Thursday, September 25, 2014

၂၀၁၅ သည် ဧရာဝတီ အတွက် ဖြစ်မည်လား

ရှုံးထွက်ဖလား ဗိုလ်လုပွဲ သို.လာရောက်အားပေးကြသော ဧရာဝတီ ပရိသတ်


2014 MNL League တွင်  1 to 5 ၀င်အောင်အပြင်းအထန်ကြိုးပမ်းခဲ့ရသော ဧရာဝတီ ယူနိုက်တက် အနေဖြင်. သူတို.၏အောင်မြေဖြစ်သော ရှုံးထွက်ဖလား ပြိုင်ပွဲ တွင်မူ ဒုတိယအကြိမ်မြောက် ဖလားတစ်လုံးကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သည်

၂၀၁၄ စက်တင်ဘာ ၂၁ ရက် ညနေ က YTC ကစားကွင်းတွင် ကျင်းပခဲ့သော ဧရာဝတီ ယူနိုက်တက် နှင်. နေပြည်တော် အက်ဖ်စီ တို.၏ချန်ပီယံ လုပွဲတွင် ဧရာဝတီ က ၂ ဂိုး ဂိုးမရှိဖြင်. ၂ကြိမ်မြောက် ရှုံး ထွက်ဖလား ရယူနိုင်ခဲ့ခြင်းဖြစ်သည် ။ ထိုပွဲသို. ဘိုကလေး ၊ မအူပင် ၊ ပုသိမ်စသည်တို.မှ ဧရာဝတီသားများ ၊ ပုသိမ်ရှိ လူငယ်အကယ်ဒမီ မှ ကစားသမားငယ်များ ၊ Redwave Fans ( ဧရာဝတီ ၏ အမာခံ ပရိသတ်များ ) Member များ ၊ ရန်ကုန်ရောက် ဧရာဝတီ ဇာတိဖွားများအပြင် ကိုမေတ္တာ ၊ အရိုင်း ၊ ကိုငြိမ်းချမ်း အစရှိသော အနုပညာလောကသားများ ဧရာဝတီ အသင်းကို လာရောက်အားပေးခဲ့ကြသည် ။
အထူးတန်းပွဲကြည်.စင် ပြည်.လုနီးပါး ဧရာဝတီ ပ၇ိသတ်များကား တစ်ချိန်က Delta United FC ဘ၀ ကွင်းပြည်.ကွင်းလျှံ ပ၇ိသတ်များကို သတိရမိစေသည် ။ ဘိုကလေး ပရိသတ်များ ၊ ပုသိမ်အကယ်ဒမီမှ ကစားသမားငယ်များ နှင်. Redwaves Fan တို.၏ ဧရာဝတီအောင်နိုင်ရေး Vinyl များကိုတွေ.ရပြီး ပရိသတ်အတော်များများ၏ ပါးတွင် Redwaves Fan Club မှ စီစဉ်ပေးသော Sticker များကို တွေ.ရသည် ။


ကစားပွဲ အနေအထားကမူ ဧရာဝတီ ကသာသလို ရှိသော်လည်း နေပြည်တော်က အချိတ်အဆက် ပိုမိနေသလို မြင်ရသည် ။ သို.သော် နေပြည်တော် အနေဖြင်. ဂိုးကိုတိုက်ရိုက်ခြိမ်းခြောက်နိုင်စွမ်းနည်းပါးပြီး  ကန်ခွင်.ရသော ဘောလုံးတို.ကိုလည်း ဧရာဝတီ ဂိုးသမားက လက်စွမ်းပြ၍ သေသပ်စွာကာကွယ်နိုင်ခဲ့သောကြောင်. နေပြည်တော်တို. ထင်တိုင်းမပေါက်ခဲ့ခြင်း ဖြစ်သည် ။

ဧရာဝတီ အနေဖြင်. လူစုံ့ထုတ်ကစားခဲ့ပြီး တိုက်စစ်မှုးဆာဆာ ကိုမူဒါဏ်ရာကြောင်. ဒုတိယပိုင်းမှ ထည်.သွင်းကစားခဲ့သည် ။ ၁၃ မိနစ်တွင် နေလင်းထွန်းက ဧရာဝတီ အတွက် အဖွင်.ဂိုးသွင်းပေးခဲ့ပြီး ၇၉ မိနစ်တွင်မူ ဒုတိယအကြိမ်ရှုံးထွက်ဖလားအတွက် ဒုတိယဂိုးကို ကိုနေးက သွင်းယူပေးခဲ့သည် ။ ရှုံးထွက်ဖလားပြိုင်ပွဲကို နောက်ဆုံးကျင်းပခဲ့သည်. ( ၂၀၁၃ ခုနှစ်က Seagame ကြောင်. ရှုံးထွက်ဖလားပွဲ မကျင်းပခဲ့ပါ ) ၂၀၁၂ ခုနှစ်ကလည်း ဧရာဝတီပင် ဖလားရခဲ့သဖြင်. နှစ်ကြိမ်ဆက်တိုက် ရှုံးထွက်ဖလား ရယူနိုင်ခဲ့ခြင်းဖြစ်သည်
 


