Wednesday, October 30, 2013

ဖုန်းထဲကို ငွေလှမ်းထည်.ပေးခြင်း နှင်. ဖုန်းဖြင်. အင်တာနက် လျှောက်နည်း



ဒီနည်းလမ်းတွေက သိပြီးသူတွေ အတော်များပေမယ်. အချို. မသိသေးသူတွေနဲ. မှတ်သားမထားမိသူများအတွက် ရည်ရွယ်ပါတယ် ။

ပထမဆုံးပြောချင်တာကတော. ဖုန်းတစ်လုံးကနေ အခြားဖုန်းတစ်လုံးထဲကို ငွေလှမ်းထည်.ပေးတဲ့နည်းပါ ။ တစ်ခါတစ်လေ ကဒ် ၀ယ်မရတဲ့နေရာမျိုးရောက်နေရင်ပဲဖြစ်ဖြစ် ၊ ပိုက်ဆံ မရှိတော.လို.ပဲဖြစ်ဖြစ် ဒုက္ခရောက်နေရင် ကိုယ်.ဖုန်းကနေ သူ.ဆီကို လှမ်းထည်.ပေးလို.ရပါတယ် ။ Top-Up Card က Pin-Code နံပါတ်ကို Message ကနေလှမ်းပို.လို.ရပေမယ်. ဒိနည်းကတော. တစ်ခါထဲ ပိုက်ဆံပါတန်းရောက်စေတဲ့နည်.မို. အသုံးတကယ်ဝင်တဲ့နည်းပါ ။ GSM ဖုန်းတစ်လုံးကနေ တစ်လုံးကို လွှဲမယ်ဆိုရင် Phone Bill လွှဲတဲ့ code ဖြစ်ပါတယ်။
*123*Pin No*phone no # then call
ဆိုလိုတာက GSM ဖုန်းနဲ.လွှဲမယ်ဆိုရင် *123* ၀ယ်လာတဲ့ ကဒ်ရဲ. Pin Code ပြီးရင် * ပြီးရင် ကိုယ်လွှဲမယ်. ဖုန်းနံပါတ် ပြီးရင် Call နှိပ်လိုက်ရင် ရောက်ပါပြီ ။ အဲ့ဒီကဒ်က ငွေ Amount အားလုံး ရောက်သွားပါမယ် ။
ကိုယ်.ဖုန်းထဲက ပိုက်ဆံတော. ပါမသွားပါဘူး ။

CDMA ဖုန်းတစ်လုံးကနေတစ်လုံးကို Phone Bill လွှဲရင်တော. ဒီလိုနည်းပါ ။
*166* Pin No * Phone no # then call
(ဥပမာ- *123*217675393302988839*0931231602#) ပြီးလျှင် call လိုက်ပါ။

ဆိုလိုတာက  CDMA နဲ.လွှဲမယ်ဆိုရင် *166* အဲ့ဒီနောက် ၀ယ်လာတဲ့ ကဒ်ရဲ. Pin Code ပြီးရင် * ပြီးရင် ကိုယ်လွှဲမယ်. ဖုန်းနံပါတ် ပြီးရင် Call နှိပ်လိုက်ရင် ရောက်ပါပြီ ။ အဲ့ဒီကဒ်က ငွေ Amount အားလုံး ရောက်သွားပါမယ် ။ 



နောက်တစ်မျိုးကတော. မိုဘိုင်းဖုန်းကနေ Message ပို့ပြီး အင်တာနက်လျှောက်တဲ့နည်းပါ ။ ရုံးသွားလျှောက်ရတယ်ဆိုတာက လမ်းစရိတ် ကုန် လူပင်ပန်း ရုံးထုံးစံတွေနဲ.ကြုံ ရအုံးမှာပါ ။ဒါကြောင်. ခုလို ဖုန်းကနေလျှောက်လိုက်တော. အပိုကုန်ကျစရိတ် ဘာမှမရှိတော.သလို အချိန်ရော ၊ လူပါသက်သာပါတယ် ။မိုဘိုင်းကနေ Message ပို့ပြီး အင်တာနက်လျှောက်ရင် စာသားမှန်ဖို့လိုတယ်လို့သိရပါတယ် ပို့ရမှာကဖုန်းနံပါတ်  1331 ကို Orderdata service လိုရိုက်ပို.ရမှာဖြစ်ပြီ့း ရှေ့ဆုံးက O ကိုအကြီးနဲ့ရေးရမှာပါ ပို့တာမှန်ကန်ပါက တစ်မိနစ်အတွင်း 1234123 ကနေ Dearcustomer,you have ordered product service successfully ! please restart handset. လို့ပြန်ပို့ရင် ဖုန်းကို restart ချပြီးရင် အင်တာနက်သုံးလို့ရပါပြီ ။ အင်တာနက်သုံးနိုင်ဖို. အတွက်ကတော. ဖုန်းရဲ.settingတွေကိုချိန်ပေးရပါလိမ်.မယ် ။
 

