Sunday, September 30, 2018

ကျွန်တော်ချစ်သော သူစိမ်းများ ( ၂ ) - ငြိမ်းချမ်းအောင်






မိဘတို့သည်​ ကျ​တော်​ဟူ​သော ပင်​စည်​၏ ​ရေ​သောက်​မြစ်​များဖြစ်​​လေလျှင်​ လမ်းပြဆုံးမ သွန်​သင်​ခဲ့ကြ​သော ဆရာမတို့သည်​ ပင်​စည်​ရှင်​သန်​​ရေးအတွက်​ ​နေ​ရောင်​ခြည်​များ ဖြစ်​​လေသည်​။ အမိအဖတို့နှင့်​တကွ ဆရာ/မ တို့သင်​ကြား​ပေး ကြသည့်​ ပညာများမှာ မူ ​ရေဓာတ်​နှင့်​တူလှ​ပေသည်​။ ထိုသို့​သော မှတ်​မှတ်​ထင်​ထင် ​သွန်​သင်​ဆုံးမခဲ့သူ များ ထဲတွင်​မူ ကျ​တော်​ ဒသမတန်း တက်​​ရောက်​စဉ်​က ဆရာမကိုမူ အထူးသတိရမိ​လေသည်​။ဆရာမ၏အမည်​မှာ ​ဒေါ်​ဌေး​ဌေးမြင့်​ဖြစ်​​လေသည်​။

ဆရာမသည်​ မဖြူ.မညို​သော အသား အရည်​မိျုးရှိ၍ ​သေးသွယ်​​သော ခန္ဓာကိုယ်​ တည်​​ဆောက်​ပုံမျိုးရှိ​လေသည်​။ အရပ်​မြင့်​မြင့်​နှင့်​ စကား​ပြောလျှင်​ သူမတူ​သော အပြုံးမျိုး ဆင်​မြန်းထားတတ်​သည်​။ ​အေး​ဆေးတည်​ငြိမ်​​သောဟန်​က ဆရာမကို ပို၍ ချစ်​ခင်​မှုကို တည်​​စေ၏။မတိုးလွန်း မကျယ်​လွန်း​သော အသံမျိုးဖြင့်​​သင်​ကြား​လေ့ရှိပြီး ဆုံးဖြတ်​ချက်​ပြတ်​သားသည့်​ ဆရာမတစ်​​ယောက်​ဖြစ်​​လေသည်​။ စကား​ပြောလျှင်​ပြုံး​နေတတ်​သည်​။ မြင်​ရသူအ​ပေါင်း.စိတ်​ချမ်းသာ​စေ၍ ဟန်​​ဆောင်​ခြင်းကင်း​သော ဟန်​ပန်​သည်​ ဆရာမ၏ ဂုဏ်​ကျက်​သ​ရေတစ်​ခုပင်​ဖြစ်​သည်​။ ဆရာမသည်​ အပြစ်​ရှိသူကို အပြစ်​​ပေးရဲ၍ ​မေတ္တာနှင့်​တန်​သူကို ​စေတနာထားရန်​ဝန်​မ​လေး​ပေ။ သို့​သော်​ အပြစ်​​လုပ်​​သောသူများ​ပေါ်တွင်​လည်း ​စေတနာမပျက်​ယွင်းပါ။
 
 ကျ​တော်​ဒသမတန်း တက်​စဉ်​က ချီးကျူးမှုများရှိသကဲ့သို့ ချိုးနှိမ်​သူ အချို့လည်း ရှိ​ပေသည်​။ ချိုးနှိမ်​ ကဲ့ရဲ့မှုများကို အ​ကောင်းဆုံး ​ချေဖျက်​၍ လမ်း​ကြောင်းမှန်​ကို ​ရောက်​​စေရန်​ သွန်​သင်​လမ်းညွှန်​​ပေးခဲ့​လေ​သော ဆရာမအား ယခုဘဝတွင်​မက ဘဝအဆက်​ဆက်​ပါ ​ကျေးဇူး​ကြွေး တင်​​နေမိ​ပေသည်​။ပညာမာနတို့ဖြင့်​ တစ်​ဖက်​​စောင်းနင်းစွာ ရှုံ့ချခဲ့ကြ​သော သူများ​ကြောင့်​ ကျ​တော်​၏ စာသင်​နှစ်​ဦးသည်​ ဖ​ယောင်းလမ်း မဖြစ်​ခဲ့​ပေ။ မျက်​ရည်​တို့ဖြင့်​ခြုံလွှမ်း၍ စိတ်​ပျက်​အား​လျော့ခြင်း များဖြင့်​သာ ပြည့်​​နေသည့်​ ကျ​တော်​၏ ဒသမတန်း​ကျောင်းသားဘဝကို အား​ပေးကူညီ​ဖေးမ​ပေးခဲ့​သော သူများထဲမှ အနိီးကပ်​ဆုံးမှာ ဆရာမပင်​ဖြစ်​သည်​။ ဆရာမကို ကျ​တော်​ချစ်​သည်​ ကျ​တော်​တင်​မက ကျ​တော်​တို့ တစ်​ခန်းလုံး ချစ်​သည်​။ ထို့အပြင်​ ဆရာမအ​ကြောင်းသိသူမှန်​သမျှ ဆရာမကိုချစ်​ကြမည်​သာ။

