Friday, February 28, 2014
ဖောင်ဖြည်.ပေးရင် ဖုန်းကဒ် အလကားပေးမယ်တဲ့
အော်ရီဒူးမှ ၄င်း၏ဆာဗေးဖောင်များဖြည့်သွင်းရုံဖြင့် လာမည့် မိုးရာသီကာလအတွင်း
3G စနစ်သုံးဆင်းကတ်များ
အခမဲ့ ပေးအပ်သွားမည်                                                                             ဖစ်ကြောင်း
တာမွေမြို့နယ် Bestone မိုဘိုင်းဖုန်းဆိုင်မှသိရသည်။
အဆိုပါဆာဗေးဖောင်များကို ရန်ကုန်မြို့တွင်းရှိ Bestone မိုဘိုင်းဆိုင်ခွဲများတိုင်းတွင်
သွားရောက်ဖြည့်သွင်းနိုင်မည်ဖြစ်ပြီး လျှောက်လွှာဖြည့်သွင်းခြင်း မှာလည်း အခမဲ့ပင်ဖြစ်ကြောင်း ၄င်းမိုဘိုင်းဖုန်းဆိုင် တာဝန်ခံမှပြောကြားသည်။
၎င်းလျှောက်လွှာဖြည့်သွင်းခြင်းကို   ဖေဖေါ်ဝါရီ ၂၇ တွင်စတင်ပြီဖြစ်ပြီး လျှောက်လွှာဖြည့်သွင်းချိန် တစ်လခွဲနီးပါးပေးထားမည်ဟုလည်းသိရသည်။
လျှောက်လွှာဖြည့်သွင်းရန် လူဦးရေကန့်သတ်မထားသော်လည်း ဆိုင်ခွဲများသို့ပေးထားသည့် လျှောက်လွှာများမှာ
အစောင်ရေ (၂၀၀)နီးပါး ခန့်သာရှိသည်ဟုသိရသည်။
အော်ရီဒူး၏ဆာဗေးဖောင်အတွင်း အဓိကအနေဖြင့် လက်ရှိတွင်
ကိုင်တွယ်နေသည့် လက်ကိုင်မိုဘိုင်းဖုန်းရှိ၊မရှိ မေးခွန်းပါဝင်သည်ဟုသိရသည်။
အော်ရီဒူးအနေဖြင့်
၎င်းအစီအစဉ်ကို ပြည်တွင်းရှိမိုဘိုင်းအရောင်းဆိုင်များနှင့် ပူးပေါင်းမည်ဖြစ်ကာ လက်ရှိတွင်
တာမွေ၊ဇ၀န၊လသာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ရေကျော်၊မြေနီကုန်း၊လှည်းတန်းနှင့် ထောက်ကြန့်ရှိ
Bestone မိုဘိုင်းဖုန်းဆိုင်များ
တွင်သွားရောက် ဖြည့်သွင်းနိုင်မည်ဖြစ်သည်။
@ Popular Myanmar News Journal
နိုင်ငံတကာ ဆု ထပ်မံ ချီးမြှင်.ခံရသော ဇာတိဖွားတစ်ဦး - ၀ါးခယ်မ စိုးမြင်.အောင်
ဝါးခယ်မ ဇာတိသား စာရေးဆရာ သမားတော် စိုးမြင်.အောင် ( ၀ါးခယ် စိုးမြင်.အောင် ) ၏ ဖျံ ၅ ကောင် တိုင်းရင်းဆေးခန်း နှင်. တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး မှ ကုသထုတ်လုပ်သော ဖျံ ၅ ကောင် သွေးချို ၊ ဆီးချို ကျဆေး နှင်. ဖျံ ၅ ကောင် သွေးတိုးကျဆေး အပါအ၀င် ဖျံ ၅ ကောင် မြန်မာ. တိုင်းရင်းဆေးများကို ကမ္ဘာအဆင်.မှီ အရည်အသွေး ပြည်.၀မှု နှင်. ပတ်သက်၍ နိုင်ငံတကာ အမြင်.ဆုံး ဆုနှင်. ကမ္ဘာ.တိုင်းရင်းဆေး အရည်အသွေး ဆုဖြစ်သော International Diamond Star For Quality ( Paris 2013 ) အရည်အသွေးပြည်. ကမ္ဘာ.စိန်ပွင်. ဆု ( ပါရီ ၂၀၁၃ ) ချီးမြှင်.ခြင်း ခံခဲ့ရကြောင်း သိရသည် ။
၎င်းဆုသည် ၂၀၀၃ ခုနှစ်အောက်တိုဘာလ ၂၇ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို. Hyatt Regency Etoile and The Paris Palais Des Congers Convention Centre တွင်ကျင်းပသော တစ်ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးပြည်. ထိပ်သီး ဆုညီလာခံ ( ပါရီ ၂၀၁၃ တွင် ) နိုင်ငံတကာလုပ်ငန်းဆိုင်ရာ မြှင်.တင်မှု ညွှန်ကြားရေး အဖွဲ.ကြီးမှ နိုင်ငံပေါင်း ၁၇၈ နိုင်ငံ အနက်မှ ရွေးချယ်ချီးမြှင်.ခြင်းဖြစ်သည် ။ယခင်ကလည်းနိုင်ငံတကာတိုင်းရင်းဆေးအရည်အသွေး ဆု' နိုင်ငံတကာရွှေကြယ်ပွင့်ဆု(ဂျီနီဖာ-၂၀၁၀) ရွှေတံဆိပ်ဒိုင်းဆု ကိုရရှိထားခဲ့ပြီး ၀ါးခယ်မ စိုးမြင့်အောင် အနေဖြင်.ဖြင်. ၂၀၁၁ ခုနှစ်၂၀၁၁ခုနှစ် စက်တင်ဘာလ ၆ရက်နေ.တွင် ပြင်သစ်ပါရီ မှ ချီးမြှင်.သောInternational Star for Leadership In Quality Award ( France 2011 ) ကိုလည်း ရရှိထား သည် ။ ထိုဆုကိုမူ Bussiness Initiative Directions အဖွဲ့ကြီးမှ၂၀၁၁ခုနှစ်
ဧပြီလ ၁၀ရက်နေ့မှ ၁၁ရက်နေ့ထိ ပြင်သစ် နိုင်ငံ ပဲရစ်မြို့တွင့် ကျင်းပပြုလုပ်ခဲ့သော International Quality Convention အခမ်း အနား တွင် တက်ရောက်ရယူခဲ့ကြောင်းသိရသည် ။ 
Photo from The Standard Time Daily
ထို.အပြင် ထုတ်လုပ်သော တိုင်းရင်းဆေးများ၏ အရည်အသွေးအတွက် ၂၀၁၂ ခုနှစ်တွင် အမေ၇ိကန် နိုင်ငံ နယူးယောက်မြို. မှ ချီးမြှင်.သော International Quality Summit Award ( USA 2012 ) နှင်. Certificate ကိုလည်း ရရှိထားပါသည် ။
အဆိုပါ ဖျံ၅ကောင်တိုင်းရင်းဆေးမှ သွေး ချိုဆီးချိုကျဆေး၊ သွေးတိုးကျဆေး ယောင်္ကျားအားနည်းရောဂါသောက် ဆေးနှင့် အခြားဆေးများထုတ်လုပ်လျှက်ရှိကြောင်း သိရသည် ။
( မိမိတို.ဇာတိဖွား တစ်ဦး၏ အောင်မြင်မှုကို ဂုဏ်ယူဖော်ပြခြင်း သက်သက်သာ ဖြစ်ပါသည် )
Ref ; The Standard Time Daily & Online Media  
Thursday, February 27, 2014
တပ်မတော် ကြည်း /လေ အမြှောက်နှင်. သံချပ်ကာ တပ်တို.၏ ပူးပေါင်းစစ်ရေးလေ.ကျင်.မှု ( အနော်ရထာ - ၂၀၁၄ )
ယခင်ထက် ပို၍ သိသိသာသာ ပွင်းလင်းမြင်သာ လာနေချိန်တွင် ၂၀၁၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ.က တပ်မတော်(ကြည်.း) တပ်မတော် ( လေ )  ၊ အမြောက်နှင်. သံချပ်ကာ တပ်ဖွဲ. တို. ပူးပေါင်းပြုလုပ်သော စစ်ရေး လေ.ကျင်. မှု တစ်ရပ်ကို မိတ္ထီလာ လွင်ပြင်ဒေသတွင် ကျင်းပခဲ့ပြီး Media များမှလည်း တရားဝင် ဖော်ပြခဲ့ကြပါသည် ။
ထိုစစ်ရေးလေ.ကျင်.မှုကို အနော်ရထာ ဟုအမည်ပေးခဲ့ပြီး တပ်မတော်(ကြည်း)မှ တပ်မ(၈၈)နှင့် လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များ၊ အမှတ်(၈)စစ်မြေပြင် စစ်လက်နက်ပစ္စည်းတပ်တို့ပါဝင်ခဲ့ပါပြီး တပ်မမှူးမှ Joint Force Commander အဖြစ် ဆောင်ရွက်ပါသည်။  ။
 MiG-29SE တိုက်လေယာဉ်များ
 တပ်မတော်(လေ) အနေဖြင်.  လေတပ်စခန်းဌာနချုပ် (၆)ခုမှ စတုတ္တမျိုးဆက် ဘက်စုံသုံး ဂျက်တိုက်လေယာဉ်များ၊ ကြားဖြတ်တိုက်လေယာဉ်များ၊ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်များ စသည်ဖြင့် လေယာဉ်အမျိုးအစား(၈)မျိုး ပါဝင်ခဲ့သည်။ လေ့ကျင့်ခန်းတွင် လေကြောင်းလုပ်ငန်းတာဝန်များအနေဖြင့် တိုက်ပွဲဝင်ကင်းထောက်ပျံသန်းခြင်း၊ အနီးကပ်လေကြောင်းပစ်ကူပေးခြင်း၊ လေကြောင်းချီသယ်ယူပို့ဆောင်ခြင်းနှင့် အမြောက်ချိတ်ဆွဲခြင်း၊ အထူးတပ်ဖွဲ့ဝင်များ တင်ဆောင်လေ့ကျင့်ပျံသန်းခြင်း စသဖြင့် လှုပ်ရှားဆောင်ရွက်မူ(၁၄)မျိုး လေ့ကျင့်နိုင်ခဲ့ကြောင်း သိရသည်။
 သံချပ်ကာယန္တယားအနေဖြင့် သံချပ်ကာနည်းဗျုဟာ(၁)ခု၊ တင့်တပ်ရင်း(၁)ရင်း၊ သံချပ်ကာတိုက်ခိုက်ရေး တပ်ရင်း(၂)ရင်း ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရှိရပါသည်။အမြောက်တပ်ဖွဲ.များ အနေဖြင်.စက်အမြောက်များ  ၂၅မမ၊၅၇မမ လေယာဉ်ပစ်အမြောက်များနှင့် ဒုံးလက်နက်အဖြစ် တပ်မတော်ထုတ် Igla မျိုးကွဲ ပုခုံးထမ်းဒုံးများ ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရပါသည်..။
စစ်ရေးလေ့ကျင့်မှုအတွင်း တာတိုပစ် ပုခုံးထမ်းလေယာဉ်ပစ်ဒုံးများဖြင့် (အနိမ့်ပျံ၍ မြန်နှုန်းနည်းသော ရန်သူ့လေယာဉ်၊ရဟတ်ယာဉ်)များအား ပစ်ခတ်တားဆီးခြင်း စစ်ရေးလေ့ကျင့်ခန်း ဆောင်ရွှက်နေကြစဉ်
လေ့ကျင့်ခန်းတွင် သမားရိုးကျစစ်ဆင်ရေး၏ ချီစစ်၊တိုက်စစ်စသည့် အဓိကစစ်ကဏ္ဍကြီးနှစ်ရပ်ကို တိုက်ပွဲလုပ်ငန်းစဉ် Battle Procedure များအတိုင်း ရည်မှန်းချက်(၄)နေရာ ခွဲခြားသတ်မှတ်ပြီး ရန်သူ့ပစ်မှတ်များကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကြိုတင်ချေမှုန်းခြင်း၊ အမြောက်ကြီးများ / အတွဲလိုက်ဒုံးများ / ခြေလျင်အကူလက်နက်ကြီးများဖြင့် ပစ်ခတ်၍ ကြိုတင်ချေမှုန်းခြင်း၊ ရန်သူ့လက်နက်ကြီးများကို အကြမ်းဖက်တပ်ဖွဲ့များဖြင့် စီးနင်းတိုက်ခိုက်ခြင်း၊ တိုက်ပွဲပုံစံ အဆင့်ဆင့်အတိုင်း ခြေလျင်/တင့်/သံချပ်ကာများဖြင့် ရည်မှန်းချက်အသီးသီးကို ဖောက်ဝင် ချေမှုန်းတိုက်ခိုက်ခြင်းများအား အောင်မြင်စွာ လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံတကာ သတင်းဋ္ဌာနတို.က ဤစစ်ရေးလေ.ကျင်.မှု ကို   ပြည်ပက ကျူးကျော်လာတာကို တိုက်ထုတ်ဖို့ လေ့ကျင့်တာဖြစ်ဖွယ်ရှိပါတယ် လို.ရေးသားကြပါသည် ။ မြန်မာ.တပ်မတော် က ဒါဟာ နိုင်ငံတော်ကာကွယ်ရေးစွမ်းရည် မြင့်မားစေ ဖို.ဟု.ဆိုသည် ။ ကာ/ချုပ် ၏အမှာ စကားတွင် ယခုလေ.ကျင်.မှု နှင်. ပတ်သက်၍ စစ်မြေပြင်လို အတွေ့အကြုံများရရှိရေးအတွက် တပ်ဆင်ထားသော စစ်လက်နက်ပစ္စည်းယန္တယားများဖြင့် လေ့ကျင့်ခန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။
- စစ်ဆင်ရေးအောင်မြင်နိုင်ရန်အတွက် တပ်များမှာ တိုက်ပွဲစွမ်းအားရှိရန် အရေးကြီးကြောင်း  ထည်.သွင်းပြောကြားခဲ့သည် ။
ယခုစစ်ရေးလေ.ကျင်.မှု ကဲ့သို. Joint Training တစ်ခုတွင် ပါဝင်ခဲ့ဖူးသူတစ်ဦးကလည်း သတင်းဖော်ပြထားသော Post တစ်ခု၏ Comment တွင် ဤသို.ရေးသားခဲ့ပါသည် ။
  • Thein Htay
 ကြည်း ရေ လေ လေ့ကျင့်ခန်းနှစ်ခုလုံးမှာပါဝင်ဆောင်ရွက်ခဲ့ပြီး၉၄..၉၅.. ပတ်ဝန်းကျင်မှာ..လေ...ကြည်း...လေ့ကျင့်ခန်းပထမဆုံးအကြီမ် လုပ်ခဲ့ပါတယ်..အခုလုပ်တဲ့...ကွင်းမှာပါပဲ...အဲဒီတုန်းကတော့ ...ရှူရပ်ကမြင်းမနက်သေတောင်ထိပ်ဖြစ်ပါတယ်...အဲဒီမှာ 105mm honour တပ်ခွဲမှူးအဖြစ်ပစ်ခဲ့ရပါတယ်...ကာချုပ်ကိုအလေးပြုတဲ့ဒါးမြေကြီးကိုအကျ...လေကွဲ...၈လုံးက..တဂျိမ်းဂျီမ်းနဲ့...ကွဲတာကို..ဖြစ်အောင်လုပ်ခဲ့ရတာပါ...ယာယီကာလဖြစ်လို့...မအောင်မြင်ရင်...အပြုတ်တဲ့...ပစ်တဲ့နေ့မှာ..ရသမျှဘုရားစာတွေကို...လျှာခလုတ်တိုက်အောင်ရွတ်...ဖင်ဘူးတောင်းထောင်...ရှစ်ခိုးပြီးဘုရား...အခါတရာ..တ,ပြီး...ပစ်ထဲ့လိုက်တာ......
