ဝါးခယ်မမြို.လေး၏ အဖြစ်အပျက် ၊အကြောင်းအရာ ၊သမိုင်းများကို လေ.လာသိရှိနိုင်စေရန် ၊ ဂုဏ်ယူနိုင်စေရန် ရှာဖွေစုဆောင်း တင်ပြထားခြင်းဖြစ်ပြီး အခြား စိတ်ဝင်စားဖွယ် ၊ ဗဟုသုတ ရဖွယ်ရာများ ကိုဖတ်ရှုနိုင်ရန်အတွက်လည်းကောင်း ၊ဤ ဘလော.မှတစ်ဆင်. အခြားဘလော.များ သတင်းဋ္ဌာနများကို အလွယ်တကူသွားရောက်လေ.လာနိုင်ရန်အတွက်လည်းကောင်း တရားဝင် မြူနီစပယ် မြို.အဖြစ်ရပ်တည်ခွင်.ရသည်.မြို.လေး၏ ၁၀၆ နှစ်ပြည်.မွေးနေ. ဖြစ်သော၁-၁၀-၂၀၁၂ တွင်ဝါးခယ်မ ဘလော.ကို စတင်ဖွဲ.တည်ပြိး ၁၂ ရက် ၁၂ လ ၂၀၁၂ တွင် အပြီးသတ်လွှင်.တင်သည်
Showing posts with label ဗေဒင်.နက္ခတ်.စိတ်ပညာ ဆိုင်ရာများ. Show all posts
Showing posts with label ဗေဒင်.နက္ခတ်.စိတ်ပညာ ဆိုင်ရာများ. Show all posts
Wednesday, August 12, 2015
လက်သန်းဗေဒင် တွက်ကြည်.ကြမယ်
သင့်ရဲ့  လက်သန်းလေး တွေကို ကြည့်လိုက်ပါ။ ( အမျိုးသား ဆို ဘယ်ဘက်၊ အမျိုးသမီး ဆို ညာဘက်။ ) လက်သန်းမှာ အပိုင်း သုံးပိုင်း ကန့် ထားပါတယ်။ အဲ့ဒီ သုံးပိုင်း အရ အရှည်ဆုံး အပိုင်း ရဲ့  အားသာချက်တွေပါ။
1. လက်သန်း ထိပ်ဆုံးက အရှည်ဆုံး ဖြစ်ပါတယ်။ သင်ဟာ... ဆွဲဆောင်မှု ရှိတယ်၊ ဘာသာစကားကြွယ်ဝတယ်၊ တစ်ယောက်ယောက်ကို ဖော်ပြတဲ့ အခါမှာ ကျွမ်းကျင်တယ်၊ လေ့လာ ခြင်း ကောင်းတာကြောင့် သူများတွေရဲ့  အရူးလုပ်ခြင်း မခံ၇ပါ။
2.လက်သန်း အလယ်ပိုင်းက တစ်ခြား အပိုင်းတွေထက် ရှည်နေမယ်ဆိုရင် သင်ဟာ သူများ ကို စိတ်ရှည်လက်ရှည် နဲ့  ပြုစု စောင့်ရှောက်ဖို့  ပင်ကိုယ် ကောင်းပြီးသားပါ။ ကျန်းမာရေး နယ်ပယ်မှာ လုပ်နေတဲ့ ၀န်ထမ်းတွေ တော်တော်များများ ဒီလို လက်သန်းမျိုး ပိုင်ကြပါတယ်။
3. လက်သန်း အောက်ဆုံး အပိုင်းက ပိုပြီး ရှည်နေခဲ့မယ်ဆိုရင် သင်ဟာ လွတ်လပ်ခြင်းကို နှစ်သက်တယ်။ အပူအပင်မရှိတဲ့ ဘ၀ကို အေးအေး ဆေးဆေးနေချင်တယ်။ သင်ဟာ အချက်လက်လက် ကျကျ နဲ့  စကားကို ပြန်ပြောနိုင်စွမ်းရှိတယ်။
ထိုနည်းတူစွာ အဲဒီ သုံးပိုင်း အရ အတိုဆုံး အပိုင်း ရဲ့  အားနည်း ချက်တွေပါ။
4. လက်သန်း အပေါ်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သင့်ကိုယ်သင် ဖော်ပြနိုင်မှု အားနည်းတယ်။ သင်ဟာ မွေးလာကတည်းက ရှက်တတ်တာကြောင့် သင့်ကိုယ်သင် နားလည် ရန်ခက်ခဲ့ပါတယ်။ သင်ဟာ အပေါင်းအသင်းတွေ ကြားမှာတော့ သိပ် ထင်ပေါ် ကျော်ကြားခြင်းမရှိပါဘူး။
5. လက်သန်း အလယ်ပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သစ္စာ ရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။ သင့် စိတ်သဘောထားတွေက အမြဲတမ်း တူညီနေသလို သင့် ဟာ လိုက်လျောညီထွေစွာ မပြောင်းလဲတတ်ပါဘူး။ ဒါဟာ အားသာချက် ဖြစ်ပေမယ့် တစ်ဖက်မှာတော့ သင်ဟာ ခေါင်းမာတတ်တဲ့လူတစ်ယောက် ဆိုတာ ဖော်ပြနေပါတယ်။
6.လက်သန်း အောက်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ တစ်အား ရိုးစင်းပြီး သူများ အပေါ် ခဏလေး နဲ့ ယုံတတ်ပါတယ်။ တစ်အား ရိုးတော့ တစ်ခါ တစ်လေ သူများ အပေါ် မယဉ်ကျေးတာမျိုး မသိနားမလည်တာမျိုး ဖြစ်တတ်ပါတယ်။
Credit to mynamar yoe yar bay din
Friday, May 15, 2015
၁၃၇၇ အတွက် မြန်မာ နှင်. နိုင်ငံတကာ အနာဂတ် ခန်.မှန်းချက် နောက်ဆက်တွဲ
( ၁၃၇၇ ခုနှစ်အကြောင်း နောက်ဆုံးဆောင်းပါးအား တိုက်ရိုက်ကူးယူဖော်ပြခြင်း
ဖြစ်ပါတယ် )
ဒီတစ်နှစ် မဟာဘုတ်ဇာတာခွင်မှာ ….လှပတဲ့ ဂြိုဟ်သမ္ဗန္ဓ တစ်ခု
ရှိပါတယ်။ အဲဒါကတော့ အထွန်းဌာနမှာ ရပ်တည်နေတဲ့ မဟာဘုတ်နိစ်ဂြိုဟ် ဗုဒ္ဓဟူးဂြိုဟ် နဲ့
ဘင်္ဂဌာနမှာ ရပ်တည်နေတဲ့ ကြာသာပတေးဂြိုဟ်တို့ …ဌာနချင်း ပရိဝတ္တနသမ္ဗန္ဓပြု ရပ်တည်နေတဲ့အချက်ပါပဲ။
ဒီဆက်နွယ်မှုရဲ့အကျိုးအာနိသင်ကို နှစ်များစွာ ကျွန်တော်
လေ့လာသုတေသ နပြုခဲ့ပါတယ်။ နေ့နံတစ်ခုချင်းဆီ အလိုက်လည်း ..မှတ်တမ်းတင် ထားကြည့်ခဲ့မိသလို..ကောဇာ
အပြောင်းအရွှေ့များ အပေါ်မှာလည်း ….လေ့လာမှတ်သားခဲ့ပါတယ်။
တွေ့ရှိချက်တွေအားလုံးကို နောက်ဆုံးအနှစ်ချုပ် ဆွဲထုတ်ကြည့်လိုက်မယ်ဆိုရင်တော့....
ဒီသမ္ဗန္ဓ သည်…ကြီးမားသော ကောလဟာလ များနဲ့
…သက်ဆိုင်ကြောင်း တွေ့ရှိရပါတယ်။
ကျော်တော့ လှေသူကြီး ၊ ညားတော့လှေထိုးသားလို့ပဲ ဆိုဆို…ဒီသမ္ဗန္ဓကြောင့်ပဲ….ဒီတစ်နှစ်မှာ
လူတွေကို နဝေတိမ်တောင် ဖြစ်စေလောက်မယ့် ….ကြီးမားတဲ့ သတင်းမှားကြီးတွေ ပေါ်ပေါက်လာတတ်ပါတယ်။
ဒီအပေါ်မှာ ဆက်လက်ကောက်ချက်ဆွဲ ဟောဆိုရမယ်ဆိုရင်…..
