Monday, November 20, 2017

ရုပ်ရှင်ရုံလေး တစ်ရုံ တော. ရှိစေချင်

ပြင်သစ်နိုင်ငံ မှ ကမ္ဘာ.အကောင်းဆုံး ရုပ်ရှင်ရုံ တစ်ခု


ဟိုးးးးး ယခင်က မြို.လေးတွင် ရုပ်ရှင်ရုံတစ်ခုရှိခဲ့ဖူးပြီး ယခုတိုင်ထိုလမ်းလေးကို ရုံဟောင်းလမ်းဟု ခေါ်ဆိုမှုများ ရှိနေသေးကြောင်း သိရပါသည် ။

ထို.နောက် အသံတိတ်ရုပ်ရှင်ခောတ်တွင် ပတ္တမြား ရုံ ဟု ရုပ်ရှင်ရုံ တစ်ရုံ ပေါ်ပေါက်ခဲ့ပြီး  ( အတိအကျ မသိရသော်လည်း ) ၁၉၅၀ ခန်.တွင် ရှိနေပြီဟုယူဆရပါသည် ။ ထိုစဉ်က ပြားသုံးဆယ် တန်း နှင့် ပြားခြောက်ဆယ်တန်း ဟုရှိပြီး ကြူဖျာခင်း၍  ကြည့်ကြရခြင်းဖြစ်သည်ဟုဆိုသည် ။ ထိုစဉ်က အသံတိတ်ခောတ်မို. ရုပ်ရှင်ပြလျှင် အောက်က ဆိုင်းဝိုင်းက တီးပေးရခြင်းဖြစ်ပြီး ပထမဦးဆုံးပွဲဆိုလျှင် ဆိုင်းတီးသူများကလည်း မကြည့်ရသေးသဖြင့် အလွဲအမှားများဖြင့် ရယ်မောကြရသည်ဟုဆိုသည် ။ နောက်ပိုင်းပွဲများတွင်မူ လွမ်းခမ်းကျ နှဲ ၊ ဖိုက်ခန်းကျ ဗိမ်းဗောင်း စသည်ဖြင့် ကွက်တိကျအောင်တီးနိုင်ကြသည်ဟုဆိုသည် ။ ထိုတီးဝိုင်းအမည်ကို မသိရသေးသော်လည်း ဦးငြိမ်းမောင်ထိုတီးဝိုင်းဟု အလွယ်တကူ ဆိုကြပါသည် ။ .နောက်ပိုင်းတွင်တော. ခုံတန်းရှည်များဖြင့် ရှေ.က ငါးမူးတန်း ၊ နောက်က တစ်ကျပ်တန်း ဖြစ်လာသည်ဟုဆိုပါသည် ။ ထိုစဉ်က ရုံပိုင်ရှင်မှာ မောလမြိုင်ကျွန်းမြို.တွင်လည်း ပတ္တမြား အမည်ဖြင့်ပင် ရုပ်ရှင်ရုံ တစ်ရုံ တည်ထောင်ထားသေးသည်ဟုဆိုပါသည် ။

ပတ္တမြား ရုပ်ရှင်ရုံ

ထို.နောက်တွင်တော. ရုံသစ်ဟုခေါ်ကြသော ရွှေပြည်အေးရုံတစ်ရုံထပ်ပေါ်လာပြီး သူကတော. နှစ်ထပ် ရုံဖြစ်ပါသည် ။ အပေါ်ထပ်ကိုတော. အထူးတန်းဟုခေါ်ကြသည် ။
ထိုစဉ်က မနက်ပိုင်းများတွင် ရုပ်ရှင်ကားကြော်ငြာလှည်းများမှ ကြော်ငြာသည်ကိုနားထောင် ၊ လိုက်ကမ်းသော လက်ကမ်းကြော်ငြာများတောင်းကြ  ၊ ညပိုင်းများတွင် ရုပ်ရှင်ရုံရှေ.ဈေးတန်းများတွင် မုန်.သွားစား ၊ နောက်လဲမည့် ကားကြော်ငြာများ ပြထားသည်ကို ရုပ်ရှင်ရုံ ရှေ.အတွင်းဘက်တွင် လိုက်မော.ကြည့် သည့် ဓလေ့များရှိခဲ့ကြသည် ။ ညနေစောင်းတွင် ထိုရုပ်ရှင်ရုံများမှ ဖွင်.သော အသံချဲ့စက်သံများကလည်း မြို.လေး၏ အလယ်ပိုင်းတစ်ဝိုက်တွင် ကြားရလေ့ရှိကြသည် ။ လပြည့်ရက်များ ၊ အခါကြီး ရက်ကြီးများ တွင် ကားကောင်းများ ၊ နာမည်ကြီးကားများ တင်လေ့ရှိပြီး အနီးအနားကျေးရွာများမှ တကူးတက လာရောက်ကြည့်ရှုသူများဖြင့် ထိုရက်များတွင် ရုပ်ရှင်ရုံတစ်ဝိုက် အထူးစည်ကားလေ့ရှိသည် ။ ကျေးလက်မှ ရုပ်ရှင်လာကြည့်သူများတွင် မိန်းကလေးငယ်များပါလာတတ်သလို ထိုမိန်းကလေးငယ်များကို ငေးမောရင်း ၊ ချဉ်းကပ်ဖို.ကြိုးစားရင်း မြို.မှ လူငယ်များလည်း ထိုနေရာတွင် စည်ကားနေတတ်ကြသည်ဟုဆိုပါသည် ။ သို.သော် ချီးကျုးဖို.ကောင်းသည်က ထိုခောတ်က မိန်းကလေးကိစ္စကြောင့် ရန်ဖြစ်ကြခြင်းများ ၊ ရုပ်ရှင်လာကြည့်ရင်း မူးရူးနေကြသူများ  စသည်တို.မရှိသလောက် ရှားပါးခြင်းဖြစ်သည်

ထိုကာလ ညဦးပိုင်းများသည် ဘုရားကြီး ၊ ဘုရားကြီးလမ်းမှ ကိုအေး အအေးဆိုင် ၊ ထိုမှ ပတ္တမြားရုံ ဈေးတန်း ၊ ထိုမှ ရွှေပြည်အေးရုံဈေးတန်း ၊ ရုပ်ရှင်ရုံရှေ. လဘက်ရည်ဆိုင်များ ၊ ထိုရုပ်ရှင် ရုံ ၂ခုအကြားကမ်းနားဘက်ရှိ ဧရာဝတီ သင်္ဘောဆိပ် စသည်တို.ဖြင့် မိသားစုလိုက် ၊ သူငယ်ချင်းအဖွဲ.လိုက် လမ်းလျှောက်ထွက်ရာ ၊ ငေးမောကြည့်ရှုရာ ၊ မုန်.ထွက်စားစရာ နေရာများဖြစ်ခဲ့ကြသည် ။

ရွှေပြည်အေး ရုံ
ထို.နောက်ပိုင်းများတွင်တော. ရုပ်ရှင်လောကတွင် ဖလင်ရှားပါးရာ မှ တစ်နှစ်မှ ၁၀ ကားခန်.သာ ထွက် ၊ ပြစရာ ကားရှား ၊ နိုင်ငံခြားကားများအားကိုးပြကြသော်လည်း ပြစက်များက ခောတ်မမှီ ၊ ရုံများ၏ အသံစနစ် ၊ သန်.ရှင်းမှု စသည်တို. တစ်ဖြေးဖြေး ယိုယွင်းလာပြီး ခောတ်ပျက်မတတ် ဖြစ်လာခဲ့သည် ။ သို.သော် DVD များ ၊ ဘောလုံးပွဲများဖြင့်  အသံစနစ်များလဲ ၊ ပြစက်စနစ်များပြောင်းခဲ့သော်လည်း နောက်ဆုံး ၂ရုံလုံး ဇီဝိန် ချုပ်ခဲ့ကြရသည် ။

Entertainment  Pyridine , Business Pyridine တို.အရွေ.၀ယ် ရုပ်ရှင်ရုံ အတော်များများ ဇီဝိန်ချုပ်သွားကြသည့်အနက် ပတ္တမြား နှင့် ရွှေပြည်အေးဆိုသော စာလုံးနှစ်လုံးလည်း အပါအ၀င်ဖြစ်သည် ။

ယခင်က ပွဲကြည့်ချင်လျှင်တောင်မှ မြို.တက်ကြည့်ကြရသောကျေးရွာများ ၊ ဘုန်းကြီးပျံ ရှိမှ ဆိုင်းကောင်းကောင်းနားထောင်ရသောကျေးရွာများတွင် ယခု ကိုယ်တိုင်နာမည်ကျော်ဇာတ်သွင်းပြီးကြည့်နိုင်ကြသလို တကမ္ဘာလုံးက ဖျော်ဖြေမှုများကို အချိန်နှင့် တစ်ပြေးညီ အိမ်တွင်ထိုင်ရာမထ ကြည့်နိုင်ကြသောခောတ်ဝယ် အချို.မြို.ငယ်များရှိ ကြံ့ကြံ့ ခံ ရပ်တည်နေရသော ရုပ်ရှင်ရုံများပင်လျှင် ဖုတ်လှိုက် ဖုတ်လှိုက် အဆင့်တွင် ရှိနေခြင်းက မနှစ်လိုစရာ ရာ  ပကတိအမှန်တရားတစ်ခုပင် ။

သို.သော် မြို.ပြများရှိ ရုပ်ရှင်ရုံများတွင်မူ အများပြည်သူအားလပ်ရက် တစ်ပွဲမှ လက်မှတ်ဝယ်မရသော အခြေအနေများကလည်း အမှန်တကယ်ပဲဖြစ်ပျက်နေခဲ့ပြန်သည် ။ အဘယ်ကြောင့်နည်း ။
အိမ်တွင်း ဖျော်ဖြေမှု စနစ်များ မည်မျှ တိုးတက်လာသည်ဖြစ်ပါစေ
ကိုယ်.ဖုန်းမှနေ၍ ကြည့်ချင်သမျှ မည်မျှကြည့်၍ရနေသည်ဖြစ်ပါစေ  ……………..

 
သမ္မတ ရုပ်ရှင်ရုံ

အိမ်တွင်း အဆင့်မှီ Home Theater System တစ်ခုဆင်ဖို.အတွက် သာမာန်မိသားစုတစ်ခုအတွက် အလွယ်တကူ လက်လှမ်းမှီ နိုင်သော တန်ဘိုးပမာဏ အထက်တွင်ရှိနေခြင်း
နိုင်ငံတွင်း ဥပဒေများအရ ရုံတင်ကားကြီးများသည် သတ်မှတ်ကာလတစ်ခုမပြည့်မချင်း DVD / VCD အဖြစ် ထုတ်ခွင့်မရသေးခြင်း
ရုပ်ရှင်ရုံများ၏ ဖျော်ဖြေမှု ရသ ပေးနိုင်စွမ်းမြင့်မားလာခြင်း ( ပိတ်ကား ဟုခေါ်ခေါ် Screen ဟုသုံးသုံး ပိုမိုကျယ်ပြန်.စွာ / ပိုမိုကြည်လင်တောက်ပစွာ ကြည့်ရှု ခံစားနိုင်ခြင်း ၊ အသံစနစ်တွင်လည်း Hi Definition System ထိုမှ 5.1 Dolby System မှသည် လက်ရှိ 9.1 Dolby System အထိ တို.တက်လာသော အသံစနစ်များ )
ထို.အပြင် နှစ်ယောက်တွဲ ၊ သူငယ်ချင်းအဖွဲ.လိုက် ၊ မိသားစုလိုက် စသည်ဖြင့် လွတ်လပ်စွာ ရသပြည့် ခံစားကြည်.ရှု နိုင်သလို ထိုအပြုအမူသည် အချင်းချင်းကြား ယခုတိုင်ပိုမိုနွေးထွေးသွားစေသော လုပ်ဆောင်မှု အဖြစ် ရှိနေသေးခြင်း  တို.က ရုပ်ရှင်ရုံများ ပျောက်ပျက်မသွားရသေးခြင်းအတွက် အချို.သော အချက်အလက်များဖြစ်ပါလိမ့်မည်

ယခုနောက်ပိုင်းကာလတွင် ဖလင်မလိုသော စနစ် ၊ DVD ရိုက်ခွင့်မပြုတော့သော ထိန်းချုပ်မှု ၊ Video / VCD ကားများ ဈေးကွက်ပျက်ယွင်းလာခြင်းတို. အနက် ကောင်းသောအကျိုးဆက်တစ်ခုက မြန်မာရုပ်ရှင် ကား တစ်နှစ်ကို ၅၀ မှ ၁၀၀ ကြား   ထွက်သော ကာလသို.ရောက်လာသလို ပြည်ပ ဇာတ်ကားများလည်း ( အချို.ဆိုလျှင် ) အမေရိကားနှင့်အပြိုင် ရုံတင်နေကြပြီ ဖြစ်သလို  ရုပ်ရှင်ရုံ အသစ်များ လည်း ( ယခင်လိုရုံကြီးများ မဟုတ်သော်လည်း ) အများအပြားပေါ်ထွက်လာခဲ့သည် ။

မင်္ဂလာ ရုပ်ရှင်ရုံများအုပ်စု ၊ Mega Ace အုပ်စု ၊ JCGV အုပ်စု ၊ Paradiso Cinema အုပ်စု စသည်ဖြင့် ရုပ်ရှင်ရုံ စီးပွားရေးလုပ်ငန်းထဲ ၀င်ရောက်လာသော အဖွဲ.များ သိသိသာသာ များပြားလာပြီး မင်္ဂလာ ရုပ်ရှင်ရုံများအုပ်စု အောက်တွင် ရန်ကုန်မြို.၏ အစဉ်အလာအရ နာမည်ကြီးသော ရုံအများစုရှိနေသလို Mega Ace အုပ်စုအောက်တွင်လည်း မြို.ပတ်ရုံအချို.ရှိနေသကဲ့သို. လတ်တလော ဦးတည်ချက်အနေဖြင့် ရုံ ၂၀ ဖွင့်လှစ်ရန် ကြိုးစားနေကြောင်းသိရသည် ။

