ တယ်။ မထေရ်စကားကိုကြားရတဲ့အခါ မြတ်ဗုဒ္ဓက “ငါဘုရားရှိစဉ်မှာတောင် ရဟန်းတစ်ပါးနဲ့တစ်ပါး ရိုသေလေးစားခြင်း မရှိကြဘူး ဆိုရင်၊ ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း ဘယ်လိုများ လုပ်ကြမှာလဲ” လို့ 



ဓမ္မသံဝေဂ ဖြစ်တော်မူပါတယ်။ ဒါနဲ့ ရဟန်းသံဃာတော်များကို စည်းဝေးစေပြီး “ရဟန်းတို့ ဘယ်ရဟန်းက နေရာဦး၊ ဆွမ်းဦးထိုက်ပါသလဲ၊ ဘယ်ရဟန်းကို အရိုသေပေးသင့်ပါသလဲ”လို့ ဘုရားရှင်က မေးတော်မူ ပါတယ်။ အဲဒီအခါ ရဟန်းတော်များက “အရှင်ဘုရား မင်းမျိုးကလာတဲ့ ရဟန်းကို အရိုသေ ပေးထိုက် ပါတယ်”၊ “ပုဏ္ဏားမျိုးကလာတဲ့ ရဟန်းကို အရိုအသေပေးထိုက် တယ်”၊ “သူဌေးကနေရဟန်းဖြစ်လာတဲ့ရဟန်းကို အရိုအသေပေးထိုက်တယ်” ဆိုပြီး လျှောက်ကြသလို တချို့က ပဌမဈာန်ရတဲ့ရဟန်း၊ တချို့က ဒုတိယ ဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ရတဲ့ရဟန်းကို အရိုအသေ ပေးထိုက် တယ်။ တချို့ကလည်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများ၊ အဘိညာဉ် ရတဲ့ ရဟန်းတော်များကို အရိုအသေပေးထိုက်တယ်ဆိုပြီး အမျိုးမျိုး လျှောက် တင်ကြ ပါတယ်။

အဲဒီလို အမျိုးမျိုးလျှောက်ကြတဲ့အခါ ဘုရားရှင်က “ရဟန်းတို့ အခုသင်တို့ ပြောတဲ့ မင်းမျိုး၊ သူဌေးမျိုးစတဲ့ရဟန်းများဟာ အဓိကမဟုတ်ဘူး။ အမှန်တော့ ငါဘုရားသာသနာတော်တွင်းမှာ အစဉ်အတိုင်း ကြီးသူကို ရှိခိုးခြင်း၊ ခရီးဦးကြို ဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်း စတာတွေကို ပြုလုပ်ရမယ်” လို့ မိန့်တော်မူခဲ့ပါတယ်။ အဲဒါကြောင့် သီလ၊ သမာဓိ၊ ပညာဂုဏ်၊ အရွယ်ဂုဏ်ကြီး သူတို့ကို အစဉ်အတိုင်း ရိုသေလေးစားရှိခိုးရပါမယ်။ ဒါကြောင့် သီလဂုဏ် ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို သီလသိက္ခာပုဒ်နည်းတဲ့သူက ရှိခိုးရမှာဖြစ်တဲ့အတွက် မိဘများက ငါးပါးသီလသာရှိပြီး၊ သီလရှင်က ရှစ်ပါး၊ ဆယ်ပါးသီလ ရှိတယ် ဆိုရင်တော့ မိဘက သီလရှင်ကို ရှိခိုးရပါမယ်။ တကယ်လို့ မိဘက ဆယ်ပါးသီလ ယူထားမယ် ဆိုရင်တော့ မိဘကို သီလရှင်က ရှိခိုးရပါမယ်။ ကျန်တဲ့ယောက်ျား၊ မိန်းမများကလည်း မိမိတို့က သီလရှင်ထက် သီလ ဆောက်တည်ထားတာ နည်းနေရင် ရှိခိုးရပါမယ်။ များသောအားဖြင့် သီလရှင်များဟာ ကိုးပါးသီလကို စတင်ဝတ်ကတည်းက ယူထားကြတာ များတဲ့အတွက် လူပုဂ္ဂိုလ်များက သူတို့ထက် သီလဆောက်တည် ထားတာ နည်းနေရင် ရိုသေလေးစား ရှိခိုးရပါမယ်။ တန်းတူဖြစ်နေရင်တော့ အသက် သိက္ခာငယ်သူက ရိုသေလေးစား ရှိခိုးခြင်းများ ပြုလုပ်ကြပါ။

