Tuesday, April 30, 2013
နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေးရဲ. ၀ါးခယ်မ ကဗျာတစ်ပုဒ်
-->
ကိုယ်ရောက်သောခါ 
ငယ်စဉ်ဘ၀ ၊ တစ်စစီကောက်
အရောက်ချင်ဆုံး ၊ သီကုံးဆိုက
ဝါးခယ်မ။
မွေးဖချစ်ထူး ၊ သမီးဦးမို.
တပူးတွဲတွဲ ၊ မခွဲထားဘူး
သူသွားလေ.ရာ ၊ သူ.ကမ္ဘာကား
ဝါးခယ်မသာ ၊ ဖြစ်ခဲ့ပါ၏။
မွေးဖသမီး ၊ ချစ်မငြီးလည်း
မငြီးမကွေ ၊ အခြေအလိုက်
နှလုံးပိုက်၍ ၊ စဉ်စိုက်ချစ်ကြည်
ဦးလည်မသုန် ၊ မြို.ဂုဏ်တက်ရာ
စေတနာဝေ ၊ သံသာခြွေလျှက်
မြို.နေမြို.ဝေး ၊ ကိုယ်.သွေးကိုယ်.သား
တစ်စိတ်ထားခဲ့။
မြို.များရောက်လျှင်
ကယောက်ကယက် ၊ လက်တပြပြ
ခုန်ဆွဆွဖြစ် ၊ ရင်နစ်သည်းရွှင်
ဂုဏ်အင်ဘေးချ ၊ ပြုးံစစ၀င်
ပျော်ချင်မက်မက် ၊ အသက်မေ.သွား
ဟေ.ဟားပေါက်ကွဲ ၊ ခင်အူဝဲ ။
မြို.ထဲဘုရား ၊ သော်ကသွားနှင်.
ဆွေများမျိုးများ ၊ ရှိသေးလားနှင်.
စကားမကုန် ၊ စားလက်ဆုံနှင်. ။
သည်ပုံသည်နည်း ၊ ဖြတ်ချည်းလာရ
မွေးဖတစ်သက် ၊ ပျောက်ချက်ကမ်းကုန်
ရှိခဲ့တုံလည်း ။
ကံကုန်ဖ, ဝေး ၊ အနေဆွေးမြ
ရောက်ရသည်.ခါ ၊ ရင်တွင်နာလျှင်
သည်းချာတစ်ဝိုက် ၊ တစ်လှိုက်လှိုက်ဆူ
အပူတရှိ ၊ လူမသိလေ
ဖ, နေခဲ့ရာ ၊ ကမ်းသာတစ်ဖက်
ရွာသစ်တက်၍ ၊ စိတ်လက်ပြေကြောင်း
ရွာဦးကျောင်းဝင် ၊ ရှိရင်ဦးချ
မြတ်ဒါနပြု ၊ သာဓုခေါ်စေ
ပေးဝေအမျှ ၊ မျက်ရည်စနှင်.
မွေးဖ,ရကြောင်း ၊ ဆုတောင်းသည်သာ
ကိုယ်.မှာတတ်နိုင်တော.သည် တကား ။
                                                                                                   မာမာအေး 
                                                                                                  (တေးသံရှင်)
၁၉၉၇ မေလ က ထုတ်ဝေခဲ့သော ၀ါးခယ်မမြို.နယ်အသင်း ရွှေ၇တု အထိမ်းအမှတ် မဂ္ဂဇင်းမှ နိုင်ငံကျော် အဆိုတော် (ဒေါ်) မာမာအေး၏ ဖခင်မြို.လေးနှင်. ဖခင်အား လွမ်းဆွတ်သတိရ ရေးဖွဲ.ထားသော ကဗျာကို ကူးယူဖော်ပြအပ်ပါသည်။
ဆက်စပ်ဖတ်ရှုရန် - ၀ါးခယ်မ အနွယ်ဝင် တစ်ဦးဖြစ်သော( ဒေါ်)မာမာအေး၏ စာတစ်ပုဒ်
လူနေ-အန်စာတုံး၊ခယ၀ယ
ကျုပ်ကဗျာ စာဖတ်တာ ၀ါသနာပါသလို ရုပ်ရှင်ကြည်. TV ကြည်.တာ သီချင်းနားထောင်တာ တွေလည်း ၀ါသနာပါပြီး လူတွေနဲ.စကားပြောတာ မေးတာမြန်းတာတွေ လွှတ်ဝါသနာပါတာဗျ ၊ အကြောင်းကြောင်းကြောင်. နေရာဒေသတော်တော်များများ ကိုရောက်တတ်သလို ဘ၀အခြေအနေအမျိုးမျိုးရှိတဲ့ လူပေါင်းစုံနဲ.လည်း အကြောင်းအရာပေါင်းစုံကိုမေးမြန်းပြောဆို ငြင်းခုန် ဖြစ်တတ်တယ်ဗျ ။ဒီထဲက ကျုပ်ရင်ကိုထိတဲ့ ၊ဦးနှောက်ကိုအလုပ်ရှုပ်စေတဲ့ စာအုပ် ၊ရုပ်ရှင် ၊သီချင်း၊စကားသံ စတာတွေကို တတ်နိုင်သလောက် ဝေမျှပေးပါရစေဗျာ ။ စိတ်ဝင်စားသူတွေအတွက်တော. တစ်ခုခုရကောင်းပါရဲ. ။
ခုတစ်လောကျုပ်ဝတ္တု တစ်ချို.ဖတ်ဖြစ်တယ် အဟောင်းတွေရော ၊ အသစ်တွေရောပေါ.ဗျာ ။
ဒီထဲမှာ ကျုပ်သဘောကျတဲ့စာရေးဆရာ တစ်ယောက်ပါတယ်၊သူက ခုခောတ်အမြင် ကိုဇာတ်အိမ် ခိုင်ခိုင် ဆန်းဆန်း လေးတွေနဲ. ဖွဲ.နှောင်တတ်တဲ့ လူနေ ဆိုတဲ့စာရေးဆရာဗျ ။
