Showing posts with label နှလုံးသားရေးရာ. Show all posts
Showing posts with label နှလုံးသားရေးရာ. Show all posts

Tuesday, November 17, 2015

ချစ်သူ (ကောင်လေး) ကို မပြောသင့်သော စကား(၁၀)ခွန်း




၁) “တော်ပြီ…
နင်နဲ့ ငါလမ်းခွဲတာပဲကောင်းတယ်”


ဘယ်လိုအခြေအနေရောက်ရောက် ကိုယ့်ဘက်က သူ့ကို လမ်းမခွဲနိုင်သေးဘူးဆိုတာသေချာရင်… ဟန်ဆောင်ပြီး လမ်းခွဲမယ်ဆိုတဲ့စကားကို မပြောမိပါစေနဲ့… ကိုယ့်ချစ်သူက ကိုယ့်ကို
တကယ်ချစ်တဲ့သူဆိုရင်… သူတော်တော်ခံစားရပါတယ်… ဒီစကားက
သူမကြားချင်ဆုံးစကားပါပဲ… ပြီးတော့ ကိုယ်က လမ်းခွဲစကားကို ခဏခဏ
စိတ်ဆိုးတိုင်းပြောနေရင်… သူ့ဘက်က ကိုယ့်ကို တဖြည်းဖြည်း အထင်လွဲလာတတ်တယ်…



၂) “ကို… ကို့အရင်ကောင်မလေးကို ဘယ်လောက်ထိချစ်ခဲ့လဲဟင်”

ချစ်သူရဲ့  အရင်ရည်းစားအကြောင်းကို ခဏခဏမမေးမိပါစေနဲ့… သူစိတ်ရှုပ်လာတတ်တယ်…
ငါ့ကောင်မလေးက ငါ့ကို ဒီလောက်တောင်မယုံဘူးလား…
နားမလည်ပေးနိုင်ဘူးလားဆိုပြီး တွေးလာတတ်တယ်…
သိထားသင့်ရုံလောက်မေးထားသင့်ပါတယ်… ခဏခဏ စိတ်ရှိတိုင်း လိုက်လိုက်ပြီး
မမေးနဲ့ပေါ့နော်… တော်ကြာကိုယ့်ကြောင့်
သူ့အရင်ကောင်မလေးအကြောင်းပြောပြရပါများပြီး… အရင်ကောင်မလေးကို
ပြန်စိတ်လည်သွားမှ ဒုက္ခ…




၃) ကိုယ့်ချစ်သူကို လူ့ရှေ့သူ့ရှေ့မှာ မအော်မိပါစေနဲ့… မဆူမိပါစေနဲ့
 ယောက်ျားမာနကမသေးဘူးနော်…
သူတို့ ဘယ်လောက်မှားနေမှားနေ မအော်သင့်ပါဘူး… သူတို့ကို သိက္ခာကျစေပါတယ်…
ကိုယ့်ကို စိတ်နာသွားတတ်တယ်… ပြီးတော့ကိုယ့်ကိုလည်း အဆင့်မရှိတယ်
မိန်းမလို့ထင်သွားတတ်တယ်… တကယ်က ကိုယ်တို့က
စိတ်အရမ်းဆိုးသွားပြီးအော်မိကြတာပါ… ဒါပေမယ့် မကောင်းပါဘူး…



၎) ကိုယ့်ချစ်သူကျူးလွန်ခဲ့တဲ့ အရင်က အပြစ်တွေကို ခဏခဏ ပြန်မပြောမိပါစေနဲ့…
 ကိုယ့်ကိုရော အရင်က အပြစ်တွေ ခဏခဏ ပြန်ပြန်ပြီး လာပြောနေရင်ကြိုက်မလား…
ဘယ်ကြိုက်မလဲနော်… စိတ်ညစ်တာပေါ့… သူတို့လဲ ဒီလိုပဲ… ကိုယ်က ပွစိပွစိနဲ့
အရင်က ဟာတွေပြန်ပြန် ပြောနေရင် စိတ်ညစ်ကြမှာပေါ့…