စက်ထဲက...''အိမ်း...သိန်းဌေး...ကောင်းတယ်ကွ...''ဆိုတဲ့...ဆရာ.အသံကြားမှ...စိတ်ဒုံးဒုံး..ချပြီးအားလျော့လိုက်တာ...
စစ်ရေးလေ့ကျင့်မှုအတွင်း ၁၂၂မမ အတွဲလိုက်ပစ် ဒုံးများဖြင့် လေ့ကျင့်နေကြစဉ်
ဘယ်ကအလစ်ချောင်းနေမှန်းမသိတဲ့ငှက်ဖျားဒဏ်ကိုခံလိုက်ရတာ...၁၀၆..အထိ အဖျားတက်ပြီးပူလွန်းလို့..drip တွေဖြုတ်ပြီးရှောက်ပြေးတဲ့အထိဖြစ်ခဲ့ပါတယ်..ကျနော့်တပ်ခွဲကစစ်သည်တဦးကတော့.အဲဒီမှာတင်ပဲငှက်ဖျားနဲ့ကျဆုံးခဲ့ပါတယ်..စစခြင်း လုပ်တဲ့လေ့ကျင့်ခန်းဖြစ်တာရယ်..မုန်တိုင်းမိခဲ့တာတွေကြောင့်..စစ်သည်တွေ..အတော်ပင်ပမ်းခဲ့ကြတာပါ...
ဒါက..ကြိုတင်စီစဉ်သော...လေ..ကြည်း..ပါ..ခေတ်သစ်စစ်ပွဲအတွက်..တကယ်ကိုလိုအပ်ပါတယ်..စောစောကတင်ပြခဲ့သလိုပဲ..ဒီလိုလေ့ကျင့်ခန်းဖြစ်ဖို့...ဘယ်သူမှ..မနေရတဲ့အပြင်..ပင်ပမ်းခြင်း..ပစ္စည်း..လူ...ငွေ...ဆုံးရှူံးကုန်ကျခြင်းတွေဒုနဲ့..ဒေး..ပါ..ခင်ဗျာ...။
ဒါကြောင့်...ဆုံး..ရှူံး..ကုန်ကျတာခြင်းတူတူ...ကျနော်တို့ရှေ့တန်းစစ်မြေပြင်နဲ့...တကယ်အကိုက်ညီဆုံးဖြစ်မဲ့ရုတ်ချည်းလေ...ကြည်း..လေ့ကျင့်ခန်း..တနည်းအားဖြင့်...ကြိုတင်စီစဉ်မထားသော..အမြန်..လေ..ကြည်း..တိုက်ပွဲကိုလုပ်တတ်အောင်..လေ့ကျင့်ပေးလျှင်ပိုမိုကောင်းမွန်ပြည့်စုံမယ်လို့,ထင်ပါတယ်ခင်ဗျာ...
Wednesday, February 26, 2014
မင်းခိုက်စိုးစံ ရဲ. ကဗျာ တစ်ပုဒ်
ဆယ့်နှစ်ကြိုးကဝေအတတ်တွေနဲ့
(ငါ့ရင်ထဲက) မီးခတ်တဲ့စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်းပြုစားတတ်တဲ့ရွာသူရေ
ရင်ခုန်သံတွေကိုပဲ ခေါစာပစ်လိုက်တယ်
သခင်မ
ပျော်ပါ၊ ပါးပါ၊ စားပါ၊ သောက်ပါ
မရိုမသေတမ်းတမိတဲ့
ဟောဒီကအမိုက်အမဲကိုလည်း
အပြစ်ကလွှတ်တော်မူပါ
မီးတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မူပါ
တရားဝင်စစ်ကြေငြာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူးဆိုတဲ့
ဟောဒီက ငပျင်းအတွက်
လက်ကြောတင်းအောင် လွမ်းခွင့်ပြုတော်မူပါ
မင်းခိုက်စိုးစံ
Tuesday, February 25, 2014
သေးနဲ. အပန်းခံလိုက်ရတဲ့ သရဲ
ကျွန်တော့် အဖေက စစ်သားဆိုတော့ အဖေတာဝန်ကျရာနေရာကို ကျွန်တော်တို့ မိသားစုက လိုက်နေရပါတယ်…။ ဒါကြောင့် နေရာတော်တော်များများကိုကျွန်တော် ရောက်ဖူးပြီး မရိုးလှတဲ့ အတွေ့အကြုံ အသစ် များစွာကိုလည်း ရရှိခဲ့ရပါတယ်..။ကျွန်တော့်အနေနဲ့ အရင်တုန်းက ပြောခဲ့သလိုပါပဲ…၊ ကျွန်တော့်မှာ ထူးခြားတဲ့ ပါရမီခေါ်မလား..၊ကံပဲ နိမ့်တယ် ခေါ်မလား..၊ ကျွန်တော် ဟာ သရဲ၊ ၀ိဥာဉ် ၊ တို့ရဲ့ ခြောက်လှန့်ခြင်း ကိုအကြိမ်ပေါင်းများစွာ ခံခဲ့ရပါတယ်…။ဒီလိုဖြစ်ရပ်မျိုးတွေမှာ ကြောက်စရာသိပ်မကောင်းခဲ့တဲ့ဖြစ်ရပ်မျိုးတွေ ရှိပေမယ့် တစ်ချို့ဖြစ်ရပ်တွေကတော့အသည်းငယ်သူတွေအဖို့တော့သည်းချေပျက်နိုင်လောက်တဲ့ ဖြစ်ရပ်မျိုးတွေပါ…။ အဲ့ဒီထဲက ဖြစ်ရပ် တစ်ခုကို ကျွန်တော် ဒီပို့စ်လေးမှာ ဖောက်သည်ချပြီးပြောပြပါ့မယ်…။
ကျွန်တော့် အမေက ရှမ်းစစ်စစ်ပါ…။ စစ်သားဖြစ်တဲ့အညာသား အဖေက ရှမ်းပြည်နယ်ဖက်မှာ တာဝန်ကျရာ ကနေ အမေနဲ့ အကြောင်းပါခဲ့ပါတယ်..။ အမေ့ရဲ့ရွာဖြစ်တဲ့ မိုင်းယော်ဆိုတဲ့ရွာလေးက လားရှိုးကနေ မိုင် ၁၀၀ လောက် ကွာဝေးတဲ့ နေရာမှာရှိပါတယ်…။ တစ်နေ့မှာ… ရွာကို မရောက်ဖြစ်တာကြာပြီ ဖြစ်တဲ့ အမေက ရွာကို အလည်သွားမယ်..၊တစ်ခါမှ မရောက်ဖူးသေးတဲ့ ကျွန်တော့်ကိုလည်း အမျိုးတွေနဲ့ မိတ်ဆက်ပေးပြီး ခေါ်သွား မယ်လို့ပြောပါတယ်…။ ကျွန်တော်ကလည်း တစ်ခါမှ မရောက်ဖူးသေးတဲ့ ကိုယ့်ဆွေမျိုးတွေရှိရာ ရွာကိုသွား လည်ရမှာ ဆိုတော့ ပျော်လို့ရွှင်လို့ပေါ့ဗျာ…။အဲ့ဒီအချိန်တုန်းက ကျွန်တော့်အသက်ကက ၁၂ နှစ်သားအရွယ်လောက်သာ ရှိပါအုံးမယ်…။ မိုင်းယော်ဆိုတဲ့ ရွာကလည်း ကားလမ်းတောင် ကောင်းကောင်းမပေါက်သေးတဲ့ခေတ်မှာ အတော်ကို ခက်ခက်ခဲခဲ သွားလာ ရပါတယ်.. (အခုတော့ လမ်းတွေပေါက်ပြီး မြို့ တစ်ခုဖြစ်နေပါပြီ…)…။ ကားကို တစ်နေကုန် စီးလိုက်..ဗွက်နစ်ရင် ဆင်းတွန်း လိုက်…လုပ်ပြီး ၁၅ နာရီလောက်ကြာအောင်စီးလို့အပြီးမှာ အမေတို့ရွာ ကို ရောက်ပါတော့တယ်…။
ကျွန်တော် ရွာကိုရောက်ပြီးမှ သိခဲ့ရတာကရွာက အယူသည်းမှုတွေကိုပါ..။ ထုံးစံ ဓလေ့လို့လည်း ပြောလို့ ရမှာပေါ့လေ…။ ဥပမာ - ဗိုက်ကြီးသည်ခရီးသည်ကို ရွာမှာရှိတဲ့ ဘယ်သူ့အိမ်မှာမှ ညအိပ်/ညနေ နေခွင့်မပြုပါဘူး..၊ အဲ့လိုပဲ လင်မယားခရီးသည်ကိုလည်းရွာမှာ တည်းခွင့်မပေးပါဘူး..။ တစ်ခြား အယူတွေ လည်းအများကြီးရှိပြီး အခုချိန်ထိတောင်ဒီအယူတွေ ရှိပါသေးတယ်…။ အဲ… ပိုဆိုးတာက… ရွာမှာ စုန်း.၊ ကဝေတွေ တတ်တဲ့ လူတွေလည်း အများသားဆိုပဲ…၊ အမေ ကတော့ သတိပေးတယ်..။ စကားပြောရင်သတိထားဖို့..၊ သူများတွေ စိတ်တိုအောင် မပြောဖို့..၊ အမြင်ကတ်အောင် မနေဖို့ ဘာညာပေါ့ဗျာ…။ ကျွန်တော်ကို့ အမေ သက်သက် ကြောက်အောင် ခြောက်ပြောတယ် ပဲ မှတ်နေခဲ့တာပါ..။ ကိုယ်တိုင်ကြုံမှပဲဒီအဖြစ်အပျက်တွေကို ကျွန်တော် ယုံကြည်ခဲ့ ရပါတော့တယ်….။
တစ်နေ့ ကျွန်တော့် ဦးလေးနဲ့ ရွာထဲလမ်းလျှောက်ထွက်လာရင်း သရဲမွေးတယ်လို့ နာမည်ကြီးတဲ့ အိမ်ကို ဦးလေးက ကျွန်တော့်ကိုအဝေးကနေ ပြပါတယ်..။ အိမ်က တဲကုပ်သာသာလေးဖြစ်ပြီး လူတွေနဲ့ ဝေးတဲ့ ရွာပြင်စပ်စပ်မှာတစ်လုံးတည်း တည်ရှိနေပါတယ်..။ ကျွန်တော် ဒီနေရာကို မှတ်ထားလိုက်တယ်..။ လူကလည်း ငယ်ငယ်…၊စူးစမ်းချင်စိတ်ကလည်းရှိတာမို့ ဒီနေရာ ကို ငါပြန်လာခဲ့အုံးမယ်လို့ စိတ်တေးထားလိုက်ပါတယ်..။ လူကြီးတွေ လစ်တဲ့ တစ်နေ့မှာ ကျွန်တော်အဲ့ဒီ အိမ်ကို ထွက်ခဲ့ပါတယ်..။ အချိန်ကတော့ နေ့လည်ကြီးပါ…၊ ညဘက်ထွက်ရအောင်တော့ ကျွန်တော်သတ္တိ မကောင်းပါဘူး..။ အဲ့ဒီတဲရှေ့ရောက်ပြီဆိုရင်ပဲ ကျွန်တော် ရပ်ပြီး သေချာကြည့်လိုက်တယ်…။ ဘာမှန်းမသိတဲ့ ၀မ်းနည်းတဲ့ ခံစားမှု တစ်ခုကို ကျွန်တော်ခံစားလာရပြီး ဒီအချိန်မှာပဲ ကျွန်တော့်တစ်ကိုယ်လည်းကြက်သီးမွေးညှင်းတွေ တဖြန်းဖြန်းထလာခဲ့ပါတယ်…။ ကျွန်တော် ကြောက်ကြောက်လန့်လန့်နဲ့ ခဲလုံးကိုကောက်ပြီးအိမ်ကို လေးငါးချက်လောက်ပေါက်လိုက်ပါတယ်…။ ပြီးတော့ သေးနဲ့လှည့်ပန်း လိုက်ပြီး "နင့်ကိုငါ မကြောက်ဘူးဟေ့…" ဆိုပြီးအော်ကာ အိမ်ကို ကျွန်တော် ထွက်ပြေးခဲ့ပါတော့တယ်…။ လုံးဝ မရပ်မနားပဲ အိမ်ကို တောက်လျှောက်ပြန်ပြေးခဲ့ရာမှာလမ်းမှာတော့ ကျွန်တော် တစ်ခါ ချော်လဲခဲ့ပါတယ်…။ ကျွန်တော် အဲ့ဒီနေ့ကစပြီး နောက်တစ်ပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကျွန်တော် လုံးဝ မမှတ် မိတော့ပါ..။ အောက်ပါ ဖြစ်ရပ်များကအမေက ကျွန်တော့်ကို ပြန်ပြောပြခြင်းအား ရေးသားထားခြင်း ဖြစ်ပါသည်…။