….ကမ္ဘာပေါ်မှာ
သည်တစ်နှစ်အဖို့ …ငွေကြေးဖောင်းပွမှုတွေ၊ ငွေကြေးနှင့်သက်ဆိုင်သော …ကြီးမားသော ကောလာဟလ
သတင်းမှားတွေ ပေါ်ပေါက်ရန် လွယ်ကူစေတတ်ပါတယ်။
ထို့အတူ ကျိန်းသေပေါက်လောက် နီးနီး သေချာလှပါတယ်ဆိုတဲ့ သတင်းအချို့သည် …..လုံးဝနီးနီး
သတင်းမှားတွေ ဖြစ်နေတတ်ခြင်းမျိုး ကြုံကြိုက်ကြရတတ်သည့် ကာလဖြစ်ပါတယ်။ ဒီသမ္ဗန္ဓသည် နိုင်ငံတကာ
ငွေလဲလှယ်မှု နှုန်းထားများကိုလည်း …ကမောက်ကမ ဖြစ်သွားစေ နိုင်တယ်လို့ ယျေဘုယျ ယူဆသုံးသပ်မိပါတယ်။
ဘဏ်နှင့် ဘဏ်လုပ်ငန်းများကို ကိုယ်စားပြုသော သောကြာဂြိုဟ်ဟာ
ပုတိဌာနမှာ ရပ်တည်နေမယ့် ၁၃၇၇ခုနှစ် ဖြစ်ပါတယ်။ ဒီအချက်သည် …ရေနဲ့ ရေလုပ်ငန်းများ ဆိုင်ရာ
နယ်ပယ်တို့မှာ …ဘဏ်လုပ်ငန်းများ နဲ့ ချေးငွေလုပ်ငန်းများ ပေါ်ပေါက်လာနိုင်ခြင်းကိုဖော်ပြသလို….၊
ပြည်တွင်းဆိုင်ရာ ငွေချေးလုပ်ငန်းများ ပိုမိုများပြားလာတတ်ခြင်းကို
ဖော်ပြပါတယ်။ ဒီတစ်နှစ်ဟာ ဆွေမျိုးသွေးသား အချင်းချင်း…ငွေကြေးချေးငှား
ရင်းနှီးမြုပ်နှံခြင်းများကို တွန်းအားပေးတဲ့ နှစ်မျိုးဖြစ်တာကြောင့် ….အင်မတန်ကပ်စေးနှဲတဲ့
ဂျီးဒေါ်အပျိုကြီးဆီကတောင် အပြောကောင်းရင် အတိုးချိုချိုနဲ့ ချေးဌားလို့ ရတတ်သော ကာလဖြစ်ပါတယ်။
ကျွန်တော် ခုရေးပြနေတဲ့အချက်ကလေးတွေဟာ အသုံးလိုအပ်နေသူတွေ
အတွက်တော့ ….အရေးပါသော အချက်ကလေးတွေ ဖြစ်ပါလိမ့်မယ်။
သောကြာဂြိုဟ်ဟာ …ထိမ်းသိမ်းစောင့်ရှောက်ပေးတတ်သော ဂြိုဟ်ဖြစ်ပါတယ်။
ဒါကြောင့် …ဒီတစ်နှစ်မှာ …ကမ္ဘာအရပ်ရပ်က ခရီးသွားလုပ်ငန်းများစွာမှာ ….ပြန်လည်ပြုပြင်မွန်းမံခြင်းများ၊
လုံခြုံရေးအစီအစဉ်များ …တိုးမြှင့်ခြင်း ရှိလာပါမယ်။ အဝေးပြေးဂိတ်စခန်းများ နဲ့ …ကြားစခန်းများ
၊ခရီးတစ်ထောက် နားနေစခန်းများ မှာလည်း …လုံခြုံရေးတိုးမြှင့်မှုနဲ့ ..ပြန်လည်နေရာချထားမှုတွေ
ပေါ်ပေါက်လာပါမယ်။ အခြားတစ်ဖက် မှာလည်း …ယင်းနေရာဌာနများမှာ …လောကီစည်းစိမ် ဇိမ်ခံစားနိုင်ဖွယ်ရာ
အစီအစဉ်တွေ တိုးမြှင့်လာမှုကို ဖော်ပြနေတဲ့ အချက် ဖြစ်တာမို့………သည်တစ်နှစ်အဖို့
…ကမ္ဘာ့လူသားများစွာဟာ ….ခရီးသွားရင်း စည်းစိမ်ခံစားလိုမှု မြင့်တက်လာနေကြမှာကို ဖော်ပြနေပါတယ်။
ဒါကြောင့် … အဝေးပြေးဂိတ်စခမ်းလိုနေရာမျိုးတွေ၊ ပင်လယ်ကမ်းခြေနေရာမျိုးတွေမှာ
…ဟော်တယ်နဲ့ ခရီးသွားလာရေး ဆိုင်ရာ လုပ်ငန်းလုပ်ကိုင်နေသူများအဖို့ …မိမိတို့ လုပ်ငန်းများကို
လှပသေသပ်ပြီး သန့်ရှင်းသပ်ရပ်စွာ ဆွဲဆောင်မှုပြုထားနိုင်မယ်ဆိုရင် …စီးပွားအထူးဖြစ်ထွန်းနိုင်မယ့်ကာလ
တစ်ခု ဖြစ်လာနိုင်ပါတယ်။ အဓိကအချက်ကတော့ လူသားပေါင်းများစွာဟာ ခရီးထွက်ခြင်းနဲ့ ပင်လယ်ကမ်းခြေကဲ့သို့
ရေနဲ့နီးစပ်သောနေရာဒေသများတွင် ပျော်မွေ့စည်းစိမ်ခံလိုခြင်း ဆန္ဒတွေ ရုန်းကြွလာတတ်သော
ကာလဖြစ်လို့ပါပဲ။
ဒီတစ်နှစ်ဟာ စနေဂြိုဟ် သိုက်ဌာနမှာ မဟာဘုတ်ဥစ်မူသော နှစ်တစ်နှစ်လ
ည်းဖြစ်ပါတယ်။ လောကုတ္တရာဂြိုဟ်ကြီး ဥစ်မူနေသည့် ..သည်တစ်နှစ်သည်…
ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာတော့ ဓမ္မအကျိုးစီးပွားကို ပိုမို ရှာဖွေခွင့်ရရှိနိုင်ကြသည့်
အခါသမမျိုး လို့ ယူဆမိပါတယ်။ နဂိုကတည်းက ဥာဏ်နီးစပ်ခဲ့သော သူတော်စင်သူတော်ကောင်း အပေါင်းတို့အဖို့
လည်း ..ဥာဏ်စဉ် ပိုမိုမြင့်တက်ခွင့် ကြုံကြိုက်တတ်သော အခါသမကောင်း ဖြစ်နိုင်ပါလိမ့်မယ်။
ဤဂြိုဟ်အနေအထားသည် ကမ္ဘာပေါ်မှာ အလွန်ရှေးကျသော ရှေးဟောင်း
အမွေအနှစ်များ ပြန်လည်ပေါ်ပေါက်လာစေတတ်ခြင်း နဲ့ …သမိုင်းဆိုင်ရာ အဖိုးတန် အချင်းအရာများ
ပြန်လည်ပေါ်ပေါက် ထွန်းကားလာတတ်ခြင်းကို ဖော်ပြပါတယ်။
================
အနှစ်ချုပ်သုံးသပ်ချက် နှင့် မြန်မာပြည်မြင်ကွင်း
---------------------------------------------------
သည်တစ်နှစ်…. ၁၃၇၇ခုနှစ် …..
ဆွေမျိုးသွေးသားချင်း စစ်ခင်းရတတ်သော ကာလ တစ်ခု ကျရောက်နေစဉ်မှာပဲ…တိုင်းရင်းသားလက်နက်ကိုင်
များစွာဆီက ရုန်းကြွတော်လှန်လိုမှု သတင်းတွေ ဖြတ်သန်းစီးဆင်းနေပါတယ်။
မြန်မာပြည်ရဲ့ကံဇာတာဟာ …အလိုလိုကတည်းကမှ….စစ်နဲ့ကင်းဝေးခဲ့သည်
မရှိခဲ့သေးပါ။ ယခုလည်းပဲ …..ပြည်တွင်း စစ်ပွဲအသေးစားလေးတွေ ဟိုမှာ..သည်မှာ..ကြားနေရဆဲပါပဲ။
ဘာသာရေး ဆိုင်ရာ ကျဆုံးမှုတွေ ဖြစ်ပွားလာတတ်သော သည်ယခုနှစ်မျိုးမှာ….လက်ရှိဘာသာကြီးလေးခု
…ထဲက အချို့သော ဘာသာတရားများ …ချိနဲ့ယိုယွင်းမှု ဖြစ်တည်လာနိုင်တဲ့ကာလ တစ်ခု..။
ဥပဒေသတ်မှတ်ချက်နှင့် စည်းမျဉ်းစည်းကမ်းအချို့ လုံးဝပယ်ဖျက်ပြီး
ဥပဒေသစ်များ စည်းကမ်းသစ်များ အစားထိုးရတတ်သော ယခုနှစ်မျိုးတွင်…..ကျွန်တော်တို့နိုင်ငံမှာရော…အဘယ်ဥပဒေဟောင်းများကို
လုံးဝ ပယ်ဖျက် ရုတ်သိမ်းသွားပါမလဲ..စောင့်ကြည့်ရပေဦးတော့မည်။
ယခုနှစ်သည် ကျွန်တော်တို့မြန်မာနိုင်ငံ၏ …နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သူ
…အမျိုးသမီးကြီး၏ နာမည် ပက္ခမိထားသည့် နှစ်တစ်နှစ် ။ ထို့အတွက်ကြောင့် … ယဉ်ကားများ
နှင့် ခရီးသွားလာနေစဉ် အန္တရယ်ကျရောက်ခြင်း၊ အသင်းအဖွဲ့ ဂိုဏ်းဂဏများဖြင့် ရန်ပြုခံရသည့်
အန္တရယ်ကျရောက်ခြင်းမှ ကင်းပါစေဟုသာ …..ကျွန်တော် ဆုတောင်းမိပါတော့သည်။
သည်တစ်နှစ် အင်အားအကောင်းဆုံးဂြိုဟ်ကား အင်္ဂါဂြိုဟ်…………။
ထို့ကြောင့်ပင်လျင် ညီညွတ်ခြင်းသည် အကောင်းဆုံးအင်အား နှင့်
အစွမ်းဆုံးလက်နက်ဖြစ်ကြောင်း အားလုံး သတိမူနိုင်ကြပါစေသတည်း…။
စာဖတ်သူအားလုံးကို လေးစားမြတ်နိုးစွာဖြင့်
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးခိုင်
www.mahabote.org
phone 09 31817287
ဆက်စပ်ဖတ်ရှုရန်
Thursday, May 7, 2015
၁၃၇၇ ၏ အနာဂတ် ခန်.မှန်းချက်
နှစ်သစ်တစ်ခုဖြစ်သည့် ၁၃၇၇ခုနှစ်ကတော့ …ရောက်ရှိလို့ဖြင့် လာပါလေပြီ။
ကျွန်တော် စာမရေးနိုင်ဖြစ်နေခဲ့သည်မှာ ကြာ