ရွာသစ် အလက ၁ ဆရာကန်တော.ပွဲ နှိုးဆော်လွှာ



ယခုနှစ် ကျောင်းကြိးကထိန် စည်ကားစွာ ကျင်းပနိုင်ရေး တွေ.ဆုံညှိုနှိုင်း






၂၉ ရက် အောက်တိုဘာ ၂၀၁၃ နေ. မွန်းလွဲ ၁နာရီက ၀ါးခယ်မမြို. အထက၁ ကျောင်းရုံးခန်းတွင် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပါသည် ။ ထိုအစည်းအဝေးသို. အထက၁ ကျောင်းအုပ် ၊ အငြိမ်းစားကျောင်းအုပ် ၊ တိုင်းဒေသ လွှတ်တော် ကိုယ်စားလှယ် ၊၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ. ၊ မိဘဆရာ အသင်း ၊ကျောင်းကော်မတီဝင်ဆရာများ ၊ ကျောင်းသားဟောင်းအချို. စသည်ဖြင်. ကျောင်းနှင်. ပတ်သက်ဆက်နွယ်သူများ တက်ရောက်ခဲ့ကြပါသည်။(အဓိက အားဖြင်. ခေါင်းစဉ် ၃ခုကို ဆွေးနွေးခဲ့ကြသော်လည်း ယခု ကျောင်းကထိန်နှင်. ပတ်သက်ဆက်နွယ် ဆွေးနွေးခဲ့မှုများကိုသာ ကောက်နှုတ်ဖော်ပြသွားပါမည် )

လက်ရှိ အထက၁ ကျောင်းအုပ်မှ စတင်ဆွေးနွေးရာတွင်
 ယမန်နှစ် က ကျောင်းကထိန်ကို ငွေကြေးအခြေအနေကြောင်. ချုံ.ခဲ့ရပါကြောင်း ၊ ထိုကိစ္စနှင်. ပတ်သက်၍ ကျောင်းတွင် သိးခြားအသုံးပြုနိုင်သော ရန်ပုံငွေမရှိသကဲ့သို. ငွေကြေးကောက်ခံရန်အတွက်လည်း အကန်.အသတ်များ ၊ အခက်အခဲများ များစွာရှိနေသောကြောင်. ယခင်ထုံးစံအတိုင်းလုပ်လိုသော်လည်း ကျောင်းတွင်းတွင်ပင် ကျင်းပခဲ့ရပါကြောင်း ၊ ထိုနှစ်က ကလေးတစ်ဦးလျှင် ၇၀၀ သာ ကောက်ခံခဲ့ပါကြောင်း ၊ ယခုနှစ်ကတော. ကလေးအများစုကလည်း ကထိန်ကို ယခင်ကာလများလို အရုပ်များဖြင်. တစ်မြို.လုံးလှည်.လိုကြကြောင်း ၊ ထို.ကြောင်. လိုအပ်သော ငွေကြေးအပါအ၀င် အားလုံး၏ အကြံဥာဏ်ကို ရယူလိုပါကြောင်း ။
ဒါ.အပြင် မြို.ကနေအဝေးရောက်နေတဲ့ကျောင်းသူ/သားတွေ ဇာတိဖွားတွေအနေနဲ.လည်း အကြောင်းကြောင်းကြောင်. ကိုယ်တိုင်ပါဝင်ဆင်နွဲခြင်း မပြုနိုင်သူများပင်လျှင် ယခုလက်ရှိ ဆက်သွယ်ရေး စနစ်များကြောင်. အလွမ်းပြေကြည်.ရှုခံစားနိုင်ကြမည် ဖြစ်ပါကြောင်း
ထို.အပြင် ကျောင်းသားဟောင်းများအနေဖြင်. ယခုနှစ် ကျောင်းကြီးကထိန်ပွဲတော်ကို  ကျောင်းသားဟောင်းများအနေဖြင်. ပါဝင်ဆောင်ရွက်နိုင်ရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါကြောင်း ၊ မိမိတို. ဆယ်တန်းအောင်သည်.နှစ်အလိုက် တစ်ရုပ်စီ ထွက်လျှင်ပဲဖြစ်ဖြစ် ၊ နှစ်အစုလိုက်ခွဲ၍ ပဲဖြစ်ဖြစ် ပိုမိုစည်ကားလာစေရန် ပူးပေါင်းပါဝင်စေလိုပါကြောင်း ၊ ထိုသို.ဆိုပါလျှင် ကျောင်းသားဟောင်းများအနေဖြင်. အရုပ်မည်မျှ ထွက်နိုင်မည် ၊ အစုမည်မျှပါဝင်နိုင်မည်ကိုလည်း သိလိုပါကြောင်း။
ထို.အပြင် ကထိန်မတိုင်မှီည ကျောင်းအတွင်း အရုပ်များတန်းစီပြသချိန် လုံခြုံရေး ၊ ထိုညမြို.အတွင်း ချက်ပြုတ်လုပ်ကိုင်ကြမည်. ကျောင်းသားများကို စနစ်တကျကြပ်မတ်ရေး ၊ လှည်.လည်စဉ် မလိုလားအပ်သောဖြစ်ရပ်များမဖြစ်ပေါ်စေရေးတို.အတွက် လိုအပ်သောကြိုတင်ဆောင်ရွက်ဖွယ် စသည်တို.အတွက် အကြံဥာဏ်နှင်. လူအင်အားလိုအပ်ပါကြောင်း ၊ အဘယ်ကြောင်.ဆိုသော် ကျောင်းတွင် လက်ရှိဆရာအင်အားက ဆယ်ဂဏန်းပင် မပြည်.သည်မို. အကူအညီလိုအပ်ပါကြောင်း
တို.ကိုချပြဆွေးနွေးခဲ့ပါသည် ။


