Showing posts with label ဘဂါၤလီတို.အကြောင်း တစ်စေ.တစ်စောင်း. Show all posts
Showing posts with label ဘဂါင်္လီတို.အကြောင်း တစ်စေ.တစ်စောင်း. Show all posts
Friday, September 22, 2017
ဗိုလ်​ချုပ်​ကြီး သူရသက်​​ဆွေ ပြောသော မြန်မာ - ဘင်္ဂလားဒေ့ရှ် ၁၉၉၃ သဘောတူညီချက်
နိုင်ငံ့တာဝန်နဲ့ ဘ၀ပေးအတွေ့အကြုံ (၁)  - သူရသက်ဆွေ
ဒီနေ့ နားထောင်ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပြောတဲ့ မိန့်ခွန်းမှာ
Verification ဆိုလို့ ကျွန်တော် ၂၀၁၃ က ဘင်္ဂလားဒေ့ရှ် ကိုတာဝန်နဲ့သွားရတုန်းက ရှိတ်ဟာဆီနာ နဲ့ တွေ့ခဲ့ရတဲ့ အဖြစ်ကို ပြန်သတိရမိပါတယ်။
ခရီးစဉ်ကတော့ ရေတပ်ဦးစီးချုပ်က အပြန်အလှန်ဖိတ်ကြားလို့ သွားရောက်ရတဲ့ ခရီးဖြစ်ပါတယ်။ ဒီတုန်းက ကျွန်တ်ာတို့ ရေတပ်မှာ ကုလားလေး လို့ ခေါ်တဲ့ ဒီ ဘင်္ဂလားဒေရှ့် နဲ့ ကျွန်တော်တို့ နှစ်နိုင်ငံအကြားက ရေပိုင်နက် အငြင်းပွားမှုကိစ္စ အပြည်အပြည်ဆိုင်ရာရာ အနုညာတ ခုံရုံးမှာ ဖြေရှင်းပြီးစကာလဖြစ်ပါတယ်။
ဘင်္ဂလားရေတပ်နဲ့ ကျွန်တော်တို့ ရေတပ် တင်းတင်းမာမာ ရင်ဆိုင်ခဲ့ တဲ့ အဖြစ်အပျက်တွေလဲ မမေ့ကြသေးတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒီတုန်းက ဘင်္ဂလား ရေတပ်ဦးစီးချုပ်က ဒုဗိုလ်ချုပ်ကြီး ဖါရိဒ် ဟာဘစ်ပါ သူနဲ့ အရင် နိုင်ငံတကာရေတပ်ပွဲတွေမှာ ဗိုလ်မှူးကြီးအဆင့်လောက်တဲက သိကြတာမို့ တွေ့ ဆုံ ဆွေးနွေးကြတအခါ လူချင်း အထူးအထွေမိတ်ဆက်စရာမလိုပဲ သိနေကြတဲ့ လူချင်းမို့ ပွင့်ပွင့်လင်းလင်းပဲ ပြောဖြစ်ပါတယ်။
ကျွန်တော်က ဘင်္ဂလားဒေ့ရှ် မီဒီယာတွေမှာ ရေပိုင်နက်ကိစ္စ အငြင်းပွားမှုမှာ မြန်မာကို ပြတ်ပြတ်သားသား အနိုင်ရပြီးနောက် လို့ မကြာခဏ သုံးနှုန်းနေတာ အခု နိုင်ငံတကာ မီဒီယာမှာတောင် ဒီအတိုင်းပါနေတယ်
တစ်ကယ်တော့ ခင်ဗျားတို့လိုချင်တဲ့ မိုင် ၂၀၀ ထွက်ပေါက် ခင်ဗျားတို့ ရတယ် ခင်ဗျားတို့ လာပြီး ကန့်ကွက်တဲ့ ရေနံလုပ်ကွက် အေဒီ ၇ နဲ့ ကမ်းနီးရေပြင်မှာ ကျွန်တော်တို့ အဆိုပြုတဲ့အတိုင်း ရတယ် တကယ်တော့ နိုင်ငံတကာ အတွက် ဥပမာကောင်းဖြစ်တဲ့ Win Win Solution, Peaceful Solution ပဲဖြစ်ပါတယ်။ ခင်ဗျားတို့ မီဒီယာတွေပြောနေတာတွေ အထူးသဖြင့် ခင်ဗျားတို့ နိုင်ငံခြားရေးဝန်ကြီး ပြောတဲ့ We Won ဆိုတာကြောင့် ဒီလိုဖြစ်ကုန်တာ လို့ ပြောလိုက်ပါတယ်။
ဟာဘစ် ကပြန်ပြောတာတော့ ခင်ဗျားပြောတာ ကျွန်တော်လုံးဝသဘောတူပါတယ်။ တကယ်လည်း Win Win Situation ပါ။ မီဒီယာတွေကတော့ ခင်ဗျားသိတဲ့အတိုင်းပါပဲ ကျွန်တော်တို့ နိုင်ငံမှာ ရဲကို လူတွေအတော်ကြောက်ပါ တယ် ကျွန်တော်ပြောတာ သဘောပေါက်လားတဲ့ လက်ညှိုးနဲ့ လက်မ၀ိုင်းပြတယ် ပြီးမှ ရဲကြောက်ရတာရှိသေးတယ် အဲဒါ မီဒီယာပဲ တဲ့။ နိုင်ငံခြားရေးဝန်ကြီးကတော့ နိုင်ငံရေးသမားပဲ သူက ဒီလိုပဲပြောရမှာ မဟုတ်ရင် အတိုက်အခံ က အိမ်အပြန်မှာ ဆီးတွယ်ဖို့ စောင့်နေတာလို့ ဆိုပါတယ်။
တကယ်လဲ ဒီ အနုညာတခုံရုံးမှာ ပါခဲ့တဲ့ လူတွေကို ပြန်မေးကြည့်တော့ ဆုံးဖြတ်ချက်ချပြီးတဲ့အခါ ဘင်္ဂလားဒေ့ရှ် ဘက်က ဒီကိစ္စမှာအစဉ်အဆက် မာစတာဘရိမ်းလို အဓိက ပါတဲ့ ဗိုလ်ချုပ် ခူရှက်အလမ် (ဗိုလ်မှူးကြီးနဲ့ အငြိမ်းစားယူပြီး ဗိုလ်ချုပ်ရာထူးပြန်ပေးကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာခန့်ထား) တို့ မျက်နှာသိပ်မသာယာပါဘူး အငြင်းပွားခဲ့တဲ့ အဓိကနေရာ အေဒီ ၇ က လွတ်လွတ်ကျွတ်ကျွတ် မြန်မာဘက်ပေးလိုက်ရလို့ (2015 က အဲဒီ အေဒီ ၇ အကွက်မှာ သဘာဝဓါတ်ငွေ့ သိုက်တွေ့ပါတယ်)အေဒီ ၇ တွင်မကဘူး မြန်မာ့ စွမ်းအင်ဝန်ကြီးဌာနက ကြေငြာထားတဲ့ မည်သည့် ရေနံကွက်မှ သူတို့ မရဘူး။ ဒါ့အပြင် အခု အုန်းကျွန်းလို့ အများသိကြတဲ့ စိန့်မာတင် ကျွန်းကို enclave လုပ်ပြီးရေပိုင်နက်ကို ဆွဲဖို့ ဆုံးဖြတ်တဲ့အတွက်ကြောင့် အုန်းကျွန်းနဲ့ တောင်ပိုင်းကို ဗထက်ချိုက်ပုံစံ ၀ိုက်ပြီး မြန်မာကို ပေးလိုက်ရလို့ အဓိကနှစ်ချက်ပါ။ သူတို့ ရသွားတာကတော့ နိုင်ငံ၇ဲ့ ပထ၀ီအနေအထားကြောင့် မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံတွေက အကွားဝေးတူ ဥပဒေသနဲပ ရေပိုင်နက်မျဉ်းဆွဲရင် သူတို့ ရေပိုင်နက်ကို မိုင် ၂၀၀ မရောက်ခင် ပိတ်ပြီး စီးပွားရေးဇုန် မိုင် ၂၀၀ မရပဲ ပိတ်နေရာက ခုံရုံးက နှစ်နိုင်ငံရေပိုင်နက်မျဉ်းကို ရေနက်ပိုင်းမှာ အနည်းငယ် တောင်ဘက်ကို တိမ်းစောင်းပေးဖို့ ဆုံးဖြတ်လိုက်တာကြောင့် မိုင် ၂၀၀ ထွက်ပေါက်အပြင် နောင် ဆက်ရမဲ့ ကမ်းလွန်ရေတိမ် Continental Shelf Claim အတွက်ပါ အခွင့်အရေးတွေရတာဖြစ်ပါတယ်။ ဒါကိုတော့ သူတို့ အတော်ကြေနပ်ပါတယ်။
အဓိကပြသနာက မီဒီယာပါဘဲ သူတို့က သူတို့ မီဒီယာတွေလဲ ဂျာမဏီက ခုံရုံးကို ခေါ်လာပြီး ဆုံးဖြတ်ချက်ပြီးတာနဲ့ မီဒီယာနဲ့ တန်းတွေ့တော့တာ နိုင်ငံတကာ မီဒီယာတွေလဲ စောင့်နေကြတဲ့ အချိန်မှာ သူတို့ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဒီပူမွန်နီ က We Won လို့တန်းပြောတော့တာလို့ သိရပါတယ်။ မြန်မာကိုယ်စားလှယ်ခေါင်းဆောင်ကတော့ မီဒီယာတွေနဲ့ တွေ့ဖို့ ငြင်းလိုက်တယ်လို့ သိရပါတယ်။ အဲဒီ ပါးနပ်တဲ့ နိုင်ငံရေးသမား ဒီပူမွန်နီရဲ့ We Won ဟာ အခုထိ ပဲတင်ထပ်နေဆဲပါပဲ ။ မဟုတ်လဲမဟုတ် မခံလဲမခံချင်ပဲနဲ့ ခံနေရတုန်းပါပဲ။ ရှိတ်ဟာဆီနာအစိုးရကို ထောက်နေတဲ့ သတင်းစာ တစ်စောင်ကတော့ ကျွန်တော်တို့ မြင်သလိုပဲ အငြင်းပွားတဲ့ ဟာက ဘာများ ရလို့ We Won ဖြစ်ရသလဲလို့အချက်အလက်နဲ့ မေးခွန်းထုတ်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သူလူထုနဲ့ နိုင်ငံတကာကတော့ ပူဒီမွန်နီရဲ့ We Won ကိုပဲ ဖေါ်ပြကြဆဲပါ နောင်လဲ ဒီအတိုင်း သမိုင်းဝင်သွားပါပြီ။
ဆက်ဆွေးနွေးကြတော့ နတ်မြစ်မှာ ကင်းလှည့်ဖို့ ဆွေးနွေးပါတယ် သူတို့က ခိုးဝင်နေတဲ့ မူးယစ်ဆေးကို ပြောသလို ကျွန်တော်တို့ကလဲ ခိုးဝင်နေတဲ့ လူတွေ နတ်မြစ်ကို ဖြတ်ပြီး ကူးသန်းနေတဲ့ နယ်စပ်ပြသနာတွေကို ပြောပါတယ် အဆုံးတော့ ခရီးစဉ်အပြီးမှာ ဘင်္ဂလား ရေတပ်နဲ့ ညှိပြီး နှစ်ပေါင်း ၄၅ နှစ်လောက် ရေတပ်သင်္ဘော မရောက်ခဲ့တဲ့ နတ်မြစ်ထဲကို အမြန်သွားတိုက်ခိုက်ရေးရေယာဉ်တစ်စီး ၀င်ရောက်ကင်းလှည့် နိုင်ခဲ့ပါတယ် သူတို့ နိုင်ငံခြားရေး ဌာနနဲ့ မီဒီယာက ပူညံပူညံလုပ်လုပ်လိုက်ပေမဲ့ အဲဒီ Gun boat diplomacy လို့ ဆိုနိုင်တဲ့ ကိစ္စကြောင့် နောက်ပိုင်း အရင်က မလုပ်နိုငိခဲ့တဲ့ နတ်မြစ် စိုးမိုးရေးကိစ္စတွေ ကိုယ့်ဘက်က ပိုင်ပိုင်နိုင်နိုင်နိုင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒီကိစ္စတွေ ပြောကြတော့ ဟာဘစ်က သူ့ဝန်ကြီးချုပ်နဲ့ တွေ့ဖို့ စီစဉ်ထားကြောင်း အဆိုပြုပါတယ်။ အခြားကိစ္စတွေ ဆွေးနွေးစရာမရှိပဲ ဂရ၀ပြုတွေ့ဆုံခြင်းလောက်ဆိုရင်တော့ တွေ့မယ်လို့ ကျွန်တော် အဖြေပေးလိုက်ပါတယ်။
အဲဒီမှာ ကျွန်တော် ပြင်ဆင်ရတော့တာပေါ့ ဒီတုန်းက သံအမတ်ကြီးက ဦးမျိုးမြင့်သန်းပါ ကျောင်းမှာ တစ်ခွဲထဲ ဖြစ်တဲ့အပြင် ရေတပ်မှာလဲအတူတာဝန်ထမ်းဆောင်ခဲ့ရတဲ့ လေးစားရတဲ့ စီနီယာတစ်ယောက်ပါပဲ။ အကိုကြီး ရေတပ်ကိစ္စ ရေကြောင်းလုံခြုံရေးကိစ္စ ကတော့ ကျွန်တော် အလွတ်ပြောလို့ရပါတယ် မဆိုင်ပေမဲ့ ပြောလာရင် ဖြေရခက်မဲ့ ပြသနာ ဘာရှိလဲ လို့ မေးတဲ့အခါ ကိုမျိုးမြင့်သန်းက ဒီအဖွားကြီး ပြောနိုင်တာကတော့ သူတို့ဆီမှာ ရှိနေတဲ့ ဒုက္ခသည် တစ်သိန်း ကျော်ကို ပြန်ခေါ်ဖို့ ပြောနိုင်တယ်။ ဒါပေမဲ့ ကျွန်တော့ကိစ္စ မဟုတ်တဲ့အတွက် ကျွန်တော်နဲ့ မဆိုင်ကြောင်းပြောပြီး ရှောင်နိုင်ကြောင်းပြောပါတယ်။
ကျွန်တော်က ဒီထက် ကောင်းတဲ့ မငြင်းနိုင်တဲ့ အချက်ပြန်ပြောစရာမရှိဘူးလားမေးတဲ့အခါ ရှိတဲ့အကြောင်း ၁၉ ၉ ၃ သဘောတူညီချက်အကြောင်းပြောပြပါတယ်
ဒီသဘောတူညီချက်ထဲမှာ နှစ်ဘက်လက်မှတ်ထိုးပြီး သဘောတူထားတဲ့ အခြေခံလေးချက်ပါပါတယ် (ကျွန်တော်မှတ်မိသလောက်)