၅) “ကိုကလဲ ဒါလေးတောင် မသိဘူးလား” (သို့) “ဒီလောက်တော့ လုပ်နိုင်ရမှာပေါ့

ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ အားမလို အားမရ ဖြစ်ဖြစ် ဒီလိုပြောလိုက်ရင်
သူစိတ်ထိခိုက်သွားလိမ့်မယ်… သူ့ကို ဘယ်နည်းနဲ့ဖြစ်ဖြစ် အထင်သေးတဲ့
စကားမျိုး မပြောမိပါစေနဲ့… ကိုယ်သူ့ကို တကယ်ချစ်တယ် ဆိုရင် သူ့ကို
တန်ဖိုးထားပြီး လေးစားသင့်တာပေါ့နော်…



၆) ပြီးတော့ ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ ဒေါသဖြစ်နေနေ မဆဲမိပါစေနဲ့…
 ရှေ့မှာပြောခဲ့သလိုပဲ တကယ်ချစ်ရင် တန်ဖိုးထားသင့်တာပေါ့… သူကတချိန်ချိန်မှာ
ကိုယ့်ရဲ့  အိမ်ထောင်ဦးစီး ဖြစ်မှာလေ… (ရည်ရွယ်ထားရင်ပေါ့…) ဒီတော့
တယောက်ကို တယောက် လေးလေးစားစား ဆက်ဆံတာ အကောင်းဆုံးပေါ့…



၇) “ကိုနဲ့ ချစ်သူဖြစ်ပြီးကတည်းက ချစ်မှာ သူငယ်ချင်းကို သိပ်မရှိတော့ဘူး …
အဲဒါကို့ကြောင့်
…”

တကယ်တမ်းက သူနဲ့ ချစ်သူဖြစ်ပြီး သူ့ကို ချစ်တော့ သူ့အတွက်ပဲ အချိန်တွေပေးဖြစ်ပြီး
ကိုယ်က သူငယ်ချင်းတွေနဲ့ အဆက်အဆံကြဲသွားတတ်ပါတယ်…
အဲဒါကိုယ့်ချစ်သူကြောင့်လို့ အပြစ်မတင်သင့်ဘူး ဘာလို့လဲ ဆိုတော့ သူ့ကို
ချစ်လို့ ကိုယ်ပြောင်းလဲသွားတာလေ… သူက အတင်း သူငယ်ချင်း
ဖြတ်ခိုင်းတာဆိုရင်တော့ တမျိုးပေါ့နော်…



၈) “ကိုကလေ တခါတခါ အခြောက်နဲ့တူတယ် သိလား

တခါတလေ အခြောက်နဲ့ တူသွားတဲ့ အပြုအမူတချို့ လဲ ရှိရင် ရှိမှာပေါ့… ဒါပေမယ့်
အခြောက်နဲ့ တူတယ်လို့ သွားပြောလိုက်ရင်တော့ မကောင်းပါဘူး… သူ့ကို
စော်ကားရာရောက်ပြီး သူစိတ်ဆိုးသွားလိမ့်မယ်… တကယ်ခြောက်နေတဲ့ လူတချို့ 
တောင် သူတို့ကို အခြောက်နဲ့ တူတယ်လို့ ပြောရင် မကြိုက်ကြပါဘူး…



၉) ကိုယ့်ချစ်သူရဲ့  ဆွေမျိုးတွေ မိဘတွေ မကောင်းကြောင်း ဘယ်တော့မှ မပြောမိပါစေနဲ့ … တကယ်မကောင်းလို့ ပါးစပ်ကနေထုတ်ညည်းချင်တယ်ဆိုရင်တောင်
သူ့ရှေ့မှာ
မညည်းမိပါစေနဲ့… သူ့ဆွေမျိုး သူ့မိဘကို ကိုယ့်ဆွေမျိုး ကိုယ့်မိဘလိုပဲ
သဘောထားလိုက်ပါ…



၁၀) “ကိုက ချစ်စိတ်ကို ချစ်သူငယ်ချင်းတွေလောက်တောင် နားမလည်ပါလား

ကိုယ့်ချစ်သူကို ကိုယ့်ရဲ့  သူငယ်ချင်းတွေနဲ့လဲ မနှိုင်းနဲ့ ကိုယ့်သူငယ်ချင်းရဲ့ 
ရည်းစားတွေနဲ့လည်း မနှိုင်းနဲ့… ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မနှိုင်းပါနဲ့…
ကိုယ့်ချစ်သူကလည်း ကိုယ့်ကို အတတ်နိုင်ဆုံး အလိုလိုက်နေတာပဲ… ချို
့ယွင်းချက်လေးတွေတော့ရှိမှာပေါ့… (အလိုမလိုက်တဲ့ချစ်သူဆိုရင်တော့
တမျိုးပေါ့နော်…) ကိုယ်က သဘောထားကြီး နိုင်သလောက်ကြီးပေးထားပါ…
အတိုင်းအတာတစ်ခုအထိပေါ့…