 ထိုကိစ္စရပ်များနှင်.ပတ်သက်၍ ဆရာဦးပေါ်အေးက စတင်ဆွေးနွေးရာတွင်
ကထိန်ကို မိဘများရော ၊ ကလေးများပါ ယခင်ကာလများလို စည်ကားသိုက်မြိုက်စွာလှည်လည်သည်ကို မြင်တွေ.လို ၊ပါဝင်လိုကြပါကြောင်း ။ သို.သော် ယခုအချိန်ကာလသည် မလိုလားအပ်သော ဖြစ်စဉ်များ ၊ ထိရှလွယ်သော ကိစ္စရပ်များက အလွယ်တကူ၊အချိန်မရွေး ပေါ်ပေါက်တတ်သည်.သဘောရှိနေသဖြင်. လုံခြုံရေးဆိုင်ရာနှင်. ပတ်သက်၍ သက်ဆိုင်သူအားလုံး ( အာဏာပိုင်အဖွဲ.အစည်းများ ၊ ဆရာ ၊ မိဘ ၊ ကျောင်းသား ၊ မြို.သူ/သားများ ) က တာဝန်ယူနိုင်မှသာ အောင်မြင်အောင်ကျင်းပနိုင်မည်ဖြစ်ကြောင်း ပြန်လှန်ဆွေးနွေးခဲ့သည်။


 ကျောင်းအုပ်ဆရာကြိး (အငြိမ်းစား ) ဦးလှခင်က ပါဝင်ဆွေးနွေးရာတွင်
ကထိန်သည် ကျောင်း၏ ဂုဏ်တစ်ခုပင်ဖြစ်ပါကြောင်း ၊ သိရသလောက် အခြားပြည်နယ် နှင်. တိုင်းများတွင် တော.သေချာမသိပဲ ဧရာဝတီတိုင်းတွင်တော. ယခင်ကဆိုလျှင် ၀ါးခယ်မ အထက ၁ တစ်ခုသာလျှင် ရှိပါကြောင်း ၊ နောက်မှသာ ပုသိမ် အထက ၂ မှ လိုက်လံလုပ်ဆောင်ခဲ့ပြီး ယခုတော. အချို.ကျောင်းများတွင်ပါ ယခုလို အစဉ်အလာများ ပြုလုပ်လာကြပါကြောင်း ၊ ယခင်ကတော. ဆရာ/မ များသည် မျက်နှာကြောခပ်တင်းတင်းနှင်. ကျောင်းသားများနှင်း အနီးတစပ်မရှိလှပဲ သီးခြား နေထိုင်သင်ကြားလေ.ရှိကြပါကြောင်း ၊ သို.သော် ယခုလို ကထိန်ကာလတွင်တော. ကျောင်းသားများနှင်. အနီးကပ်ဆက်ဆံကာ ဆရာများကို စိုးရွံ.စိတ် ဖြေလျော.ပေးခဲ့ပါကြောင်း ၊ ထို.အပြင် ထိုကထိန်ကာလတွင်မှ ကျောင်းသားတစ်ဦးချင်း၏ စရိုက်၊အမူအကျင်.တို.ကို အနီးကပ် လေ.လာကြပါကြောင်း ၊ ကထိန်လုံခြုံရေး နှင်. ပတ်သက်၍မူ ဆရာ/ဆရာမ များသာ တာဝန်ယူသည်က ပိုမိုကောင်းမွန်ပါကြောင်း ၊ ကျောင်းသားဆိုသည်က ဆရာ/ဆရာမများစကားကိုသာ ပိုနားထောင်တတ်သည်. သဘောရှိပါကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြစိန် ( ၁၉၇၆-၈၀) လက်ထက်ကလည်း ပြဿနာတွေကြားက မဖြစ်ဖြစ်အောင်လုပ်ခဲ့ရသည်. အတွေ.အကြုံရှိခဲ့ပါကြောင်း ၊ ထိုစဉ်က ရှိသည်. စက်ဘီး ၄စီးဖြင်. ညလုံးပေါက် တစ်မြို.လုံးလှည်.ပြိး လုံခြုံရေး ယူခဲ့ရပါကြောင်း ၊ ဆရာမများပါဝင်သော လုံခြုံရေး အဖွဲ.များကလည်း တာဝန်ယူရပါကြောင်း ၊ ငွေရေးကြေးရေးနှင်.ပတ်သက်၍ ဟိုးးး ယခင်က အလယ်တန်း ကျောင်းသားတစ်ဦးလျှင် ငါးမူး (ပြား၅၀) ၊ အထက်တန်းကျောင်းသားတစ်ဦးလျှင် တစ်ကျပ် ၊ ဆရာ တစ်ဥိးလျှင် ၁၀ (ဟုထင်သည်) နှင်.လောက်အောင်ခင်းလို.ရပါကြောင်း ၊ ယခုနှစ်တွင်လည်း ဘုံကထိန်ခင်းရန်အတွက် ကျောင်းသားများဆီက မများသောငွေပမာဏသာကောက်ခံပြီး မိမိတို.အတန်းတွင်း ကိစ္စကိုတော. မိမိတို.အတန်းပိုင်နှင်. မိမိတို.အတန်းသားများသာညှိုနှိုင်းပြီး မိမိတို.စိတ်ကြိုက် ချုံ.ခြင်း /ချဲ.ခြင်းတို. အတွက် လိုအပ်မည်.ငွေကြေး ၊ကောက်ခ့မည်.ငွေကြေးကို မိမိတို.စိတ်ကြိုက်သာဆုံးဖြတ် ၊ကောက်ခံစေသင်.ပါကြောင်း ၊ ဘုံအတွက်ကိုလည်း လုံးဝမတတ်နိုင်သော ကျောင်းသားရှိပါက အတင်းအကြပ်ထည်.ခိုင်းခြင်းမျိုးမပြုမိရန် သတိထားသင်.ပါကြောင်း ၊ လှည်.လည်ရာတွင်မူ ကျောင်းသားအားလုံး ပါဝင်လှည်.လည်စေပြီး စည်းကမ်းတကျရှိဖို. ကြိုတင်မှာကြား ကြပ်မတ်သင်.ပါကြောင်း   ပြည်.စုံစွာ ပြောကြားသွားခဲ့ပါသည် ။


