Friday, December 29, 2017

အမှတ်တရ မအူပင် GTI နေ့ စွဲများ - Nyi Nyi Htoon







၁၉၉၅ ခုနှစ်ကတည်းကဖြေဆို   ခဲ့သော ဒဿမတန်းစာမေးပွဲကို စတုတ္တအကြိမ်မြောက် ဖြေဆိုအပြီး ၁၉၉၈ခုနှစ်တွင်ကျနော်လွတ်လွတ်ကျွတ်ကျွတ်အောင်မြင်ခဲ့ပါသည်။လွတ်လွတ်ကျွတ်ကျွတ်ဟုပြောရခြင်းမှာ
ထိုခေါတ်
ထိုအခါက၁၀တန်းအောင်စာရင်းကို(က)နှင့်(ခ)ဟူ၍အဆင့်အတန်းခွဲခြားထားသောကြောင့်ဖြစ်၏။ထိုအချိန်က ၁၀ တန်းအောင်လျင်ကျောင်းပြီးသောခေါတ်၊ အမိတက္ကသိုလ် ဆက်တက်ရန် ဝေဝါးနေသောခေါတ်၊ ကံကောင်းထောက်မစွာ ကျနော့်အမှတ်စာရင်းတွင် အင်္ဂလိပ်စာနှင့်သင်္ချာ နှစ်ဘာသာပေါင်းအမှတ်၁၂၀ကျော်သဖြင့်ထိုစဉ်ကခေါတ်စားသောပညာရေးခရီးတွင်ဆက်လျှောက်
လှမ်းစရာတစ်ခုတည်းသောမျှော်လင့်ချက်ငွေ့ ငွေ့ လေးဖြစ်တော်မူထသောGTIဟုအမည်သမုတ်ထားသော ကျောင်းတော်သို့ တက်ရောက်ရန် စိတ်ကူးယဉ်နိုင်ခဲ့လေသည်။

ထို့ ကြောင့် ကျနော်လည်း သူတပါး ကွမ်းယာဆိုင်ဖွင့်၍အောင်မြင်လျှင် ကိုယ်လည်းဘုမသိဘမသိ ကွမ်းယာဆိုင်လိုက်ဖွင့်တတ်သော မြန်မာလူမျိုးကြီးဝါဒလမ်းစဉ်အတိုင်း GTI ဆိုသော ကျောင်းတော်ကြီးသို့ ဝင်ခွင့်လျှောက်ထားခဲ့လေ၏တမုံ့ ။ လျှောက်တုန်းကတော့ သန်လျင် GTI ( ထိုကာလက GTC. ဟုအမည်ပေးကင်မွန်းမတပ်ရသေး) ကျောင်းတက်ဖို့ ဖောင်ပြန်ကျလာတော့ မအူပင်မြို့  တဲ့ ။ ခက်ချေပြီ။၎င်းမအူပင်ဆိုသောမြို့ ကို ကျောင်းဝင်ခွင့်ဖောင်ဖြည့်စဉ်က တစ်ခါသာစာမျက်နှာပေါ်အမှတ်မထင်တွေ့ မြင်လိုက်ဖူးသည်။ ဘယ်အရပ် ဘယ်ဒေသ၌ ရှိမှန်းမသိ ။ ရော်ရမ်းမှန်းဆစိတ်ကူးဖို့ ပင် မတတ်နိုင် ။ ထို့ ကြောင့် မောင်ပေါက်ကြိုင်းထုံး နှလုံးမူကာ မေးမြန်းစုံစမ်းရ၏။

ကျနော်တို့ မြို့ မှမအူပင်GTIတက်ခဲ့သောအောင်သက်ဇော်နှင့်တွေ့ ၏။"မအူပင်ကခြင်တော်တော်ကိုက်တယ်ဗျ " အောင်သက်ဇော် က စိတ်မသက်မသာဖြင့်ပြောလေ၏။သူပြောပုံက စာသင်သွားရန်ပြင်ဆင်ဖို့ ထက်ခြင်များနှင့်ကြီးမားသောစစ်ဆင်ရေးပြ.ုလုပ်နိုင်ရန်အားမွေးသွားရမည့်ပုံစံဖြစ်နေပြီ။ဘာပဲပြောပြောကိုယ်ကတော့ မအူပင်ခြင်ကျားပဲဖြစ်ဖြစ် ဂေါ်ဇီလာပဲ ဖြစ်ဖြစ် သွားရမှာပဲဖြစ်သည်။ " သိန်းဇော်ဦး လဲမအူပင်မှာပဲဗျ " သူကဆက်ပြောသည်။ အဲဒီ သိန်းဇော်ဦး ဆိုသောငတိ ကို ဖြ.ူသလားမဲသလားလည်းတစ်မြို့ ထဲ သားချင်း ကျနော်မမြင်ဖူးဘူး။ ထိုနောက် ကျနော် အခြားတွင်ဆက်စုံစမ်းတော့ ကျနော့်လိုပင်မအူပင် GTI မှာ သွားတက်ဖို့ အ ကြောင်းဖန်လာသော..ရဲမင်းဆိုသောဘဲလေးတစ်ဗွေ၊ သူ့ လည်း မသိ ။ချစ်စမ်းမောင် ( ဝါဆို) သူကတော့ကျနော့် ငယ်သူငယ်ချင်းဆိုတော့ ကျနော်အားနည်းနည်းတက်သွားသည်၊

Photo by Sann Maung Maung


အဖော်တော့ရချေပြီတကား။မေးပါများစကားရ၊မေးရင်းမြန်းရင်းစုံစမ်းရင်းမအူပင်မြို့ သို့ ရောက်၊အောင်သက်ဇော် မှာလိုက်သလို မအူပင်တံတားထိပ် GTI မှတ်တိုင်မှာဆင်းလိုက်သည်။ ကားပေါ်မှအဆင်းဘေးဘီဝဲယာ၌ ကျောင်းတော်ကြီးကိုရှာကြည့်လိုက်သည်။မတွေ့  ။ ငါ.နေရာများမှားဆင်းမိပြီလားတွေးလိုက်မိသည်။မမှားနိုင်ပါ.ကားစပယ်ယာကလည်းသေသေ
ချာချာပြောသွားတာပါ
။နေကလည်းပူလိုက်သည်မှကော့နေသည်။နဖူးမှစီးကျလာသောချွေးစီးတွေကိုသုတ်.အရိပ်ခိုဖို့ ကြည့်တော့လည်း..အရိပ်ရပင်ဆို၍ ဒူးခေါင်းလောက်အမြင့် ကပ်စီးနည်းပင်တောင်မတွေ့  လယ်ကွင်းပြင်ခေါင်ခေါင်။တောသားဂနိုင်ရောက်ဆိုတာဒါမျိုးထင်ပါ့။ကားလမ်းအရှေ့ ဘက်အခြမ်းကိုလှမ်းကြည့်တော့ဖုန်တထောင်းထောင်းနှင့်မြေနီလမ်းလေးကိုမျက်စိတဆုံးလှမ်းတွေ့ ရသည်။မြေနီလမ်းပေါ်မှာ ခွေးတကောင်ကြောင်တမြှီးပင်မတွေ့ ။