ထိုအထဲတွင် စိတ်ဝင်စားစရာ ကောင်းသည်က ရုပ်ရှင်သရုပ်ဆောင် လွင်မိုး တို.၏ Paradiso Cinema အုပ်စုဖြစ်ပြီးသူတို.ရည်မှန်းချက်က ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းဖြစ်ပြီး နယ်မြို.များတွင် အဓိက တည်ဆောက် ဖွင့်လှစ်နေခြင်းဖြစ်သည် ။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်ကပင်လျှင် မတ္တရာမြို.တွင် ရုပ်ရှင်ရုံ အသစ်တစ်ခုဖွင့်လှစ်ခဲ့ပြီး သူတို.အနေဖြင့် ၁၇ ရုံ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည် ။

Iunction Square ရှိ ရုပ်ရှင်ရုံ တန်း
တစ်ချိန်က ဇာတိဖွားတို.အနေဖြင့် ရုပ်ရှင်ရုံ မရှိသော မြို.လေးများရောက်လျှင် လှောင်စရာအဖြစ်ပြောဆိုခဲ့ကြဖူးသည် ။ ယခုကတော. မိမိတို.မြို.လေးတွင် ရုပ်ရှင်ရုံ မရှိခဲ့သည်မှာ ဆယ်စုနှစ် ဘယ်နှစ်ခုရှိပြီလဲတောင် မသိတော. ။ တစ်ချိန်က Township Level တူမြို.များအချင်းချင်း ဘာ မင်းတို.မြို.မှာ ရုပ်ရှင်ရုံ မရှိဘူး …ဟုတ်လား … ငါတို.ဆီမှာက ၂ရုံတောင်ရှိပါ့ ဟုပြောခဲ့ကြသော မိမိတို. အခုတော. အိမ်မှာ ဘာကြည့်ချင်ကြည့်ချင် ကြည့်လို.ရတာပဲဟု ပြောင်း၍ ဂုဏ်ယူလာတတ်ကြသည်
သို.ဆိုလျှင် မြို.လေးတွင်ကော ရုပ်ရှင် ရုံ တစ်ရုံလောက် မလိုဘူးလား ?

တစ်ခုတော.ရှိသည် ။
အသိသာဆုံးတစ်ခုက ပရိသတ်သည် ရုပ်ရှင် ကြည့်ရုံသက်သက်မဟုတ်တော.
အပန်းဖြေစရာ တစ်ခုတစ်ခုအဖြစ်ပါ ခံစားလာကြခြင်းဖြစ်သည် ။
အရင်လို စိုထိုင်းထိုင်း ၊ အနံ.ကမကောင်း ၊ ကြမ်းပိုးကကိုက် ၊ အိုက်ကအိုက် ၊ အရုပ်ကမှုန် ၊ အသံကတုန် ၊ ပိတ်ကားက ညစ်ထပ်ထပ် ဆိုတာမျိုးမရတော.
ကတ္တိပါကော်ဇော်ခင်းထားသော လမ်းများပေါ်မှလျှောက်ရင်း ၊ သက်တောင့်သက်သာရှိသော ခုံပေါ်တွင်ထိုင်ကာ ၊ အေးမြနေသော ရုံအတွင်းဝယ် ၊ အဆင့်မြင့် အသံစနစ် ကိုခံစားလျှက် ၊ ကြည်လင်တောက်ပသော အရုပ်ကိုကြည့်ရှုရင်း ၂နာရီစာ လောကနိဗာန်ကို ပိုင်ဆိုင်ချင်ကြသူများဖြစ်လာကြသည် ။
ထိုသို.ဖြစ်အောင်လည်း မြို.ပြ ရုပ်ရှင်ရုံများက ဖန်တီးပေးထားကြသည် ။
သိန်း ရာထောင်ချီတန်သော ပိတ်ကားများ ၊ အဆင့်အမြင့်ဆုံး ပတ်လည် အသံထွက် စနစ်များ  နိုင်ငံခြားကားများဆိုလျှင်လည်း အရုပ် အသံအရည်အသွေးအတွက် Server ထိုင်လျှက် Hard Disk ဖြင့်တိုက်ရိုက်ပြလာကြသည် ။



ထို.ကြောင့် တတ်နိုင်သော စီးပွားရေး လုပ်ငန်းရှင် ရှိလျှင်ဖြစ်စေ ၊ လုပ်နိုင်စွမ်းသူများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်လျှင်ဖြစ်စေ ၀ါးခယ်မမြို.လေးတွင် ယခုကဲ့သို.သော ခောတ်ကာလအတွင်း ရုပ်ရှင်ရုံလေး တစ်ရုံတော. ရှိစေချင်မိပါကြောင်း ။

ဆက်စပ်ဖတ်ရှု ရန်

E-Cinema နှင်. ဇီဝိန်ချုပ်နှင်.သော မြို.လေးက ဘိုင်စကုပ်ရုံများ

Tuesday, November 14, 2017

အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ၏ ၂၀၁၇ ပညာသင်နှစ် အခြေခံကျောင်းများ လှုဒါန်းမှု မှတ်တမ်း


Management Art of Depend On Situation


အရင်က SS Avenue ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ) ၏ အလှု ကို နောက်အကျဆုံး ဇူလိုင်တွင် လုပ်ဖြစ်မြဲဖြစ်သည် ။ သို.သော် ယခုနှစ်တွင် ကိုယ်တိုင်က ဘယ်လိုမှမအား သည့်အပြင် အကြောင်းကြောင်းကြောင့် အတော်နောက်ကျခဲ့ရသည် ။
ယခုနိုဝင်ဘာ ပိတ်ရက်တွင်တော. မဖြစ်မနေ လုပ်မည်ဆုံးဖြတ်ပြီးသားမို. အတော်လေးအားစိုက်လိုက်ရသည် ။ အချို.က ဟိုးးးအစောတည်းကထည့်ထားပြီးသား ၊ အချို.ကိုတော. အနားနီးတော.မှ ပတ်အလှုခံ ၊ အချို.ကိုတော. ဘဏ်ပိတ်ရက်များ ဆက်နေသဖြင့် အလှုပြီးမှ ထည့်ပေးဖို.ပြောထားပြီး အမတစ်ဦးထံ အကူအညီတောင်း -- ဖြစ်အောင်စီစဉ်ရသည် ။

ညနေပိုင်းအနည်းငယ်ရသည့်အချိန်လေးများတွင် ပစ္စည်းများလိုက်ဝယ် ၊ အချို.ကတော. ၀ါးခယ်မ မှ မိတ်ဆွေအမများထံ အကူအညီတောင်း စီစဉ်ရသည် ။ သူတို.ကလည်း လိုလိုလားလား အကူအညီပေးတာမို. တော်တော်လေးအဆင်ပြေသွားသည် ။
၂ရက်နေ.ကိုမဖြစ်မနေလုပ်ရန်ချိန်းလိုက်ပြီး မှ အရင်ဝါးခယ်မဘက်ခြမ်းအမာခံအဖွဲ.က ကျောင်းကြီးကထိန် ဒိုးပတ်ပွဲဖြစ်မြောက်ရေး တာဝန်ယူထားရတော.သူတို.မှာလည်း မလှုပ်သာ ၊ အဲ့ဒီတော. ကိုယ်.ဘာသာ ဖုန်းတစ်လုံးနှင့် ကျောင်းချိတ်ဆက်ခြင်း ၊ ညှိုနှိုင်းခြင်းတို. လုပ်ရတော.သည် ။

 ၁ရက်နေ.မနက် ၀ယ်ထားသောပစ္စည်းများ နှင့် ရန်ကုန်ကနေ ကြိုလွှတ်ထားရသည် ။ ညနေ ကိုယ်.ဘာသာတစ်ယောက်တည်းဖြစ်သည့်အပြင် အလုပ်ကြောင့် အစောဆုံး ၅နာ၇ီနောက်ပိုင်းမှ သွားလို.ရမှာမို. လိုင်းကားနဲ.ပဲသွားဖို.လုပ်ထားပြီး အရေးကြီးအလုပ်တစ်ချို.ကြောင့် ၆နာ၇ီကျော်မှ ထွက်ဖြစ်သည် ။ ကားက ၇း၃၀ ။ ဒီလိုအချိန်မျိုး / ရက်မျိုးက ကားပိတ်တတ်သည်မို. ကြိုပြင်ထားသော်လည်း အခြေအနေအရ ကြိုမထွက်ဖြစ်လိုက် ။သို.သော် ကိုယ်.ကားဆရာက ကျွမ်းကျင်သူမို. ဖိမောင်း ၊ ကျော်မောင်း ၊ နောက်ဆုံးတော. ရွှေပြည်သာတံတားကတက် ၊ ထိန်ပင်သုသာန်ကြားထဲကဖြတ်ထွက်နှင့် ကားဂိတ်ရောက်တော. ၇း၄၅ ၊ ဖုန်းဆက်တုန်းကကိုယ်.ကိုအကြာကြီး မစောင့်ဟုပြောခဲ့သော အောင်ချမ်းသာက သူတို.ကြိုပို.ကားမရောက်သေးလို. ကားပေါ်လူတောင်မတင်ရသေးသဖြင့် ကံကောင်းသွားသည် ။ နောက်အကျဆုံး ၇း၄၅ လောက်တော.ထွက်သည်ဆိုသည့် အောင်ချမ်းသာက သူတို.ကြိုပို.ကားရောက်တော. ၉နာရီ ထိုးလုလု ။

ကားပေါ်မှပင် ကိုရဲ ၊ ကိုဇော်မင်းတို.နှင့် မနက်ဖြန် ကားအတွက် စီစဉ်တော. အဆင်မပြေသေး ။ နောက်ကျနေသည်မို. အရှိန်ပြင်းမောင်းလာသည့်ကားက ၀ါးခယ်မရောက်တော. ၁၂နာရီ ။
မနက်မိုးလင်းသည်နှင့် ပစ္စည်းသယ်သွားဖို.ကား စီစဉ်တော. အဆင်မပြေသေး ။ နောက်တော. ဆရာတော် ဦးဇ၀န ၊ ကိုထွန်းရိတို. စီစဉ်ပေးမှုဖြင့် အဆင်ပြေသွားသည် ။ ထိုအချိန်အထိ ပစ္စည်းတွေ Final မစစ်ရသေး ။ ထိုစဉ် အရှေ.ဒရင်း ကျောင်းအုပ်စုံတွဲရောက်လာပြီး လိုအပ်သည်များ ညှို နှိုင်း တော.မှ စာရင်းရထားပြီးသားခွဲကျောင်း တစ်ခုနှင့် ချိတ်ဆက်မရသေးမှန်း ပြန်သတိရသည် ။ တော်သေးသည် ။ ထိုဆရာမကချိတ်ဆက်တော. ဟိုကအဆင်သင့်ပင်ဖြစ်နေပြီးသား ။

ကိုလှဋ္ဌေး ၊ ကိုဇော်မင်းတို.နှင့်ပင် ပစ္စည်းစစ် ၊ လိုတာတွေထပ်မှာ ၊ ကျောင်းအလိုက်ခွဲ ၊ ပြင်ဆင်သင့်သော စာရင်းများလုပ် ၊ အရင်နှစ်များက လုံလောက်သောအင်အားရှိသော်လည်း ခုကတော. ရှိတဲ့လူနှင့်လုပ်ရတော. ညှစ်ရုန်းကြရသည် ။ အဓိက က အချိန်မှီ အဆင်ပြေစွာ ပြီးမြောက်သွားဖို.သာ ။
နောက်ဆုံးတော. နေ.လည် ၁ နာရီတွင် ကိုဇော်မင်း ၊ ကိုကိုလင်း ၊ ကိုလှဋ္ဌေး ၊ အထက်တန်းကျောင်းသား ၂ယောက် တို.နှင့် စတင်ထွက်လာနိုင်ခဲ့သည် ။

အရာရာတွင် ကြိုတင်ပြင်ဆင်မှု ၊ စနစ်တကျ စီမံခန်.ခွဲမှု တို.က အရေးပါမှန်းသိသော်လည်း အခြေအနေမပေးချိန်တွင် အစဉ်အလာအတိုင်း မီးစင်ကြည်.ကရခြင်း စီမံမှု အနုပညာဖြင့်သာ ပြီးမြောက်အောင် လုပ်ဆောင်ကြရသည်ကို ပြောလိုခြင်းသာဖြစ်ပါသည် ။
( တကယ်တော. မီးစင်ကြည်.ကရခြင်း စီမံမှု အနုပညာ ဆိုတာ ကြားကောင်းအောင်သုံးတာပါ
ဖြစ်သလိုကြည့်လုပ်လိုက်ရသော ဗြုတ်စဗျင်းတောင်း စီမံခန်.ခွဲမှု ဟုသုံးလည်းရပါသည် )

နာသုံးနာ + #@×&*


ပထမဆုံး ရွေးထားသည့်ကျောင်းက အရှေ.ဒရင်း ကျေးရွာ မူလတန်းကျောင်း
KG မှ လေးတန်းအထိ ကျောင်းသား/သူ ပေါင်း ၇၅ ယောက်ရှိနေသည်
သူတို.အတွက် စီစဉ်ထားသည်က ဗလာစာအုပ် နှင့် ၃ တန်းလေးတန်းတို.အတွက် ပုံပြင်စာအုပ်များ ၊ ချို.တဲ့ကျောင်းသားများအတွက် ထီး ၊ မိုးကာ ၊ ဖိနပ် ၊ ကျောင်းဝတ်စုံ ၊ KG များအတွက်ကျောင်းဝတ်စုံ နှင့် အချိုရည် ၊ မုန်. တို.စီစဉ်ထားသည် ။