ဧရာဝတီ ၏ ဖလားတစ်လုံး ပိုင်ဆိုင်ခွင်.သေချာစေခဲ့သော ဒုတိယဂိုးသွင်းအပြီး ပရိသတ်၏ အပျော်


ပွဲအပြီးတွင် Ooredoo မှ ဆုကြေးငွေ သိန်း ၃၀၀ ကို  MFF ဥက္ကဋ္ဌ ဦးဇော်ဇော် နှင်. တာဝန်ရှိသူများက ချီးမြှင်.ခဲ့ပြီး အောက်တိုဘာလ နောက်ဆုံးပတ်တွင် ကျင်းပမည်. မဲခေါင်တိုယိုတာ ဖလားပြိုင်ပွဲဝင်ခွင်.အတွက် တရားဝင်ဖိတ်ကြားစာကို Toyota Company က ပေးအပ်ခဲ့သည် ။
တကယ်က ဒါသည်ပင် ဇာတ်လမ်းအစဖြစ်သည် ။ ယခုကဲ့သို. ရှုံးထွက်ဖလားရခဲ့သဖြင်. လာမည်. ၂၀၁၅ သည် ဧရာဝတီ အတွက် ပိုအရေးကြီးလာသည် ။ မည်သူမဆို ၃ကြိမ်ဆက်တိုက်ချန်ပီယံ ဆိုသည်ကို မက်မောကြမြဲ ဖြစ်သည် ။ ထို.အတွက် ဧရာဝတီသည်လည်း သူ၏ ၃ကြိမ်ဆက် ချန်ပိယံဘွဲ.အတွက် အပြင်းအထန်ကြိုးပမ်းရတော.မည်ဖြစ်သည် ။

ဒုတိယ အနေဖြင်. လာမည်. ၂၀၁၅ ကွင်းဖွင်.ဖလားတွင် ၇တနာပုံနှင်. တစ်ပွဲတည်း ကန်ရုံနှင်. ဖလားတစ်လုံး ရမည်.ပွဲကို ရင်ဆိုင်ရမည်ဖြစ်သည် ။ အရှိန်အဟုန် ဖြင်. အောင်မြင်နေသော Delta United FC ဘ၀မှ မွေးစားပိုင်ရှင်လက် ၊ ထိုမှ ဇာတိဖွားတို.ရင်ခွင် ပြန်ဝင်ပြီး ဧရာဝတီ ယူနိုက်တက်ဖြစ်ခဲ့ရသော်လည်း အမှတ်ပေးပွဲများတွင် အသည်းအသန်ရုန်းကန်နေရခြင်း၏  ဇာတ်လမ်းအစ ( မှတ်မိကြအုံးမည်ထင်ပါသည် )  ၇တနာပုံအိမ်ကွင်းအတွင်းမှပွဲပြီးသည်အထိ ထွက်မရ ၊ ထိုမှ နောက်ဆုံးပိုင်ရှင်အဆင်.ပြောင်းခဲ့ရစေခဲ့သော အဖြစ်အပျက်များ ၊ ယခု လာမည်. ၂၀၁၅ နှစ်စတွင် ထိုအသင်းနှင်. ယှဉ်ပြိုင်ရင်း  ဖလားလုပွဲ ဖြင်.စဖွင်.ရတော.မည် ။ထိုအတွက်လည်း အလေးအနက်ထားကြရပေမည် ။ ထို.အပြင် ၂၀၁၅ တွင် ၀င်ရောက်ယှဉ်ပြိုင်ခွင်.ရမည်. အာရှအဆင်. AFC Cup ပြိုင်ပွဲတွင် အဆင်.အတန်းရှိရှိ ၀င်ရောက်ယှဉ်ပြိုင် နိုင်ရန်အတွက် လိုအပ်သော အင်အားစုဖွဲ.မှုများ ၊ ကြိုတင်ပြင်ဆင်ထားသင်.သည်များကလည်း အများအပြားရှိနေသည် ။ MNL အသင်းတိုင်း မက်မောသည်. MNL Cup ကိုပါ ထည်.သွင်းတွက်ချက်လျှင် ( အနိမ်.ဆုံး ၁ - ၅ ၊  ဖြစ်နိုင်လျှင် ဖလားပိုင်ရှင် ) တော. ၂၀၁၅ သည် ဧရာဝတီကို အောင်မြင်မှု လမ်းစများနှင်. စောင်.ကြိုနေသကဲ့သို. အမှန်တကယ်အောင်မြင်မှု ရရန် အတွက်ကလည်း စိန်ခေါ်မှု အချို.ကတော. ရှိနေမည်ဖြစ်သည် ။