မြေနီလမ်းလေးအဆုံးမှာတော့ညစ်ထေးထေးနှစ်ထပ်ဆောင်တစ်ခုကိုမှုန်ပြပြလှမ်းမြင်လိုက်ရသည်။အဲဒါပဲနေမှာ.ဒီနားလည်းအဲဒီနှစ်ထပ်ဆောင်တစ်ခုပဲကြီးကြီးမားမားရှိတာ၊
ငါပညာရင်နို့ သောက်စို့ ရမယ့်နေရာပဲ။အသက်ကိုပြင်းပြင်းရှူရင်ကိုကောခေါင်းကိုမော့စစ်မြေပြင်ထွက်မယ့်စစ်သူကြီးတစ်ယောက်ရဲ့ မာန် ဟန်ပန်မျိုးနဲ့ ကိုယ့် အထုတ်ကို ဆွဲမ တံလျှပ်တထောင်းထောင်းထနေသော မြေနီလမ်း ပေါ်ကနေ ကျောင်းတော်ကြီးဖြစ်မည်ဟု ကျနော်ယူဆ လိုက်သောမှုန်ပြပြလှမ်းမြင်နေရသော ညစ်ထေးထေး နှစ်ထပ်ဆောင်သို့  ဦးတည်ကာ တစ်ယောက်ထဲ ချီတက်ခဲ့လေတော့သည်။
အို...သင်တို့ နှင့်

အကျွန်ုပ်တွေ့ ကြ ပြီ မအူပင်ခြင်ကျားတို့ ။
 လယ်ကွင်းပြင်ထဲမှတချက်တချက်ဖြတ်သန်းတိုက်ခတ်လာတဲ့လေပူကြောင့် မြေနီလမ်းပေါ်မှ ဖုန်မှုန့် နှင့်အမှိုက်များကဝဲကတော့ပုံဖြစ်၍အပေါ်ပျံဝဲတက်လာတယ်။မြေနီလမ်းလေးကိုဆုံးအောင်အားခဲပြီးေ
လျှာက်လိုက်တယ်။
လမ်းဆုံးတော့ တံတိုင်းအကာအရံမမည် ခြုံပုတ်ဟု ခေါ်ရအခက် မည်သို့ အမှတ်သညာပြု ခေါ်တွင်ရမည်မသိသော ကျောင်းအဝန်းအကာအရံလေးကို ဖရိုဖရဲနဲ့  တွေ့ လိုက်ရတယ်။ကျောင်းခြံစည်းရိုးပဲဆိုကြပါစို့ ။့ 

ထိုခြံစည်းရိုးနှင့်မြေနီလမ်းလေးအကြား အကျယ် ၅ပေကျော်၆ပေ အနက် ၃ ပေ ကျော်ခန့်  မြောင်းတခုခြားထားတယ်။တံတားလည်းထိုးမထား။တော်သေး ။မိုးရာသီ မဟုတ်လို့ ။ အေးလေ မိုးရာသီဆိုဒီမြေနီလမ်းကသွားလို့ ရမှာမှမဟုတ်တာ။သို့ နှင့်မြောင်းလေးထဲဆင်းကျောင်းပရဝုဏ်ထဲဝင်လာခဲ့တယ်။တကယ်တော့ကျနော်ကမအူမလည်နဲ့ ကျောင်းအနောက်ပေါက်ကနေဝင်လာခဲ့မိတာကိုး။အဲဒါကြောင့်ဘယ်သူမှမတွေ့ ပါလားမှတ်နေတာ။ရှိစေတော့။

Photo by Zaw Min Latt


မအူပင်မြို့ အကြောင်းနောကျေအောင်သိတဲ့စောဖေတို့ ကတော့ဒီနောက်ပေါက်ကမဝင်။မြို့ ထဲကားဂိတ်အဆုံးထိစီးဆိုက်ကားငှားအောင်မြင်ခန့် ညားစွာနဲ့ ကျောင်းရှေ့အပေါက်ကနေဝင်လာကြသူတွေပါ။ကျနော်ပဲဘယ့်နှယ့်ယောင်လည်လည်နဲ့ နောက်ပေါက်ကရောက်လာရတယ်လို့ ။ကျောင်းဝန်းထဲရောက်လာတော့သက်တန်းနုသစ်ပင်ငယ်ပိန်ရှည်ရှည်လေးတွေဟိုတစ်ပင်ဒီတစ်ပင်စတွေ့ လာရတယ်။အနည်းငယ်ဆက်ဝင်လာတော့ကင်တင်းခေါ်မလား စားသောက်တန်းခေါ်မလား သုံးခန်းကန့် ထားတဲ့ ဆိုင်ခန်းရှည်မျောမျာလေးတစ်ခုတွေ့ တယ်။

ကျောင်းဝန်းထဲလည်းအားလုံးပေါင်းမှ ဒီတစ်ဆိုင်တွေ့ တာပါပဲ။ ကျောင်းသားတစ်ယောက် နှစ်ယောက် စတွေ့ ရတယ်။လူရိပ်လူယောင်မြင်ရလို့ ဝမ်းသာသွားတာမျက်ရည်တောင်ဝဲတက်လာတယ်။တကယ်ပါ ကျောင်းဝန်းထဲစဝင်လာခါစက ခြောက်ကပ်တိတ်ဆိတ်နေလို့  ပြန်ပြေးချင်စိတ်တောင်ပေါက်နေတာ။ ဒီကိုမလာခင်ကတော့ကျောင်းကြီးကိုခမ်းခမ်းနားနားစိတ်ကူးယဉ်ထားတာလေ။ခုတော့တရားရိပ်သာနဲ့  နင်လားငါလား။အတွေးထဲဝင်လာတဲ့ အားငယ်စိတ်ကိုဆတ်ခနဲခေါင်းခါပြီးဖယ်ထုတ်လိုက်တယ်။ ဆက်လျှောက်လာတော့ကျောင်းသားကျောင်းသူတွေဟိုတစ်စုဒီတစ်စုဟိုနားတစ်ယောက်ဒီနားတစ်ယောက်။
အနာဂတ်ကမာ့အင်ဂျင်နီယာလောကကိုကိုင်လှုပ်ပစ်မယ်ဆိုတဲ့မာန်ဝင့်နေတဲ့မျက်နှာပေးကိုယ်စီနဲ့ ပေါ့ ။ စတွေ့ တာပါပဲ။