(၁) မြန်မာပြည်မှာနေခဲ့တဲ့ အထောက်အထား ခိုင်ခိုင်မာမာ တင်ပြနိုင်ရမယ်။
(၂) မြန်မာပြည်မှာ မွေးတဲ့ လူတွေဖြစ်ရမယ် အထောက်အထား ပြနိုင်ရမယ်။
(၃) မြန်မာနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လူတွေမဖြစ်ရဘူး။
(၄) သူတို့ကိုယ်တိုင် မြန်မာပြည်ကို ပြန်လာချင်တဲ့ လူတွေဖြစ်ရမယ်
(ေယ်ဘူယ်ပဲ မှန်နိုင်ပါတယ် စာလုံးအတိအကျမဟုတ်ပါဘူး)
ဆိုတာတွေပဲဖြစ်ကြောင်းပြောပါတယ် ကျွန်တော်က သဘောတူညီချက်ဖြစ်လို့ မူလ အင်္ဂလိပ်စာလုံးနဲ့ မူရင်းကော်ပီလိုချင်ကြောင်းပြောလို့ ကိုမျိုးမြင့်သန်းကရှာပေးပါတယ် ကျွန်တော့ ဖုန်း နဲ့ ဓါတ်ပုံရိုက်ထားလိုက်ပါတယ်။
နောက်နေ့ ၀န်ကြီးချုပ် ရှိတ်ဟာစီနာကို ဂရ၀ပြု သွားတွေ့တော့ ဘင်္ဂလားဒေ့ရှ် ကြည်းတပ်က စကားပြန် မရမာလူမျိုး ဗိုလ်မှူးကြီးတစ်ယောက်၊ ရေတပ်က ဆက်ဆံရေးအရာရှိ ဗိုလ်ချုပ် တစ်ယောက်၊ သံအမတ်ကြီး ဦးမျိုးမြင့်သန်းတို့ပါပါတယ်။
စကားပြန် မာရမာလူမျိုးက တကယ့် မြန်မာအတိုင်းပါပဲ သူတို့ ပြောတဲ့ စကားနဲ့ မြန်မာစကားနဲ့ အတော်ဆင်လို့ ဘာသာပြန်လုပ်တာကြာပါပြီ မြန်မာနာမည် လည်းရှိပါတယ်။ ကျွန်တော်က မြိတ်ထားဝယ်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ဘူးလို့ မြိတ်လို ထားဝယ်လို နားလည်ပါတယ် သူပြောတဲ့ စကားကျွန်တော် နားလည်ကြောင်းပြောတဲ့အခါ သူက မယုံဘူး သူ့မိန်းမကို ဖုန်းဆက်ပြီး သူဘာပြောလဲပြန်မေးပါတယ်။ အိမ်ရှေ့ခန်းက စာပွဲအောက်က စာအုပ် လာယူရင်ပေးဖို့ လို့ နားလည်တဲ့အတိုင်းပြောတဲ့အခါ သူအတော်သဘောကျပြီး ဘင်္ဂလားက မရမာတွေ သက်(Chakma) တွေအကြောင်း ပြောပြပါတော့တယ် သူလဲ မရမာမို့ ဒီ ဗိုလ်မှူးကြီးထက် ရာထူးမတက်တော့ကြောင်းပြောပါသေးတယ်။ တစ်လမ်းလုံး စကားပြန်က ရှင်းပြသွားတာ နားထောင်ရပါတယ် ဒါကာမှာ ကန်တိုးမင့် တပ်မြေထဲပဲ သပ်သပ်ယပ်ယပ်ရှင်းရှင်းလင်းလင်းရှိကြောင်း မြို့ထဲတော့ လမ်းပေါ်မှာ လမ်းဘေးမှာ သစ်ပင်အောက်မှာ တံတားပေါ်မှာ တံတားအောက်မှာ ဘတ်စကားပေါ်မှာ ရထားအပေါ် အမိုးပေါ်ကအစ ပြွတ်သိပ်နေတဲ့ လူတွေကြီးပါပဲ ဘယ်ကြည့်ကြည့် လူပဲတွေ့ရမယ်လို့ အပြောင်အနောက်ပြောပါသေးတယ် တကယ်လဲ စိတ်ပျက်လောက်အောင် သံတမန်ရပ်ကွက်နဲ့ အစိုးရအိမ်တွေ ကလွဲလို့ လူတွေချည်းအပြည့်အသိပ်ပါပဲ။ ဒါ့ကြောင့်လဲ ဗိုလ်ချုပ် ဟာဘစ် အရင်က ဦးစီးချုပ် ဗိုလ်ချုပ် အူဒင် မြန်မာပြည်လာတော့ မင်းတို့တိုင်းပြည်ကတော့ ကံကောင်းတယ်ကွာ မြေတွေကို အများကြီးပဲ ငါတို့မှာတော့ လူတွေချည်းဘဲ လို့ ဆိုပါတယ် သူပြောတဲ့စကားကိုပဲ ကျွန်တော် ဘင်္ဂလားဒေ့ရှ်ရောက်တဲ့အခါ အရာရှိကြီးတိုင်းက ပြောကြပါတယ်။ သူတို့စိတ်ထဲ မြန်မာပြည်က မြေတွေများနေတယ် လို့ ထင်တာကို ကျွန်တော် မကြိုက်ပါဘူး ငါတို့မှာ လူတွေရှိတယ် မင်းတို့မှာ မြေတွေရှိတယ်ဆိုတဲ့ ဒီ ဘင်္ဂါလီ တွေရဲ့ အတွေးအခေါ်ဘယ်ကလာလဲဆိုတာ စဉ်းစားသုံးသပ်ဖို့သင့်ကြောင်း ခရီးကိုပြန်ရောက်တဲ့အခါ လူကြီးကို သတင်းပို့ ခဲ့ပါသေးတယ်။
ဝန်ကြီးချုပ်နေတဲ့ အိမ်က လုံခြုံရေးအတော် တင်းကြပ်ပါတယ် ဂိတ် လေးဂိတ် ဖြတ်ရပြီး အတော်လည်းစောင့်ရပါတယ် ထောင်ထဲဝင်ရတဲ့အတိုင်းပါပဲ နိုင်ငံရေးပါတီ မိန်းမခေါင်းဆောင်နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အပြီချနေကြတာ မကြာသေးခင်က ဗုံးခွဲလုပ်ကြံမှုတွေ ဆက်တိုက်ဖြစ်ထားလို့ လုံခြုံရေးတင်းကြပ်ရတကို ခွင့်လွတ်ဖို့ အတူပါတဲ့ ဆက်ဆံရေးအရာရှိက တောင်းပန်ပါတယ်။
အတူပါလာတဲ့ ဆက်ဆံရေအရာရှိရေတပ်ဗိုလ်ချုပ်ကို ဒီဗိုလ်ချုပ်ကြီး အင်္ဂလိပ်လို ပြောတတ်တယ်မဟုတ်လားလို့ ဘင်္ဂါလီလို လှမ်းမေးပါတယ်။ (မရမာစကားပြန်က စကားပြန်လို့ သိရတာပါ) ဟိုက ပြောတတ်ကြောင်း ပြန်ကြားပုံရပါတယ် ကျွန်တော့ ကိုတိုက်ရိုက်ပြောပါတော့တယ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နှစ်နိုင်ငံ အကျိုးကို အမြဲလိုလားကြောင်း။ မြန်မာဘက်ကလဲ ဒီလိုဘဲဆိုတာသိကြောင်း သို့သော်လည်း ဒီ နှစ်နိုင်ငံအကြားမှာ ဒုက္ခသည်တွေကိစ္စနဲ့ ပြသနာခဏခဏ တက်နေရကြောင်း အစဉ်အဆက် နှစ်ဘက် ညှိနှိုင်း လက်ခံ ဆောင်ရွက်ခဲ့ပြီး အခုလောလော ဆယ် လူ တစ်သိန်းကျော်လောက်ကျန်နေကြောင်း ဘင်္ဂလာဒေ့ရှ် အစိုးရအနေနဲ့ လူတစ်သိန်းကျော်ကို မကျွေးနိုင်မထောက်ပံ့နိုင်လို့မဟုတ်ကြောင်း သူ့ပြည်သူ သန်း ၂၀၀ ကိုတောင် ၀အောင်ကျွေးထားနိုင်တာ ဒီလူ တစ်သိန်းကျော်တော့ ကျွေးနိုင်ကြောင်း သို့သော် လည်း သည် နည်းနည်းလေးကျန်တဲ့ ဒုက္ခသည် ကိစ္စကိုအကြာင်းပြုပြီး အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂအပါအ၀င် အင်ဂျီအိုတွေ ခြေရှုပ်နေလို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို အမြဲထိခိုက်နေကြောင်း ဒါ့အပြင် မြန်မာနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကပါ ဒါကို အခွင့်ကောင်းယူလာကြောင်း သူ့အနေနဲ့ တော့လက်ကျန် ဒုက္ခသည်တွေကို မြန်မာနိုင်ငံက လက်ခံလိုက်ရင် ဒီပြသနာတွေ ရှင်းသွားပြီးတော့ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်လဲ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ဆက်လုပ်လို့ ရမှာဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြပေးစေလိုကြောင်း ချည်ပြီးတုပ်ပြီး ကောက်ပင်ရိပ်လှီး စကားကိုဆိုပါတော့တယ်။
ကျွန်တော်က ကျွန်တော်ဟာ ရေတပ်ဦးစီးချုပ်မျှသာဖြစ်လို့ ဒီကိစ္စတွေ ကျွန်တော်နဲ့ တိုက်ရိုက်မသက်ဆိုင်ကြောင်း သို့သော်လည်း ဒီ ဒုက္ခသည်လို့ ပြောတဲ့လူတွေကို ကို ကျွန်တော်တို့ နှစ်နိုင်ငံ အကြိမ်ကြိမ် စိစစ်လွှဲပြောင်းထားပြီး ကျွန်တော် သိရသလောက် ၁၉ ၉၃ နှစ်နိုင်ငံ သဘောတူညီချက်က Verification မူလေးချက်နဲ့ မကိုက်ညီတဲ့လူတွေသာဖြစ်တယ်လို့ ကြားဖူးကြောင်း ပြောပြီး မှားသွားမှာစိုးလို့ မှတ်တမ်းပြန်ကြည့်ပါရစေလို့ ခွင့်တောင်းပြီး ကျွန်တော်မှတ်ထားတဲ့ ကျွန်တော့ Smart phone note ကို ယူပြီး ခုန ဦးမျိုးမြင့်သန်းဆီက ယူခဲ့တဲ့ မှတ်တမ်းကို ဖတ်ပြလိုက်ပါတယ်။ နောက်ဆုံးအချက်ကို အရင်ဖတ်ပြတာပါ။
အဖွားကြီးက အလွန်ပါးနပ်ပါတယ် အရင်ဖတ်ပြတဲ့ အချက်ကို ကြားတာနဲ့ ဒီလိုတော့လဲ ဒီလူတွေဘယ်ပြန်ချင်ပါ့မလဲ သူတို့က ဟိုလူတွေ အကူအထောက်အပံ့နဲ့ အနေချောင်နေတာလို့ ရေရွတ်သလို ပြောပါတယ် ကျွန်တော်ကတော့ သံတမန် ကျင့်ဝတ် အရ ကျွန်တော်နဲ့ တိုက်ရိုက်မပတ်သက်ပေမဲ့ သက်ဆိုင်ရာကို ကျွန်တော်ပြန်ရောက်ရင် ၀န်ကြီးချုပ်ပြောတာကို ပြန်တင်ပြပေးပါမယ်လို့ ပြောရတာပေါ့။
သူလဲစကားလမ်းကြောင်းပြောင်းပြီး သူ့အဖေအကြောင်းရောက်သွားပါတယ် ကျွန်တော့ကို သူ့အဖေ လုပ်ကြံခံရတဲ့ အိမ်ကို ပြတိုက်လုပ်ထားတာကို ဆက်ဆက်သွားကြည့်ဖို့ မှာပြီး သူ့အဖေရေးလို့ မပြီးခဲ့ပေမဲ့ ဒီအတိုင်းပဲ ပုံနှိပ်ထုတ်ဝေထားတဲ့ The Unfinished Memoirs စာအုပ်လက်ဆောင်ပေးလိုက်ပါတယ်။
ဒီနေရာမှာပြောချင်တာက အဲဒီ စီစစ်လက်ခံရေး ၁၉ ၉ ၃ သဘောတူညီချက်ပါပဲ။ ဒီနေ့ နိုင်ငံတော် အတိုင်ပင်ခံ ပြောသွားတဲ့အထဲမှာပါပါတယ် ဒုက္ခသည်တွေကို စိစစ်လက်ခံရေးဆိုင်ရာ ၁၉ ၉ ၃ သဘောတူညီချက်အတိုင်း စိစစ်လက်ခံသွားဖို့ အမြဲအသင့်ရှိတယ်လို့ ဟိုဘက်က သုံးသိန်းကျော်ဖြစ်လိုက် လေးသိန်းဖြစ်လိုက် ကိုယ်ဝန်ဆောင် ၇၀၀၀၀ ဖြစ်လိုက်နဲ့ သခွပ်ပင်က မီးတကျည်ကျည် လုပ်နေတဲ့ ဘင်္ဂလားကုလားမကြီးကို ပြန်ပြီး တုန့်ပြန်တဲ့ အချက် ပါဘဲ Verification မှာ ဟိုလေးချက်သာ ပြောလိုက်ရင် အကုန်ညိကုန်မဲ့ သဘောလို့ပြောချင်တာပါ။