 
ချစ်သူအားလုံး
ပျော်ရွှင်စွာ ထာဝရ လက်တွဲသွားနိုင်ကြပါစေ… 

Thursday, March 6, 2014

ကောင်မလေးတွေ သူတို.ချစ်သူ ဆီက အလိုချင်ဆုံး Romantic Treatment လေးများ



✿✿✿ ကိုယ်စိတ်တိုနေတဲ့အချိန် သူ့လက်မောင်းကိုက်ခွင့်ရချင်တာ။

✿✿✿ ကိုယ်ပြောချင်ရာပြောတဲ့စကားတွေကို တအင်းအင်းနဲ့ လိုက်နားထောင်တတ်တာ။

✿✿✿ ကိုယ်သောက်မဲ့ကော်ဖီကို သူကိုယ်တိုင် ဖျော်/စပ်ပေးတာ။

✿✿✿ သူဘယ်ရောက်နေတယ်၊ ဘာတွေလုပ်နေဆိုတာ လှမ်းအသိပေးတတ်တာ။

✿✿✿ ကိုယ့်ရဲ့ကြည့်မှန်တချပ်အဖြစ် အမြဲတစေ မျက်နှာသွင်ပြင်ကိုကြည့်ပေးတတ်တာ။

✿✿✿ ကိုယ့်လက်တဖက်ကိုဆုပ်ကိုင်ထားရင်း ကိုယ့်ရဲ့ဝေယျာဝစ္စ အ၀၀ အထုပ်အပိုးတွေကို သယ်ဆောင်ပေးတာ။

✿✿✿ လမ်းဖြတ်ကူးတဲ့အခါ လူကြီးတယောက်က ကလေးတယောက်ကိုပူပန်ပေးမှုမျိုးနဲ့ ကိုယ့်ပုခုံးလေးကို ဖက်တွယ်ထားတတ်တာ။

✿✿✿ ကိုယ့်ရဲ့လိုအပ်ချက်၊ ရှောင်ကြဉ်ရန်အချက်အလက်တွေကို အသေးအမွှားလေးကအစ လိုက်လံတေးမှတ်တတ်ပြီး သတိပေးတတ်တာ။

✿✿✿ ကိုယ့်မွေးနေ့၊ ချစ်သူဖြစ်သောနေ့ အမှတ်တရ ရက်စွဲတွေကို သတိပေးစရာမလိုပဲ အလိုအလျောက် အသိအမှတ်ပြုဖို့ မမေ့လျော့တတ်တာ။

✿✿✿ သူ့ဖုန်းရဲ့ home screenမှာ ကိုယ့်ပုံလေးတွေတင်ထားတာ။ နောက်ကိုယ်နဲ့ပတ်သက်တဲ့ Ringtoneသီးသန့်ထားတာ။

✿✿✿ ဆိုက်ရောက်ရာအရပ်တိုင်းမှာ သူ့ဘေးနားမှာနေစေဖို့ နေရာပေးတဲ့အခါ ခုံမှာ ပေရေနေမှုရှိမရှိ စစ်ဆေးပေးတတ်တာ။

✿✿✿ ကိုယ့်ရဲ့ကိုယ်ခန္ဓာအချိုးအဆစ်နဲ့ ကိုက်ညီသော ၀တ်စားဆင်ယင်မှုမျိုးကို အကြံပေးတတ်တာ။

✿✿✿ ကိုယ်ပျော်ရွှင်ချိန်မှာ ကိုယ့်ထက် နှစ်ဆပျော်လို့၊ ကိုယ်ဝမ်းနည်းကြေကွဲချိန်မှာ မားမားမတ်မတ်ရပ်တည်ရင်း နှစ်သိမ့်အားပေးနိုင်တာ။