ဟိုးအရင်ခောတ်က ပန်းချီ ၊ပန်းပု စတာတွေမှာ ရေးတဲ့သူက ဒီအကြောင်းရေးတယ် ဖတ်တဲ့သူကဖတ် ၊ဒါမှမဟုတ်ကြည်.လိုက်တာနဲ. ဒီအကြောင်းဆိုတာ တန်းသိတယ် ၊စာရေးဆရာ ၊ပန်းချီဆရာ ၊ဒါရိုက်တာ စသူတွေက သူတို.ကျိန်းသေတွက်ပြီး ဖန်တီးလိုက်တဲ့ (ဒိနေရာရီ ၊ဒီနေရာငို ၊ဒီနေရာတွေး ၊ဒီနေရာဆွေးဆိုတဲ့ သတ်မှတ်ချက်) အတိုင်း လိုက်ခံစားရတဲ့ သမားရိုးကျခံစားမှုကို တော်လှန်ပြီး ရေးသူ က သူ.ခံစားမှုနဲ.ရေးတာကို ကြည်.သူက သူကြိုက်သလို ခံစားပြီးကြည်.လို.၊ဖတ်သူက သူနားလည်သလိုခံစားပြီးဖတ်လို.ရတဲ့ Modern Art ဆိုတာတွေ ပေါ်ပေါက်လာတာတော.ဖတ်ဖူးပါတယ် ။ဒါပေမယ်. ၀တ္တုမှာတော. (ကျုပ်ကစာဖတ်အားနည်းလာလို.နေပါလိမ်.မယ်) သိပ်မတွေ.မိပါဘူး ။ ဇာတ်သိမ်းခန်းဆိုတာ စာရေးသူက သိမ်းပေးထားပြီးသား ။အချို.၀တ္တုတွေမှာတော. ကိုယ်.ဘာသာတွေးပြီး ကြိုက်သလို သိမ်းလိုက်လို.ရတာမျိုးတော.လည်း တွေ.ဖူးပါတယ် ။
ကျုပ်အဲဒီနေ.က ဖတ်လိုက်တဲ့ စာတစ်အုပ်ကတော. ကျုပ်ဘ၀မှာ ပထမဆုံးဖတ်ဖူးတဲ့ ရေးသားပုံမျိုးပါ ၊စတည်းက သူက အန်စာတစ်တုံးနဲ. ကိုယ်ကံကြမ္မာက စစ်ထားရပါတယ် ။ပြီးတော. ကိုယ်တိုင်ဇာတ်ကောင်အနေနဲ. ၀င်သရုပ်ဆောင်ရတာပါပဲ ။ရွေးချယ်စရာ ကြုံလာတိုင်း ကိုယ်တိုင်ရွေးချယ်ပြီး ဆက်ဖတ်ရတာမျိုးပါ ။ ရှယ်ကော်ဖီဆိုရင် ဈေးကြီးပြီး ကိုယ်တိုင်ဖျော်သောက်ရသလို ၊Live Show ဆိုရင်လည်း ဈေးကြီးပြီး ကိုယ်တိုင်ဝင်အော်ဟစ်သီဆိုရသလို သူလည်း ကိုယ်တိုင်ပါဝင်ဆင်နွဲရတာပါ ၊ဒါ.အပြင် ကိုယ်.ရွေးချယ်မှုမှာ စတည်းက စစ်တမ်းထုတ်ထားတဲ့ ကိုယ်.ကံကြမ္မာအခြေအနေကိုလည်း မေ.ထားလို.မရပါဘူး ။ Game တစ်ခုဆော.နေရသလိုမျိုး လည်းဖြစ်နေသလို ကိုယ်တိုင်ဝင်သရုပ်ဆောင်ရတဲ့ ၀တ္တုတစ်ပုဒ်လည်း ဖြစ်နေတာကြောင်. သဘောကျမိတာပါ ။ဇာတ်လမ်းအားဖြင်. သိပ်မထူးဆန်းလှပေမယ်. ရေးဖွဲ.ပုံ နဲ. ဒီလိုဆန်းသစ်မှုကိုတော. အတော်လေး လေးစားမိပါတယ် ။ဇာတ်လမ်းကတော. ချစ်သူ၂ဦး ခရီးသွားရင်း အဖမ်းဆီးခံရတာကနေ နှစ်ဦးအတူ လွတ်မြောက်အောင် ပြန်ကြိုးစားရတဲ့ ဇာတ်လမ်းလေးပါ ။
စာအုပ်နာမည်က အန်စာတုံး   တဲ့
ဖတ်ဖြစ်တဲ့နောက်တစ်ပုဒ်ကတော. ခယ၀ယ တဲ့
အဲ့ဒီနာမည် က ဘာဆိုတာကိုတော. စာရေးသူက နောက်ဆုံးမှာ ဂန္တ၀င် လင်္ကာတွေနဲ.ရှင်းပြထားပါတယ်
ဒီစာအုပ်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်တည်းက ရေးသားထားခဲ့ပေမယ်. အကြောင်းကြောင်းကြောင်. မထုတ်ဝေဖြစ်ခဲ့ပဲ ခုမှ အနည်းငယ်ပြင်ဆင်ရေးသားထုတ်ဝေခဲ့ပြီး ဘယ်တစ်ဦးတစ်ယောက်ကိုမှ နစ်နာစေလိုတဲ့ သဘောမရှိပါဘူးဆိုတဲ့ စာရေးသူရဲ.အမှာစကား က အတွေးစပွားစေတာပါ။
ဇာတ်လမ်းကို စထားတာက ယိုင်နဲ.နဲ. အိမ်လေးတစ်လုံး ထဲက နာတာရှည် အဘိုးအိုနဲ့ သစ္စာရှိလက်တွဲဖော် ပဲပြုတ်သည် အဘွားအိုတို.၏ ညပိုင်းမြင်ကွင်းလေးနဲ.စထားတာပါ ၊ဒီဇာတ်လမ်းတစ်ခုလုးံကို ဖြစ်ပေါ်လာစေတဲ့ နောက်တစ်နေ.မနက်မြင်ကွင်း .    နှစ်ဦးလုံးသေဆုံးနေတဲ့ အိမ်လေးတစ်လုံး ၊အုတ်အော်သောင်းနင်း ရပ်ကွက်သူရပ်ကွက်သားများ ၊အဘွားအို လက်ထဲက သို. .. သမ္မတကြီး  ဆိုတဲ့ ခဲတံနဲ.ရေးထားတဲ့ မညီမညာ လက်ရေးနဲ.စာရွက်တစ်ရွက် ၊ သေချာတာက ဘာဆက်ဖြစ်မှာပါလိမ်.ဆိုတဲ့ စိတ်က သင်.ကိုဦးဆောင်သွားပါလိမ်.မယ် ၊ဒီစာအုပ်ကို   ၀ိဥာဏ် တို.