ကျွန်တော် အိမ်ကို ချွေးတလုံးလုံးနဲ့ကမူးကတိုး ပြန်ပြေးလာပြီး အရမ်းကို မောဟိုက်နေပါတယ်..။ ကျွန်တော် ရှမ်းလို ရေသောက်ချင်တယ်လို့လှမ်းတောင်းပါသတဲ့ (ကျွန်တော် ခုချိန်ထိ ရှမ်းစကားလုံးဝကိုမတတ်ပါ..) အမေတို့ကတော့ အံ့သြလို့ပေါ့…။ အဲ့ဒီအချိန်မှာပဲ နောက်ဖေးမီးဖိုချောင်ထဲပြေးဝင်သွားပြီးအမဲသားရေခြောက် တွေကို အစိမ်းလိုက် ကိုက်စားနေပါတယ်..။ အမေတို့က ကျွန်တော့်ကို ၀ိုင်းပြီးချုပ်ပြီး မေးမြန်းကြပါတယ်..။ ဘယ်သွားခဲ့လဲ..? ဘယ်လုပ်ခဲ့လဲ ? ဘာစားခဲ့လဲ ဆိုတာတွေကိုပေါ့ဗျာ…။ကျွန်တော် ဘာမှကို ပြန်မဖြေပဲ ရုန်းပဲ ရုန်းနေပါသတဲ့..။ အမေပြောတာကတော့ အဲ့ဒီအချိန်မှာကျွန်တော်ဟာ ကျွန်တော်မဟုတ်တဲ့ တစ်ခြား တစ်ယောက် ဖြစ်နေတယ်ဆိုတာကိုပါပဲ…။ အမေတို့က ကျွန်တော့်ကို ဘုန်းကြီးတွေပင့်ပြီးကမ္မ၀ါဖတ်..၊ ပရိတ်ရွတ်လုပ်ပေးကြတယ်လို့ပြောပါတယ်..။ ကျွန်တော်ကတော့ မထူးခြားလာပါဘူး..၊နေ့တိုင်း နေ့ဘက်တွေဆိုငြိမ်ပြီး အိပ်နေတတ်ပေမယ့် ညသန်းခေါင်ချိန်ရောက် ရင် ထပြီး မီးဖိုချောင်ထဲမှာရှိသမျှ အသားစိမ်း၊ ငါးစိမ်းကို အကုန်စားပါသတဲ့..။ အထူးခြားဆုံးကတော့ ည (၁၂) ထိုးတိုင်းအိမ်ရှေ့ဟင်းလင်းပြင်ကိုထွက်ပြီး ရှမ်းသီချင်းအော်ဆိုကာ ရှမ်းအက ကို ကတော့တာပဲဖြစ်ပါတယ်…၊ အမေတို့ခမျာ ကြောက်ပြီး ဘယ်လို ခံစားနေရမလဲ စဉ်းသာ စဉ်းစားကြည့်လိုက်ပါတော့ဗျာ.။ နောက်ဆုံးလားရှိုးကိုပြန်ခေါ်ပြီး ကုဖို့ပဲ စီစဉ်ကြပါတော့တယ်…။
အဲ့ဒီအချိန်မှာ ဦးလေးဖြစ်သူက ကျွန်တော့်ကိုရွာစွန်က အိမ်ကို တစ်ခါခေါ်ပြဖူးကြောင်း ပြောပြလိုက်တော့ အဖိုး၊ အဖွားတို့ကို ဦးလေးဖြစ်သူကိုဆူပူကြိမ်းမောင်းလိုက်တာများ ဦးလေးခမျာ ငိုတောင်ငိုရတယ်လို့ ပြောပါတယ်.။ အဖြေက သေချာနေပြီလေ..ကျွန်တော် အခုလို ဖြစ်တာ အဲ့ဒီခြံရဲ့ လက်ချက်ပဲဆိုတာ..။အဘိုးက ချက်ချင်းပဲ အဲ့ဒီခြံကို ထွက်သွားတယ်..နောက်ကနေအဘွားက ငှက်ပျောပွဲ၊ အုန်းပွဲနဲ့ လိုက်သွားတယ်..။ ခြံရှေ့မှာ အဘိုးအပါအ၀င် အသက်ကြီးတဲ့လူကြီးလေးငါးခြောက်ယောက်လောက်က လက် အုပ်ချီပြီး ဘုရားစာမဟုတ်တဲ့ ရှမ်းဂါထာတွေကို သံပြိုင်ရွတ်ဆိုကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အဲ့ဒီတဲထဲက အသက် (၈၀) လောက်ရှိပြီ ဖြစ်တဲ့ အဘွားအိုတစ်ယောက် ထွက်လာပါတယ်..။အမေပြောပြတဲ့ အဘွားအို ပုံစံကို ကျွန်တော် မမှတ်မိတော့ပါ..။ တော်တော့်ကို ကြောက်စရာကောင်းကြောင်းတော့မှတ်မိပါသည်..။ အဘွားအိုက ရှမ်းလို… "အေး..နောက်ခါငါ့အိမ်ဘက် လာမဆော့စေနဲ့..၊ ငါ့သားတွေက အရင်လို ငါ့စကား သိပ်နားမထောင်တော့ဘူး.."လို့ပြောပြီး ဆေးလေးတစ်လုံး လာပေးပါတယ်…ပြီးတော့ ချက်ချင်းပဲ အိမ်ထဲပြန်ဝင်သွားပါတယ်…။
ကျွန်တော် ပြန်မှတ်မိတာကတော့ အဲ့ဒီဆေးသောက်ပြီးနောက်ပိုင်းကာလတွေကိုပါ..။ ကျွန်တော် ဒီတစ်ပတ်ထဲ ဘယ်ရောက်ပြီး ဘာတွေလုပ်နေသလဲဆိုတာကတော့တော်တော်ကိုပြောဖို့ခက်တဲ့ ကိစ္စတစ်ခုပါ..။ ကျွန်တော် မဟုတ်တဲ့ ကျွန်တော့်ကို ၀င်ပူးတဲ့ရှမ်းကောင်လေးက ဟို အဘွားကြီးရဲ့ ရေနစ်ပြီးသေသွားတဲ့ သားလို့လည်း ပြောကြပြန်ပါတယ်..။ ကျွန်တော်တော့ မစဉ်းစားတတ်တော့ပါဘူး..။အဘိုးတို့ ပြောကြတာကတော့ သူတို့က ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်ကြောင်း၊ သူ့တို့ဟာသူတို့နေကြတာဖြစ်ကြောင်းနဲ့ အဘွားကြီးမှာ ကျွန်တော့်အရွယ် သား (၃) ယောက်ရှိကြောင်း၊ ချောင်းထဲရေဆင်းကူးရင်း သုံးယောက်လုံး သေဆုံးသွားရာမှာ ကလေးတွေကို ခြံထဲမှာပဲ မြှပ်ထားကြောင်း၊ညဘက်ဆိုရင် အဲ့ဒီအိမ်မှ စကားပြောသံတွေ ကြားရကြောင်း ကျွန်တော် ပြန်ကြားသိရပါတယ်…။ကျွန်တော်နဲ့ အမေကတော့ ကျွန်တော် ဆေးသောက်လို့နေကောင်းပြီး နောက်တစ်ရက်မှာပဲ လားရှိုးကို ပြန်လာခဲ့ကြပါတယ်..။ အခုချိန်မှာတော့ ဒီလိုမျိုးကိစ္စတွေအဲ့ဒီရွာလေးမှာ မရှိလောက်တော့ပါဘူး..၊ အခွင့်အခါကြုံရင်တော့ နောက်တစ်ကြိမ်သွားလည် ဖို့ကြိုးစားလိုက်ပါအုံး မယ်ဗျာ….။
Written by :မောင်မိုးတိမ် @ သရဲ အကြောင်းပြောက်ြမယ်
မြို.လေးတွင် အရှင်နှစ်ပါး ပူဇော်ပသပွဲဆိုသည်က ဇာတိဖွားများ ၊ ဇာတိသားများ သတိတရ ရှိတတ်သော ပွဲတော် တစ်ခုဖြစ်သည် ။
ဆေးရုံရှေ. တွင်ကျင်းပသော ဥိးရှင်ကြီးပွဲ ၊ လှေကျင်းတွင် ကျင်းပသော ဦးရှင်ကြီးပွဲနှင်. တရုပ်တန်းတွင် ကျင်းပသော ဦးရှင်ကြီးပွဲဟူ၍ နှစ်စဉ် ၃ ပွဲ ကျင်းပလေ.ရှိသည် ။ မူလ ပတ္တမြား ရပ်ကွက်တွင် ကျင်းပလေ.ရှိသော ဦးရှင်ကြီး ပွဲမှနေ၍ နောက်ပိုင်း ဆေးရုံရှေ.တွင် ဆက်လက်ကပြသော ဦးရှင်ကြီးပွဲက မြို.လေးတွင် အဦးဆုံးသောပွဲဖြစ်သည် ။ပြီးခဲ့သည်. ပွဲကဆိုလျှင် ၁၃၁ ကြိမ်မြောက် ကျင်းပသော ပွဲဖြစ်သည် ။နောက်ဆုံးမှ ကျင်းပသော ပွဲကား တရုတ်တန်း ဦးရှင်ကြီးပွဲဖြစ်ပြီး နှစ် ၅၀ ကျော်နောက်ကျသည်ဟု သိရသည် ။ လှေကျင်း ဦးရှင်ကြီးပွဲကား ယခုနှစ်တွင် ၁၂၁ ကြိမ်တိုင်ခဲ့ပြီဖြစ်သည် ။
ယခင်က လှေကျင်းဦးရှင်ကြီးပွဲ ကျင်းပရန် အတွက် ကွင်းပိုင်မရှိခဲ့ပဲ ယခု GTI ကျောင်းဝင်းနေရာ ၊ ပရဟိတ ကျောင်းဝင်းနောက်ဖက် ၊ လှေကျင်း ကွက်သစ်ဘက်လယ်ကွင်း များစသည်ဖြင်. အဆင်ပြေရာ နေရာ ရွေးချယ် ကျင်းပခဲ့ကြရသည် ။ သို.သော် လွန်ခဲ့သော ၇နှစ်ခန်. လှေကျင်းရပ်ကွက် ရယက အဖြစ် ဦးမြင်.သန်း ၊ဦးမြင်.စိုး တာဝန်ယူစဉ်   ကြိုးစားဆောင်ရွက်ခဲ့ကြသဖြင်. ယခု ပွဲကျင်းပရာနေရာကို သတ်သတ်မှတ်မှတ် ရရှိခဲ့ကြသည် ။ထိုမှနေ၍ ပြီးခဲ့သော ၃ နှစ်ခန်.တွင်မူ အရှင် နှစ်ပါး နတ်နန်း ၂ခုကိုအခိုင်အမာ တည်ဆောက်နိုင်ခဲ့ကြသည် ။
လှေကျင်းဦးရှင်ကြီးပွဲ၏ ထူးခြားချက်မှာ အခြားအရှင်နှစ်ပါး ပွဲများထက် ပူးဝင်ပျော်ပါးကြသည်. နတ်အရေအတွက် ပိုမိုများပြားခြင်းဖြစ်သည် ။ ဖျော်ဖြေမည်. ဇာတ်ပွဲ မတိုင်မှီ အရှင်နှစ်ပါးနှင်. နတ်များ ပူဇော်ခြင်းကို ည ၇နာရီ ခန်.တွင် စတင်လေ.ရှိပြီး ၉း၃၀ - ၁၀း၀၀ နာရီခန်.အထိ ပြုလုပ်လေ.ရှိသည် ။ အရှင်နှစ်ပါးကိုသာ အစဉ်လိုက် ပူဇော်ပသပြီး ကျန်အတွင်း ၃၇ မင်း အပြင် ၃၇ မင်းကိုမူ နှစ်သက်ရာ ဝင်ရောက်ပူးကပ်ပျော်မြူးခွင်. ပြုထားခြင်းဖြစ်သည် ။ အခြေအနေအရ ပွဲမပါပဲ ပသမှု သက်သက်ပြုလုပ်ခဲ့ရသော နှစ်အချို.ရှိခဲ့ပြီး ထိုကဲ့သို.နှစ်မျိုးဆိုလျှင်တော. နတ်အတော်စုံစုံ ဝင်ရောက်ခဲ့ကြောင်း သိရသည် ။နိုင်ငံရေး ၊ စီးပွားရေး အရ ပသပွဲပါ မလုပ်နိုင်သည်.နှစ်မျိုးဆိုလျှင် အနည်းဆုံးလေးတိုင်စင်နှင်.တော. ပူဇော်ပသခဲ့ကြသည် ။
ပူဇော်ပသရာတွင် အရှင်နှစ်ပါး ပူဇော်ပသပွဲဟု သုံးနှုံးကြခြင်းမှာ ထိုနတ်လောကတွင် ပင်းယဘိုးဘိုးကြီး မှာ အခေါင်အချုပ်ဖြစ်ကြောင်း ၊ ထိုဘိုးဘိုးကြီး လက်အောက်တွင် မြို.တော်ရှင် ၊ နယ်တော်ရှင်တို.ရှိကြောင်း ၊ လက်ရှိပူဇော်ပသသည်မှာ မြို.တော်ရှင် ဖြစ်သော ကိုးမြို.ရှင် နှင်. နယ်တော်ရှင် ဦးရှင်ကြီးတို.အား အမှုးထား ပူဇော်ပသခြင်းကြောင်. ဖြစ်ကြောင်းလည်း သိရသည်။ 
ယခုနှစ်တွင် ဆေးရုံရှေ. ဥိးရှင်ကြီးပွဲ ၊ပြီး တရုတ်တန်း ဦးရှင်ကြီးပွဲ တို.ကျင်းပအပြီး လှေကျင်းဦးရှင်ကြီးပွဲကို ၂၀၁၄ ဖေဖော်ဝါရီလ ၂၀ ရက်နေ.မှ စတင်ကျင်းပခဲ့သည်ဟု သိရပါသည် ။ ယခုနှစ် ပူဇော်ပသပွဲ ဝတ်စုံနှင်. အခြား လိုအပ်သည်များကို ကို ချစ်ဦး- မမီးမီးနှင်. မမေရီမိသားစု တို.က တာဝန်ယူလှုဒါန်းခဲ့သည်ဟုသိရပါသည် ။
( ဤ စာစုလေးကို ဘာသာရေးဆိုင်ရာ ယုံကြည်မှုထက် မြို.လေး၏ ဓလေ.ရိုးရာ ကျင်းပပုံ တစ်ခုအနေဖြင်. အဓိကထား ဖော်ပြပါသည်  )