ဒါပြင် မြတ်ဗုဒ္ဓက သူတစ်ပါးကို ရိုသေလေးစား ရှိခိုးခြင်းကြောင့် မိမိမှာ အပြစ် မရပါဘူး။ မိမိရှိခိုး ရိုသေလေးစားတဲ့ ပုဂ္ဂိုလ်ကသာ သူ့မှာ ရှိခိုးထိုက် တဲ့ဂုဏ်တွေ မရှိရင် အပြစ်ဖြစ်ပါတယ်လို့ မိန့်တော်မူခဲ့ပါတယ်။ ဒါကြောင့် မိမိတို့က သူတစ်ပါးကို ရိုသေပေးတာ၊ လေးစားတာ၊ ရှိခိုးတာဟာ မိမိအတွက် မကောင်းကျိုးမခံစားရဘဲ သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာ ဆိုတဲ့ ကောင်းကျိုးများသာရလို့ သူတစ်ပါးကို ရိုသေလေးစားမှုပြုဖို့ ၀န်းမလေးသင့်ပါဘူး။ မိမိက ကိုယ့်ထက်သာတဲ့ပုဂ္ဂိုလ်ကို ရိုသေလေးစားခြင်း မပြုမိဘူးဆိုရင်သာ အဲဒီလူဟာ ဖြစ်လေရာမှာ နုံးချာတဲ့မျိုးနွယ်တွင် ပေါက်ဖွားလာရပြီး ဘ၀မှာ အမြဲတမ်းနုံခြာနေပါလိမ့်မယ်။ ဒါကြောင့် မာန်မာန ဆိုတာဟာ မထားသင့်တဲ့နေရာမှာ လုံးဝမထားမိဘဲ တစ်ခါတလေ နဂါးမှန်း သိအောင် အမောက်ထောင် ပြသင့်တဲ့နေရာသာ မာန်မာနကို ထားကြဖို့ လိုပါတယ်။ ဒါဟာလည်းတကယ်လိုအပ်တဲ့အခါမှသာ ထုတ်သုံးရမဲ့ စကားပုံ ဖြစ်ပါတယ်။ မလိုအပ်ဘဲ သွားသုံးမိရင် ဒီစကားပုံဟာလည်း မိမိကို ဒုက္ခ စပါယ်ရှယ် 

ပေးပါလိမ့်မယ်။

 

တစ်ဖန် သီလယူခြင်းနဲ့ပတ်သတ်ပြီး ပြောပြရမယ်ဆိုရင်
*************************************

သီလရှင်ဆရာလေးများဟာ ကိုးပါးသီလဆောက်တည်သူများ ဖြစ်ကြတဲ့အတွက် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ ယူချင်တဲ့လူများကို သီလပေးနိုင်ပါတယ်။ မြတ်ဗုဒ္ဓကလည်း အင်္ဂုတ္တရ တိကအဋ္ဌကထာမှာ “ဥပေါသထဒိဝသေ ပန ပါတောဝ ဘိက္ခုဿဝါ ဘိက္ခုနိယာဝါ ဒသသီလ လက္ခဏာညုနော ဥပါသကဿဝါ ဥပါသိကာယ၀ါ-ဥပုသ်သီလခံယူရာမှာ ရဟန်းထံဖြစ်စေ၊ ဘိက္ခုနီမထံဖြစ်စေ၊ သီလလက္ခဏာကိုသိတဲ့ ဥပါသကာ၊ ဥပါသိကာမထံဖြစ်စေ သီလဆောက်တည်နိုင်ကြောင်း မိန့်ဆိုခဲ့ပါတယ်။

ဒါကြောင့် သီလရှိသူထံမှသာ သီလယူနိုင်တာမဟုတ်ဘဲ သီလလက္ခဏာကို သိသူ၊ သီလကို အစဉ်မှန်မှန် အရှေ့ကတိုင်ပေးနိုင်သူ မည်သူ့ထံမှမဆို
ဆောက်တည်လို့ရပါတယ်။ မိမိကိုယ်တိုင်လည်း သီလကိုအစဉ်အတိုင်း မှန်မှန်ဆိုနိုင်ရင် အိမ်ရှေ့ဘုရားစင်မှာဖြစ်စေ၊ သွားရင်းလာရင်းလမ်းကြုံလို့
စေတီပုထိုးများရှေ့မှာဖြစ်စေ သီလဆောက်တည်လို့ ရပါတယ်။ သီလ ယူတဲ့အခါ မိမိဆောက်တည်ထားတဲ့သီလကို မကျိုးမပေါက်အောင် စောင့်ထိန်း မယ်ဆိုတဲ့ သန္ဒိဋ္ဌာန်ပြတ်သားဖို့သာ အဓိကကျပါတယ်။