ရဲ. လုပ်ဆောင်မှုတစ်ချို. ၊နိုင်ငံတော်သမ္မတရုံး ၀င်စာ ၊တိုင်စာ ဆိုရာ စီမံခန်.ခွဲပုံများ ၊အာဏာရှိ စာရိတ္တချို.တဲ့သူအချို.ရဲ. စိတ်နေသဘောထား ၊Media တို.ရဲ. စွန်.စားရမှု စတာတွေနဲ.ထိုးမွှေထားပြီး စိတ်ဝင်စားဖွယ်ရာခြယ်မှုန်းထားတဲ့ စာအုပ်တစ်အုပ်ပါ ။ဇာတ်သိမ်းကိုတော. အချို. သဘောကျမှာမဟုတ်ပေမယ်. အချို.ကတော. ဒီလောက်ကဖြစ်နိုင်တယ်လို.လည်း သုံးသပ်ရင် သုံးသပ်ပါလိမ်.မယ် ၊သေချာတာကတော. ဒီစာအုပ်ဟာ ထိုက်သင်.သလို Media ပိုင်းမှာ ပွင်.လင်းလွတ်လပ်ခွင်. ရှိလာနေပြိဆိုတဲ့ ပြယုဂ်တစ်လို.ပြောရင်လည်းရနိုင်ပါတယ် ၊သေချာတာက တော. လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကဆိုရင်တော. ဒီစာအုပ်မျိုးဟာထွက်လာဖို. အခက်အခဲရှိကောင်းရှိပါလိမ်.မယ်။
ကြိုဆိုပါတယ် ၊ဆင်ဆာမရှိတော.ဘူးဆိုပြီး အပေါ်ယံစကားလုံးလှလှတွေ ဖုံးပြီး လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို ပြောဆို ပြသ ရေးသားလာကြတာထက်စာရင် ဒီလိုစာအုပ်မျိုးက အကျိုးရှိပါတယ်ဗျာ။
စိတ်ပါဝင်စားသူများ ဖတ်ကြည်.နိုင်ပါတယ် ။အစားကောင်းစားရရင် သံယောဇဉ်ရှိသူတွေကို သတိရတတ်သလိုမျိုး စာအုပ်ကောင်းလေးဖတ်ရတော. ၀ါသနာတူတွေကို သတိရတာမို. မျှဝေတာကလွဲပြီး အခြားရည်ရွယ်မှုနဲ. မျှော်လင်.ချက် ဘာမှမရှိကြောင်းတော. အသိပေးလိုပါတယ်။
Monday, April 29, 2013
အမေရိကန် အထက်တန်းကျောင်းက ဏှာဆရာ
ကျောင်းသူများကို ဝတ်ဆင်ထားသည့် စကတ်အား လှန်ခိုင်းပြီး ဓာတ်ပုံရိုက်ယူကာ အင်တာနက် ပေါ်တွင် တင်ထားသည့် ဆရာအား ဖမ်းဆီးအရေး ယူသည့်ပြစ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် ကိုဝက်တာ ကောင်တီမြို့တွင် ဖြစ်ပွားခဲ့သည်။
ထိုဆွဲခန့်ကျောင်းဆရာသည် ကျောင်းသူများကို မဖွယ်မရာ လုပ်ခိုင်းပြီး ဓာတ်ပုံများကို သူပိုင် ဝက်ဘ်ဆိုက်ပေါ်တွင် တင်ထားခဲ့သည်။ ကျောင်းသူ လေးများမှာ အိစ်ကိုဝက်တာ အထက်တန်း ကျောင်းမှဖြစ်ပြီး မဖွယ်မရာ ပုံစံ အမျိုးမျိုးဖြင့် ဓာတ်ပုံအရိုက်ခံ ထားကြောင်းတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် သူများ၏ မဖွယ်မရာ ကိုယ်ဟန်ပြနေသည့်ပုံများကို အများပြည်သူသို့ ဖော်ထုပ်ပြရန် ဥပဒေ အရ တားမြစ်ပိတ်ပင် ထားသည်။
ထိုကျောင်းမှ မိန်းကလေး ဘောလုံးအသင်းသူ တစ်စု
 ထိုကျောင်းသူများသည် မည်သူတို့ဖြစ်ကြကြောင်းကို အတန်းဖော်များက ကောင်းစွာသိကြပြီး ဆရာအား ကန့်ကွက်သည့် အီးမေးလ်များ ကျောင်းသို့အဆက်မပြတ်ရောက်လာကာ ဆရာကို အရေးယူပေးရန် တောင်းဆိုကြသည်။
ကျောင်းအုပ်ကြီးကလည်း ယခုဖြစ်ပျက်မှုသည် ကျောင်းအတွက်ပြန်လည်သုံးသပ်ရမည့် ကိစ္စဖြစ်ပြီး အမြန် ဆုံး အရေးယူပေးပါမည်ဟု မီဒီယာသို့ ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားခဲ့ရာကျောင်း
 ကျောင်းအုပ်ကြီးသည် အဖြစ်အပျက်ကို သိသိချင်း ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ထိုဆရာကိုလည်း ကျောင်းမှ ထုတ်လိုက်ပြီး၊ ကျောင်းအတွင်းသို့ လုံးဝမလာရောက်ရန် အမိန့်ထုတ်လိုက်သည်။
ကျောင်းသူများ၏ ဓာတ်ပုံတွင် “ကျွန်တော့်အတန်းမှ ခပ်ဟော့ဟော့ ကောင်မလေးများ” ဟု စာတန်းရေးထိုး ထားသည့်အပြင် “စကတ်လန်ကောင်မလေးများ” ဟုဖော်ပြထားချက်များအပေါ် မိဘများက အပြင်းအထန် ကန့်ကွက် ခဲ့ကြသည်။