မိန်းကလေးတွေဆိုတာ ချစ်စိတ်တခုပူးကပ်ခြင်းခံရတဲ့အခါ သူမတူတဲ့သတ္တိတွေ အလိုလိုပေါက်ဖွားလာတတ်ကြပေမဲ့ ကိုယ့်ချစ်သူရဲ့ အယုအယအနွံအတာကို ခံယူချင်ကြသော ထိခိုက်လွယ်ပန်းလေးတွေပဲဖြစ်ပါတော့တယ်။ ချစ်သူတိုင်း အပေးအယူမျှသောချစ်ခြင်းများဖြင့် ဘ၀တသက်တာ ပျော်ရွှင်နိုင်ကြပါစေ....။


ရေကြည်သူ @ Facebook

Wednesday, May 8, 2013

7 Romantic Kiss




အနမ်းဆိုတာ ချစ်သူနှစ်ယောက်အမှတ်တရ အတူရှိနေခဲ့တဲ့အချိန်လေးတွေကို
ဘယ်တော့မှမမေ့တော့အောင် မော်ကွန်းထိုးပေးတဲ့ သင်္ကေတလေးတစ်ခုဖြစ်ပါတယ်။
အနောက်တိုင်း သုတေသီတွေက စိတ်ဖိစီးတဲ့ဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့
ဝေဒနာရှင်တွေတောင် ချစ်သူရဲ့အနမ်းကြောင့် အားအင်သစ်တွေ တိုးပွားလန်းဆန်း
လာတယ်လို့ ထောက်ခံထားကြတာပါ

ဒီတော့ ပူလောင်တဲ့၊ ရမ္မက်ဆန်တဲ့အနမ်းတွေကို ခဏလောက်မေ့ထားပြီး
ယစ်မူးကြည်မွေ့စရာ ရင်ခုန်သံလေးတွေကို ပိုင်ဆိုင်စေမယ့် အနမ်းလေးတွေကို
ခုလိုမျိုးအမျိုးအစားခွဲကြည့်ကြရအောင်။


၁။ နတ်သမီးအနမ်း

ချိုမြိန်ပြီး သက်သောင့်သက်သာရှိစေတဲ့ အနမ်းလို့ အချစ်ကျမ်းဆရာတွေက
အဓိပ္ပာယ်ဖွင့်ကြပါတယ်။ ဒီအနမ်းဟာ ကိုယ့်ချစ်သူရဲ့မျက်လုံးအထက်နားကို
ခပ်ဖွဖွလေးနမ်းတာကို ဆိုလိုပါသတဲ့။ တချို့ကလည်း
ရှက်စနိုးမှေးမှိတ်ထားတဲ့ချစ်သူရဲ့ မျက်ဝန်းလေးတွေကို ယုယုယယနမ်းတာကို
ခေါ်တာပါလို့ပြောကြပြန်တယ်။


၂။ ပါးပြင်အနမ်း

နေရာတကာမှာတွေ့နိုင်တဲ့ အနမ်းတစ်ခုပါ။မိဘတွေကလည်း သားသမီးလေးတွေကို
နမ်းကြတာတွေ့ဖူးကြမှာပေါ့။ အဓိပ္ပာယ်ကတော့
နူးနူးညံ့ညံ့ချစ်မြတ်နိုးတယ်လို့ ကိုယ်အမူအယာနဲ့ဖော်ပြတဲ့သဘောမျိုးပါပဲ။
ချစ်သူချင်းဆိုရင်တော့ 'မင်းကို တကယ်ချစ်တာပါ'လို့ ပါးစပ်ကမပြောဘဲ
အနမ်းနဲ့အသိပေးလိုက်တာဆိုရင်လည်း မမှားပါဘူး။ ဒီအနမ်းကို
ပထမဆုံးချိန်းတွေ့တဲ့စုံတွဲလေးတွေ လက်တွေ့ကျင့်သုံးတတ်ကြတယ်လို့ဆိုပါတယ်။