၂၀၁၀ ပြည်. ရှုံးထွက်ဖလားစကျင်းပချိန်မှ ယခုအချိန်အထိ ဖလားရယူပေးနိုင်ခဲ့သော နည်းပြများအနက် ပထမဆုံးမြန်မာနည်းပြ ဖြစ်သော ဧရာဝတီ နည်းပြချုပ် ဦးဆန်းဝင်းက စံတော်ချိန် သတင်းစာနှင်. အင်တာဗျုးဖြေကြားရာတွင်  ဒီနှစ် ဘောလုံးရာသီတွင် အမှတ်ပေး နှင်. ရှုံးထွက် ဖလား နှစ်ခုစလုံးကို ပြည်တွင်းနည်းပြများက ယူပေးနိုင်ခဲ့သဖြင်. မြန်မာတွေမညံ.တာပြနိုင်ခဲ့ကြောင်း ၊ လေ.ကျင်.ချိန် တစ်လကျော်အတွင်းမှာ နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်၇မှာကြောင်. လိုအပ်ချက်တွေကြိုးစားပြင်ဆင်ရမှာဖြစ်ကြောင်း ၊ ဧရာဝတီရှေ.မှာ မြန်မာပါလာပြီမို. ကြိုးစားယှဉ်ပြိုင် သွားမှာဖြစ်ကြောင်း ၊ လာမယ်.နှစ်ပြိုင်ပွဲတွေကြောင်. ကစားသမားအင်အား ထပ်ဖြည်.ရမှာဖြစ်ပြီး အသင်းပိုင်ရှင်တွေနဲ. ညှိုနှိုင်း ခေါ်ယူရမှာဖြစ်ကြောင်း ၊ သူ.အနေနဲ. အသုံးများတဲ့ ကစားကွက်က ၄-၂-၃-၁ ဖြစ်ပြီး ပုံသေကစားကွက်မထားပဲ တိုက်စစ်ဦးစားပေး ကစားကြောင်း ၊ နည်းပြ အနေနဲ. အသက် ၆၀ လောက်မှသာ အနားယူမယ်စဉ်းစားထားကြောင်း ပြောကြားခဲ့သည် ။

ရှုံးထွက် ဖလားနှင်. RED WAVES Fan - EC & Member အချို.

 လာမည်. ၂၀၁၅ တွင် အသင်းပိုင်ရှင်တို.အနေဖြင်. လိုအပ်သော စွမ်းရည်ပြည်.ကစားသမားအချို. နှင်.အိမ်ကွင်းအပါအ၀င် ပံ.ပို.မှုများအား ပြည်.စုံစွာ ထောက်ပံ.ပေးနိုင် ခဲ့ပါလျှင်  ၊ ကစားသမားများကလည်း တစ်ဥိးချင်း သော်လည်းကောင်း အသင်းလိုက် အနေဖြင်. လည်းကောင်း ပိုမို၍ညီညွတ်စွာ နိုင်လိုစိတ်အပြည်. အမှာ.အယွင်းမရှိ ကြိုးစားနိုင်ခဲ့ ကြပါလျှင် ၊ နည်းပြ နှင်. အုပ်ချုပ်မှု အဖွဲ.များကလည်း  စေတနာအပြည်. တက်ကြွမှုအပြည်. နည်းပညာထက်မြက်စွာဖြင်.သာ ဟာကွက်မရှိ စီမံဆောင်ရွက်နိုင်ကြပါလျှင် ၊ ပရိသတ်အနေဖြင်.လည်း အင်ပြည်. အားပြည်. တက်ညီလက်ညီ စုစည်း ညီညွတ်စွာ အားပေးကြပါလျှင် 


သေချာပါသည် ၂၀၁၅ သည် ဧရာဝတီ အတွက်သာ ဖြစ်လာပါလိမ်.မည်

Monday, September 22, 2014

ဝါးခယ်မ မုန်.ဟင်းခါး နဲ. ပုဇွန်ဦးနှောက်ကြော်



ပုဇွန်ခေါင်းအတွင်းမှ ထုတ်ယူထားသော ပုဇွန်ဦးနှောက်များ
ဒီကိစ္စက ဟိုးအရင်တည်းက အတော်ရှင်းယူခဲ့ရသော ပြသာနာ တစ်ခုဖြစ်ခဲ့သည် ။ ရှေးလူကြီး တို.ပြောခဲ့ဖူးသော အလကား  ….. ပုဇွန်ခေါင်းတွေ .. ဦးနှောက်မရှိဘူး ….-ျီး ပဲ ရှိတယ်ဆိုသောစကား ၊ လူတကာ ယိုသမျှ -ျီး … ပုဇွန်ဆိတ်ခေါင်းတွင် သွားစုသည် ဟူသော စကားများကလည်း ရှင်းရပိုခက်စေသော သဘောတော.ရှိသည် ။

မြန်မာနိုင်ငံနေရာအတော်များများ … ထိုမှ မြစ် ၊ ချောင်း ၊ ကန် ၊ ပင်လယ် စသည်တို.နှင်. ထိစပ်မှု များသော ဒေသများတွင် မုန်.ဟင်းခါး ကို ပို၍ တမ်းတမ်းတတ စားသုံးတတ်ကြသည် ။ ဧရာဝတီတိုင်းအတွင်းတွင် ဆိုလျှင်လည်း မိမိတို.မြို.အလိုက် သီးခြား ပုံစံဖြင်. ချက်ပြုတ်လေ.ရှိကြသည် ( ဥပမာ ပုသိမ်မုန်.ဟင်းခါး ၊ မြောင်းမြ မုန်.ဟင်းခါး ၊ ဟင်္သာတ မုန်.ဟင်းခါး ၊ ဘိုကလေးမုန်.ဟင်းခါး ၊  ၀ါးခယ်မ မုန်.ဟင်းခါးစသည်ဖြင်. …. ) ။ မြစ်ချောင်း ၊ အင်း ၊ အိုင် ပေါများသော ဒေသများက ငါးကို အားပြုချက်ကြပြီး အတန်ငယ်လှမ်းသော ဒေသများကို ပဲကို ဖြည်.စွက်သုံးကြသည် ။

