Friday, April 26, 2013

ဘာလို.ဒို.သမ္မတ နုစဉ်က လက်သီးစွမ်းပြခဲ့သလဲ နှင်. အသွင်တူ အိမ်သူ


 သမ္မတကြီး ဦးသိန်းစိန် တပ်ရင်းမှူးဘ၀က မန္တလေး ဘူတာ ကြီး မှာ သူစီးမဲ့ ရထားထွက်သွားလို့ သူ့ကိုမစောင့်ရမလားဆိုပြီး ရုံပိုင်ချုပ်ကို လက်သီးနဲ့ ထိုးတယ် ဆိုပြီး ရေး သားသော သတင်းများထွက်ပေါ်လာနေပါတယ်....ဒီအကြောင်းကို တိုက်ရိုက်တွေ.ကြုံသိရှိခဲ့သူ မီးရထား အရာရှိဟောင်း တစ်ဦး ဖြစ်တဲ့ ဦးမြ၀င်းက ရေးပြထားတာလေးပါ....


သမ္မတကြီး ဦးသိန်းစိန် တပ်ရင်းမှူးဘ၀က မန္တလေး ဘူတာ ကြီး မှာ သူစီးမဲ့ ရထားထွက်သွားလို့ သူ့ကိုမစောင့်ရမလားဆိုပြီး ရုံပိုင်ချုပ်ကို လက်သီးနဲ့ ထိုးတယ်ဒုဗိုလ်မှူးကြီးသိန်းစိန်ကြောင့် ရုံပိုင်ချုပ်လည်း အလုပ်ပြုတ်သွားပြီး DSA တက်နေတဲ့ ရုံပိုင်ချုပ်သားလဲ ကျောင်း ထု တ်ခံရတယ်လို့ရေးထားပါတယ်။
အဲဒီအချိန်တုန်းက ကျွန်တော်ဟာ မီးရထားအရာရှိအဖြစ် မန္တလေးဘူတာမှာ တာဝန်ကျနေ ခဲ့တဲံ အတွက်ေ ကြာင့် မို့လို့ ဒီဖြစ်စဉ်ကို အသေးစိတ်ကြုံတွေ့ခဲ့ရပါတယ်။အချိန်က ၁၉၉၁ ခုနှစ်မှာ ဖြစ်ပါတယ်။
ရုံပိုင် က ဦးစံရွှေမောင် လို့ ခေါ်ပါတယ်။ သူ့သားက DSA အပတ်စဉ်(၁၈)က ကိုကောင်းမြတ်သူပါ။အဲဒီ လိုဖြစ်တဲ့ အချိန်မှာ ကိုကောင်းမြတ်သူက တိုက်ပွဲမှာကျလို့ ဆုံးနေခဲ့ပါပြီ။
ဒါကြောင့် ဒုမှူးကြီး သိန်းစိန်နဲ့ရန်ဖြစ်လို့ DSA မှာ တက်နေတဲ့ ဗိုလ်လောင်း ကျောင်းထုတ်တယ် ဆိုတာ မဟုတ် ပါဘူး။ အဲဒီတုန်းက ရုံပိုင်ချုပ် ဦးစံရွှေမောင်ဟာ ဘယ်လိုလူမျိုးလဲ ဆိုတာ အဲဒီအချိန်က မန္တလေး ဘူတာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတော်တော်များများ သိကြပါတယ်။သူဆုံးသွားလို့ သူ့အေ ကြာင်း မကောင်းပြောတာမဟုတ်ပါဘူး။ ဖြစ်ရပ်မှန်ကိုအားလုံးသိစေချင်လို့ပါ။ အဲဒီလိုဖြစ်တဲ့နေ့က ဒုတိယ ဗိုလ်မှူးကြီး သိန်းစိန် တာဝန်အရ ခရီးသွားဖို့ မနက်အစောကြီးမှာ ရထားလက်မှတ် လာဝယ်ပါတယ်။