 ကိုသောင်းညွန်.မှ ပါဝင်ဆွေးနွေးရာတွင် ကထိန်ကိုတော. မြို.သားတစ်ယောက်အနေနဲ.ရော ၊ ကျောင်းသားဟောင်း တစ်ယောက် အနေနဲ.ပါ မဖြစ်မနေလုပ်သင်.သည်ထင်ကြောင်း ၊ လုပ်ပြီးလျှင်လည်း ယခင်လို အရုပ်များဖြင်. တစ်မြို.လုံးလှည်.သည်ကိုသာ သဘောကျကြောင်း ပြောကြားခဲ့သည် .။



မတင်တင်ဝင်း က အကြံပြုရာတွင်
ဘုံအတွက်ကလေးများဆီမှ ကောက်ခံလျှင် အနည်းငယ်သာကောက်ခံပြီး လိုအပ်ငွေကြေးကို ကျောင်းသားဟောင်းများ ထည်.၀င်စေလျှင် အဆင်ပြေမည်ထင်ကြောင်း အကြံပြုသည် ။



ဒေါက်တာသက်ရှည်က ကလေးတွေ ကထိန်မှာ အရက်သောက်ဖြစ်မည်.ကိစ္စကို ကြပ်ကြပ်မတ်မတ် ထိမ်းသိမ်းရန် အကြံပြုပါသည် ။



တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပါဝင်ဆွေးနွေးရာတွင်
ကျောင်းကြီးကထိန်ကို အစဉ်အလာမပျက် စည်ကားစွာသာ ကျင်းပစေလိုပါကြောင်း ၊လုံခြုံရေး အခြေအနေကြောင်. မကျင်းပလိုက်ရဘူး မဖြစ်ရလေအောင် လိုအပ်သည်များအားလုံး ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ၊ ထိုရက်များအတွင်း ကျောင်းသားလူငယ်ထုအတွင်း အရက်သေစာကိစ္စကို အထူးကြပ်မတ်ပေးမည်ဖြစ်ပါကြောင်း    ပြောကြားခဲ့သည် ။


ဆရာဦးသိန်းလှိုင်က
လာမယ်.နှစ်ဟာ ၀ါးခယ်မ အထက၁ ကထိန်ရဲ. နှစ် ၅၀ ပြည်. ရွှေရတု နှစ်ဖြစ်ကြောင်း ၊ ထို.ကြောင်. ယခုနှစ်ကပင်လျှင် အစီအစဉ်တကျကြိုတင်ပြင်ဆင်ထားဖို.လိုကြောင်း  ပါဝင်ဆွေးနွေးပါသည် ။



လက်ရှိကျောင်းအုပ်ကြီးမှ အားလုံးဆွေးနွေးခဲ့သည်များကိုကျေးဇူးတင်ကြောင်း ၊ မနှစ်ကအထိတော. ကလေးတွေကို တစ်ယောက် ၇၀၀ သာကောက်ခံပါကြောင်း ၊ယခုနှစ် လှည်.မည်ဆိုပါက စည်တော် ကိစ္စ ၊ မလှည်.မှီည ကျောင်းတွင်းပြင်ဆင်မှုများအတွက် ကုန်ကျစရိတ် ၊ သင်္ကန်းအရေအတွက် အနည်းဆုံး ၇၅ စုံခန်.အပါအ၀င် ဖိတ်ကြားမည်. ဧည်.သည်များ ဧည်.ခံ၇န် စသည်တို.အတွက်တော. ကုန်ကျစရိတ်များရှိမည်ဖြစ်ပါကြောင်း  တင်ပြခဲ့သည် ။

ထို.နောက်အားလုံးပါဝင်ဆွေးနွေးကြရာ ကလေးငယ်များကို ယခင်ပမာဏအတိုင်းထက် ပိုမကောက်ခံ၇န် ၊ ကျန်ကုန်ကျစရိတ် လိုအပ်မှုများအတွက် ကျောင်းသားဟောင်းများဘက်မှ ပြည်.မှီသည်အထိ ၀ိုင်းဝန်းကူညီထောက်ပံ.လှုဒါန်းပေး၇န် ၊ ထို.အတွက်လည်း အိမ်တိုင်ယာရောက် လိုက်လံကောက်ခံ၇န် ၊ ကျောင်းပင်မဘုံကထိန်အတွက် ကိုမူ အားလုံးသဘောကျ မြန်မာ ထမင်း/ဟင်း ဖြင်.သာဧည်.ခံ၇န် ၊အတန်းအလိုက်ကိုတော. မိမိနှစ်သက်ရာစီစဉ်ကျွေးမွေးခွင်.ပြု၇န် စသည်တို.သဘောတူ ဆုံးဖြတ်ခဲ့ကြပြီး လိုအပ်ချိန်တွင် အသးစိပ်အစည်းအဝေးထပ်မံခေါ်ယူမည်ဖြစ်ကြောင်း နှင်. ညနေ ၃နာရီခန်.တွင် အစည်းအဝေးပြီးဆုံးခဲ့ပါသည် ။