ဒီလိုနဲ့ ကျောင်းအပ်ရမယ့်အခန်းထဲရောက်လာခဲ့ရတယ်ဆိုပါတော့။ကျနော့်ကိုအသားညိုညိုဒေါင်ကောင်းကောင်း
ဆရာကြီးတစ်ယောက်ကဒီကိုလာလို့ လှမ်းခေါ်တယ်(တကယ်တော့အသားညိုတာမဟုတ်ပါဘူးမည်းတဲ့ဘက်တောင်ရောက်နေပါပြီနောင်မှ
သိရတာအဲဒီဆရာကြီးကသင်္ချာံသင်တဲ့ဦးခင်မောင်ဌေး။ဆရာကြီးကို နောက်ကွယ်မှာတပည့်တွေကဆရာပေါင်ချိန်လို့ ခေါ်ကြသတဲ့ ) ။ ဆရာကြီးရှေ့မှာ ခပ်ရို့ ရို့ လေးဝင်ထိုင်လိုက်တယ်ဆရာကြီးက ထုံးစံအတိုင်း အမည်ဘာညာမေးအပြီး ကျနော့်မွေးသက္ကရာဇ်နေရာရောက်တော့ မျက်မှောင်ကျုံ့ သွားတယ်။ကျနော့် နားထင်ကို ဒိန်းကနဲ သွေးလာဆောင့်တယ်။အဲဒီနောက် ဆရာကြီးက ဘော့ပင်နဲ့ စာရွက်ဆွဲပြီး တဖောက်ဖောက်နဲ စ့ တွက်တော့တာပဲ။သင်္ချာံဆရာကြီးဆိုတော့လည်းတွက်ရတော့ပေမပေါ့။ကျနော်က ဆယ်တန်းလေးခါဖြေပြီးမှအောင်တာ ရှစ်တန်းတုန်းကလည်းတစ်နှစ်ကျသေး ( ပညာရှာ အိုသည်မရှိ ဆိုတဲ့ ရှေးလူကြီးသူမများပြောတဲ့စကားပုံကို ကျနော်တို့ GTI က အတိအလင်းဆန့် ကျင်ပါတယ်။ GTI မှာအဌာရဿ တွေ သင်ယူမယ်ဆိုအသက် ၂၂ နှစ်ကျော်ရင် အိုနာကျိုးကန်း ပညာမသင်နိုင်တော့တဲ့အရွယ်အိုကြီးအိုမလို့  သတ်မှတ်ပါတယ်။ဤကား စကားချပ် ) ။

Photo by Zaw Min Latt


ဘုရားဘုရား။ကျနော်ခြေဖျားလက်ဖျားတွေအေးစက်ပြီးရင်ထဲကတုန်ကရင်ဖြစ်လာတယ်။ဆရာကြီးကို
လှမ်းကြည့်တော့ကျနော့်မွေးသက္ကရာဇ်ကိုပိုင်းဝေတွေရောပိုင်းခြေတွေရောဟိုဟာနှင့်စားလိုက်ဒီဟာနှင့်နှုတ်လိုက်လုပ်နေတယ်။အခန်းထဲတိတ်ဆိတ်နေသမှကိုယ့်နှာမှုတ်သံကိုယ်အတိုင်းသားပြန်ကြားနေရတယ်။ သွားပါပြီ။ချွေးစေးပြန်နေတဲ့ လက်ဖဝါးနှစ်ဖက် မီးခိုးထွက်မတတ်ပွတ်ပြီး ဘုရားတနေရပြီလေ။ "မင်းကအသက်၂၂နှစ်ပြည့်ဖို့ သုံးလပဲလိုတော့တာပဲကွ"တိတ်ဆိတ်နေတဲ့အချိန်ဗြုန်းကနဲဆရာကြီးအသံထွက်လာတော့ကျနော်
ဆတ်ကနဲတုန်သွားတယ်။

"ဟုတ်ကဲ့"ကျနော်အသံကခြောက်ကပ်တုန်ရီစွာလည်ချောင်းထဲကအတင်းဖျစ်ညှစ်ပြီးတိုးတိုးလေး
ထွက်လာတယ်။
"အေးလေ..
.စည်းမျဉ်းစည်းကမ်းအတိုင်းဆိုရင်တော့" ဆရာကြီးကစကားဆက်မပြောပဲ ရပ်ထားတယ်။အဲဒီစက္ကန့် ပိုင်းအချိန်လေးဟာကျနော့်အတွက်တော့တစ်ကမာပါပဲ။ကျောင်းဖက်ကကြည့်မယ်ဆိုရင်လည်းကျနော့်လို
အသက်ကြီးကြီး
အတန်းငယ်ငယ်အရိုးရင့်ရင့်ကျောင်းသားတစ်ယောက်ကို ဘယ်လက်ခံချင်ပါ့မတုန်း။ ပြောရဆိုရဆုံးမရခက်မည့်အရေထူမည့်သဘောရှိပေသကိုး။ပြီးတော့ ဒီလိုကောင်မျိုးတွေကပဲ ကျောင်းမှာဗရုတ်သုတ်ခ လုပ်ကြတာပဲ။ဆရာကြီးက သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး " လက်ခံရမှာပေါ့ "။
(GTIဆရာကြီးဆရာမကြီးများကိုပြစ်မှားမိခဲ့သည်ရှိသော်ဤနေရာမှရိုသေစွာရှစ်ခိုးတောင်းပန်ပါသည် )


Nyi   Nyi    Htoon

►► ဂျီတီအိုင် ရုပ်ကြွင်းသစ် ◄◄



ငါတို့က.........ဖြစ်တယ်။
သုံးရာ့နှစ်ဆယ်ခွဲတမ်းအရ
ဦးရဲမောင်ရဲ့ချက်မြှုပ်မှာ
ငါတို့က.........ဖြစ်တယ်။
နက်ပြာရောင်ဦးဂျမ်းများ
ဆောင့်ကြွားကြွားနင်းသွားတဲ့ မြို့လေးပေါ်မှာ
ငါတို့က..........ဖြစ်တယ်။
နှစ်စက တက်တက်ကြွကြွ
lecture စာအုပ်များ
ရာသီဝက်မှာတင် အောက်တန်းဆင်းတဲ့
ငါတို့က........ဖြစ်တယ်။
ချစ်စမ်းမောင်နီးပါး
ခင်မောင်သန့်နီးပါး
ခြောက်ကြိုးကဝေအသံများ
မြနန်းသိင်္ဂီရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်တဲ့
ငါတို့က..........ဖြစ်တယ်။
စနေ ၊ တနင်္ဂနွေ သဘောင်္ပေါ်က
အားလပ်ရက်များကို
ရှမ်းရိုးရာကရင်း အားလပ်ကြတဲ့
ငါတို့က..........ဖြစ်တယ်။
ခရက်စ်ပိုစီးသွားသော
အိုဝင်လေလျှော့သွားသော
လက်မှတ်ရစက်ဘီးများကို
ထောင်ဝင်စာမတွေ့နိုင်သေးတဲ့
ငါတို့က...........ဖြစ်တယ်။
ငါတို့က...........
အဆောင်စည်းကမ်း မသိကြပါ။
သောမတ်စ်အက်ဒီဆင် မသိကြပါ။
ငါတို့က............
ယောင်ပေပေနဲ့ တီတံကိုင်သော
စက်မှုကျောင်းသားများဖြစ်တယ်။