သည်တစ်နှစ်မှာ တော့ တနင်္ဂနွေဂြိုဟ် (နေမင်း) ဟာ မရဏဌာနမှာ ရောက်ရှိလို့လာပါတယ်။ ဒီအနေအထားသည် …ကမ္ဘာပေါ်မှာ သယံဇာတ ပြုန်းတီးမှု ပြဿနာအချို့ ထင်ထင်ရှားရှား ပေါ်ပေါက်လာစေ နိုင်သည့် အနေအထားကို ဖော်ပြပါတယ်။ ကမ္ဘာ့နိုင်ငံအချို့ ..စီးပွားရေး အရ ကြီးမားစွာ ထိခိုက်မှု ရှိလာနိုင်သည့် အနေအထားတစ်ရပ်ဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေး အနေအထား မှာလည်း…
လူသားတွေဟာ သည်တစ်နှစ်မှာ …ပုံမှန်လုပ်ဆောင်လာရသော လုပ်ရိုးလုပ်စဉ်တွေကို မုန်းတီးငြီးငွေ့ လာကြပြီး ၊ လမ်းကြောင်းသစ်တွေ ၊ နည်းပညာသစ်တွေ ၊ စနစ်သစ်တွေကို တောင့်တလာကြပါမယ်။ အလွန်အရေးကြီးလှတဲ့ သည့်အချက်ကြောင့်ပဲ နိုင်ငံများစွာမှာ စီးပွားရေး ၊ နိုင်ငံရေး ၊ ပညာရေး ၊ ကျန်းမာရေး ဆိုင်ရာ …နည်းလမ်းသစ်များ ပေါ်ပေါက်လာပါမယ်။ နဂိုသွားနေကြ ပုံမှန်လမ်းကြောင်းကနေ သွားလို့ ဘယ်လိုမှ မရတော့တဲ့ အခြေအနေတွေကိုလည်း ရင်ဆိုင်လာကြရပါလိမ့်မယ်။ လူတွေမှာ ကိုယ်ဆီနာမည်ရှိကြသလို…ထိုနာမည်
ထို့နည်းတူစွာပင် …နိုင်ငံများစွာမှာလည်း …နိုင်ငံအမည်ကိုယ်စီ ရှိကြပြီး ထိုနိုင်ငံအမည်အများ အလိုက် ကောဇာနှစ်အပြောင်းအလဲမှာ …ထူးခြားသောအပြောင်းအလဲများ ထပ်တူလိုက်ပါလာကြပါတယ်။
ဥပမာအားဖြင့် သည်တစ်နှစ်မှာ အမေရိကန် နိုင်ငံလို ကမ္ဘာ့အင်အားကြီးနိုင်ငံမျိုး ရဲ့အမည်ဟာ မဟာဘုတ်ပက္ခလမ်းကြောင်းပေါ်မှာ တည်ရှိနေပြီး ….တနင်္ဂနွေဂြိုဟ် အထူးအားနည်းသော နိုင်ငံအမည်အဖြစ် တွေ့ကြရပါမယ်။ နိုင်ငံရေးဗေဒင်ကို … ခုနှစ်ခုစား မဟာဘုတ်ပညာနဲ့ ဟောလို့ ရပါ့မလားလို့ သံသယ ရှိစရာကောင်းပေမယ့် …ကျွန်တော့်အမြင်အရတော့ ….သည်တစ်နှစ်မှာ အမေရိကန်လို နိုင်ငံမျိုးဟာ …တနင်္ဂနွေအားနည်းမှုကို မုချရင်ဆိုင်ရပါလိမ့်မယ်။ ဒါကြောင့် အမေရိကန်နိုင်ငံမှာ …သဘာဝစွမ်းအင်နဲ့ သယံဇာတ ဆိုင်ရာ လိုအပ်ချက်တွေ၊ အခက်အခဲတွေ ပိုမို ကျရောက်လာပါမယ်။ ထိပ်ပိုင်းအဆင့် ခေါင်းဆောင်အချို့ …နုတ်ထွက် ရခြင်း၊ အနားယူရခြင်းတွေ ပေါ်ပေါက်လာနိုင်ပြီး သဘာဝဘေးအန္တရယ်များစွာကိုလည်း အမေရိကန်နိုင်ငံအဖို့ ရင်ဆိုင်ရဖို့ အလားအလာတွေ ရှိနေတာကို တွေ့ရပါတယ်။
ထို့နည်းတူစွာ မြန်မာနိုင်ငံသည်လည်း ဘင်္ဂ+ဘင်္ဂ ပက္ခလမ်းကြောင်းပေါ်မှာ ရပ်တည်လာရချိန်ဖြစ်ပါတယ်။ ဒီအချက်ကတော့ လက်ရှိခုနှစ်အတွင်း မြန်မာနိုင်ငံအဖို့ …ငွေကြေးပိုင်းဆိုင်ရာ အပြောင်းအလဲတွေနဲ့ ပြဿနာတွေ ရင်ဆိုင်ရနိုင်ပြီး၊ နိုင်ငံမှာ ပညာရှင် လိုအပ်ချက်တွေ အများအပြား ပေါ်ပေါက် လာနိုင်ပါတယ်။ ဒါကြောင့် …ဒီတစ်နှစ်မှာ မြန်မာနိုင်ငံအတွင်းကို ပြည်ပက ပညာရှင်တွေပါ အများအပြား ဖိတ်ခေါ်လာရနိုင်တယ်လို့ ယူဆမိပါတယ်။ ထို့အတူ ကြီးမားတဲ့ ပညာရေးရာ အပြောင်းအလဲတွေ မြန်မာနိုင်ငံမှာပေါ်ပေါက်လာနို
တနင်္ဂနွေဂြိုဟ် မရဏဌာန မှာရပ်တည်နေသော ယခုလို ကောဇာနှစ်မျိုးဟာ ကမ္ဘာနဲ့အ၀ှမ်းမှာ ရှိတဲ့ အကြီးအကဲများ ခေါင်းဆောင်များကို အနားယူရတတ်စေသော၊ နှုတ်ထွက် ရတတ်စေသော၊ သေဆုံး ရစေတတ်သော နှစ်မျိုးဖြစ်ပါတယ်။ တနည်းအားဖြင့်ကတော့ ရွက်ဟောင်းတွေ ကြွေချိန်ပါ။ နိုင်ငံများစွာမှာ ဥပဒေရေးရာ အပြောင်းအလဲတွေ၊ ဥပဒေအချို့ ပယ်ဖျက်ရုတ်သိမ်းရခြင်းတွေ ဖြစ်ပေါ်လာပါမယ်။ ဒါကြောင့် ….တော်လှန်ပြောင်းလဲလိုသူတွေအတွ
သမားတု သမားယောင်တွေ ပေါများတတ်ချိန်မျိုးဖြစ်သလို…ေ
တနင်္လာဂြိုဟ် (လမင်း) ကတော့ သည်တစ်နှစ်မှာ အဓိပတိဌာနမှာ ရပ်တည်လို့ဖြင့်လာပါတယ်။ တနင်္လာဂြိုဟ် အဓိပတိဌာနမှာ ရပ်တည်လာသည့် အင်အားကတော့ ………သည်တစ်နှစ်မှာ ..ပညာသင်ကြားရေးဆိုင်ရာ တော်လှန်ပြောင်းလဲမှုများစွာ မုချပေါ်ပေါက်လာတော့မယ် ဆိုတာကို ညွှန်ပြလို့ဖြင့် နေပါတော့တယ်။ ကျောင်းတွေ၊ သင်တန်းတွေ အပြိုင်အဆိုင် မှိုလိုပေါက်လာပါမယ်။ တစ်ကျောင်းနဲ့တစ်ကျောင်း၊ သင်တန်းတစ်ခုနဲ့ တစ်ခု အားပြိုင်မှုတွေ များပြားလာပါမယ်။ အသင်းအဖွဲ့တွေ၊ ပါတီတွေ ဟာ မိုးဦးကျမှိုတွေလိုပဲ…အလျှိုလျှ
လူငယ်တွေကြားမှာတော့ တနင်္လာဂြိုဟ်ရဲ့သည်အနေအထားဟာ…ယာဉ်
တနင်္လာဂြိုဟ်ဟာ ရေပြင်ကို အစိုးရသည့်ဂြိုဟ်လည်းဖြစ်တာကြော
တနင်္လာဂြိုဟ်ဟာ ရင်းနှီးသူများနဲ့ ဆွေမျိုးသွေးသားများကို ညွှန်းဆိုဖော်ပြသော ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။ ဒါကြောင့်….မိမိတို့ချစ်လှပါပြီ
ကမ္ဘာအရပ်ရပ်မှာ …..ပုခက်လွှဲသောလက်များ ပိုမိုကြီးစိုးလာကြမယ့် သည်တစ်နှစ် ၁၃၇၇ခုနှစ် ဖြစ်ပါတယ်။ အမျိုးသမီးအကြီးအကဲများစွာ ပိုမိုပေါ်ထွက်လာပါမယ်။ ဒါကြောင့် လေဒီတွေထွန်းပေါက်အောင်မြင်နို
သည်တစ်နှစ် ကျရောက်ရာ …မဟာဘုတ်ခွင်ဟာ …ငါးခုကြွင်းမဟာဘုတ်ခွင်
နှစ် ဖြစ်ပါတယ်။ ရှေ့ဆောင်းပါး နံပါတ်(၁) မှာ ..တနင်္ဂနွေဂြိုဟ် နဲ့ တနင်္လာဂြိုဟ် ရပ်တည်မှု
အနေအထား အကြောင်း ကျွန်တော် အတန်အသင့် ဖော်ပြခဲ့ပြီး ဖြစ်တာကြောင့် …ယခု ..အင်္ဂါဂြိုဟ်
ရပ်တည်မှု အနေအထားကို ဆက်ပါမယ်။
ယခုနှစ် မဟာဘုတ်ခွင်မှာ အင်္ဂါဂြိုဟ် ဟာ ရာဇဌာနမှာ ရပ်တည်လို့ဖြင့်
နေပါတယ်။
အင်္ဂါဂြိုဟ်သည် စစ်မက်ရေးရာများနဲ့ …လူသားတွေရဲ့ တိုးတက်မြင့်မားလိုသော
ဆန္ဒများကို ဖော်ပြသလို..၊ စုပေါင်းညီညာ ဆောင်ရွက်နိုင်မှုတွေအပေါ်လည်း လွှမ်းမိုးတဲ့ဂြိုဟ်တစ်ခု
ဖြစ်ပါတယ်။ အဆိုပါ အင်္ဂါဂြိုဟ်သည် သည်တစ်နှစ် လူသားအားလုံးရဲ့အပေါ်မှာ လွှမ်းမိုးနေသည့်
ဂြိုဟ်ဆိုရင်လည်း မမှားပါ။
ဒါကြောင့်လည်း သည်တစ်နှစ်မှာ လူပေါင်းများစွာ အဖို့ လက်တွဲမလား
လမ်းခွဲမလား ပြတ်သားစွာရွေးခြယ်ရမှုတွေ ကြုံကြိုက်လာရတတ်ခြင်း ဖြစ်ပါတယ်။ သည်တစ်နှစ်အဖို့
ကံအကောင်းစေနိုင်ဆုံး ပုဂ္ဂိုလ်တွေကို ပြပါဆိုရင်လည်း……
သချာင်္ဥာဏ်ရှိသော ….
လက်တွေ့ကျသော….
လျှင်မြန်စွာအကောင်အထည်ဖော်တတ်သော…
ညီတူမျှတူ စိတ်သဘာဝ ရှိသော….
စိတ်ထက်မြက်ပြီး ရှေ့ဆောင်ဦးရွက် ပြုလိုတတ်သော ….
သူတစ်ပါးကို နည်းပေးလမ်းပြ ပြုလိုတတ်သော ….