အချုပ်ကတော့ ဒီဘင်္ဂလီ လူမျိုးတွေဟာသူတို့နိုင်ငံအတွက်ဆို လူရည်အလွန်လယ်တယ် လျင်တယ်ဆိုတာပါပဲ ပထမ ရေပိုင်နက်ကိစ္စ လိုချင်တာမရခင် အောက်ကျို့ဖို့ ၀န်မလေးသလို ရပြီးရင်လဲ အပေါ်စီးက လေကျယ်တတ်ပါတယ်။ လတ်တလော အကျိုးထက် ရေရှည်ရလဒ် အကျိုးအမြတ်ကို တွက်ချက်ပြီး လုပ်တတ်ပြောတတ်တဲ့ လူတွေများတယ်။ ဆင်းရဲမွဲတေပြီး မောင်တောက လူမျိုးတွေလို စားစရာမရှိတဲ့ လူမျိုးတွေရှိသလို အနောက်နိုင်ငံမှာ စာသွားသင်ပြီး ပေါက်ပေါက်ရောက်ရောက်ရှိတဲ့ ဘင်္ဂလီတွေလည်း အများကြီးရှိပါတယ် အထူးသဖြင့် အင်္ဂလန်နိုင်ငံနဲ့ ပေါက်ရောက်ကြတဲ့လူတွေများပါတယ်။ ဒီလူတွေနဲ့ ရင်ဆိုင်တဲ့အခါ မဟာဗျူဟာအမြင်မရှိပဲ ရင်ဆိုင်လို့မရသလို မဟာဗျူဟာ လက်ဦးမှု (Strategic Initiative) ကို ဆုပ်ကိုင်မထားပဲ ဆက်ဆံလို့ မရဘူလို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော့် ခေါင်းထဲက မထွက်တဲ့ စကားကတော့ သူတို့ မဟာဗျူဟာအဆင့်လူတွေ ပါးစပ်ထဲရောက်နေတဲ့ ငါတို့မှာ လူတွေအများကြီး မင်းတို့မှာ မြေတွေအမြားကြီးဆိုတဲ့စကားပါပဲ။
စာကြွင်း
( အင်တာနက်မှာ ပါတဲ့ အဲဒီ ကျွန်တော် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ ကို Smart phone Note ကိုဖွင့်ပြီး ဖတ်ပြနေတဲ့ပုံကို တင်ပြီး ကာကွယ်ရေးဦးစီးချုပ်ရေ သံတမန်စည်းကမ်း ချီုးဖေါက်ဆိုပြီး ၀န်ကြီးချုပ်နဲ့တွေ့ရာမှာ မိုဘိုင်းဖုန်းဖွင့်နေတယ် ဆိုပြီး ကျွန်တော်တို့ သတင်းစာတစ်စောင်က စာလုံးမဲကြီးနဲ့ အပုပ်ချသေးသဗျ။ သူတို့ ကိုးကားမေးမြန်းထားတဲ့ သံအမတ်ကြီးဟောင်း အခု လုံခြုံရေးအကြံပေး ဦးသောင်းထွန်း ကိုလဲ အခြားနိုင်ငံမှာ နိုင်ငံခေါင်းဆောင် လူကြီးတွေနဲ့ တွေ့တဲ့အခါ ဒီလို မိုဘိုင်းဖုန်းဖွင့်လို့ ရလား လို့ မေးထားသေးတယ် သံအမတ်ကြီး ဦးသောင်းထွန်းကတော့ ပါးနပ်ပါတယ် ဘယ်လိုအခြေအနေမှန်းမသိပေမဲ့ တွေ့တုန်း တယ်လီဖုန်းပြောတာတော့ မကောင်းဘူးလို့ ဖြေထားပါတယ် ဒါပေမဲ့ သတင်းစာမှာ ၀ါရင့် သံအမတ်ကြီး ကတောင် ဒီလိုပြောကြောင်းကပါသေးသဗျ။ကျွန်တော် သံတမန်စည်းကမ်းဖေါက်သလား နိုင်ငံအတွက် တာဝန်ထမ်းဆောင်ခဲ့သလား ဆိုတာ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ကြပါ။)
Mn Naval Commander
Friday, September 8, 2017
Bengali ၀င်အစီးခံရသော ရဲကင်းစခန်းမှ တပ်ဖွဲ.၀င်တစ်ဦး၏ အတွေ.အကြုံ ဖြစ်ရပ်မှန်
 ကျနော်က ယာဉ်မောင်း တပ်ဖွဲ့ဝင် တစ်ယောက် ပါ။ ညနက်ပိုင်းမှာ အဘလေးက အရေးကြီးနေပြီ။ အကုန် သေနတ် ထုတ်ထား။ ကင်းတွေကို တစ်ယောက်စီ ထပ်တိုးဝင် စောင့်ပေး။ သေနတ်တွေ အကုန် ကျည်ထိုးထားကြ။ အရေးကြုံရင် ပစ်မိန့်မစောင့်နဲ့။ ရန်ပြုလာသူ ဟူသမျှကို တစ်ခါတည်း ပစ်။ ကျည်ကို ချင့်ချိန်ပြီး ထိရောက်အောင်သာ ပစ်။
ကျော်ဇင်ထက် မင်းက ယာဉ်မောင်းဆိုတော့ ယာဉ်ပေါ်မှာ အသင့်နေ။ လောလောဆယ်တော့ မင်း သေနတ် မထုတ်ထားနဲ့အုံး။ အခြေအနေက ဘာမှန်းမသိဘူး။ အရေးကြုံရင် သေနတ် ထုတ်မယ်။ ကဲ ဘာမရှင်းတာရှိလဲ။ မရှိရင် နေရာ ယူကြတော့
ကျနော်က ရဲမှူး ဟိန်းထက်ကျော်ရဲ့ အမိန့် အတိုင်း မော်တော်ယာဉ်ပေါ်မှာ ကားသော့လေး ကိုင်ပြီး အသင့်စောင့်နေခဲ့တယ်။ ကျန်တဲ့သူတွေ ကတော့ ကတုတ်ကျင်းတွေထဲ ကျည်ထိုးသံ၊ ကျည်ဖြည့်သံတွေ ကြားနေရတာပေါ့။
သိပ်မကြာလိုက်ခင်မှာဘဲ အကြမ်းဖက် အင်အား ထောင်သောင်းချီပြီး ညာသံပေး တက်လာသံတွေ ကြားလိုက်ရတော့ ကျနော်လည်း ကားသော့ကို သော့ပေါက်ထဲ ထိုးထည့်လိုက် တယ်။ ငါ ဘာလုပ်ရမလဲ။ ငါ့ကို အဘလေးက ကားပေါ်နေဖို့ မှာလိုက်တာလား၊ သေနတ်ထုတ်ဖို့ မှာလိုက်တာလား စဉ်းစားလို့ မရဘူးဖြစ်နေတယ်။
အုံး....ဂျိမ်း..... ဒိုင်း..... ဒိုင်း....... ။
ဗုံးကွဲသံလား၊ သေနတ်ပစ်သံလား၊ ဘာမှန်း မသိတော့။ ပတ်ဝန်းကျင်က အမှောင်အတိ။ ဘာမှ မမြင်ရ။ အဲဒီအချိန် ကင်းက ဓာတ်မီး ဝှေ့ယမ်းပြီး ထိုးလိုက်တော့ အလားလား....။ သဂေါင့်သားတွေ ပုရွက်ဆိတ်အုံကြီး ပြိုလာတဲ့အတိုင်းဘဲ။ ခြံစည်းရိုးကို ဖျက်သူက ဖျက်၊ သေနတ်နဲ့ ပစ်သူက ပစ်၊ ဂျင်ကလိတွေနဲ့ ပစ်သူကပစ်။ မနေသာ တော့ပြီ။
ကင်းအဖွဲ့က ဓာတ်မီး ဝှေ့ယမ်းပြီး အလင်းရောင် ရတာနဲ့ ကင်းသမားတွေရဲ့ သေနတ်သံတွေက မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်ထွက် လာတော့ ကျနော်လည်း အလင်းရောင်နဲ့အတူ ကားပေါ်က ပြေးဆင်းပြီး နီးစပ်ရာ ကင်းကို သွားပေါင်းလိုက်ရတော့တာပေါ့။ ကင်းကို ရောက်တော့ ထွန်းထွန်းမင်းရယ်၊ ထက်လင်းဆန်းရယ်၊ သင်တန်းဆင်းခါစ, ညီငယ်လေး တစ်ယောက်ရယ်၊ သဲသဲမဲမဲ ပစ်ခတ် နေကြတာပေါ့။
ကျနော်က သေနတ်မရှိ။ သင်တန်းဆင်းစ ညီငယ်လေးကို မင်းသေနတ် ငါ့ပေး။ မင်းက ကျည်ဖြည့်ပေးနေဆိုပြီး သုံးယောက်သား ပစ်ခတ်ကြတာပေါ့။ အကြမ်းဖက် တွေကလည်း တဖြည်းဖြည်း လက်တစ်ကမ်း ရောက်လာပြီ။ ကျည်ဆံသာ ပစ်လို့ကုန်မယ်။ လူတွေက မကုန်နိုင်ဘူး။ သူတို့က ဖြန့်ထားတာဆိုတော့ ကျနော်တို့လည်း ဖြန့်မှ ရတော့မယ်။ ဒါနဲ့ ကျနော်ရယ်၊ ထက်နေဆန်းရယ် နှစ်ယောက်က ကင်းရုံအဆောင်ဘေးကနေ နေရာပြောင်း ပစ်ခတ်ကြတယ်။
လဝက ၅ ယောက်က ကျနော်တို့ နှစ်ယောက် ဆီကို လာပေါင်းကြတယ်။ လဝကတွေမှာ အမ်.၂၂ နှစ်လက်ပါလာတော့ ကျနော်တို့ ပစ်အား ကောင်း လာတယ်။ လဝကတွေကလည်း သေသေချာချာ ချိန်ပစ်ကြတော့ ထိကုန်ကြတယ်။ ကျနော်တို့ ပစ်တာလည်း ထိကုန်တာ မနည်းဘူး။ လဝကရဲ့ ပစ်အားကလည်း မသေးဘူးဗျ။
ဘယ်အချိန်က ရောက်လာမှန်း မသိတဲ့ ကုလား ၃ ကောင်က ဓားရှည်နဲ့ ဝင်ပိုင်းတော့ ကျနော်ရှောင်လိုက်ပေမယ့် မျက်နှာကို ဖြတ်ခုတ်ခံ ထိတယ်။ ခုတ်တဲ့ကောင်ကို သေနတ်နဲ့ အနီးကပ် တေ့ပစ်တော့ ဗိုက်ကိုမှန်ပြီး လန်ကျသွားတယ်။ ကျန်တဲ့နှစ်ကောင် ထွက်ပြေးတော့ လှမ်းပစ်တယ်။ ထိပေမယ့် အဲနှစ်ကောင် မလဲကျသွားဘူး။ ထွက်ပြေးတော့ အမှောင်ထဲမှာ ပျောက်သွားတယ်။
လက်နဲ့စမ်းကြည့်လိုက်တော့ ပါးမှာ ဓားခုတ်ရာကြီးက ဟက်တက်ကြီး။ သွေးတွေလည်း ဒလဟော စီးကျနေတယ်။ ဒဏ်ရာကို ဂရုမစိုက်အားဘူး။ နေရာပြောင်းပြီး ထပ်ပစ်ကြတယ်။ စွပ်ကျယ်အင်္ကျီကိုချွတ်။ ခေါင်းကိုပတ်ပြီး ဒဏ်ရာကို စည်းလိုက်တယ်။
ပစ်နေရင်းနဲ့ အလင်းရောင်လေး ရလာပြီ။ ကုလား ၁၀၀ ကျော်လောက် ကျနော်တို့ ဘက်မှာ။ ကျနော်တို့ အဖွဲ့ဝိုင်းပစ်ကြတယ်။ ကျနော်ပစ်တာ ကုလား ၄ ကောင် လဲကျသွားတယ်။ ၆ ကောင်က ထိပေမယ့် မသေဘူး။ ထွက်ပြေးသွားတယ်။ ကျန်တဲ့ဘက်တွေ ဂရုမစိုက်နိုင်ဘူး။
ကျနော်တို့ဘက်က ပစ်လိုက်တော့ ကျနော်တို့ဘက်က ကုလားတွေ နောက်ဆုတ် သွားပြီးတော့ ခြံစည်းရိုး အပြင်ဘက်ကနေ အင်အား ထပ်စုနေကြတယ်။ ကျနော်တို့လည်း အလင်းရောင် ရပြီဆိုတော့ နောက်တစ်ချီအတွက် သေနတ်ပြန်စစ်တယ်။ ကျန်တဲ့ ဘက်တွေကလည်း သေနတ်သံတွေ ငြိမ်သွားတယ်။
အဲဒီအချိန်မှာဘဲ သေနတ်သံတွေ မိုးရွာချ လိုက်သလို ကြားလိုက်ရတယ်။ ကုလားတွေလည်း ခွေးပြေးဝက်ပြေး ပြေးကြတယ်။
အော်..... နောင်တော်တွေ ရောက်လာကြပြီ။ ကျနော့ ပါးပြင်ပေါ်ကို မျက်ရည်လေး စီးကျလာ မိတယ်။
ကိုယ့်ရဲ့ ဘီအေ ၆၃ သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ရင်ထဲက အသံမထွက်ဘဲ အကျယ်ကြီး အော်လိုက်မိတယ်။
ငါ့မှာသေနတ်ရှိတယ်
ကုလားတိုက်လို့ငါတို့စခန်းမကျဘူးကွ
မင်းလွတ်စခန်းမှ ရဲတပ်သား ကျော်ဇင်ထက်၊ ရတဖ(၈)အား ဂုဏ်ပြုပါသည်
မူရင်းရေးသားသူ
ရဲချစ်သူလေး
Wednesday, September 6, 2017
ဘဂါင်္လီ တို. ၀င်အစီးခံရစဉ် ကိုယ်တိုင်ကြုံတွေ.ခဲ့ရသူ တစ်ဦး၏ အတွေ.အကြုံ
စစ်တွေဆေးရုံကြီး ခွဲစိတ်ခန်းသို့ မဝင်မှီ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်
 အမှတ်(၈)လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ရဲတပ်ကြပ် ဝေဖြိုးအောင် ဒဏ်ရာအပြင်းအထန်ရလို့ စစ်တွေဆေးရုံကြီးထိ ပို့ဆောင်ကုသရတယ်။ အရေးပေါ် ခွဲစိပ်ခန်း ဝင်ခါနီးလေး သူပြောပြတဲ့ အကြောင်းလေး ပြန်ပြောပြမယ်။
မနက် ၃နာရီကျော်လောက်မှာ ကုလားတွေ အင်အား ၃၀၀၀ နဲ့ ၅၀၀၀ ကြားလောက်ရှိမယ်။ ညာသံပေးပြီး ကျနော်တို့ မြင်းလွတ်စခန်းကို တက်လာကြပါတယ်။ စပီကာတွေနဲ့လည်း ကုလားလို အော်ကြပါတယ်။ ကျနော်လည်း ဇာတ်တိုက်လေ့ကျင့်ထားတဲ့အတိုင်း ကိုယ့်နေရာ ဖြစ်တဲ့ မီးဖိုဆောင်ဘေးက ကတုတ်ကျင်းထဲ ခုန်ချ လိုက်ပါတယ်။