မိဘ တစ်ဦးက “ကျွန်မတို့အနေနဲ့ ကျောင်းကို ယုံကြည်ပြီး သားသမီးတွေကို အပ်နှံထားခဲ့တာ။ ဒီလိုအဖြစ် မျိုးရောက်အောင် ဆရာကလုပ်တယ်ဆိုတာ အံ့သြလို့မဆုံးဘူး” ဟုပြောကြားခဲ့သည်။
ကျောင်းမှတာဝန်ရှိသူများက ဆရာ၏အမည်ကို ဖော်ထုတ်ခြင်းမရှိပေ။ ရဲစခန်းမှ ထိုဆရာအားဖမ်းဆီးထား ကြောင်း သိရသည်။
Source ; oppositeyes
ကလေးစရိတ် မပေးချင်လို.သတ်ပြီး ခွေးစာကျွေးသတဲ့
 ဘရာဇီး နာမည်ကျော် ဘောလုံး သမားတစ်ဦးက သူ၏ ချစ်သူဟောင်းခမျာ သတ်ဖြတ်ခံ ခဲ့ရပြီး ခန္ဓာကိုယ်ကို အစိတ်စိတ် အမွှာမွှာ  ပိုင်းဖြတ်ကာ ခွေးကျွေးခြင်းကို ခံခဲ့ရသည်ဟု ၀န်ခံ ပြောကြားခဲ့သည်။ လာမည့် ၂၀၁၄ ကမ္ဘာ့ ဘောလုံးပြိုင်ပွဲတွင် ဘရာဇီး လက်ရွေးစင် ဘောလုံး အဓိက ဂိုးသမား တစ်ဦး ဖြစ်လာဖွယ် ရှိသည့် အသက် ၂၈ နှစ် အရွယ် ဘရူနို ဖာနန်ဒက် ဒီဆွာ ဇာမှာ ကလေး စရိတ် မပေးလို သည့် အတွက် သူ၏ ချစ်သူကို သတ်ဖြတ် ခဲ့သည်ဟု စွပ်စွဲ ခံထား ရသူ ဖြစ်သည်။
 ယခင် ဖလာမင်ဂို ကစားသမားဟောင်းက ယခင်က ၎င်းအသက် ၂၅ နှစ်အရွယ်တွင် ဖြစ်ပျက်ခဲ့သည်ဟု စွပ်စွဲချက် မှန်သမျှကို ပယ်ချခဲ့သော်လည်း မနေ့က တရားရုံး ကြားနာရာတွင် သူ၏ အချစ်ဆုံး သူငယ် ချင်းဖြစ်သူ လူဝစ် ဟင်းနရစ် ရိုမာအိုက သူ၏ ချစ်သူဟောင်းကို သတ်ဖြတ်ရန် တစ်စုံ တစ်ယောက်ကို ပိုက်ဆံပေး ခိုင်းစေခဲ့သည်ဟု ၀န်ခံခဲ့သည်။
  ၎င်းက တရားရုံးတော်တွင် ၀န်ခံ ပြောကြားရာတွင် သူ့အနေဖြင့် ချစ်သူဟောင်းကို သတ်ဖြတ်ရန် ခိုင်းစေ ခဲ့ခြင်း မရှိသော်လည်း ယင်းသတ်ဖြတ်မှုကို လက်ခံခဲ့သည်ဟု ဆိုသည်။ ဂိုးသမား ဘရူနိုမှာ မစ္စ ဆာမူဒီယို သတ်ဖြတ် ခံရ မှုတွင် သူ၏ ဇနီးသည် ဒရဲနီ၊ အခြားသော ချစ်သူဟောင်း တစ်ဦးဒ၊ ညီအစ်ကို ၀မ်းကွဲတစ်ဦး နှင့် ရဲဟောင်း တစ်ဦး ဖြစ်သူမှာ မားကို့စ်ဆန်းတိုတို့ အပါအ၀င် လူ ၈ ဦးက ၀ိုင်းဝန်း သတ်ဖြတ်ရာတွင် စီစဉ်ပေး ခဲ့မှုဖြင့် စွပ်စွဲခံထားရသည်။ 
ဘရူနိုမှာ သူ၏ ချစ်သူဟောင်းကို ယင်းလူစုက နှိပ်စက် ညှဉ်းပန်းနေမှုကို ထိုင်ကြည့်နေခဲ့ပြီး သူမကို တစ်စ စီ ခုတ်ထစ် ဖြတ်တောက်ရာတွင်လည်း ကူညီခဲ့သည်ဟု စွပ်စွဲ ခံထားရသည်။ လူသေလောင်း အစိတ်အပိုင်း အချို့ ကို ဘရူနိုင်၏ အိမ်မွေးခွေးကို ကျွေးခဲ့ပြီး ကျန် အစိတ်အပိုင်းကို ကွန်ကရစ်သွင်းလောင်း မြှုပ်နှံခဲ့ သည်ဟု ဆိုသည်။ တရားရုံး၏ အစောပိုင်း ဆုံးဖြတ်ချက်အရ ဘရူနို၏ သူငယ်ချင်း ရိုမာအိုမှာ ပြစ်မှု ထင်ရှား သဖြင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ပြီး ဖြစ်ကာ သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ ရဲဝန်ထမ်းဟောင်း ဆန်းတို့စ်မှာ လာမည့်လတွင် ရုံးတင် စစ်ဆေးမည် ဖြစ်သည်။ 
ဘရူနိုကို လူသတ်မှုဖြင့် မဖမ်းဆီးမီက အီတလီ ထိပ်သီး ဘောလုံး ကလပ် အသင်း တစ်သင်း ဖြစ်သည့်  အေစီ မီလန် အသင်းက စတာလန်ပေါင် သန်းပေါင်းများစွာဖြင့် ခေါ်ယူ၇န် စီစဉ်ခဲ့သေးသည်။ ဘရာဇီး နိုင်ငံ အရှေ့ တောင်ပိုင်း ကွန်တာဂန်မြို့ရှိ တရားရုံး တစ်ရုံးတွင် ဘရူနို ထွက်ဆိုရာတွင် သူ၏ ညီအစ်ကို တစ်ဝမ်း ကွဲ တောစပ်သူ ဂျော့ရိုဆာမှာ လူသတ်မှုတွင် မျက်မြင်သက်သေ ဖြစ်ကြောင်းနှင့် ဘာတွေ ဖြစ်ပျက်ခဲ့သည် ဆိုသည် ကို ၎င်းပြန်လည် ပြန်လည် ပြောပြခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ 
