Saturday, September 13, 2014

အယ်လ်ကိုင်ဒါ ၏ မြန်မာပြည်အပေါ် ကြေညာချက် အား သုံးသပ်မှု များနှင်. ရခိုင်ပြည်နယ်တွင်း အခြေအနေ ( ၂ )




 
မောင်တောနာရီစင်

မောင်တောခရိုင် လုံခြုံရေး သတင်း

အဲ့ဒီလို အကြမ်းဖက် အဖွဲ.အစည်းရဲ. ကြေငြာချက် ထွက်လာပြီးတဲ.နောက် ဆက်စပ်မှုအနေနဲ. ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ အရေးကြီး အဆောက်အအုံများကို ဗုံးဖောက်ခွဲမည်ဟု သတင်းများ ရရှိထားသဖြင့် လုံခြုံရေး သတိထားရန် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးက ဌာနဆိုင်ရာများကို ညွှန်ကြားထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးက   သတိပေးစာ ပေးပို.ခဲ့တယ်လို.သိရပါတယ် ။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်  အခြေပြု လှုပ်ရှားနေတဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အမည်ရ ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ဟာအကြမ်းဖက် စစ်သွေးကြွအဖွဲ့ အယ်လ်ကေဒါနဲ.ပေါင်းပြီး ခုလိုလုပ်ဆောင်ရန် သတင်းရထားတယ် ဆိုပြီး စက်တင်ဘာလ ၅ ရက်နေ့က အစိုးရဌာနများကို ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ပေးပို့တဲ့ သတိပေးစာမှာဖော်ပြခဲ့တာပါ ။

RSO တွေဟာ ဒေသခံ ဘင်္ဂါလီများ ဟန်ဆောင်ကာ အရေးကြီးသော အဆောက်အအုံများကို ဗုံးခွဲဖျက်ဆီးရန်၊ လတ်တလော တိုက်ခိုက်မှုများ ပြုလုပ်ရန်၊ ဌာနဆိုင်ရာ အကြီးအကဲများကို ဖမ်းဆီးရန် လုပ်ဆောင်မည်ဟု သတင်းများ ရရှိထားကြောင်း လည်းအဲ့ဒီသတိပေးစာမှာ ဖော်ပြထားတယ်လို.သိရပါတယ် ။

 အရေးကြီးတဲ့ နေရာတွေကို အားဖြည့်ရွှေ့ပြောင်း လှုပ်ရှားကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင်တွေရဲ့ လုပ်ထုံးလုပ်နည်း အရပေါ့ ။ အုပ်ချုပ်ရေးမှူးရုံးတို့၊ EPC ရုံးတို့ကို လုံခြုံရေး ယူထားပါတယ်။ ရုံးတိုင်း လုံခြုံရေးယူဖို့က မလွယ်ဘူး။ လှည့်ကင်း လှည့်ပေးနေပါတယ်”  လို.အယ်လ်ကေဒါအဖွဲ့က အကြမ်းဖက်မည်ဆိုသည့် သတင်းများ မထွက်ပေါ်ခင်ကပင် လုံခြုံရေး အစီအမံများကို လုပ်ဆောင်ထားပြီး အရေးကြီး အဆောက်အအုံများ ဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးရေးရုံး အုပ်ချုပ်ရေးမှူး ရုံးတို့တွင် လုံခြုံရေး ချထားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေသန်းက ပြောဆိုခဲ့ကြောင်း သိရပါတယ် ။ကျောင်းဆရာ ကျောင်းဆရာမများ အတွက်လည်း လုံခြုံရေး ဆောင်ရွက်ပေးနေကြောင်း၊ လတ်တလောတွင် အယ်လ်ကေဒါ၊ RSO အဖွဲ့များ လှုပ်ရှားမှု မရှိသေးကြောင်း ဒုတိယရဲမှူးကြီး ရွှေသန်းက ဆက်လက် ပြောကြားတယ်လို.လည်းဆိုပါတယ် ။

မောင်တောမြို.တွင်း တစ်နေရာ
 အယ်လ်ကိုင်ဒါ ၏ ထုတ်ပြန်ချက်အပေါ် သမ္မတရုံး ညွှန်ကြားရေးမှုး၏ သဘောထား

