Tuesday, December 24, 2013

Zune Thin Zar ဇွန်သဉ္စာ နောက်တစ်ဆင်. တက်ပြန်ပါပြီ




ပထမဆုံး တောင်းပန်ချင်တာက ဒီအမြင်မတော်တဲ့ပုံ တွေကိုကြည်.မိတဲ့အထဲ အသက်အားဖြင်./ ပညာအားဖြင်./ဂုဏ်အားဖြင်. လေးစားထိုက်သူ များ အမ / ညီမ များ ပါလာခဲ့ပါက အမြင်ရိုင်း သလို ဖြစ်ခဲ့ပါလျှင် တောင်းပန် အပ်ပါသည် ။ ထို.ထက်ပို၍ ဤပုံသည် မြန်မာမိန်းကလေး ပညာတတ် ထိုက်သင်.သလိုပြည်.စုံသော အလွှာ မှ မိမိသဘောဖြင်. မိမိရိုက်တင်ထားခြင်းဟု ဆိုပါလျှင် .. သေချာသည် ယခင်ခောတ် ရိုးရာယဉ်ကျေးမှုကို ထိမ်းသိမ်းခဲ့ကြသူများအဖို.တော. အသက်ရှုရပ် အသက်ကုန်လောက်သော အခြေအနေမျိုးဖြစ်ပေလိမ်.မည် ။ နည်းပညာကျောင်းသားများလောက၀ယ် ဒါဏ်ရာတစ်ခု အနာကျက်စပြုမည်ရှိသေး ယခုထပ်လုပ်လာပြန်တော. မကျေမချမ်းမှုများက Facebook အပါအ၀င် အပြင်လောကတွင်ပါ အသံထွက်လာတော.သည် ။


လွတ်လပ်ခွင်. ၊ မွေးရာပါအခွင်.အရေး ၊ အသစ်တို.ဖန်တီးခြင်း စသော ခေါင်းစဉ်များကို အကာအကွယ်ပြု ပြီး မိမိကိုယ်ကိုအောင်မြင်အောင် ၊ နာမည်ကျော်အောင် ၊ လူသိများအောင် ဖန်တီးလာသူတို.သည် အလွယ်ကူဆုံးနည်းလမ်းအဖြစ် ညစ်ညမ်းစကားလုံးများ ၊ အပြာကားဆန်ဆန် ဖန်တီးမှုများ ၊ မိမိအိနြေ္ဒ မိမိပြန်ဖျက်စီးရင်း ကိုယ်.ပိုင်ဆိုင်သမျှ အရှက်တရားကင်းကင်း ဖော်ချွတ်ပြသကြရင်းဖြင်. အလွယ်ကူဆုံးသော နည်းလမ်းများ ၊ အရည်အချင်းစစ်စစ်မှန်မှန် ပိုင်ဆိုင်သူများ လုံးဝမပြုမူသော အပြုအမူများဖြင်. နာမည်ကျော်အောင်ဖန်တီးလာကြခြင်း၏ ပြယုဂ်တစ်ခုလည်းဖြစ်သည် ။


လူတို.တွင် အထူးသဖြင်. အမျိုးသမီး တို.တွင် Center of Attraction ဖြစ်လိုသော စိတ်ကပိုများကြသည် ဟု စိတ်ပညာ စာတစ်ပုဒ်က ဆိုသည် ။ ထို.အပြင် အလှအပကိုလည်း ပိုမြတ်နိုး ပိုခံစားတတ်သူများမို. မိမိအလှအပဖြင်. အားလုံးစိတ်ဝင်စားမှု ရရန်ကြိုးပမ်းကြသည် ။ ထိုက်သင်.သော အလှအပရှိသူတို.က သူတို.အလှပိုပေါ်အောင်ကြိုးစားကြသလို မရှိသူတို.ကလည်း ရှိအောင် ၊ ရှိသည်ထင်ရအောင်ပြုပြင်ဖန်တီးယူကြသည် ။ ထိုကတစ်ပိုင်း ။ နာမည်ကျော်တစ်ယောက်ဖြစ်ရန် ကြိုးစားကြသူများအနက် အချို.က ငွေကြေးဖြင်. ၊အချို.က အလှအပဖြင်. ၊ အချို.က အနုပညာအရည်အသွေးဖြင်. ၊ အချို.က ကိုယ်ပိုင်အရည်အချင်းတစ်ခုဖြင်. ကြိုးစားကြသလို ထိုသို.မတတ်နိုင်သူများနှင်. ပိုင်ဆိုင်သော အရည်အသွေးထက် အဆမတန်နာမည်ကြီးလိုသူတို.ကမူ ညစ်ညမ်းသော နည်းလမ်းများသုံးကာ စွဲဆောင်ကြတော.သည် ။နာမည်ကျော် တစ်ယောက်အဖြစ် အချိန်တိုအတွင်း နာမည်ကျော်လိုသော မိန်းကလေးတို.ကမူ ဤသို.သောနည်းလမ်းကိုသုံးလာကြတော.သည် ။ ထိုစိတ်ကူးမျိုး လာမည်.မျိုးဆက်မိန်းကလေးငယ်တို.သာ အတုယူ လိုက်လံကျင်.သုံးခဲ့ကြပါမူ.