သူတို.က ပဲ့ထောင်နှင့် ဦးနီစု ကလာကြိုမည်ဆိုတော. ထိုနေရာအရောက်ကားဖြင့်သွားကြသည် ။ ထို.နောက်သူတို.လာကြိုသော စက်လှေငယ်လေးပေါ် ပစ္စည်းများ ပါတင်ပြီး ကားလမ်းဘေး တူးမြောင်းမှ ချောင်းငယ်လေးအတွင်း သို.၀င်လာခဲ့ကြသည် ။ မြောင်းသာသာချောင်းလေးမို. စိုးရိမ်စရာတော.မရှိ ။ မိနစ် ၂၀ သာသာ ခန်.စီးအပြီး ထိုရွာသို.ရောက်ကြပြီး လမ်း ၅မိနစ်သာသာခန်.လျှောက်ကြရသည် ။

ကျောင်းလေးကတော. သပ်သပ်ရပ်ရပ်ရှိသည် ။ ကျောင်းအုပ်ဆရာမကြီးအမည်က ဒေါ်ခိုင်ဆွေဦး ဖြစ်ပြီး ကျောင်း၏ အမည်အပြည့်အစုံက အမက ၁၀ အရှေ.ဒရင်းဖြစ်သည် ။

ရောက်ရောက်ချင်း ဒေသထွက် ငှက်ပျောသီး ၊ လဘက်သုပ် တို.ဖြင့် ဧည့်ခံသည် ။ စေတနာအပြည့်ဖြင့် ထမင်းပါချက်ထားမည်ပြောသဖြင့် မနည်းတားထားရသည် ။ ဆင်ဖိုးထက် ချွန်းဖိုးမကြီးကြစေချင်သလို ကုန်ဈေးနှုန်းအောက်က ၀န်ထမ်းဘ၀ ကို ဧည့်ခံစရိတ်ဖြင့် ဗူးလေးရာ ဖရုံမဆင့်စေချင် ။ ကိုယ့်အဖွဲ.အလှုက ကလေးငယ်တို.အတွက် တစ်ထောင့်တစ်နေရာမှသာဖြည့်စွက်ပေးနိုင်သောအလှု ၊ တကယ်တော. စေတနာပြည့်ဝသော တောကျောင်းဆရာ/ဆရာမတို.ဘ၀က စာနာချင်စရာကောင်းလွန်းလှသည် ။


မြို.ကျောင်းဆရာ/ဆရာမများလို ကျော.ကျော.လေး နေ.တိုင်းသွားလို.မရသလို ကျုရှင်ဆိုသည့်စကားလုံးက သူတို.အတွက်တော. ဝေါဟာရအသစ်တစ်ခု ။ ကိုယ်.ကျောင်းသား ကျောင်းလာတက်ဖို.အရေးပင် မနည်းစည်းရုံးနေကြရသူများဖြစ်သည် ။


မိမိတို.နှစ်စဉ် လှုဒါန်းခဲ့သမျှ ကျောင်းများတွင် တကယ်စေတနာပါသော ၊ ကိုယ်.ကျောင်းကို ကိုယ်.ကျောင်းသားလေးတွေကို တကယ်တိုးတက်စေချင်သူ ဆရာ/ဆရာမအများအပြားကြုံတွေ.ခဲ့ရသည် ။ သူတို.လိုသမျှလည်း ဖြည့်ဆည်းပေးစေချင်စိတ် လည်းဖြစ်မိသည် ။သို.သော် မိမိတို.သည် ကိုယ်တိုင်က ရုန်းကန်နေရဆဲ ။ မိမိတို.တတ်အားသမျှ ငွေကြေး ၊ လုပ်အား ၊ မိမိတို.၏ လုပ်ရပ်များအပေါ် သိရှိ နားလည် လှုဒါန်းလိုသူများ အကူအညီဖြင့်သာ လုပ်နေကြရခြင်းဖြစ်သည် ။



မိဘဆီ စာအုပ်ဖိုးတောင်းချိန် မိဘတို.၏ ( မတတ်သာ၍ ) ငြင်းပယ်သံများ ကြားသိရချိန် ၊ ဖိနပ်မပါပဲကျောင်းတက်နေရသော ကလေးငယ်များတွေ.မိချိန် ၊ ဖားဥအထပ်ထပ် နှင့် စုတ်ပြတ်နေသော
ကျောင်းဝတ်စုံလေးများဖြင့် ကျောင်းတက်နေကြရသည်ကိုတွေ.ရလျှင် ၊ မိုးရွာထဲ ပလတ်စတစ်စ အစုတ်လေးခြုံပြီး ကျောင်းသွားနေသော ကလေးငယ်များတွေ.ရချိန် တိုင်း ကိုယ်.ကိုကိုယ် အပြစ်မကင်းသလို ခံစားရသည် ။ မိတ်ဆွေတို.ကိုယ်တိုင် ကျေးရွာများ ၊ နွမ်းပါးသော ကျောင်းများရောက်လျှင် ဤ မြင်ကွင်းများကို သင်သချောပေါက်တွေ.ရပါလိမ်.မည် ။ မိုးတွင်း ဆိုပိုဆိုးသေးသည် ။ အချို.ကျောင်းများတွင် ကျောင်းဆင်းကာနီး မိုးရွာမည်တွေ.ရလျှင် ကလေးများမိုးမိမည်စိုးသဖြင့် ကျောင်းကြိုဆင်းပေးနေရသည် ။ အချို.ထီးပါသော ကလေးနှင့် ထီးမပါသောကလေးတွဲပြီး ပြန်လွှတ်ရသည် ။ သို.သော် ၂ယောက်လုံးမိုးစိုတော. ထီးပိုင်ရှင်အိမ်ကမကြည် 

ထို.ကြောင့် ဤသို.သော အလှုမျိုးကို နှစ်စဉ် မိမိတို.တတ်အားသမျှ နှင့် မိတ်ဆွေတို.၏ ကူညီမှုများ ပူးပေါင်း လုပ်ဆောင်ကြရခြင်းဖြစ်ပါသည် ။


ကျောင်းဝတ်စုံကို အနီးစပ်ဆုံး ယူသွားကြသော်လည်း အချို.ကလေးများက အရွယ်အတော်ကြီးနေသဖြင့် ပြန်လဲပေးရန် စီစဉ်ခဲ့ရသည် ။ နောက်ကျောင်းများဆက်ရန် ရှိသဖြင့် အချိန်မဖြုန်းတော.ပဲ ဆက်လက်ထွက်ခွာ၇န် စီစဉ်ရသည် ။ အမှတ်တရ အနေဖြင့် ထိုကျောင်းမှ ဆရာမများ ၊ မိမိတို.အဖွဲ.များ ၊ ကျေးရွာမှတာဝန်ရှိသူနှင့် ကူညီပေးသူများ ၊ ကျောင်းသား/သူများ စုပေါင်းအမှတ်တရ ဓါတ်ပုံ ရိုက်ကြသည် ။

ဆက်သွားမည့်ကျောင်းက ယခုကျောင်း၏ လက်အောက်ခံ အမက ခွဲ ကျောင်းဖြစ်သဖြင့် ကျောင်းအုပ်ဆရာမကြီးမှ သူပါဆက်လိုက်ပေးမည့်အကြောင်းပြောသည် ။ ဆက်သွားရမည့်ကျောင်းမှ ဆရာမ ပါရောက်ရှိနေပြီး ပဲ့ထောင်ပါ ပါလာသည်ဆိုတော. အမြန်ဆက်လက်ထွက်ခွာကြသည် ။

အတန်တန် ငြင်းသည့်ကြားက လမ်းတွင်စား၇န် ဆိုကာ ငှက်ပျောသီးများ ထည့်ပေးလိုက်သေးသည် ။ကျောင်းလေးမှ ပြန်ထွက်လာရင်း တွေးမိသည်က မိမိတို.အဖွဲ.အနေဖြင့် တစ်နှစ်မှ ၃-၅ ကျောင်းသာ လှုဒါန်းနိုင်သည် ။ ၀ါးခယ်မတွင်က ကျေးရွာအုပ်စုတင်၁၂၆ အုပ်စုရှိနေသည် ။ ထို.ကြောင့် နောင်နှစ်ပေါင်းဘယ်လောက်ကြာရင် ဤကျောင်းလေးသို.နောက်တစ်ခေါက် ပြန်ရောက်နိုင်မည်နည်းဟု.........................

မြွေများနဲ. ခရီးသွားခြင်း


အရှေ.ဒရင်းကျေးရွာ အမက ပြီးတော. နောက်သွားရမည့်ကျောင်းက အရှေ.ဒရင်း-တောင်စု အမက ခွဲကျောင်း ၊ လက်ရှိဆရာမက တစ်ဦးသာရှိပြီး သူငယ်တန်း ၊ ပထမတန်း ၊ဒုတိယတန်း စုစုပေါင်းကျောင်းသား /သူ ၁၉ ယောက်သာရှိသည် ။


ထိုကျောင်းလေးက လက်ရှိ ကျောင်း၏ ကျောင်းခွဲ တစ်ခုဖြစ်ပြီး ဤကျောင်းမှ ဆရာမကြီးကသာ တာဝန်ယူအုပ်ချုပ်ပေးနေကြောင်းသိရသည် ။ တောင်စုကျောင်း တာဝန်ကျဆရာမလေးကလည်း မူလက ဤအရှေ.ဒရင်းကျောင်းမှပင်ဖြစ်ပြီး ယခုလည်း ရောက်ရှိနေပြီဖြစ်လျှက် ကျောင်းအုပ်ဆရာမကြီးကို သူတို.ကျောင်းကိုလိုက်ပါလာပေးဖို.ပြောဆိုနေသည် ။


သူတို.လာခေါ်သော ပဲ့ထောင်က ရေမတက်သေးသဖြင့် ကျောင်းအနီးအထိ လာလို.မရ ထို.ကြောင့် ပဲ့ထောင်နားအထိလမ်းလျှောက်ပေးပါရန် ပြောတော. ကိုယ်တွေကတောင်အားပြန်နာနေရသည် ။သေချာတာက ယခုလှုဒါန်းသမျှ ဘယ်ဆရာမ မှ တစ်စုံတစ်ခုရသည်မဟုတ် ။

သူတို.ကျောင်းသား/သူတွေအတွက် အလှုရျင်တွေကို လိုက်လိုက်လျောလျော ၊ ခခယယပြောကြရသော ရွာကျောင်းဆရာ/ဆရာတို.၏ စေတနာက အထင်းသားထွင်းဖောက်မြင်နေရသည် ။

လမ်းလျှောက်ကြတော. ဘယ်သူမှ ထီး ၊ ဦးထုပ်မပါကြ ၊ နေကအတော်ပြင်းသလို လေကငြိမ်နေတော. ချွေးကတော. အတော်လေးထွက်ကြသည် ။ နောက်မှအတူပါလာသော တောင်စုဒေသခံ အမျိုးသမီး ကလည်း သူတို.ရွာလေးက အဘယ်မျှ ချို.တဲ့ကြောင်း တောက်လျှောက်ပြောလာနေခဲ့သည် ။ လမ်းလျှောက် လို.၁၀မိနစ်နီးပါးအရောက် နောက်ဘက်မှအလန်.တကြားအော်သံကြားလိုက်ရသည် ။
မြွေ
မြွေ
အရှည်ကြီးပဲ
ပါးပြင်းလဲထောင်နေတယ်
ထိုအသံက လူတန်း၏နောက်ဆုံးမှထွက်လာခြင်းဖြစ်သည် ။ အာလုံးရပ်သွားပြီး ပြန်လှည့်ကြည့်ကြတော. သေချာမမြင်ရတော. ။ ကံကောင်းသည်က ထိုမြွေဘေးမှအားလုံးဖြတ်လျှောက်လာကြသော်လည်း ဘယ်သူတစ်ယောက်မှ အန္တရာယ်မဖြစ်ကြ ။၁၅မိနစ်ခန်.လျှောက်ပြီးတော. ပဲ့ထောင်ကပ်ထားရာနေရာသို.ရောက်ကြသည် ။


ချောင်းကျဉ်းကျဉ်းလေးထဲ ပဲ့ထောင် မောင်းရသည်မို.အရှိန်တင်မောင်းလို.လည်းမရ ။ ထိုးဝါးတစ်လှည့် စက်တစ်လှည့် ဖြင့် မောင်လာကြရင်း တစ်နေရာအရောက် ပါလာသောအဖွဲ.သားတစ်ဦးက သူ.သူငယ်ချင်းတစ်ယောက်လက်ကို ဆွဲရင်း ဟေ.ကောင်မြွေ မြွေ ဟုအော်လိုက်သံကြားရသည် ။

လူငယ်သဘာဝ စက်လှေစီးရင်း ဘေးမှသစ်ပင်ငယ်များကိုလက်နဲ.ပွတ်ဆွဲလာရင်း ရေမြွေတစ်ကောင်က ကြိုဆိုနေခြင်းဖြစ်သည် ။ သို.သော် ဘာမှတော. မထိလိုက် ။ ဤသို..ဖြင့် မိနစ် ၂၀ခန်.မောင်းအပြီး လမ်း၇ှိ ရွာ်တစ်ရွာက တံတားတစ်စင်းအား အနည်းငယ်တိုက်မိအပြီးမှာတော. ဒရင်း - တောင်စု ကျေးရွာ အမကခွဲ သို.ရောက်ခဲ့ကြသည် ။


ချစ်ကြပေမယ့်အရောင်မစွန်းစေလို


ကျောင်းရောက်တော. တကယ့်ကိုသိသိသာသာ မပြည့်စုံမှန်း မြင်နေရသည် ။ သူငယ်တန်း ဆိုလျှင် လည်း ဘာသင်ထောက်ကူမှ လောက်လောက်လားလား မတွေ.ရ ။ ထရံကာ သွပ်မိုး ကျောင်းငယ်လေးအတွင်း ဘာအခန်းမှကာမထားပဲ ကလေးငယ်တို.ကလည်း စုထိုင်နေတော. အအတွက် ရါယ်တွေကသိပ်မကွာ ။ ထိုကလေးအားလုံးအတွက် ထီး ၊ ဗလာစာအုပ် ၊ ပုံပြင်စာအုပ် ( ၁တန်း ၊ ၂တန်း အတွက် ) စသည်တို.ပေးအပ်ပြီး တစ်ဦးချင်းစီအတွက် ဖိနပ်များကို အတိအကျတိုင်းပြီး ပေးအပ်ကြပါသည် ။အထူးနွမ်းပါးသူများအတွက်မူ ၀တ်စုံပါ စီစဉ်ပေးကြပါသည် ။