အဲ့ဒီမြန်မာနိုင်ငံကိုပါ ပစ်မှတ်ထားတဲ့ ကြေငြာချက်နဲ.ပတ်သက်လို. ထွက်ပေါ်လာကာစမှာပဲ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ Facebook မှာတော. ခုလိုရေးသားထားခဲ့ပါတယ် ။

သတိ နဲ့ အသိ

အိန္ဒိယတိုက်ငယ် အယ်လ်ခိုင်းဒါး ဖွဲ့စည်းပြီးတော့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယကို ပစ်မှတ်ထား ကြောင်း အယ်လ်ဇာဝါဟီရီက ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဂျီဟက်စစ်ပွဲ ဆင်နွှဲဖို့ ပြောကြားသွားတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ လတ်တလောမှာ စိုးရိမ်တကြီး ပူပန်စရာ မလိုသေးပါဘူး။

သတိ

(၁) အကြမ်းဘက်တိုက်ခိုက်မှုဟာ ယနေ့ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဘုံရန်သူအဖြစ် မြန်မာနိုင်ငံက ခံယူထားပါတယ်။ အလားတူပါပဲ အကြမ်းဘက်ဝါဒ ဆန့်ကျင်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အခိုင်အမာ ကတိက၀တ် ပြုထားသလို လက်ရှိအချိန်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။

(၂) မြန်မာနိုင်ငံအနေနဲ့ အကြမ်းဘက်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကြိုတင် သိရှိထားတဲ့အတွက် နိုင်ငံတော် လုံခြုံရေးအတွက် လိုအပ်တဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေကို တပ်မတော်အပါအ၀င် လုံခြုံရေးအဖွဲ့အစည်းတွေ အားလုံး အလေးထားပြီး လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း လုပ်ဆောင်လျက် ရှိပါတယ်။ အယ်ခိုင်းဒါးကွန်ရက် ပြန့်နှံ့စီးဆင်း လည်ပတ်မှုတွေကို လေ့လာပြီး ၀င်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတင်သတ်မှတ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

(၃) အကြမ်းဘက်တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ National Security ကို ဆောင်ရွက်ရာမှာ နိုင်ငံတစ်နိုင်ငံတည်း သီးခြားဆောင်ရွက်လို့ မပြည့်စုံနိုင်ပါဘူး။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အိန္ဒိယတိုက်ငယ်သာမက ကမ္ဘာကြီးတစ်ခုလုံးက အကြမ်းဘက်တိုက်ဖျက်ရေး လှုပ်ရှားမှုတွေနဲ့ ပေါင်းစည်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဘက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖလှယ်နိုင်ဖို့၊ မျှဝေနိုင်ဖို့အတွက် Early Warning System တစ်ခုကို ထူထောင်ထားရှိရာမှာ မြန်မာနိုင်ငံဟာလည်း ပူးပေါင်းပါဝင်လျက် ရှိပါတယ်။

ဒါကြောင့် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ လုံခြုံရေး အဖွဲ့အစည်းတွေဟာ အကောင်းဆုံးဖြစ်အောင် ကြိုတင် ပြင်ဆင် ဆောင်ရွက်နေပါကြောင်း၊ ဒီလိုအန္တရာယ်မျိုးက ကာကွယ်နိုင်အောင် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အထူးအလေးထား ဆောင်ရွက်နေပါကြောင်း အလေးအနက် တင်ပြလိုပါတယ်။

ပြည်သူများအနေနဲ့ လုံခြုံရေး သတိ အထူး ရှိဖို့ ရှေ့လျှောက် ပိုမိုပြီး လိုအပ်လာမှာ ဖြစ်ပါတယ်။


အသိ

နောက် အရေးကြီးတာ တစ်ခု တင်ပြလိုပါတယ်။ အယ်လ်ဇာဝါဟီရီရဲ့ ဂျီဟတ်ကြေညာချက်နဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။