ဘယ်မိန်းကလေးမဆို အ၀တ်အစားအနည်းဆုံးဖြင်. လူတော ထဲသွားလာခဲ့လျှင်
 သေချာသည် လူတကာဝိုင်းကြည်.မည်ပင် ။သေချာသည် မည်သည်.အရည်အချင်းမှ ရှိစရာ မလိုပဲ အနုပညာလောကအတွင် အပြာဆန်ဆန် ရိုက်ချက် ပြကွက်များ လုပ်ရဲလျှင် အချိန်တိုအတွင်း နာမည်ကျော်မည် ။သို.သော် တန်ဖိုးကား အမှန်တကယ် အရည်အသွေးရှိသူ ၊ အမှန်တကယ်လှပသူ တို.နှင်.တော.မိုးနှင်.မြေပင် ။သူတို.၏ အောင်မြင်မှုကား တစ်မွန်းတည်.သာဖြစ်ပေမည် ။ဤကဲ့သို. ဖြစ်ရပ်မျိုးက ပတ်ဝန်းကျင် ၊ မိသားစု ၊ ယဉ်ကျေးမှုစသော အရာတို.၀ိုင်းထိမ်းမှသာ ပြေလည်မည်.သဘောရှိသည် ။ လူတိုင်းသည် လောကီသားမို. ကာမဂုဏ် အာရုံတွင် တက်မက်ကြသည် ။မိမိပညာ ၊ ဂုဏ်သိက္ခာ ၊သတိ တို.ဖြင်. ထိမ်းသိမ်းကျ၍သာလျှင် ကိုယ်ကျင်.တရားတို. ကောင်းမွန်စွာ တည်ရှိနေကြခြင်းဖြစ်သည် ။ လူတိုင်း၏ မသိစိတ်တွင်တော. သူ.အစွမ်းကအတော်ကြီးသည် ။အစဉ်အဆက် ထိုအချက်ကိုသိကြလျှက် အနုပညာလောက ဖြစ်စေ ၊ပြင်ပတွင်ဖြစ်စေ လက်ရှောင်ခြင်း ၊ထုတ်မသုံးခြင်းက စောင်.ရမည်.စည်းကို သိသဖြင်. ၊ မိမိတို.၏ အရည်အချင်းကိုယုံကြည်ကြသဖြင်.ဖြစ်သည် ။


ကမ္ဘာရွာဆိုရာတွင် တစ်ခုရှိသည်က မိမိယဉ်ကျေးမှု ၊မိမိတန်ဘိုး ၊မိမိအစဉ်အလာကိုမှ မိမိတန်ဘိုးမထားမထိမ်းသိမ်းလျှင် သေချာသည် လူမျိုးပါပျောက်သွားပေမည် ။ ယခင်က လုံးဝ မည်သည်.မိန်းကလေးအတန်းအစားမှ မပြုရဲသော အမှုကို ပြုရဲလာကြသည် ။ ယခင်က အားလုံးခါးခါးသီး ဆန်.ကျင်သော အပြုအမူကို မြှောက်ပင်.ပေးသူအချို.ရှိလာသည် ။ ထိုအခါ မြန်မာလူမျိုးနှင်. လွတ်လပ်ခွင်.ကို ဝေဖန်မှုများလည်း ရှိလာတော.သည် ။


တစ်ခုရှိသည်က ထိုကဲ့သို.ကိစ္စရပ်မျိုးတွင် အဖြေမှန်ကို ထုတ်ယူသူထက် ကိုယ်မကျေနပ် မနှစ်သက်ရာ ရှိထားပြီးသူတို.ထံသို.သာ အပြစ်ပုံချချင်ကြသော ခပ်ညံ.ညံ. အတွေးအခေါ်များလည်း အနည်းငယ်တော.တွေ.ရသည် ။ သို.သော် အတော်များများကတော. မည်သည်. အတွေးအခေါ် ယုံကြည်ချက် ရှိသည်ဖြစ်ပါစေ ထိုကိစ္စရပ်ကိုတော. မြန်မာနိုင်ငံမှာ ပညာတတ် မြန်မာမိန်းကလေးတစ်ယောက်အနေဖြင်. ဤလုပ်ရပ်သည် လုံးဝမသင်.လျှော်ဟု ကြားရခြင်းများအတွက် တော. အနည်းငယ်တော်သေးသည်ဟုသာ.


ကာယကံရှင်( မဟုတ်လျှင်တောင်မှ ). သက်ဆိုင်ရာ မိဘအသိုက်အ၀န်းအားလုံး ဆင်ခြင်နိုင်ကြပါစေဟု ဆန္ဒပြုလျှက် ..


No comments:

Post a Comment