Sunday, October 27, 2013

တစ်ကွက်ကာတွန်းများ

From shwemyotaw.com







From စံတော်ချိန်





From Eleven Media Group

From 7Day Daily

From popular news journa

From Irrawaddy

ရေကြောင်းရဲတပ်ဖွဲ. နှင်. ကမ်းခြေစောင်. တိုက်ရေယာဉ်ငယ်များ



 တပ်မတော်ရေမှ မြန်မာနိုင်ငံရဲတပ်ဖွဲ.တွင် အသစ်တိုးချဲ.ဖွဲ.စည်းသော ရေကြောင်းရဲတပ်ဖွဲ.သို. ကမ်းခြေစောင်. ရေယာဉ် ၄ စင်းလွှဲပြောင်းခြင်းကို ၂၀၁၃ အောက်တိုဘာ ၂၅ ရက်နေ.က သံလျှက်စွန်းရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ် တွင်ပြုလုပ်ခဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရေကြောင်းရဲတပ်ဖွဲ့၌ မြစ်ကြောင်း လုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တပ်မတော်(ရေ)တွင် အသုံးပြုလျက်ရှိသော စစ်ရေယာဉ်များအနက် တိုက်ရေယာဉ် ၁၁၇၊ ၁၁၈၊ ၁၁၉ နှင့် ၁၂ဝ တို့အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရေကြောင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ပွဲကို အောက်တိုဘာ(၂၅)ရက်နေ့ နံနက် ၉ နာရီတွင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ် အမှတ်(၃) ရေတပ် ဗောတံတား၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
 ထို Patrol Craft Estuary (PCE) တိုက်ရေယာဉ်များကို မြန်မာ့တပ်မတော်(ရေ)တွင် ၁၉၉၀ ခုနှစ် က တပ်မတော်ရေ သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုကာလမှ ယခုလက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း ဧရာဝတီရေတပ်စခန်းဌာနချုပ်မှုး ဗိုလ်မှုးချုပ် မောင်ဦးလွင်က ပြောကြားခဲ့သည် ။
 ရေယာဉ်အရွယ်အစား သေးငယ်သော်လည်း ကမ်းဦးရေတိမ်စစ်ဆင်ရေး၊ ကမ်းရိုးတန်းကာကွယ်ရေး/ လုံခြုံရေး၊ မြစ်ကြောင်းပိတ်ဆို့ရေး / လုံခြုံရေး တာဝန်အမျိုးမျိုး ထမ်းဆောင်နိုင်ခဲ့ကြသည်။ ဒီဘက်ခေတ်တွင် ၎င်းတိုက်ရေယာဉ်များအား အတွင်းပိုင်းရေပြင်ဧရိယာများ၌ ရေတပ်၏ လုပ်ငန်းတာဝန်တစ်ခုဖြစ်သည့် တရာဥပဒေစိုးမိုးရေး ( Constabulary Role ) လုပ်ငန်းစဉ်များတွင် အဓိကအသုံးပြုခဲ့ကြသည်။ ထို တိုက်ရေယာဉ်ငယ်များအနေဖြင်. တပ်မတော်ရေတွင် တာဝန်ထမ်းဆောင်စဉ်ကာလ တရားမ၀င် မှောင်ခို နှင်. ငါးဖမ်းစက်လှေများကို ဖမ်းဆီးပေးနိုင်ခဲ့ပြီးဖြစ်သည် ။
အဆိုပါတိုက်ရေယာဉ်အမျိုးအစားသည် အလျား(၆၄)ပေ၊ အနံ(၁၄)ပေ (၆)လက်မ၊ ရေစူး(ဝန်ပေါ့- (၃)ပေ (၁၀)လက်မ) / (ဝန်ပြည့်- (၄)ပေ (၈)လက်မ) ရှိပြီး MWM Marine Diesel Engine(၂)လုံး တပ်ဆင်ထားကာ အမြင့်ဆုံးအမြန်နူန်း(၁၆)မိုင်အထိ ခုတ်မောင်းနိုင်သည်ဟု ဆိုသော်လည်း ယခုအချိန်တွင် သက်တမ်းအရ (၁၀/၁၂)မိုင်ခန့် ခုတ်မောင်းနိုင်မည်ဟု ခန့်မှန်းရသည်။ (၂၀)မမ Oerlikon စက်သေနတ် (၁)လက်၊ ပွိုင့်(၅)စက်သေနတ် (၁)လက် နှင့် လက်နက်ငယ်များ တပ်ဆင်ပါရှိပြီး အရာရှိ(၁)ဦး၊ စစ်သည်(၁၄)ဦး တာဝန်ထမ်းဆောင်နိုင်သည်ဟု သိရသည်။

ယခုအခါ ဖော်ပြပါတိုက်ရေယာဉ်များအနက် (၄)စီးကို အတွင်းပိုင်းရေပြင်များ၌ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရန် အောက်တိုဘာ(၂၅)ရက်နေ့က ရေကြောင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့အတူ လာမည့်ကာလများ အတွင်းတွင်လည်း တပ်မတော်(ရေ)၏ အတွင်းပိုင်းရေပြင်သုံး စစ်ရေယာဉ်များ၊ River Class စစ်ရေယာဉ်များအား တစ်ဆင့်ပြီးတစ်ဆင့် ရေကြောင်းရဲတပ်ဖွဲ့သို့ ဆက်လက်လွှဲပြောင်းဖွယ် ရှိနိုင်သည်ဟုလည်း ခန့်မှန်းရသည်။ 