လိုအပ်သော အချက်အလက်များ ရရှိရန် ချိတ်ဆက် ဆောင်ရွက်ပေးသော ကိုအောင်မြင်. ၊သိရှိလိုသော အချက်အလက်များကို စိတ်ပါလက်ပါ ပြည်.စုံစွာဖြေကြားပေးသော ဦးပု @ ဦးမြင်.သန်း တို.အား ဝါးခယ်မ Page မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည် ။
Monday, February 24, 2014
မြန်မာ့တပ်မတော် ထုတ် ခေတ်မှီ သံချပ်ကာယာဉ် များအကြောင်း
ပိုစ့်မတင်ဖြစ်တာလည်း နည်းနည်းကြာနေလို့ စောင့်နေကြတဲ့ ညီ၊အစ်ကိုတွေကို ဒီနေ့တော့ တပ်မတော်ထုတ် သံချပ်ကာယာဉ်(အပေါ့စား)၊ကင်းလှည့်ယာဉ်တွေနှင့် မိတ်ဆက်ပေးချင်ပါတယ်...။ မြန်မာ့တပ်မတော်မှာ ဟိုးအရင်ခုနှစ်များဆီကနေစတင်ပြီး BAAC စီးရီး ကင်းလှည့်သံချပ်ကာယာဉ်တွေကို ပြည်တွင်းမှာဘဲတပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်...။ အမှန်တိုင်းဝန်ခံရမယ်ဆိုရင် အဆိုပါ၈၀ခုနှစ်များက ထုတ်လုပ်ခဲ့တယ် သံချပ်ကာကင်းလှည့်ယာဉ်များဟာ အသင့်ရှိပြီး စစ်သုံးယာဉ်များကို သံချပ်ကာအုပ်ထားတဲ့ ကင်းလှည့်ယာဉ်များသာ ဖြစ်ခဲ့ကြပါတယ်...။ သို့သော် တပ်မတော်သံချပ်ကာတပ်ရဲ့ လိုအပ်နေတဲ့ တိုက်စစ်စွမ်းရည်ကိုတော့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ခဲ့ကြပါတယ်...။
မြန်မာ့တပ်မတော်ဟာ ရှိရင်းစွဲလက်နက်စနစ်များကို သုတေသနပြုလေ့လာရင်း ပို၍ပို၍ ကောင်းမွန်တဲ့စနစ်များအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်...။ သိသာတဲ့အချက်ကတော့ ယခင် BAAC သံချပ်ကာကင်းလှည့်ယာဉ်များကို အခြေပြုတီထွင်ထုတ်လုပ်ခဲ့တဲ့ MAV စီးရီး သံချပ်ကာကင်းလှည့်ယာဉ်များဘဲဖြစ်ပါတယ်...။ MAVလို့အတိုကောက်ခေါ်ဝေါ်တဲ့ Myanmar Armoured Vehicle (MAV) သံချပ်ကာကင်းလှည့်ယာဉ်များကို ရရှိထားသည့် ပုံများအရဆိုရင် မျိုးကွဲ(၄)မျိုးတွေ့ရနိုင်ပါတယ်...။ အဆိုပါ(၄)မျိုးစလုံးကို ပုံများနှင့်တကွဖော်ပြပေးလိုက်ပါတယ်...။
MAV-1 Scout Car (ကင်းထောက်ယာဉ်)
MAV-1 SCဟာဆိုရင် အရင် BAAC စီးရီးသံချပ်ကာကင်းလှည့်ယာဉ်တွေအပေါ်အခြေခံထားတယ်ဆိုတာ သိသာပါတယ်...။ ထူးခြားချက်အနေဖြင့် အဆိုပါသံချပ်ကာကင်းလှည့်ယာဉ်ဟာ အရင် BAAC စီးရီးများကဲ့သို့ ရှိရင်းစွဲစစ်ယာဉ်များကို သံချပ်ကာအုပ်ထားခြင်းမဟုတ်တော့ဘဲ စနစ်တစ်ခုလုံးကို သံချပ်ကာယာဉ်အဖြစ် ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ခြင်းဘဲဖြစ်ပါတယ်...။ ဒါဟာ မြန်မာ့တပ်မတော်ရဲ့ ခေတ်မှီသံချပ်ကာယာဉ်များ တည်ဆောက်မှု အစလို့လည်း သတ်မှတ်နိုင်ပါတယ်...။ တပ်ဆင်ထားတဲ့လက်နက်စနစ်ကို ပုံအရပြောရမယ်ဆိုရင် ၁၂.၇မမ စက်ကြီးတပ်ဆင်ထားပါတယ်...။ ပစ်ခတ်ထိန်းချုပ်မှုစနစ်ကိုတော့ မသိရပါဘူး...။ သံချပ်ကာယာဉ်အနေဖြင့် တန်ချိန် (၃.၇၅)တန်ရှိပါတယ်...။
MAV-2 (ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်)
MAV စီးရီးရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ကတော့ BAACစီးရီးများကနေ အတော်လေးခွဲထွက်လာခဲ့ပါပြီ။ ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ဆိုတဲ့အတိုင်း စစ်သည်များအနေဖြင့်လည်း လိုက်ပါတိုက်ပွဲဝင်နိုင်စွမ်းရှိလာပြီးတော့ လက်နက်စနစ်ကိုလည်း ၂၀မမ စက်အမြောက်အပြင် ၇.၆၂မမ စက်ကလေးနှင့် အားဖြည့်ထားပါတယ်...။ တန်ချိန်(၉)တန်ရှိပါတယ်...။ ပိုပြီးတိကျတဲ့ အချက်လက်တွေတော့ မရရှိသေးပါဘူး...။
MAV-3 (ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်)
MAV-3 သံချပ်ကာယာဉ်ကတော့ MAV-2 နှင့်အနည်းငယ်သာ ကွဲပြားတဲ့တိုက်ယာဉ်ပါ...။ ထူးခြားချက်ကတော့ အင်ဂျင်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာပြီးတော့ ပစ်အားကိုမြှင့်ထားတယ်လို့ သိရပါတယ်...။ကျန်တဲ့ထူးခြားချက်တော့ ကျွှန်တော်မတွေ့မိပါဘူး...။ (ညီ၊အစ်ကိုတွေအနေနှင့် ဝင်ထောက်ပြပေးနိုင်ပါတယ်...။)
MAV-4 (ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်)
 တိုက်ယာဉ်အဖွဲ့သား (၄)ယောက်နှင့် ၀.၅စက်သေနတ်နှစ်လက်တွဲ တပ်ဆင်ထားတဲ့ MAV-4 ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ဟာဆိုရင် တန်ချိန်(၆.၇၇)တန်ရှိပြီး ထုတ်လုပ်မှုအစီးရေ ပမာဏမများဘူးလို့ သိရပါတယ်...။
မြန်မာ့တပ်မတော်ရဲ့ သံချပ်ကာထုတ်လုပ်ရေး စီမံကိန်းများအနက် MAV စီးရီးတွေအနေနှင့် သိရသလောက်ကိုဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ်...။ နောက်ထပ်ဖော်ပြပေးမယ့် မျိုးဆက်သစ်ခေတ်မှီ သံချပ်ကာကင်းလှည့်ယာဉ်တစ်မျိုးကတော့ အပေါ့စားသံချပ်ကာကင်းထောက်ယာဉ်များလို့ သတ်မှတ်နိုင်တဲ့ ULARV စီးရီးများဘဲဖြစ်ပါတယ်...။ တကယ်တော့ ဒီစီးရီးသံချပ်ကာယာဉ်တွေဟာ အရင်ထုတ်လုပ်ခဲ့ဘူးသမျှသော သံချပ်ကာယာဉ်များနှင့်စာရင် လုံးဝကိုကွဲပြားသွားတဲ့ ဒီဇိုင်းနှင့်စနစ်များဘဲဖြစ်ပါတယ်...။ အနည်းငယ်အကျယ်ချဲ့လေ့လာကြည့်ရအောင်-
ULARV-1
ULARV-1 သံချပ်ကာကင်းထောက်ယာဉ်ကို မြန်မာ့တပ်မတော်ကဘဲ ဒီဇိုင်းဆွဲတီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ ၁၄.၅မမ စက်ကြီးကိုတပ်ဆင်ထားပါတယ်...။ ယာဉ်ရဲ့ ကြံခိုင်မှုဟာ အားရစရာကောင်းလှပြီး ရုရှားတပ်မတော်သုံး Tigr သံချပ်ကာကင်းထောက်ယာဉ်များကဲ့သို့ပင် စွမ်းဆောင်ရည်ရှိပါတယ်...။ အပေါ့စားကင်းထောက်ယာဉ်လို့ သတ်မှတ်ထားပင်မယ့် ၁၄.၅မမ စက်သေနတ်ရဲ့ ထိရောက်မှုအားဟာ တဖက်ရန်သူကို အကောင်းဆုံးချေမှုန်းနိုင်စွမ်းရှိနေပါတယ်...။ ဂုဏ်ယူဖွယ်ရာနောက်တစ်ချက်ကတော့ တပ်ဆင်ထားတဲ့ စက်သေနတ်များကို ယာဉ်အတွင်းကနေ ထိန်းချုပ်ပစ်ခတ်နိုင်စွမ်းရှိပြီးတော့ ထိရောက်တဲ့စနစ်ဖြစ်ကြောင်း စမ်းသပ်မှုများအရ သိရှိရပါတယ်...။ လျင်မြန်စွာစစ်ကစားလှုပ်ရှားမယ့် တိုက်ယာဉ်အမျိုးစားတစ်စင်းဘဲ ဖြစ်ပါတယ်...။
လေကြောင်းရန်အတွက်လည်း Igla ကဲ့သို့သော တာတိုထိရောက်မှုအားကောင်းသည့် လေကာစနစ် တပ်ဆင်ထားနိုင်မှုကိုကြည့်မယ်ဆိုရင် ULARV-1 တိုက်ယာဉ်များရဲ့ စွမ်းဆောင်မှုကို ခန့်မှန်းနိုင်ကြမယ်ထင်ပါတယ်...။ တပ်မတော်ရဲ့ အနာဂတ် စီမံကိန်းများအနက်တစ်ခုဖြစ်တဲ့ စစ်ယာဉ်တန်းများ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ စွမ်းဆောင်ရည်ကို ဖြည့်ဆည်းပေးနိုင်မယ့် တိုက်ယာဉ်များလည်းဖြစ်ပါတယ်...။
လေကြောင်းရန် ကာကွယ်ရေးသုံး Igla တာတိုပစ်ဒုံးလက်နက်တပ် ULARV-1
ULARV-2
ULARV-2 ခြေလျင်တင်တိုက်ခိုက်ရေးယာဉ်ကိုတော့ ၁၄.၅မမ စက်ကြီးအပြင် Igla ကဲ့သို့သော တာတိုပစ် လေကြောင်းရန် ကာကွယ်ရေးလက်နက်စနစ်များကိုလည်း ပူးတွဲ တပ်ဆင်ထားနိုင်ပါတယ်...။ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းများအတွက်လည်း လိုအပ်ချက်အရ Igla တာတိုပစ် ဒုံးများတပ်ဆင်ပေးနိုင်ပါတယ်...။ အတည်ပြုလို့မရသေးတဲ့ သတင်းများအရဆိုရင် ကွန်ပြူတာ ထိန်းချုပ်ရေးစနစ်များပါ တပ်ဆင်ထားပြီး သံချပ်ကာတပ်ရင်းများရဲ့ အားထားရတဲ့ တိုက်ယာဉ်များအဖြစ် နေရာယူလာမယ့် အမျိုးစားလို့ သိရပါတယ်...။
ULARV-3 