 ၎င်းထွက်ဆိုရာတွင် မစ္စဆာမူဒီယို ပြန်ပေးဆွဲ ခံရပြီးနောက် ရိုမာအိုက သူမကို ဘယ်လို ဟော်ရီဇွန်တီရှိ လူသတ် သမား ဆန်းတို့စ် စောင့်ဆိုင်းနေရာ နေအိမ်သို့  ခေါ်ဆောင်သွားခဲ့သည့်ဟု ဆိုသည်။ သူက ထွက်ဆို ရာတွင် “သူမ၏  လက်နှစ်ဖက်ကို ကြိုးတုပ်ချည်နှောင်၍ လည်ပင်းတွင် ပြန်လည် ချည်နှောင် ထား ခဲ့ကြောင်း” ကို သူ၏ ညီအစ်ကို ၀မ်းကွဲက ပြန်လည် ပြောပြသဖြင့် သိရှိခဲ့ရသည်။ ဘရူနို၏ တရား ရင်ဆိုင် မှုမှာ ပြီးခဲ့သည့် တစ်ပတ် တနင်္လာနေ့က စတင်ခဲ့ပြီး စနေနေ့က ပြီးဆုံးခဲ့သည်။ ပြစ်မှု ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါက ထောင်ဒဏ် ၄၁ နှစ် အနည်းဆုံး ကျခံရဖွယ် ရှိကြောင်း သိရှိ ရသည်။
  Post from: Myanmr Daily News
၂၀၁၂ ခုနှစ်အတွင်း Media များပေါ်က မြို.လေးရဲ. သတင်း အချို. (၁)
၂၀၁၂ ဇူလိုင် ၃ ရက်နေ.ထုတ် မြန်မာ.အလင်း သတင်းစာ
ကျောင်းကြီး ဆရာကန်တော.ပွဲအတွက် ပထမဆုံးအကြိမ် သတင်းစာထဲ ထည်.စဉ်က ..၂၀၁၂ မေ ၃၀ ထုတ် မြန်မာ.အလင်း
၂၀၁၂ ဖေဖော်ဝါရီ ၁၂ ရက်နေ. သတင်းလေးပါ  မြန်မာ.အလင်း နေ.စဉ်ထုတ်သတင်းစာကပါ
တိုင်းဝန်ကြီးချုပ်က ၀ါးခယိမအသင်း (ရန်ကုန်) ရဲ.ပံ.ပိုးမှုနဲ. အထူးကုဆရာဝန်ကြီးတွေ ဆေးရုံမှာ ကုသိုလ်ဖြစ် ဆေးကုပေးတာကို လာကြည်.ရင်း ဆေးရုံအတွက် ၁၅၀၀၀၀ လှုဒါန်းပြီး ဘိုးဘွားရိပ်သာကိုလဲ သွားခဲ့ပါတယ်တဲ..၂၀၁၂ ဇန်န၀ါရီ ၂၅ ရက်နေ.က သတင်းလေးပါ
၂၀၁၂ ဇန်န၀ါရီ ၂၃ ရက်က သတင်းလေးပါ 
၂၀၁၂ ဇန်န၀ါရီ ၁၂ ရက် 7 Day News ဂျာနယ်က သတင်းပါ
ပုသိမ်တွင် ပြည်တွင်းပြည်ပ ကုမ္ပဏီခုနစ်ခုပူးပေါင်း၍ အထူးစီးပွားရေးဇုန်ဖော်ထုတ်မည်
ရန်ကုန်၊ ဇန်န၀ါရီ - ၁၂
အတွဲ (၁၀)၊ အမှတ်(၄၄)
နိုင်ငံရပ်ခြားကုမ္ပဏီလေးခုနှင့် ပြည်တွင်းကုမ္ပဏီကြီးသုံးခုတို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးတွင် Myanmar Super Axis အမည်ရှိ အထူးစီးပွားရေးဇုန်စီမံကိန်းကို အမေရိကန်ဒေါ်လာသန်း ၅၅၀၀ ခန့် ရင်းနှီးမြှုပ်နှံအကောင်အထည်ဖော်သွားရန် စီစဉ်နေကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။
စက်မှုဇုန်များ၊ ရေနက်ဆိပ် ကမ်းနှင့် မြစ်ကူးတံတား၊ ကားလမ်း၊ ရထားလမ်းများ ပါဝင်သောစီမံကိန်းတွင် ရန်ကုန်မှ မအူပင်-ရွှေတောင်မှော်-၀ါးခယ်မ-မြောင်းမြ-ပုသိမ်နှင့် ရေနက်ဆိပ်ကမ်းသို့ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်သည် မြေဧက ၇၅၀၀ ကျယ်ဝန်းမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ကုမ္ပဏီ နှစ်ခု၊ ဟောင်ကောင်မှ ကုမ္ပဏီတစ်ခုနှင့် အင်ဒိုနီးရှားမှ ကုမ္ပဏီ တစ်ခုတို့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် စီမံကိန်းတွင် ပြည်တွင်းကုမ္ပဏီများဖြစ်သော ရွှေသံလွင်ကုမ္ပဏီ၊ ထူးထရေးဒင်းကုမ္ပဏီနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအစုအဖွဲ့ကုမ္ပဏီ (IGD)တို့ ပါဝင်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