ရုံပိုင်က ရထားထွက်ခါနီး နာရီဝက်အလိုမှာ ပစ္စည်းတွေတစ်ခါတည်း ယူပြီး လာခဲ့ ဆိုပြီး ပြောလိုက်ပါတယ်၊ဒုဗိုလ် မှူးကြီး သိန်းစိန် က ယူနီဖောင်းအပြည့်အစုံနဲ့ ရထား မထွက်ခင် (၁)နာရီ ကြိုပြီး လာပါတယ်။ 
ပ စ္စည်းတွေလဲ ပါလာပါတယ်။အဲဒီအချိန်မှာ ရထားတွဲတွေငှားတဲ့ ကုန်သည်တွေနဲ့ ရုံပိုင်က စကားပြောနေ ပါတယ်။
ရုံပိုင် က ခဏစောင့်ဦး ဆိုပြီး ကုန်သည်နဲ့ ဆက်ပြီး စကားပြောနေတာပါ။ ဒီအချိန်မှာ တစ်ခြား မှောင်ခို လက် မှတ်တွေ ကိုတော့ တစ်ခါတည်း လုပ်ပေးတာကို တွေ့နေရပါတယ်။ဘေးမှာ ရထားက အရာရှိ တစ်ယောက် ရှိပါတယ်။ အလုပ်သင်(၄)က ဗိုလ်ကြီးနဲ့ ပြောင်းသွားတဲ့ သူပါ။
အခုလက်ရှိ သက်ရှိထင်ရှား ရှိနေပါသေးတယ်။
ရုံပိုင်ချုပ်က ကုန်သည်တွေနဲ့ ဟေလားဝါးလား ပြောဆိုနေပြီးတော့ ဒုဗိုလ်မှူးကြီး သိန်းစိန်ကို ထိုင်ခိုင်း ထား တာ ပါ။ရထားချိန် နီးလာတာနဲ့အမျှ ဒုဗိုလ်မှူးကြီး သိန်းစိန်က စိတ်ပူပြီး ရထားလက်မှတ်ကိစ္စ ထပ်ပြော ပါတယ်။
အဲဒီအချိန်မှာ ရုံပိုင်ချုပ် တပည့်တွေ အလျှိုလျှိုဝင်လာပြီး ရထားလက်မှတ်တွေကို မှောင်ခိုသမားတွေဆီ ပေးနေ တာ ဒုဗိုလ်မှူးကြီး သိန်းစိန်က မြင်နေပါတယ်။အဲဒါနဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန်က မနက် အစောကြီး ကတည်းက ကျွန်တော်လက်မှတ် လာဝယ်ခိုင်းထားတာပါ။ အခုထိ မရသေးဘူး။ ကျွန်တော့်မှာ အရေးကြီး တာဝန် နဲ့ပါ လို့ပြောပါတယ်။
ရုံပိုင်ချုပ်က ခင်ဗျားဘာလောနေတာလဲဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း စပြောပါတယ်။
မှောင်ခိုသမားတွေ ခုမှလာပြီး လက်မှတ်တွေ ယူနေတယ်။ နိုင်ငံ့တာဝန်နဲ့သွား လာနေတဲ့သူတွေ ကျတော့ ဒီလို လက်မှတ်လုပ်မပေးတာကောင်းသလားဆိုပြီး စကားများကြတာပါ။ရုံပိုင်ချုပ်က ခင်ဗျား ကျွန်တော် ပေးရင် ရမယ်-မပေးရင် မရဘူးဗျာ ဆိုပြီး ပြောပါတယ်။ 
ဒီမှာပဲ ခင်ဗျား ပြောတာ မိုက်ရိုင်းလှချည်လားဆိုပြီး လက်နဲ့ ရင်ဘတ်ကို ဆောင့်တွန်းတာပါ။ မထိုးပါဘူး။
ဒီ မှာပဲ အကျယ်အကျယ် မဖြစ်ရအောင် ရုံပိုင်တပည့်တွေက လက်မှတ် ချက်ချင်း ထုတ်ပေးပါတယ်။ဖြစ် စဉ်က ဒါပါပဲ။