ရွာဓလေ့အရ ကျောင်းသားမိဘများကလည်း ကျောင်းအတွင် ၀င်နေကြပြီး အချို.က သူတို.ကလေးများ ပစ္စည်းမရလိုက်မှာ စိုးရိမ်စိတ်ဖြင့် အနီးကပ်ကြီးကြပ်ပေးနေကြသည် ။ မိဘတို.၏ ချစ်ခြင်းကိုနားလည်သော်ငြား စိတ်ထဲဝယ် ထိုမိဘတို.၏ အပူများ ကေ လးများ၏ နှလုံးသားထိ စီးမျောသွားမှာ စိုးရိမ်မိသည် ။ ကလေးငယ်တို. အရာရာဝယ် လောဘတကြီး လိုချင်စိတ် စွဲမြဲသွားမှာ စိုးရိမ်မိသည် ။


သမုဒ္ဒရာ ရေ ချိုနိုင်ပါ့မလား


အဲ့ဒီလို လှုဒါန်းကြရင်းက လူက ၂၀ ဖြစ်နေတော့ ဆရာမက ကလေးငယ်လေးတစ်ယောက် ကိုပြရင်း သူကကျောင်းပျော်ပါ ကျောင်းအရမ်းတက်ချင်လို.ဆိုပြီး လာနေတာ သူငယ်တန်းနဲ.တွဲထားတယ်ဆိုပြီး ပြတော.မျက်လုံးပြူးလေးနဲ.မော.ကြည့်နေတဲ့ ကလေးမငယ်လေး ---- အေးလေ သူများတွေ ရတယ်ဆိုတော. သူလည်း လိုချင်ပေမပေါ့ ဆိုပြီးသူ.အတွက်ပါ လိုတာတွေထည့်ပေးလိုက်သည် ။ ထိုစဉ် နောက်ထပ်ကလေးငယ်လေးတစ်ယောက် ထပ်ဝင်လာပြန်သည် ။ ထိုကလေးငယ်အတွက်ကျန်တာတွေ ပေးရင်း ထီးကျတော. ပေးစရာ မရှိတော. ။ စိတ်မကောင်းစွာနှင့်ပင် မသိချင်ယောင်ဆောင်နေရင်း သူ.ဘေးက ကလေးငယ်က သူ.ကို တွေ.လား ငါတို.က ထီးပါရတယ် ။ နင်က ထီးမပါဘူးဟုပြောလိုက်ချိန် နောက်ဆုံး ကလေးရဲ. မျက်နှာကို မကြည့်ရဲ ။ သူစိတ်မကောင်း ဖြစ်သွားမှာကို မကြည့်ရက် ။

ထိုကလေး ၂၁ယောက်အတွက် ပေးဝေအပြီး ကျောင်းဝကိုကြည့်လိုက်တော့ အထဲက ကလေးတွေနှင့် မတိမ်းမယိမ်း ကလေးငယ်အချို. ။ တစ်ချို.ကတော. ဖြစ်သလို အ၀တ်အစားနှင့် ။ တစ်ချို.ကတော. စုတ်ပြဲနေသော အဖြူအစိမ်း ၀တ်စုံလေးတွေနှင့် ။ ရင်ထဲ မကောင်းဖြစ်မိသည် ။ သူတို.က ကျောင်းမတက်သေးတာလား ၊ ကျောင်းမတက်ရတော.တာလား ၊ သူတို.လည်း ကျောင်းတက်ချိန်စိတ် ရှိချင်ရှိနေကြမည် ။ အထူးသဖြင့် ယခုလိုအချိန်မျိုးတွင် သူတို.ရင်ထဲ ဘယ်လိုရှိနေမလဲ တွေးမကြည့်ရဲ ။ တစ်ခါတစ်လေတော. အထူးသဖြင့် အခုလိုအချိန်မျိုးတွင် ကိုယ်.လုပ်နိုင်စွမ်းအပေါ် အားမလို အားမရအတော်ဖြစ်မိသည် ။ သမုဒ္ဒရာ ရေချိုဖို. ကိုယ်ထည့်လိုက်တဲ့ သကြားတစ်ခွက်က ဘယ်မှမရောက်မှန်းသိသော်လည်း ကိုယ်လုပ်နိုင်သမျှ လောက်သာ လုပ်နေရတာကို အားမရ ဖြစ်မိသည် ။


အားလုံးလှုဒါန်းပြီးတော့ ပါလာသော ကျောင်းအုပ်ဆရာမကြီးကို ကလေးငယ်များက ကန်တော.ကြသလို အလှုရှင်များအတွက်လည်း ဆုတောင်းပေးနေကြသည် ။ကျေး၇ွာတာဝန်ရှိသူတို.ကလည်း လာရောက်သူများရော ၊ လှုဒါန်းပေးကြသူများကိုပါ ကျေးဇူးတင်ကြောင်း အားပါးတရ ပြောကြသည် ။ ပြီးတော.အားလုံးပြန်ကြချိန် ကျောင်းသားငယ်တို.ရဲ. အိမ်အပြန်က ပျော်ရွှင်မှု ၊ ကျေနပ်ခြင်း တို.ဖြင့် တက်ကြွစွာ....................

ပြန်မရနိုင်တော.တဲ့သုခဘုံ


တောင်စု အမက မှထွက်တော. နေကျစပြုပြီ
တာဝန်ကျေလွန်းသော အရှေ.ဒရင်းကျောင်းအုပ်က သူ.ကျောင်းပြီးတော. ခွဲကျောင်း ၊ ခွဲကျောင်းပြီးတော. ကားလမ်းမရောက်သည်အထိ စက်လှေနှင့် လိုက်ပို.ပေးဖို. လိုက်လာသည် ။ အားလုံးစက်လှေပေါ်ရောက်ကြတော. ကမ်းပါးမှ ဆရာမ နှင့် ကျေးရွာတာဝန်ရှိသူတို.က နှုတ်ဆက်နေကြသော မြင်ကွင်းအတွင်း လှုထားသော ထီးတစ်လက်က တောက်ပလွန်းနေသည် ။

ပဲ့ထောင်မောင်လာသောချောင်းကျဥင်္းလေးတစ်ဖက်တစ်ချက်က ခြုံပင်တွေ ၊ ရိုးပြတ်လယ်ကွင်းတွေ ၊ တိုင်ထောင်နွယ်ပင်အချို. ၊ သယ်ယူဖို.ပုံထားသော စပါးဟုထင်ရသည့် အိတ်များ စိတ်ထဲဟိုးးးးး ငယ်ဘ၀တစ်ခုစီပြန်ရောက်သွားခဲ့သည် ။


အဖေက သားသမီးကိုအတော်လေးအလိုလိုက်သည့်အထဲပါသည် ။ အတော်ချစ်သည့်အထဲပါသည် ။
ငယ်စဉ်က ကိုယ်ကရေသာမကူးတတ်သော်လည်း လှေကျတော.စီးချင်သည် ။ ခက်တာက လှေက ၀ါးခယ်မမှာ စီးဖို.မလွယ် ။ အဖေကတော. ရအောင်လုပ်ပေးသည် ။ လှေတစ်စီးရအောင်ငှားပြီး ဈေးချောင်းတစ်လျှောက် ၊ ကျုံစိန်ချောင်းတစ်လျှောက် လှေလိုက်လှော်ပေးသည် ။သူက အားကစားသမားမို.လှေလှော်ရာတွင်လည်း အတော်သန်သန်မာမာတော.ရှိသည် ။ ချောင်းဘေးရှိ အိမ်များထဲမှ သူ.အသိအိမ်တွေ.လျှင် လှမ်းနှုတ်ဆက် ၊ ဟိုကပြန်စကားပြော ၊ တံတားအသေးလေးများအောက်ရောက်လျှင် မှောက် ၊ မနက်၁၀နာရီ ၁၁နာရီမို. သစ်ပင်ကြားကဆင်လာတဲ့နေက သိပ်အရင့်ကြီးမဟုတ် ၊ အိမ်တွေက ထမင်း ၊ ဟင်းချက်ရင်း ထွက်လာတဲ့ မီးခိုးတွေက သစ်ပင်တွေကြားဝင်ရင်း ထိုအပေါ်နေရောင်က ကြိုကြားကြိုကြား ကျနေတော. ခုထိတိုင်ထိုမြင်ကွင်းကိုမြင်နေမိဆဲဖြစ်သည် ။တစ်ချက်တစ်ချက် မြစ်ကမ်းဘေးက ရေဖျံလေးတွေ ၊ ချောင်းထဲ အုပ်လိုက်ကူးနေသည့် ဘဲကလေးတွေကလည်း ပန်းချီကားတစ်ချပ် မလှလှအောင် ကူနေသည်နှင့်တူသည် ။ ရေထဲမျောနေသာ ဗေဒါပင်ငယ်အချို. ၊ ကမ်းနားမှရေထဲထိတိုင် တွဲရရွဲကျနေသော ညောင်လန်းပင်အမြစ်များ ၊ ဘယ်လိုမှသုံးမရသော်လည်း ကြည့်လှသည့် ကျီးအာသီးနီနီရဲရဲများ ကိုပြန်မြင်နေမိသည် ။

ရောက်ပြီရောက်ပြီဆိုသော အသံနှင့်အတူ ကားလမ်းမဘေး ပဲ့ထောင်ပြန်ကပ်နေသည် ။ နာရီဝက်ခန်.စီးလာပြီး အတိတ်က နိဗာန်ဘုံထဲ ပျော်နေမိသည့် စိတ် ပစ္စုပ္ပန် တည့်တည့် ခုမှပြန်ကျက်မိသည် ။ လိုက်ပို.သော ဆရာမကြီးအပါအ၀င် အားလုံးကိုနှုတ်ဆက်၍ ကားဖြင့် ရွှေလောင်း စိုက်ကွင်းကွေ.သို.ဆက်ထွက်လာခဲ့ကြသည် ။


ကကတိုက်ဆည်မြောင်းကျောင်းဆီသို. 



မိနစ် ၂၀ ၊ နာ၇ီဝက်ခန်.ကားမောင်းအပြီး လာကြိုနေကြသော စက်လှေတွေနားရောက်တော. သူတို.ကအင်အားတောင့်တင်းလှသည် ။ပဲထောင်က ၃စီးတောင်ဖြစ်သည် ။ လှုသမျှ ကျောင်းတွင် ဤကျောင်းက လူအများဆုံး ၊ လှု ရမည့် ပစ္စည်းအများဆုံးမို. အားလုံးသယ်ချပြီးသည်နှင့် အမြန်ထွက်ခဲ့ကြသည် ။နေရောင်ကဖျော.ဖျော.သာကျန်တော.သည် ။

ကျောင်းရောက်တော. အဆောက်အဦးလေးကမဆိုး ။ မေးကြည့်တော. NGO အဖွဲ.တစ်ခုကလှုထားခြင်းဖြစ်ပြီး မူရင်းကျောင်းဆောင်က အခြားဘက်တွင်ရှိနေသော ခပ်ဟောင်းဟောင်းအဆောင်တစ်ခု ။ ကျေးရွာ လူကြီးများ ၊ ဤကျောင်းဖြစ်မြောက်ရေး မြေလှုသည်မှ အူလကျောင်းဆောင်ရသည်အထိ လက်တွဲလုပ်ဆောင်ခဲ့ကြသော ၇၄နှစ်အရွယ် အဘတစ်ဦး နှင့် ဆရာဟောင်းများ လူစုံတက်ရောက်လာကြသည် ။ ဤကျောင်းတွင် ကျောင်းသား/သူပေါင်း ၈၆ယောက် ရှိနေပြီး အားလုံးအတွက် ထီး ၊ ဖိနပ် ၊ ၀တ်စုံ ၊ ကျော်ပိုးအိတ် ၊ ဗလာစာအုပ် နှင့် ကျောင်းစာကြည့်တိုက်အတွက်ပုံပြင်စာအုပ်များဖြစ်သည် ။


ထိုကျောင်းလေးကို စတင်ချိတ်ဆက်စဉ်တည်းက တစ်ရွာလုံးနီးပါးကစီးပွားရေးသိပ်အဆင်မပြေကြကြောင်းပြောသည် ။ ယခု အလှုအတွက် ကျောင်းဘက်မှ ချိတဆက်တာဝန်ယူပေးနေသော ဆရာဦးဝင်းဆွေမှာ ထိုကျောင်းဖြစ်မြောက်လာရေးအတွက် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခုအနားယူသွားသည့်တိုင်သူ.ကျောင်းအတွက် ပူတုန်း ၊ပင်တုန်း ၊ ကိုယ်.ဘက်က ဘဏ္ဍာရေးအနေအထားအရ ဖိနပ် ၊ ကျောပိုးအိတ် ၊ ၀တ်စုံ တို.ကို ချို.တဲ့လွန်းသူများအတွက်သာရည်ရွယ်ကြောင်းသူ.ကိုပြောပြတော. သူက ကျောင်း၇ှိကလေးများမှ မိုးတွင်းကျောင်းတက်လျှင် မိုးကာဝေးလို. ပလတ်စတစ်စတောင် လူစေ့မရှိဆိုတော. သက်ပြင်းချမိရင်း အားလုံးအတွက် စီစဉ်လာခဲ့ရခြင်းဖြစ်သည် ။