“ဒီပရောဂျက်က ဧရာဝတီတိုင်းဒေသကြီးအတွက် အလွန်ကြီးမားတဲ့စီမံကိန်းဖြစ်ပါတယ်။ ဒီလိုပရောဂျက်မျိုးတစ်နိုင်ငံလုံးမှာ မရှိသေးပါဘူး။ ဒီမှာ ရေနက်ဆိပ်ကမ်းတစ်ခုပါ ပါတယ်။ ရေနက်ဆိပ်ကမ်းနဲ့ ဆက်စပ်ပြီးတော့ အထူးစီးပွားရေးဇုန်တစ်ခုပါပါတယ်။ ပြီးရင် အီကိုတိုးရစ်ဇင်ပါပါတယ်။ပြီးရင် စက်မှုဇုန်သုံးဇုန်ပါပါတယ်။ မအူပင်ဒေသမှာ စက်မှုဇုန်တစ်ခု၊ ၀ါးခယ်မ မြောက်ဘက်ဒေသမှာ စက်မှုဇုန်တစ်ခုနဲ့ ပုသိမ်မှာ စက်မှုဇုန်တစ်ခု အကြမ်းဖျင်းလျာထားပါတယ်။ ရန်ကုန်ကနေ ပုသိမ်ကိုဖြတ်ပြီး မြေပြန့်ဒေသထိ မီးရထားလမ်း၊ ကားလမ်းတွေ ပါပါတယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံချက်တွေ၊ မြစ်ကြောင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ အင်မတန်ကြီးမားတဲ့ ရင်းနှီး မြှုပ်နှံမှုဖြစ်ပါတယ်။ ဆွေးနွေးပွဲမှတ်တမ်းတွေ တရားဝင်လက်မှတ် ရေးထိုးပြီးပါပြီ။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုလည်း တင်ပြထားပါပြီ။နိုင်ငံတော်သမ္မတကိုလည်း ဒီပရောဂျက်ကို ပြသပြီးပါပြီ။ နိုင်ငံတော်သမ္မတကိုယ်တိုင်လည်း သဘောတူညီထားပြီးပါပြီ။ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက် ထားပြီဖြစ်ပါတယ်”ဟု တိုင်းဒေသ ကြီး ၀န်ကြီးချုပ်ကပြောသည်။
အဆိုပါစီမံကိန်း၏ ပထမအဆင့်လုပ်ငန်းများကို ၂၀၁၃ခုနှစ်တွင် စတင်ဆောင်ရွက်သွားရန် စီစဉ်ထားပြီး စီမံကိန်းအားလုံး အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပြီးစီးအောင်မြင်ရန် ခန့်မှန်းထားကြောင်းသိရသည်။
(ခုချိန်ထိတော. ဒါနဲ.ပတ်သက်တဲ့ ထင်ရှားသိသာသော လုပ်ဆောင်မှု မရှိသေးပါ)
ဘယ်နေရာ ဘယ်အခြေအနေ ရောက်ရောက် ဇာတိမြေ ကို မမေ.တတ်တဲ. ဇာတိမြေအပေါ် ကျေးဇူး ဆပ်ဖို. ကြိုးစားနေတတ်ကြတဲ. ၀ါးခယ်မသူ/၀ါးခယ်မသားတွေရဲ.အားထုတ်ခြင်းအသီးအပွ င်. တစ်ခုပါ..၂၀၁၂ ဇန်န၀ါရီ ၁၅ ရက်နေ.က သတင်းလေးပါ 
၂၀၁၂ ဇန်န၀ါရီလ ၅ ရက်နေ.က ကျွန်းကုန်းလမ်းဖွင်.ပွဲသတင်းပါ
Sunday, April 28, 2013
မြို.၀န် ဘိုင်ဆပ်ရဲ. ရဲ.တပည်. စာရေးလေးမောင်ပိန်ရဲ. တံတား (သို.) ဦးပိန်တံတား သမိုင်း
အမရပူရမြို့နယ်အတွင်းရှိ တောင်တမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့် ရတနာပုံ တက္ကသိုလ်ကို ဆက်သွယ် တည်ဆောက်ထားသည့် ဦးပိန်တံတားသည် မြန်မာနှင့် ကမ္ဘာကျော် ရှုခင်းကောင်းတစ်ခု၊ အပန်းဖြေလေ့လာရန်နေရာတစ်ခုအဖြစ်ကျော်ကြားပေသည်။ ဦးပိန်တံတားသည် ၁.၂ ကီလိုမီတာ (သို့မဟုတ်) တစ်မိုင် ၏ ၄ ပုံ ၃ ပုံ ရှည်လျား ၍ ကမ္ဘာ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘမှာ အရှည်ဆုံး ကျွန်းသားတံတားဖြစ်သည်။ တံတားဆောက်လုပ်သောနှစ်ကို အင်းက အော်အာ ဆောက်လုပ်ခါ (၁၂၁၁)ဟု၎င်း၊ ပြီးစီးသည့်နှစ်ကို အင်းကအော်ညီး ဆောက်လုပ်ပြီး (၁၂၁၃)ဟုလည်း မှတ်သားထားကြသည်။ တံတားပြီးစီးစက တိုင်ပေါင်း ၉၈၄-တိုင်(န၀ အဋ္ဌဇယမောင်ပိန်) အခန်းပေါင်း ၄၈၂-ခန်းရှိခဲ့သည်။