ထိုမုန်.ဟင်းခါးကို တွဲဖက်စားသုံးသော အကြော်ဆိုလျှင်လည်း ပုံမှန်အားဖြင်. ဘူးသီးကြော် ၊ ပဲကြော် ၊ ကြက်သွန်ကြော် ၊ ဘဲ ဥ စသည်တို.ဖြင်.စားသုံးလေ.ရှိပြီး ဒေသအလိုက် အချို.က မုန်.ဟင်းခါးထဲ ပန်းဂေါ်ဖီ ထည်.စားခြင်းမျိုး ၊ ရှမ်းနံနံ ၊ ပဲသီး ၊ ပူစီနံ စသည်တို.ထည်.စားသုံးခြင်းမျိုး ရှိကြသည် ။ မြို.လေးတွင်မူ ဖြည်.စွက်အနေဖြင်. နံနံပင် ၊ ညှပ်ခေါက်ဆွဲဆိုလျှင် ကြက်သွန်စိမ်း တို.ကိုသာ ထည်.စားလေ.ရှိပြီး ထူးထူးဆန်းဆန်းအနေဖြင်. ဟိုးးးယခင်က ငါးသလောက်ဥကြော်( လက် ၃လုံးခန်.အမြောင်းကို ကြော်ပြီးအတုံးလိုက်ပိုင်းရောင်းခြင်းဖြစ်သည် ) ကို ထည်.သွင်းစားသုံးလေ.ရှိသော်လည်း ယခုကာလ ငါးသလောက်ဥ လက်နှစ်လုံးလောက်မရှိတရှိဈေးကပင် တစ်ဆယ်သား ၁၈၀၀ ခန်.ရှိနေတော. မုန်.ဟင်းခါးနှင်. ငါးသလောက်ဥကြော် သေခန်းပြတ် သလောက်ဖြစ်သွားသည် ။

အောက်ဖက်ရှိ ပုဇါန်မှာ ခေါင်းအတွင်း -ျီး သာပါပြီး အပေါ်ဘက်ရှိ ပုဇွန်တွင်မူ အစိမ်းရောင်ဦးနှောက်ခဲများ ပါရှိသည်
 မြို.လေးတွင် ပုံမှန်စားနေကျ ဘူးသီးကြော် ၊ ပဲကပ်ကြော် ( မြို.လေးတွင် ပဲကြော် ကို ဤသို.ခေါ်သည် ) ၊ မန္တလေး ပဲကြော် ( အပျော. ၊ အကြွပ် ) ၊ ကြက်သွန်ကြော် ၊ ငါးဖယ်ကြော် ၊ ဘဲဥ ( အိုးဘဲဥ ဟူသော ဟင်းရည်စိမ်ဘဲဥမျိုးကို မြို.လေးတွင် ယခင်ကတော. တွင်တွင်ကျယ်ကျယ် သုံးလေ.မရှိ ) ပြုတ် ၊ ဘဲသွေး ၊ ပုဇွန်ကြော် တို.အပြင် ပုဇွန်အသားကြော် ( အလျဉ်းသင်.ချိန်တွင် သီးခြားဖော်ပြပါမည် ) ၊ ပုဇွန်ဦးနှောက်ကြော် စသည်တို.ကို ထူးထူးခြားခြားစားသုံးလေ.ရှိသည် ။

ထိုအနက်မှ ပုဇွန်ဦးနှောက်ကြော်ကတော. မြို.လေး၏ အထူးစားသောက်ဖွယ် ၊ အခြားသော မြို.သူ/သား များနှင်. အငြင်းအခုန် အလုပ်ရဆုံး ကိစ္စ တစ်ခုဖြစ်သည် ။ တစ်ခုရှိသည်က ဤအကြော်ကို မိုးကာလ ၊ ပုဇွန်ဥ ဥသော ရာသီမျိုးတွင်သာ ရတတ်သည်ကတော. ခြွင်းချက် တစ်ခု ဖြစ်သည် ။ ပုံမှန်အားဖြင်. ပုဇွန်ဦးခေါင်းအတွင်း အမဲရောင် (သို.) ကော်ဖီရင်.ရောင် -ျီး သာပါတတ်ပြီး ထိုရာသီတွင်မူ အစိမ်းရောင် တွင် အနက်ရောင်အစက်အပြောက်များ ပါသော အခဲလေးပါတတ်ပြီး (-ျီး ကသတ်သတ်ဖြစ်သည် ) ထိုအရာကို ပုဇွန်ဦးနှောက်အဖြစ်သတ်မှတ်ကြခြင်းဖြစ်သည် ။ ဒါကလည်းဟုတ်သည် ။ ဦးခေါင်းအတွင်း ဤသို.သော အရာမျိုးကို ဦးနှောက်ဟုမခေါ်လျှင် မည်သည်.အမည် တပ်ရမည်နည်း ။ အချို.၏ အယူအဆကတော. ပုဇွန်ဥ  ဥချိန်တွင် ဟိုမုန်းအပြောင်းအလဲကြောင်. (သို.) အပြောင်းအလဲအတွက် ပေါ်ထွက်ဖြစ်တည်လာသော အရာတစ်ခုဟုလည်းဆိုကြသည် ။ 