အဲဒီမှာ ကုလားတွေက အဖွဲ့တွေ ခွဲလိုက်ပြီးတော့ လေးဘက်လေးတန်းက ဗုံးတွေ၊ သေနတ်တွေ၊ ဂျင်ကလိတွေနဲ့ ပစ်ပါတယ်။ ကျနော်က ကတုတ်ကျင်းထဲမှာဆိုတော့ မထိပါဘူး။ အဲအချိန် အဘလေး ရဲမှူး ဟိန်းထက်ကျော်က အမိန့်တွေ ပေးနေပါတယ်။ ဘယ်သူက ဘယ်ဘက်ကို ပစ်၊ ဘယ်သူ့ကို ဘယ်သူက ကူပစ်ပေးဆိုပြီးတော့ တောက်ရှောက် အော်ဟစ် အမိန့်ပေးနေပါတယ်။
နောက်ပိုင်း ကုလားတွေ အော်သံရော သေနတ်သံတွေရော အရမ်းများလာတော့ အဘလေး အသံလည်း မကြားရတော့ပါဘူး။
ကျနော်က လေ့ကျင့်ထားတဲ့အတိုင်း ၄၀မမ ရာဘာကျည်နဲ့ ၁၅ ချက်လောက်ပစ်ပါတယ်။ ဒါပေမယ့် မထိရောက်ပါဘူး။ ထိလည်း ဒဏ်ရာလောက်ဘဲ ရတာဆိုတော့ ကုလားတွေ ပိုဆိုးလာပြီး အတင်းတက်လာပါတယ်။ ကျနော်ပစ်တာ ၂၀ ကျော်လောက် ထိတယ်၊ ဒဏ်ရာရတယ်။ ဒါပေမယ့် ရာဘာကျည်ဆိုတော့ မသေဘူး။ ဒဏ်ရာဘဲရတာ။ ကုလား တစ်ထောင်လောက်ရှိတယ် ကျနော့ဘက်က။ အဲတော့ ကျနော် ဘီအေ ၉၄ သေနတ်ကိုဆွဲပြီး အတွဲလိုက် ပစ်တယ်။ အဲ့မှာ ထိတာတွေ များတယ်။ သူတို့ဘက်က နည်းနည်း တန့်သွားတယ်။ ကျနော့ကိုလည်း သေနတ်နဲ့ရော လေးဂွ၊ ဂျင်ကလိတွေနဲ့ရော တောက်ရှောက် ပစ်ကြတယ်။ ကျနော်လည်း အဆက်မပြတ် ပြန်ပစ်တယ်။
အဲလိုနဲ့ မနက် ၅နာရီလောက် ဖြစ်လာတော့ အလင်းရောင်လေး မြင်ရပြီဆိုတော့ ကျနော် ကတုတ်ကျင်းက ထွက်လိုက်တယ်။ အဲအချိန် ကျန်တဲ့ သူတွေရော ကတုတ်ကျင်းက ထွက်လာကြတယ်။ ကျနော်ရယ်၊ သိုက်ထွန်းလင်းရယ်၊ ဝင်းထိုက်ရယ်၊ မင်းမောင်မောင်ထူးရယ်၊ ဇွဲဖြိုးအောင်ရယ် စခန်းထဲကို ဝင်လိုက်တော့ အဘလေးက မှောက်ရက် လဲကျနေပြီးတော့ သူ့ကို ကုလား အယောက် ၂၀ ကျော်လောက် ဝိုင်းထားတာ တွေ့ရတယ်။ ကျနော်တို့ ၅ ယောက် အဘလေးကို ဝိုင်းထားတဲ့ကုလားတွေကို ဝိုင်းပစ်ကြတယ်။
ဘယ်က ပစ်လိုက်တဲ့ ကျည်ဆံလဲတော့မသိဘူး။ ကျနော့ပေါင်ကိုလာမှန်ပြီး ကျနော် ပစ်လဲ သွားတယ်။ အဲအချိန် ကျနော့ကို ကုလားတွေ ဝိုင်းခုတ်ကြတယ်။ ကျနော်လည်း သေနတ်နဲ့ ပြန်ပစ်တယ်။ ကျည်မထွက်လို့ ကြည့်လိုက်မှ ကျနော့မှာ လက်ချောင်းတွေ မရှိတော့ဘူး။ ပြတ်ကုန်ပြီ။ 
ဒါနဲ့ ဘေးမှာ ကျနေတဲ့ လေးပေလောက်ရှည်တဲ့ ဓားကြီးကို လက်နှစ်ဘက်နဲ့ ကောက်ယူပြီး ခုတ်၊ ထိုးနဲ့ ကုလား ၁၅ ယောက်လောက်ကို ရင်ဆိုင် ရတယ်။ ကျနော်ခုတ်တာ ထိတာတွေ အများကြီးဘဲ။ ကျနော့ကို ဘယ်နေရာတွေ ထိလဲတော့မသိဘူး။ တစ်ကိုယ်လုံးတော့ ပူထူနေတာဘဲ။ ကျနော် ခုတ်နေတုန်း သိုက်ထွန်းလင်းက ကျနော့ဘက်ကို သေနတ်နဲ့ လှမ်းပစ်တယ်။ ကျနော်လည်း သူလှမ်းပစ်တော့ ကိုယ့်ကို မထိအောင် မြေကြီးပေါ် မှောက်ချလိုက်တယ်။
အဲ့အချိန်မှာဘဲ ဝင်းထိုက်ကို ကုလားတွေ ဝိုင်းခုတ်နေကြတော့ ဝင်းထိုက် လဲကျသွားတယ်။ ကုလားတွေလည်း သိုက်ထွန်းလင်း၊ ဇွဲဖြိုးအောင်၊ မင်းမောင်မောင်ထူးတို့ သေနတ်နဲ့ ပစ်တော့ ထိသူထိ၊ ပြေးသူပြေး ပြေးကြတယ်။ ကျနော်လည်း မထ,နိုင်တော့ဘူးလေ။ သိုက်ထွန်းလင်းက ကျနော့ကို ထမ်းခေါ်ပြီး စခန်းနောက်က ဘန်ကာနားမှာ ချထားတယ်။
သူတို့က နေရာပြန်ယူကြတယ်။ ကျနော်က ငါ့ကို ဓားတစ်ချောင်း ပေးထားအုံး။ ငါ့လက်တွေ ပြတ်ကုန်လို့ သေနတ် ပစ်မရတော့ဘူး။ ငါ့သေနတ်ကို မင်းတို့ယူထားလို့ ကျနော် အော်ပြောပေမယ့် သူတို့ မကြားကြပါ။ ကျနော်ဘဲ အသံမထွက်တော့တာလား၊ သူတို့ဘဲ နားတွေ အူနေကြတာလားမသိပါ။
အဲအချိန် တပ်က စစ်ကူရောက်လာတာကို သိလိုက်ပြီး ကျန်တာ ဘာဖြစ်လဲ ကျနော်မသိတော့ပါ။
ဆေးရုံမှာ သတိရတော့မှ ကျနော့ လက်ချောင်းတွေ မရှိတော့ဘူး။ ခေါင်း၊ မျက်နှာ၊ ကိုယ်၊ လက်၊ ခြေထောက်၊ အို တစ်ကိုယ်လုံးမှာ ဒဏ်ရာအပြည့်ဆိုတာ သိလိုက်ရပါတယ်။
မူရင်းတင်ပြသူ
Kyaw Thein Win
ရခိုင် အရေးဗန်းပြပြီး မြန်မာနိုင်ငံ ကို ဖျက်ဆီးနေကြသူများ
 ရခိုင်အရေးဗန်းပြပြီး မြန်မာနိုင်ငံကို ဖျက်ဆီးနေသူများ အကြောင်းကို ဆက်တိုက်ရေးသားနေသူ စာရေးသူ Kyaw Aye Thein ၏ Post များအား ကူးယူဖော်ပြခြင်း ဖြစ်ပါသည် ။
မက်သူး စမစ် (Mattew Smith)
ဖော်တီဖိုင်း ရိုက်စ် (Fortify Rights) ဆိုတဲ့ အဖွဲ့ကိုထောင်ပြီး၊ ရခိုင်ပြည်နယ်က ဘင်္ဂလီတွေ လူမျိုးတုံးသတ်ဖြတ်ခံနေရပါတယ်ဆိုပြီး လုပ်ကြံသတင်းတွေ ကမ္ဘာကို အဓိကဖြန့်ချိနေသူပါ။ တခြားကမ္ဘာ့နိုင်ငံတွေက ရုပ်ပုံတွေကို မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ သတ်ဖြတ်ခံနေရတဲ့ ပုံတွေပါဆိုပြီး ဝါဒဖြန့်ချီ ဝင်ငွေရှာနေသူလည်း ဖြစ်ပါတယ်။ သူဟာ ဆိုရှယ်မီဒီယာမှာ အလျင်မြန်ဆုံးဖြစ်တဲ့ နောက်ဆုံးပေါ် တွတ်တာ (Twitter) ကို သုံးပြီး မြန်မာနိုင်ငံကို ကမ္ဘာမှာ ရုပ်ဆိုးအကျည်းတန်အောင်၊ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ပြီး၊ အစ္စလာမ်ကုလားနိုင်ငံတစ်ခုဖြစ်လာအောင် ဘင်္ဂလီအားပေး အဓိကလုပ်နေတဲ့ နိုင်ငံခြားသားဖြစ်ပါတယ်။ ရခိုင်တွေ၊ မြိုတိုင်းရင်းသားတွေ၊ ဟင်ဒူတွေ သတ်ဖြတ်ခံရမှုတွေကို လုံးဝမသိချင်ယောင်ဆောင်ပြီး၊ မြန်မာစစ်တပ်က ဘင်္ဂလီတွေကို တစ်ယောက်မကျန်လိုက်လံသတ်ဖြတ်နေပါတယ်၊ ဘင်္ဂလီရွာမှန်သမျှ လိုက်လံမီးရွှိ့နေပါတယ်ဆိုပြီး တွတ်တာကနေ နာရီမလပ် ကမ္ဘာကို လုပ်ကြံဖြန့်ဝေနေပါတယ်။ ဒီအတွက် သူ့ရဲ့ ဖော်တီဖိုင်း ရိုက်စ် (Fortify Rights) ကို အိုအိုင်စီ (OIC) ကုလားနိုင်ငံတွေက ဒေါ်လာသန်းပေါင်းများစွာ ငွေကြေးပံ့ပိုးပေးထားပါတယ်။ မြန်မာတွေ တွတ်တာသုံးတက်အောင် အမြန်ဆုံးလုပ်ပြီး၊ သူ့ရဲ့ မဟုတ်မမှန်ဝါဒဖြန့်ချိမှုတွေကို ကမ္ဘာက ပြန်သိအောင် တန်ပြန်ဝိုင်းလုပ်ကြဖို့ လိုအပ်နေပါပြီ။ သူ့ရဲ့ တွတ်တာအကောင့်ကတော့ @matthewfsmith ဖြစ်ပါတယ်။
မာ့ခ် ဖာမနာ (Mark Farmaner)
ဘားမား ကန်ပိန်း ယူကေ (Burma Campaign UK) ဆိုတဲ့ အဖွဲ့ကို တည်ဆောက်ပြီး ဘင်္ဂလီတွေကို ရိုဟင်ဂျာဖြစ်အောင် လုပ်နေတဲ့ ဗြိတိသျှလူမျိုးဖြစ်ပါတယ်။ ဒီအဖွဲ့ဟာအရင်က မြန်မာနိုင်ငံဒီမိုကရေစီအရေး ဗန်းပြလုပ်ခဲ့ပြီး၊ နောက်ပိုင်းမှာ ဘင်္ဂလီအရေးကိုပဲ ဇောက်ချလုပ်လာခဲ့တာပါ။ အစိုးရတွေဆီက ငွေမယူဘူးလို့ ဗြောင်ကြေညာထားပါတယ်။ အဓိကဝင်ငွေကတော့ မွတ်ဆလင်နိုင်ငံတွေက အလှူရှင်တွေနဲ့ မွတ်ဆလင်အဖွဲ့အစည်းတွေထံက ရရှိနေတာပါ။ ကွယ်လွန်သူ အေအန်ယူကရင်ခေါင်းဆောင် ဖဒိုမန်းရှာသမီး၊ ၈၈ မြအေးသမီးတို့လည်း အဲဒီအဖွဲ့မှာ အားတက်သရောအလုပ်လုပ်နေတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဘင်္ဂလီတွေကို လူမျိုးတုံးသတ်ဖြတ်နေတယ်ဆိုပြီး မြန်မာနိုင်ငံကို ကုလသမဂ္ဂက အရေးယူနိုင်အောင်၊ ဘင်္ဂလီတွေအတွက် သီးသန့်နယ်မြေရရှိအောင် တောင်းဆိုလှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ မာ့ခ် ဖာမနာနဲ့ တွတ်တာအကောင့်ကတော့ @MarkFarmaner ဖြစ်ပါတယ်။  
ဖီးလ်ရောဘတ်ဆန် (Phil Robertson) 
HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးဆိုသူ ဖြစ်ပါတယ်။ ဘင်္ဂလီတွေကို ရွာတွေ မီးရှို့ခိုင်း၊ ထွက်ပြေးခိုင်း ပြီးတော့ ဂြိုလ်တုကနေ အချိန်ကိုက် ဖမ်းယူ၊ ကမ္ဘာကို လုပ်ကြံဝါဒဖြန့်၊ ကြေညာချက်တွေ နေ့တိုင်းထုတ်နေသူ ဖြစ်ပါတယ်။ နောက်ကွယ်မှာ OIC ကုလားအဖွဲ့အစည်းတွေထံကရတဲ့ ဒေါ်လာငွေ သန်းပေါင်းများစွာကို အသုံးပြုပြီး မြန်မာနိုင်ငံကို ရိုဟင်ဂျာမွတ်ဆလင်နိုင်ငံတော် ထူထောင်နိုင်အောင် အဓိက လုပ်ဆောင်ပေးနေသူ ဖြစ်ပါတယ်။
HRW အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ရခိုင်တပြည်လုံး ဘင်္ဂလီတွေရဲ့ သတ်ဖြတ်ခံရမှာကို စိတ်မဝင်စားပါဘူး၊ ဘင်္ဂလီကုလားတစ်ယောက် အသတ်မခံရဖို့အတွက်ကိုပဲ လူ့အခွင့်အရေး ဗန်းပြပြီး အလုပ်လုပ်ပေးနေတာပါ။ ရှာရီယာ ဥပဒေကျင့်သုံးနေတဲ့ ဆော်ဒီအာရေးဘီးယား၊ဘရူနိုင်း၊ မလေးရှားနိုင်ငံတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်တုန်းကမှ မဝေဖန်ပဲ မသိကျူးကျွံပြုထားပြီး၊ မြန်မာဗုဒ္ဓဘာသာကို မှေးမှိန်ပျောက်ကွယ်အောင် လုပ်ဆောင်ပေးနေတဲ့ အမေရိကန်အခြေစိုက်အဖွဲ့လည်း ဖြစ်ပါတယ်။ ကမ္ဘာကို မဟုတ်မမှန်လုပ်ကြံသတင်းတွေ ဖြန့်ချီနေတဲ့ HRW ဖီးလ်ရောဘတ်ဆန် ရဲ့ တွတ်တာအကောင့်ကတော့ @Reaproy ဖြစ်ပါတယ်။