 

များသောအားဖြင့် သီလယူတဲ့အခါမှာ ဘာ့ကြောင့် ရဟန်းသံဃာများထံ သီလယူရသလဲဆိုရင် မိမိသီလဆောက်တည်ထားတာကို ဆရာတော်များ၊ နဘေးလာရောက် သီလယူသူများ သိရှိကြတဲ့အတွက် မိမိသီလ ကျိုးပေါက်မဲ့ ဟာကို မလုပ်ဖြစ်အောင်လို့ပါ။ တကယ်လို့များ မိမိက သီလတစ်ပါးပါးကို ကျုးလွန်ချင်စိတ်ဖြစ်လာရင် “အော်-ငါသီလကျိုးရင် ငါ့ကိုအပြစ်ပြောမဲ့လူတွေ၊ ငါသီလကျိုးရင် ငါ့ကိုလူမိုက်လို့ ထင်မြင်မဲ့လူတွေ အများကြီးရှိပါလား”လို့တွေးမိပြီး မိမိသိက္ခာမကျအောင်၊ မိမိအရှက်မရအောင်ထိန်းတဲ့အနေနဲ့ သီလမကျိုးအောင် ထိန်းနိုင်ဖို့ရန် ဖြစ်ပါတယ်။ အဲဒီလိုတွေးမိပြီး သီလ မကျိုးအောင် စောင့်ထိန်းနိုင်တာဟာ လူသူပရိသတ်များတဲ့ နေရာမှာဝိုင်းစုပြီး ဆရာတော်များထံ သီလယူခြင်းရဲ့ အကျိုးကျေးဇူးပါ။ ဒါပြင် မိမိသီလ ယူတဲ့အခါ ကျောင်းကန်ဘုရားတို့မှာနေခြင်းကြောင့် အကုသိုလ်အမှုများကို တွေးတောကြံစည်ခြင်းနဲ့ အချိန်ကုန်မဲ့အစား တရားဘာဝနာပွားလို့ဖြစ်စေ၊ တရားနာလို့ဖြစ်စေ၊ တရားစာအုပ်ဖတ်လို့ဖြစ်စေ၊ အချင်းချင်း တရားစကား ဆွေးနွေးလို့ဖြစ်စေ အချိန်ကုန်လွန်စေအောင်လို့ ဘုန်းတော်ကြီး ကျောင်းများမှာ သွားပြီး သီလဆောက်တည်ခိုင်းခြင်း ဖြစ်ပါတယ်။


သီလရှင်လေးမျိုး
***********

ဒါနဲ့ ဒီနေရာမှာ ဆပ်စပ်မိလို့ သင်္ဂဇာဆရာတော်ရဲ့ သီလရှင်လေးပါးရှိကြောင်း ဥပမာသမူဟဂီရတ္တမကျမ်း၊ သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်မှာ မိန့်တော်မူခဲ့တာကိုလည်း အမှတ်ရတာနဲ့ ရေးသားလိုက်ပါတယ်။ သင်္ဂဇာ ဆရာတော်ဟာ ဒကာ၊ ဒကာမများရဲ့ ပင့်ဖိတ်မှုကြောင့် မန္တလေးကနေ ရန်ကုန်ကို ကြွလာတဲ့အခါ သီလရှင်ဆရာလေးများက ဆရာတော်ကို လှူဖွယ်များ လာရောက်လှူဒါန်းကြပါတယ်။ ဆရာတော်လည်း ဆရားလေး များကို စကားစပ်မိတာနဲ့ နင်တို့ မယ်သီလဘယ်နှစ်မျိုးရှိလဲဆိုတာ သိကြလား။ အဲဒီလိုမေးတော့ ဆရားလေးများလည်း ယောင်ဝါးဝါးဖြစ်နေပြီး တပည့်တော် တို့ မယ်သီလ ဘယ်နှစ်မျိုးရှိတယ်ဆိုတာ မသိပါဘုရားလို့ လျှောက်ကြပါတယ်။ ဒါနဲ့ ဆရာတော်က