သူရဿဝါ
ဝါးခယ်မ ၂၀၀၅ ဂျီတီအိုင်
Photo from Htein Lin Win

Thursday, December 28, 2017

မြန်မာ. ဖရီးဂိတ် ရှင်းတမ်း






မြန်မာ.တပ်မတော် - ရေ ၏ နှစ်၇၀ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သော ကာကွယ်ရေး ဦးစီးချုပ်၏ စကားမှတစ်ဆင့် မြန်မာ.ရေတပ်တည်ဆောက်မှုများ နှင့်ပတ်သက်၍ အကြောင်းမဲ့ ထိုးနှက်ပြောဆိုမှုများအပေါ်  ပြန်လည်ရှင်းလင်းတင်ပြထားသည်များကို စုစည်းဖော်ပြခြင်းဖြစ်ပါသည် ။ရှေးဦးစွာ  ရဲထွဋ်ဦး အကောင့် က အောက်ပါအတိုင်း ပြည့်စုံစွာရှင်းလင်းထားခြင်းးကို ဖော်ပြအပ်ပါသည် ။



 မကြာခင်က ကမ္ဘာအဆင့်သတ်မှတ်ချက် ၁၅ ကိုGlobal Fire Power Review မှနိုင်ငံပေါင်း ၁၃၂ နိုင်ငံအတွင်းမှ စီစစ်ရွေးချယ်ပေးလိုက်ခြင်းဖြင့် မြန်မာ့တပ်မတော်၏တပ်မတော်(ရေ)သည်
ကမ္ဘာစာမျက်နှာများအထက်တွင်နေရာယူလာခဲ့လေပြီ

ကျွန်တော်တို့ တတွေသည် ကမ္ဘာထိပ်တန်းတပ်မတော်များကြားမှတပ်မတော်(ရေ)၏ ကမ္ဘာတန်းဝင်လာမှုကိုချီးကျူးရန်သိရှိလိုက်ရသော်လည်းနောက်ကွယ်မှကျိုးစာအားထုတ်လမ်းညွှန်စွမ်းဆောင်
ကြတဲ့ အကြီးအကဲများ နှင့် နည်းပညာစိန်ခေါ်မှု့ အပေါင်းကို ရင်ဆိုင်ဖြေရှင်းခဲ့ကြသည့်ရေတပ်သားအပေါင်းတို့ ၏ မလျှောသေားဇွဲးဖြင့် ခေတ်မီ တပ်မတော်ဖြစ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသည်များကို ခံစားကျေးဇူးတင်ရန် မေ့ပျောက်၍မရတန်ကောင်းပေ.....

၁၉၄၇ ခုနှစ် အင်အား ၇၀၀ ခန့်ဖြင့် စတင်ဖွဲစည်းခဲ့သော်လည်း ယနေ့အချိန်အခါမှာတော့ Full Green-waterNavy အဖြစ်အပြည့်အဝ ရပ်တည်နိုင်ခဲ့လေပြီ တပ်မတော်(ရေ)၏ ဂုဏ်သိက္ခာ မြင့်တက်လာသည့်အပိုင်း များတွင် အင်ဂျင်နီယာတပ်ဖွဲ့များ ရေယာဉ်တည်ဆောက်မှု့  စွမ်းရည်ကိုချန်လှပ်ထား၍ မရနိုင်ပေ

တပ်မတော်(ရေ)သည် (1957-1960) နှစ်များအတွင်းယူဂိုဆလားဗီးယား နိုင်ငံမှ Y-seriesမြစ်တွင်းတိုက်ရေယာဉ် Y-301 မှ Y-310ထိ ၁၀စီးလက်ခံရရှိပြီးနောက် တပြိုင်တည်း(1959-1961)နှစ်များတွင်အမေရိကန်တို့ထံမှ PGM 43 classကမ်းခြေစောင့်တိုက်ရေယာဉ်PGM 401မှ 406 ထိ ၆စီးလက်ခံရရှိပြီးချိန်တွင်မှာတော့ တပ်မတော်(ရေ)၏ စတင်ကြိုးစားမှု့ ဖြင့်ရေတပ်လွန်းကျင်းတွင် 1963 ခုနှစ်တွင်စတင်၍ မြစ်တွင်းတိုက်ရေယာဉ်အမျိုးအစား Y 311 class ကိုစတင်ဧရာခင်း တည်ဆောက်ခဲ့ပြီးStability error ကိုရေချချိန်၌ရင်ဆိုင်ခဲ့ရပြီးယူဂိုဆလပ်ပညာရှင်များ Y series အတွက်မေဂျာ check ရောက်ရှိချိန်တွင်အကူအညီတောင်းခံ ပညာရယူခဲ့ရပြီးနောက်တပ်မတော်(ရေ)၏ ကိုယ်တိုင်ဆောက်ရေယာဉ်၂စီးအဖြစ် 1967 ခုနှစ်တွင်စတင်အသုံးပြု့နိုင်ခဲ့ခြင်းဖြင့်သမိုင်းမှော်ကွန်းရေးထိုးခဲ့လေသည်

1980 ခုနှစ်တွင် Swift class PGM 421 422 နှင့်423 ၃ စီးလက်ခံရရှိပြီးချိန်မှာတော့ လိုအပ်သည့်
လေ့လာဆောင်ရွက်မှု့ များဆောင်ရွက်ပြီး1982 ခုနှစ်အစပိုင်း တွင် 412 class ကမ်းခြေစောင့်တိုက်ရေယာဉ်အမျိုးအစားကို စတင်တည်ဆောက်စေခဲ့ကာ 412class PGM ၄စီးကို
1984 ခုနှစ်တွင် တပ်မတော် အတွက်ပေးပို့တာဝန်ထမ်းဆောင်စေနိုင်ခဲ့ပြီး တပ်မတော်(ရေ)၏ အင်ဂျင်နီယာအစွမ်းကိုပြသနိုင်ခဲ့ပြန်သည်




ထိုအတူပဲ (Australia)Carpentaria classဒီရာဗလန် 111,112,113,114,115,116(1978-1980)ခြောက်စီးလက်ခံရရှိချိန်တွင်လည်းPCE class 117 to 120ကို (1989)ခုနှစ်တွင်လည်းကောင်း
Hainan class (submarine chaser)၁၀စီး လက်ခံရရှိချိန် (1991-1993)နောက်ပိုင်းတွင်5 series class 48 meter 551,552ကို1996 တွင်တပ်မတော်သို့ပေးပို့ တာဝန်ထမ်းဆောင်နိုင်ခဲ့ပြီးနောက် အားနည်းချက်များပြုပြင်ခြင်းဖြင့် 49 meter 553 ကိုတပ်တော်ဝင်ပြီးချိန်မှာတော့ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှရေယာဉ် ပူးတွဲတည်ဆောက်ရန်နှင့် စစ်ရေယာဉ်ဝယ်ယူခွင့်ပေးရန်ကမ်းလှမ်းလာခဲ့ကြပြီးအရှေ့တောင်အာရှဒေသတွင်းနိုင်ငံများ၏စိတ်ဝင်စားခြင်း
ကိုစတင်ရရှိခဲ့ပေသည်

