Sunday, February 17, 2013

ဖာတစ်လုံး ရွှေမော.စ်

 သရုပ်ဆောင် အကယ်ဒမီ မော.စ်(ခေါ်) မောင်တင်ဝင်းကို ဧရာဝတီတိုင်း လေးမျက်နှာမြို.နယ် ရေသိုးချောင် ကျေးရွာတွင် အဘ ဦးထွန်းအေး အမိ ဒေါ်အချုံ တို.မှ မြန်မာသက္ကရာဇ် ၁၃၁၆ ပြာသိုလဆန်း ၁ ရက်နေ.တွင်မွေးဖွားခဲ့ပြီး မွေးချင်း ခြောက်ယောက် အနက် တတိယ သားဖြစ်သည် ။


လူရွင်တော် မော့စ်သည် ၁၉၇၀ ခုနှစ်ဝန်းကျင်က မန္တလေး စိန်မြတ်မော် အငြိမ့်၌ ပညာသင် လူရွှင်တော်တဦးအဖြစ်  ဦးစိန်ရိုး၊ ဦးရွှေဗျိုင်း စသည့် လူရွှင်တော်ကြီးများထံတွင် ပညာသင်ခဲ့သည်။
၁၉၈၀ ခန့်တွင် မင်းသားကြီး စိန်မာဒင်၏သား မင်းသား မိုးဝင်း၊ မိုးမင်းတို့နှင့်အတူ ဒါရိုက်တာ မောင်စိတ္တ၏ ဇာတ်လမ်းများကို လူရွှင်တော် မိုးဒီနှင့် တွဲဖက် ကပြခဲ့ရာ မိုးဒီ-မော့စ် လူရွှင်တော်အတွဲဟု ပရိသတ်မှ စတင် လက်ခံလာခဲ့သည်။
ဇာတ်ခုံပေါ်တွင် ကွန်ဖူးမင်းသား ဘရုစလီကဲ့သို့ သရုပ်ဆောင်ရာ ဘရုစလီမော့စ်၊ နဂါးလေးမော့စ်ဟု နာမည်ကြီးပြီး နောက်ပိုင်း ဇာတ်ထုတ်ဖြစ်သည့် “မောင်ပေါက်ကျိုင်း” ဇာတ်၊ “သုဝဏ္ဏငလျှံ” ဇာတ်များမှာ လူကြိုက်များခဲ့သည်။

ထို့နောက် ရန်ကုန်စံပြသဘင်မှ ခွဲထွက်ပြီး ဒါရိုက်တာ မောင်စိတ္တ၊ မိုးဒီ၊ မော့စ်တို့ ပူးပေါင်းကာ မင်းသား တင်မိုးဝင်းကို မင်းသားအဖြစ် တင်မြှောက်လျက် “ကျွန်တော့်သဘင်” ကို တည်ထောင်ခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ပဲခူးသန်းအောင် စီစဉ်သည့် မိုးဒီနှင့် မော့စ်တို့နှစ်ဦး ပါဝင်သော “မင်္ဂလာဦးည” ဗီဒီယိုဇာတ်ကားသည် မြန်မာ ဗီဒီယို ခေတ်ဦးပိုင်းက အငှားရဆုံးအခွေ၊ အလှူ၊ မင်္ဂလာဆောင် စသည့်တို့တွင် မပါမဖြစ် ငှားရမ်းပြသရသည့် အခွေဖြစ်ခဲ့သည်။
ထို့နောက် ဇာတ်သဘင်မှ ဗီဒီယို၊ ရုပ်ရှင်လောကသို့ ကူးပြောင်းသွားခဲ့ပြီး ရာဇ၀င်၊ ဟာသနှင့် အချစ်ဟာသ စသည့် ဇာတ်ကားများတွင် အဓိက သရုပ်ဆောင်အဖြစ် လည်းကောင်း၊ ဇာတ်ပို့ ဇာတ်ရံအဖြစ် လည်းကောင်း သရုပ်ဆောင်ခဲ့သည်။ဖာတစ်လုံးရွှေရိုး ဆိုသော ကားသည် ဗီဒီယို ခောတ်ဦး၏ အအောင်မြင်ဆုံး ဟာသကား တစ်ခုလည်း ဖြစ်ခဲ့သည် ။