မြို.လေးရှိ မုန်.ဟင်းခါးဆိုင်တစ်ခု၏ အကြော်စုံဗန်းအတွင်းမှ ပုဇွန်ဦးနှောက် ကြော် ( ညာဘက်မှ အ၀ါရင်.ရောင် )
 ပုဇွန်ဦးနှောက်ကြော်ပြုလုပ်ရာတွင် ပုဇွန်ဦးနှောက်ပါသော ပုဇွန်ကိုရွေးချယ်ဝယ်ယူရသည် ( ဆိုင်များတွင် ဦးနှောက်ပါသော ပုဇွန် - ဥမ ပုဇွန်များဟုလည်းခေါ်သည် ) ။ ထိုပုဇွန်ဦးခေါင်းအတွင်းမှ ဦးနှောက်ခဲများကို ထုတ်ယူ စုဆောင်းပြီး ဘဲဥအနှစ်ဖြင်.ရောပြီးကြေသွားသည်အထိမွှေ၇သည် ။ ဘဲဥအနှစ်ဖြင်.ရောရခြင်းမှာ အရောင်လှစေရန်လည်းကောင်း ၊ အဆိမ်.ဓါတ် ပိုပြည်.စေရန်လည်းကောင်း ၊ ကြော်လျှင် အဆင်ပြေစေ၇န်အတွက်လည်းကောင်းဖြစ်သည် ။ များသောအားဖြင်. ခပ်ပါးပါး အပြန်.ကြီးကြီး ကြော်လေ.ရှိကြသည် ။ အရည်အသွေးပိုင်းတွင်မူ ရောနှောပစ္စည်းရာခိုင်နှုံး ၊ မိမိတို.ဆိုင်အမည် တန်ဖိုးထားမှု ၊ စားသုံးသူအပေါ်စေတနာ စသည်တို.အလိုက် ကွာခြားမှုတော. ရှိတတ်သည် ။

သူ.အရသာမှာအဆိမ်.ကိုသာ အဓိကထားစားရခြင်းဖြစ်ပြီး သဘာဝအရောင်မှာ ဘဲဥနှစ်ရောင်ဖျော.ဖျော.မျိုးသာဖြစ်သည် ။ အကယ်၍များ ၀ါးခယ်မသို. မိုးဦးရာသီကာလ ရောက်ခဲ့လျှင်တော. ၀ါးခယ်မ မုန်.ဟင်းခါးနှင်. ပုဇွန်ဦးနှောက်ကြော် တွဲဖက်စားသုံးကြည်.ပါဟု……………. ။ 

မန္တလေးပဲကြော် ၊ ပုဇွန်ဦးနှောက်ကြော် တို.ဖြင်. ပြင်ထားသော မုန်.တစ်ပွဲ

ရှင်းလင်းစွာ သိလိုပါလျှင် ပူးတွဲ Link များမှ ပုံများဖြင်. ယှဉ်တွဲဖတ်ရှု နိုင်ပါသည် ။

  * ပုဇွန်ဦးနှောက်ဆိုတာ


  *ပုဇွန်ဦးနှောက်ကြော် ပြုလုပ်ပုံ


ဆက်စပ်ဖတ်ရှုရန်များ


 * မြို.လေးနှင်. မုန်.ဟင်းခါး ယဉ်ကျေးမှု ( ၀ါးခယ်မ မုန်.ဟင်းခါး )

 * မမေ.နိုင်စရာ ဒေသထွက်အစားအစာများနှင်.  အမေ.ထမင်းစားပွဲ

Saturday, September 13, 2014

အယ်လ်ကိုင်ဒါ ၏ မြန်မာပြည်အပေါ် ကြေညာချက် အား သုံးသပ်မှု များနှင်. ရခိုင်ပြည်နယ်တွင်း အခြေအနေ ( ၂ )




 
မောင်တောနာရီစင်

မောင်တောခရိုင် လုံခြုံရေး သတင်း

အဲ့ဒီလို အကြမ်းဖက် အဖွဲ.အစည်းရဲ. ကြေငြာချက် ထွက်လာပြီးတဲ.နောက် ဆက်စပ်မှုအနေနဲ. ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ အရေးကြီး အဆောက်အအုံများကို ဗုံးဖောက်ခွဲမည်ဟု သတင်းများ ရရှိထားသဖြင့် လုံခြုံရေး သတိထားရန် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးက ဌာနဆိုင်ရာများကို ညွှန်ကြားထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးက   သတိပေးစာ ပေးပို.ခဲ့တယ်လို.သိရပါတယ် ။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်  အခြေပြု လှုပ်ရှားနေတဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အမည်ရ ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ဟာအကြမ်းဖက် စစ်သွေးကြွအဖွဲ့ အယ်လ်ကေဒါနဲ.ပေါင်းပြီး ခုလိုလုပ်ဆောင်ရန် သတင်းရထားတယ် ဆိုပြီး စက်တင်ဘာလ ၅ ရက်နေ့က အစိုးရဌာနများကို ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ပေးပို့တဲ့ သတိပေးစာမှာဖော်ပြခဲ့တာပါ ။