မူရင်းရေးသားသူ
Kyaw Aye Thein
Thursday, October 13, 2016
၁၉၄၂ ရခိုင်ပြည်နယ်ဂျီဟတ်လုပ်ခံရစဉ်က - ခိုးဝင်ဘင်္ဂါ လီတို.၏ ရခိုင်သားတို.အပေါ် လုပ်ရပ်များ
( လက်ရှိ ရခိုင်ပြည်နယ်တွင် ခိုးဝင်အကြမ်းဖက်များ၏ တိုက်ခိုက် ခံရမှု များ ရှိနေချိန်တွင် ယခင်သမိုင်းကြောင်းဖော်ပြထားမှု အား မူရင်းအတိုင်း ကူးယူဖော်ပြခြင်း ဖြစ်ပါသည် ။လေ.လာသတိပြုနိုင်ရန်ပါ )
(1942 )ခုနှစ် ကုလားရခိုင် အထိကရုဏ်း စတင်ဖြစ်ရခြင်း အကြောင်းတရားကား စစ်တွေမြို့မှ စတင်ဖြစ်ပွါးလေသည်၊ အင်္ဂလိပ်တပ်ဖြစ်သော ရာခ်ျပုကုလားစစ်သားများက ရခိုင်အမျိုးသမီးများကို အဓမ္မပြုကျင့် ရခိုင်အမျိုးသားများကို ဘင်္ဂလီကုလားအရပ်သားများနှငိ့ ပူးပေါင်း၍ အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ရာမှ မခံမရပ်နိုင်ဖြစ်ပြီး စတင်ဖြစ်ပွါးလာ ရခြင်းဖြစ်လေသည်။ ယင်းပြသနာသည် မြေပုံမြို့နယ်၊မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်များသို့ ကူးစက်သွားသည်။ ယင်းကိစ္စကို ရခိုင်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဦးပညာသီဟ ၊ ဦးသာကျော်(ဘုံဘောက်)တို့က ဖျန်ဖြေပေးသဖြင့် အထက်ပါမြို့များမှာ အေးဆေးငြိမ်သက်သွားခဲ့ပါသည်။
သို့သော် အထက်ပါမြို့နယ်များမှ ဘူးသီးတောင်၊မောင်တောမြို့နယ်များသို့ ထွက်ပြေးသွားကြသော ဘင်္ဂလီကုလားများနှင့် ဘူးသီးတောင် မောင်တောမြို့နယ်များမှ ပညာတတ်ကုလားခေါင်းဆောင်အချို့ဦးဆောင်ကာ နယ်ခံကုလားများနှင့် ပူးပေါင်း၍ ယင်းဒေသရှိ ရခိုင် ၊ ရခိုင်မျိုးနွယ်စုတိုင်းရင်းသားများနှင့် ကျေးရွာများကို အမြတ်မကျန် ချေမှုန်းသုတ်သင် သတ်ဖြတ်ကြရန် နှိုးဆော်စည်းရုံးကြလေသည်၊ ယင်းအချိန်တွင် မေဂျာ ဦးကျော်ခိုင်(အိုင်စီအက်)သည် ၄င်းကိစ္စကို ထိမ်းသိမ်းရန် စစ်တွေမြို့ မှ ကုလားခေါင်းဆောင်များဖြစ်သော ဦးယာဆိန်း (ရှေ့နေ) ဦးဆူတန်မာမတ် ၊ဦးဘိုးခိုင် စသောသူများ နှင့် ကြိုးပမ်းသော် လည်း မအောင်မြင်သည့် အပြင် (မေဂျာ ဦးကျော်ခိုင် )ကိုယ်တိုင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာတွင် ကုလား များ၏ ပစ်ခတ်လိုက်သော သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားရလေသည်။
(၁၉၄၂)ခုနှစ် မေလတွင် မောင်တောမြို့နယ်ရှိ ကုလားကျေးရွာ အားလုံးသည် လူစုရုံးပြီး လက်နက်ကိုင်များကိုင်ဆောင် လျှက် ရခိုင်ကျေးရွာများကို တိုက်ခိုက်ဖျက် ဆီး မီးရှို့ခြင်းများ စတင်ပြုလုပ်လာကြသည်၊ရခိုင်ကျေးရွာများကို ၀ိုင်းထားခြင်း ၊ လမ်းတံတားများအား ဖြတ်တောက်ဖျက်ဆီးထားခြင်းတို့ ပြုလုပ်ကြသည်။ မောင်တောမြို့ကို ဒုတ် ဒါး လက်နက် ကိုယ်စီဖြင့် ၀ိုင်းရံထားသည့် ဘင်္ဂလီအင်အားမှာ(၂၀၀၀၀)နှစ်သောင်း ကျော် လောက်ရှိမည်ဟု ခန်းမှန်းကြသည် ။၊မောင်တောမြို့ ၀င်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ထားကြသည်၊ မောင်တောမြို့နယ် ပတ်ဝန်းကျင်ကျေးရွာများကိုလည်း ကုလား များ ၀ိုင်းဝန်းထိုးခုတ်နေကြသည်ဟု သတင်းများကြားကြရသည်။
ဒါးဒါဏ်ရာနှင့် မောင်တော မြို့ပေါ်သို့ တက်လာ သော သူများမှာလည်း မနည်းလှပါ၊မောင်တောမြို့ အလယ်ရွာက ဟု ထင်ပါသည် အိမ်ထောင်စုတစ်စု မနက်(၄နာရိ)လောက်တွင် ဘူးသီးတောင်သို့ ဖေါက်ထွက်ပြေးကြရာ ကညင်တန်းရွာမှ ကုလားများ ခုတ်လွတ်လိုက်သော ကြောင့် ပါသွားသော ပစ္စည်း များအားလုံးလည်း လုယူခံရပြီး သွေးသံရဲရဲ ဖြင့် မြို့ထဲသို့ ပြန်ဝင်ပြေးလာသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းနေ့ မိုးလင်းသည့် အချိန်မှ စ၍ ရရာပစ္စည်းများကို ထုတ်ပိုးပြီး ထွက်လာခဲ့ကြ ရာ လမ်းများပေါ်တွင် မိမိကဲ့သို့ အထုတ်အပိုးများဖြင့် ဟိုဟို ဒီဒီ ပြေးလွားနေကြသော ထိတ်လန့် ကြောက်လန့်နေကြသည့် ရခိုင်များ အုပ်စုလိုက် အုပ်စုလိုက် တွေ့ရပါသည်၊ ယင်းအချိန်က အစိုးရကချိတ်ပိတ်ထားသော ဘုန်းကြီးကျောင်း(ယခု (မဟာကျန်ဘုရား ကိန်းဝပ်ရာ အသျှင်ကေတုကျောင်း) ကွက်လပ် တွင် ရခိုင်လူမျိုး(၅၀၀၀)လောက် စုမိလာကြသည်။
မြောက်ဖက်ပိုင်း ကညင်ချောင်းရွာများမှ လူများကို လည်းကောင်း၊ မြို့နှင့်နီးသော တောင်ပိုင်းရွာများဖြစ်သည့် မှော်ဝင်ရွာ ၊မကျီးချောင်းရွာ ၊ ရေဖုန်းပြင်ရွာ၊ ပန်းတောပြင်ရွာ စသော ရခိုင်ရွာများမှ လူများကိုလည်းတွေ့ရပါသည်။ အသက်ဘေးကို ကြောက်ရွံနေကြသော လူအုပ်ကြီးသည် ကလေးငိုသံ လူကြီးဆူညံသံများနှင့် ပွက်ပွက်ညံနေသည်၊ ထိုနေ့က စက်ရှင်တရား သူကြီး ဦးအောင်သာကျော် ဘူးသီးတောင်ငွေတိုက်မှ ငွေများကို သိမ်းဆည်းရန်နှင့် မောင်တောကို ကုလားများဝိုင်းရံထား ကြောင်း သိရ၍ အကူအညီပေးရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရပါသည်။ ဥိ၊းအောင်သာကျော်က ဘူးသီးတောင်သို့ ပို့ပေးမည်ဟု ပြောသည်၊ 
ဘူးသီးတောင်သို့သွားရန် စောင့်နေကြစဉ် မိုးသက်လေပြင်းကျပြိး မိုးအကြီးအကျယ် ရွာနေသော ကြောင့် ဘူးသီးတောင်လမ်းပိတ်နေကြောင်း ကြားသိရပြန်သည်၊ စစ်သားအစောင့်အရှောက်နှင့် မသွားပါကလည်း သတ်ရန် လမ်းတလျှောက်လုံး ကုလားများ စောင့်နေကြကြောင်း ကြားသိရပြန်သည်။
မနက်(၉)နာရီလောက်တွင် ဦးအောင်သာကျော်က နတ်မြစ်တစ်ဖက်ကမ်း ယခုဘင်္ဂလားဒေခ်ျ့နိုင်ငံ တက္ကနက်သို့ ပို့ပေးရန် ကြိုးစားမည်ဖြစ်ကြောင်းပြောပါသည်၊ နေ့လည်(၁၂)နာရီလောက်တွင် အောင်သာကျော် နှင့်အတူ အင်္ဂလိပ်စစ်ဗိုလ် တေလာ နှင့် နီပေါ ဂေါ်ရခါးစစ်သားများ ရောက်လာပြီး မောင်တောသင်္ဘောဆိပ်သို့ ပို့ပေးပါသည်၊ အာရကန် ဖလိုတီလာ ကုမ္မဏီ ပိုင် သင်္ဘောဖြင့် အခေါက်ခေါက် အခါခါ ပြေးဆွဲသော်လည်း မနိုင်မနင်း ဖြစ်နေလေရာ လှေသဗ္ဗာန်များနှင့် လည်း ပို့ပေးကြသည်၊ မောင်တောမြို့ တစ်ဖက်ကမ်း ယခု ဘင်္ဂလားဒေခ့်ျ နိုင်ငံ တက္ကနက်သို့ ရောက်၍ မကြာမီ ညဖက်တွင် မောင်တောမြို့ပေါ်မှ နယ်ကျေးရွာများမှ တောက်မီးလျှံများတလိမ့်လိမ့် တက်လာသည်ကို လှမ်းတွေ့မြင်ကြရသည်၊ မောင်တောမြို့ကို ကျွန်တော်တို့ မရှိသည့်နောက်ပိုင်း ကုလားများ ထောင်သောင်းချီ ၀င်ရောက် လာကြရာ ရခိုင်အိမ်များတွင် ရှိသော ဆန် ဆီ ဆား ပုဂံ ခွက်ယောက် အိမ်ထောင်ပရိဘောက များပါမကျန် စိတ်တိုင်းကျ ယူငင်ကြပြီး နောက် အိမ်များ ကျောင်းများကို မီးရှို့ကြလေသည်၊ ဤအရေးအခင်းတွင် နတ်မြစ်ကမ်းခြေမှ ကျေးရွာများ ဖြစ်ကြသော ငါးခူရ ၊ ခြံပြင် ၊ရွက်ညှိုးတောင်၊ သရက်အုပ်၊ စသော ကျေးရွာများသည် လှေများဖြင့် နတ်မြစ်တစ်ဖက်ကမ်း ဘင်္ဂလားဒေခ်ျ့သို့ ထွက်ပြေးလွတ်မြောက်ကြ သော်လည်း ကမ်းခြေနှင့် ဝေးသော ရခိုင်၊ ရခိုင်မျိုးနွယ်စုဝင်ကျေးရွာများအားလုံးသည် ရွာလုံးကျွတ် အသတ်ခံခဲ့ရလေသည်၊ အချို့ရွာများမှသူများသည် မယူတောင်တန်းကို ဖြတ်ကျော်ပြီး ဘူးသီးတောင် ဖက်သို့ ထွက်ပြေးကြသည်။ ထိုလူများသည် ဘူးသီးတောင်မြို့အ၀င် လက်ဝဲတက်ကုလားရွာ မှ ကုလားများ ခုတ်၍ သေပွဲဝင်ခဲ့ကြရသည်။
မောင်တောမြို့ တောင်ပိုင်းတွင် အသက်ရှင် လွတ်မြောက်သော ကျေးရွာများမှာ မရှိသလောက်နည်းပါးပါသည် ။ ရွာလုံးကျွတ်လူကြီး လူလတ်၊ လူငယ်၊ ကလေးများအားလုံး ရက်ရက်စက်စက် ခုတ်သတ်ခံခဲ့ရသည်၊ အလယ်သံကျော် ရဲစခန်းကို လက်နက်သိမ်းပိုက်ခံရပြီး ရဲသားများအားလုံးနှင့် သူတို့ဇနီးမယားမိသားစုပါမကျန်၊ ကျေးရွာသားများအားလုံး လည်း သတ်ဖြတ်ခံလိုက်ကြရသည်၊