တစ်ခုတော.ပြောစရာရှိသည် ။ မိုးကုန်တော.မှထီးနဲ.မိုးကာ ဘာလို.လှုလည်း ဆိုတော. သူတို.နောက်နှစ်ကျောင်းအပ်ရာသီတွင် သူတို.မိဘတွေ စိတ်သက်သာပါစေ၊
ဝန်တစ်ခုပေါ့သွားပါစေတော.ဟူသောစိတ် ၊ ကျောင်းစတက်သည်နှင့် မပူပင်ရအောင် တစ်ခါတည်းလှုလိုက်ခြင်းဖြစ်သည် ။ မိမိတို.အနေနှင့်က တစ်နှစ် ၃ကျောင်းမှ ၅ကျောင်း သာလှု ရသည်မို. ဘယ်တော.မှ ဒီကျောင်းပြန်ရောက်မည်မသိ ။ ထို.ကြောင့်ရောက်သည့်အခိုက် တတ်စွမ်းသမျှ ဖြည်.ဆည်းခဲ့ခြင်းဖြစ်သည် ။


ကိုယ်တိုင်တွန်းလို.ရွေ..စေခဲ့ကြသူများ


လှုခဲ့သမျှ ကျောင်းများထဲ ဤကျောင်းကတော.အင် နှင့် အားနှင့် ညီညွတ်စွာ ကြိုတင်ပြင်ဆင်မှုပိုအားကောင်းပုံရသည် ။ ဤ သို.ပြောတော. အခြားကျောင်းများ က အားနည်းသည်လားဆိုတော.မဟုတ် ။ ကျောင်းနှင့် တိုက်ရိုက်သက်ဆိုင်သူများ၏ စေတနာ ၊ အားထုတ်မှု နှင့် အလေးထားခြင်းတို.ကမူ အားလုံးအတူုတူပင် ။ သို.သော် သူတို.ကျောင်းများ၏ မိဘများ ၊ သက်ဆိုင်ရာရွာ နှင့် အခြားသော အခြေအနေများကြောင့် သာ ကွာခြားသွားကြရခြင်းဖြစ်သည်ကို နားလည်ကြပါသည် ။ဤကျောင်းတွင်ကတော. ကျောင်းစတင်ဖြစ်မြောက်ရေး ၉နှစ်တိုင် လုပ်ဆောင်ခဲ့ကြသူ ဦးဝင်းဆွေ - ဒေါ်လှလှသီ ၊ သူတို.နှင့် လက်တွဲပံ့ပိုးလာခဲ့သော ကျေးရွာတာဝန်ရှိသူ အသက် ၇၄နှစ် ရှိ ကိုယ်တိုင် စာမတတ်သော်လည်း အများကို စာတတ်စေချင်သူ ဦးပွကြီး ၊ အစဉ်အဆက် စေတနာအပြည့် တာဝန်ယူပေးခဲ့ကြသော ဆရာဟောင်းများ ၊ လက်ရှိတာဝန်ရှိကျေးရွာ လူကြိးများ ၊ ကျောင်းတာဝန်ရှိသူများပါ အပြည့်တက်ရောက်လာပေးကြသည်ကိုတွေ.ရသည် ။ကျောင်း စတင်စဉ်က ထိုကျောင်းနှင့်ကျေး၇ွာတာဝန်ရျိသူတို.က ကိုယ်ပိုင်ငွေကြေးပါအသုံးပြ၍ ကျောင်းဆောင်ဖြစ်မြောက်ရေး ကြိုးပမ်းခဲ့ရကြောင်းနှင့် ယမန်နှစ်ကမှသာ NGO အဖွဲ.အစည်းတစ်ခုက ယခုအခမ်းအနားကျင်းပနေသော အဆောင်ကို တည်ဆောက်လှုဒါန်းပေးခြင်းဖြစ်ကြောင်းနှင့် အဆောင်ဟောင်းကိုလည်း တွဲဘက် အသုံးပြုနေရသေးကြောင်းသိရသည် ။


 ကိုယ်ပိုင် စာကြည့်တိုက်လေးများ


စတင်လှုဒါန်းမှုများမလုပ်ခင်. အချိန်အနေအထားအရ စကားတော.အများကြီးမပြောဖြစ် ။ ကျောင်းအုပ်ကြီးဖြစ်သူ ဥိးစိုးရာဇာအောင် က အသက် ၃၀ခန်. လူလတ်ပိုင်း တစ်ဦးဖြစ်ပြီး မိမိတို.လှုဒါန်းမည့် ပစ္စည်းနှင့် အစီအစဉ်ကိုပြောပြပြီး စာကြည့်တိုက်ရှိ/မရှိမေးတော. မရှိသော်လည်း စာအုပ်အချို.ကလေးတွေဖတ်ဖို. စုထားပေးကြောင်းပြောတော. ပါလာသော ပုံပြင်စာအုပ် ၃၀ကျော်ကို ကျောင်းကိုသာလှုထားခဲ့မည့်အကြောင်းပြောဖြစ်သည် ။ မိမိတို.က ၃တန်းနှင့် ၄တန်း ကလေးများအတွက် ယဉ်ကျေးလိမ်မာနှင့် ရိုးရာ ပုံပြင်စာအုပ်များ ပါလာပြီး ပြီးခဲ့သည့်ကျောင်းများတွင်လည်း တစ်ယောက် တစ်အုပ် လှုပေးထားခဲ့သည် ။ ကလေးများ စာကို သွက်သွက် ဖတ်ချင်စိတ်ဖြစ်စေရန် ၊ ပါဝါရိန်းဂျားတို. နိုင်ငံခြား ကာတွန်းဇာတ်ဆောင်တို.အစား မြန်မာ.ဇာတ်ဆောင်များ ၊ သူရဲကောင်းများ ကိုသတိပြုမိစေရန် ၊ စာအုပ်များက မတူသဖြင့် တစ်ဦးနှင့် တစ်ဦး လဲဖတ်ရင်း ကိုယ်တိုင်စောင့်ရှောက်ရသော စာကြည့်တိုက်လေးသဖွယ်ဖြစ်စေရန် ရည်ရွယ်လှုဒါန်းခြင်းဖြစ်သည် ။ ဤကျောင်းတွင်တော. ကျောင်းက စာကြည့်တိုက်လေးတစ်ခု အစပြုနေသည်ဆိုတော. ကျောင်းကိုသာလှုဒါန်းပေးလိုက်သည် ။


ခြေထောက်ကြိုးတုတ်၍ လမ်းလျှောက်ကြသူများ


စမလှု ခင်လေး ကျောင်းသားအားလုံးကို တစ်ခုသာပြောဖြစ်သည် ။ မိမိတို.ကို ယခုလှုဒါန်းမှု အတွက် ကတိတစ်ခုပေးရမည်ဖြစ်ကြောင်း -ယခုမိမိတို. လှုဒါန်းသကဲ့သို. ဤကျောင်းသားများ အရွယ်ရောက်လာလျှင်လည်း ကိုယ်.ရွာ / ကိုယ်.ဒေသအတွက် ဤအလုပ်မျိုး မဖြစ်မနေ လုပ်ပေးရမည်ဖြစ်ကြောင်း ကတိတောင်းတော. အားပါးတရ ညီညွတ်စွာ ကတိပေးကြသည် ။ အချိန်တန်၍ ဤကတိကို ဘယ်နှစ်ယောက် အကောင်အထည်ဖော်ဖြစ်သည်ဖြစ်စေ သူတို.ရွာအတွက် ၊ မိမိတို.ဒေသအတွက် သေချာပေါက် အကျိုး ရှိမည်ဖြစ်သည်။


ပုံမှန်အတိုင်း ဗလာစာအုပ် ၊ ထီး ၊ မိုးကာ ၊ ၀တ်စုံ ၊ ကျောပိုးအိတ် စသည်တို. အစဉ်အတိုင်း တစ်ယောက်စီလှုကြသည် ။ မိုးကလည်း ချုပ်စပြုတော. အမြန်လုပ်ကြရသည် ။ ပြသာနာက ဖိနပ် ။ Size ကမှန်းယူလာရခြင်းဖြစ်သည် ။ အမ မတင်တင်ဝင်း ကလည်း စေတနာအပြည့်ကူညီသည် ။ ဖြစ်နိုင်သည့်အရွယ်အားလုံး အပိုများယူလာပြီး တော်တာ/မတော်တာ ပြန်လဲဖို.စီစဉ်ပေးလိုက်သည် ။ ဖိနပ်အများစုက အကြီးပိုင်းတွေတော်ပြီး အသေးများ လိုနေခြင်းဖြစ်သည် ။ အဲ့ဒီတော. တစ်ယောက်စီတိုင်း ၊ မတော်လျှင် ဖြစ်နိုင်သည့် နံပါတ်မှတ် ၊ ပြီးမှ ပို.ပေးဖို.စီစဉ်ရသည် ။

ထိုသို.လုပ်ကြရင်းက ကျောင်းသားတစ်ယောက်အလှည့်ရောက်တော. ဖိနပ်တိုင်းသည် ။ တော်သည်ဆိုတော. တစ်ခါတည်းစီးသွားလို.ပြောပြီး ပြန်လွှတ်လိုက်သည် ။ ထိုကျောင်းသား ပြန်လှည့်အထွက် ဘိုင်းကနဲပစ်လဲကျတော. အားလုံးအလန်.တကြားဖြစ်သွားပြီး နောက်မှ ၀ိုင်းရီဖြစ်ကြသည် ။ အဖြစ်က ဖိနပ် ၂ဖက်တွဲထားသော ကြိုးများရှိသည် ။ တိုင်းပြီး တော်မှ ထိုကြိုးကို ဖြတ်ပေးလိုက်သည် ။ မတော်လျှင် ဒီတိုင်းထားလိုက်သည် ။သို.မှသာ ဖိနပ်ပြန်လဲလျှင် အဆင်ပြေရန်ဖြစ်သည် ။ ထိုကျောင်းသားကို ဆရာကြီးက ဖိနပ်တိုင်းပေးရင်း ကြိုးမဖြတ်မိခြင်းဖြစ်သည် ။ငိုအားထက်ရယ်အားသန်ကြရသည် ။ အချိန်ကလုလုပ်ရတော. အမှားအယွင်းရှိကြသည် ။ ပြီးကာနီး တစ်ယောက်တွင် ထုံးစံအတိုင်း တိုင်းပြီးတော်တော. ဖိနပ် စွပ်ပေးလိုက်သည် ။ သို.သော် ထိုကလေးက လမ်းလျှောက်တာ ရှေ.မရောက် ။ Moon Rock ကသလိုဖြစ်နေသည် ။ ထုံးစံအတိုင်း ဖိနပ်ကြိုးဖြတ်မပေးမိ ၊ သို.သော် ကလေးက မပြောပဲ သူ.ဘာသာချော်မလဲအောင်လျှောက်တော. ဖိနပ်၂ခုကြိုးတုတ်ထားသဖြင့် မလဲအောင်လှမ်းရင်း ရှေ.မရောက်ဖြစ်နေဖြင်းဖြစ်သည် ။ထို.နောက် ကြိုးဖြတ်ပေးလိုက်မှ သူလည်း လွတ်လပ်စွာသွားလာခွင့်ရသွားသည် ။


မြင်သာသော ၀ိုးတ၀ါးအပြုံးများ 


အားလုံးပြီးတော. မီးမရှိသည့်ကျောင်းထဲ တစ်ယောက်မျက်နှာ တစ်ယောက်မမြင်ရတော. ။ ကျေးဇူးတင်ဝမ်းမြောက်ခြင်းမှတ်တမ်းကို ကျောင်းအုပ်ကရေးတော. ဖုန်းမီးဖြင့် ဆရာမတစ်ယောက်က ပြပေးနေရသည် ။ ပြီးတော. အပြင်ထွက်ကြပြီး ကျောင်းရှေ.တွင် ကျောင်းသားများ ၊ ဆရာ/ဆရာမများ ၊ တာဝန်ရှိသူများ ၊ မိဘများ ၊ မိမိတို.အဖွဲ.များစု၍ လရောင်ဆမ်းသော ဓါတ်ပုံ စုရိုက်ဖြစ်ကြသည် ။ ကင်မရာတွေက Red Eye Reduce လုပ်မထားတော. အချို.ပုံတွင် မျက်လုံးတွေက မီးဝင်းဝင်းတောက်နေကြသည် ။ အပျော်မီးတောက်များသာဖြစ်လိမ့်မည်ပေါ့ ။ ပြိးတော. အားလုံးကိုနှုတ်ဆက်ကြသည် ။ ပျော်ပျော်ပါးပါး ညီညီညွတ်ညွတ်မို. တကယ့်အမှတ်တရ ဖြစ်ရသည် .ဓါတ်ပုံရိုက်ပြီးတော့ ကလေးတစ်ချို.က ကျောင်းရှေ.ကွက်လပ်တွင် သူတို.ရထားသော ပစ္စည်းလေးတွေချပြီး ခုန်သူခုန် ၊ ဂျွမ်းထိုးသူထိုး ဖြစ်နေကြသည် ။ပျော်လွန်းလို.တဲ့ ။ သူတို.မိဘများက ဒါကိုသဘောအကျကြီး ကျနေကြသည် ။ ဖန်တီးထားသော အလင်းရောင်တို.မဲ့ရာ ဒေသမို. ထင်ထင်ရှား၇ျား မမြင်ရသော်ငြား သူတို.၏ အပြုံး ၊ သူတို.၏ အပျော်များကို မိမိတို.ရင်တွင်း အပြည့်အ၀ သိမ်းပိုက်ခံစားနိုင်ခဲ့သည် ။ အပြန်မှာ ဤကျောင်းတွင်တာဝန်ကျသော မြို.နှင့်ရွှေလောင်းမှဆရာမလေးများ ပြန်လိုက်ပါပြီး ဤအလှုအတွက် ချိတ်ဆက်ပေးပြီး ယခုတိုင်ကျောင်းအတွက် စိတ်ဓါတ်အပြည့်၇ျိနသေးသော ဦးဝင်းဆွေအပါအ၀င် တာဝန်ရျိသူများ လိုက်ပို.ကြသည် ။ အဘ ဦးပွကြီးကတော. ကမ်းပါးပေါ် လက်ပြရင်းကျန်နေခဲ့သည် ။