 မော့စ်၏ လူရွှင်တော်အတွဲဖြစ်သည့် လူရွှင်တော် မိုးဒီမှာ ၂၀၀၇ ခုနှစ်က ပေးအပ်သည့် “ကိုးဆယ်ဆ သာလိမ့်မယ်” ဇာတ်ကားဖြင့် အကယ်ဒမီ ရရှိခဲ့သကဲ့သို့ လူရွှင်တော် မော့စ်မှာလည်း ယခုနှစ်တွင် အကယ်ဒမီရရှိခဲ့ရာ လူရွှင်တော်လောက၏ အထူးခြားဆုံး အတွဲဖြစ်ခဲ့သည်။
မြန်မာ့ ဇာတ်သဘင်နှင့် အငြိမ့်လောကတွင် ဓာတ်ဆီနှင့် ဓာတ်ဆံ၊ စိန်ရိုးနှင့် ရွှေဗျိုင်း၊ ပါပါလေးနှင့် လူမော် စသည့်  နာမည်ကြီး လူရွှင်တော်အတွဲများ ရှိသကဲ့သို့ မိုးဒီနှင့် မော့စ်၊ ကွမ်းသီးနှင့် မေတ္တာ၊ ဆိုနီနှင့် မိုးကျော် တို့သည် အောင်မြင်သည့် ပရိသတ် အသိအမှတ်ပြု လူရွှင်တော်အတွဲများဟု ဆိုနိုင်သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် ၂၀၁၁ ခုနှစ်အတွက် ပေးအပ်သော အကယ်ဒမီဆုပေးပွဲတွင် ရုပ်ရှင်သရုပ်ဆောင် မော့စ်သည်  ထာဝရ အလင်းတန်း ဇာတ်ကားဖြင့် ဇာတ်ပို့ ရုပ်ရှင်အကယ်ဒမီဆု ရရှိခဲ့သည်။


 ဆုတက်ရောက် ယူစဉ်ကပင် အသည်းရောဂါကို ကုသနေရပြီး လာထား...မိပြီ..ဟူသော စကားက အမှတ်ထားစရာ ဖြစ်ခဲ့ရသလို .".ငမော့စ် ဒီ အကယ်ဒမီရုပ်ကြီးကို လိုက်ဖမ်းနေတာ အခုကျမှပဲ မိတော့တယ်။ ငမော့စ်ရဲ့ ပရိသတ်ကြီးရေ ငမော့စ် တာဝန်ကျေပါတယ်နော်။ ဒီဆုဟာ ငမော့စ်ကို ပြည်သူလူထုက ပေးလိုက်တဲ့ဆုဖြစ်လို့ ကျေးဇူးတင်ပါတယ်” ဟု ဧရာဝတီကို ပြောခဲ့သည်။
မော့စ်၏ ပြက်လုံးများသည် ပရိသတ် စိတ်နှလုံးဟဒယကို ရွှင်ပြုံးစေပြီး တောရောမြို့ပါ ကြိုက်နှစ်သက်သည့် ပြည်သူချစ်သော အနုပညာရှင်တဦးဟုပင် ဆိုနိုင်ကြောင်း၊ အဆို၊ အငို၊ အပြော၊ အက၊ မင်းသား၊ လူကြမ်းစသည့် ပညာများကို ပိုင်နိုင်သည့် စွယ်စုံရ ပညာရှင်ဟု ဟာသသရုပ်ဆောင်များက တညီတညွတ်တည်း ဆိုကြသည်။


 ဟာသ သရုပ်ဆောင်၊ လူရွှင်တော် အကယ်ဒမီ မော့စ် (၅၉နှစ်) သည်ဖေဖော်ဝါရီ ၁၃ ရက် မနက်၎ နာရီ ၂၀ မိနစ်ခန့်က အသည်းရောဂါဖြင့် ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးရုံ (SSC) တွင် ကွယ်လွန်သွား ခဲ့ပါသည် ။အသည်း နှင်. အဆုတ် ရောဂါ များကြောင်. ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက ဆေးရုံတင်ခဲ့ရခြင်းဖြစ်သည် ။အသည်းရောဂါ ဝေဒနာကို ခံစားနေရသောကြောင်. လွန်ခဲ့သော ၂ နှစ် ခန်.ကတည်းက အနု ပညာလုပ်ငန်းများမှ လုံးဝ အနားယူခဲ့ ရသည် ။သို.သော် ယခုကွယ်လွန်ခြင်းမှာမူ အဆုတ်ထဲ ရေ၀င်ရာမှ အသက်ရှုမ၀ ဖြစ်ကာ ရုတ်တရက် ကျန်းမာရေး အခြေအနေ ဆိုးဝါးသွားခြင်းကြောင်.ဖြစ်သည်ဟု သိရသည် ၊ကွယ်လွန်ချိန်တွင် မောင်ထိုက်စံ..မောင်ရဲမင်းဦး...မောင်ဥာဏ်လင်းထွန်း သား၃ ဦးကျန်နေရစ်ခဲ့ပါသည်။