ပုဂ္ဂိုလ်များကို ညွှန်ပြရမှာပဲ ဖြစ်ပါတယ်။
နေ့နံအားဖြင့်ကတော့ အင်္ဂါနေ့ဖွားများအားလုံးသည် ယေဘုယျအားဖြင့်
ကံအားအသာနိုင်ဆုံး ဖြစ်သလို၊
နာမည်အရအားဖြင့် ကတော့ …နာမည်အဖျားစာလုံး (၀ါ) နာမည်တစ်ခုရဲ့
အဆုံးစာလုံး ကို အင်္ဂါနံ( စ၊ဆ၊ဇ၊ဈ၊ည) ဖြင့် မှည့်ခေါ်ထားသူများ (ဥပမာအားဖြင့် …ကိုကျော်စွာ၊
မနွယ်နီစိုး၊ မင်းမင်းဆွေ၊ သီရိမြတ်စု….)နဲ့ ….နာမည်တစ်ခုလုံးရဲ့ ဗျုပ္ပတ်သဘာဝမှာ အင်္ဂါဂြိုဟ်
လွှမ်းမိုးထားသော နာမည်ရှင်များ (ဥပမာအားဖြင့် …ရဲရင့်၊ ထက်မြက် ၊ သဒ္ဓါမှုးဆက် ၊ ညီညီ
၊ ဇော်မင်းထက်၊ ) စသည်ဖြင့်သော နာမည်ရှင်များ …. သည် ..ယခုနှစ်အဖို့ ကံအားသာနိုင်သော
ပုဂ္ဂိုလ်များ ဖြစ်ကြပါမယ်။
ထိုနာမည်ရှင်များသည် ယခုနှစ်အတွင်းမှာ မိမိတို့ရည်မှန်းချက်
ပန်းတိုင်ကို လျှင်မြန်စွာ ချီတက် လုပ်ကိုင် အောင်မြင်သွားစေနိုင်သော ကောဇာအင်အား ရရှိနေကြပြီ
ဖြစ်ပါတယ်။
တစ်ကယ်လို့သာ ဖြတ်သန်းနေဆဲ ဒသာအင်အားအရ ကောင်းကျိုးပေးချိန်နဲ့
တိုက်ဆိုင်နေမယ်ဆိုရင် အထက်ပါပုဂ္ဂိုလ်များ အားလုံးအဖို့ သည်တစ်နှစ်ဟာ Lucky Year လို့
ခေါ်ဆိုနိုင်လောက်သည် အထိ ကောင်းကျိုးပြုသွားနိုင်တာ အသေအချာပါပဲ။
အင်္ဂါဂြိုဟ်ဟာ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းများကို ဖော်ပြတဲ့ဂြိုဟ်လည်းဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံရေးရာ အ၀၀မှာလည်း (မည်သည့်နိုင်ငံမျိုးတွင်မဆို) စစ်တပ်ရဲ့ သြဇာအာဏာနဲ့
…အရေးပါမှုတွေဟာ ပိုမို လွှမ်းမိုးနေဦးမယ့် နှစ်တစ်နှစ်ဖြစ်ပါတယ်။ ထို့အတူ တစ်ကမ္ဘာလုံးမှာ
အင်ဂျင်နီရာတွေ၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ သချာင်္ပညာရှင်တွေ၊ နည်းပညာရှင်တွေ၊ နည်းပြတွေ
….အထူးလိုလား လိုအပ်လာမယ့် နှစ်တစ်နှစ် ဖြစ်ပါတယ်။
အင်္ဂါဂြိုဟ် လွှမ်းမိုးလာသော သည်လိုနှစ်မျိုးမှာ အင်မတန်
နားအေးပါးအေး နေတတ်သူတွေတောင် ….စိတ်ခွန်အားတက်ကြွလာပြီး ပြိုင်ဆိုင် အနိုင်ကျဲကြည့်လိုစိတ်မျိုး
ဝင်လာတတ်ချိန်ပါ။ ဒါကြောင့်လည်း တစ်နှစ်လုံးမှာ တစ်ဖက်နဲ့တစ်ဖက် ၊ တစ်ယောက်နဲ့တစ်ယောက်၊
တစ်ပါတီနဲ့တစ်ပါတီ၊ အုပ်စုတစ်ခုနဲ့တစ်ခု အား ပြိုင် အားစမ်းကြခြင်းမျိုးတွေ .. ပို၍ပိုမို
များပြားနေဦးမှာဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်သည်…ခွန်အား ၊ လက်နက် နဲ့ စွမ်းရည် တို့ကို ဖော်ပြပါတယ်။
ပမာအားဖြင့် တင်စားရရင် ဓါးတစ်လက်နဲ့တူပါတယ်။ ဓါးသည် အရိုးဘက်က ကိုင်မိထားရင် ခွန်အားဖြစ်စေနိုင်ပေမယ့်
….အသွားဘက်က လှည့်ကိုင်လိုက်တာနဲ့ …ထိခိုက်ပြတ်ရှ အန္တရာယ်ပေးနိုင်သော အရာတစ်ခု ဖြစ်လာပါတယ်။
ဒါကြောင့် သည်တစ်နှစ်မှာ သည်ဓါးကို အရိုးဘက်က ကျွမ်းကျင်စွာ
ကိုင်တွယ်အသုံးချနိုင်ဖို့ လိုအပ်လှပါတယ်။ အဲ…မတော်တစ်ဆများ အသွားဘက်ကနေ လှည့်ကိုင်မိပြီဆိုရင်တော့
….အပြတ်အရှရာ ဗရပွ ဖြစ်သွားနိုင်တဲ့ ကာလပါပဲ။
မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာလည်း သည်အတိုင်းပါပဲ။
အမေစု (၀ါ) ဒေါ်အောင်ဆန်းစုကြည်အဖို့ …ဓါးကို အရိုးဘက်က
ပိုင်ပိုင်နိုင်နိုင် ကိုင်မိစေဖို့ အရေးကြီးလှတဲ့နှစ်ပါ။ ဓါးကို အသွားဘက်ကနေ လှည့်ပြီး
ရင်မဆိုင်မိဖို့ အရေးကြီးလွန်းလှတဲ့ နှစ်တစ်နှစ်လို့ ကျွန်တော့်အနေနဲ့ မြင်မိပါတယ်။
(လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြပါတယ်။) ကျွန်တော့်အမြင် အရ စစ်တပ်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်သည့်
နည်းလမ်းဖြင့်သာလျှင် အမေစုအဖို့ အနာဂတ် ရည်မှန်းချက်ပန်းတိုင်တွေကို ပိုမို တက်လှမ်းခွင်ရရှိနိုင်ပါလိမ့်မယ်။
ထားပါစို့ ။ နိုင်ငံရေးဟောစာတမ်း မဟုတ်တာကြောင့် သည်မျှနဲ့ ရပ်ပါမယ်။
သည်တစ်နှစ်မှာ စနေနေ့ဖွားများနဲ့ ….တနင်္ဂနွေနေ့ဖွားများဟာ
ဓါးရဲ့ အသွားဘက်တည့်တည့်မှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သူတို့အတွက်တော့
… အန္တရယ်များတတ်သော ကာလလို့ ယျေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ ဒီတော့ …ဒီတစ်နှစ်မှာ မေတ္တာသုတ်တော်နဲ့
ခန္ဓသုတ်တော်ကြီးကို မကြာခဏရွတ်ဖတ်ခြင်းနဲ့ အင်္ဂါဂြိုဟ်တိုင်ထောင့်မှာ မေတ္တာပို့ခြင်းမျိုးကို
အခါအားလျော်စွာ ပြုသင့်ကြပါတယ်။
အင်္ဂါဂြိုဟ်ဟာ အသစ်အဆန်းနဲ့ စူးစမ်းလေ့လာမှုများကို လည်း
ကိုယ်စားပြုပါတယ်။ ဒါကြောင့် ဒီတစ်နှစ်မှာ လူသားတွေဟာ အသစ်အဆန်းတွေကို ပိုမိုမက်မောလာကြပါမယ်။
အဟောင်းတွေကို ငြီးငွေ့ စိတ်ကုန်လာကြပြီး …ဖယ်ရှားစွန့်ပစ်လိုစိတ်တွေလည်း များလာကြပါမယ်။
ဒီအချက်သည် …ကမ္ဘာ့စီးပွားရေးရာ ကဏ္ဍမှာလည်း …အဓိက ပင်မအချက်တစ်ရပ်သဖွယ် ..အရေးပါလာပါမယ်။
နယ်ပယ်များစွာမှာ ကုန်ပစ္စည်းသစ်တွေ ၊ ထုတ်ကုန်သစ်တွေ၊ နည်းပညာသစ်တွေ
သာ နေရာပိုယူလာကြမှာဖြစ်ပြီး၊ လှေကြီးထိုးရိုးရိုးသွားနေသူတွေအဖို့တော့ သည်တစ်နှစ်ဟာ
ကံဆိုးမိုးမှောင်ကြမည့် နှစ်တစ်နှစ် ဧကန်ဖြစ်ပါတယ်။ မိမိတို့၏ လုပ်ငန်း …ထုတ်ကုန် စသည်တို့ကို
Update အမြဲလုပ်နေမည့် ပုဂ္ဂိုလ်များသာ …အောင်မြင်မှုရနိုင်ချိန် မုချဖြစ်ပါတယ်။
ဒီအချက်သည် နိုင်ငံရေးဇာတ်ခုံများပေါ်မှာလည်း များစွာသက်ရောက်ပါလိမ့်မယ်။
လူတွေဟာ ….ရှေးရိုးအတိုင်း ဆက်သွားဖို့ ပျင်းရိငြီးငွေ့လာကြပြီး…အသစ်အဆန်း တစ်စုံတစ်ရာကို
တော်လှန်ပြောင်းလဲ ပစ်နိုင်ဖို့ ဆန္ဒတွေ ရုန်းကြွလာတတ်ချိန်ပါ။ ဒါကြောင့် နိုင်ငံရေးမှာလည်း
စည်းရုံးရေးကအစ ၊ လုပ်ပုံ ကိုင်ပုံဆောင်ရွက် ပုံတွေမှာ ပြုပြင်ပြောင်းလဲနိုင်ကာမှ တော်ရုံကာကျပါမယ်။
တစ်ခါလာလည်း ဒါပဲ ဆိုတာတွေကို လူတွေ ဘယ်လိုမှ မနှစ်သက်နိုင်တော့တဲ့
အချိန်ကို မုချ ကျရောက်နေပါပြီ။ ဒါကြောင့် …ပါတီတွေအနေနဲ့ မဲဆွယ်မယ်ဆိုရင်တောင် ….ရှေးနည်းတွေနဲ့မတူ..ပြည်သူတွေကို
စည်းရုံးရေးနည်းဗျုဟာသစ်တွေနဲ့ ချဉ်းကပ်နိုင်ဖို့ အထူးလိုအပ်တဲ့ ကာလပါ။
ယင်းကဲ့သို့သော အဟောင်းများအပေါ် လူသားများ၏ ငြီးငွေ့လာမှုသည်…ကံမကောင်းရင်
နိုင်ငံ့ခေါင်းဆောင်တွေအပေါ် ကျရောက်လာပြီး…..အဆိုပါနိုင်ငံ့ခေါင်းဆောင်များလည်း နိုင်ငံရေးလောကနဲ့
ရာဇပလ္လင် ကို စွန့်ခွာသွားရကိန်း ကျရောက်လာနိုင်တဲ့ ကာလဖြစ်ပါတယ်။ ဆိုတော့…..ဗျုဟာသစ်တွေ
ချမှတ်သင့်သော ကာလကို ရောက်နေပြီဆိုတာ သတိပြုကြဖို့ အထူးလိုအပ်လှပါတယ်။
သာမန်လူတွေရဲ့ ကံဇာတာမှာတော့ …အဟောင်းတွေကို ငြီးငွေ့လွယ်ကူပြီး
အသစ်အဆန်းကို မက်မောလာစေတတ်သော သည်လိုနှစ်မျိုးသည်….အကြီးကိုပစ်ပြီး အငယ်ကို စွဲမက်မိစေဖို့
တိုက်တွန်း လှုံ့ဆော်ပေးနေတတ်သော နှစ်မျိုး ဖြစ်သလို..၊ နည်းဟောင်းတွေကို စွန့်ပြီး
နည်းလမ်းသစ်တွေနဲ့ ကမ္ဘာ့လူသားတွေကို လမ်းကြောင်းသစ်ပေါ် တွန်းတင်ပေးတတ်သည့် နှစ်တစ်နှစ်
ဖြစ်ပါတယ်။
စိုးရိမ်တတ်သော ဇနီးမောင်နှံများအဖို့ကတော့ ….မိမိတို့ရဲ့
အချစ်နဲ့ အိမ်ထောင်ရေး ကို Update လုပ်ခြင်း၊ ဒီဇိုင်းလေးများ ပြန်လည်ဆန်းသစ်လန်းဆန်းစေခြင်း
ပြုသင့်လှပါကြောင်း ….တင်ပြလိုက်ရပါတယ်။
ကုန်သည်နဲ့ စီးပွားရေးသမားများအတွက်ကတော့ သည်တစ်နှစ်မှာ
ကုန်ပစ္စည်းသစ်တွေနဲ့ ၀ယ်သူတွေကို ဆွဲဆောင်နိုင်ဖို့ လိုပါတယ်။ သို့တည်းမဟုတ် မိမိတို့ရဲ့ရောင်းကုန်တွေကို
ဘားရှင်းမြှင့်တင်ခြင်း ရှိနေဖို့လိုပါလိမ့်မယ်။