တိဘက် သိလရှင် တစ်ပါး
 (၁) ရှစ်ပါးသီလနှင့် ၀ိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းကြိုးကုတ် အားထုတ်ပြီး ပရဟိတအလုပ် လုပ်တဲ့ သီလရှင်ကို မယ်သီလလို့ ခေါ်တယ်။

(၂) အရပ်တကာသို့ လှည့်ပတ်ပြီး အမြဲ ဆွမ်းဆန် အသပြာ အလှူခံနေကာ ကျောင်းတွင်းမှာ မနေတဲ့သီလရှင်ကို မယ်သီလေလို့ ခေါ်တယ်။

(၃) တောင်အရပ်နဲ့မတဲ့ပြန် မြောက်အရပ် သွားလိုက်။ တစ်ခါ မြောက်အရပ် သွားတော့ မြောက်အရပ်နဲ့ မတဲ့ပြန် ဖြစ်လိုက်။ တစ်ဖန် အရှေ့အရပ်နဲ့ မတဲ့ပြန် အနောက်အရပ်လန် ဖြစ်နေတဲ့ အရပ်လေးမျက်နှာမှာ အနေမမှန်တဲ့သီလရှင်ကို မယ်သီလံလို့ ခေါ်တယ်။

(၄) မိမိအဖော်များ တစ်ခြားသွားနေချိန် ဆန်လိုက်ခိုးပြီး မိမိထဲသို့ မရိုးသားတဲ့ နည်းနဲ့ ဆန်ခိုးရောတဲ့ သီလရှင်ကို မယ်သီလောလို့ ခေါ်တယ်။

ဒီလေးယောက်မှာ ပထမတစ်ယောက်သာ ချီးမွမ်းထိုက်တယ်။ အဲဒါကြောင့် နင်တို့လည်း မမိုက်ကြနဲ့ဟု ပြောဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ ဒါက သင်္ဂဇာ ဆရာတော် မိန့်ခဲ့တာကို ဒီနေရာမှာ ဆက်စပ်မိလို့ အမှတ်ရတာနဲ့ ရေးလိုက် တာပါ။ သိချင်လို့ မေးထားကြတဲ့ မေးခွန်းတွေထဲမှာတော့ မပါပါဘူး။


ဂျပန် သီလရှင် တစ်ပါး
 ယခုလောက်ဆို ရှင်းပြရင် သီလရှင် ဖြစ်ပေါ်လာပုံနဲ့ ပတ်သတ်တာက အစ သီလရှင် ဆိုင်ရာများကို အားလုံးနားလည် လောက်ပြီလို့ ထင်မြင်ပါတယ်။ အားလုံး ဗဟုသုတ အသိဉာဏ်များ တိုးပွားကြပြီး မိမိတို့ ပန်းတိုင်ကို လျင်မြန်စွာ လျှောက်လှမ်းနိုင်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေ။
Written by ဆရာတော် အရှင်ကောမလ(ခ) ဆန်နီနေမင်း @ Royal Hero Media


ချက်-မြန်မာ အဘိဓါန်ပြုစုပြီး ရဟန်းပြုခဲ့သူ Chez နိုင်ငံသား တစ်ဦး

“မြန်မာကို ကမ္ဘာက လေးစားတာ သာသနာကြောင့်၊ ဒီသာသနာကို ကြည်ညိုလွန်းလို့ မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏ ကို ...သူပျော်သလောက်နေပါစေ” တဲ့၊ တိပဋိက ယောဆရာတော်က ပြောလိုက်တဲ့ စကားပါ။
ဒါဆို မြန်မာ ဦးဇင်းဖြစ်ချင်တဲ့ အရှင် သရဏဆိုတာ ဘယ်သူလဲ။