လရောင်အောက်က ရွှေခရု



တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညမို.ချောင်းရေပြင်ပေါ် လရောင်က ဖိတ်ဖိတ်တောက် နီးပါးမျှ ဖြန်.ကျနေသည် ။ ခုနောက်ပိုင်း မီးမရသောကျေး၇ွာအချို. Solar အားကိုးဖြင့် TV ၊ အိမ်မီး ၊ ဖုန်းအားသွင်း စသည်တို.လုပ်လို.ရလာနေကြသည် ။ အဲ့ဒီတော. ကမ်းပါးစပ်မှ မီးလင်းအိမ် အချို.ကိုလည်းတွေ.နေရသည်

ရေနံ.ပါသော လေအေးအေး ၊ လမင်းကိုနောင်ခံထား၍ အချို. စိုပြေအုံဖွဲ.နေသော ၊ အချို. သန်မာဝင့်ထည်နေသော ၊ အချို. အရိုးပြိုင်းပြိုင်း ထီးတည်းဖြစ်နေသော သစ်ပင်တို.၏ အရိပ်က လောကအတွင်းရှိ အချို.ဘ၀များကို ထင်ဟပ်နေစေသည် ။ တစ်ခုပဲရှိသည် ။ ဤမျှ အေးချမ်းသော ၀န်းကျင် ၊ ဤမျှ ငြိမ်းချမ်းသော ရှုခင်းများကြားသွားနေရသော်ငြား ဆူညံလှသည့် ပဲ့ထောင်စက်သံက အရာရာကိုဖျက်ဆီးပစ်နေသလိုဖြစ်သည် ။ ဤမျှခောတ်မှီသော ကာလ၀ယ် အဘယ်ကြောင့် အသံတိတ် ပဲ့ထောင်စက်များမတီထွင်နိုင်ရသည်ဆိုသည်ကို တွေးမိပြီးသိပ္ပံနှင့် တီထွင်ပညာရှင်ဆိုသူတို.အပေါ် မကျေနပ်စိတ်ဖြစ်မိသည် ။

ပတ်ဝန်းကျင်အလှ ခံစား၍ ၀တော့ ရွာမှတာဝန်ရှိသူများနှင့် စကားပြောဖြစ်ရင်းစိတ်ဝင်စားစရာ သတ္တ၀ါ အကြောင်းကြားရသည် ။
ရွှေ ခ ရု တဲ့
ကျေးရွာ လယ်ကွင်းတွေမှာသူတို.ကျလာလျှင် ဧကကွက်တွေအထိပြောင်အောင် စားပစ်သည်တဲ့ ။ စပါးရော မြက်ပါမရှောင် အကုန်တွယ်သည်တဲ့
နှိမ်နင်းလို.လည်းမရတဲ့
အိမ်အောက်များရှိ ခရုလုံးများလိုဖြစ်ပြီး သူက အကောင်ကြီး၍ ရွှေရောင်ဖြစ်သည်တဲ့
ဘာလာလာဆိုသော မြန်မာပါးစပ်များလည်းမရတဲ့
သူ.အသားကစားကောင်းသဖြင့် ချက်စားသည် ၊ သုပ်စားသည် သို.သော်မနိုင်တဲ့
လယ်တစ်ကွက်လောက်ကောက်လျှင် ပီနံအိတ်နှင့်ကိုရသည်တဲ့
မကြာသေးခင်ကမှရောက်လာကြခြင်းဖြစ်သည်တဲ့
အဲ့ဒီတော.ဒီခရုတွေ အသားထုတ်ပြီး စည်သွတ်ဗူးလုပ် ပြည်ပပို.နိုင်လျှင်တော. အတော်အဆင်ပြေမည် ။သို.သော် ၂၀၁၀ စွန်းစွန်းတည်းက နိုင်ငံခြား Company များနှင့် တည်ထောင်မည့် ၀ါးခယ်မ စက်မှုဇုံကလည်း လျှပ်စစ်ဓါတ်အားပေးစက်ရုံပြသာနာ နှင့်အခြားအကြောင်းများကြောင့် ယခုတိုင် အိမ်မက်သာသာဆိုတော. ...................

+-× +-× +-× +-× +-× +-× +-× +-× +-×

မိမိတို.အဖွဲ.အနေဖြင့် နောင်နှစ်များတွင်လည်း မိမိတို.တတ်အားသမျှလှုဒါန်းနေကြမည်ဖြစ်ပါ့သည်
မပြောပလောက်သော မိမိတို.အဖွဲ..စွမ်းအားဖြင့် ထင်ရျားသော အပြောင်းအလဲ တစ်ခုကို အချိန်တိုအတွင်း ဘယ်လိုမှမရနိုင်မှန်းသိသော်လည်း မိမိတို.ကြိုးစားနေမည်သာဖြစ်သည် ။ မိမိတို. ခြစ်ထုတ်ခဲ့သော ကျောက်တောင်နံရံသည် မိမိတို.ဘ၀များအဆုံးသတ်ချိန်တွင် ဖောက်ထွက်သွားနိုင်ဖို.အထိမမျှော်လင့်သော်လည်း မိမိတို.ကဲ့သို. ဆက်လက်ဖောက်ထွက်ပေးမည့်သူများကိုတော. မျှော်လင့်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးး


လှုဒါန်းမှု မှတ်တမ်း ဓါတ်ပုံများ

Friday, October 27, 2017

အလံတစ်ရာ က အရည်းကြီး လက်သစ် ( သို. ) ခွန်တန်သတင်းများ စုစည်းမှု - ၃



 
ခွန်တန် ( Photo from 7 day news )


မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အလံတရာသာသနာ့နယ်မြေတွင် မိန်းကလေးငယ်များထံမှ ကာမလိမ်လည်ရယူခဲ့သော ခွန်တန်(ခေါ်) ဇာတ်လိုက်၏ အပေါင်းအပါ (၅) ဦးကို သထုံမြို့အချုပ်၌ ဖမ်းဆီးထိန်းသိမ်းထားပြီး အလံတရာအုပ်ချုပ်ရေးမှူးကိုလည်းအရေးယူပေးရန် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရရုံးထံ တိုင်ကြားထားကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌဒေါ်ခိုင်ခိုင်လဲ့က “ပြည်သူတွေက အရင်ကတည်းက တိုင်တန်းခဲ့တယ်လို့ ပြောတယ်။ တိုင်တန်းတဲ့ဟာ အရာမထင်ခဲ့ဘူးလို့လည်း ပြောတယ်။ ဒါကတော့ ပြည်သူတွေပဲ ပိုပြီးတော့ သိပါလိမ့်မယ်။ အလံတရာအုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှူးဆီ တိုင်ထားပါတယ်။ အစိုးရရုံးကိုလည်းတိုင်ထားပါတယ်”ဟု ပြောသည်။

လတ်တလောတွင် ခွန်တန်(ခ) ဇာတ်လိုက်နှင့်ပတ်သက်ပြီး တိုင်ကြားစာ (၂) စောင်လက်ခံရရှိထားပြီး အလံတရာနယ်မြေကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဆိုသည်။

မွန်ပြည်နယ်၊ တိုင်ကြားစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက “ပြီးခဲ့တဲ့ တစ်ပတ်လောက်က တိုင်ကြားစာ ရောက်ထားပါတယ်။ ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးဖို့ ဆိုပြီးတော့ အစည်းအဝေးဆုံးဖြတ်ချက် လုပ်ထားတယ်။ ကောင်မလေးရဲ့မိဘတွေကိုယ်တိုင်က တိုင်တာပါ။ လာမယ့် အပတ်ဆိုရင် (အလံတရာကို) ကွင်းဆင်းစစ်ဆေးဖို့ရှိပါတယ်။ကျွန်တော်တို့ရဲ့တွေ့ရှိချက်တွေ၊ သုံးသပ်ချက်တွေကို လွှတ်တော်ဥက္ကဌဆီ ပြန်တင်ပါတယ်” ဟု ပြောသည်။

ယခင်က အကြောက်တရားများလွှမ်းမိုးနေပြီး ယခုအချိန်မှသာ ပွင့်ပွင့်လင်းလင်းပြောဆို တိုင်ကြားနိုင်လာသည့်အတွက် တိုင်ကြားစာများရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်ကျော်သူက ဆက်လက်ရှင်းပြသည်။

ဘာသာရေးဗန်းပြပြီး ရိုးသားသောပအိုဝ့်တိုင်းရင်းသူ မိန်းကလေးများအား ဖျက်ဆီးနေမှု၊ အလိုမတူဘဲ သားမယားပြုကျင့်မှုတို့ဖြင့် အရေးယူပေးရန်ပါရှိကြောင်း အဆိုပါ တိုင်ကြားစာကော်မတီမှ သိရသည်။

အဆိုပါ ခွန်တန်(ခ) ဇာတ်လိုက် ဆိုသူမှာ ယခုအခါရှမ်းပြည်နယ်ဘက်ထွက်ပြေးနေကြောင်း၊ ၄င်းကိုဖမ်းဆီးရမိပါက မုဒိန်းမှုဖြင့် ကနဦးတရားစွဲဆိုသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများစွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အဖွဲ့မှ သိရသည်။


ထိုကိစ္စနှင့်ပတ်သက်ပြီး သတင်းများလည်း အမျိုးမျိုးထွက်ပေါ်နေသလို အမျိုးမျိုးဝေဖန်မှုတွေလည်း ထွက်ပေါ်နေတဲ့အပေါ် အဖြစ်မှန်ကို သက်သေခိုင်လုံစွာဖော်ထုတ်နေကြတဲ့ သူတွေထဲကမှ ထဲထဲဝင်ဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးများစွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အဖွဲ့မှ ဒေါ်ခင်သန်းထွေးနှင့် မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် မင်းချမ်းညီ မှတွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည် ။


မေး။ ။ဆရာမတို့က လက်ရှိ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ စိတ်ဓါတ်ပိုင်းမြှင့်တင်ပေးတာတွေ လုပ်ဆောင်နေတာတွေရှိတော့ အခုတလော ကြားသိရတဲ့ အလံတရာကိစ္စနှင့်ပတ်သက်ပြီးတော့ အမျိုးသမီးတွေအပေါ်ဖိနှိပ်မှုတွေကို ဆရာမတို့ဘာတွေများ ဆောင်ရွက်နေတာများရှိမလဲလို့ပါ။
ဖြေ။ ။ကျွန်မတို့ ကြားကြားချင်း သွားစုံစမ်းတယ်။ စုံစမ်းတော့လည်း ဟုတ်နေတယ်။ ဟုတ်နေတယ်ပေမယ့်လည်း တိုင်တဲ့လူကမရှိဘူး။ ကျွန်မတို့က နိုင်ငံသားတစ်ယောက်အနေနဲ့ အမြင်မတော်တာကို တိုင်လို့တော့ရတယ်ပေါ့နော်။ ဒါပေမယ့် တကယ်တန်း ထဲထဲဝင်ဝင်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကို ခံစားနေရတဲ့သူတွေကိုယ်တိုင် တိုင်ရင်တော့ ပိုကောင်းတယ်ပေါ့နော်။ ၀န်ကြီး ဒေါ်စံဝင့်ခိုင်က သမီးတို့ နည်းနည်းပါးပါး စုံစမ်းပေးပါဆိုတော့ ကျွန်မတို့ လိုက်စုံစမ်းတဲ့အခါမှာ အသက် (၁၃) နှစ်နဲ့ (၁၅) နှစ်အရွယ် သမီးနှစ်ယောက်ကို သူတို့ အမေကိုယ်တိုင်က ကြည်ကြည်ဖြူဖြူနဲ့ သွားပေးလိုက်တာကို အဖေက မကျေနပ်လို့ တိုင်ချင်နေတယ်ဆိုတာကို သိတယ်။ ကျွန်မတို့က အဲ့ဒီအဖေကို တရားဝင်ဖြစ်အောင် အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ တိုးတိုးတိတ်တိတ် တိုင်ချက်ဖွင့်ပြီးတော့ မုဒိန်းမှုနဲ့ ဖမ်းမှာပေါ့နော်။ အခုက စီစဉ်နေကြတုန်းပေါ့နော်။ တစ်ရွာလုံးအတိုင်းအတာနဲ့ တအားယုံကြည်နေတယ်။ ကာယကံရှင် မိန်းကလေးတွေကိုယ်တိုင်ကိုက ဒါက အပြစ်လို့ ပြောလိုက်ရင် ငရဲကြီးမှာကို သူတို့ကြောက်နေတယ်။ တခြားအမျိုးသမီးလေးတွေကိုလည်း ကျွန်မတို့ မေးမြန်းထားတဲ့ သက်သေတွေ အများကြီး ရှိပါတယ်။ မေးမြန်းထားတဲ့ သက်သေတွေမှာ ကောင်မလေးတွေ ကိုယ်တိုင်က ဒီပုဂ္ဂိုလ်ဟာ ပုဂ္ဂိုလ်ထူး၊ မြင်တွေ့ရဖို့ကလည်း မလွယ်ဘူး။ အလံတရာ ဘုရားထီးတင်တုန်းက ကြုံတောင့်ကြုံခဲ တွေ့လိုက်ရတာက ဒီလိုပုဂ္ဂိုလ် လက်နဲ့ထိဖို့အရေးကို တိုးဝှေ့ပြီးတော့ မနိုင်လောက်တဲ့ အနေအထားမှာဖြစ်နေလို့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေရပါတယ်လို့ အဲ့ဒါတွေကြားရတဲ့အခါမှာ ကျွန်မတို့က ရင်ထုမနာဖြစ်တယ်။ ဒီကလေးတွေက ပအိုဝ့်လူမျိုးတွေ ဖြစ်တာရယ်၊ အလံတရာ ဆရာတော်ဘုရားကြီးဆိုတာက သူတို့ဘိုးဘွားစဉ်ဆက် အရမ်းကို ရိုသေခဲ့တာလေ။ လေးစားခဲ့တယ်။ ဒီလူဟာ ကျွန်မတို့ သိရသလောက်က တောင်ကြီးဘက်ကနေ လာတဲ့ ပအိုဝ့်၊ တကယ်ရိုးသားတဲ့ မိန်းကလေးတွေနဲ့ လူကြီးတွေကို ဆရာတော်ဘုရားကြီးဝင်စားတယ်ဆိုတဲ့ အချက်တစ်ခုတည်းပေါ်မှာ သူက လိမ်စားတာ၊ လူညွန့်ခူးစားတာပေါ့။ အဲ့ဒါကို မသိနားမလည်ဘဲ ဗဟုသုတ နည်းပါးတဲ့အခါကျတော့ အားလုံးကယုံတယ်။ အဲ့လိုဖြစ်သွားတယ်။ အမှန်တော့ သူကအကြံကြီးကြီးနဲ့ လိမ်တာပဲ။ ပုဒ်မတွေ အများကြီးတပ်လို့ရတယ်။ ကျွန်မတို့က အဓိကသက်သေအနေအထားတွေကို လိုက်နေတဲ့သဘောပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ၀န်ကြီးဒေါ်စံဝင့်ခိုင်က အဲ့ဒီကိစ္စတွေ လိုက်လုပ်တဲ့အခါမှာ စုန်းမကြီးဆိုပြီး ပက်ပက်စက်စက်ကိုပြောပြီးတော့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တဲ့အနေအထားရောက်လာတဲ့အခါမှာ ကျွန်မတို့က ပေါ်ပေါ်ထင်ထင်မသွားဘဲနဲ့ ကိုယ့်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ စုံစမ်းနေဆဲအချိန်မှာ သတင်းတွေက ပေါက်ပြီးတော့ သူထွက်ပြေးတိမ်းရှောင် သွားနိုင်လောက်တဲ့ အခြေအနေ ရောက်သွားတယ်။ သူက ပြန်ပြီးတော့ ခြိမ်းခြောက်လာတာတွေရှိတယ်။ စောစောက ပြောတဲ့ တရားလိုလုပ်ပေးမယ်ဆိုတဲ့လူကလည်း အသံပြန်တိတ်သွားတယ်။ စိုးရိမ်သွားတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အင်အားက တအားကြီးတဲ့အပြင် ဘာသာရေးကို အရမ်းကို ယုံကြည်နေတဲ့ ယုံကြည်မှု အရှိန်အ၀ါဟာ ဆရာတော်ဘုရားကြီး ပြန်ဝင်စားတယ်ဆိုတဲ့အချက်ပေါ်မှာ ဒီလူကို အော်တိုမစ်တစ် ကာကွယ်ပေးပြီးသားဖြစ်သွားတယ်။ အမှန်တရားကို ပိုဝေးသွားတယ်။ ကျွန်မတို့က အမျိုးသမီးအကြမ်းဖက်မှုကာကွယ်ရေးတွေ၊ အမျိုးသမီးအခွင့်အရေးတွေ၊ ကလေးသူငယ်အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်နေတဲ့ သူတစ်ယောက်အတွက်တော့ ဒါဟာ လုံးဝမဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ကိစ္စပေါ့။ သို့သော်လည်း သူ(ခွန်တန်) ရဲ့ဘက်က စုံစမ်းနေတဲ့ သူတွေကလည်း အရမ်းများတဲ့အတွက်ကြောင့် သတင်းပေါက်သွားတယ်ပေါ့နော်။