ထိုသို.ရေကြောင်းရဲတပ်ဖွဲ့၏ ဖွဲ့စည်းမှုနှင့် တာဝန်ထမ်းဆောင်နိုင်မှု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တပ်မတော်(ရေ)သည်လည်း ပိုင်နက်ပင်လယ်၊ ဆက်စပ်ဇုံနှင့် သီးသန့်စီးပွားရေးဇုံ စသည့် ရေပြင်ဧရိယာများဘက်သို့ ပိုမိုအာရုံစိုက်၍ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ရေကြောင်းရဲတပ်ဖွဲ.အနေဖြင်.မူ ရန်ကုန်မြစ်ကြောင်း နှင်. ကမ်းရိုးတန်းတစ်လျှောက် လှည်.ကင်းတာဝန်များ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ.မှ ရဲမှုးချုပ်စိုးမြိုင်ကပြောဆိုခဲ့သည် ။
Source ; မောင်ဝါဆို @ Myanmar Navy & The Standard Time Daily

Saturday, October 26, 2013

MWRN မြန်မာပြည် ရုံးခွဲ၏ Training for Trainers





ထိုင်းနိုင်ငံ မဟာချိုင်ဒေသ အခြေပြု အလုပ်သမားအခွင်.အရေး ဆောင်ရွက်ပေးနေသည်. ရွှေ.ပြောင်း အလုပ်သမား အခွင်.အရေး ကွန်ယက် ( MWRN)၏ မြန်မာပြည်ရုံးခွဲမှ စီစဉ်သော ရွှေ.ပြောင်းရေးရာ စေတနာ.၀န်ထမ်းများအတွက် သင်တန်းတစ်ခုကို ၂၀၁၃ အောက်တိုဘာ ၂၄ ရက်နှင်. ၂၅ ရက်နေ. က ရန်ကုန်မြို.တွင် ပြုလုပ်ခဲ့သည်။ MWRN မြန်မာပြည်ရုံးခွဲ၏ ပထမဦးဆုံး စီမံကိန်းဖြစ်သော လုံခြုံစိတ်ချရသော ရွှေ.ပြောင်းသွားလာမှု ဖြစ်ပေါ်လာစေရေး စီမံကိန်း ၏ အစိတ်အပိုင်း တစ်ခုအဖြစ် နိုင်ငံအတွင်း ဒေသအချို.မှ စေတနာ.၀န်ထမ်းများကို ဖိတ်ခေါ် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည် ။ထိုသင်တန်းသို. ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ဒေသကြီးများနှင်. မွန်ပြည်နယ် ၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်တို.မှ စေတနာ.၀န်ထမ်း ၃၀ ခန်. တက်ရောက်ခဲ့ကြသည် ။ 



ထို.သို.တက်ရောက်ကြသော စေတနာ.၀န်ထမ်းများတွင် ကိုယ်တိုင်နိုင်ငံခြားသို.သွားရောက်လုပ်ကိုင် ဖူးသူများ ၊ လူမှုရေးသီးသန်.ဆောင်ရွက်နေသူများ ၊နိုင်ငံရေး ပါတီဝင်အချို. ၊ နိုင်/ကျဉ်းအချို. ၊ ပြည်တွင်း အလုပ်သမားသမဂ အချို. မှ တာဝန်ရှိသူများ ၊ ပြည်ပအလုပ်သမားရေး စိတ်ဝင်စားသူများ စသည်ဖြင်. ရပ်တည်မှု အမျိုးမျိုး ရှိသူများ ဖြစ်ကြပြီး အသက်အားဖြင်.လည်း ၂၀ ၀န်းကျင်မှ ၄၅-၅၀ ၀န်းကျင်အထိအရွယ်စုံ ပါဝင်သလို ဗမာ၊မွန်၊ရခိုင်၊ပအို.၀် ၊ကရင်၊ကချင် ၊ချင်း စသည်. လူမျိုးစုံ ပါဝင်တက်ရောက်လေ.လာခဲ့ကြခြင်းဖြစ်သည်  ။ သို.သော် အားလုံး၏ တူညီသော ရည်မှန်းချက်မှာ
  လုံခြုံစိတ်ချရသော ရွှေ.ပြောင်းသွားလာမှု ဖြစ်ပေါ်လာစေရေး စီမံကိန်း ကိုအထောက်အကူပြုနိုင်ရန် အတွက်သာ ဖြစ်ကြသည် ။


 သင်တန်း ပထမနေ. အစိအစဉ် အဖွင်.အနေဖြင်. MWRN မြန်မာပြည်ရုံးခွဲ၏ ဒါရိုက်တာဖြစ်သူ ကိုစိန်ဋ္ဌေး က MWRN အဖွဲ.အစည်းအကြောင်း  နှင်.  လုံခြုံစိတ်ချရသော ရွှေ.ပြောင်းသွားလာမှု ဖြစ်ပေါ်လာစေရေး စီမံကိန်း အကြောင်းတို.ကို မိတ်ဆက် ရှင်းပြပြီး သင်တန်းတက်ရောက်လာသူတို. က တစ်ဦးချင်း မိတ်ဆက် ကြသည် ထို.နောက် ရွှေ.ပြောင်းရေး ရာ ဆိုသည်မှာ အဘယ်နည်း ဆိုသည်. အကြောင်းအရာကို တက်ရောက်လာသူများပါ ပါဝင်ဆွေးနွေးဖြေကြားကြပြီး မိမိတို.၏ ပြည်တွင်း/ပြည်ပ ရွှေ.ပြောင်းသွားလာနေထိုင်မှုဆိုင်ရာ အတွေ.အကြုံများကို ကိုယ်တိုင်ပြောကြားခဲ့ကြသည်။