RSO တွေဟာ ဒေသခံ ဘင်္ဂါလီများ ဟန်ဆောင်ကာ အရေးကြီးသော အဆောက်အအုံများကို ဗုံးခွဲဖျက်ဆီးရန်၊ လတ်တလော တိုက်ခိုက်မှုများ ပြုလုပ်ရန်၊ ဌာနဆိုင်ရာ အကြီးအကဲများကို ဖမ်းဆီးရန် လုပ်ဆောင်မည်ဟု သတင်းများ ရရှိထားကြောင်း လည်းအဲ့ဒီသတိပေးစာမှာ ဖော်ပြထားတယ်လို.သိရပါတယ် ။

 အရေးကြီးတဲ့ နေရာတွေကို အားဖြည့်ရွှေ့ပြောင်း လှုပ်ရှားကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင်တွေရဲ့ လုပ်ထုံးလုပ်နည်း အရပေါ့ ။ အုပ်ချုပ်ရေးမှူးရုံးတို့၊ EPC ရုံးတို့ကို လုံခြုံရေး ယူထားပါတယ်။ ရုံးတိုင်း လုံခြုံရေးယူဖို့က မလွယ်ဘူး။ လှည့်ကင်း လှည့်ပေးနေပါတယ်”  လို.အယ်လ်ကေဒါအဖွဲ့က အကြမ်းဖက်မည်ဆိုသည့် သတင်းများ မထွက်ပေါ်ခင်ကပင် လုံခြုံရေး အစီအမံများကို လုပ်ဆောင်ထားပြီး အရေးကြီး အဆောက်အအုံများ ဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးရေးရုံး အုပ်ချုပ်ရေးမှူး ရုံးတို့တွင် လုံခြုံရေး ချထားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေသန်းက ပြောဆိုခဲ့ကြောင်း သိရပါတယ် ။ကျောင်းဆရာ ကျောင်းဆရာမများ အတွက်လည်း လုံခြုံရေး ဆောင်ရွက်ပေးနေကြောင်း၊ လတ်တလောတွင် အယ်လ်ကေဒါ၊ RSO အဖွဲ့များ လှုပ်ရှားမှု မရှိသေးကြောင်း ဒုတိယရဲမှူးကြီး ရွှေသန်းက ဆက်လက် ပြောကြားတယ်လို.လည်းဆိုပါတယ် ။

မောင်တောမြို.တွင်း တစ်နေရာ
 အယ်လ်ကိုင်ဒါ ၏ ထုတ်ပြန်ချက်အပေါ် သမ္မတရုံး ညွှန်ကြားရေးမှုး၏ သဘောထား

အဲ့ဒီမြန်မာနိုင်ငံကိုပါ ပစ်မှတ်ထားတဲ့ ကြေငြာချက်နဲ.ပတ်သက်လို. ထွက်ပေါ်လာကာစမှာပဲ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ Facebook မှာတော. ခုလိုရေးသားထားခဲ့ပါတယ် ။

သတိ နဲ့ အသိ

အိန္ဒိယတိုက်ငယ် အယ်လ်ခိုင်းဒါး ဖွဲ့စည်းပြီးတော့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယကို ပစ်မှတ်ထား ကြောင်း အယ်လ်ဇာဝါဟီရီက ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဂျီဟက်စစ်ပွဲ ဆင်နွှဲဖို့ ပြောကြားသွားတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ လတ်တလောမှာ စိုးရိမ်တကြီး ပူပန်စရာ မလိုသေးပါဘူး။

သတိ

(၁) အကြမ်းဘက်တိုက်ခိုက်မှုဟာ ယနေ့ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဘုံရန်သူအဖြစ် မြန်မာနိုင်ငံက ခံယူထားပါတယ်။ အလားတူပါပဲ အကြမ်းဘက်ဝါဒ ဆန့်ကျင်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အခိုင်အမာ ကတိက၀တ် ပြုထားသလို လက်ရှိအချိန်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။

(၂) မြန်မာနိုင်ငံအနေနဲ့ အကြမ်းဘက်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကြိုတင် သိရှိထားတဲ့အတွက် နိုင်ငံတော် လုံခြုံရေးအတွက် လိုအပ်တဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေကို တပ်မတော်အပါအ၀င် လုံခြုံရေးအဖွဲ့အစည်းတွေ အားလုံး အလေးထားပြီး လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း လုပ်ဆောင်လျက် ရှိပါတယ်။ အယ်ခိုင်းဒါးကွန်ရက် ပြန့်နှံ့စီးဆင်း လည်ပတ်မှုတွေကို လေ့လာပြီး ၀င်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတင်သတ်မှတ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