တံတားအရှည်မှာ (၃၉၇၆)ပေ ရှည်၏။ နားနေဇရပ် လေးဆောင်ရှိပြီး ဘုရင့်ဖောင်တော်များ လွယ်ကူစွာ ဖြတ်သန်းသွားနိုင်ရန် ဖောင်ကြောင်း ကိုးခုကိုလည်း စီစဉ်ထားရှိလေသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် မြစ်ရေကြီးမှုကြောင့် တံတားရေမြှုပ်ကာ အခန်းအချို့ ပျက်စီးသွားခဲ့ရာ အမရပူရအမတ် ဦးဘသီက ပြန်လည်ပြင်ဆင်ခဲ့သည်။ ၁၉၇၃-ခုနှစ်ကလည်း အခန်းရှစ်ဆယ်ကျော် ရေမျောသွားခဲ့သည်။ ထိုစဉ်က မဟာဂန္ဒရုံဆရာတော် အရှင် ဇနကာဘိဝံသ ဦးဆောင်၍ အမရပူရမြို့နယ် ပြည်သူလူထုနှင့် ပြုပြင်ခဲ့သည်။
ဦးပိန်တံတားသမိုင်း
ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်တွင် ဦးပိန်တံတားကို တည်ဆောက်ခဲ့သည်။ ပုဂံမင်းမှာ ကြက်၊ငှက် အစရှိသည်သာမက အခြားသော တိရိစ္ဆာန်များကိုပါ ဖမ်းဆီး၍ တိုက်ပွဲကစားသည်ကို အထူးဝါသနာပါပြီး နေ့စဉ်နှင့်အမျှ ကစားပွဲကျင်းပလေ့ရှိသည်။ တိုင်းရေးပြည်ရာများကို ညီတော်နှစ်ပါးဖြစ်သည့် မင်းတုန်းနှင့် ကနောင်မင်းသားနှစ်ပါးဦးဆောင်သည့် လွှတ်တော်ကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။ ပုဂံမင်း၏ တိရိစ္ဆာန်ရေးရာ ကျွမ်းကျင်သူမှာ ဘိုင်ဆပ်ဟုခေါ်သည့် ကုလား(မွတ်ဆလင်) တစ်ဦးဖြစ်သည်။ ထိုသူကို ပုဂံမင်းက ကြိုက်နှစ်သက်လှသဖြင့် အမရပူရတွင်မြို့ဝန်အဖြစ်ပင် ချီးမြှောက်ခဲ့သည်။ ထိုဘိုင်ဆပ်နှင့် အတူချီးမြှောက်ခြင်းခံရသူမှာ ၄င်း၏တပည့် မြို့စာရေး မောင်ပိန်ဆိုသူဖြစ်သည်။ ထိုသူတို့နှစ်ဦး သောင်းကျန်းလှသဖြင့် အမရပူရတစ်မြို့လုံးသည် ခြောက်ခြားရသည်။ ထိုသူနှစ်ဦးစကားမှာ မင်းနားပေါက်သဖြင့် ကြောက်ကြရသည်။ လှန်ဝံ့သူမရှိခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ၄င်းတို့၏ အပြစ်များကို ပုဂံမင်းသိသဖြင့် ဖမ်းဆီးကာ အပေါင်းအပါများနှင့် တကွကွပ်မျက်ခဲ့သည်။
မြို့စာရေး မောင်ပိန်သည် မွတ်ဆလင်ဘာသာဝင် ဖြစ်သော်လည်း မြန်မာဘုန်းတော်ကြီးကျောင်း ထွက်ဖြစ်သည်။ ခရစ်နှစ် ၁၈၄၉-ခုနှစ်တွင် အမရပူရမြို့စာရေး မောင်ပိန်သည် အသက်ရှိစဉ်၊ အာဏာရှိစဉ်အတွင်းက အမရပူရမြို့တော်မှ တောင်တမန်အင်းကို ဖြတ်၍ အခြားဖက်ကမ်းသို့ သစ်သားတံတားကြီးတစ်ခုကို တည်ဆောက်လေသည်။ တံတားဆောက်လုပ်ရန် သစ်များကို ပုဂံမင်း၏ အမိန့်အရ အင်းဝ နှင့် စစ်ကိုင်းမြို့ဟောင်းများမှ ဘုန်းတော်ကြီးကျောင်းဟောင်းများ ဖျက်ခြင်းဖြင့် ရရှိသည် ဟုဆိုသည်။ တည်ဆောက်ရသည် အကြောင်းမှာလည်း အကောင်းမဟုတ်။ တစ်ဖက်ကမ်းရှိ မွတ်ဆလင်များ ကို ဘိုင်ဆပ်က အမရပူရသို့ အကြောင်းရှိလျှင် အမြန်ကူးနိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဆောက်သည်ဟု ဆိုပါသည်။ တည်ဆောက်သူ မောင်ပိန်ကို အစွဲပြုပြီး ဦးပိန်တံတား ဟုသာ အမည်တွင်သည်။ မည်သို့ဆိုစေကာမူ ဦးပိန်တံတားသည် ယနေ့အခါတွင် တောင်တံမန်အင်း၏ အထင်ကရ ပြယုဂ်အနေဖြင့် ထင်ရှားလျက်ရှိပေသည်။
သက်တမ်း ၁၅၀