ဒီကနေ့တင်ပြပေးမယ့်အထဲမှာတော့ ညီ၊အစ်ကိုတို့အတွက် ထူးထူးခြားခြားအဖြစ် ULARV-3 သံချပ်ကာအကြောင်းကိုလည်း အနည်းငယ်ဖော်ပြပေးပါ့မယ်...။ အရင်ထုတ်လုပ်ခဲ့တဲ့ တိုက်ယာဉ်များနှင့် ကွဲပြားစွာထုတ်လုပ်ထားတဲ့ ULARV-3 သံချပ်ကာယဉ်များကို မြန်မာ့တပ်မတော်မှ ဒီဇိုင်းဆွဲထုတ်လုပ်ထားတာဖြစ်ပြီးတော့ ထူးခြားချက်အနေနှင့် ပြည်ပနည်းပညာတစ်ချို့ကို ပူးပေါင်းတပ်ဆင်ထားခြင်းဖြစ်ပါတယ်...။ ၃၆၀ဒီဂရီလှည့်ပတ် ပစ်ခတ်နိုင်တဲ့ ၃၀မမလက်နက်စနစ်ကိုတော့ ပြည်ပနိုင်ငံတစ်ခုဆီကနေ နည်းပညာဝယ်ယူကာ ပြည်တွင်းမှာဘဲ တပ်ဆင်ထုတ်လုပ်ခဲ့ပြီး ခေတ်မှီနည်းပညာများ ထည့်သွင်းထားပါတယ်...။ ယာဉ်ရဲ့အတွင်းပိုင်းစနစ်ကို အထူးပြုလုပ်ထားပြီးတော့ တစ်ချိန်ချိန်မှာ ပြည်ပနိုင်ငံများကိုပင်
 ရောင်းချပေးနိုင်တဲ့စနစ်တွေပါဝင်ပါတယ်...။ ယခုပုံမှာတွေ့ရတဲ့ သံချပ်ကာယာဉ်ဟာဆိုရင် စမ်းသပ်ဆဲအဆင့်သာရှိပြီးတော့ အပြီးသတ်ထုတ်လုပ်မှုပြုလုပ်ပြီး ဖြစ်ပါတယ်..။ သံချပ်ကာယာဉ်များရဲ့ တိုက်စစ်စွမ်းရည်ကိုလည်း မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့
 ခြေလျင်၊တင့်နှင့်သံချပ်ကာ လေ့ကျင့်မှုတစ်ခုအတွင်းမှာ စမ်းသပ်ခဲ့ပြီး အားရဖွယ်တွေ့ရှိခဲ့ရပါတယ်...။
ကျွှန်တော်အနေနှင့် အမှတ်မမှားဘူးဆိုရင် ပထမဆုံးသော တပ်မတော်ထုတ် ၆×၆ ဘီးတပ် သံချပ်ကာယာဉ်အမျိုးစားဘဲဖြစ်ပါတယ်...။ မျိုးကွဲများရှိသည့်အနက် အချို့တိုက်ယာဉ်များကိုတော့ အမိန့်ပေးယာဉ်အဖြစ်အသုံးပြုတာကိုလည်း တွေ့ရပါတယ်...။
အထက်မှာဖော်ပြပေးခဲ့တဲ့ သံချပ်ကာတိုက်ယာဉ်များဟာ ပြည်တွင်းတွင်ပင် ဒီိဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ သံချပ်ကာယာဉ်များဖြစ်ပြီးတော့ ယူကရိန်း၏ ကမ္ဘာကျော် BTR-3U နှင့် MT-LBMsh ကဲ့သို့သော သံချပ်ကာနှင့်အပေါ့စားတင့်များကိုပင် တပ်မတော်အနေဖြင့် ထုတ်လုပ်နိုင်နေပြီဖြစ်ပါတယ်...။
နောက်ဆုံးတစ်ခုကတော့ အလွန်ထူးခြားတဲ့ သတင်းတစ်ခုပါဘဲ...။ မြန်မာ့တပ်မတော် အကြီးစားစက်ရုံတွေကို အရင်က ကျွှန်တော်တို့ ဒီလိုမြင်တွေ့ရမယ်လို့ မျှော်လင့်မထားခဲ့မိတာ အမှန်ဘဲဖြစ်ပါတယ်...။ မြဝတီသတင်းကနေ ထုတ်လွှင့်ခဲ့တဲ့ သတင်းတစ်ခုဖြစ်ပါတယ်...။ မြန်မာ့တပ်မတော်အတွက် အရေးကြီးလှတဲ့ စစ်ယာဉ်များထုတ်လုပ်မှုပါ...။ ပြည်တွင်းထုတ် ၁၂၂မမအတွဲလိုက်ပစ် ဒုံးပစ်စင်များအဖြစ် သော်လည်းကောင်း၊ အမြောက်ဆွဲယာဉ်များအဖြစ် သော်လည်းကောင်း အသုံးပြုနိုင်မည့် Heavy Duty Military Truckများ ထုတ်လုပ်မှုအား မြင်တွေ့ရစဉ်ဖြစ်ပါသည်...။
(အထက်ပါ ဖော်ပြထားသော သံချပ်ကာယာဉ်များ၏ အချက်လက်မှားများရှိပါက ကျွှန်တော့်၏ အမှားသာလျင်ဖြစ်ပြီးတော့ မိတ်ဆွေတို့အနေဖြင့် ကော်မန့်မှတစ်ဆင့်သော်လည်းကောင်း ထောက်ပြပေးနိုင်ပါတယ်ခင်ဗျာ...။)
သတင်းဓါတ်ပုံ- မြဝတီ သတင်းဌါန
ယခုအခါ ပြင်ပ စာစောင်၊ ဂျာနယ်လောကတွင် အမှန်တစ်ကယ် ရိုက်နှိက်ထုတ်လုပ်ဖြန့်ချိသူများမှ ဤ Page မှ ``ရေစာ´´ပါဝင်နေသော ဓာတ်ပုံများ၊ သတင်းအချက်အလက်များကို ကိုးကားကူးယူ၍ မိမိဆန္ဒစွဲအတိုင်း ရေးသား၊ ပြင်ဆင်တည်းဖြတ်ကာ ထုတ်ဝေနေသည်ကို တွေ့ရှိရပါသည်။ ၎င်းတို့ရေးသားထုတ်ဝေနေသော သတင်းဆောင်းပါးများ၏ ရပ်တည်ချက်များနှင့် အာဘော်များသည် မူရင်း ဓါတ်ပုံနှင့် သတင်းအချက်အလက်အချို့ကို ပိုင်ဆိုင်သော ဤ Page ၏ဦးတည်ချက်များနှင့် သွေဖယ်သော အကျိုးဆက်များကို ဖြစ်ပေါ်စေသည်ဟု ယူဆပါသည်။ သို့ပါ၍ ၎င်းတို့ရေးသားထုတ်ဝေရာမှ ဖြစ်ပေါ်လာသော အကျိုးဆက်များကို ၎င်းတို့သာ တာဝန်ယူရမည်ဖြစ်ပါသည်။ 
ဓါတ်ပုံ၊ စာသား အစရှိသော ပို့စ်တစ်ခုကို ကူးယူခြင်း၊ ပြန်လည်တင်ခြင်း တို့တွင် လျင်မြန်လွန်းပြီး ကျယ်ပြန့်မြန်ဆန်၍ Trace လိုက်ရန်ခက်ခဲသော Online Media နှင့် Social Network များ၌ပင် ဓါတ်ပုံများ၊ အချက်အလက်များကို ကူးယူဝေငှပါက၊ သို့မဟုတ် မှီငြမ်းပါက Profile အစစ်အမှန်ဖြင့် အသုံးမပြုသူများပင်လျှင် ခွင့်တောင်းကြသည်ကို Ethics (ကျင့်ဝတ်စည်းကမ်း)အဖြစ် လိုက်နာကြသော အလေ့အကျင့်အဖြစ် ကျယ်ပြန့်လာလျှက်ရှိသည်ကို တွေ့ရပါသည်။ ယခုကဲ့သို့ ပြင်ပ Printed Media တွင် အမှန်တစ်ကယ်ရိုက်နှိပ်ဖော်ပြသော တစ်နိုင်ငံလုံးသို့ ဖြန့်ချိသော စာစောင်ဂျာနယ်များအတွက်မူ ဤစည်းကမ်းကို လိုက်နာလေးစားသင့်သည်မှာ အငြင်းပွားဖွယ်မရှိပါ။ Online Media များမှ ခွင့်မတောင်းပဲ မိမိလုံ့လ၀ီရိယ စိုက်ထုတ်မှုမပါပဲ ကူးယူဖေါ်ပြခြင်းမျိုးကို မပြုလုပ်ကြပါရန် Printed Media အားလုံးသို့ အသိပေး ပန်ကြားပါသည်။ 
Thursday, February 20, 2014
ကျုံမငေး မြို.ဖြစ်ပြီ .. Congratulation Kyonemangae !
၂၀၁၄ ဖေဖော်ဝါရီလ ၁၈ ရက်နေ.တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၁၄ ရက်မြောက်နေ.တွင်ဝါးခယ်မမြို.နယ်အပိုင် ကျုံမငေး အား မြို.အဖြစ် တရားဝင် သတ်မှတ်ခွင်. ပြု လိုက်ကြောင်း သိရပါသည် ။
တိုင်းဒေသကြီးဝန်ကြီးချုပ် ၊၀ါးခယ်မမြို.နယ် အမှတ် ( ၂ ) မဲဆန္ဒနယ်မြေ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်သှူ ကြံ.ခိုင်ရေးအမတ် ဦးကျော်လွင်၊ ကျုံမငေး အုပ်ချုပ်ရေးမှုး ဦးစိုးဝင်း တို.နှင်. သက်ဆိုင်ရာ မြို.မိ မြို. ဖများနှင်. တာဝန်ရှိသူတို.တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ခဲ့ကြခြင်းကြောင်. ထိုသို.အောင်မြင်ခဲ့ခြင်းဖြစ်သည်ဟုဆိုကြသည် ။ 
ထိုသို. ခွင်.ပြုခဲ့ရာတွင် ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြခရိုင်အတွင်းရှိ ကျေးရွာ ၂ ရွာအား စုစည်း၍ ရပ်ကွက် ၅ ရပ်ကွက် ပါဝင်သော ကျုံမငေး မြို.အဖြစ် တိုးချဲ. ဖွဲ.စည်းခြင်း ၊ကျေးရွာအုပ်စု ၄စုအားပြင်ဆင် ဖွဲ.စည်းခြင်း တို.ကို လွှတ်တော်က မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီး ၄င်းနှင်. အတူ ကျုံပျော်မြို.နယ် ဆင်ခေါင်းကျေးရွာအား ဆင်ကောင်းကျေးရွာအုပ်စုအဖြစ် ပြင်ဆင် ဖွဲ.စည်းခြင်း ခွင်.ပြုခဲ့ခြင်းဖြစ်သည် ။
ရပ်ကွက် ၁၄ ခု ကျေးရွာ ၁၂၆ ရွာ ဖြင်.ဖွဲ.စည်းထားသည်. ၀ါးခယ်မမြို.နယ်တွင် ရွှေလောင်းတိုက်နယ် ၊ ကျွန်းကုန်းတိုက်နယ် ၊ ကျုံမငေးတိုက်နယ်ဟု ရှိပြီး ရွှေလောင်း မှာ ယခင်က ၀ါးခယ်မမြို. မဖြစ်ခင်ကပင် ကုန်စည်ကူးသန်းရာ မြို.အဖြစ် စည်ကားခဲ့သော်လည်း ယခုတွင်မူ တိုက်နယ်အဆင်.သာရှိတော.သည် ။ ကျုံမငေးမှာ မြို.နယ်အတွင်း ရှိ တိုက်နယ်တို.အနက် စည်ကားသော ဒေသ တစ်ခုဖြစ်ခဲ့ပြီး ယခင်က ကျုံမငေး ၊ မအူချောင်း ၊ ကုန်းကြီး ၊ ကျွဲချောင်း ၄ ရွာ ပေါင်း ၍ ကျုံမငေး ကျေးရွာအုပ်စုဟု ခေါ်တွင်ပြီး ချောင်း တစ်ဖက်ကမ်း အုန်းပင် ၊ ပန်းကူး ၊ ရေလယ်ကျွန်း ၃ ရွာ ပေါင်း ၍ အုန်းပင်ကျေးရွာအုပ်စုဟု ခေါ်ပြီး ထိုကျေးရွာအုပ်စု ၂ခု တစ်ဆက်တစ်စပ်တည်း တည်ရှိနေခြင်းဖြစ်သည်
ယ္ခု အခါ မြို့ အဖြစ် သတ်မှတ်ရာတွင် စည်းမျဉ်းအရ လန / ၃၉ ကျပြီး သည့် ကျုံ မငေး နှင်. အုန်းပင်ကျေးရွာအုပ်စု သာ ပူးပေါင်း၍ မြို့အဖြစ်သတ်မှတ်ခြင်းဖြစ် ပါသည်။ စည်းမျဉ်းအရ လန / ၃၉ မကျသော လယ်ယာမြေ များ မပါဝင် ရ သဖြင်.လယ်ယာမြေ များဖြစ်သော မအူချောင်း ကို ငှက်ကျ သို့ ၎င်း ၊ ကုန်းကြီး ကျွဲချောင်း ကို အောက်ပေကုန်း သို့ ၎င်း ၊ ပန်းကူးကို ရေလယ်ကျွန်း သို့ ၎င်း ရွှေ.ပြောင်းထည်.သွင်းဖွဲ.စည်း ခဲ့ပါသည် ။ 