မောင်တောမြို့နယ်တောင်ပိုင်း (တပ်ထုံးပြင် ကျေးရွာတွင် ရွာကို ကုလားများ ၀ိုင်းရံထားသောအခါ ဘုန်းကြီးကျောင်းသို့ တစ်ရွာသားလုံး လူကြီး၊ လူလတ်၊ လူငယ်၊ ကလေးအားလုံး ပြေးဝင်ခိုလှုံကြသည်၊ထိုအခါ ကုလားများသည် ဘုန်းကြီးကျောင်းကို ဒုတ် ဒါး လက်နက်များဖြင့် ၀ိုင်းထားပြီး ဘုန်းကြီးကျောင်းကို မီးရှို့လိုက်သဖြင့် ကလေး လူကြီး မိန်းမ ဘုန်းကြီး ကိုရင် ဖိုးသူတော် အားလုံး ဦးရေ (၅၀၀)ကျော် အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။ အဆိုပါကျောင်းနေရာတွင် အခုထိ ကွင်းပြင်ဖြစ်နေပြီး မြေကြီးပေါ်တွင် မီးသွေးစများကို တွေ့မြင်နိုင်သေးသည်။) 
တဖန် (၁၉၄၂)ခုနှစ် ဇွန်လတွင် ဗိုလ်ရန်အောင် ခေါင်းဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော်အဖွဲ့သည် ဘူးသီးတောင်မြို့ကို သိမ်းပိုက်သောအခါ ဘူးသီးတောင် မောင်တော မြို့နယ်အတွင်းရှိ ဖြစ်ပွါးလျှက်ရှိသော ကုလား ရခိုင် အဓိကရုဏ်းနှင့် တပ်ပြေးကုလားများ၏ ဆူပူသောင်းကျန်းမှုကို တည်ငြိမ်းအေးချမ်းအောင် ဆောင်ရွက်ရန် မောင်တောမြို့နယ်ကို အုပ်ချုပ်ရေးတာဝန်ယူထားသော ဘင်္ဂလီကုလားများ နှင့် ဆက်သွယ်ခဲ့ရပါသည်၊ ၄င်းတို့၏ ဖိတ်ခေါ်ချက်အရ ဗိုလ်မျိုးညွန့်တို့ ခေါင်းဆောင်သော တပ်စိတ်တစိပ်ကို စေလွတ်၍ ချစ်ကြည်ရေး ငြိမ်းချမ်းရေး အတွက် စေ့စပ်ကမ်းလှမ်းရန် ကုလားခေါင်းဆောင်များနှင့် စေလွတ်လိုက်လေသည်၊ ယင်းနေ့တွင် ကညင်တန်းကျေးရွာ အူရဒူစာသင်ကျောင်း (ယခု အထကကျောင်းဝင်း ဗလီနေရာတွင် ကုလားခေါင်း ဆောင်းများက ချစ်ကြည်ရေး ထမင်းပွဲ တစ်ပွဲ တည်ခင်းလိုသည်ဆိုဟုဆိုသဖြင့် ထမင်းစားဝိုင်းဝင်စဉ် BIA တပ်ဖွဲ့တွင် ပါလာသော လက်နက်များကို တစ်နေရာတွင် စုပုံထား လေသည်၊ ထမင်းစားနေစဉ်ပင် ကြိုတင်စီစဉ်ထားသော ကုလားများက ( BIA )ဗမာ့လွတ်လပ်ရေးတပ်မတော် အဖွဲ့ကို ၀ိုင်းဝန်းခုတ်ကြသဖြင့် အုပ်ချုပ်သူ တပ်မတော်အရာရှိ နှစ်ဦးနှင့် နောက်ပါအားလုံး သေဆုံးကြရလေသည်။
(၁၉၄၂)ခုနှစ် ကုလား ရခိုင် အရေးအခင်းတွင် (မောင်တောမြို့ မြောက်ပိုင်းတွင် ယနေ့ထိ လုံးဝပြန်လည်ထူထောင်ခြင်း မပြုနိုင်ဘဲ ပြိုပျက် ပျောက်ဆုံးသွားသော ရခိုင်၊ ရခိုင်မျိုးနွယ်စုဝင်ကျေးရွာများစာရင်း နှင့် အိမ်ခြေစာရင်းမှာ အောက်ပါ အတိုင်းဖြစ်သည်ကို တွေ့ရှိရပါသည်။
(၁) သစ်ပုတ်ချောင်းရွာ--(အိမ်ခြေ ၂၀ )
(၂) ကံပြင်ရွာ----------- (အိမ်ခြေ ၄၃ )
(၃) ရေဖုန်းပြင်ရွာ--------(အိမ်ခြေ ၅၀ )
(၄) ပန်းတောပြင်ရွာ-----(အိမ်ခြေ ၅၀ )
(၅) မောင်ဦးရွာ--------- (အိမ်ခြေ ၃၀ )
(၆) ခွဆုံပြင်ရွာ-----(အိမ်ခြေ ၄၅ )
(ရ) ပြင်ဖြူရွာ-------(အိမ်ခြေ ၄၅ )
(၈) ဒိုးတန်းရွာ------(အိမ်ခြေ ၂၀၀ )
(၉) သက်ကေပြင်ရွာ--(အိမ်ခြေ ၅၀)
(၁၀)၀က်ပိုက်ရွာ---- (အိမ်ခြေ ၆၀)
(၁၁) ကျောက်ချောင်းရွာ( အိမ်ခြေ ၂၅)
(၁၂) ပုဏ်ဏားဆပ် ရွာ(အိမ်ခြေ ၆၀)
(၁၃) သဲချောင်းရွာသစ်
(၁၄) ငန်းချောင်းရွာ (အိမ်ခြေ ၅၀)
(၁၅) ဒါကြီးစားရွာ (အိမ်ခြေ ၄၀)
(၁၆)ကျောက်ပြင်ဆိပ်ရွာ (အိမ်ခြေ ၃၀ )
(၁၇)ပြင်ဖြူချောင်းရွာ (အိမ်ခြေ ၅၀ )
(၁၈) ရေခပ်ချောင်းရွာ (အိမ်ခြေ ၅၀)
(၁၉)ငါးစားကြူးရွာ (အိမ်ခြေ ၆၀ )
(၂၀) ပြောင်ပစ်ရွာ (အိမ်ခြေ ၄၀)
(၂၁)ပြင်ရှည်ရွာ (အိမ်ခြေ ၃၀ )
(၂၂) ဖရုံချောင်းရွာ (အိမ်ခြေ ၃၀ )
(၂၃) ဆင်သေပြင်အထက်ရွာ (အိမ်ခြေ ၄၀ )
(၂၄) ဆင်သေပြင် အောက်ရွာ (အိမ်ခြေ၂၀)
(၂၅) သဲဖြူချောင်းရွာ (အိမ်ခြေ ၄၀ )
(၂၆) ပြားသားမဲရွာ (အိမ်ခြေ ၁၅ )
(၂၇) တောင်ဖက်ရွာ (အိမ်ခြေ စာရင်းမရ
(၂၈) ဖေါက်ကျီတောင်ရွာ (အိမ်ခြေ ၃၀ )
(၂၉) အထက်ဘော်တူလာရွာ (အိမ်ခြေ ၄၂ )
(၃၀)အင်တူလာရွာ (အိမ်ခြေ ၅၀)
(၃၁) အင်းချောင်းရွာ (အိမ်ခြေ ၃၀ )
(၃၂) အင်္ဂါဖ ရွာ (အိမ်ခြေ ၄၀)
(၃၃) ကာလာရွာ (အိမ်ခြေ ၈၀)
(၃၄)လဘော်ဝရွာ (အိမ်ခြေ ၃၆ )
(၃၅) ဒုံးကျော်ဖရွာ (အိမ်ခြေ ၂၂ )
(၃၆) သက်ကေပြင်ရွာ (အိမ်ခြေ ၇၅ )
(၃၇) ဂျိတ်ချိုင် (အိမ်ခြေ ၄၀)
(၃၈)ကိုင်စူးရွာ (အိမ်ခြေ ၂၄ )
(၃၉) တပ်ချောင်းရွာ (အိမ်ခြေ ၃၀)
(၄၀) အလယ်ချောင်း (အိမ်ခြေ ၈၂)
(၄၁) မောင်ရွေဇံရွာ (အိမ်ခြေ ၂၀)
(၄၂) သာဒိုးလှရွာ (အိမ်ခြေ ၄၀)
(၄၃) တပ်ချောင်းချေရွာ (အိမ်ခြေ ၃၀)
(၄၄) ဆင်ပြကွင်းရွာ (အိမ်ခြေ ၄၀ )
(၄၅) ရွှေဒိုင်းရွာ (အိမ်ခြေ ၄၆ )
(၄၆)ရေချမ်းချောင်း (အိမ်ခြေ ၄၀)
(၄၇) ငါးချမ်းရွာ (အိမ်ခြေ ၂၃ )
(၄၈) ရဲအောင်စံရဖွေရွာ (အိမ်ခြေ ၄၀ )
(၄၉)ကြောင်နဖေ အထက်ရွာ (အိမ်ခြေ ၃၀)
(၅၀)ကြောင်နဖေ အောက်ရွာ (အိမ်ခြေ ၂၅ )
(၅၁) ချက်စူရွာ (အိမ်ခြေ ၂၀ )
(၅၂) အရိုးကျရွာ (အိမ်ခြေ ၄၀ )
(၅၃) ကျော်ထွီးချောင်းရွာ (အိမ်ခြေ ၃၀)
(၅၄) အင်းချောင်းအထက်ရွာ (အိမ်ခြေ ၄၈)
(၅၅)အင်းချောင်းအောက်ရွာ (အိမ်ခြေ ၂၆ )
(၅၆) ရွှေဖီဦးဖရွာ (အိမ်ခြေ ၂၅ )
(၅၇)ထောက်ကလန်ရွာ (အိမ်ခြေ ၈၈ )
(၅၈)တောင်ပြိုလက်ဝဲရွာ (အိမ်ခြေ ၁၆ )
(၅၉) တောင်ပြိုလက်ယာရွာ (အိမ်ခြေ ၂၈ )
(၆၀)ဒေးတန်းညာ (ရခိုင်ရွာ) (အိမ်ခြေ ၂၂)
(၆၁) ကွမ်းသီးပင်ရွာ (အိမ်ခြေ ၁၂ )
(၆၂) ကျမ်းထောင်ရွာ (အိမ်ခြေ ၁၅ )
(၆၃) တန်းချောင်းရွာ (အိမ်ခြေ ၁၈ )
(၆၄) စံထွန်းဦးရွာ (အိမ်ခြေ ၂၀ )
(၆၅) အရှေ့ ခမောင်းဆိပ်ရွာ (အိမ်ခြေ ၃၅ )
(၆၆) အနောက်ခမောင်းဆိပ်ရွာ (အိမ်ခြေ ၂၅ )
(၆၇) သူလူတောင် အထက်ရွာ (အိမ်ခြေ ၅၀ )
(၆၈) သံခုံရွာ (အိမ်ခြေ ၃၀ )
(၆၉) မဖြူမရွာ (အိမ်ခြေ ၄၀)
(၇၀) ကုံးတက်ရွာ (အိမ်ခြေ စာရင်းမရ )
(၇၁) ခင်ပြိုသားရွာ (အိမ်ခြေ ၆၀)
(၇၂)ရွှေငင်ချောင်းအထက်ရွာ(အိမ်ခြေ ၄၀ )
(၇၃) ငရန့်ချောင်းရွာ ၅၀ )
(၇၄)သစ်တုံးနားရွာ (အိမ်ခြေ ၆၀)
(၇၅) ပန်းရွှေအောင်ဖရွာ (အိမ်ခြေ ၂၀ )
(၇၆) ရွှေလှခိုင်ရွာ (အိမ်ခြေ ၂၀)
(၇၇) တမန်းသားရွာ (အိမ်ခြေ ၃၀)
(၇၈)ချဒိုးရီရွာ (အိမ်ခြေ ၁၅ )
(၇၉) သာအောင်ရွာ (အိမ်ခြေ ၃၀ )
(၈၀)လောင်းပတ်ရွာ (အိမ်ခြေ ၃၀)
(၈၁) ၀က်ကျိန်းရွာ (အိမ်ခြေ ၁၀၀ )
(၈၂)ကြက်ကျိန်းရွာ (အိမ်ခြေ ၄၀ )
(၈၃) ကျွဲသဘောက် အထက်ရွာ (အိမ်ခြေ ၄၅ )
(၈၄) ကျွဲသဘောက် အောက်ရွာ (အိမ်ခြေ ၆၀ )
(၈၅) ကျောက်တန်းရွာ (အိမ်ခြေ ၅၀ )
(၈၆)စိမ့်တောပြင်ရွာ (အိမ်ခြေ ၄၀ )
(၈၇) ဂေါ်ဒူရ အထက်ရွာ (အိမ်ခြေ ၂၅ )
(၈၈) ဂေါ်ဒူရ အောက်ရွာ (အိမ်ခြေ ၆၅ )
(၈၉) ကျွန်းပေါက်ရွာ (အိမ်ခြေ ၃၅ )
(၉၀) တရိမ်းရွာ (အိမ်ခြေ ၁၅၀ )
(၉၁)တင်သာရရွာ (အိမ်ခြေ ၂၅ )
(၉၂)သဲချောင်းရွာ (အိမ်ခြေ ၆၅ )
(၉၃) ငှက်ပျော့ချောင်းရွာ (အိမ်ခြေ ၄၅ )
(၉၄)ငါးစံဘော်ရွာ (အိမ်ခြေ ၈၀ )
(၉၅) လက်ဖွဲကျရွာ (အိမ်ခြေ ၂၀)
(၉၆) ကျောက်ချောင်းရွာ (အိမ်ခြေ ၅၀ )
(၉၇)ရဲအောင်ချောင်းရွာ (အိမ်ခြေ ၇၀)
(၉၈) ရေနောက်ငါးသားရွာ (အိမ်ခြေ ၂၀ )
(၉၉) မီးကျောင်းချောင်းရွာ (အိမ်ခြေ ၁၅ )
ကိုးဆယ့်ကိုးရွာရှိ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင်များမှာ ဘင်္ဂလီကုလားယုတ်တို့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြရသည့်အပြင်၊ သူတို့ပိုင်ဆိုင်ခဲ့ကြသော လယ်မြေ၊ ဥယျာဉ်၊ ခြံ၊ နှင့် အိမ် ကျွဲနွား ယာဉ်များစွာတို့ကို ဆုံးရှုံးလက်လွတ်လိုက်ကြရလေသည် ၊ ထိုထိုသော ကျေးရွာများမှ သက်ရှိဆိုလို့ ကြက်တစ်ကောင်တောင် အပြင်ကို ထွက်မရကြဘဲ သေပွဲဝင်ခဲ့ကြရသည်။
ယင်းအပြင် ရွာလုံးကျွတ် ဘင်္ဂလီကုလားများသတ်ဖြတ်ခံရ၍ အိမ်ခြေအလိုက် စနစ်တကျ ကောက်ခံရှာဖွေ မရရှိသော ကျေးရွာများမှာလည်း အလွန်များပြားသည်ကို တွေ့ရပါသည် ၊ 
၎င်းကျေးရွာများမှာ
(1) ဘော်ဒုလာအောက်ရွာ
(2) ဒိုင်းပိုင်ရွာ
(3) ခိုင်ဦးဖရွာ
(4) သာသြအောင် ရွာသစ်
(5) တပ်ချောင်းချေ တီစားရွာ
(6) မိမင်းသာဖရွာ
(7) ရွှေဒိုင်ရွာ
(8) တောင်ပုတ်ရွာ
(9) လမုံ့ကိုင်းရွာ
(10) ဝေလာဂေါင်းတုံးရွာ
(11) သလူချောင်းရွာ
(12) ရဲဘော်ဦးရွာ
(13)သဲနီရွာ
(14)ကြောင်ခိုးရွာ
(15) ငါးရံချောင်းရွာ
(16)မီးချောင်းခုတ်ရွာ
(17)သစ်တုံးနားရွာ
(18)မှိုင်းစရီရွာ
(19)ဘဲရုပ်ရွာ
(20)ကျောက်ပြင်လှရွာ
(21)မောင်ဆိပ်ရွာ
(22)ဖက်ဝန်းချောင်းရွာ
(23)ဂါရာပြင်ရွာ
(24)၀က်ကျိန်းချေရွာ
(25)စံကားပင်ရင်းရွာ
(26)ငဖြူချောင်းရွာ
(27)နတ်ကျောက်ရွာ