(၃) အကြမ်းဘက်တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ National Security ကို ဆောင်ရွက်ရာမှာ နိုင်ငံတစ်နိုင်ငံတည်း သီးခြားဆောင်ရွက်လို့ မပြည့်စုံနိုင်ပါဘူး။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အိန္ဒိယတိုက်ငယ်သာမက ကမ္ဘာကြီးတစ်ခုလုံးက အကြမ်းဘက်တိုက်ဖျက်ရေး လှုပ်ရှားမှုတွေနဲ့ ပေါင်းစည်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဘက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖလှယ်နိုင်ဖို့၊ မျှဝေနိုင်ဖို့အတွက် Early Warning System တစ်ခုကို ထူထောင်ထားရှိရာမှာ မြန်မာနိုင်ငံဟာလည်း ပူးပေါင်းပါဝင်လျက် ရှိပါတယ်။

ဒါကြောင့် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ လုံခြုံရေး အဖွဲ့အစည်းတွေဟာ အကောင်းဆုံးဖြစ်အောင် ကြိုတင် ပြင်ဆင် ဆောင်ရွက်နေပါကြောင်း၊ ဒီလိုအန္တရာယ်မျိုးက ကာကွယ်နိုင်အောင် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အထူးအလေးထား ဆောင်ရွက်နေပါကြောင်း အလေးအနက် တင်ပြလိုပါတယ်။

ပြည်သူများအနေနဲ့ လုံခြုံရေး သတိ အထူး ရှိဖို့ ရှေ့လျှောက် ပိုမိုပြီး လိုအပ်လာမှာ ဖြစ်ပါတယ်။


အသိ

နောက် အရေးကြီးတာ တစ်ခု တင်ပြလိုပါတယ်။ အယ်လ်ဇာဝါဟီရီရဲ့ ဂျီဟတ်ကြေညာချက်နဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။

ပထမအချက်က သူတို့ ခေါ်ဆောင်ရာနောက်ကို လိုက်ပါမယ့် အစွန်းရောက်တွေ ထွက်ပေါ်လာအောင် စည်းရုံးတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာသာရေးနွယ်တဲ့ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေကို အစွန်းရောက်စိတ်ဓါတ်တွေ ပေါက်ဖွားလာအောင်၊ အစွန်းရောက်လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာအောင် စည်းရုံးတာမျိုး ဖြစ်လာနိုင်တာကိုလည်း ကျွန်တော်တို့ သတိထားဖို့ လိုပါတယ်။ ဒါကိုတော့ ဘာသာရေးခေါင်းဆောင်တွေ အလေးထားဖို့ လိုပါတယ်။

ဒုတိယအချက်က ဂျီဟက်ကြညာလိုက်ပြီးတော့ ကျွန်တော်တို့နိုင်ငံက လူ့အဖွဲ့အစည်း(၂)ရပ်အကြားမှာ ပဋိပက္ခတွေ မြင့်မားပြင်းထန်လာအောင် လှုံ့ဆော်တာမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ဆက်နွယ်တဲ့ ပဋိပက္ခတွေကြားမှာ အခုလို ဂျီဟတ်ကြေညာလိုက်တာကြောင့် ကျွန်တော်တို့ ပြည်တွင်းမှာ မယုံမကြည်ဖြစ်တာတွေ၊ သံသယတွေ ကြီးမားလာတာတွေ ဖြစ်လာစေဖို့၊ ဒီကမှ တစ်ဆင့် အချင်းချင်း ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားလာပြီး လက်ရှိ ရရှိထားတဲ့ တည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြားသွားဖို့ လှုံ့ဆော်တာလည်း ဖြစ်နိုင်တာကို ကျွန်တော်တို့ ပြည်သူတွေအားလုံး နားလည်သဘောပေါက်ဖို့ လိုပါတယ်။

ဒီအချိန်မှာ အရေးကြီးဆုံးကတော့ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဒီစည်းရုံးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အမြော်အမြင် ရှိရှိ ကြိုတင် မျှော်တွေးပြီး မိမိဘာသာဝင်တွေကို ထိန်းသိမ်းကြဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူများ အနေနဲ့ အကြမ်းဘက်အန္တရယ်က ကာကွယ်ရာမှာ စည်းလုံးညီညွတ်တဲ့ အသိရှိဖို့ အထူး အရေးကြီးလာ ပြီဖြစ်ပါတယ်။


တိုက်တွန်းချက် ●

ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ဒီ(၂)ချက်ကို သိရှိထားပြီးတော့ အစိုးရ၊ ပြည်သူ၊ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းပြီးတော့ လက်ရှိ တည်ငြိမ်အေးချမ်းမှုကို မထိခိုက်အောင် ဆောင်ရွက်သွားကြဖို့ လိုပါတယ်။ ဒီသတင်းကြောင့် အချင်းချင်းအကြား သံသယတွေ ကြီးထွားလာပြီး ပဋိပက္ခတွေဆီ ပြန်လည်ဦးတည်မသွားအောင် သတိရှိကြဖို့ လိုပါတယ်။ သိပ်ပြီးလည်း စိုးရိမ်တကြီး ဖြစ်နေစရာ အကြောင်းမရှိပါဘူး။ စိုးရိမ်လွန်ကဲတာမျိုး မဖြစ်အောင်လည်း ပြောလိုပါတယ်။ ပြည်သူများအနေနဲ့ လုံခြုံရေးသတိနဲ့ ထူခြားတာတွေ တွေ့မြင်ရရင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပေးကြဖို့ လိုပါတယ်။