ထိုမြို.အဖြစ် ဖွဲ.စည်းခွင်.အမိန်.စာ ကို တရားဝင် ရရှိပြီးနောက်ပိုင်းတွင် လိုအပ်သော ဋ္ဌာနဆိုင်ရာ များတည်ဆောက်ရန် အချိန် ၂ နှစ်ခန်.ယူရမည်ဟု သိရပြီး မြို.နယ်ခွဲအဆင်.သို.တိုးမြှင်.လျှောက်ထား၇န် ရည်ရွယ်ထားသည်ဟုလည်း သိရပါသည်။
Data & Photo from ကိုစိုးဝင်း Facebook
Wednesday, February 19, 2014
ဘဲဥထုပွဲ တဲ့ - စစ်ကိုင်း ကြေးဘုရားကြီး ပွဲတော်
ကြေးဘုရားကြီး၏ ပွဲတော်သည်ပင်လျှင် ယခုအခါ (၁ဝ၉)ကြိမ် ရှိခဲ့ပြီဖြစ်၍ ဘဲဥထုပွဲမှာလည်း နှစ်ပေါင်း ၁ဝဝ ကျော်ခဲ့ပြီ ဖြစ်သည်။
စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက် တွင်တည်ရှိသည့် ဇိန မာရ်အောင် လောကချမ်းသာကြေး ဘုရားကြီး ၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရိုးရာ ဘဲဥထုပွဲတော်ကို ယခုလ ၁၄ရက် မှစတင်၍ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ယခုနှစ် ဘုရားပွဲတော်တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလှခြင်း ခတ်ပွဲ၊ ဘောလုံးဂိုးကျဉ်းပြိုင်ပွဲ များကိုလည်း ထည့်သွင်းကျင်းပပြီး ကြည့်ချင်ပွဲအဖြစ် ပိတ်ကားထောင် ရုပ်ရှင်ဖြင့် ဖျော်ဖြေကြောင်း သိရ သည်။
နှစ်စဉ်တပို့တွဲလပြည့်တွင် ကျင်းပလေ့ရှိသည့် ဇိနမာရ်အောင် လောကချမ်းသာကြေးဘုရားကြီး ၏ ဘုရားပွဲတော်တွင် မြန်မာနိုင်ငံ တွင် တစ်ခုတည်းသာရှိသောဘဲဥ ထုပွဲကိုပါ ထူးထူးခြားခြား ထည့် သွင်း ကျင်းပလေ့ရှိသည်။ လပြည့် နေ့ညမှစတင်ကာ သုံးညတိုင် ကျင်းပလေ့ ရှိကြသည်။ ဘဲဥထုပွဲ ကျင်းပသည့် ကြေးဘုရားကြီးမှာ ဧရာဝတီမြစ်ကမ်းဘေး ဧမြဝတီ ရပ်(ရှေး-အစေခံရပ်)တွင် တည်ရှိ သည်။ ဧရာဝတီမြစ်ကမ်းဘေးရှိ ပဲ့နင်းကြီးဘုရားဝင်းအတွင်းမှာပင် ရှေးယခင်မှ ယခုထက်တိုင်နှစ်စဉ် ကျင်းပခဲ့ကြခြင်းဖြစ်သည်။
ဘဲဥထုပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်ညပိုင်းတွင် ကြေး ဘုရားကြီး၏အရှေ့ဘက်ရှိ ပဲ့နင်း ဘုရားဝင်းအတွင်း ကျင်းပကြ သည်။ ဘဲဥထုပွဲကျင်းပပုံက တစ် မျိုး စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဘဲဥပြုတ်ရောင်းပေးသည့်သူက အောက်ခံတောင်း(ခွဲတောင်း သို့ မဟုတ် ထန်းလျှော်တောင်း)ထဲ တွင်ပြုတ်ပြီး ဘဲဥများထည့်ထား ကာ အပေါ်တွင် ဆန်ကောခင်းပေး ထားသည်။ ဘဲဥထုကြမည့်သူ နှစ်ဦးရှိလာပါက တောင်းအတွင်းမှ ဘဲဥပြုတ်နှစ်လုံးကို ထုတ်ပေးသည်။ မြင်သာထင်သာရှိအောင် ရေနံဆီ မီးခွက်(သို့မဟုတ်)ဖယောင်းတိုင် တို့ကိုထွန်းပေးထားရသည်။ တစ် ယောက်တစ်လုံးစီ ကြိုက်ရာရွေး ယူကာ တစ်ယောက်က အောက်မှ လက်နှင့်ဆုပ်ကိုင်ကာ ဘဲဥကို တည်ပေးထားရသည်။ ကျန်သူက ဘဲဥကိုကိုင်ကာ အပေါ်မှ ထုရိုက် ရသည်။ ဘဲဥထိပ်ချင်းဆိုင်ကာ ထုရိုက်ခြင်းဖြစ်၍ တစ်ခါ တစ်ရံ အောက်မှ အခံဘဲဥ ပိန်သွားတတ် သည်။ တစ်ခါတစ်ရံ အထက်မှ ထုရိုက်သည့်အထုဘဲဥ ပိန်သွား လေ့ရှိသည်။ ပိန်သွားသည့် ဘဲဥ ဘက်က အရှုံးဖြစ်သည်။ မည်သူ ရှုံးမည် နိုင်မည်ကို ပုံသေတွက်၍ မရချေ။ ဘဲဥထုရိုက်ကစားသူ နှစ်ဦးသည် အတည်ဘက်နှင့်အထု ဘက်ကို တစ်လှည့်စီနေကြရသည်။ ပိန်သွားသည့်ဘဲဥကို နိုင်သူက ယူ လိုက်သည်။ အနိုင်ဘက်က ဘဲဥ ကို ဒိုင်(ဘဲဥသည်)က ပြန်သိမ်း ကာ အောက်မှတောင်းထဲသို့ ပြန် သိမ်းသည်။ ရှုံးသူ၏ဘက်မှ နို့ဆီ ဘူးထဲသို့ အရှုံးဘဲဥအရေအတွက် ကို သိရှိနိုင်ရန် ပဲစေ့ (သို့မဟုတ်) မန်ကျည်းစေ့ တစ်စေ့ထည့်လိုက် သည်။ ဤသို့ဖြင့် ဘဲဥထုကစားသူ နှစ်ဦးတို့သည် အထုဘက်နှင့်အခံ ဘက်ကို တစ်လှည့်စီနေကာ မိမိ တို့ သဘောကျကစားနိုင်သည်။ တစ်လှည့်တစ်ပြန်စီ ဘဲဥထုကစား ကြရာတွင် အပိုလောင်းကြေးအနေ ဖြင့်ထုပြီး ဘဲဥအပိန်ငါးလုံးကြေး၊ ခုနစ်လုံးကြေး စသည်ဖြင့် ထပ်မံ လောင်းကြေးထပ်ကြသေးသည်။ ပြိုင်ပွဲအချိန်ကို ကန့်သတ်ချက် မထားဘဲ မိမိတို့သဘောဆန္ဒအ တိုင်း ကြိုက်သည့်အချိန် ရပ်နား နိုင်သည်။ ပွဲရပ်နားပြီဆိုလျှင် ဒိုင် က သူ့ဘက်ကိုယ့်ဘက်ရှိ နို့ဆီဘူး ထဲမှ ပဲစေ့ (သို့မဟုတ်) မန်ကျည်း စေ့ကို ရေတွက်သည်။ ပဲစေ့အရေ အတွက်အတိုင်း ဘဲဥဖိုးကျသင့် ငွေကို ရှင်းပေးရသည်။ နှစ်ဖက်မှ အနိုင်အရှုံးရှိသော်လည်း ဒိုင်လုပ် သူကတော့ နှစ်ဖက်လုံးကို ဘဲဥ ရောင်းလိုက်ရသည်။ နိုင်သူဘက် က ဘဲဥပြုတ်တွေ တစ်ထုပ်တစ်ပိုး ကြီးမြတ်လိုက်သော်လည်း သူ လည်း သူ့ဘက်က ဘဲဥပိန်သမျှ ရှုံးသမျှကို ငွေပေးချေရသည်။
ဘဲဥထုပွဲကျင်းပလာခဲ့သည် မှာ နှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်သည်။ မြန်မာဘုရင်မင်းတုန်းမင်းလက် ထက်က စစ်ကိုင်းအစေခံ ခံတပ် ကြီးတွင် ဘုရင့်လှေတော်သား၊ လှေတပ်သားများ စခန်းချခဲ့ကြ သည်။ ဧရာဝတီမြစ်ကြောင်းရန်ကို ကင်းစောင့်ကာကွယ်ကြရင်း လှေ တပ်သားတို့သည် ပဲ့နင်းကြီး၏ ဘုရားဝင်းအတွင်း တစ်ဦးနှင့် တစ်ဦး ဘဲဥထုတမ်းကစားလေ့ ရှိခဲ့ကြသည်။ မြစ်တစ်ဖက်ကမ်း အင်းဝဘက်တွင် ဆင်ကျုံးခံတပ် ရှိသည်။ အင်းဝဆင်ကျုံးခံတပ်မှ လှေတော်တပ်တော်သားများသည် လည်း စစ်ကိုင်းဘက်သို့ ကူးသန်း လာရောက်လည်ပတ်ကာ ဘုရားပွဲ တော် နွှဲပျော်ကြသည်။ ဘဲဥထုပွဲ ကို ဝင်ရောက်ဆင်နွှဲပျော်ပါးလေ့ ရှိသဖြင့်အလွန်စည်ကားခဲ့သည်။
ထိုဓလေ့သည် အစေခံခံတပ် အနီးဝန်းကျင်တွင် ယနေ့ထက်တိုင် အလေ့အထဖြစ်လာကာ ကြေး ဘုရားကြီးပွဲတော်ရောက်လျှင် ဖိတ်ခေါ်စရာမလိုဘဲ မြို့ပေါ်ရပ် ကွက်နှင့်အနီးဝန်းကျင်ကျေးရွာ များမှ တပျော်တပါး လာရောက် ဆင်နွှဲလေ့ရှိကြခြင်းဖြစ်သည်။
ကြေးဘုရားကြီး၏ပွဲတော်သည် ပင်လျှင် ယခုအခါ (၁ဝ၉)ကြိမ် ရှိခဲ့ပြီဖြစ်၍ ဘဲဥထုပွဲမှာလည်း နှစ်ပေါင်း ၁ဝဝ ကျော်ခဲ့ပြီ ဖြစ် သည်။ ထူးခြားသည့် ဘဲဥထုပွဲရိုး ရာဓလေ့လေးမှာ ပျောက်ပျက်မ သွားဘဲ နှစ်စဉ်တပို့တွဲလပြည့်ည ရောက်တိုင်း စည်ကား ရှင်သန် နေဆဲဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ဘဲဥရောင်းချသူ ၃ဝ ကျော်ခန့်ရှိသည်။ တစ်ညလျှင် ဘဲဥအလုံးရေ တစ်ဦးလျှင် ၄ဝဝ ဝန်းကျင်ရောင်းချကြရသည်ဟုဆို ပါသည်။ ဘဲဥဈေးက တစ်လုံး လျှင် ကျပ် ၁၅ဝ ဖြင့် ရောင်းချကြ သည်။ ဘဲဥထုပွဲကို လာရောက် ဆင်နွှဲသူတွေကလည်း ပဲ့နင်းကြီး ဘုရားပရိဝုဏ်အတွင်းတွင် တိုး တိုးဝှေ့ဝှေ့စည်စည်ကားကား ဖြစ် သည်။ ပျော်စရာကောင်းသလို စိတ်ဝင်စားစရာလည်း ကောင်းလှ ကြောင်း၊ ကြေးဘုရားကြီး၏ဆွမ်း တော်ပွဲတွင် ဘဲဥပြုတ်လေးများကို ပစ်တိုင်းထောင်အရုပ်ကလေးများ လုပ်ကာ ကပ်လှူထားသည်မှာ လည်း သဘောကျစရာ၊ ချစ်စရာ ကောင်းလှကြောင်း ပွဲတော်လာ ရောက် ဆင်နွှဲသူတစ်ဦးက ပြော ပြသည်။
ဘဲဥထုပွဲကျင်းပသည့်ဘုရား မှာ စာဆိုတော်ကြီးညောင်ပင်သာ ဦးပုည၏ ဖခင်လှေတော်ပဲ့နင်းကြီး ဦးရွှေလှော် တည်ထားခဲ့သည့်စေတီ ဖြစ်သည်။ ဘုရားပွဲတော်ကျင်းပ သည့် ဇိနမာရ်အောင်လောက ချမ်းသာကြေးဘုရားကြီးကို မင်း ကျောင်းဆရာတော် အရှင်သီရိက ဦးဆောင်ကြီးမှူးကာ သက္ကရာဇ် ၁၂၆၆ ခုနှစ် ဒုတိယဝါဆိုလပြည့် ကျော် ၉ ရက်တွင် စတင်ပုံတော် သွန်းလုပ်ခဲ့ပြီး ၁၂၆၇ခုနှစ် ကဆုန် လပြည့်နေ့တွင် အနေကဇာတင် လှူတော်မူခဲ့သည်။ ကြည်ညို သပ္ပာယ်ဖွယ်ရာ ကောင်းလှပြီး သုံးဖက်မြင် သုံးပန်လှဘုရားကြီး ဟု ထင်ရှားကြောင်း သိရသည်။