(28)ပြိုင်ချောင်းရွာ
(29)ကြင်ဖေါ်ရွာ
(30)အောင်လှဖြူရွာ
(31)သင်္ဘောလှရွာ
(32)မီးတိုက်ရွာ
(33)နံသာတောင်ရွာ
(33) ကွမ်းတောင်ရွာ
(34)ဂေါ်ဒူရသဲချောင်းရွာ
(35)ဆင်အိုးရွာ
(36) ကျောက်ချောင်းချေရွာ
(38)ဂန့်ဒရံရွာ
(39) ဂြစ်ချောင်းအောက်ရွာ
(40)သစ်သီးပင်အလယ်ပြင်ရွာ
(41)လောင်းဒုံစေတီပြင်ရွာ
(42)ဟန်စားမရွာ
(43) ငါးခူရချောင်းဝရွာ
(44)ကျာခေါင်းထောင်ရွာ
(45)မောင်လုံးဖရွာ
(46)ကြ က်ရိုးပြင်ရွာ
(47)ငန်းချောင်းရွာ
(48)ပွင့်ဖြူချောင်းရွာကြီး
(49)ပွင့်ဖြူချောင်းရွာချေ
(50)ချစ်စံဖရွာ
(51)နေပူခံရွာသစ်
(52)နေပူခံ ရွာဟောင်း
(53)မောင်နှမသဲချောင်းရွာ
(54) ချောင်းမြောက်ရွာ
(55)သလူချောင်းရွာ
(56) ရွာသစ်ကေရွာ
(57)မင်္ဂလာကြီးကျေးရွာ
(58)ကျောက်လှေကားရွာ
(59)စပ်ချကုန်းရွာ
(60)သဲဖြူကျွန်းရွာ
(61)မင်းကျိုးချောင်းရွာ
(62)ရီဖုန်းပြင်ရွာ
(63)ခွဆုံပြင်ရွာ
(64)သစ်ပုတ်ချောင်းရွာ
(65)ကင်းချောင်းရွာ
(66)အတွင်းကင်းချောင်းရွာ
(67)ကံပြင်ရွာ
(68)ကျိးကန်းဖြူရွာ
(69) မှော်ဝင်ရွာ
(70)ဂြင်းချောင်းရွာ
(71)လင်းဘားကုန်းရွာ
(72)ဇော်မတက်ရွာ
(73) ငါးခူရ တောင်ရွာ
(74)ချီးစားရွာ
(75)အပေါက်ဝရွာ
(76)လာလီရွာ
(77)စိန်ပန်းရွာ
(78)တုံးချောင်းအထက်ရွာ
(79)တုံးချောင်းအောက်ရွာ
(80) ကာဒီရွာ
(81)အုန်ူးပင်ရင်းရွာ
(82)ဒိုးတန်းရွာ
(83)ကညင်တန်းရွာ
(84)အလယ်သံကျော် ရွာဟောင်း
(85)ကြန်ချောင်းရွာ
(86)သင်္ဂနက်ရွာ
(87) ကျောင်းတောင်ရွာ
(88)တပ်ထိုးပြင်ရွာ
(89)မြင်းလွတ်ချောင်းရွာ
(90)မြီချောင်းရွာ
(91)ရှောက်ကိုင်းရွာ
(92)ကျောက်ပန်းဒူရွာ
(93)ဗောဓိကိုင်းရွာ
(94)ရွှေမောင်ရွာ
(95)အတွင်းပြင်ရွာ
(96)ကြံတန်းချောင်းရွာ
(97) အင်းဒင်ကြီးရွာ
(98)အင်းဒင်ချေရွာ
(99)သ၀င်ချောင်းရွာ
(100)ကိုးတန်ကောက်ရွာချေ
(101)သျိန်ခါလီရွာ
(102)ဒုံးပိုက်ရွာ
(103)ဆင်ဝပ်ရွာ
(104) အောင်လှဖ ရွာ
(105) ဖေါက်ကျီချောင်းရွာ
(106)ပေါက်တောပြင်ရွာ
(107) ကုန်းတန်းရွာ
(108)ပဒင်းရွာ
(109) ရေတွင်းကျွန်းရွာ
(110)ချရားတန်းရွာ
(111)၀ါးချရွာ
(112)ညောင်ပင်ကြီးအထက်ရွာ
(113)ညောင်ပင်ကြီးအောက်ရွာ
(114) ဒါက်ရွာ
(115) လှပိုးခေါင်ရွာ
စုစုပေါင်း ရွာပေါင်း (115)ရွာတို့သည်
အိမ်ခြေစာရင်းအတိအကျမရဘဲ ကုလားများမီးရှိုဖျက်ဆီးခြင်းခံရသော ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင်ကျေးရွာများဖြစ်ကြသည်။
မောင်တောမြိ့နယ်မှ (ယခု ဘင်္ဂလားဒေခ်ျ့နိုင်ငံ) ဖက်သို့ ရောက်သွားသည့်ရခိုင်၊ရခိုင်မျိုးနွယ်စုများကို အိန္ဒိယနိုင်ငံ ဒိုင်နာခ်ျပူ စစ်ပြေးဒုက္ခသည်စခန်းတွင် ထားရှိပြီး ဂျပန်ကို တိုက်ထုတ်ပြီးမှ တိုင်းပြည် ပြန်လည်အေးငြိမ်းသည့်အခါ 1945 ခု ဒုတိယကမ္ဘာစစ်ကြီးအပြီးမှသာ တစ်ဖြည်းဖြည်း မိမိတို့ဒေသသို့ ပြန်လည်ဝင်ရောက်လာကြသည်ဟု သိရပါသည်။
ကုလားကို ယုံကြ ၊သနားကြ ၊ ကုလားဆိုင်က ၀ယ်စားကြ ၊ကုလားရောင်းသောပစ္စည်းကို ၀ယ်ယူသုံးစွဲကြမည်ဆိုလျှင် ထိုထက်ဆိုးသော အဖြစ်သို့ ရောက်ရအုံးမည်ဟု ယုံကြည်မိပါသည်။ အဘယ်ကြောင့်ဆိုသော် အထက်ပါ(1942 )အရေးအခင်းတွင် ရခိုင်လူမျိုးများသာ အသတ်ခံရသည် ရခိုင်ပြည်ပျောက်မသွားသေးပါ ၊ကုလားများ ၄င်းအချိန်က စီးပွါးရေးအားမကောင်းသေး ပါ။ နောင်ဖြစ်လာမည့် အရေးအခင်းရှိလာလျှင် ကုလားများသည်စီးပွါးရေးအားကောင်း၊ မီဒီယာအားကောင်း၊စည်းရုံးအားကောင်း၊ နိုင်ငံတကာအကူအညီအားကောင်းလာသောကြောင့်
 မြန်မာတိုင်းရင်းသားနှင့် ရခိုင်များမစည်းရုံးသော်၎င်း၊ နိုင်ငံတော်က တိကျခိုင်လုံသော လုံးခြုံသော အစီအမံများ မချမှတ်နိုင်သော်၎င်း ရခိုင်ပြည်ပါ ပျောက်သွားနိုင်သည့် အခြေအနေ သို့ ရောက်သွားနို င်ေ ကြာင်း သင်္ခန်းစာယူနိုင်စေရန် ရှာဖွေတင်ပြလိုက်ရပါသည်။
ကိုးကား
၁။ရခိုင်နဲ့ ကုလားအထိကရုဏ်းများ
၂။သမိုင်းထဲက မွတ်ဆလင်များ
၃။မာရယုရင်ခွင်
Credit Theik fuar @ Facebook
Saturday, September 13, 2014
အယ်လ်ကိုင်ဒါ ၏ မြန်မာပြည်အပေါ် ကြေညာချက် အား သုံးသပ်မှု များနှင်. ရခိုင်ပြည်နယ်တွင်း အခြေအနေ ( ၂ )
မောင်တောနာရီစင်
မောင်တောခရိုင် လုံခြုံရေး သတင်း
အဲ့ဒီလို အကြမ်းဖက် အဖွဲ.အစည်းရဲ. ကြေငြာချက် ထွက်လာပြီးတဲ.နောက် ဆက်စပ်မှုအနေနဲ. ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ အရေးကြီး အဆောက်အအုံများကို ဗုံးဖောက်ခွဲမည်ဟု သတင်းများ ရရှိထားသဖြင့် လုံခြုံရေး သတိထားရန် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးက ဌာနဆိုင်ရာများကို ညွှန်ကြားထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးက   သတိပေးစာ ပေးပို.ခဲ့တယ်လို.သိရပါတယ် ။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်  အခြေပြု လှုပ်ရှားနေတဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အမည်ရ ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ဟာအကြမ်းဖက် စစ်သွေးကြွအဖွဲ့ အယ်လ်ကေဒါနဲ.ပေါင်းပြီး ခုလိုလုပ်ဆောင်ရန် သတင်းရထားတယ် ဆိုပြီး စက်တင်ဘာလ ၅ ရက်နေ့က အစိုးရဌာနများကို ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ပေးပို့တဲ့ သတိပေးစာမှာဖော်ပြခဲ့တာပါ ။
RSO တွေဟာ ဒေသခံ ဘင်္ဂါလီများ ဟန်ဆောင်ကာ အရေးကြီးသော အဆောက်အအုံများကို ဗုံးခွဲဖျက်ဆီးရန်၊ လတ်တလော တိုက်ခိုက်မှုများ ပြုလုပ်ရန်၊ ဌာနဆိုင်ရာ အကြီးအကဲများကို ဖမ်းဆီးရန် လုပ်ဆောင်မည်ဟု သတင်းများ ရရှိထားကြောင်း လည်းအဲ့ဒီသတိပေးစာမှာ ဖော်ပြထားတယ်လို.သိရပါတယ် ။
 အရေးကြီးတဲ့ နေရာတွေကို အားဖြည့်ရွှေ့ပြောင်း လှုပ်ရှားကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင်တွေရဲ့ လုပ်ထုံးလုပ်နည်း အရပေါ့ ။ အုပ်ချုပ်ရေးမှူးရုံးတို့၊ EPC ရုံးတို့ကို လုံခြုံရေး ယူထားပါတယ်။ ရုံးတိုင်း လုံခြုံရေးယူဖို့က မလွယ်ဘူး။ လှည့်ကင်း လှည့်ပေးနေပါတယ်”  လို.အယ်လ်ကေဒါအဖွဲ့က အကြမ်းဖက်မည်ဆိုသည့် သတင်းများ မထွက်ပေါ်ခင်ကပင် လုံခြုံရေး အစီအမံများကို လုပ်ဆောင်ထားပြီး အရေးကြီး အဆောက်အအုံများ ဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးရေးရုံး အုပ်ချုပ်ရေးမှူး ရုံးတို့တွင် လုံခြုံရေး ချထားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေသန်းက ပြောဆိုခဲ့ကြောင်း သိရပါတယ် ။ကျောင်းဆရာ ကျောင်းဆရာမများ အတွက်လည်း လုံခြုံရေး ဆောင်ရွက်ပေးနေကြောင်း၊ လတ်တလောတွင် အယ်လ်ကေဒါ၊ RSO အဖွဲ့များ လှုပ်ရှားမှု မရှိသေးကြောင်း ဒုတိယရဲမှူးကြီး ရွှေသန်းက ဆက်လက် ပြောကြားတယ်လို.လည်းဆိုပါတယ် ။
မောင်တောမြို.တွင်း တစ်နေရာ
 အယ်လ်ကိုင်ဒါ ၏ ထုတ်ပြန်ချက်အပေါ် သမ္မတရုံး ညွှန်ကြားရေးမှုး၏ သဘောထား
အဲ့ဒီမြန်မာနိုင်ငံကိုပါ ပစ်မှတ်ထားတဲ့ ကြေငြာချက်နဲ.ပတ်သက်လို. ထွက်ပေါ်လာကာစမှာပဲ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ Facebook မှာတော. ခုလိုရေးသားထားခဲ့ပါတယ် ။
သတိ နဲ့ အသိ
အိန္ဒိယတိုက်ငယ် အယ်လ်ခိုင်းဒါး ဖွဲ့စည်းပြီးတော့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယကို ပစ်မှတ်ထား ကြောင်း အယ်လ်ဇာဝါဟီရီက ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဂျီဟက်စစ်ပွဲ ဆင်နွှဲဖို့ ပြောကြားသွားတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ လတ်တလောမှာ စိုးရိမ်တကြီး ပူပန်စရာ မလိုသေးပါဘူး။
သတိ
(၁) အကြမ်းဘက်တိုက်ခိုက်မှုဟာ ယနေ့ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဘုံရန်သူအဖြစ် မြန်မာနိုင်ငံက ခံယူထားပါတယ်။ အလားတူပါပဲ အကြမ်းဘက်ဝါဒ ဆန့်ကျင်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အခိုင်အမာ ကတိက၀တ် ပြုထားသလို လက်ရှိအချိန်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။