ဒီတစ်နှစ်ရဲ့ထူးခြားချက်က မဖြစ်နိုင်ဘူးလို့ ဘယ်အရာကိုမှ
ပုံသေတွက်လို့ မရတော့လောက်သည် အထိ… ထူးထူးဆန်းဆန်း ဖြစ်လေ့မရှိတာတွေ ဖြစ်လာနိုင်တဲ့
ထူးခြားချက်ကြီးတစ်ခု ရှိနေခြင်းပဲ ဖြစ်ပါတယ်။ သဘာဝမကျတာတွေ၊ ထူးခြားဆန်းကြယ်တာတွေအားလုံး
ဝရုံးသုန်းကား ဖြစ်လာစေတတ်သော သည်နှစ်မျိုးကို ..Supernatural Year လို့တောင် တင်စားခေါ်ဝေါ်ရမယ့်
အနေအထားပါပဲ။
မူရင်းရေးသားသော ပညာရှင်
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုေ တသီ)
သုတေသီဝေသာလီမောင်ဖုန်း
ကိုစိုးခိုင် phone 09 318 17287
သုတေသီဝေသာလီမောင်ဖုန်း
ကိုစိုးခိုင် phone 09 318 17287
မူရင်း Blog Link : http://www.mahabote.org/
Saturday, July 26, 2014
ဇာတာခွင်ကပြောပြတဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ကာရိုက်တာများ
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကို
၁၉၄၅ ခုနှစ်၊ ဧပြီလ ၂ဝ ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ ကွန်ပျူတာဖြင့်
ဇာတာဖွဲ့လိုက်သောအခါ ထိုနေ့တွင် နေမင်းခေါ် တနင်္ဂနွေဂြို ဟ်သည် မိဿရာသီ၌
ဥစ်မူလျက်ရှိပြီး လမင်းခေါ်တနလာင်္ ဂြိုဟ်လည်း မိမိပိုင်အိမ် ကရကဋ်ရာသီတွင်
ကသစ်စံလျက် ရှိပေသည်။ ခြင်္သေ့မင်းခေါ် အင်္ဂါဂြိုဟ်က ကုမ် ရာသီတွင်
ရန်အသွင်ဆောင်ကာ မင်းမူလျက်ရှိပြီး ကြာသပတေးဂြိုဟ်က သိဟ်ရာသီတွင် Retro
အပြန်သွားနေပါသည်။ ဗုဒ္ဓဟူး သောကြာနှစ်လုံးလုံး Retro အပြန် သွားနေပြီး
မိန်ရာသီတွင် နိစ်၊ ဥစ်တွဲလျက် ရှိပါသည်။ စနေ၊ ရာဟုတို့ မေထုန်ရာသီတွင်
ပူးယှဉ်နေပြီး ကိတ်ဂြိုဟ်ကတော့ ဓနုရာသီတွင် ရပ်တည်နေပါသည်။
ထို့ကြောင့် သမ္မတကြီးသည် ကိုယ် နေဟန်
တည်တံ့သလောက် စိတ်မြန်လွန်း၏။ မြန်သော်လည်း မှန်မှန်ဣနြေ္ဒ
မပျက်သွားလာတတ်ပါသည်။ ကိုယ် တိုင်စီမံရမှ ကျေနပ် တဲ့သဘော ရှိပါ သည်။
တာဝန်နှင့်ဝတ္တရားအရ လုပ်ငန်းများဆောင်ရွက်ရာတွင် စေ့စပ်သေချာ တတ်ပေသည်။
လက်ထဲရောက်လာ သော အခွင့်အလမ်းများကို မလွတ် တမ်း ပိုင်ပိုင်နိုင်နိုင်
အသုံးချတတ်ပါသည်။ ထူးခြားသော အတွေးသစ် အမြင်သစ် များရှိပြီး
ယင်းအတွေးများကို ဖော်ထုတ်နိုင်စွမ်းလည်း ရှိပါသည်။ စိတ်တန်ခိုး ပါဝါ ထက်မြ
က်ပြီး ရဲစွမ်းသတ္တိရှိပါသည်။
အေးဆေးတည်ငြိမ်စွာ နေထိုင် ရင်း အကြံအစည်၊
အလုပ်အကိုင်များ ကို ဇွဲနပဲသန်သန်ဖြင့် ဖြည်းဖြည်းနှင့်မှန် မှန်
အကောင်အထည်ဖော်လုပ်ဆောင် တတ်ပါသည်။ စိတ် ရှည်ပြီး သည်းခံ တတ်သော်လည်း
အတိုင်းအတာကျော် လွန်လာ၍ သည်းခံနိုင်စွမ်းကုန်သွားပါ က ပြဿနာဟူသမျှကို
ခြင်္သေ့ကဲ့သို့ မကြောက်မရွံ့ နောက်မတွန့်ဘဲ အပြတ် အ သတ်ချေမှုန်းတိုက်ခိုက်ကာ
အနိုင်ယူ ဖြေရှင်းတတ်ပါသည်။ ဘာသာဓလေ့၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာကို ယုံ
ကြည်မြတ်နိုးတတ်ခြင်း ဖြစ်ပါသည်။
စန်းခေါ် တနင်္လာဂြိုဟ်မှ ရှစ်တန့် ကုမ်ရာသီ၌
အင်္ဂါဂြိုဟ် ရပ်တည်နေ သောကြောင့် ‘ဆသတ်အဌ် စန်းအကွာ မှာ၊ ကေသရာပျော်မွေ့က၊
ခေါ်ဓလေ့ မတ်စစ်သူ၊ မင်းဖြစ် မယ့် လူ’ ဆိုသည့် အတိုင်း စစ်သူကြီး၊ အမတ်ကြီး၊
မင်းဖြစ် ရခြင်းကံဇာတာပါ၏။ ယုဂ်အားဖြင့်ကြည့် ပါက တနင်္ဂနွေဂြိုဟ်မှ
ထောက်လျှင် ဆယ့်နှစ်တန့်မြောက်၌ ဗုဒ္ဓဟူး၊ သော ကြာတို့ ရပ်တည်၍ သုဘဝါသီယုဂ်ရ
၏။ ထို့ကြောင့် စကားတတ်၏။ ကြွယ်ဝ ချမ်းသာ၏။ သူရသတ္တိရှိ၏။ ရန်သူကို
အောင်မြင်နိုင်စွမ်းရှိ၏။ ရက်ရောစွာပေး ကမ်း တတ် ပါ သည်။ ထို့အပြင်
ယင်းဂြိုဟ် နှစ်လုံးပူး၍ ဗုဒ္ဓ သုက္ကရယုဂ်လည်း ရပါ သည်။ ထို့ကြောင့်
နိုင်ငံရေးတွင်ခေါင်း ဆောင် ဖြစ်လာရပေသည်။
ဂြိုဟ်ရပ်တည်မှုအရ မိဿရာသီ တွင်
တနင်္ဂနွေဂြိုဟ်ရပ်တည်၍ ဒေါသ တကြီးနှင့် ပြင်းထန်စွာ ပေါက်ကွဲတတ်၏။ သို့သော်
ပြေလွယ်ပါသည်။ မေထုန် ရာသီတွင် စနေဂြိုဟ်ရပ် တည်၍ စိတ် ထားအပြောင်းအလဲ
မြန်တတ်ပါသည်။ ရာဟုဂြိုဟ် ထိုရာသီ၌ ဥစ်မူရပ်တည်နေ ၍ လုပ်ရဲသတ္တိရှိသည်။
တနင်္လာဂြိုဟ် စန်းသည် ကရကဋ်ရာသီတွင် ကသစ် ခံနေ၍ စိတ်စေတနာကောင်း
ရှိတတ်ပါသည်။ သို့သော် စိတ်မြန်လက်မြန်ဆုံး ဖြတ်ချက်မြန်တတ်၏။ သိဟ်ရာသီတွင်
ကြာသပတေးရပ်တည်၍ စည်းကမ်းကြီးပြီး တိ ကျမည်။
ဓနုရာသီတွင် ကိတ်ဂြိုဟ်ရပ်တည် ၍ ဘဝတွင်
ပညာရေးနှင့်ပတ်သက်ပါက ပြတ်တောင်းပြတ်တောင်း ဖြစ်ရတတ်ပါသည်။ ကုမ်ရာသီတွင်
အင်္ဂါရပ် တည်၍ ကြောက် စိတ်နည်းမည်။ မိန်ရာ သီတွင် ဗုဒ္ဓဟူး သောကြာ ရပ်တည်၍
ဆက်ဆံရေးကောင်းမွန်၏။
၁၉-၆-၂ဝ၁၄ နေ့မှစ၍ တစ်နှစ် အတွင်း
စိတ်ကူးစိတ်သန်းကောင်းများ ပေါ်ထွက်လာပြီး လက်တွေ့အကောင်
အထည်ဖော်ပေးခြင်းဖြင့် အများပြည်သူ ချစ်ကြည်ဖြူခြင်းခံ ရပေမည်။ ကိုယ်ပိုင်
စည်းကမ်း၊ ကိုယ်ကျင့်တရားများ ယခင်ထက် ပိုကောင်းမွန်နေပြီး
ရသင့်ရထိုက်သည်များကို ရလာပေလိမ့်မည်။ ၁၅-၇-၂ဝ၁၄ မှစ၍ ၁၈ လအတွင်း
မှတ်ဥာဏ်များ အားနည်းနေတတ်ပြီး ညာဘက်မျက်စိကို တစ်နည်းမဟုတ်
ဒုက္ခပေးလာတတ်ပါသည်။ ခါးကို လေဝင်ခြင်း၊ ခါးကြောညပ်ခြင်းစတဲ့ ဝေဒနာများလည်း အ
နည်းနှင့်အများ ခံစားရတတ်ပါသည်။ ၂-၁၁-၂ဝ၁၄ နောက်ပိုင်းတွင် နေအိမ် တိုက်တာ
အဆောက်အအုံ၊ သို့မဟုတ် နိုင်ငံနှင့် ပတ်သက်တဲ့ ဘ ဝနောင်ရေး တွေးေ တာ ပူ
ပန်မှုများ ကြီးစိုးလာမည်။ ၂ဝ၁၅ ဇူလိုင်၊ သြဂုတ်လောက်ကစပြီး ဘဝရည်ရွယ်ချက်၊
ရည်မှန်းချက်များ အောင်မြင်မည်။ လောကီ,လောကုတ္တရာ ဘုန်း ကံနှစ်ဖြာနှင့်
ပြည့် စုံ မည်။ ယခု လောလောဆယ်တွင် မိမိလုပ်ဆောင်လိုသည့် လုပ်ငန်းနှင့်
ဇွဲလုံ့လဝီရိယ ယုတ်လျော့အောင် သွေးထိုးလှုံ့ဆော်၊ နှောင့် ယှက်ဟန့်တားခြင်း
ခံနေရမည်။
ပါပဂြိုဟ်တို့တွင်
အဓိကကျပြီးအင်အားသာလွန်တဲ့စနေ၊ ရာဟုဂြိုဟ်တို့သည်လည်းကောင်း၊
သောမဂြိုဟ်တို့တွင် အဓိကကျပြီး အင်အားသာလွန်သော ကြာသပတေး ဂြိုဟ် သည်လည်း
ကောင်း အန်တီစုနှင့် ရာသီအထိုင်တူ၍ အကယ်၍များ သမ္မတကြီးဦးသိန်းစိန်နှင့်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်တို့နှစ်ဦး နည်းလမ်း ဥပါယ် တစ်ခုခု
ဖြင့် ပေါင်းစည်းညီညာမှု ပြုနိုင်ကြပါမူ ကားတိုင်းပြည်နှင့်လူမျိုး၏ ဘဝကံ
ကြမ္မာအနေအထား အကောင်းဆုံးသို့ လုံးလုံးလျားလျား တိုးတက်ပြောင်းလဲ
သွားနိုင်ပါ သဖြင့် ဗေဒင်ဥာဏ်တွင် ဓမ္မကထိက လေသံရောစွက်ကာ ‘အဟောဝတ
အော်ကောင်းလေစွတကား’ လို့ ဆိုချင်ပါသည်။ ထိုအခြေအနေကို ဖန်တီးနိုင်စွမ်း
လည်း နှစ်ဦး စလုံးတွင် ပြည့်စုံပါ၍ ဖြစ်လာနိုင်ခြေများစွာရှိပါသည်။
သမ္မတကြီးက မီးပြင်းပြင်းဖြင့် အိုးခွက်တို့ကို ကျက်အောင်ဖုတ်လျှင် အန်တီစုက
မီးနည်းနည်းဖြင့် အစာ ကို နူးနပ်ပျော့ အိသွားအောင် ဖြည်းဖြည်း
ချင်းချက်ပြုတ်သင့်ပါသည်။ ကျက်လာသော အိုးခွက်များအသုံးပြုလို့ ရသလို
နူးနပ်သွားသော အစာ အာဟာရလည်း စားသုံး လို့ ရသည်ပင်မို့ အ ကျိုးရှိသည်ကား
ဧကန်ပါ။
အကြံပြုရလျှင် သမ္မတကြီးက ဦးဆောင်၍
နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးပါက လဆန်းရက်များတွင် တွေ့ဆုံသင့်ပါသည်။
အကောင်းဆုံးကတော့လဆန်း ၈ ရက်မှ လပြ ည့်နေ့အတွင်း ဖြစ်ပါသည်။ ဤစကားကို
ပါးနပ်စွာ နားဆင်ပြီး အားရပါးရ နားလည်လက် ခံနိုင်စေရန် သဗ္ဗညုတဥာဏ်တော်ဖြင့်
မှန်ကန်စွာရွေး ချယ်လေ့ရှိတဲ့ မြတ် ဘု ရား ရဲ့လုပ်ငန်းစဉ်ကို
စံနမူနာတင်ပြရလျှင် ဘုရားရှင်သည် ခက်ခဲနက်နဲပြီး အဓိကကျတဲ့ တရားဟူသမျှကို