ထို.အပြင် အချို.သော ရာထူးအာဏာရှိခဲ့သူ..ရှိနေသူ တို.၏ ဆွေမျိုးသားချင်းများ ပြုမူဆက်ဆံ ကျင်.ကြံနေကြပုံများ ကိုလည်း ယ.ခုရက်ပိုင်းအတွင်း တွေ.မြင်ရတတ်ပါသည.်..ထို.ကြောင်. အဖြစ်အပျက် တစ်ခုပြောပြပါအုံးမည်...၂၀၁၂ ခုနှစ်က ဖြစ်ပါတယ်။ 



သမ္မတကတော် ဒေါ်ခင်ခင်ဝင်းဟာ တစ်ရက်မှာ သူ့သမီးကြီးနဲ့ ရန်ကုန်မြို့တွင်းမှာ အရပ်သုံးဆလွန်းကားတစ်စီးနဲ့ သွားလာနေတုန်းမှာ ယာဉ်ထိန်းရဲတစ်ယောက်က တားပြီး ဖမ်းပါသတဲ့။
ပြီးတော့ လိုင်စင်စစ်ပါတယ်။ ပြီးတော့ ကားထဲကို ကြည့်လိုက်တော့ အမျိုးသမီး(၂)ဦးနဲ့ အူတူတူအတတ ယာဉ်မောင်း၊ စုစုပေါင်း(၃)ဦး ပြူးကြောင်ကြောင်နဲ့ ကြည့်နေတာ တွေ့ရတော့ ဟိန်းဟောက်ပြီး ပြောပါသတဲ့။

ဒီမှာပဲ သမ္မတကတော်ကြီးက ဘာဖြစ်လို့လဲ မေးပါတယ်။ ဒီတော့ ယာဉ်ထိန်းရဲက အမြန်နှုန်းပိုပြီး မောင်းလို့ လို့ ပြောပါတယ်။ ဒီတော့ ယာဉ်မောင်းက ပိုမမောင်းပါဘူး၊ အန်တီတို့လည်းပါပါတယ်၊ ကျွန်တော် ဖြည်းဖြည်းပဲ မောင်းတာပါ၊ ဒီကားက ကျွန်တော်တို့ ဦးသိန်းစိန်အိမ်က ကားပါ လို့ ပြောတော့ ယာဉ်ထိန်းရဲက ဦးသိန်းစိန်....ဘယ် ဦးသိန်းစိန်လဲ၊ ဦးသိန်းစိန်တွေ ဦးသန်းစိန်တွေ ပြောမနေနဲ့ ဆိုပြီး ပြန်ပြောပါသတဲ့။

သမ္မတကတော်က သူ့ယာဉ်မောင်းကို ဘာမှမပြောဖို့ တားလိုက်ပါတယ်။ ပြီးတော့ ယာဉ်ထိန်းက ထုံးစံအတိုင်း မှတ်တာ သားတာတွေ လုပ်ပြီး လွှတ်ပေးလိုက်ပါသတဲ့။
ကဲ မိတ်တွေများ အဲဒီ ယာဉ်ထိန်း ဘာဖြစ်သွားတယ် ထင်သလဲ။ ဘာမှ မဖြစ်ပါဘူး။ သမ္မတကတော်နဲ့ သမ္မတသမီးတို့က ဘယ်သူ့ကိုမှ ပြန်မပြော၊ ပြန်မတိုင်ခဲ့သလို.... ယာဉ်ထိန်းဟာလည်း သူ သမ္မတအိမ်က ကားကို တားပြီး ဟိန်းဟောက်ခဲ့မှန်းတောင် သိခဲ့မှာ မဟုတ်ပါဘူး။

အခုတော့ အဲဒီ ယာဉ်ထိန်း ရာထူးတိုးသွားပြီ လို့ သိရပါတယ်။
ဒီနေရာမှာ မဖြစ်သင့်တာ တစ်ခုက ရန်ကုန်က ယာဉ်ထိန်းတွေဟာ လူကြီးတွေ အိမ်က ကားတွေ၊ ကားနံပါတ်တွေကို အလွတ်နီးပါး သိထားကြသူတွေပါ။ သမ္မတမပြောနဲ့ ၀န်ကြီးဟောင်းတွေ ဗိုလ်ချုပ်ဟောင်းတွေ အိမ်ကားတွေ အကုန်သိထားကြတာပါ။
တိုက်တိုက်ဆိုင်ဆိုင် သမ္မတအိမ်ကကားကို တားပြီးဟောက်တဲ့ ယာဉ်ထိန်းနဲ့ သဘောကောင်း မနောကောင်းတဲ့ သမ္မတကတော်၊ သမ္မတသမီးနဲ့ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ကျန်တဲ့ လူကြီးသားသမီးတွေ၊ လူကြီးကတော်တွေ
ဒါမျိုး လုပ်နိုင်ကြပါ့မလား။
အခု ရမ်းကားနေတဲ့ လူကြီးသားသမီးတွေ၊
သူတို့အဖေအမေတွေ ဒီဖြစ်စဉ်ကို သိရင် ရှက်တတ်ကြပါစေဗျာ။
(ယာဉ်ထိန်းဆီက ပြန်မောင်းအထွက်မှာ သမ္မတကတော်က သူ့မှာလည်း တာဝန်ရှိလို့ပဲ။ နောက်ဆို ဘာမှ မပြောနဲ့ လို့ ယာဉ်မောင်းကို ပြောပါသတဲ့)




Ref ; We Love True @ Facebook

 

No comments:

Post a Comment