ဦးပိန်တံတား သက်တမ်း နှစ်ပေါင်း ၁၅၀ ရှိပြီဖြစ်သည်။ အင်းဝနေပြည်တော်မှ ရွှေ့ပြောင်းမြို့တော် တည်ထောင်ခဲ့သော အမရပူရသည် ဘိုးတော်ဘုရားလက်ထက်က လူမှုရေး၊ စီးပွားရေး၊ မြို့ပြအိမ်ယာများနှင့် စည်းကားဖွံ့ဖြိုးခဲ့ပုံကို သမိုင်းမှတ်တမ်းများ၌ တွေ့ရှိရကြောင်း၊ မျက်မှောက်ခေတ် အမရပူရ မြို့ဟောင်းသည် စေတီပုထိုးသမိုင်း အဆောက်အဦအချို့က ရှေးခေတ်ကို တစေ့တစောင်း ပြသလျက်ရှိသော်လည်း မန္တလေးမြို့တော်နှင့် ဆက်စပ်လျက် ရှိနေသဖြင့် တိမ်မြုပ်လုမတတ်ရှိနေသည်။ ရက်ကန်းလုပ်ငန်းဖြင့် ထင်ရှားသော မြို့တစ်မြို့အဖြစ်သာ အသိအမှတ်ပြုကြရသည်။ သို့ရာတွင် သမိုင်းကို ဖော်ပြနေသော ရပ်ကွက်ကြီးများ၏ အမည်များနှင့် အနုပညာလုပ်ငန်း အတန်းအစု အကွက် အမည်များက ရှေးခေတ်အမရပူရ ကို ပြောပြနေဆဲရှိသည်။
ယခုအခါ အမရပူရမှာ လေ့လာစရာအဖြစ် ရှေးဦးစွာ ဦးတိုက်လေ့လာကြည့်ရှုကြသော နေရာကား တောင်သမန် ဦးပိန်တံတား ဖြစ်သည်။ သက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်းလက်ထက် အမရပူရမြို့ဝန် ဘိုင်ဆပ်၏ မြို့စာရေး ဦးပိန်တည်ဆောက်ခဲ့သောကြောင့် ဦးပိန်တံတားဟု အမည်တွင်သည်။ ဦးပိန်သည် မိုးတွင်းကာလ တောင်သမန် ၁၂ ရပ်မှ လူအများ သွားလာလွယ်ကူရေးအတွက် စစ်ကိုင်း၊ အင်းဝနန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်းများကို ဘုရင့်ထံ လျှောက်တင်ပြီး ရရှိသမျှနှင့် အခြေတည် ဆောက်လုပ်ခြင်းဖြစ်ရာ ယနေ့တိုင် တံတားအိုကြီး မြင်ကွင်းက မြန်မာမှုကို ဆွဲဆောင်ပြသနေဆဲရှိသည်။ ခေတ်အဆက်ဆက် လေမိုးဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုများကို ပြုပြင်ခဲ့ရသည်။
တံတားကို ဆောက်လုပ်ရာ၌ နှစ်နှစ်မျှ ကြာခဲ့သည်။ မြန်မာအင်ဂျင်နီယာပညာရှင်တို့က စကေးမှန်ချိန်မပါဘဲ ခြေလှမ်းဖြင့် တိုင်းတာ၍ ဆောက်ခဲ့ရသော မြန်မာမှု တံတားကြီးဖြစ်သည်။ လှိုင်းဒဏ်၊ လေဒဏ် ခံနိုင်အောင် ဖြောင့်တန်းစွာ မဆောက်ဘဲ တောင်ဘက်သို့ ဦးမော့ ကွေ့ဝိုက်ကာ ကျင်တွယ်ပုံသဏ္ဍာန် ဆောက်လုပ်ထားသည်။
ဦးပိန်တံတားကြီး၏ တိုင်ပေါင်းမှာ ရှေးခေတ်မှတ်တမ်းအရ ၉၈၄တိုင် ရှိသည်ဟု ဆိုသည်။ ဆောင်ပုဒ်အရ “န၀အဋ္ဌဇယမောင်ပိန်” ဟူ၍ ဖြစ်သည်။ ခေတ်ကာလ ရွေ့လျားလာသဖြင့် တံတားကြီးကို အရှေ့ထိပ်၊ အနောက်ထိပ် ပြုပြင်တည်ဆောက်ခဲ့ရသလို ရေလယ်ဇရပ်များကိုလည်း ပြုပြင်တည်ဆောက်ခဲ့ရသည်။ ဇရပ် လေးဆောင်မှ တိုင်များပါ ပေါင်းလျှင် တိုင်ပေါင်း ၁၀၈၆တိုင် ရှိသည်။ အခန်းပေါင်း ၄၈၂ခန်း၊ တံတားအရှည် ၃၉၆၇ပေ၊ တစ်မိုင်၏ လေးပုံသုံးပုံ ရှည်လျားကြောင်း နောက်ဆုံးထုတ် မန္တလေးမြို့နေ သတင်းစာဆရာ နတ်မောက်ထွန်းရှိန် ရေးသားပြုစုသည့် “၀င်းတွေနှင့် တည်ခဲ့သည့် မင်းနေပြည်” စာအုပ်၌ ဖော်ပြထားသည်။
ဆိုခဲ့သည့်အတိုင်း မြန်မာဗိသုကာပညာရှင်များက မြန်မာ့ဆောက်လုပ်ရေးအတတ်ဖြင့် မြန်မာမှုစစ်စစ် တံတားကြီးအဖြစ် ဦးပိန်တံတားကြီးသည် အမရပူရ ရှေးဟောင်းမြို့တော်၏ အမှတ်သင်္ကေတအဖြစ် ရည်တည်လျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စု တိုင်းရင်းသားများသာမက နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည်များပါ နေ့စဉ်လာရောက်ကြည့်ရှု၍ စည်ကားလှသဖြင့် အမရပူရ တောင်သမန်အင်းစောင်း၌ သပ်ရပ်သော စားသောက်ဆိုင် စသော ဈေးဆိုင်ခန်းတန်းများ အတည်တကျ တည်ဆောက်ကာ စီးပွားဖြစ်နေကြသည်ကို တွေ့ရှိခဲ့ရလေသည်။
မြန်မာနိုင်ငံမှဘုရားများ သမိုင်း မှ ကူးယူမျှဝေပါသည်။
By Ohn Mar Oo @ Facebok
ဓါတ်ပုံများကို On Line ပေါ်မှ ကူးယူ စုဆောင်းဖော်ပြပါသည်