 ထိုအစီအစဉ်အပြီး အုပ်စုငယ် ၅ခုဖွဲ.၍

ရွှေ.ပြောင်းသွားလာနေထိုင်ရာတွင် တွေ.ကြုံရတတ်သော အခြေအနေများ ၊ ရင်ဆိုင်ရနိုင်သည်. အခက်အခဲများ အကြောင်းကို စုဖွဲ.ဆွေးနွေးကြပြီး မိမိတို.အဖွဲ.လိုက်ဆွေးနွေးရရှိသော အချက်အလက်များကို အားလုံးသို.ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ကြသည် ။





ထို.နောက် MWRN မြန်မာပြည်ရုံးခွဲ မှ Education Coordinator ဖြစ်သူ ကိုထွန်းထွန်းလွင် က ထိုင်းနိုင်ငံအတွင်း ရွှေ.ပြောင်းအလုပ်သမား အခြေအနေ များကို ရှင်းလင်းပြောကြားသည် ။ သူကိုယ်တိုင် ထိုင်းနိုင်ငံတွင် ၃ကြိမ်တိုင် ရောင်းစားခံခဲ့ရသည်.ကိစ္စမှအစချီကာ အတွေ.အကြုံများ ကိုပြောကြားခဲ့ပြီး သင်တန်းသားတို.သိလိုသော မေးခွန်းအချို.ပြန်လည်ဖြေကြားခဲ့သည် ။ကျန်မေးခွန်းများကို ရုံးခွဲဒါရိုက်တာက ဆက်လက်ဖြေကြားခဲ့သည်.အနက် အလုပ်သမားတစ်ဦင်္း၏ အနည်းဆုံး လစာကို မည်သည်အပေါ်အခြေခံတွက်ချက်ပါသနည်း ဟူသောမေးခွန်းကို ဖြေကြားရာတွင် နိုင်ငံတကာအလုပ်သမားရေးရာ စံနှုံးအဖြစ်သတ်မှတ်ထားသော အလုပ်သမားတစ်ဦး၏ လစာသည် ကိုယ်တိုင်အပါအ၀င် မိသားစု ၃ယောက်၏စားဝတ်နေရေးအတွက် လုံလောက်ရမည် ဟူသော အချက်အလက်ကတော. အားလုံးသိရှိမထားသေးသော အချက်တစ်ခုဖြစ်သည် ။



ထိုသင်တန်းသို. အတွေ.အကြုံများ လာရောက်ပြောကြားပို.ချခဲ့သော ငြိမ်းချမ်းရေးနှင်. ပွင်.လင်း လူ.အဖွဲ.အစည်း -  အလုပ်သမားရေး Sector မှ In-Charge ဖြစ်သူ ဒေါ်မာမာဦး က ပြည်တွင်း အလုပ်သမားရေး၇ာများအကြောင်း ဦးစားပေး ပြောကြားသွားခဲ့သည် ။ စိတ်ဝင်စားဖွယ်ကောင်းသည်ကတော. ဦးဆောင်သူ၏ မှန်ကန်စွာဆုံးဖြတ်လုပ်ဆောင်နိုင်မှု ၊ အခွင်.အရေး တန်းတူ ညီမျှစွာ ရရှိနိုင်မှု နှင်. ပွင်.လင်းမြင်သာမှု လိုအပ်ပုံတို.ကို Performance ကောင်းကောင်းဖြင်. ရှင်းလင်းပြောကြားသွားခဲ့သဖြင်. အားလုံးအတွက် မှတ်ရလွယ်ခဲ့ကြသည် ။




ထို.နောက် အုပ်စုငယ်များ ထပ်မံဖွဲ.ကာ ရွှေ.ပြောင်း အလုပ်သမားတစ်ဦးအဖြစ် ပြည်ပသို.သွားရောက်လုပ်ကိုင်ရာတွင် မထွက်ခွာမှီ ပြင်ဆင်သင်.သော ၊ သိထားသင်.သော အချက်များ ၊ ရောက်ရှိပြီးပါက မည်သို.ပြုမူရမည် ၊ မည်သည်တို.ကို သိထားရမည် ဆိုသည်တို.ကို အသေးစိပ်ဆွေးနွေးကာ အုပ်စုငယ် တစ်ခုစီအလိုက် မိမိတို.၏ လေ.လာဆွေးနွေးခဲ့မှုများအကြောင်းကို တက်ရောက်လာသူ အားလုံးအား ရှင်းလင်းပြောကြားခဲ့ကြပြီး ပထမနေ. အစီအစဉ်များကို ညနေ၅နာရိတွင် ရပ်နားခဲ့သည် ။



ဒုတိယနေ. အစီအစဉ်၏ အစပိုင်းတွင်မူ ယမန်နေ.က ပြောဆိုဆွေးနွေး ပြောကြားခဲ့သည်များကို MWRN ၏ မြန်မာပြည်ရုံးခွဲ ဒါရိုက်တာ မှအကျဉ်းအားဖြင်.ပြန်လည် သုံးသပ်ပြောကြားခဲ့သည် ။