နန္ဒာမင်းလွင် @ Myawady News
Tuesday, February 18, 2014
SS Avenue of WKA Group ( အေးချမ်းရိပ်ငြိမ် ) ၏ လ ၃၀ အတွင်း လုပ်ဆောင်နိုင်ခဲ့မှုများ
ပထမဆုံး ပညာသင်ထောက်ပံ.ကြေး အတွက်သဘောတူ ကတိလက်မှတ်ရေးထိုးခဲ့ရာ မဟာပုည တန်ဆောင်း နှင်. ပညာသင်ထောက်ပံ.ကြေး ဆိုင်ရာ ဂတိဝန်ခံလွှာ
http://wakhama.blogspot.com/ ဖြစ်ပေါ်လာစေရေး ရှေ.ပြေး ဖန်တီးခဲ့သော ၀ါးခယ်မ Page … ထို ၀ါးခယ်မ Page ၏မူလအစ ဖြစ်သော Secluded Serene Avenue of WKA Group ( SS Avenue – အေးချမ်းရိမ်ငြိမ် ) ဟူသော Group ကို မူလက WKA Group ( ၀ါးခယ်မသူ/၀ါးခယ်မသားများ ) ဟူသော အမည်ဖြင်. ၂၀၁၁ စက်တင်ဘာ ၉ ရက်နေ.က Open Style Create လုပ်ဖြစ်ခဲ့ပါသည် ။
ထိုစဉ်က ရည်ရွယ်ချက်က ကမ္ဘာကြီး၏ မည်သည်.နေရာတွင်မဆို ရှိနေနိုင်သော ၀ါးခယ်မဖွား ၊၀ါးခယ်မသားများခြင်း အလယ်တကူချိတ်ဆက်နိုင်စေ၇န် ၊ မြို.လေး၏ အကြောင်းများကို မည်သည်.နေရာမှမဆို သိရှိနေနိုင်စေရန် ရည်ရွယ်ရင်းဖြစ်သည် ။ သို.သော် နောက်ပိုင်း အယူဝါဒရေးရာ ၊ ယုံကြည်မှုများဆိုင်ရာ ဆွေးနွေးအငြင်းပွားဖွယ်ရာ နေရာတစ်ခုမဖြစ်လိုပဲ မြို.လေးအတွက် တတ်နိုင်တာလေးကူလုပ် ၊ သတိရစရာတွေ ပြော ၊ သိချင်တာတွေမေး မြို.လေး၏ အကြောင်းအရာ သက်သက်ကိုသာအဓိကထားပြီး ညီညွတ်နွေးထွေး ယဉ်ကျေးစွာ ပြောဆိုနေထိုင်လိုသူများသာ စုဖွဲ. ဆက်ဆံလိုသော ဆန္ဒကြောင်. ၂၀၁၂ ဖေဖော်ဝါရီ ၂၂ ရက်နေ. တွင်မူ ယခုလက်ရှိနာမည်သို.ပြောင်းပြီး Secret Style Group အဖြစ်ဖွဲ.တည်ထားခဲ့ပါသည် ။
SS Avenue of WKA Group ၏ မူလနာမည် WKA Group လက်ထက်က ပထမဆုံးလှုဒါန်းခဲ့သော ဆရာဝန်သုံး စားပွဲနှင်. ကုလားထိုင်
ပရဟိတ ကျောင်းသို. ၂၀၁၂ ဇွန် ၃ ရက် လှုဒါန်းစဉ်
ယခင် နာမည်နှင်.ရော ယခုနာမည်နှင်.ပါ ရပ်တည်ခိုက် မြို.လေးနှင်.တိုက်ရိုက်သက်ဆိုင်သောဘာသာရေး ၊ ကျန်းမာရေး နှင်. အထူးသဖြင်. ပညာရေးကိစ္စများကို မိမိတို.အဖွဲ.လေးအတွင်းရှိ Member များ၏ ပူးပေါင်းပါဝင်မှု ၊ Group Collector များ၏ ကြိုးပမ်းမှု ၊ မိတ်ဆွေများ၏ စေတနာဖြင်.ဖြည်.ဆည်းမှုများ ဖြင်. အတိုင်းအတာ တစ်ခုအထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါသည် ။
ပထမဆုံးပြုလုပ်ခဲ့သော ၀ါးခယ်မမြို.ရှိ အခမဲ့ဆေးခန်းဖြစ်သော အာရောဂျတံခွန်ကုသိုလ်ဖြစ်ဆေးခန်းသို. ၂၂ - ၁- ၂၀၁၂ နေ.တွင်ဆက်တီ နှင်. ဆုံလည်ကုလားထိုင် ၊ အောက်ဆီဂျင်အိုး ၊ ဆေးပဒေသာပင် စုစုပေါင်းတန်ဘိုး ၃၁၀,၀၀၀ကျပ် ၊ ၂၉ - ၇ -၂၀၁၂ နေ. ၀ါးခယ်မမြို.နယ်အသင်း ကထိန်ကြွရောက် သံဃာတော် ၁၇ ပါးအတွက် ၀တ္ထုငွေ ၁၀၂၀၀၀ ကျပ် ၊ ၃ ရက် ဇွန်လ ၂၀၁၃ နေ.တွင် ၀ါးခယ်မမြို. ပရဟိတကျောင်း ရှိ ဝေးလံခေါင်သီသော ဒေသမှ လာရောက်နေထိုင်ပညာသင်ကြားနေကြသော ချို.တဲ့ ၊ မိဘမဲ့ ကလေးငယ် ၅၀ နီးပါးတို.အတွက် ကျောင်းအပ်စရိတ်...တစ်နှစ်စာစာရေးကိရိယာ...ကျောင်းဝတ်စုံ..ထီး..ဆယ်တန်းကျောင်းသား၎ယောက်ကျုရှင်စ၇ိတ်အပါအ၀င် စုစုပေါင်း ၁၇၂၇၀၀၀ ကျပ် ၊အေးမြရိပ်ငြိမ် ပညာကုသိုလ်အစီအစဉ်အရ ၀ါးခယ်မ GTI မှ မအူပင် TU သို. GTC တက်ရောက်ရန် ချို.တဲ့ကျောင်းသားတစ်ဦးအား ၂၀၁၃ ပညာသင် တစ်နှစ်လုံးစာအတွက် အလုံးစုံထောက်ပံ.ငွေ ၅၇၀ ၀၀၀ကျပ် . …( ယခု ၂၀၁၄ ပညာသင်နှစ်အတွက်လည်း ဆက်လက် တာဝန်ယူထားပါပြီ်း GTC ပြီးသည်အထိ တာဝန်ယူရန် လတ်တလော သဘောတူထားပါသည် ) ၊ ၂၀၁၄ ဇွန်လ ၂ နေ.က လှုဒါန်းခဲ့သော ၂၀၁၄ ပညာသင်နှစ် ပရဟိတကျောင်းမှကလေးငယ်များအတွက် တစ်နှစ်စာ လိုအပ်မှုထောက်ပံ.ခြင်း ၊ သဲကွင်းကျောင်း ၊ တာဝတိံသာကျောင်း ၊သော်ကကျောင်း စသည်. ချို.တဲ့ မူလတန်းကလေးငယ်များအတွက် ကျောင်းဝတ်စုံ ၊ ထီး ၊ လွယ်အိတ် ၊ ဗလာစာအုပ် ၊ ခဲတံ တို.အပြင် သော်ကကျောင်းရေပိုက်သွယ်တန်းခြင်းတို.အတွက် စုစုပေါင်း ( ၁၂၅၀ ၀၀၀ ခန်.) တို.ကို လှုဒါန်းနိုင်ခဲ့ပြီး SS Avenue Group ၏ အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အစီအစဉ်များအတွက် ရန်ပုံငွေ ၇၅၀ ၀၀၀ ကို ကမ္ဘောဇ ဘဏ်တွင် အပ်နှံထားနိုင်ခဲ့ပါသည် (ထိုသို. အပ်နှံရာတွင် Group Collector ၂ ဦးအမည်ဖြင်. Joint Account ဖွင်.လှစ်ပြီး တတိယမြောက် Collector ထံ့စာအုပ်အပ်နှံ သိမ်းဆည်းထားခဲ့ပါသည် ) ။
ထို.အပြင် Group Collector တစ်ဦးဖြစ်သော မနှင်းဝတ်ရည်ကြိုင်က သူမ၏မွေးနေ.အလှုအဖြစ် ငွေ တစ်သိန်းတိတိ လှုဒါန်းခဲ့ရာ ထိုငွေမှ ၄၀၀၀၀ ကျပ်တိတိအား ၀ါးခယ်မ GTI တွင်ကျောင်းအပ်နှံနိုင်ခြင်းမရှိသဖြင်. ရပ်နားရမည်ကဲ့သို.ဖြစ်နေသော ကျောင်းသူတစ်ဦးကို ၄၀၀၀၀ ကျပ်လှုဒါန်းခဲ့ပြီး ကျန် ၆၀၀၀၀ ကို ပညာရေး၇န်ပုံငွေအတွက် ဘဏ်တွင် ထပ်မံ ထည်.သွင်းထားခဲ့ပါသည် ။ ထို.ကြောင် Group စတင်ဖွဲ.တည်သော ၂၀၁၂ စက်တင်ဘာ ၉ ရက်နေ.မှ ယခု အထိ လ ၃၀ ခန်.အတွင်း ကျန်းမာရေးဆိုင်ရာ လှုဒါန်းနိုင်မှု ၃၁၀ ၀၀၀ ကျပ်၊ ဘာသာရေးဆိုင်ရာ ဒါနအဖြစ် ၁၀၂၀၀၀ ကျပ၊် ပညာရေးဆိုင်ရာ ထောက်ပံ.လှုဒါန်းနိုင်မှု အဖြစ် ၃၅၈၇ ၀၀၀ ကျပ် ( အခြားလိုအပ်မှုများအတွက် ကူညီအလှုခံပေးခြင်း ဥပမာ- ၂၀၁၂ကျောင်းကြီးဆရာကန်တော.ပွဲအတွက် အဖွဲ.မှ ကူညီစုဆောင်းပေးခြင်းမျိုးအား စာရင်းထည်.သွင်းမထားပါ )စုစုပေါင်း လှုဒါန်းနိုင်မှု ၃၉ ၉၉ ၀၀၀ - (သုံးဆယ်.ကိုးသိန်း ကိုးသောင်းကိုးထောင် ) ရှိခဲ့ပြီဖြစ်ပြီး ပညာရေး၇န်ပုံငွေအဖြစ်၈၁၀ ၀၀၀ကျပ်ကိုစုဆောင်းအပ်နှံထားနိုင်ခဲ့ပြီဖြစ်ပါသည် ။
ထို.အပြင်နောက်ထပ်ခြေလှမ်း တစ်ခုအနေဖြင်. ယခု ၂၀၁၄ ပညာသင်နှစ်တွင်လည်း ပရဟိတကျောင်းမှ ဒသမတန်းကိုထူးချွန်စွာ အောင်မြင်ခဲ့ပြီး ပုသိမ် နည်းပညာတက္ကသိုလ်တွင် ၆ နှစ်တက်ရောက်ရမည် ဖြစ်သော ကျောင်းသားတစ်ဦးကိုလည်း ပညာသင်နှစ်ပြီးဆုံးသည်အထိဆက်လက်တာဝန်ယူထားပါသည် ။ထိုကျောင်းသားငယ် နှင်. ကတိက၀တ်ဆိုင်ရာများ ရှင်းလင်းအသိပေးခြင်းကို ၂၀၁၄ ဇန်န၀ါရီ ၁၁ ရက်နေ.ညနေက ပရဟတိတဆရာတော် ရှေ.မှောက်တွင် အေးချမ်း၇ိပ်ငြိမ် ပညာကုသိုလ်အဖွဲ.မှ Collector အချို.နှင်. ကျောင်းသားငယ်တို. ပြုလုပ်ခဲ့ကြပါသည် ။ မိမိတို.အနေဖြင်. မိမိတို. မြို.လေး၏ အကျိုးကို တတ်နိုင်သည်.ဖက်မှ ၀င်ရောက်ထမ်းပိုးပေးခြင်းဖြစ်ပြီး ဘ၀အတွက် အရေးကြီးဆုံးတစ်ခုဖြစ်သော ပညာရေးဆိုင်ရာ တို.ကို အဓိကထား ပံ.ပိုးပေးနေခြင်း ဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည် ။
SS Avenue Group - အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အစီအစဉ်များ အောင်မြင်ရေးအတွက် လစဉ်အဓိက တာဝန်ယူ ကုသိုလ်ရှင် ၂ ဦးဖြစ်သော ကိုကျော်နိုင်ဦး ( GFB Construction ) နှင်. ဒေါက်တာအေးအေးမြင်. ၊ ငွေကြေးများတာဝန်ခံ စုဆောင်းပေးနေသော Group Collector များဖြစ်သည်. ကိုဇော်မင်းလွင် ၊ ကိုရဲ ၊ ဒေါက်တာကိုကိုလင်း ၊ ဒေါက်တာအေးအေးမြင်. ၊မနှင်း ၀တ်ရည်ကြိုင် ၊ မဘရဏီကိုကို ၊ မစုဝေဖြိုး ၊ မနွေးဝဿန်လွင်နောင် ၊ အစစအရာရာ စေတနာအပြည်.လှုဒါန်းပေးနေကြသူများ အားလုံးအား SS Avenue Group အနေဖြင်. အထူးကျေးဇူးတင်ရှိပါကြောင်း …….