(၂) မြန်မာနိုင်ငံအနေနဲ့ အကြမ်းဘက်တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကြိုတင် သိရှိထားတဲ့အတွက် နိုင်ငံတော် လုံခြုံရေးအတွက် လိုအပ်တဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေကို တပ်မတော်အပါအ၀င် လုံခြုံရေးအဖွဲ့အစည်းတွေ အားလုံး အလေးထားပြီး လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း လုပ်ဆောင်လျက် ရှိပါတယ်။ အယ်ခိုင်းဒါးကွန်ရက် ပြန့်နှံ့စီးဆင်း လည်ပတ်မှုတွေကို လေ့လာပြီး ၀င်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတင်သတ်မှတ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
(၃) အကြမ်းဘက်တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ National Security ကို ဆောင်ရွက်ရာမှာ နိုင်ငံတစ်နိုင်ငံတည်း သီးခြားဆောင်ရွက်လို့ မပြည့်စုံနိုင်ပါဘူး။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အိန္ဒိယတိုက်ငယ်သာမက ကမ္ဘာကြီးတစ်ခုလုံးက အကြမ်းဘက်တိုက်ဖျက်ရေး လှုပ်ရှားမှုတွေနဲ့ ပေါင်းစည်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဘက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖလှယ်နိုင်ဖို့၊ မျှဝေနိုင်ဖို့အတွက် Early Warning System တစ်ခုကို ထူထောင်ထားရှိရာမှာ မြန်မာနိုင်ငံဟာလည်း ပူးပေါင်းပါဝင်လျက် ရှိပါတယ်။
ဒါကြောင့် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ လုံခြုံရေး အဖွဲ့အစည်းတွေဟာ အကောင်းဆုံးဖြစ်အောင် ကြိုတင် ပြင်ဆင် ဆောင်ရွက်နေပါကြောင်း၊ ဒီလိုအန္တရာယ်မျိုးက ကာကွယ်နိုင်အောင် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အထူးအလေးထား ဆောင်ရွက်နေပါကြောင်း အလေးအနက် တင်ပြလိုပါတယ်။
ပြည်သူများအနေနဲ့ လုံခြုံရေး သတိ အထူး ရှိဖို့ ရှေ့လျှောက် ပိုမိုပြီး လိုအပ်လာမှာ ဖြစ်ပါတယ်။
အသိ
နောက် အရေးကြီးတာ တစ်ခု တင်ပြလိုပါတယ်။ အယ်လ်ဇာဝါဟီရီရဲ့ ဂျီဟတ်ကြေညာချက်နဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။
ပထမအချက်က သူတို့ ခေါ်ဆောင်ရာနောက်ကို လိုက်ပါမယ့် အစွန်းရောက်တွေ ထွက်ပေါ်လာအောင် စည်းရုံးတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာသာရေးနွယ်တဲ့ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေကို အစွန်းရောက်စိတ်ဓါတ်တွေ ပေါက်ဖွားလာအောင်၊ အစွန်းရောက်လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာအောင် စည်းရုံးတာမျိုး ဖြစ်လာနိုင်တာကိုလည်း ကျွန်တော်တို့ သတိထားဖို့ လိုပါတယ်။ ဒါကိုတော့ ဘာသာရေးခေါင်းဆောင်တွေ အလေးထားဖို့ လိုပါတယ်။
ဒုတိယအချက်က ဂျီဟက်ကြညာလိုက်ပြီးတော့ ကျွန်တော်တို့နိုင်ငံက လူ့အဖွဲ့အစည်း(၂)ရပ်အကြားမှာ ပဋိပက္ခတွေ မြင့်မားပြင်းထန်လာအောင် လှုံ့ဆော်တာမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ဆက်နွယ်တဲ့ ပဋိပက္ခတွေကြားမှာ အခုလို ဂျီဟတ်ကြေညာလိုက်တာကြောင့် ကျွန်တော်တို့ ပြည်တွင်းမှာ မယုံမကြည်ဖြစ်တာတွေ၊ သံသယတွေ ကြီးမားလာတာတွေ ဖြစ်လာစေဖို့၊ ဒီကမှ တစ်ဆင့် အချင်းချင်း ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားလာပြီး လက်ရှိ ရရှိထားတဲ့ တည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြားသွားဖို့ လှုံ့ဆော်တာလည်း ဖြစ်နိုင်တာကို ကျွန်တော်တို့ ပြည်သူတွေအားလုံး နားလည်သဘောပေါက်ဖို့ လိုပါတယ်။
ဒီအချိန်မှာ အရေးကြီးဆုံးကတော့ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဒီစည်းရုံးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အမြော်အမြင် ရှိရှိ ကြိုတင် မျှော်တွေးပြီး မိမိဘာသာဝင်တွေကို ထိန်းသိမ်းကြဖို့ ဖြစ်ပါတယ်။
ဒါ့ကြောင့် ပြည်သူများ အနေနဲ့ အကြမ်းဘက်အန္တရယ်က ကာကွယ်ရာမှာ စည်းလုံးညီညွတ်တဲ့ အသိရှိဖို့ အထူး အရေးကြီးလာ ပြီဖြစ်ပါတယ်။
တိုက်တွန်းချက် ●
ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ဒီ(၂)ချက်ကို သိရှိထားပြီးတော့ အစိုးရ၊ ပြည်သူ၊ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းပြီးတော့ လက်ရှိ တည်ငြိမ်အေးချမ်းမှုကို မထိခိုက်အောင် ဆောင်ရွက်သွားကြဖို့ လိုပါတယ်။ ဒီသတင်းကြောင့် အချင်းချင်းအကြား သံသယတွေ ကြီးထွားလာပြီး ပဋိပက္ခတွေဆီ ပြန်လည်ဦးတည်မသွားအောင် သတိရှိကြဖို့ လိုပါတယ်။ သိပ်ပြီးလည်း စိုးရိမ်တကြီး ဖြစ်နေစရာ အကြောင်းမရှိပါဘူး။ စိုးရိမ်လွန်ကဲတာမျိုး မဖြစ်အောင်လည်း ပြောလိုပါတယ်။ ပြည်သူများအနေနဲ့ လုံခြုံရေးသတိနဲ့ ထူခြားတာတွေ တွေ့မြင်ရရင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပေးကြဖို့ လိုပါတယ်။
သတိရှိကြဖို့ လိုအပ်သလို သံသယ မကြီးမားကြဖို့လည်း အထူးအရေးကြီးပါတယ်။ အထူးသဖြင့် မန္တလေးပဋိပက္ခမှာ ကျော်လွှားခဲ့တဲ့ Success Story အတိုင်း နှစ်ဘက်သော လူ့အဖွဲ့အစည်းက ပြည်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အားလုံး အနေနဲ့ ဒီနောက်ပိုင်း ကာလမှာ သတိထားပြီး နားလည်မှု ရှိရှိ ပူးပေါင်းဆောင်ရွက်ကြဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒီအချိန် ဒီကာလမှာ အမုန်းစကားတစ်ခွန်းကြောင့် ကြီးမားတဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နှစ်ဘက်သော ဘာသာဝင်တွေအနေနဲ့ ကျွန်တော်တို့ ပြည်တွင်းမှာ နှစ်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်လာခဲ့တဲ့ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုပါတယ်။
အမေရိကန်တပ်တွေ လိုက်လံရှာဖွေလို့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ အယ်လ်ဇာဝါဟီရီရဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်တို့ ပြည်တွင်းမှာ ဘေးဒုက္ခ မဖြစ်စေဖို့ အရေးကြီးပါကြောင်း အလေးအနက် တိုက်တွန်းလိုက်ရပါတ
ယ်။
ဒေသတွင်းအောက်ခြေလှုပ်ခတ်မှုများ 
ဘူးသီးတောင်မြို.တွင်း တစ်နေရာ
 ခုလို အကြမ်းဖက် အဖွဲ.အစည်းတစ်ခုက သူတို.ပစ်မှတ်ဒေသအဖြစ် မြန်မာနိုင်ငံကို ထည်.သွင်းလာချိန် ၊ တစ်ပြိုင်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ.ညှိုနှိုင်းပြီး မြန်မာနိုင်ငံကိုခြေကုပ်ယူဖို.ကြိုးစားလာတာတွေ ၊မောင်တော.ခရိုင်မှာ အကြမ်းဖက် တိုက်ခိုက်နိုင်ဖွယ် သတင်းတွေ ထွက်လာနေချိန်မှာ ဘူသီးတောင်ဘက်မှာ ကလည်း သြဂုတ် ၂၅ ရက်နေ.မှာ ဘင်္ဂါလီကျောင်းသားတွေက အမှတ် ၂  အထက်တန်းကျောင်းခွဲုမှာ နိုင်ငံတော်သိချင်းသီဆိုနေချိန် ဒါတို.ပြည် ၊ ဒါဒို.မြေ ၊ ဒို.မူဆလင်ပြည်လို. ဆိုခဲ့ကြတာ ၊စက်တင်ဘာ ၂ ရက်နေ.မှာ ကြက်မောက်တောင်သစ် (သစ်)အမက မှာကျောင်းအုပ်ရုံးခန်းထဲ ချိုးဖောက်ဝင်ရောက် စာရွက်စာတမ်းတွေ ဖျက်ဆီးပြီး နိုင်ငံတော် အလံကို မဖွယ်မရာ လုပ်တာ ၊ အလယ်ချောင်းကျေးရွာ မူလတန်းလွန်ကျောင်းမှာ   စက်တင်ဘာ ၁၀ ရက်နေ.က ရခိုင်ပြည်သည် ရိုဟင်ဂျာပြည် ဖြစ်သည်လို.ရေးခဲ့တာ စတာတွေဟာ သာမာန်အရပ်သားတွေထဲမှာပါ ဘယ်ဘိုလှုံ.ဆော်မှုတွေ ရှိနေတယ်ဆိုတာ သတိထားရမှာဖြစ်ပြီး  ဒီလဆန်းပိုင်းကနေစပြီး ဘူးသီးတောင် ၊မောင်တော က ဘင်္ဂလီရွာတွေမှာ RSO ၂၀၀၀ ခန်. ခိုအောင်းနေတယ်ဆိုပြီး အတည်ပြုချက်မရတဲ့ သတင်းတွေကလည်း ထွက်ပေါ်လာနေခဲ့ပါတယ် ။ ကဲဒါဆိုရင်တော. အားလုံးသတိရှိဖို.လိုနေပြီဆိုတာ သိရမှာဖြစ်သလို ဒါကိုအသုံးချပြီး လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်လာအောင်လှုံ.ဆော်ဖန်တီးမှုတွေကိုလည်း သတိထားစောင်.ကြည်.ရမှာ ဖြစ်ပါကြောင်း …..
Ref ; The Flower News , OE , Irrawaddy , The Standard Time Daily & Nawtujar
ဆက်စပ်ဖတ်ရှုရန်များ