သို့သော်တပ်မတော်အကြီးအကဲများသည်လိမ္မာပါးနပ်စွာငြင်းပယ်ခဲ့ကြပြီးတပ်မတော်(ရေ)အင်ဂျင်နီယာတပ်ဖွဲ့
ကို နိုင်ငံတော်အဆင့်ချီးမြှင့်မှု့ များဆောင်ရွက်၍ မီးကုန်ယမ်းကုန်အားပေးမှုများပြုလုပ်
ပေးခဲ့ကြကာ FAC 555 တပ်တော်ဝင်ချိန်နှင့်တပြိုင်တည်းတပ်တော်ဝင်လာသောတပ်မတော်(ရေ)၏သာမာန်သင်္ဘေားကျင်း
များနှင့်လုံလောက်မှု့ မရှိသေားကြောင့် ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် ဆင်မလိုက်သင်္ဘေားကျင်းတွင် UMS771အနော်ရထာ (Corvette)ကို1994 တွင်စတင်တည်ဆောက်၍ 1996ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်နိုင်ခြင်းဖြင့် ပညာစွမ်းပြနိုင်ခဲ့ကြလေသည်



တပ်မတော်(ရေ)၏ အဆင့်မြင့်မားမှုတွင်မပြေားလျှင်မပြီးသည့်စီမံကိန်းတစ်ခုမှာ 1990နှစ်ကုန်ပိုင်းတွင် တရုတ်တို့၏အကူအညီရယူဆောင်ရွက်ခဲ့သည့် အဆင့် ၁ စီမံကိန်းဒေါ်လာသန်း 120 နှင့် အဆင့် ၂စီမံကိန်း ဒေါ်လာသန်း၂၄၀ ကုန်ကျသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသေားအဆင့်အမြင့်မားဆုံး Naval shipyard(သီလဝါ) 25000 tons ပင်ဖြစ်ပေသည်ထိုလွန်းကျင်းကြီးသည် နောင်တချိန်တွင်မြန်မာတို့အတွက်Corvette,Frigates,FAC,Stealth Frigates,Stealth Corvette,Stealth FAC များမွေးထုတ်ပေးလာမည်ကို မည်သူမျှမမြင်နိုင်ခဲ့ကြသလိုတန်ချိန် 1500 ၁စီး သာအကြီးဆုံး ရှိသေားမြန်မာ့တပ်မတော်(ရေ)အတွက် ထိုစဉ်က မလိုအပ်ဘူးလို့နိုင်ငံတကာမှလက်ညှိးထိုး ဝိုင်းဝေဖန်ခြင်းခံခဲ့ရသလိုအခုခေတ်အခါ လွှတ်တော်တွင်တည်ဆောက်ရန်တင်ပြခွင့်ပြချက်ဘယ်နည်းမှမရနိုင်တော့ပါ

ထို့ကြောင့်ထိုစဉ်ကတပ်မတော်အကြီးအကဲများ၏တပ်မတော်(ရေ)တိုးတက်ရေးအတွက်ကြိုတင်မျှော်မြင်နိုင်မှု
တပ်မတော်(ရေ)၏ အရာရှိစစ်သည်များအရည်အချင်းအပေါ်အပြည့် အဝယုံကြည်မှု့ အားပေးချီးမြောက်မှု့ တို့ အတွက်လွန်စွာမှ ကျေးဇူးတင်ထိုက်ပေသည်

ထိုအတူ တပ်မတော်(ရေ)၏ ပကတိစစ်ရေးစွမ်းပကားနှင့် မှန်ကန်သည့်အရှိတရားများအရနိုင်ငံတကာစစ်ရေယာဉ်စွမ်းပကားအဆင့်တက်လှမ်းနိုင်ရန်အဓိကဖြစ်သေား
Missile classများမဖြစ်သေးသည့် လိုအပ်ချက်များစွာရှိနေသေးကြောင်းပြိုင်ဘက်နိုင်ငံများ၏ တီးတိုးအထင်သေးစကားများရယ်မေားစရာနှင့်အလားတူညီသည့်ဆက်ဆံရေးများရင်ဆိုင်ခဲ့ရပြီးအဆိုးရွားဆုံး
မှာ ကြီးကျယ်ပြည့်စုံလှသည့်ကမ္ဘာထိပ်တန်းနိုင်ငံကြီးများမှာတောင်မပိုင်ဆိုင်သေးသည့် အဆင့်မြင့်လွန်းကျင်းကြီးမစီမဆိုင်ပိုင်ဆိုင်ခြင်းနှင့် ဖျက်အားပြင်းရေယာဉ်ဖျက်ဒုံးပျံများပေါးပေါးများများ
တပ်ဆင်ထားသည့်လက်နက်များတပ်ဆင်ထားသေားစစ်ရေယာဉ်များမပါဝင်နိုင်သေးခြင်းသည်လည်းတစ်ခုအ
ပါအဝင်ဖြစ်ပေသည်

နားလည်ထားကြသေးသည့်အတိုင်းဖောက်ထွက်ပြနိုင်ရန်အတွက် မရပ်မနားစွမ်းဆောင်ချက်များ အားစိုက်မှု့ များကြောင့်2004 ခုနှစ်တွင် FAC missile ၅စီးကိုတပြိုင်တည်း တပ်တော်ဝင်ခြင်းဖြင့် ပြိုင်ဘက်နိုင်ငံများကို အာချောင်ခွင့်ရပ်စေခဲ့ပြီး ဆက်တိုက်ဆိုသလို-



2007 ခုနှစ်တွင် UMS 772 ဘုရင့်နောင်
2008 ခုနှစ်တွင် FAC missile 561,562
2011 ခုနှစ်တွင် ဒေသတွင်းနိုင်ငံများအံသြသွားစေခဲ့သည့် စစ်ရေယာဉ်တည်ဆောက်ရေးနည်းပညာ
စွမ်းအားပြ Frigate F 11 Aung zeya classဖျက်အားပြင်းလက်နက်များတပ်ဆင်ထားသည့်ကိုယ်တိုင်ဆောက်ဖရီဂိတ်ကိုတပ်တော်ဝင်ပြီးချိန်မှာတော့
အာချောင်ခဲ့ကြသေား ဒေသတွင်းနိုင်ငံများမှကြောက်လန့်စရာကောင်းသည့် နိုင်ငံတပ်မတော်(ရေ)အဖြစ် စတင်အမြင်ပြောင်းခြင်းကိုရရှိခဲ့သည်