      ခွန်တန် နှင့် လက်ချည် ( လက်ထပ် )ထားသော အမျိုးသမီးငယ်များနှင့် ဧရာဝတီ အင်တာဗျုး
 
မေး။ ။ စောစောက ဆရာမ ပြောတဲ့ တိုင်ကြားတဲ့ သူက စိုးရိမ်သွားတယ်ဆိုတာ ဘယ်လိုမျိုးစိုးရိမ်သွားတာလဲ။ ဘာကြောင့်အသံတိတ်သွားတာလဲ။ ဘာတွေဖိအားတွေရှိနေလဲ။ တရားခံတွေဘက်ကရော ဘယ်လိုအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ခြိမ်းခြောက်တာတွေများ ရှိနေမလဲလို့ပါ။
ဖြေ။ ။ကျွန်မတို့ကတော့ ကျူးလွန်တဲ့သူတွေဘက်က ဘယ်လောက်ထိ ဘက်ဂရောင်းရှိလဲ၊ အနောက်က ဘက်ဂရောင်းက ဘာတွေလဲဆိုတာအထိတော့ ကျွန်မတို့ မစုံစမ်းရသေးဘူးပေါ့နော်။ ဒါပေမယ့် ကျူးလွန်ခံလိုက်ရတဲ့ မိန်းကလေးရဲ့ အဖေက သူတရားလိုလုပ်ပြီးတိုင်တယ်ဆိုပြီးတော့ ရဲရဲဝံ့ဝံ့ ထွက်လာတယ်ပေါ့။ ဒီလိုကိစ္စတွေဖြစ်သွားတဲ့အခါ သူ့တို့ ရွာခံတစ်ယောက်အနေနဲ့တခြားလူတွေရဲ့ အရှိန်အ၀ါလည်းရှိမယ်။ သူတို့ အသက်အန္တရာယ်လည်းသူစိုးရိမ်သွားပါလိမ့်မယ်။ သတင်းက တအားကြီးပျံ့သွားပြီးတော့ လွှတ်တော်အမတ်ကိုယ်တိုင်က မီဒီယာအရှေ့မှာ ဖွင့်ချလိုက်တဲ့အခါမှာ သူတို့ကို ရွာလုံးကျွတ်သာမကဘူး၊ ကရင်ပြည်နယ်လောက်ထိ ရောက်တဲ့ ပအိုဝ့်တွေ အားလုံးက ဖိတ်ဖိတ်တုန်အောင် ကြောက်နေတာလေ။ တခြားဘာတွေ ကြောက်စရာ ထပ်ရှိသေးလဲဆိုတာတော့ မစုံစမ်းရသေးပါဘူး။

မေး။ ။အခု တိုင်ကြားခဲ့တဲ့ ကာယကံရှင်တွေကိုရော သူ့ရွာမှာ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမှာ ရှိနေလား။
ဖြေ။ ။ အဲ့ဒါကိုတော့ ကျွန်မတို့ပြန်ချိတ်ဆက်နေပါတယ်။ ဒီလိုမျိုးအချိန်မှာတော့ သူတို့လည်း တွေးပူမယ်လေ။ ကျွန်မတို့က အချိန်အခါတစ်ခုကို ခဏစောင့်နေတယ်။ ကျွန်မတို့က ကြားလူကတဆင့်ပဲဆက်သွယ်ရတယ်။ သူဘယ်သူလဲဆိုတာတော့ ကျွန်မတို့မသိဘူး။ နာမည်ကလွဲရင် အချက်အလက်အားလုံးကတော့ ရတယ်။ ကလေးနှစ်ယောက်ကိုယ်တိုင်လည်း မော်လမြိုင်ကို ရောက်လာသေးတယ်။ ကျွန်မတို့နဲ့တော့ မတွေ့လိုက်ရဘူး။ ကျွန်မတို့ နာမည်မသိလိုက်တာပဲ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအချိန်မှာ သတင်းတွေက ပေါက်တဲ့အတွက်ကြောင့် နာမည်သိသွားရင် ဒီကလေးမတွေရော၊ သူ့အဖေတွေရော အန္တရာယ်က နီးကပ်နေတယ်။သူတို့ကလည်း မြို့နဲ့ နည်းနည်းဝေးတယ်လေ။ သူတို့တွေ အခုလို တိုင်လာတဲ့အထိ ဖြစ်လာအောင် တော်တော်လေးကိုလည်း စည်းရုံးခိုင်းခဲ့ရတယ်။ တိုင်ဖို့လည်း ကြောက်နေတယ်။

မေး။ ။အဲ့ဒီတ၀ိုက်မှာ ခွန်တန်ကို လက်မခံတဲ့လူတွေက လူနည်းစုလောက်ပဲရှိတာလား။
ဖြေ။ ။ သူတို့ရွာအတိုင်းအတာ အနေနဲ့ကတော့ အများစုက လက်ခံတယ်။ သူတို့ သမီးတွေ အပျိုဖြစ်လာပြီဆိုတာနဲ့ သူတို့ကိုယ်တိုင်က ဦးဦးဖျားဖျား ပေးတာပေါ့။ အလှည့်မကျသေးဘူးဆိုရင်တောင် စိတ်ဆင်းရဲတဲ့ အနေအထားရှိကြတယ်။ ရွာနီးချုပ်ဘက်မှာတော့ ဒီလိုသတင်းတွေ ကြားတဲ့အခါမှာ မယုံနိုင်စရာပေါ့။ တခြားရွာတွေက သိတဲ့လူတွေကျတော့ ဒါဟာ လိမ်နေတာ၊ အယုံသွင်းနေတယ်ဆိုတာတော့ သိတယ်လေ။ သူတို့ရွာသားတွေ ကိုယ်တိုင်က မြုံထားတယ်။ ဘယ်သူမှ ဖွင့်မပြောဘူး။

မေး။ ။ဖွင့်မပြောဘူးဆိုတာက တဖက်ကခြိမ်းခြောက်ထားလို့များလား ဆရာမ။
ဖြေ။ ။ မဟုတ်ဘူး။ လိုလိုချင်ချင်နဲ့ကို အတင်းတောင်းပန်ပြီးတော့ (ပန်းဦး) ဆက်ရတဲ့ အနေအထားဖြစ်နေတယ်။ အမေတွေကိုယ်တိုင်က သူ့သမီးတွေကို ယူပေးဖို့ ငိုယိုတောင်းပန်ပြီးတော့ ဒီကြားထဲမှာ ငွေတွေပါ ပေးရသေးတယ်တဲ့။ ဒါဟာ သိဒ္ဓိတင်ပေးတာဆိုပြီး ဇတ်လိုက်(ခေါ်) ခွန်တန်နဲ့ယူဖို့ အမေတွေ ကိုယ်တိုင်က သူ့သမီးတွေကို သွားသွားပို့ပေးတာ။ သူမင်္ဂလာဆောင်တဲ့အခါ ပေါ်တင်ပဲ။ ရွာလည်မှာကို မဏ္ဍပ်ထိုးပြီးတော့ အကြီးအကျယ်မင်္ဂလာဆောင်တာ။ ဘားအံဘက်က ပအိုဝ့်တွေကိုပါမကျန် ဖိတ်စာကမ်းတာ။ သူ့ဖိတ်စာမှာ တစ်စောင်နဲ့ တစ်စောင်က သတို့သမီးမတူဘူး။ အဲ့လိုဗြောင်ကြီးယူတာပါ။ ကျွန်မတို့ မျိုးစောင့်ဥပဒေနဲ့ဆိုရင်တော့ ဖီလာကန့်လန့်ကြီးဖြစ်နေတာပေါ့နော်။ တရားဝင်ယူထားတဲ့ မိန်းမရှိပေမယ့် နောက်တစ်ယောက်ကိုလည်းတရားဝင်ယူတယ်။ တစ်ရွာလုံးကလည်း မီးခိုးတိတ်၊ အားပေးကြတယ်။ သွားစားကြတယ်။ ကလေးတွေကိုလည်း အုတ်နံရံမှာ မှီရပ်ခိုင်းပြီး နောက်ကနေ ဆိုင်ကယ်နဲ့ သူတိုက်တယ်။ ဆိုင်ကယ်တိုက်လို့ ဒဏ်ရာအနာတရ ဖြစ်သွားခဲ့ရင် နောက်ကွယ်က ဒကာတွေ ခေါ်မှာပေါ့နော်။ သူတို့တွေက ငွေနဲ့လိုက်ဖုံးလိုက်တယ်။ သူစိတ်ကြိုက် လုပ်ချင်တာ လုပ်နေတာကို ခွင့်ပေးနေတာပဲလေ။ သူက ဘုန်းကြီးလည်း မဟုတ်ဘူး။ သူက ပြောတာကတော့ သူအာရုံထဲမှာ လာရင်လာသလို ၀တ်စားပြင်ဆင်တယ်ပေါ့။ သင်္ဃန်းပတ်ရမယ်ဆိုရင် သူပတ်လိုက်တာပဲ။ သူက ဘုန်းကြီးမဟုတ်သလို သံဃာလည်း မဖြစ်ဘူး။ သံဃာဖြစ်ဖို့အတွက်ဆိုရင် သိမ်တက်တာတွေ လုပ်ရမယ်။ ဒါပေမယ့် သူက အထဲက အ၀တ်အစားနဲ့ သင်္ဃန်းပတ်လိုက်တယ်။ အဲ့ဒီအချိန်ဆိုသူက မော်တောင်မှမကြည့်တော့ဘူး။ သူတို့အရမ်းကိုကြောက်တယ်။ ဆရာတော်ဘုရားကြီးဝင်ပူးလာပြီပေါ့။ သင်္ဃန်းကို ရုံလိုက်၊ ဖြုတ်လိုက်၊ သူ့ကိုယ်မှာလည်း ဆေးမင်ကြောင်ကြီးပဲလေ။ သူတို့တွေက သူ့ကို နာမည်တောင် မခေါ်ရက်ဘူး။ ဇာတ်လိုက်ဆိုပြီးတော့ခေါ်တာ။ သူတို့အဖို့က သူက ဇာတ်လိုက်ကြီး အဲ့လိုဖြစ်နေတာ။