လပြည့်နေ့အခါ သမယ၌ ချည်း ဟောပြတော်မူပေသည်။ ထို့ကြောင့် ဟုဆိုရုံနှင့်
သမ္မတကြီး သဘော ပေါက်နိုင်စွမ်းရှိပါသည်။ ထပ်မံ၍ဗေဒင်
ဥာဏ်ဖြင့်အကြံပြုရလျှင် ထိုကာလမျိုးတွင် အဖြူရောင်၊ ပန်းရောင် အဝတ်အဆင်များ
ဝတ်ဆင်ပြီး ပု လဲရတနာကို ဆောင်ထားစေချင်ပါသည်။
မိမိအကြံအစည်များအောင်မြင်တိုးတက်ပြီး ကျန်းမာခြင်း၊ လာဘ်လာဘ
ပေါများခြင်း၊ ရန်အောင်ခြင်း အကျိုးထူးများ ခံစား ရ ပေလိမ့်မည်။ သမ္မတကြီး
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေ။
ဆရာကံထူး (ဝေဒသုတေသီ)
ဝန်ခံချက် ။ ။ မွေးချိန်မသိသောကြောင့် စန်းအနေအထားမျှဖြင့် ဟောပြောခြင်း ဖြစ်ပါသည်။
Direct copy from http://www.popularmyanmar.com
OriginalLink ; http://www.popularmyanmar.com/mpaper/2014/07/%E1%80%87%E1%80%AC%E1%80%90%E1%80%AC%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%80%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%BB%E1%80%95%E1%80%90%E1%80%B2%E1%80%B7-%E1%80%9E%E1%80%99%E1%81%BC%E1%80%90/
Thursday, December 5, 2013
Sea Game , နိုင်ငံတော် သမ္မတ , ဒေါ်အောင်ဆန်းစုကြည် တို.၏ ဇာတာ နှင်. နက္ခတ် သတိပြုစရာ
နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှု၊ သဘာဝဘေးရန်များ၊ နိုင်ငံတော် လုပ်ကြံမှုများနှင့် နိုင်ငံ၏သမိုင်းဝင် ထင်ရှားသော အဖြစ်အပျက်တို့က အချိန်တိုင်း နှစ်တိုင်း၌ မဖြစ်တတ်ပေ။ ထိုအဖြစ်အပျက် တို့မှာ နိုင်ငံတော် ဇာတာနှင့် နိုင်ငံတော်သမ္မတ သို့မဟုတ် မင်းအုပ်ချုပ်သူတို့၏ ဇာတာတော်များ ပေါ်သို့ အားကောင်းသော ပါပဂြိုဟ်ကောဇာ အစီးအနင်း Combination တို့က တစ်ထပ်တည်း သို့မဟုတ် အဆိုးအမြင် အယှဉ်များ ရှိလာသည့် နှစ်အချိန် လပိုင်းတို့၌သာ ဖြစ်ပျက်လေ့ ရှိတတ်ကြကုန်၏။
သို့ဖြစ်၍ နက္ခတ်ဗေဒင် ဆိုသည်ကားလည်း မင်းတိုင်ပင်ခံပညာ ပေမို့ မင်းတို့၌ ဖြစ်ပျက်လာနိုင်သော အခြေအနေ များကို ကြိုတင် မီးမောင်းထိုးပြရန် မှာက ပညာရှင်တို့၏ တာဝန်ပင် ဖြစ်ပေသည်။ သို့ဖြစ်၍ စာရေးသူက နိုင်ငံရေးနက္ခတ္တဗေဒ အလိုအရ အောက်ပါ အချက်အလက်တို့ကို ကြိုတင် မီးမောင်းထိုးပြရန် တာဝန်ရှိလာပါသည်။
မြန်မာနိုင်ငံ၏ သမိုင်းကို ရေးနေသော အဓိကဇာတ်ကောင် ဂြိုဟ်တို့က စနေ-Uranus နဲ့ Mars အင်္ဂါ တို့ဖြစ်ကြပြီး ယင်းတို့၏ Combination အမြင် အယှဉ်တစ်ခုက နိုင်ငံတော်ဇာတာ အပေါ်သို့ လည်းကောင်း၊ မင်း၏ဇာတာ အပေါ်သို့ လည်းကောင်း တိုက်ရိုက်ဆက်သွယ်မိပြီ ဆိုမှဖြင့် တိုင်းပြည်နှင့် မင်းတို့အတွက် လည်းကောင်း ထိုက်ထိုက်တန်တန် ဆိုးကျိုးများကို ပေးလာ တတ်ပါသည်။
နိုင်ငံတော်၌ ယနေ့ ထူးခြားနေသည်မှာ နိုင်ငံတော်ဇာတာရယ်၊ သမ္မတကြီး ဇာတာရယ်၊ အတိုက်အခံ ခေါင်းဆောင် ဇာတာရယ် ယင်းဇာတာပါ စန်းသုံးပါး စလုံးက Virgo ကန်ရာသီ၌ တစ်ထပ်တည်းကျလို့ ရပ်တည်နေ ကြပါသည်။ ဤသို့ စန်းသုံးပါးလုံး အသွင်တူနေတာမို့ အတိုက်အခံ ခေါင်းဆောင် ကလည်း သမ္မတကြီးဦးသိန်းစိန် လက်ထက်ကျမှ Reunion ဖြစ်လာခဲ့ရခြင်းပင် ဖြစ်ပေသည်။
ယနေ့ နိုင်ငံတော်တွင် ကျွန်းဆွယ်ပွဲကြီးကို တစ်ခဲနက် အားရပါးရ ဂုဏ်ရှိရှိ ကျင်းပဖို့ နိုင်ငံတော်က ဘက်စုံ ပြင်ဆင်ထားပြီး အသင့်အနေအထား မှာရှိနေသလို မြန်မာတို့ ရွှေတွဲလဲငွေတွဲလဲနှင့် ဂုဏ်ယူဝင့်ကြွားစရာ တို့ကလည်း တာစူလို့ နေပေသည်။ သို့သော် ယနေ့ အာကာသမှ Mars အင်္ဂါ ဂြိုဟ်၏ Transit တစ်ခုကတော့ နိုင်ငံတော်ဇာတာ၊ သမ္မတကြီးနှင့် အတိုက်ခံခေါင်းဆောင် တို့၏ စန်းများပေါ်သို့ နိုဝင်ဘာလ ၂၇ ရက် ၂၀၁၃ မှ စတင်ဝင်ရောက်လာနေပြီး တစ်ခါ ယင်း Mars အင်္ဂါက မတ်လ ၃ ရက် မှ ဇူလိုင်လ ၁၅ ရက် ၂၀၁၄ အတွင်းမှာတော့ နိုင်ငံတော်ဇာတာ၊ သမ္မတကြီး ဇာတာနှင့် အတိုက်ခံဇာတာ တို့၏ ကန်စန်းပေါ်သို့ ဗျဂ္ဃစာ ကျင့်ခြင်းနှင့်အတူ ရက်ရှည်လများ ကန်ရာသီ၌ ဖြတ်သန်းလို့ နေမည်ဖြစ်သလို ပိုလို့အံ့ဖွယ် ထူးခြားချက်ကတော့ ၂၀၁၄ မတ်လ ၃ ရက်မှာ Mars အင်္ဂါနဲ့အတူ စနေဂြိုဟ်ကြီးကပါ Retrograde Motion ဗျဂ္ဃစာ ကျင့်မည် ဖြစ်သောကြောင့် နိုင်ငံတော်တွင် ထူးခြားသော ဖြစ်ပျက်သမိုင်းတစ်ခုက ဧကန်ဖြစ်ပျက်လာဖို့ များနေပါသည်။
ဒေါ်အောင်ဆန်းစုကြည်
အထူးသဖြင့် ယင်းအင်္ဂါဂြိုဟ် ဖြတ်သန်းနေခြင်းက အတိုက်အခံ ခေါင်းဆောင်၏ ဇာတာ MC ဆယ်တန့် စန်းပေါ် ဖြတ်သန်းနေမှာမို့ အတိုက်အခံ ခေါင်းဆောင်အနေနဲ့ ဘက်စုံသတိထား ဆင်ခြင်စရာများက ဧကန် ရှိနေပါသည်။ အစောဆုံး နိုဝင်ဘာလ ၂၇ ရက်မှ စတင် အကျုံးဝင်လာနိုင်သလို ပြဿနာများ စတင်သန္ဓေ တည်လာနိုင်ပါသည်။ သို့ဖြစ်၍ ဇာတာရှင်မှာ အထက်ဖော်ပြပါ လပိုင်းများအတွင်း ဆန္ဒစောမိနေလွန်းခြင်း၊ မခံချင်စရာများကို တွေ့လာခြင်း၊ ဒေါသစိတ်များ လွှမ်းမိုးလာရခြင်း၊ ပြောမှားဆိုမှား ဖြစ်ရခြင်း၊ မထင်မှတ်သော ရှုထောင့်မှနေ၍ မိမိအား တိုက်ခိုက်လာတာမျိုး၊ ဆန့်ကျင်လာတာ မျိုးများနှင့် ရင်ဆိုင်လာရခြင်း၊ အလွယ်ဆုံး ပြောရရင် ကြေးနီတောင်ပြဿနာ မျိုးများ ထပ်မံရှိလာနိုင်ခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် ကျန်းမာရေးကို ဒုက္ခပေးလာနိုင်ခြင်း များက ရှိလာနိုင်ပါသည်။ အဓိကရုဏ်း ဖြစ်လာတာမျိုးများ ရှိလာနိုင်တာမို့ ဇာတာရှင်ဘက်မှ (၁) လူထုရှေ့ ထွက်ခြင်း သို့မဟုတ် ဟောပြောခြင်း၊ စည်းရုံးရေး ဆင်းခြင်းများ မပြုအပ်ပေ၊ လူကို သို့မဟုတ် မိမိဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော ကာလ ဖြစ်နေပါသည်၊ (၂) ခရီးဝေးသွားခြင်း၊ ကား-လေယာဉ်-ရထား ခရီးစဉ်များကို ဆင်ခြင်ရမည်၊ (၃) အထက်ပါ လပိုင်းများတွင် မီဒီယာအင်တာဗျူး များကို ရှောင်သင့်ပါသည်၊ (၄) လွှတ်တော်၌ အပြောအဆို ဆင်ခြင်ရန်လည်း ရှိနေမည်၊ (၅) လူယုံ သတ်တတ်သည်၊ ပါတီအတွင်း Inner Conflict ဖြစ်လာနိုင်ပါသည်။ တစ်ခုမဟုတ် တစ်ခုခုတော့ ဧကန် ရှိလာနိုင်တာမို့ ဇာတာရှင်ဘက်မှ စသတိထား ဆင်ခြင်နိုင်ပါမှ တော်ကာကျလိမ့်မည်ဟု မှတ်ချက်ပေးရပါမည်။ ဇူလိုင်လ ၂၀၁၄ အတွင်း ဘက်စုံ သတိထားဆင်ခြင်ရန်တော့ လိုလိမ့်မည်။
နိုင်ငံတော်သမ္မတ
နိုင်ငံတော်သမ္မတ သည်ကားလည်း ကန်စန်းပေမို့ ကိုင်တွယ်ရန် ခက်ခဲသော ပြဿနာများ မမျှော်လင့်ဘဲ ရှိလာနိုင်သလို လူထုဆန္ဒပြပွဲလို၊ အဓိကရုဏ်းလို ပြဿနာများ သို့မဟုတ် နိုင်ငံခြားနှင့် ရှင်းရမည့်ပြဿနာမျိုးကြောင့် စိတ်နှလုံး မကြည်သာစရာ များက ရှိလာနိုင်ခြင်း သို့မဟုတ် ကျန်းမာရေး ကျဆင်းခြင်းများ ရှိလာနိုင်တာမို့ ထိုကာလတွင် နိုင်ငံခြား ဆေးကု ထွက်ရခြင်းများ ရှိလာနိုင်ခြင်း၊ သဘာဝဘေးရန် သို့မဟုတ် နိုင်ငံရေး မတည်ငြိမ်မှုများ ရှိလာနိုင်ပါသည်။ သို့မဟုတ် မိမိက ASEAN ဥက္ကဋ္ဌဖြစ်နေတာမို့ ASEAN ပြဿနာများကို ဖြေရှင်းပေးစရာ များက ရှိလာနိုင်ပါသည်။
SEA Games
နိုင်ငံတော်မှ SEA Games ကို ဘက်စုံအကောင်းဆုံးဖြစ်အောင် ဖန်တီးပေးထားပါသော်လည်း Mars အင်္ဂါ၏ ဖျက်အားက ပိုများနေသဖြင့် SEA Games လုံခြုံရေးကို ပို၍ တင်းကျပ်ထားဖို့တော့ လိုသလို Mars အင်္ဂါ၏ သဘာဝအရ ပေါက်ကွဲမှု သို့မဟုတ် အဓိကရုဏ်းမျိုးကို ဖန်တီးလာနိုင်ခြင်း သို့မဟုတ် ပရိသတ်တို့၏ တစ်ဖက်သတ် အားပေးမှုတွေ လွန်ကဲ၍ ရုပ်ပျက်ဆင်းပျက် ဖြစ်တာမျိုးတွေအထိ Mars က ဖန်တီးလာနိုင်ပါသည်။ သို့ဖြစ်၍ လုံခြုံရေးကို ပိုမိုတင်းကျပ်လို့ ဘက်စုံ လိုတာထက်ပို၍ ဂရုပြုရန် ရှိနေပါသည်။