သတိရှိကြဖို့ လိုအပ်သလို သံသယ မကြီးမားကြဖို့လည်း အထူးအရေးကြီးပါတယ်။ အထူးသဖြင့် မန္တလေးပဋိပက္ခမှာ ကျော်လွှားခဲ့တဲ့ Success Story အတိုင်း နှစ်ဘက်သော လူ့အဖွဲ့အစည်းက ပြည်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အားလုံး အနေနဲ့ ဒီနောက်ပိုင်း ကာလမှာ သတိထားပြီး နားလည်မှု ရှိရှိ ပူးပေါင်းဆောင်ရွက်ကြဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒီအချိန် ဒီကာလမှာ အမုန်းစကားတစ်ခွန်းကြောင့် ကြီးမားတဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နှစ်ဘက်သော ဘာသာဝင်တွေအနေနဲ့ ကျွန်တော်တို့ ပြည်တွင်းမှာ နှစ်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်လာခဲ့တဲ့ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုပါတယ်။

အမေရိကန်တပ်တွေ လိုက်လံရှာဖွေလို့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ အယ်လ်ဇာဝါဟီရီရဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်တို့ ပြည်တွင်းမှာ ဘေးဒုက္ခ မဖြစ်စေဖို့ အရေးကြီးပါကြောင်း အလေးအနက် တိုက်တွန်းလိုက်ရပါတ
ယ်။

ဒေသတွင်းအောက်ခြေလှုပ်ခတ်မှုများ 

ဘူးသီးတောင်မြို.တွင်း တစ်နေရာ
 ခုလို အကြမ်းဖက် အဖွဲ.အစည်းတစ်ခုက သူတို.ပစ်မှတ်ဒေသအဖြစ် မြန်မာနိုင်ငံကို ထည်.သွင်းလာချိန် ၊ တစ်ပြိုင်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ.ညှိုနှိုင်းပြီး မြန်မာနိုင်ငံကိုခြေကုပ်ယူဖို.ကြိုးစားလာတာတွေ ၊မောင်တော.ခရိုင်မှာ အကြမ်းဖက် တိုက်ခိုက်နိုင်ဖွယ် သတင်းတွေ ထွက်လာနေချိန်မှာ ဘူသီးတောင်ဘက်မှာ ကလည်း သြဂုတ် ၂၅ ရက်နေ.မှာ ဘင်္ဂါလီကျောင်းသားတွေက အမှတ် ၂  အထက်တန်းကျောင်းခွဲုမှာ နိုင်ငံတော်သိချင်းသီဆိုနေချိန် ဒါတို.ပြည် ၊ ဒါဒို.မြေ ၊ ဒို.မူဆလင်ပြည်လို. ဆိုခဲ့ကြတာ ၊စက်တင်ဘာ ၂ ရက်နေ.မှာ ကြက်မောက်တောင်သစ် (သစ်)အမက မှာကျောင်းအုပ်ရုံးခန်းထဲ ချိုးဖောက်ဝင်ရောက် စာရွက်စာတမ်းတွေ ဖျက်ဆီးပြီး နိုင်ငံတော် အလံကို မဖွယ်မရာ လုပ်တာ ၊ အလယ်ချောင်းကျေးရွာ မူလတန်းလွန်ကျောင်းမှာ   စက်တင်ဘာ ၁၀ ရက်နေ.က ရခိုင်ပြည်သည် ရိုဟင်ဂျာပြည် ဖြစ်သည်လို.ရေးခဲ့တာ စတာတွေဟာ သာမာန်အရပ်သားတွေထဲမှာပါ ဘယ်ဘိုလှုံ.ဆော်မှုတွေ ရှိနေတယ်ဆိုတာ သတိထားရမှာဖြစ်ပြီး  ဒီလဆန်းပိုင်းကနေစပြီး ဘူးသီးတောင် ၊မောင်တော က ဘင်္ဂလီရွာတွေမှာ RSO ၂၀၀၀ ခန်. ခိုအောင်းနေတယ်ဆိုပြီး အတည်ပြုချက်မရတဲ့ သတင်းတွေကလည်း ထွက်ပေါ်လာနေခဲ့ပါတယ် ။ ကဲဒါဆိုရင်တော. အားလုံးသတိရှိဖို.လိုနေပြီဆိုတာ သိရမှာဖြစ်သလို ဒါကိုအသုံးချပြီး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်လာအောင်လှုံ.ဆော်ဖန်တီးမှုတွေကိုလည်း သတိထားစောင်.ကြည်.ရမှာ ဖြစ်ပါကြောင်း …..

Ref ; The Flower News , OE , Irrawaddy , The Standard Time Daily & Nawtujar

ဆက်စပ်ဖတ်ရှုရန်များ