ဆရာမသည်​ ဆရာမ ပီသ​လေသည်​။ ​ကျောင်းသား ​ကျောင်းသူများ အ​ရေး အတွက်​ဆိုလျှင်​ ဆရာမသည်​ လက်​မ​နှေးလှထို့အတူ နှုတ်​လည်းမနည်းလှ။ မှန်​သည့်​ဘက်​မှရဲဝံ့စွာရပ်​တည်​ခြင်းဟူ​သော သတ္တိထူးဖြင့်​ပြည့်​စုံ၍ မှန်​တာ​ပြောဟုတ်​တာလုပ်​တတ်​သည့်​ ဆရာမသည်​ အစဉ်​သဖြင့်​ ရဲဝံ့ချို​အေးမျက်​နာထားမျိုးကို ပိုင်​ဆိုင်​​လေသည်​။
 
ဆရာမသည်​​ကျောင်းသားကို အ​ခြေပြု​သော သင်​ကြားနည်းဖြင့်​ ရှင်းလင်းသင်​ကြား​လေသည်​။ သင်​​သောဘာသာရပ်​အ​ပေါ်ကျွမ်းကျင်​မှုသည်​ သြချရ​လောက်​သည်​။ သင်​ရိုးညွှန်းတမ်းကို ​ကြေညက်​သည့်​အပြင်​ ဆက်​စပ်​အ​ကြောင်းအရာများကို​ ကိုယ်​တိုင်​​ဆွေး​နွေး​စေကာ အပြန်​အလှန်​​ဆွေး​နွေးမှုတို့ဖြင့်​ ပညာတိုးတက်​​စေသည်​။ ဆရာမသည်​ ​ဘောဂေ​ဗဒဘာသာရပ်​ကို သင်​ကြားခြင်းဖြစ်​သည်​။ ဆရာမသင်​လျှင်​ စိတ်​ဝင်​စားဖွယ်​​ကောင်း၍ ​လှုပ်​ရှား​ပြောဆိုမှုများသည်​ အသက်​ဝင်​လှသည်​။ ဆရာမ၏စာသင်​ချိန်​သည်​ ငြိမ်​သက်​​နေ​သော အချိန်​မျိုးမဟုတ်​​သော်​လည်း ဆူညံမှုမရှိ​ပေ။ လှုပ်​ရှားမှုများ ရှိ​နေ၍ အပြန်​အလှန်​​ဆွေး​နွေး ချက်​များက ဘာသာရပ်​၏ ရည်​ရွယ်​ချက်​ ကို ​ပေါက်​​မြောက်​​စေသည်​။ ဆရာမသည်​စာသင်​လျှင်​ အသံချိုသည်​။ ဆရာမသည်​ ​ကျောင်းသား/သူများ၏ ​ဆွေး​နွေးချက်​များကို​လေးစားစွာနား​ထောင်​​ပေး၍ မှတ်​ချက်​​ပေးတတ်​သည်​။ မှားသည်​မှန်​သည်​ အပစ်​မဆို ဘာ​ကြောင့်​မှား​ကြောင်း ​သိ​စေ၍ ဘယ်​အရာမှန်​သည်​ကို နားလည်​​စေသည်​။
 
ဆရာမသည်​ ကျွန်​​တော်​၏ ဆရာဖြစ်​ချင်​​သောစိတ်​တို့ အ​ခြေတည်​ရာ စံပြတစ်​ဦးပင်​ဖြစ်​​လေသည်​။ ဆရာအဖြစ်​ သင်​ကြားခွင့်​များရခဲ့လျှင်​ ချစ်​စွာ​သောဆရာမ၏ သင်​ကြားနည်းလမ်းများကို လိုက်​နာမိမှာ အမှန်​ပင်​ဖြစ်​သည်​။ ​ဆရာမကို ​လေးစား သည်​။ မှန်​မှန်​ကန်​ကန်​​ဆောင်​ရွက်​သည့်​ သ​ဘောကို အတုယူသည်​။
အတ္တဟိတ မဖက်​​သော ပရဟိတဆန်​သည့် ဆရာမ၏ ​မေတ္တာတရားမျိုး ကို ကျ​တော်​ ​လက်​ကိုင်​ထားချင်​သည်


ချစ်​​သောဆရာမ အသက်​ရာ​ကျော်​ရှည်​​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သလျှက်​ရှိပါသည်​။ မကြာခင်​ကျ​ရောက်​​တော့မည့်​ ကမ္ဘာ့ဆရာများ​နေ့ကိုကြိုဆိုရင်း ချစ်​ဆရာမ၏ ဂုဏ်​​ကျေးဇူး အထူးထူး ကို​အောက်​​မေ့ တမ်းတမိပါသည်​။ ​လေးစားကြည်​ညိုရင်းစွဲ ဂါရဝ တရားဖြင့်​ ရို​သေ​သမှုဖြင့် ​ဤသို့ ​ရေးသားရပါသည်​။ ငယ်​ရွယ်​သူဖြစ်​သင့်​အပြင်​ နုနယ်​​သော အ​ရေးအသားများ သည်​ ဆရာမ၏တစ်​စိတ်​တစ်​ပိုင်း​သော စိတ်​ထားကို ပုံ​ဖော်​နိုင်​မည်​ဆိုလျှင်​ပင်​ ​ကျေနပ်​ပါသည်​။ ချစ်​စွာ​သော.ဆရာမ​ဒေါ်​ဌေး​ဌေးမြင့်​စိတ်​ချမ်းသာ ကိုယ်​ကျန်းမာ​သော ဘဝကိုပိုင်​ဆိုင်​​စေရန်​ တပည့်​များကိုယ်​စား ဆုမွန်​​ကောင်း​တောင်းရပါ​တော့သည်​။


ဆက်စပ်အကြောင်းအရာ