ဤကာလအတွင်း တပ်မတော် အခန်းကဏ္ဍမှ စစ်ဆင်ရေးများ ရှိနေပါကလည်း စစ်ဆင်ရေး အားနည်းချက်များက ရှိလာနိုင်ခြင်း သို့မဟုတ် နယ်ခြားလုံခြုံရေး ကိစ္စ စိုးရိမ်စရာ များက ရှိလာနိုင်ပါသည်။ ဤသို့ Mars နှင့် Saturn ပူးတွဲ Retrograde Motion ဗျ ဂ္ဃစာ ကျင့်ခြင်းမျိုးက အလွန် ဖြစ်တောင့်ဖြစ်ခဲ သလို နိုင်ငံတော်နှင့် သမ္မတကြီးအပြင် အတိုက်အခံ ခေါင်းဆောင် တို့၏ စန်းတို့အပေါ် တိုက်တိုက်ဆိုင်ဆိုင် ကျရောက်နေခြင်း မျိုးကလည်း သမိုင်းတွင်သွား နိုင်ပေသည်။
နိုင်ငံတော်ရယ်၊ နိုင်ငံတော်သမ္မတကြီးရယ်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သုံးပါးတို့အနက် အတိုက်အခံ ဇာတာပါ MC ဆယ် တန့် စန်းပေါ် ကျရောက်နေတာမို့ အတိုက်အခံအတွက် ပို၍ အကျိုးသက် ရောက်သွားစေနိုင်တာမို့ အတိုက်အခံ ခေါင်းဆောင်မှ ပို၍ သတိထားဆင်ခြင်ရန် ရှိနေပါသည်။ အားလုံးဖြစ်ရမည်ဟု မဆိုထားပါ နိုင်ငံတော်သမ္မတ၊ SEA Games သို့မဟုတ် အတိုက်ခံခေါင်းဆောင် တစ်ဦးဦး တို့အပေါ် ထင်ထင်ရှားရှား အကျိုးသက်ရောက် နိုင်သည်ဟု ဆိုထားခြင်းပင် ဖြစ်ပါသည်။ အကယ်၍ သဘာဝဘေးရန် တစ်ခုခု ကျရောက်သည်ဆိုပါက အတိုက်ခံ ခေါင်းဆောင်နှင့် နိုင်ငံတော်သမ္မတကြီး တို့အတွက် ဆိုးကျိုးများ လျော့ပါးသွား နိုင်ပါသည်။
နိုင်ငံတော်၊ နိုင်ငံတော်သမ္မတကြီးနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အနိဋ္ဌာရုံ မြင်ကွင်းတို့နှင့် ကင်းဝေးကြပါစေ။
Written by ဘဲလားလေဘာတီ @ The Voice Weekly
Wednesday, October 9, 2013
ရောင်စဉ်ခုနှစ်သွယ် နှင်. လူတို.၏ မနော
အပြာရောင်
အပြာရောင်ကို နှစ်သက်တယ် ဆိုရင်အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။ ကိုယ့်ရဲ စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။အိနြေ္ဒသိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။ နောက်... သူဟာ ပတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာလဲ နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။
အနီရောင်
အနီရောင်ကို နှစ်သက်တယ် ဆိုရင် သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့ အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေအထိုင် အပြေအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်ဖက်သားအပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘောသဘာဝရှိတယ်။ မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်းခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်လည်း သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ၀ါသနာပါသူ ဖြစ်တယ်။ ဒါကြောင့် များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။
တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။ တိုက်ခိုက်တတ်တယ်။
အဖြူရောင်
အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။
သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းပဲ တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ်ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှုကို မြင်နေရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင်ချစ်တတ်တယ်။
အစိမ်းရောင်
အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။ ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့နူးညံ့မယ်။ ဒေါသဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။ အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း ခပ်ကြဲကြဲပဲ။ လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ ဒါကြောင့် သူလိုလူမှာ အပေါင်းအသင်း သိပ်မရှိတတ်ဘူး။
အနက်ရောင်
အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှိတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း အရူးအမူး ချစ်မယ့်သူပေါ့။
ခရမ်းရောင်
ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ ဘာတွေတော့ မဖြစ်စေနဲ့။ ပြဿနာဖြစ်လာရင်တော့ ခေါင်းရှောင်သွားလိမ့်မယ်။ ဘာပဲ လုပ်လုပ် လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း သိတတ်တယ်။ ဘယ်လိုအခြေအနေ ပဲ ရောက်ရောက် ဘ၀တိုးတက်ဖို့အတွက်ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။ ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူဆန်းဆန်း စိတ်ဝင်စားလေ့ရှိ တယ်။ နောက်ပြီး သူဟာ အလှအပတို့ အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့ သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန် စိတ်ကူးတွေလဲ သူ့မှာ အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ် ဆန်ဆန်နဲ့ ချစ်ခင်တတ်ပါတယ်။
လိမ္မော်ရောင်
လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင်အရာရာမှာ တက်တက်ကြွကြွ ရှိမယ်။ နေတာ ထိုင်တာ ပြောတာဆိုတာကအစ ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်တယ်။ နောက်ပြီး စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်လို့ကတော့ သူက အရမ်းကြိုက်။ ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။ ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စားဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလားမမေးနဲ့။ နေရာတကာမှာ ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထားတတ်တယ်။
အဝါရောင်
အ၀ါရောင်ကို နှစ်သက်တယ် ဆိုရင်အများအကျိုးကို သယ်ပိုးထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။ လူတွေကို ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား နေလေ့ရှိတယ်။ လူ့ပတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့်ရှိတယ်။ အပြောင်းအလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမားရိုးကျ လမ်းဟောင်းကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာပါပြီး ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဖြစ်ပါတယ်။
By JACBA
Tuesday, June 11, 2013
လူ ၇မျိုး ရှိတယ်တဲ့ ....လေ.လာချင်ရင် မွေးတဲ့နှစ်ပဲ သိဖို.လိုပါတယ်
ဗေဒင် တို. လူကဲခတ် ပညာတို. ၀ါသနာပါတဲ့သူတွေ အတွက် Facebook မှာတွေ.လို. ယူလာခဲ့တာပါ
လူတစ်ယောက်ရဲ့
မွေးသက္ကရာဇ်နဲ့
မွေးနံကိုသိရင်
သူရဲ့ပင်ကိုယ်
အတွင်းသဘောကို
သိနိုင်တဲ့ နည်းလေးမို့
ဆရာစံဇာဏီဘို ရဲ့ တွက်နည်းလေးကို တင်ပြလိုက်ပါတယ်
လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ် ။
ဆရာစံဇာဏီဘို ရဲ့ တွက်နည်းလေးကို တင်ပြလိုက်ပါတယ်
လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ် ။
(0) လောဘကြီးသူ
(1) ဒေါသကြီးသူ
(2) မောဟစိတ်လွန်ကဲသူ
(3) မေတ္တာစိတ်ရှိသူ
(4) ဂရုဏာစိတ်များသူ
(5) မုဒိတာ တရားလက်ကိုင်ထားသူ
(6) ဥပေက္ခာသမား
ဆိုပြီး (7) မျိုး ခွဲခြာထားပါတယ် .......။
ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအတွက်ပဲဖြစ်ဖြစ် ချစ်သူအတွက်ပဲ ဖြစ်ဖြစ် တွက်ကြည့်လိုက်ကြရအောင်နော်....