၃။ လိပ်ပြာအနမ်း

မျက်နှာနှစ်ခု နီးနီးကပ်ကပ်ရှိနေပါပြီ။ နောက်တော့ ကောင်လေးရော၊
ကောင်မလေးပါ မျက်လုံးလေးတွေမှိတ်သွားကြပြီး ချစ်သူနှစ်ယောက်ရဲ့
အရိပ်တွေဟာ ပိုနီးသွားကြတယ်။ ဒီအနမ်းကို ဘာဖြစ်လို့လိပ်ပြာအနမ်းလို့
ခေါ်သလဲဆိုတာ တိတိကျကျရှင်းပြမထားပေမယ့် ဒီအနမ်းကြောင့်
စိတ်ထဲမှာပေါ့ပါးကြည်နူးပြီး လေထဲမြောက်နေသလို ခံစားရမယ်ဆိုရင်
ဒီနာမည်လေးနဲ့ လိုက်ဖက်တဲ့အကြောင်း ထောက်ခံလိုက်ကြပါစို့။



၎။ အက်စကီးမိုးအနမ်း

ဒါကတော့ ရေခဲနေတဲ့ဒေသတွေမှာ နေလေ့ရှိတဲ့ အက်စကီးမိုးလူမျိုးစုရဲ့
ရိုးရာနှုတ်ဆက်နည်းတစ်ခုကို အခြေခံထားတဲ့အနမ်းလေးပါ။
မျက်နှာချင်းဆိုင်ပြီး နှာခေါင်းလေးတွေထိရုံပဲထိတဲ့ အနမ်းမျိုးပါပဲ။
အက်စကီးမိုးတွေအတွက်တော့ အဲဒီလိုလုပ်ရင် လူ့ခန္ဓာကိုယ်က အနွေးငွေ့ကြောင့်
အချမ်းပြေချင်ပြေမှာပေါ့။ ချစ်သူနှစ်ယောက်အတွက်တော့ ရယ်ရွှင်မြူးတူးရတဲ့
ကြည်နူးမှုကို ဖြစ်စေမှာပါ။



၅။ နားရွက်အနမ်း

ချစ်သူရဲ့နားရွက်ကို တိတ်တိတ်လေးခိုးနမ်းရတဲ့အရသာကိုကြုံဖူးကြပါသလား။
တစ်ခုခု တိုးတိုးလေးပြောမယ်လို့ဟန်ဆောင်ပြီး သိချင်စိတ်စောနေတဲ့ချစ်သူကို
ရွရွလေးနမ်းတဲ့အနမ်းပါ။ သေချာတာကတော့ ချစ်သူဆီက မျက်စောင်းလေးတစ်ချက်
လက်ဆောင်ရမယ်ဆိုတာပါပဲ။


၆။ လည်ပင်းအနမ်း

ထိခိုက်ခံစားလွယ်ပြီး နူးညံ့ကျေနပ်စရာအနမ်းတစ်ခုလို့ဆိုပါတယ်။ ဒီအနမ်းကို
အနောက်တိုင်းက အထက်တန်းစားလူယဉ်ကျေးတွေ ကျင့်သုံးတတ်ကြပါတယ်။
ချစ်သူရဲ့ကိုယ်လုံးလေးကို ထွေးပွေ့ပြီး နမ်းတဲ့ အနမ်းဟာ
တစ်သက်လုံးမခွဲတမ်းတူနေသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ဖော်ဆောင်ပါသတဲ့။



၇။ လက်ရုံးအနမ်း

မိန်းကလေးတွေက ကိုယ့်ချစ်သူကို နမ်းတဲ့အနမ်းမျိုးပါ။ အားကိုးတာ၊
ယုံကြည်လေးစားတာကို အဓိပ္ပာယ်သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ရှေးခေတ်က
ခရူးဆိတ်စစ်သည်တော်တွေ စစ်ထွက်ခါနီးရင် ချစ်သူတွေ၊ ဇနီးမယားတွေက
သူတို့ရဲ့ညာဘက်လက်မောင်းကို နမ်းရှုံ့ပြီး နှုတ်ဆက်ကြပါတယ်။ ဒါဟာ
မျှော်လင့်ခြင်းနဲ့ ကံကောင်းစေခြင်းကို ဖော်ဆောင်ပြီး
ချစ်သူရဲ့လွှမ်းမိုးနိုင်မှုနဲ့ ရဲစွမ်းသတ္တိကို လေးစားကြည်ညိုတဲ့နိမိတ်ကို
ဖော်ကြူးတဲ့သဘောမျိုးပါတဲ့။