ဆက်တိုက်ဆိုသလို2012 ခုနှစ်တွင် Corvette UMS 771,772တို့အား အကြီးစား up grade ပြုလုပ်လိုက်ခြင်းFAC missile 567,568,569,670 တို့ကိုတပ်တော်ဝင်စာရင်းပေးသွင်းခြင်း
2013 ခုနှစ်တွင် stealth ရှေ့ပြေးစီမံကိန်းFAC missile ထဲမှ အမြင့်ဆုံးဖြစ်သေား491နှင့် 5series class 563,564,565,566တို့အပြီးသတ်တပ်တော်ဝင်နိုင်ခဲ့ကာပြိုင်ဘက်နိုင်ငံများ ဘာလုပ်ရမှန်းမသိအောင်
ဖြစ်စေခဲ့သည်မှာ2014 ခုနှစ်တွင် Stealth Frigate F 12ကျန်စစ်သား တပ်တော်ဝင်လာချိန်မှာတော့
ဒေသတွင်းနိုင်ငံများတွင်သာမက ကမ္ဘာအင်အားကြီးနိုင်များပင် လေးစားမှုကိုရရှိခဲ့ပြီး စောင့်ကြည့်လေ့လာမှုကိုခံခဲ့ရလေသည်



2015 ခုနှစ်တွင် အရမ်းကိုလှပခန့်ညားပြီးအမြင့်ဆုံး RCS လျှော့ချနိုင်သည့် Stealth FrigateF 14 ဆင်ဖြူရှင်တပ်တော်ဝင်လာချိန်မှာတော့ဒေသတွင်းရုပ်သံ ချန်နယ်များတွင်သာမကနိုင်ငံတကာရုပ်သံ channel များထိချီးကျူးအံသြမှုကို သိမ်းပိုက်နိုင်ခဲ့ပြီးဒေသတွင်းပြိုင်ဘက်နိုင်ငံများ၏ လွှတ်တော်များ
အတွင်း အရေးကြီးအဆို အဖြစ် စစ်ရေယာဉ်အသစ်များ ဝယ်ယူပေးရေးလွှမ်းမိုးသည့်အထိအရေးပါ
ခဲ့လေသည်

စစ်ရေယာဉ်တည်ဆောက်ရေးပညာပြည့်ဝပိုင်နိုင်ကြောင်းနှင့် ပညာခန်းအဖြစ် 2016 ခုနှစ်တွင်နည်းပညာမြင့် UMS stealth corvette 773တပင်ရွှေထီးကိုတပ်တော်ဝင်ချပြခဲ့ပြီး ကမ္ဘာရေတပ်များအဆင့်သတ်မှတ်ချက်တွင်အဆင့်၁၅သို့ကြိုးစားမှု့ ပန်းတိုင်အဖြစ်ရောက်ရှိခဲ့လေသည်

တပ်မတော်(ရေ)၏ ကမ္ဘာအဆင့်သတ်မှတ်အပေါ်လက်မခံနိုင်ကြသေား ပုဂ္ဂိုလ်အပေါင်းကိုတစ်ခုထောက်ပြလိုသည်မှာ လက်ရှိတပ်မတော်(ရေ)၏စွမ်းပကားသည် အကြီးစား စစ်ရေယာဉ်ကြီး၁၂၀ ကျော်ကို မြန်မာ့ရေပိုင်နက်အတွင်းမဝင်ရောက်မှီ ရေမိုင် ၁၂၀ မှစတင်၍ထာဝရရေအောက် ကမ္ဘာပို့နိုင်ပြီဖြစ်ပြီးထိုအနေအထားသည် ယိုးဒယားနိုင်ငံ၏အင်အား
နှစ်စ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ လက်ရှိစစ်ရေယာဉ်ကြီးအင်အားသုံးဆ ခန့်ကို အပြီးသတ်သွားစေရန်တူညီသည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်...


ဒီအကြောင်းနဲ.ပဲ ပတ်သက်ပြီး U Ngalone Letphai Thein Win ရဲ့ post မှာလည်း အောက်ပါအတိုင်းရေးပြထားတာ တွေ.ရပါတယ်




ရေတပ်က Frigate တွေဆောက်တာနဲ့ပတ်သက်လို့ ဘာနည်းပညာနဲ့ဆောက်တာလဲ ဘာညာဖဲ့ထားတဲ့ post တစ်ခုတက်လာတယ်။ ဘယ်သူရှယ်တာလဲ အမှုမဲ့အမှတ်မဲ့ပဲ....ရေးတဲ့အမျိုးသမီးတော့မှတ်မိတယ်....fb ဆိုတာက အမျိုးသမီးနံမည်နဲ့ account ပေမဲ့ အမျိုးသားဖြစ်ချင် လဲဖြစ်မှာပေါ့..... ပြောမရဘူးလေ ဖဲ့တဲ့အကြောင်းအရာကိုတော့ မဝေဖန်ပါဘူး....ကျွန်တော့်သဘောထားတော့ ဘယ်လိုဆောက်ဆောက် မဆောက်တာထက်တော့ ပိုကောင်းမယ်ထင်တာပဲ....ဒီလိုပဲ တစ်ခုခုနဲ့တော့ စရတာပါပဲ....ပြောချင်တာက ဖဲ့မယ်ကြံရင် ကိုယ့်တာကိုယ်လုံဖို့တော့လိုတာပေါ့.... နောက်မို့ဆို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေတာပေါ့....

စစ်သင်္ဘောတွေကို SOLAS, MARPOL, TONNAGE, LOAD LINE တွေနဲ့သွားကိုင် ပေါက်နေတယ်။အဆိုးဆုံးက Intermediate survey ပေးလုပ်ကြည့်လိုက် အကုန်ရပ်ကုန်မယ်ဆိုပြီးသွား စိန်ခေါ်တာ....ဥပဒေတွေအကျုံးမဝင်ပဲ ဘယ်က Intermediate survey သွားစစ်မလို့လဲမပြောတတ် ပါဘူး....ဗဟုသုတနဲ့ဆင်ခြင်နိုင်အောင်....အထူးသဖြင့် လူများကိုဖဲ့ချင်တဲ့အခါ ကိုယ့်တာလုံဖို့ လိုတယ်ဆိုတာ...post တစ်ခုကို ဂဃဏန မဖတ်ပဲ like တဲ့သူတွေ ပင့်ပေးတဲ့ သူတွေလဲ ဆင်ခြင်ဖို့လို တယ်....ပြောတဲ့ဥပဒေတွေရဲ့ exceptions တွေတင်ပေးလိုက်ပါတယ်....



SOLAS
1. Unless expressly provided otherwise, this chapter shall apply to all ships on all voyages, except:

1.1 warships, naval auxiliaries and other ships owned or operated by a Contracting Government and used only on government non-commercial service; and

The International Convention on Load Lines (ICLL) generally applies to ships engaged on international voyages, with the following exceptions:

Ships of war
Ships of less than 24 metres in length
Pleasure yachts not engaged in trade
Fishing vessels

TONNAGE
(1) The present Convention shall not apply to:
(a) ships of war; and
(b) ships of less than 24 metres (79 feet) in length.

MARPOL 73
Article 3 - Application

(3). The present Convention shall not apply to any warship, naval auxiliary or other ship owned or operated by a State and used, for the time being, only on government non-commercial service.