ပထမအချက်က သူတို့ ခေါ်ဆောင်ရာနောက်ကို လိုက်ပါမယ့် အစွန်းရောက်တွေ ထွက်ပေါ်လာအောင် စည်းရုံးတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာသာရေးနွယ်တဲ့ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေကို အစွန်းရောက်စိတ်ဓါတ်တွေ ပေါက်ဖွားလာအောင်၊ အစွန်းရောက်လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာအောင် စည်းရုံးတာမျိုး ဖြစ်လာနိုင်တာကိုလည်း ကျွန်တော်တို့ သတိထားဖို့ လိုပါတယ်။ ဒါကိုတော့ ဘာသာရေးခေါင်းဆောင်တွေ အလေးထားဖို့ လိုပါတယ်။

ဒုတိယအချက်က ဂျီဟက်ကြညာလိုက်ပြီးတော့ ကျွန်တော်တို့နိုင်ငံက လူ့အဖွဲ့အစည်း(၂)ရပ်အကြားမှာ ပဋိပက္ခတွေ မြင့်မားပြင်းထန်လာအောင် လှုံ့ဆော်တာမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ဆက်နွယ်တဲ့ ပဋိပက္ခတွေကြားမှာ အခုလို ဂျီဟတ်ကြေညာလိုက်တာကြောင့် ကျွန်တော်တို့ ပြည်တွင်းမှာ မယုံမကြည်ဖြစ်တာတွေ၊ သံသယတွေ ကြီးမားလာတာတွေ ဖြစ်လာစေဖို့၊ ဒီကမှ တစ်ဆင့် အချင်းချင်း ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားလာပြီး လက်ရှိ ရရှိထားတဲ့ တည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြားသွားဖို့ လှုံ့ဆော်တာလည်း ဖြစ်နိုင်တာကို ကျွန်တော်တို့ ပြည်သူတွေအားလုံး နားလည်သဘောပေါက်ဖို့ လိုပါတယ်။

ဒီအချိန်မှာ အရေးကြီးဆုံးကတော့ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဒီစည်းရုံးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အမြော်အမြင် ရှိရှိ ကြိုတင် မျှော်တွေးပြီး မိမိဘာသာဝင်တွေကို ထိန်းသိမ်းကြဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူများ အနေနဲ့ အကြမ်းဘက်အန္တရယ်က ကာကွယ်ရာမှာ စည်းလုံးညီညွတ်တဲ့ အသိရှိဖို့ အထူး အရေးကြီးလာ ပြီဖြစ်ပါတယ်။


တိုက်တွန်းချက် ●

ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ဒီ(၂)ချက်ကို သိရှိထားပြီးတော့ အစိုးရ၊ ပြည်သူ၊ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းပြီးတော့ လက်ရှိ တည်ငြိမ်အေးချမ်းမှုကို မထိခိုက်အောင် ဆောင်ရွက်သွားကြဖို့ လိုပါတယ်။ ဒီသတင်းကြောင့် အချင်းချင်းအကြား သံသယတွေ ကြီးထွားလာပြီး ပဋိပက္ခတွေဆီ ပြန်လည်ဦးတည်မသွားအောင် သတိရှိကြဖို့ လိုပါတယ်။ သိပ်ပြီးလည်း စိုးရိမ်တကြီး ဖြစ်နေစရာ အကြောင်းမရှိပါဘူး။ စိုးရိမ်လွန်ကဲတာမျိုး မဖြစ်အောင်လည်း ပြောလိုပါတယ်။ ပြည်သူများအနေနဲ့ လုံခြုံရေးသတိနဲ့ ထူခြားတာတွေ တွေ့မြင်ရရင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပေးကြဖို့ လိုပါတယ်။

သတိရှိကြဖို့ လိုအပ်သလို သံသယ မကြီးမားကြဖို့လည်း အထူးအရေးကြီးပါတယ်။ အထူးသဖြင့် မန္တလေးပဋိပက္ခမှာ ကျော်လွှားခဲ့တဲ့ Success Story အတိုင်း နှစ်ဘက်သော လူ့အဖွဲ့အစည်းက ပြည်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အားလုံး အနေနဲ့ ဒီနောက်ပိုင်း ကာလမှာ သတိထားပြီး နားလည်မှု ရှိရှိ ပူးပေါင်းဆောင်ရွက်ကြဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒီအချိန် ဒီကာလမှာ အမုန်းစကားတစ်ခွန်းကြောင့် ကြီးမားတဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နှစ်ဘက်သော ဘာသာဝင်တွေအနေနဲ့ ကျွန်တော်တို့ ပြည်တွင်းမှာ နှစ်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်လာခဲ့တဲ့ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုပါတယ်။