တွက်နည်းကတော့ လွယ်ပါတယ် ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ
ရတဲ့ အဖြေ (7) နဲ့ စားရပါမယ် ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။
ဥပမာ -
ကျွန်တော့်ရဲ့ ခုနှစ်သက္ကရာဇ်က 1353 ခု သောကြာသားဆိုတော့ 6ပေါ့
1353+6=1359
1359÷7=1 ကြွင်းပေါ့
မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်
http://www.mmcalendar.com/
အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ်က မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ် .
ကဲ .....အောက်မှာ ကိုယ့်ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ ....
အကြွင်း (0) လောဘ
သူကတော့ လိုချင်စိတ်များတယ် ။ရတာနဲ့ မတင်းတိမ်ဘူး ။ရောင့်၇ဲတဲ့ စိတ်မရှိဘူး ။ရောက်တဲ့ နေရာမှာ မပျော်ဘူး ဒီထက်သာယာတဲ့ဘ၀ကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ် ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် ။ ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး ။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူး မှားသည်မှန်သည် မခွဲခြားဘူး ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့သူ ။လိုချင်စိတ်များတော့ ဘာမဆိုလုပ်ရမှာ ၀န်မလေးသူပေါ့။ ချမ်းသာလိုတယ် ကြွယ်ဝလိုတယ် ချမ်းသာချင်ကိုလဲ ရမဲ့ သူ။ ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမ၀င်လား တွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ ဘယ်လိုပဲ ဖြစ်ပါစေ သူကဘ၀ကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ။ သူတစ်ပါးမှာရှိတာထက် လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့ စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ် လူသားဘ၀ကို ပိုင်ဆိုင်ရမှာ အမှန်ပါ ။။။။။။။
အကြွင်း (1) ဒေါသ
စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် မတော်မတရား လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ ၀င်ပါဖို့ ၀င်ပြောဖို့ ၀န်မလေးတဲ့သူ ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို လုပ်ပစ်ပြောပစ်လိုက်မှ ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ် သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှလဲ ကိုယ့်ဘက်ကစပြီး ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။ လာစော်ကားပြီး လာငြီးပြီ ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ် ။ သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ ဒါပေမဲ့ စိတ်မြန် ဒေါသ ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။ စိတ်မြန်ပုံကတော့ ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ လျှောက်သွာတတ်တဲ့ သူမျိုး။ ကိုယ့်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် ။ အဲ့ဒီစိတ်ကလေးကို ထိန်းနိုင်တဲ့ နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။ ဘယ်သို့ဆိုစေ ``လူဖြောင့်စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့ သူတစ်ယောက်ပါ ။။။။
အကြွင်း (2)မောဟ
သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေး ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ
အကြွင်း (3) မေတ္တာ
သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။အားနာတတ်တယ် ၊ယုံစားလွယ်တယ် ၊သူတစ်ပါးအပေါ် ခွင့်လွှတ်နားလည်စိတ်ရှိတယ် ။ သည်းခံစိတ်ရှိတဲံ့နေရမှာ နှစ်ယောက်မရှိဘူး အောချရလောက်တဲ့  အထိပေါ့။ အရာရာကို ရင်ဆိုင်ရဲတယ်။လူသားအားလုံးအပေါ်
အကြွင်း(4)ဂရုဏာ
ရင်ထဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ်၊ ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို ကိုယ်ချင်းစာတတ်တယ်။ ချစ်သူခင်သူဖြစ်စေ သတ္တ၀ါတွေကိုဖြစ်စေ ``သနားပါတယ်နော်´´ ဆိုပြီး စာနာစိတ်နဲ့ အမြဲ ကူညီလို့စိတ်ရှိတယ် ။ သနားအောင်ပြောရင် ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင် သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး ရန်လိုနေတာ သနားပါတယ်တဲ့လေ။ ဒါပေမဲ့ သူကသူတစ်ပါးအပေါ် ဂရုဏထားသလိုသူ့အပေါ်မှာ ဂရုစိုက်မှ ကျေနပ်တတ်တဲသူ။ သူကိုဂရုမစိုက်ဘူး အလေးမထားဘူး အချစ်ပေါ့တယ်လို့ ထင်ရင် စိတ်ကောက်ပြီး ၀ုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူ။ ၀မ်းနည်းလွယ်တယ် တစ်ဇွတ်ထိုးလုပ်တတ်တယ် ။ ငါ ကောင်းသလောက် ငါ့အပေါ်မကောင်းဘူးလို့ စိတ်ထဲတွင် ၀မ်းနည်းသွာပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ ။လူပုံစံ စတိုင် ဟန်ပန်က အစ ပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ ဘုခွပြော၊ မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့ သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။ တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ အပြည့်ရှိတဲသူပါ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲ့တော့ တခြားစီပေါ့ ။ သူ့သဘော သူ့သဘာဝ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို ခိုဝင်ကြတယ် ။ ဦးဆောင်သူ ၊ဆရာတွေ ၊ သမားတော်တွေ တော်တော်များများကတော့ ကရုဏာရှင်တွေပေါ့ ။။။။။
အကြွင်း(5)မုဒိတာ
မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမ ည်ကြီးတာ
၊ငွေရတာ ၊အလုပ်တိုးတတ်တာ တွေ့ရင် ကိုယ်ကပဲ ဒါတွေကို ခံစားနေရသလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့ သူမျိုး ဒီကမ္ဘာမှာ ရှားပါတဲသူပေါ့။ မနာလိုဝန်တိုစိတ်မရှိဘူး အတင်းအဖျင်း မပြောတတ်ဘူး ၊မြင့်မြတ်တဲ့ စိတ်ရှိတယ် ။အရာရာ ရင်ထဲ ခံစားပြီးမှ လုပ်တတ်ပြောတတ်တဲ့သူ ။မှန်ကန် မြင့်မြတ်တဲ့စိတ်ကြောင့်အောင်မြ င်မှုထိတ်တန်းရောက်တယ်။
ကိုယ်က သူတစ်ပါးကို ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုးငယ်နာ ဖော်ပြီး ဒုက္ခပေးတာမျိုးလုံးဝမုန်းတီးတယ်
။ ကိုယ်ကလဲ မလုပ်ဘူး၊ လုပ်ရပ်တွေကိုလဲ လက်မခံဘူး ။ရှောင်ရှားတယ် ။ သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီး ချီကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့် သူ့ကိုချစ်ခင်သူတွေပေါတယ် ။မနာလိုဝန်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။ အရာရာ အပေါ်မှာ ရင်ထဲက လှိုက်လှိုက်လှဲလှဲ နဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့် မှနှ်မှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့  နှလုံးသား ပိုင်ရှင်တစ်ဦးပါ ။။။။။။။။။။။
အကြွင်း(6)ဥပေက္ခာ
အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ်။ ၀င်ပြီး စွတ်ဖက်တဲ့သဘာဝ ကင်းတယ် ။ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို့ ဆိတ်ဆိတ်နေတတ်တယ်။ ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ် တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို ကိုယ်စိတ်ကမှန်တယ်ထင်တာလုပ်နေကြ တာပဲတဲ့။ဘာ
ဝင်စွတ်ဖက်စရာလိုလို့လဲဆိုတဲ့
သဘော ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ၀န်းကျင်အလုပ်ကို စူးစူးစိုက်စိုက် လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က အနေအေးပြီး အရာရာ ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် ။ ပတ်ဝန်းကျင်ကို အမြဲ လေ့လာနေတယ်။ ဖြစ်ပေါ်လာတဲ့အကြောင်း ဆက်တွေအပေါ် နားလည်လွန်းလို့ အရာရာကို အပြစ်မမြင်ပဲ နေတတ်တဲ့သူ ။ အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီတောင်း ကြည့်။ ကိုယ့်ပြဿနာ တစ်ခုကို သူ့ပြဿနာတစ်ခုလို လှိုက်လှိုက်လှဲလှဲ သဘောထာပြီး ကူညီမှာသေချာတယ် ။ကိုယ်နဲ့ မပတ်သက်သမျှ ၀င်မပါဘူး။ ကိုယ်နဲ့ မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်းတန်း နေပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။ ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေကြုံလာရင် တကယ်အားထားရတယ် ။ တကယ်ကို အမြင်ကြည်လင်တဲ့ သူတွေပေါ့ ။တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နို င်သူ
တွေလို့ ရှေ့ပညာရှိတွေက ဆိုပါတယ် ။။။။။။။။။။
Burmese Treasure @ Facebook
မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့ ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့ ။သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊ ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမ
အကြွင်း(6)ဥပေက္ခာ
အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။ ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူတစ်ပါးကိစ္စတွေကိုလဲ ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ်။ ၀င်ပြီး စွတ်ဖက်တဲ့သဘာဝ ကင်းတယ် ။ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို ရန်လုပ်တာ မဟုတ်သလို့ ဆိတ်ဆိတ်နေတတ်တယ်။ ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ် တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို ကိုယ်စိတ်ကမှန်တယ်ထင်တာလုပ်နေကြ
Burmese Treasure @ Facebook
Subscribe to:
Posts (Atom)