အကယ်ဒမီ မော့စ်၏ ဇနီးဖြစ်သူ ဒေါ်ယုယုမော်က “ဒီလောက်မြန်မြန် ခွဲသွားမယ်လို့ မထင်ဘူး။ ပြန်ကောင်းမယ်ပဲ ထင်ထားတာ။ မထင်မှတ်ဘဲ ချက်ခြင်းကြီး ဆုံးသွားတော့ စိတ်မဖြေနိုင်ဘူး” ဟု ဧရာဝတီBlogသို့ ပြောကြားခဲ့သည်။

ဟာသ အနုပညာရှင်တဦး ဆုံးရှုံးသွားသည့်အတွက်လည်း ၀မ်းနည်းကြောင်း လူရွှင်တော်များဖြစ်သည့် မေတ္တာ၊ ဧရာ၊ ပါပါလေး၊ ပန်းသီး စသည့်သူများက ပြောသည်။မောစ်သည်ကွယ်လွန်ချိန်ထိ ဗီဒီယို နှင်. ရှပ်ရှင် ဇာတ်ကားပေါင်း ၈၀၀ ကျော် ရိုက်ကူးခဲ့သည်။


အနုပညာ မျိုးဆက်အဖြစ် သူ၏ သားဖြစ်သူ ထိုက်စံ ကို အနုပညာ အမွေပေးခဲ့နိုင်သည် ။
သူ၏သား ထိုက်စံ ကို စာနယ်ဇင်း နှင့် ပရိသတ်များ ထံ အပ်နှံပွဲ အား ၂၄-၄-၂၀၁၁ ရက် နေ.ကတည်းက Eagle Garden Restaurant တွင် ကျင်းပပေးခဲ့သည်။ ထိုက်စံမှာ ဒါရိုက်တာ သပြားသု နှင့် "အတီးနဲ့ ချစ်တီး" ၊ ဒါရိုက်တာဖေချစ်ကောင်းနှင့် "အပါယ်တံခါးပိတ်ပေးပါ" ဇာတ်ကား နှစ်ကားကို အဓိက နေရာမှ ရိုက်ကူး သရုပ်ဆောင် ထားပြီ ဖြစ်ပြီး လပ်ကီးဆဲဗင်း နှင့် ယွန်း ဗီဒီယို ထုတ်လုပ်ရေးတို့က ဖြန့်ချိမည် ဖြစ်သည်။   မည်သည့် ကုမ္ပဏီ နှင့် မျှ စာချုပ် ချုပ်ဆို ထားခြင်း မရှိသေးဘဲ အနုပညာ လုပ်ငန်းများကို  မင်းသားကောင်း တစ်ဦး ဖြစ်လာရန်ဖခင် တစ်ဦှးအနေဖြင်. ညွှန်ကြား  ကြိုးပမ်းပေးနေခဲ့သည်။


 ထိုက်စံက .....ဖေဖေက မင်းသားဖြစ်ဖို.အရမ်းအားပေးခဲ့တယ်..လူရွှင်တော်ရဲ. သား မင်းသားဖြစ်ရတာကို အရမ်းဂုဏ်ယူတယ်..ထိုက်စံဆိုတဲ့ နာမည်ကိုပြောင်းပြီး မောစ်ထိုက်စံ ဆိုတဲ့ နာမည်နဲ. သရုပ်ဆောင်ဖို. စဉ်းစားထားပါတယ်....ဖေဖေ.မျိုးဆက် တစ်ဦးအနေနဲ. အနုပညာအလုပ် ဆက်လုပ်ချင်လို.ပါ