.( အကယ်၍ Group Collector များအဖြစ် စေတနာဖြင်. ပါဝင်ဆောင်ရွက်လိုပါကလည်း ကြိုဆိုပါသည်ခင်ဗျာ )
ပုံမှာ ၁-၁၁-၂၀၁၄ နေ.က ဒုတိယကျောင်းသားတစ်ဦးအား ကတိက၀တ်ဆိုင်ရာများရှင်းလင်းပြီးGroup ၏ Collector အချို.မှ ထောက်ပံ.ငွေ တရားဝင်စတင်ချီးမြှင်.ခြင်း အခမ်းအနားလေးကျင်းပနေစဉ်ဖြစ်ပါသည် )
ပုံများကို အောက်ပါ Link တွင်ကြည်.ရှုနိုင်ပါသည် ။
https://www.facebook.com/media/set/?set=a.600647126679499.1073742006.259181714159377&type=1
မြို.လေးဆီက တရုတ်နှစ်ကူးရာသီ ခြင်္သေ.အက နှင်. တရုတ်ဘုရားပွဲ
ဘာသာပေါင်းစုံတို. ဟိုးယခင်ကပင် ချစ်ကြည်မပျက် အစဉ်အဆက်နေခဲ့ကြသော မြို.မို. သက်ဆိုင်ရာ ယုံကြည်မှုအလိုက် ကျင်းပကြသော ဘာသာရေးဆိုင်ရာ ၊ ယုံကြည်မှုဆိုင်ရာ ပွဲလမ်းသဘင်များက စည်ကားအေးချမ်းစွာ ကျင်းပနိုင်ခဲ့မြဲဖြစ်သည် ။ နှစ်ဆန်းတစ်ရက်နေ.တိုင်း စည်ကားစွာကျင်းပသော သကျမဟာသီရိ မြတ်စွာဘုရားကြီးအား ရေသပါယ်ပွဲ သို. ဟိန္ဒူဘာသာဝင်တို.က နှစ်စဉ် အဦးဆုံးလာရောက်ပူဇော်ကြသကဲ့သို. ဟိန္ဒူ ဘုရားပွဲတွင် အယုတ်အလတ်အမြတ်မရွေး ကျွေးမွေးလေ.ရှိသော သတ်သတ်လွတ် ပဲဟင်းနှင်. ထမင်းကို လူတိုင်းနီးပါး သွားစားဖူးကြသည် ။ ဆေးရုံရှေ. မြေကွက်လပ်တွင် ကျင်းပသော ဦးရှင်ကြီးပွဲသို. ဘာသာမရွေး ပန်တော်ဆက်ကြသကဲ့သို. တရုတ်ပွဲ ကိုလည်း ထိုဦးရှင်ကြီးကွင်း တွင်ပင် ကျင်းပခွင်.ပြုကြသည် ။
မြို.လေးတွင် ဟိုစိန် ဘုံကျောင်း ၊ ကွမ်ရင်စီ ဘုရား ကျောင်း ၊ဟက်ညင်ဘုံ ကျောင်း စသည်ဖြင်. တရုတ်ဘုံကျောင်း တို.ရှိနေကြပြီး တရုတ်နှစ်ကူး ခြင်္သေ.အက ၊ နဂါးအက ၊တရုတ်ဘုရားပွဲ စသည်တို.ကိုတော. ဟိုစိန် ဘုရားကျောင်းလူငယ်များကသာ ဦးဆောင်ကျင်းပလေ.ရှိသည် ။ ဟိုးယခင်က ခြင်္သေ.တစ်ကောင်တည်းသာကပြီး နောက်တော. နဂါးပါ ပါလာသည် ။ ယခုတော. ခြင်္သေ. ၂ကောင် ကကြသည် ။ထို.အပြင် ယခင်က ပါလေ.ရှိသော ပြုံးရီနေသော မျက်နှာဖုံး (သို. ) ခေါင်းစွပ်တပ် ပြီး ယပ်တောင်အကြီးကြီးကိုင်ကာ ကနေသော အဖွဲ.များအား ယပ်လိုက်ခတ်ပေးတတ်သော သူကိုလည်း ကလေးငယ်များ သဘောကျ တတ်ကြသည် ။
အချို.နှစ်များတွင် အနီးအနား မြို.လေးများဆီသို. သွားရောက်ကပြ ကြသည်များအထိ ၇ှိခဲ့သည် ။ အန်ပေါင်းပ်ုက်ဆံကို သစ်ပင်များပေါ် တက်ရောက်ရယူ ကပြ ကြရသော ပုံစံမျိုးကို အများသဘောကျလေ.ရှိသည် ။
ဦးရှင်ကြီးပွဲ ကျင်းပချိန် ကာလတစ်ဝိုက် မြို.လေးရှိ ကလေးငယ်တို. အချင်းချင်း ကျားဝင်တိုင်းဆော.ကြသည်. ဓလေ.ရှိသည် ။ ဦးရှင်ကြီး၏ စီးတော်ကျားဟု သတ်မှတ်ကာ လူ ၂ယောက်က ကျားဝတ်စုံ ၀တ် ကျားခေါင်းဆောင်းလျှက် ကကြသည်ကို အတုယူကာ ခေါင်းတွင် တောင်းတစ်ခုခုစွပ် ထိုကျားများ ကသကဲ့သို. ကကြသော ဓလေ.က ယုံကြည်မှုပြင်းထန်သော မိဘတို. တားမြစ်သည်.ကြားက ဆော.ကစားကြသည်ဓလေ.အခိုင်အမာရှိခဲ့ဖူးသည် ။
ထိုပွဲနှင်. ကပ်လျှက် ကျင်းပသော တရုတ်နှစ်ကူး ရာသီ တရုတ်ဘုရားပွဲ ( တရုတ်ရိုးရာ နှစ်ကူးပြီး ၉ ရက်အတွင်း ကျင်းပရသည်ဟု သိရပါသည် ) တွင်တော. ပူးနောင်ဂျေဂျေ. နောင်ဂျေဂျေ. ဟူသောနတ်ဒိုးသံ ပါးစပ် တီးလုံး မှသည် ဒုံချမ်း တဒုံဒုံဂျမ်းဟူသော အသံသို. ပြောင်းတီးကြရင်း ကလေးငယ်တို.လည်း ကျား ကမှ ခြင်္သေ.အက ပြောင်းကကြသည် ။
တရုတ်ခြင်္သေ.တို.ကသလို ရှေ.က လူက တောင်း (သို. ) ဒန်အိုး တစ်လုံးခေါင်းစွပ် ထိုခေါင်းနှင်. တွဲထားသော စောင် (သို.) ပုဆိုး တစ်ထည် တွဲဆက်ထားသည်.နောက်ဘက် တစ်ယောက်က ခါးကုန်းလိုက်ကာ နောက်တစ်ယောက်က ဒါန် အိုး (သို.) ကော်ပုံ တစ်လုံးချကာ ဒုတ်တစ်ခေါင်းဖြင်. တရုတ်ဘင် တီးပြီး တစ်ယောက်က လင်ပန်းတစ်ခုကို ဂွမ် ကနဲ မြည်အောင်ခေါက်ကာ ဆော.ကြသည်ကလည်း ကလေးအတော်များများ ကစားဖူးကြသည်. ရာသီပေါ် Favourite Style တစ်ခုဖြစ်ခဲ့သည် ။
ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ၍ အစဉ်အဆက် နေလာခဲ့ကြသူများ ၊ တစ်ဦးအပေါ် တစ်ဦး နားလည်မှု ရှိစွာ ပေါင်းစပ်ဆက်ဆံနေကြသူများ မို. မြို.လေးတွင် မည်သည်. အစွန်းရောက်ပြဿနာ မျိုးမှ မရှိပဲ ငြိမ်းချမ်းခဲ့ပါသည် ။ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော မဇ္ဈိမ ပဋိပဒါ ဟူသည်. မပျော.လွန်း မတင်းလွန်းသော ၀ါဒနှင်. မေတ္တာ တရားတို.ကို ပေါင်းစပ်ကျင်.သုံး နေထိုင်ကြပါမူ ဤ ကမ္ဘာကြီး တစ်ခုလုံး…..
မြို.လေးတွင် အစဉ်အဆက် ကျင်းပခဲ့သော ပွဲများအနက် တရုတ်ပွဲသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည် ။
ဆေးရုံရှေ.ဦးရှင်ကြီး ကွင်းတွင် ကျင်းပလေ.ရှိသော ထိုပွဲသည် ဦးရှင်ကြီးပွဲ ကျင်းပပြီး မရှေးမနှောင်းတွင် ကျင်းပလေ.ရှိပြီး တရုတ်နှစ်သစ်ကူးပြီး ၉ ရက်အတွင်း ကျင်းပလေ.ရှိသဖြင်.များသောအားဖြင်. ဖေဖော်ဝါရီ လအတွင်း ဖြစ်လေ.ရှိတတ်သည် ။
တရုတ် ဘုရားပွဲ လှည်.သောနေ.တွင် ဂွမ်းကနဲ မြည်အောင် တီးလေ.ရှိသည် တရုတ်မောင်းကြီး၏ အသံနှင်. အတူ တရုတ်ကားများတွင်သာ မြင်တွေ.ရတတ်သည်. အချွန်အတက် လက်နက်များ ၊ တရုတ်ဘာသာအလံများ ၊ စာတိုင်များ ကထူးထူးဆန်းဆန်းမို.ကလေးဘ၀ က စိတ်ဝင်စားစွာ ငေးမောကြည်.ရှုခဲ့ကြရသောလှည်.လည်ပွဲ တစ်ခုဖြစ်ခဲ့သည် ။
တရုတ်ပွဲ ကသော အချိန်တွင်လည်း ဘုရားကျောင်းဆောင်ဟု ခေါ်မလား ၊ ထို ရုပ်တုနှင်. လှုဘွယ်ပစ္စည်းများ ၊ အသုံးအဆောင် နှင်. အဆောင်အယောင်များကို ဇာတ်ဝင်တစ်ခုအကျယ်အ၀န်းအတိုင်း ခင်းကျင်းပြင်ဆင် ထားလေ.ရှိသည် ။ ထို စင်နှင်. မျက်နှာခြင်းဆိုင် ဦးရှင်ကြီးကွင်း အတွင်းတွင်မူ ကပြ၇န် ဇာတ်စင်တစ်ခု ထိုးထားပြီး ၃ ရက်တိုင်တိုင်ကပြဖျော်ဖြေလေ.ရှိသည် ။ထို စင်နားရောက်သွားလျှင်တော. တရုတ်စာတန်းများ ၊ တရုတ်သိချင်းသံများ ၊ တရုတ် အမွှေးတိုင်နှင်. နံ.သာနံ.များ ၊ လာရောက်ဂါရ၀ ပြုကြသော တရုတ်သက်ကြီး ရွယ်အိုများနှင်. သူတို.မိသားစုများ ဖြင်. တိုင်းပြည်ငယ်လေးတစ်ခုအလားပင် ။
ထူးခြားချက်တစ်ခုမှာ ထိုတရုတ်ပွဲတွင် အလည်ရက် (သို.) ၂ ရက် နေ.လည်ပိုင်း ပွဲကပြ ခြင်းဖြစ်သည် ။ အငြိမ်.ခောတ် ကအငြိမ်. ၊ဇာတ်ခောတ်ရောက်တော. ဇာတ် စသည်ဖြင်. ၂နာရိခန်. ကပြဖျော်ဖြေပေးရသည် ။ သိချင်း ၊ ဟာသ ခန်း စသည်ဖြင်. ဖျော်ဖြေလေ.ရှိပြီး ကပြကြရသူများမှာလည်း ရာသီဥတု မည်သို.ဖြစ်စေ ကပြကြလေ.ရှိပြီး ကြည်.ရှုသူများကလည်း နေပူပူအောက် ထီး ၊ခမောက် တို.အားကိုးဖြင်. ကြည်.ကြရခြင်းဖြစ်သည် ။ ပွဲဆိုသည်မှာ ညဘက်ကပြဖျော်ဖြေရသောအရာ ဟူသည်. သတ်မှတ်ချက်အား ချိုးဖျက်ခဲ့သည်. ဓလေ.တစ်ခုလည်းဖြစ်သည် ။
ငယ်စဉ်ကလေးဘ၀ကတော. နေ.လည်ကျောင်းနောက်ကျစေသော (သို.) ကျောင်းပျက်စေသော အဖြစ်အပျက်တစ်ခုဖြစ်သော်လည်း
အသက်ကြီးလာသူတို.အဖို.(သို.) အဝေးရောက်နေကြသူတို.အဖို.တော. မြို.လေးကို ပြန်ပြောင်း သတိရစရာ အမှတ်တရ တစ်ခုဖြစ်ပါသည် ။
ယခု ၂၀၁၄ တရုတ်ဘုရားပွဲ ကို ဖေဖော်ဝါရီလ ၆ ရက်နေ.မှ ၈ ရက်နေ.အထိ ကျင်းပခဲ့ပြီးဖြစ်သည်ဟုသိရပါသည်။
(ယခုအကြောင်းအရာ ကို ရေးသားရာတွင် အချက်အလက်ဦးစားပေး ခြင်းထက် အကြောင်းအရာ အဓိကထားရေးဖွဲ.ခြင်းဖြစ်ပါသည် )
ပုံများကြည်. လိုလျှင်    မြို.လေးဆီက ခြင်္သေ.အကဓါတ်ပုံများ
တရုတ်ဘုရားလှည်.ပွဲ နှင်. တရုတ်ပွဲကျင်းပပုံများ