 
Ref ; Post of zero on ဒီဖင်ဘာ 17, 2009 at 1:00pm@ nyeinsongs.blogspot.com

Wednesday, April 10, 2013

ကိုယ်တကယ်မြတ်နိုးတဲ့ မိန်းကလေးကို ဘယ်လိုဆက်ဆံရမလဲ


မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့

“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကားတစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးထားပါတယ်။


၂) လျစ်လျူမရှုနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်၊ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်၊ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမူတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်းကြည်နူးစေနိုင်ပါတယ်။


၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာမရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် “ မိန်းမရေ.. ပင်ပန်းနေပြီလား” နဲ့ “ မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ” ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ပန်းချီကားတစ်ချပ်လိုပါပဲ လူကိုကြည်နူးစေပါတယ်။


၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့မင်းသမီးလို့ သူ့ကိုယ်သူထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာပြန်ပေးပါလိမ့်မယ်။


၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေမြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေးချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကိုကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစားသလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။


၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကိုမချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူလွတ်လပ်ပါစေ။


၇) နူးညံ့ပါ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကိုရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်၊ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။


၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင်နေတတ်ဖို့နဲ့ အလုပ်ရဲ့ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။


၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။


၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက်ပေါင်းစပ်ဖို့ ဒါတွေလိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွှတ်ပေးပါ။


Written by နိုင်းနိုင်းစနေ

Thursday, February 7, 2013

ပညာခန်းပါသော ရည်းစားစာ


ဒီရည်းစား စာလေး ကိုဖတ်ကြည့်လိုက်ပါဦး သူငယ်ချင်းတို့ရေ … ဒါက ကောင်လေး တစ်ယောက်က သူ့ချစ်သူ
ကောင်မလေးဆီကို ပို့တဲ့ စာလေးပါ …… ကောင်မလေးအဖေက သူတို့နှစ်ယောက်ကို သဘောမတူဘူးလေ…. သူတို့
နှစ်ယောက်ရဲ့ ချစ်ခြင်းကို ခွဲဖို့ ကြိုးစားနေတယ်ပေါ့ …..ကောင်မလေးဆီရည်စားစာ ပို့ရင်လည်း သူမ အဖေ က ကြား
ကနေ ခိုးဖတ်ဦးမှာ သိနေတယ်…….. ဒီတော့ ဘယ်လိုလုပ်ရမလဲ ….. မတတ်နိုင်ဘူးလေ… အဖေအကြိုက်ရေးပေးရ
မလား??? ချစ်သူလေးအကြိုက် ရေးပေးရမလား???? ကောင်လေးတွေရေ …ဒီလိုအခြေအနေမှာဆို ဘယ်သူ့အတွက်
ရေးမလဲ??? ကောင်မလေးတွေရော …… ဒီလိုစာမျိုး ကိုယ့်ချစ်သူက ကိုယ့်အတွက်ပေးတယ်ဆို ဘယ်လိုခံစား ရမလဲ ..
ဟုတ်သော်ရှိ.. မဟုတ်သော်ရှိ… ကဲ … အရင်ဖတ်ကြည့်လိုက်ပါဦးနော်…..


၁. ကောင်မလေးရေ …. နင့်အတွက် ဖြစ်တည်တဲ့ ငါ့ရဲ့ ချစ်ခြင်းတွေက
၂. သေဆုံးသွားပြီဟာ… နင့်အပေါ်မချစ်မနှစ်သက်မှုတွေကသာ
၃. နင့်ကို တွေ့ရတဲ့ နေ့ရက်တွေတိုင်းမှာ ပိုပို တိုးပွားလာတယ်
၎. နင့်မျက်နှာကို တောင် မကြည့်ချင်လောက်အောင် ဖြစ်နေပြီကွာ
၅. ငါ အဖြစ်ချင်ဆုံးတစ်ခုတည်းသောဆန္ဒက
၆. (နင့်ကလွဲပြီး) တခြားမိန်းကလေးတွေကို ပဲကြည့်နေချင်တော့ တယ်….
ငါဘယ်တော့မှ မလုပ်ချင်တဲ့အရာကတော့
၇. နင့်ကို လက်ထပ်ရမှာကိုပါ… ငါတို့နောက်ဆုံးတွေ့ဖြစ်ကြတဲ့အခေါက် ပြောခဲ့တဲ့စကားတွေက
၈. တော်တော်ကိုစိတ်ပျက်ဖို့ကောင်းတယ်ကွာ…. ကောင်မလေး …ငါဘဝမှာ သေဆုံးသွားတဲ့အရာက
၉. နင့်ကို အမြဲတွေ့ချင်တဲ့ မျှော်လင့်ခြင်းတွေပဲလေ…..
၁၀. မင်းက မင်းအဖို့ပဲသိတဲ့ သူ
 ၁၁. တကယ်လို့သာ ငါတို့လက်ထပ်မယ်ဆိုရင်… ငါသိတယ် ငါတွေ့ရမယ့်
၁၂. ဘဝရဲ့ ခက်ခဲခါးသီးမှု… သေဆုံးနိုင်မယ့်
၁၃. ပျော်ရွှင်ခြင်းတွေ ..(မင်းနဲ့ အတူတူနေရင်းနဲ့ပေါ)့ ..
ငါနှလုံးသားထဲက တစ်ခုတည်းသောအချစ်