 ဗေလုဝ  ကတော.   .....ပထမ တစ်ခါ ကောလဟာလ တုန်းက သူ.အိမ်သွားမေးသေးတယ်..မဟုတ်ဘူး...ခုတော.အမှန်ဖြစ်နေတယ်... တကယ်တော်တဲ့ ဟာသပညာရှင် သရုပ်ဆောင်ကောင်း တစ်ယောက်ပါ..တစ်တိုင်းပြည်လုံးက ချစ်တဲ့ ဟာသ လူရွှင်တော် တစ်ယောက် ကိုဆုံးရှုံးရတဲ့အတွက် အလွန် ၀မ်းနည်းစရာ ကောင်းပါတယ်


ကောင်းစံ............ဖေဖေလည်း ဦးမောစ် သတင်းကြားတော. တော်တော်လေး စိတ်မကောင်းဖြစ်နေတယ်..ဖေဖေ.အမျိုးသမီးဆုံးတာလည်း မကြာသေးဘူး...ခု နှစ်ပေါင်း ၃၀လောက် တွဲလာတဲ့ လက်တွဲဖော် တစ်ယောက် ဆုံးရှုံးလိုက်ရတော. စိတ်ထိခိုက်ပြီး အိပ်ရာထဲ လဲနေတယ်...ကျောက်ကပ်ထုတ်ထားတာ မကြာသေးဘူးလေ..ဒါကြောင်. အိပ်ရာထဲမှာပဲ နေတယ်

ဦးပိစိ....တော်တော်လေးစိတ်မကောင်းဘူး..သူလိုလူမျိုးရှားတယ်...နောက်တစ်ယောက် မရှိနိုင်တော.ဘူး..သူ.ရဲ. အလုပ်အပေါ်ကြိုးစားမှု..အားထုတ်မှု တွေကသူများနဲ. မတူဘူး..သူမျှော်လင်.ထားတဲ့ အကယ်ဒမီ မသေခင်ရသွား တဲ့အတွက် ၀မ်းသာပါတယ်

ဦးမန်းဝင်း.......ဦးမန်းတို.နဲ. နှစ်ပေါင်းများစွာ လက်တွဲလာခဲ့တာ...လူရွှင်တော် တစ်ယောက် အကယ်ဒမီ ရခဲ့တာဆိုတော. နောက်လူရွှင်တော်တွေလည်း မဝေးတော.ဘူးလို. ထင်ပါတယ်...သူ.ဆုအတွက် ဂုဏ်ယူတယ်..၀မ်းသာတယ်...ဒီလိုအချိန်မျိုး ဆုံးသွားလို. အတော်များများ စိတ်မကောင်းဖြစ်နေမှာပါ

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း.......... ပြည်သူတွေရဲ. ချစ်ခင် အားပေးမှုကို ရရှိထားတဲ့ စွယ်စုံစွမ်းဆောင်ရည်ပြည်.၀တဲ့  အနုပညာရှင် လောကသား တစ်ဦး ဆုံးရှုံးတာဟာ ရုပ်ရှင် လောက အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုပါ


ဦးမော.စ် ၏ ဈာပန ကို ဖေဖ၀ါရီ ၁၅ ရက်နေ. ညနေ  တွင် ရေဝေးသုဿာန်၌ သဂြိုဟ်ရန် စီစဉ်ထားသော်လည်း သူ၏ပရိသတ် များပြားလွန်းသောကြောင်. သတ်မှတ်ချိန်ထက် ၁နာရီစော၍ သဂြိုဟ်ခဲ့ရပါသည် ။ဦးမော.စ်၏ ရက်လည် ဆွမ်းကျွေးကို ၁၉ ရက် ၂လ ၂၀၁၃ နေ.တွင် အမှတ်၃ မြ၀တ်ရည်လမ်းသွယ်၃ ပါရမီ ၉ ရပ်ကွက် မရမ်းကုန်းမြို.နယ်တွင် ပြုလုပ်မည်ဖြစ်ပါသည်။

Source ; ဧရာဝတီ ,Myanmar IT ,မြန်မာ.အလင်း ,ပေါ်ပြူလာ,7 Day News နှင်. Favourite News

No comments:

Post a Comment