အမေရိကန်တပ်တွေ လိုက်လံရှာဖွေလို့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ အယ်လ်ဇာဝါဟီရီရဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်တို့ ပြည်တွင်းမှာ ဘေးဒုက္ခ မဖြစ်စေဖို့ အရေးကြီးပါကြောင်း အလေးအနက် တိုက်တွန်းလိုက်ရပါတ
ယ်။

ဒေသတွင်းအောက်ခြေလှုပ်ခတ်မှုများ 

ဘူးသီးတောင်မြို.တွင်း တစ်နေရာ
 ခုလို အကြမ်းဖက် အဖွဲ.အစည်းတစ်ခုက သူတို.ပစ်မှတ်ဒေသအဖြစ် မြန်မာနိုင်ငံကို ထည်.သွင်းလာချိန် ၊ တစ်ပြိုင်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ.ညှိုနှိုင်းပြီး မြန်မာနိုင်ငံကိုခြေကုပ်ယူဖို.ကြိုးစားလာတာတွေ ၊မောင်တော.ခရိုင်မှာ အကြမ်းဖက် တိုက်ခိုက်နိုင်ဖွယ် သတင်းတွေ ထွက်လာနေချိန်မှာ ဘူသီးတောင်ဘက်မှာ ကလည်း သြဂုတ် ၂၅ ရက်နေ.မှာ ဘင်္ဂါလီကျောင်းသားတွေက အမှတ် ၂  အထက်တန်းကျောင်းခွဲုမှာ နိုင်ငံတော်သိချင်းသီဆိုနေချိန် ဒါတို.ပြည် ၊ ဒါဒို.မြေ ၊ ဒို.မူဆလင်ပြည်လို. ဆိုခဲ့ကြတာ ၊စက်တင်ဘာ ၂ ရက်နေ.မှာ ကြက်မောက်တောင်သစ် (သစ်)အမက မှာကျောင်းအုပ်ရုံးခန်းထဲ ချိုးဖောက်ဝင်ရောက် စာရွက်စာတမ်းတွေ ဖျက်ဆီးပြီး နိုင်ငံတော် အလံကို မဖွယ်မရာ လုပ်တာ ၊ အလယ်ချောင်းကျေးရွာ မူလတန်းလွန်ကျောင်းမှာ   စက်တင်ဘာ ၁၀ ရက်နေ.က ရခိုင်ပြည်သည် ရိုဟင်ဂျာပြည် ဖြစ်သည်လို.ရေးခဲ့တာ စတာတွေဟာ သာမာန်အရပ်သားတွေထဲမှာပါ ဘယ်ဘိုလှုံ.ဆော်မှုတွေ ရှိနေတယ်ဆိုတာ သတိထားရမှာဖြစ်ပြီး  ဒီလဆန်းပိုင်းကနေစပြီး ဘူးသီးတောင် ၊မောင်တော က ဘင်္ဂလီရွာတွေမှာ RSO ၂၀၀၀ ခန်. ခိုအောင်းနေတယ်ဆိုပြီး အတည်ပြုချက်မရတဲ့ သတင်းတွေကလည်း ထွက်ပေါ်လာနေခဲ့ပါတယ် ။ ကဲဒါဆိုရင်တော. အားလုံးသတိရှိဖို.လိုနေပြီဆိုတာ သိရမှာဖြစ်သလို ဒါကိုအသုံးချပြီး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်လာအောင်လှုံ.ဆော်ဖန်တီးမှုတွေကိုလည်း သတိထားစောင်.ကြည်.ရမှာ ဖြစ်ပါကြောင်း …..

Ref ; The Flower News , OE , Irrawaddy , The Standard Time Daily & Nawtujar

ဆက်စပ်ဖတ်ရှုရန်များ


 

No comments:

Post a Comment