 
သူကတော့ ဟိုး အရှေ့ဥရောပက ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေးခေါင်းဆောင်ကြီး မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် ရဲ့ နိုင်ငံဖြစ်တဲ့ ချက်ရီပတ်ဗလစ် (Czech Republic) နိုင်ငံက ချက်လူမျိုး တဦးပါ။ ဗုဒ္ဓ ဘာသာကို ကြည်ညိုလွန်း လို့ ရှင် သာမဏေ အဖြစ်ခံယူခဲ့တယ်။ မြန်မာစာ မြန်မာယဉ်ကျေးမှုကိုလည်း အလွန် ချစ်မြတ်နိုး လို့ မြန်မာစာ၊ မြန်မာစကားကို လည်း တန်ဘိုးထား ပြောကြားတဲ့ သူပါ။

မကြာသေးခင် ရက်သတ္တပတ်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ် ဆရာ အဖြစ်ခံ ယူပြီး ဗုဒ္ဓဘာသာ ရှင်ရဟန်းဖြစ်လာတဲ့ အရှင် သရဏပါ။

သူဟာ မြန်မာ့မြေကို ခြေမခင်၊ ထေရ၀ါဒ ရဟန်းတပါးအဖြစ် မရခင်ကတည်းက မြန်မာစာ၊ မြန်မာစကား ကို ကောင်းမွန် ပိုင်နိုင်စွာ ပြောကြားနိုင်ရုံမကပါဘူး။ ချက်-မြန်မာ အဘိဓာန်စာအုပ်ကို လည်း ပြုစုထားနိုင် သူတဦးပါ။

အရှင် သရဏ ပြုစု ထားတဲ့ ချက်-မြန်မာ အဘိဓာန်စာအုပ်ဟာ ပထမဆုံးဖြစ်ပါလိမ့်မယ်။ ဒီအရင် ချက်-မြန်မာ အဘိဓာန်ဆိုတာ မကြားဖူးခဲ့ ပါဘူး။

သီရိလင်္ကာနိုင်ငံ..ကိုလံဘိုမြို့ မှာ နေထိုင်ပြီး ဗုဒ္ဓစာပေ၊ မြန်မာစာတွေ သူက လေ့လာခဲ့တယ်။ တခြား မြန်မာ အပါအ၀င် ဗုဒ္ဓဘာသာ ရှင်ရဟန်းတွေကို သူက အင်္ဂလိပ်စာသင်ပေးတယ်။ သီရိလင်္ကာနိုင်ငံမှာ နေပြီး သီဟိုဠ် ဘာသာစာပေ၊ စကား လည်း သူက ကျွမ်းကျင်တယ်။ မြန်မာရဟန်းတော်တွေထံက မြန်မာစာ တတ်လာ ပြီး မြန်မာစာ မှာ တော်လွန်းလာတော့ နောက်ဆုံး သူဟာ ချက်-မြန်မာ အဘိဓာန်ကို ရေးသားပြုစုနိုင်ခဲ့ တာပါဘဲ။

အခုလို ချက်ရဟန်းတော် အရှင် သရဏဟာ မြန်မာနိုင်ငံကို ရောက်ပြီး သူ့ရင်ထဲက အဖြစ်ချင်ဆုံး ကို အခုလို ဖွင့်ဟ ထားပါ တယ်။

“လူ့ဘဝကို ရတာဟာ ဒုလဘ္ဘတရားဖြစ်တယ်။ ဦးဇင်း ငယ်ငယ်ကတည်းက သူများနားလည်ရင် ကိုယ် နားမလည်သေးဘူး။ခုလို ဗုဒ္ဓဘာသာဖြစ်လာဖို့ မြန်မာနိုင်ငံမှာ ရဟန်းဖြစ် ဖို့ အများကြီးကြိုးစား ခဲ့ရ တယ်။ မြတ်ဘုရား သာသနာမှာ လူဖြစ်ရတာ ဒီဘဝမှာတင် နိဗ္ဗာန်ရောက်အောင်ကြိုးစားရမယ်။ တန်အောင်ကြိုးစားရမယ်” လို့ အရှင်သရဏက ဆိုပါတယ်။

ဒါကြောင့် အရှင်သရဏက ၀ိပဿနာ တရား ဘာဝနာ ကျင့်ကြံပွားများ အားထုတ်ပုံကို အခု ရန်ကုန်မြို့မှာ စနစ်တကျ အနီးကပ် သင်ယူလေ့လာနေပါတယ်။ ၅ နှစ်ကြာရင်တော့ တောရပ်မှာသွားပြီး တရား ကျင့်ကြံ မှာ ဖြစ်ပါတယ်တဲ့။

မြန်မာပြည်မှ မြန်မာလူမျိုး @ Facebook