မေး။ ။ သူနဲ့ မင်္ဂလာဆောင်ရင် သူ့ကို ပိုက်ဆံတွေ ပေးရသေးတာလား။နောက်ပြီး သူအလှူခံတာတွေလည်း တွေ့ရတယ်နော်။
ဖြေ။ ။ဆရာတော်ဘုရားကြီးဝင်စားတယ်ဆိုတဲ့ အရှိန်နဲ့ သူ့အနောက်ကလိုက်နေတဲ့သူတွေက လှူရမယ်ဆိုပြီးတော့ အလှူငွေကောက်တာရှိတယ်။သူ့ရဲ့ ဆင်ခြေတွေ လှလှပပသုံးပြီး သူရှောင်တိမ်းတယ်။(သူပြောတဲ့ပုံစံက) သူအလှူငွေမကောက်ဘူးလေ၊ သူ့အနောက်လူတွေ လုပ်ပေးနေတာ၊ သူအတင်းအကြပ်မယူဘူး၊ သူ့ကို အတင်းအကြပ်လာပေးစားကြတာ။ သူက မုဒိန်းကျင့်တာမဟုတ်ဘူး၊ လိုလိုချင်ချင်နဲ့ သူ့ကို ယူပါ ယူပါဆိုပြီး ပူဆာနေလို့ အားလုံးရဲ့ယုံကြည်အပေါ်မှာ သူက လိုက်လျောလိုက်ရတာပါ ဆိုပြီး ဒီလိုစကားလေးတွေနဲ့ပဲ လှလှပပလေးရှောင်တိမ်းတာပေါ့နော်။ သူတို့ရွာက လူတွေက ညီနေတဲ့အခါ သူရှောင်တိမ်းသွားပေမယ့် သူတို့ဘက်က သတင်းမပေါက်ဘူး။

မေး။ ။ ထူးခြားတာလေးတစ်ခုက ရွာလုံးနီးပါးလိုမျိုးဖြစ်နေတာလေးပါ။ ကန့်ကွက်ချင်တဲ့လူတွေ ရှိပေမယ့် တချို့က တိုးတိုးတိတ်တိတ်နဲ့ စိုးရိမ်နေရတာတွေလည်းရှိတော့လေ။
ဖြေ။ ။ ကန့်ကွက်တဲ့ လူတွေ ရှိနေပေမယ့် ကာယကံရှင်ကိုယ်တိုင်က နှုတ်ပိတ်နေတဲ့အတွက် သက်သေဆိုတာမရှိဘူး။ ကျွန်မတို့ ဥပဒေရဲ့ အားနည်းချက်ကလည်းသက်သေရှိမှ ၊တရားလိုရှိမှ။ အခုဟာက တရားလိုမရှိဘူး။ ဒီလိုမျိုးတွေ ဖြစ်နေတယ်ဆိုတာကို သိရင်တော့ တာဝန်သိတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ တိုင်လို့ရတယ်။ သို့သော် တရားလိုက နိုင်ငံတော် ဆိုပါစို့။ သက်သေမရှိရင် ပိုပြီးတော့ အန္တရာယ်ကြီးသွားမယ်။ သက်သေမရှိဘဲလုပ်တဲ့အခါ သူ့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရနိုင်တယ်။ ကျွန်မတို့ကတော့ အစောပိုင်းတုန်းကတော့ တိုးတိုးတိတ်တိတ်စုံစမ်းတယ်။ တရားလိုပေါ်လာပြီဆိုရင် မုဒိန်းမှုနဲ့ အရင် ဆွဲထည့်ထားပြီးတော့မှ ဆက်လုပ်သွားမယ်။ ကျွန်မတို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအဖွဲ့တွေ တိုင်ပင်တယ်။ ဆွေးနွေးတယ်။ အသက်အန္တရာယ်ပါ ခြိမ်းခြောက်လာပြီဆိုတော့ နောက်ဆုံးလွှတ်တော်အမတ်ကနေ သတင်းဖွင့်လိုက်ရတာပါ။

မေး။ ။တကယ်လို့သာသူ့ကို ဖမ်းဆီးရမိခဲ့ရင် မုဒိန်းမှုအပြင် ဘာအမှုတွေနဲ့ အရေးယူလို့ရနိုင်ဦးမလဲ။
ဖြေ။ ။လောလောဆယ်မှာတော့ ကျွန်မတို့ကတော့ သူ့ကို မုဒိန်းမှုစတင် (တရား) စွဲပြီးတော့မှ နောက်ပိုင်းကျရင်တော့ ပေါ်လာပါလိမ့်မယ် ကွင်းဆက်တွေက။ပေါ်လာတဲ့အခါကျရင်တော့ အများကြီး ရှိပါတယ်။ဒါက ဥပဒေသမားတွေ ပိုနားလည်မှာပါ။ယုံကြည်မှုကို အလွဲသုံးစားလုပ်တာတွေလည်း ရှိတာပေါ့နော်။

မေး။ ။လက်ရှိမှာ ခွန်တန်ရဲ့ အပေါင်းအပါ (၅) ဦးကို သထုံ အချုပ်ထဲထည့်ထားတယ်လို့ ကြားရလို့ပါဆရာမ။
ဖြေ။ ။ပက်ပင်းကြီး မတွေ့သေးတဲ့အခါ ရှောင်တိမ်းလို့လွယ်ပါတယ်။ကျူးလွန်တာတာ မဟုတ်ဘူး၊လူချွတ်ပြီး မုဒိန်းကျင့်နေတာမဟုတ်ဘူးလို့ ပြောနေရင် သူတို့မှာလည်း ဥပဒေပိုင်းက အကြံပေးတဲ့လူတွေ ရှိချင် ရှိပါလိမ့်မယ်။သူ့အရှိန်အ၀ါအရပေါ့။ကျွန်မတို့က မုဒိန်းမှုကွင်းဆက်နဲ့ လိုက်မှာပါ။ အသက်မပြည့်သေးတဲ့ကလေးတွေအပေါ်မှာ လိမ်မှုကိစ္စကို လိမ်ညာပြီးတော့ ရယူတာလေ။ အများကြီးဆွဲထုတ်ရင် ဆွဲထုတ်သလောက် ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ကြရင်တော့ ပိုကောင်းမှာပါ။

မေး။ ။အခုမှ ဒီကိစ္စက ဟော့လာတယ်။ အရင် လေးငါးနှစ်ကတည်းက ဖြစ်နေတယ်လို့လည်း ကြားရတယ်။ အရင်အစိုးရလက်ထက်ကရော ဘာကြောင့်များပျောက်ကွယ်နေရလဲဆိုတာ သုံးသပ်လို့ရမလဲ။
ဖြေ။ ။ကျွန်မတို့ စုံစမ်းရသလောက်က ဘားအံဘက်မှာတော့ မင်္ဂလာဆောင်ဖိတ်စာတစ်ခုရတယ်။ ပထမဦးဆုံးသူ့မင်္ဂလာဆောင် ဖိတ်စာလို့ပြောတယ်။ လွန်ခဲ့တဲ့ (၃) နှစ်လောက်ကပေါ့။ အဲ့ဒီတုန်းက နောက်ထပ်ဖိတ်စာတစ်စောင်လည်း အဲ့လိုပဲ၊ တခြားမိန်းကလေးတစ်ယောက်နဲ့ ထပ်ရောက်လိုက်တယ်။ တစ်ယောက်ကို ယူလိုက်လို့လည်း နောက်တစ်ယောက်က အပြစ်ရယ်လို့ မမြင်ကြဘူး။ နင်လည်း ဇာတ်လိုက်ရဲ့ မိန်းမဖြစ်သွားတာပဲဆိုပြီးတော့ အရမ်းအံ့သြဖို့ကောင်းပါတယ်။ ဒဏ္ဍာရီလိုလည်းဖြစ်နေတယ်။ ကိုယ်တိုင်သွားစုံစမ်းတဲ့အခါ ကြားရမြင်ရတာတွေက ငါပြန်ပြောရင် သူများယုံပါ့မလားဆိုတဲ့အထိ ဇဝေဇ၀ါဖြစ်သွားပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မတို့ရဲ့ မျိုးစောင့်ဥပဒေက မထွက်လာသေးဘူး။ တစ်ယောက်ပြီးတစ်ယောက် သူတရားဝင်ယူတယ်ဆိုတော့ အပြစ်မဟုတ်ဘူးပေါ့နော်။ ဖာသိဖာသာနဲ့နေလိုက်ကြတာပေါ့။ သူတို့က လူညီတော့ ဒီဟာတွေ မပေါ်လာဘူးပေါ့။ အခုမခံမရပ်နိုင်ဖြစ်တဲ့ သမီးရှင်တွေက ဖွင့်ချတာမျိုးဖြစ်တော့မှပဲ ပေါ်လာတယ်ပေါ့။

မေး။ ။ ကာယကံရှင် မိန်းကလေးတွေဘက်ကရော အဲ့လိုပေးစားတဲ့အပေါ် ဘယ်လို သဘောဆန္ဒရှိတယ်လို့များ ဆရာမတို့သိထားရလဲ။
ဖြေ။ ။ကျွန်မတို့မေးမြန်းချက်အရပေါ့နော်။ လက်နဲ့တို့ခံရဖို့အရေးတောင် အဲ့သလောက်ဂုဏ်ယူစွာနဲ့ တိုးဝှေ့နေရတယ်ဆိုတော့ သူ့မိန်းမဖြစ်ရတယ်ဆိုတော့ (ဘုရင်ရဲ့ မိဖုရားဖြစ်ရသလိုပါပဲပေါ့)။


               ခွန်တန်၏ မွေးစားမိခင် နှင့် မွေးစားဖခင်တို.၏ ဧရာဝတီ သတင်းဋ္ဌာန နှင့် အင်တာဗျုး

မေး။ ။သာသနာရေးဝန်ကြီး ဦးအောင်ကိုကလည်း ဒီကိစ္စကို အရေးယူမယ်လို့ပြောတယ်။မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတချို့က သူတို့ဘက် Information တွေမရဘူးဆိုတော့ ဘာတွေများကွဲလွဲနေတယ်လို့ သုံးသပ်နိုင်မလဲ။
ဖြေ။ ။အခုမှ လူကြီးတွေလည်း သိတာ။သတင်းကို ရွာခံတွေ ကိုယ်တိုင်က ဖုံးထားတဲ့အခါမှာ ပအိုဝ့်ဝန်ကြီး ဒေါ်စံဝင့်ခိုင်က သူ့နယ်မြေဒေသမှာ သူသွားရင်းနဲ့ တိုးတိုးတိတ်တိတ် တိုင်ကြတဲ့အခါမှာ တိုးတိုးတိတ်တိတ်လေး စုံစမ်းနေဆဲပါပဲ။ သက်သေက မခိုင်လုံဘူးဆိုရင် ဘယ်လိုမှ တရားစွဲလို့မရဘူးလေ။ ကိုယ့်ဘက်က မသေချာဘဲနဲ့ ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်လိုက်ဖို့က မှားနေခဲ့သည်ရှိသော် အဆင်မပြေဘူးလေ။ သေချာအောင်ဆိုပြီးတော့စုံစမ်းနေတဲ့ အခိုက်အတန့်ပဲရှိပါသေးတယ်။ ဒီကိစ္စကြီးကလည်း အရည်းကြီးခေတ်တုန်းကလို အထူးအဆန်းဖြစ်နေတယ်လေ။

မေး။ ။နောက်ဆုံးအနေနဲ့ပေါ့လေ၊ ဒီလိုကိစ္စတွေဖြစ်လာတာက ဘာတွေများ အားနည်းခဲ့လို့လဲ။ ဘယ်လိုမျိုးဆောင်ရွက်မယ်ဆိုရင် ဒီကိစ္စတွေ ပြီးပြတ်သွားမယ်လို့ ဆရာမ ပြောနိုင်မလဲ။
ဖြေ။ ။အဲ့ဒီအချိန်အခါတုန်းက သူက တရားဝင်ယူတာလေ။ မင်္ဂလာဆောင်ဖိတ်စာတွေနဲ့ တရားဝင်ယူတယ်။ သူဘက်ကတော့ မိန်းမတွေ ဘယ်နှယောက်ပဲယူယူလေ။ မိဘတွေ သဘောတူလို့ ပေးစားတယ်။ လူသိရှင်ကြားယူပြီး ကောင်းကောင်းမွန်မွန်ထားတယ်။ တစ်ယောက်မှ စုတ်စုတ်ပြတ်ပြတ် မနေရပါဘူး။ အဲ့တုန်းက အဲ့သတင်းက ကြားနေသော်လည်းပဲ တစ်လင်တစ်မယားစနစ် မျိုးစောင့်ဥပဒေမထွက်သေးတဲ့ ကာလမှာ သူတို့ ကိုယ်တိုင်ကလည်း ဒါကို အပြစ်ရယ်လို့ မယူဆထားဘူးလေ။ နောက်ပိုင်းကျမှ ကလေးသူငယ်အခွင့်အရေးတွေ၊ လိမ်အကြမ်းဖက်ခံရတယ်ဆိုတာကို သိလာကြတယ်။ မိဘတွေလည်းသိလာကြတယ်။ သူတို့က အထူးအခွင့်အရေးအနေနဲ့ ယူဆထားတဲ့အတွက်ကြောင့် ပျက်ရယ်ပြုစရာလို့လည်း မမြင်ဘူး။ သူတို့ဘာသာ ကျေနပ်နေကြလို့ ပြဿနာမပေါ်လာတာ။ အခုလည်း ဌာနဆိုင်ရာအသီးသီးက အစည်းအဝေးတွေခေါ်ပြီး ပူးပေါင်းပြီးတော့ ဘယ်လိုလုပ်ကြမလဲဆိုတာ တိုင်ပင်နေကြပါတယ်။

မေး။ ။ အခုလိုပြည့်ပြည့်စုံစုံ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဆရာမ။
ဖြေ။ ။ ကျွန်မလည်း ကျေးဇူးတင်ပါတယ်။

Ref ; မွန်သတင်း အေဂျင်စီ ၊ ဧရာဝတီ သတင်းဋ္ဌာန ၊ 7 Day News

ဆက်စပ်ဖတ်ရှုရန်