ထို.နောက် အုပ်စုငယ်များဖွဲ.ကာ ဟောပြောသူကောင်းတစ်ယောက်ဖြစ်ရန် လိုအပ်သော အချက်များကို ၀ိုင်းဝန်းဆွေးနွေးခဲ့ကြသည် ။ ထို.နောက် အစုအဖွဲ.အားလုံးမှ မိမိတို.ဆွေးနွေး တွေ.ရှိချက်များကို တက်ရောက်လာသူအားလုံးတို.အားပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည် ။



ဒုတိယနေ. အစီအစဉ်၏ စိတ်ဝင်စားဖွယ်ရာ အစိတ်အပိုင်းတစ်ခုဖြစ်သော Facilitators Skill - ဦးဆောင်ဆွေးနွေးသူ (သို.) စေ.စပ်ဆော်သြသူ တစ်ဦးဖြစ်ရန် လိုအပ်သော အချက်အလက်များ ၊ သိထားသင်.သည်များ ၊ ပြင်ဆင်ထား၇န် လိုအပ်မှုများ ၊တာဝန်ယူရမည်. အခြေအနေများ ၊ ရပ်တည်ရမည်.ပုံစံများ ၊စီစဉ်ထားသင်.သည်များ၊သတိထားသင်.သည်များ စသည်ဖြင်. ဦးဆောင်ဆွေးနွေးသူ တစ်ဦး အတွက်မဖြစ်မနေ လိုအပ်သော အချက်အလက်များအကြောင်းကို တက်ကြွသွက်လက်စွာ ဖြင်.အားလုံးနားလည်အောင် ပြန်လှန်မေးခွန်းများ ၊ ရယ်ရွှင်ဖွယ်များ ၊ ကိုယ်တွေ. များနှင်. ယှဉ်၍ ဆရာစောအောင်သန်းဝေ က ရှင်းလင်းပြောကြားသွားခဲ.သည် ။ အများအပြားမေးမြန်းခဲ့သော မေးခွန်းများကိုလည်း အားလုံးနီးပါး ကျေနပ်လောက်အောင် ဖြေကြားသွားခဲ့သည် ။ ထိုင်းနိုင်ငံ မဲဆောက်မြို.တွင် အခြေပြုနေထိုင်ပြီး အလုပ်သမားရေး ၊ ကျန်းမာရေးဆိုင်ရာ များကို နှစ်၂၀ မျှ ကူညီဆောင်ရွက်ပေးနေခဲ့သူမို. များပြားသောအတွေ.အကြုံ တို.ကြောင်. ပြောစရာ ၊သင်စရာ ၊ဖြေစရာတို.က အတော်များများ အဆင်သင်.ရှိနေခဲ့သည် ။

မွန်းလွဲပိုင်းတွင်မူ အဖွဲ.ငယ် ၃ စုခွဲပြီး ထို တစ်စုဆီမှ တစ်ဦးစီရွေးချယ်ပြီး လုံခြုံစိတ်ချရသော ရွှေ.ပြောင်းသွားလာမှု ဖြစ်ပေါ်လာစေရေး နုမူနာဟောပြောမှု ပုံစံကို သီးခြားစီလက်တွေ.လေ.ကျင်.ခဲ့ကြသည် ။ထိုရွေးချယ်ခံရသူက မိမိအစုအားပြန်လည်ရှင်းလင်းဟောပြောရခြင်း ၊ဟောပြောခံ အစုဝင်များကလည်း ပြန်လှန်မေးခွန်းထုတ်ခြင်းများဖြင်. နမူနာ ပုံစံ လေ.ကျင်.မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည် ။ထို.နောက် ထိုနမူနာပုံစံ ရှင်းလင်းဟောပြောမှုများကို Video Cilp များဖြင်. အားလုံးတို.အားပြန်လည်ပြသပြီး အားနည်းချက် ၊ အားသာချက်တို.ကို ဝေဖန်အကြံပြုခဲ့ကြသည် ။



ထို.နောက် MWRN ၏ မြန်မာပြည်ရုံးခွဲ ဒါရိုက်တာ က ယခုတက်ရောက်လာပေးသော စေတနာ.၀န်ထမ်းများအနေဖြင်. မိမိတို.ရပ်ရွာဒေသများသို.ရောက်ရှိသွားပါက အသိပညာ တစ်ဆင်.ဖြန်.ဝေ မှုများ မည်သို.ပြုလုပ်သင်.ကြောင်း ကိုအကြုံပြုလမ်းညွှန်မှုများပြုခဲ့သည် ။
သင်တန်း၏ အဆုံးသတ်အပိုင်းတွင်မူ တက်ရောက်လာသူများနှင်. MWRN တို.အကြား အတွေးအမြင် ၊ အယူအဆ ဖလှယ်မှုများ အလွတ်သဘောပြုလုပ်ခဲ့ကြပါသည် ။

ထို.နောက်သင်တန်းတက်ရောက်ကြသူများနှင်. MWRN မြန်မာပြည်ရုံးခွဲအဖွဲ.သားများ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကြပြီး ပျော်ရွှင်စွာဖြင်. စေတနာ.၀န်ထမ်းအလုပ်ရုံသင်တန်းကို အဆုံးသတ်ခဲ့ကြပါသည် ။

ဆက်စပ်ဖတ်ရှုရန် ....  MWRN ဆိုတာဘာလဲ