Wednesday, March 28, 2018

မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် ၊ ဧရာဝတီ ၏ ၅ ဦးမြောက် သမ္မတ ဦးဝင်းမြင့်






ဦးဝင်းမြင့်ကို ၁၉၅၁ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့မှာ  အဖဦးထွန်းကြင်၊ အမိဒေါ်သန်းတို့က ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။ ညောင်ချောင်းကျေးရွာ မူလတန်းကျောင်း၊ ဓနုဖြူအထက်တန်းကျောင်း၊ အမှတ်()ပုသိမ် အထက်တန်းကျောင်းနဲ့ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပြီး B.Sc (Geology), H.G.P, R.L ဘွဲ့တွေ ရရှိခဲ့ပါတယ်။

ဦးဝင်းမြင့်က အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ တာဝန်တွေကို ဓနုဖြူမြို့နယ်မှာထမ်းဆောင်ခဲ့ပြီး NLD ပါတီရဲ့ ဓနုဖြူမြို့နယ်စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူးနဲ့ ဗဟိုအလုပ်အမှုဆောင်တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့သူပါ။

တက္ကသိုလ်ကျောင်းသားဘ၀ကနေစပြီး နိုင်ငံရေးနယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့ကာ ၁၉၈၈ လူထုအရေးတော်ပုံမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တာကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို သုံးကြိမ်တိုင်တိုင် ခံခဲ့ရပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၁၉၉၅ ခုနှစ်မှာ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူးနဲ့ ၂၀၁၀ ခုနှစ်မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။


ကုသိနာရုံလမ်း - အမှတ် ၆ နယ်မြေ - ပုသိမ် မြို.နေအိမ်

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြန်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်း ရေးကော်မတီ အတွင်းရေးမှူး၊ ၂၀၁၄ ခုနှစ်မှာ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မဲဆန္ဒနယ်မှာ ထပ်မံရွေးချယ်ခံအနိုင်ရပြီး ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ် ရွေးကောက်ခံရလို့ ကြိမ်တိုင် (၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅) ရွေးကောက်ခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။

ဦးဝင်းမြင့်က ရွေးကောက်ပွဲကတိက၀တ်များတွေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေကိုလည်း တတ်စွမ်းသမျှ အကောင်အထည်ဖော်ခဲ့ကာ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌတာဝန်ကနေ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

မြန်မာတိုင်းမ် ဆောင်းပါးတွင်ဖော်ပြခဲ့စဉ်က


သူ.ရဲ. ကြင်ဖော်ဖြစ်သူကတော့ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ကဆန်စက်ပိုင်ရှင် ဦးထွန်းမင်း၊ ဒေါ်ဝင်းကြည်တို့ရဲ့ တတိယမြောက်သမီးဖြစ်တဲ့ ဒေါ်ချိုချိုဖြစ်ပြီး သူမဟာ သမ္မတဦးဝင်းမြင့်နဲ့ ပဉ္စမတန်းစတက်တဲ့ အချိန်မှာ စတွေ့ခဲ့တာပါ။

မိဘနှစ်ဦးပိုင်ဆိုင်တဲ့ သပြေညိုသွေးဆေးလုပ်ငန်း၊ ဇမ္ဗူထွန်းရုပ်ရှင်ရုံစတဲ့ စီးပွားရေးလုပ်ငန်းတွေကို စွန့်ပစ်ပြီး ဒေါ်ချိုချိုဟာ ဦးဝင်းမြင့် နိုင်ငံရေးလောကထဲဝင်တဲ့အချိန်ကစပြီး ခင်ပွန်းဖြစ်သူအတွက် ပေးဆပ်အနစ်နာခံခဲ့တဲ့ အကြောင်း  လွန်ခဲ့တဲ့ ၂နှစ်လောက်က မြန်မာတိုင်းမ်လလွန်ခဲ့တဲ့ ၂နှစ်လောက်က မြန်မာတိုင်းမ် ဆောင်းပါမှာ သူက ပြောပါတယ်။

၁၉၈၈ခုနှစ်မှာ ဦးဝင်းမြင့် ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ သားသမီးနှစ်ယောက်နဲ့ ရုန်းကန်ခဲ့ရပြီး၊ သားဖြစ်သူကို အသက် (၁၆)နှစ်အရွယ်မှာ ဆုံးရှုံးသွားတယ်လို့လည်း ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။



မဂင်လမ်း
ကျောက်မြောင်း - တာမွေ တိုက်ခန်း


တာမွေမြို့နယ်က တိုက်ခန်းလေးကနေ သမ္မတဦးဝင်းမြင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် လွှတ်တော်အမတ်ဖြစ်ပြီးနောက်မှာ ခင်ပွန်းဖြစ်သူနေထိုင်တဲ့ နေပြည်တော်က စည်ပင်ဧည့်ရိပ်သာ အခန်းကျဉ်းလေးကို ပြောင်းရွှေ့လာပါတယ်။

အဲဒီအချိန်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာအိမ်ခန်းမှာရိုက်ထားတဲ့ ဓာတ်ပုံထဲမှာ ချည်အင်္ကျီအကွက်လက်ရှည်၊ ပါတိတ်လုံချည်နဲ့ ဆံထုံးရိုးရိုးထုံးထားတဲ့ သာမန်အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ ဒေါ်ချိုချိုဟာ ဒီကနေ့မှာတော့ သမ္မတ ကတော်ဖြစ်လာပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်ဟာ မတ်လ ၂၈ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နိုင်ငံတော် သမ္မတရွေးကောက်တင်မြှောက်ပွဲမှာ ထောက်ခံမဲ ၄၀၃မဲနဲ့ နိုင်ငံတော်သမ္မတဖြစ်လာခဲ့ပါတယ်။အဲ့ဒီနေ.က ရွေးချယ်ပွဲမှာ တက်ရောက်လာတဲ့ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၆၃၆ ဦးမှာ ဒုတိယသမ္မတ ၁ ဦး မြင့်ဆွေက ထောက်ခံမဲ ၂၁၁ မဲ ၊ ဒုသမ္မတ ၂ ဦး ဟင်နရီဗန်ထီးယူ က ထောက်ခံမဲ ၁၈ မဲ  တို.ရရှိခဲ့ပြီး ပယ်မဲ ၄မဲ ရှိခဲ့တယ်လို.သိရပါတယ် ။ အရင်သမ္မတဟောင်း ဦးထင်ကျော်တုန်းက ထောက်ခံမဲ ၃၆၀ ရရှိခဲ့တယ်လို. သိရပါတယ် ။


ဧရာဝတီတိုင်းက နေ ပေါ်ခဲ့တဲ့ သမ္မတတွေက ဒေါက်တာဘဦး ၊ မန်းဝင်းမောင် ၊ ဒေါက်တာဘမော်  ၊ ဦးသိန်းစိန် တို.ဖြစ်ပြီး  ဦးဝင်းမြင့်ဟာ ပဉ္စမမြောက် ဖြစ်တယ်လို. သိရပါတယ် ၊




Source ; Duwun & 7 Days