နောက်ထပ် အကောင့်တစ်ခု   Khinhtay Myint မှာတော. အောက်ပါအတိုင်း ဖတ်ရှု ရပါတယ်




သူ့ profile အရ သူကလည်း Uncle Ronnie တို့၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တို့နဲ့ တစ်ကျောင်းထဲ အထက (၅) ဗိုလ်တထောင်ထွက် ဆိုလို့၊ သူ့ရဲ့ post ကိုဖတ်ပြီး ဒီလောက်ညံ့ဖျင်းအသုံးမကျ ဘ၀င်ရူးနဲ့ တစ်ကျောင်းထဲ ဖြစ်ခဲ့ရတာ ကျောင်းအတွက် ရှက်တောင်ရှက်မိတယ်။

သူ့ကိုယ်သူ ကြွားနေတဲ့အထဲ - I'm the ex-surveyor from American Bureau of Shipping - ဆိုတာက ပါသေးတယ်။ အဲ့ဒီ သူလုပ် ခဲ့တဲ့ American Bureau of Shipping ဆိုတာက ဘယ် branch ကလဲဆိုတာတော့ မပါဘူး။ ABS headquarters - U.S. က Houston, Texas, ကလိုလိုနဲ့ ပဲက ပေးလိုက်သေးတယ်။ U.S. မဟုတ်ပဲ ABS Maldive branch ကလည်း ဖြစ်နိုင်တာပဲ။

ပြီးတော့လည်း ကမ္ဘာမှာ သင်္ဘောတည်ဆောက်ရေးက နံပါတ် (၁) က အမေရိကားမဟုတ်ပဲ Germany နဲ့Scandinavian နိုင်ငံတွေဆိုတာ ပင်လယ်ရေနဲ့လုပ်စားတဲ့သူတိုင်းသိတာ ကြာင့် - I'm the ex-surveyor from American Bureau of Shipping - လို့ ပြောနေတာ ကလည်း သူမို့လို့ မရှက် တော်တော်ရယ်ဖို့ ကောင်းတယ်။ အမေရိကန်ဆို အကုန်ကောင်း တယ်လို့ ထင်တဲ့ သူ့ရဲ့ လူဖြူသခင်ကြီးအထင်ကြီး ကျွန်စိတ်ဓါတ်ကိုပါ တွေ့လိုက်ရတယ်။

သူက ဘာက စမှားနေလဲ ဆိုတော့ သူပြောနေတာတွေက ကုန်သင်္ဘောတွေ passenger liner မျိုးတွေ တည်ဆောက်ရေးက technology တွေ။သူက - ဒါတောင် သူမပြောသေးဘူး လို့ပြောတဲ့ IMO, MARPOL, SOLAS ဆိုတာတွေက naval ship building မှာ မရှိဘူး၊ marine ship-building မှာပဲရှိတယ်။ naval ship building မှာ အဲဒါတွေ မသုံးဘူး။ သုံးလို့ မရဘူး။

ရေတပ်အင်ဂျင်နီယာဘာသာရပ် မဟုတ်တဲ့ seamanship သာသာရပ်မှာတောင် သင်္ဘောရဲ့ balance ဖြစ်မှုနေရာဖြစ်တဲ့ pivoting point ယူပုံကအစ စစ်သင်္ဘောတစ်စီးနဲ့တစ်စီး မတူ တာကို သင်ခဲ့ဘူးတာ သတိရမိပါတယ်။ရေတပ်စစ်သင်္ဘောဆိုတာ လှိုင်းလေထန်ရင် လှိုင်းထဲမှာ အလိုက်သင့်လေး ပါသွားအောင် တည်ဆောက်ထားတာမျိုး မဟုတ်ပဲ၊ လှိုင်းထဲမှာလူးလိမ့်သွားတဲ့အခါ ဇတ်ကနဲ ပြန်မတ်စေတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားတာ၊ ဗျက်ကျဉ်းကျဉ်းနဲ့ ဆောက်ရတာဖြစ်ပါတယ်။

လင်းမြတ်ပြောနေတဲ့ ကုန်သင်္ဘောတွေ passenger liner မျိုးတွေ တည်ဆောက်တဲ့ marine engineering က လှိုင်းထန်နေရင် လှိုင်းနဲ့အလိုက်သင့် လှိုင်းစီးပြီးပါနေအောင်တည်ဆောက် ထားတာဖြစ်ပြီးတော့ ရေတပ်စစ်သင်္ဘောတွေလို လှိုင်းလုံးတွေကြား ဇတ်ကနဲ ပြန်မတ်နိုင် အောင် ဗျက်ကျဉ်းကျဉ်း ဆောက်ထားတာမဟုတ်ပါဘူး။ ကုန်များများလူများများဆန့်ရေး အတွက် ဗျက်အကျယ်ကြီးနဲ့ ဆောက်တာပါ။



စစ်သင်္ဘောတွေရဲ့ ရေထဲမှာ maneuvering စစ်ကစားလှုပ်ရှားနိုင်အောင်ဆောက်တဲ့ technology က သပ်သပ်၊ လင်းမြတ်ပြောနေတဲ့ ကုန်သင်္ဘောတွေ passenger liner မျိုးတွေ လှိုင်းနဲ့လေနဲ့အလိုက်သင့်ဖြစ်အောင် တည်ဆောက်တဲ့ technology က သပ်သပ်။
naval ship building နဲ့ marine ship building သင်္ဘော တည်ဆောက်ရေး၂ခု မတူပါဘူး။
လင်းမြတ်က ကုန်သင်္ဘောတွေအတွက် mercantile marine surveyor ဖြစ်တာနဲ့၊ စစ်သေ င်္ဘာတွေနဲ့ စစ်သင်္ဘောမဟုတ်တဲ့ သင်္ဘောတွေရဲ့တည်ဆောက်မှုကို တစ်တန်းထဲ တစ်မျိုး တစ်စားထဲထားပြီး လာပြောနေခြင်းသာ ဖြစ်ပါတယ်။သူ့ကို တစ်ခွန်းပဲ မေးစရာရှိတာက - စစ်သင်္ဘောတွေကို surveyor လုပ်ဖို့ license ရှိသလား ဆိုတာ ပါပဲ။ naval architecture တွေနဲ့ warship-building engineer တွေမှာသာ ရှိတဲ့ surveyor certificate သူ့မှာ ဘယ်လိုမှ မရှိနိုင်ပါ။ ဒီ certificates တွေက ရေတပ်အင်ဂျင်နီ ယာတွေမှာသာ ရှိတာပါ။