၁၄. နင့်အတွက် လုံးဝ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အသိ ကိုပဲ
၁၅. နင့်ကို ထာဝရ ပေးချင်တယ်… ဘယ်သူကမှ နင့်လောက်
၁၆. မမိုက်မဲဘူး ..တစ်ကိုယ်ကောင်မဆန်ဘူး …ပြီးတော့ နင်
၁၇. ငါ့ ကို ဂရုမစိုက်ဘူး .. မကူညီနိုင်ဘူး
၁၈. နင် အရိုးရှင်းဆုံး နားလည်ထားဖို့က
၁၉. ငါ အမှန်တွေကိုပဲ ပြောတတ်တယ် ကောင်မလေးရယ် …ဒီတော့ ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ….
၂၀. ငါတို့ဇာတ်လမ်းပြီးဆိုတာကို နင့်သိနေပြီဆိုမှတော့ ထပ်တွေ့ရဖို့.. စာတွေပို့ဖို့ .. မကြိုစားပါနဲ့တော့ဟာ….
၂၁. နင်ရဲ့ပြန်စာတွေထဲက စကားလုံးတိုင်းဟာ
၂၂. ငါ့အတွက် စိတ်ဝင်စား ဖို့ လုံးဝမကောင်းတော့ဘူး … မင်းမှာမရှိနိုင်တဲ့အရာက
၂၃. ငါမျှော်လင့်တဲ့ အချစ်စစ် စစ် တွေ ပဲ ကောင်မလေးရေ… … အကြွင်းမဲ့ယုံပါတော့ကွာ ….
၂၄. ငါ နင့်ကို ဘယ်လိုမှ ခံစား လို့မရဘူးတော့ဘူးဆိုတာကိုပေါ့... ကျေးဇူးပြုပြီး ဆက်တွေး မနေနဲ့ဦးနော်
၂၅. ဘာတွေဘယ်လိုဖြစ်ဖြစ် ငါက မင်းရဲ့ ချစ်သူ အဖြစ် ရှိနေသေးတယ်လို့ …
Bye …

သိပ်ဆိုးတဲ့ စာဆိုပြီး .. စိတ်ဆိုးမယ် မကြံနဲ့ လေကွယ် ……
ဟဲဟဲ ကောင်လေးက စာမပေးခင် ကောင်မလေးကို ပြောခဲ့ပါတယ် … "မ"ဂဏန်းကျတဲ့ စာကြောင်းတွေပဲ ဖတ်ပါတဲ့
(၁. ၃. ၅. ၇. ၉. ၁၁. ၁၃. ၁၅. ၁၇. ၁၉. ၂၁. ၂၃. ၂၅) ….. အဲဒါတွေက ကောင်မလေးအတွက် ပေါ့ …..ပြန်ဖတ်  လိုက်ပါဦး ….


ဘယ်လောက်ချိုတဲ့ အချစ်တွေလည်းဆိုတာ သိသွားအောင်…… နှစ်ခါဖတ်ရလို့ စိတ်မဆိုး ရဘူးနော်…
အလွတ်ရအောင် ကျက်တယ်လို့ ပဲမှတ် … :P
(www.hbc-myanmar.net/ winminhtet တင်သောပို့စ်မှ)