လင်းမြတ်ဟာ စစ်သင်္ဘောတွေကို survey လုပ်ခွင့်ရှိသူ တစ်ယောက် မဟုတ်လို့ naval architecture နဲ့ warship-building engineering ကိုလည်း သူဘယ်လိုမှ မသိပါဘူး။သူ ပြောသလိုသာဆိုရင် ကမ္ဘာပေါ်ကရေတပ်တွေမှာ ရေတပ်လွန်းကျင်းတွေ ရေတပ် shipyard/dockyard တွေ သီးသန့်ရှိစရာတောင် မလိုပါ။ စစ်သင်္ဘောတွေအကုန်လုံး ရိုးရိုး mercantile marine shipyard/dockyard တွေမှာပဲ တည်ဆောက်ကြရုံ ပဲပေါ့။
technology ချင်းမတူလို့ shipyard/dockyard တွေက facilities တွေချင်း မတူတဲ့အတွက် သီးသန့်တည်ဆောက်ထားရတဲ့ ရေတပ် shipyard/ dockyard တွေမှာသာ ရေတပ်စစ် သင်္ဘောတွေကို တည်ဆောက်နေကြတာဖြစ်ပါတယ်။

မြန်မာ့တပ်မတော် (ရေ) မှာ အခုအခါ စစ်ရေယာဉ်တွေတည်ဆောက်ရေးအတွက် - ရေတပ်သင်္ဘောကျင်းဌာနချုပ် Naval Shipyard Base - ဆိုတာကို ကျန်တဲ့ ရေတပ်စခန်း ဌာနချုပ်တွေ (တပ်မတော်-ကြည်း-က စစ်တိုင်းများသဖွယ်ဖွဲ့စည်းထားတဲ့) ဓည၀တီရေတပ် စခန်းဌာနချုပ် (စစ်တွေ)၊ ရခိုင်ရေတပ်စခန်းဌာနချုပ် (ကျောက်ဖြူ)၊ ဧရာဝတီရေတပ်စခန်း ဌာနချုပ် (ရန်ကုန်)၊ ပမ္မ၀တီရေတပ်စခန်း ဌာနချုပ်(ဟိုင်းကြီးကျွန်း)၊ မောရ၀တီရေတပ်စခန်း ဌာနချုပ် (ထားဝယ်)၊ တနင်္သာရီရေတပ် စခန်းဌာနချုပ် (ကတန်ကျွန်း)၊ ရေတပ်လေ့ကျင့်ရေး ဌာနချုပ် (သံလျင်-ဆိပ်ကြီး) တို့ထက် တောင် အဆင့်မြှင့်ပြီး အင်ဂျင်နီယာတစ်ဦလည်းဖြစ်တဲ့ ရေတပ်သင်္ဘောကျင်းဌာနချုပ်ရဲ့ ဌာနချုပ်မှူး base commander ကိုတောင် ဗိုလ်ချုပ် (Rear Admiral) အဆင့်၊ ကျန်ဌာနချုပ် မှူးတွေက ဗိုလ်မှူးချုပ် (Commodore) အဆင့်နဲ့ ရေတပ်ဖွဲ့ စည်းပုံအသစ်နဲ့ ဖွဲစည်းထားတာဖြစ်ပါတယ်။

ကမ္ဘာ့ ရေတပ်တွေမှာ မဟာရေယာဉ် (major warships) တွေကို အခြေခံအားဖြင့် class ၅ မျိုး ခွဲထားပါတယ်။



1. Battle Ship
(aircraft carrier ထက်သေးပေမယ့် ရေကြောင်းစစ်ပွဲတွေမှာ ကွပ်ကဲသူ commander ကိုယ်တိုင်စီးတဲ့ စစ်ရေယာဉ် ဖြစ်တာကြောင့် ထိပ်ဆုံးမှာ flag ship အနေနဲ့ သတ်မှတ်ထား ပါတယ်။ ဥပမာ - ဒုတိယကမ္ဘာစစ်မှာ ဂျပန်ဘုရင့်ရေတပ် Japanese Imperial Navy ရဲ့ flag ship ဖြစ်တဲ့ ပြောင်းဝအကျယ် (intersection) ၁၆ လက်မ အမြောက်ကြီးတွေထိုင် ထားတဲ့ ဂျပန်စစ်သင်္ဘောကြီး Japanese Naval Flag Ship ဖြစ်တဲ့ Battle Ship class "Yamato" မှာ Battle of Midway တို့ Battle of Coral Sea တို့ Battle of Guada Canal တို့ စတဲ့ Pacific သမုဒ္ဒရာထဲက ရေကြောင်းစစ်ပွဲကြီးတွေကိုတိုက်စဉ်က ဂျပန် commander တွေဖြစ် ကြတဲ့ ဂျပန်ရေတပ်ရဲ့ ဗိုလ်ချုပ်ကြီး (Fleet Admiral) တွေ လိုက်ပါကြပါတယ်။

2. Aircraft Carrier
3. Cruiser
4. Destroyer
5. Frigate
လူသိများတဲ့ ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှဘုရင့်ရေတပ် British Royal Navy ကနေ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လက်ခံယူခဲ့တဲ့ စစ်ရေယာဉ် မေယု ဟာ Frigate class ဖြစ်ပေမယ့် River Type ဖြစ်ပါတယ်။



ဆိုလိုတာက - ရေတပ်သင်္ဘောကျင်းဌာနချုပ် Naval Shipyard Base ဆိုတာ လင်းမြတ် စွပ်စွဲနေသလို ဘာမှမတတ်တဲ့ အင်ဂျင်နီယာတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်ပဲ ပြည်ပနိုင်ငံများ စွာမှာ ပညာတော်သင်တွေစေလွှတ်ခဲ့တဲ့ ရေတပ်အင်ဂျင်နီယာတွေနဲ့ ဖွဲ့စည်းထားတဲ့ base ဖြစ်ပြီးတော့ frigate class (ocean type) လောက်ကိုတော့ စားရိတ်သက်သာစွာ ပြည်တွင်း မှာ ထုတ်လုပ်နိုင်အောင် စနစ်တကျ နှစ်ပေါင်းများစွာ စီမံကိန်းချ ပြင်ဆင်ခဲ့ပြီးမှ ရေတပ် သင်္ဘောကျင်းဌာနချုပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ရေးစစ်ရာဖြစ်လို့ အသေးစိတ်တွေ ပြောမနေပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခြားသော အရှေ့တောင်အာရှနိုင်ငံတွေက Frigate Class (Ocean Type) ကို အနောက်နိုင်ငံတွေဆီကနေ ဈေးကြီးပေးပြီး ၀ယ်နေရချိန်မှာ၊ မြန်မာနိုင်ငံက ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ အခြေအနေကို ကိုယ့်အချင်းချင်းတွေဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် (ရေ - ငြိမ်း) ကာကွယ်ရေးဦးစီးချုပ် (လေ - ငြိမ်း) တွေပါဝင်တဲ့ တပ်မတော်အရာရှိကြီးတွေကို သူက ရှင်းလင်းတင်ပြရာမှာ ဒီစကား - အရှေ့တောင်အာရှနိုင်ငံတွေထဲ မြန်မာ့တပ်မတော် (ရေ) က ထိပ်တန်းရောက် ရှိနေပြီ - လို့ အာလုပ်စကားပြောခြင်းသာဖြစ်တာကို မြ၀တီရုပ်သံမှာ တွေ့မြင်နိုင်ပါတယ်။