Showing posts with label Secluded Serene Avenue of WKA. Show all posts
Showing posts with label Secluded Serene Avenue of WKA. Show all posts

Thursday, December 27, 2018

အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ ၂၀၁၈ ပညာရေး ဆိုင်ရာ ထောက်ပံ့ လှုဒါန်းမှု


 
 အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ ၂၀၁၈ ပညာရေး ဆိုင်ရာ ထောက်ပံ့ လှုဒါန်းမှု


 အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ ၂၀၁၈ ပညာရေး ဆိုင်ရာ ထောက်ပံ့ လှုဒါန်းမှုကို ၂၀၁၈ နိုဝင်ဘာ ၂၅ နေ.က ၀ါးခယ်မမြို.တွင် ပြုလုပ်ခဲ့ပါသည် ။ 

 အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ မျိုးဆက်သစ် လူငယ်ဖွံ.ဖြိုးရေး စင်တာ သို.လှုဒါန်းမှု

နေ.လည် ၁၂နာရီ အချိန်တွင် ၀ါးခယ်မမြို. သံကြိုးတိုင် တိုးချဲ.ရပ်ကွက် ရှိ ဓမ္မရက္ခိတကျောင်း တွင် ယခုနှစ်မှ စတင်တည်ထောင်သော မျိုးဆက်သစ် လူငယ်ဖွံ.ဖြိုးရေး စင်တာ သို. သွားရောက်၍ ထိုစင်တာရှိ မိဘမဲ့ နှင့် ချို.တဲ့ အထက်တန်းကျောင်းသူ/သားများ အတွက် ဗလာစာအုပ် ဒါဇင် ၄၀ ၊ အေဖိုးစာရွက် ၅ထုပ် ၊ ဘောပင် ၊ ခဲတံ နှင့် ပညာသင်ကြားရေးစရိတ်အဖြစ် အလှုငွေ သုံးသိန်းကျပ်တို.ကိုသွားရောက်လှုဒါန်းခဲ့ပါသည်
ထို.နောက် ၀ါးခယ်မမြို.ရှိ အားမာန်သစ်မသန်စွမ်း အဖွဲ. နှင့်တွေ.ဆုံ၍ အဖွဲ.၀င်များထဲမှ ပညာသင်ကြားနေသော ကျောင်းသား/သူများ လာမည့်နှစ်ပညာသင်နှစ်တွင် အသုံးပြုနိုင်ရန် ကျောင်းသုံး ကွန်ပါဘူးများ ၊ ဗလာစာအုပ် ဒါဇင် ၂၀ ၊ ခဲတံ ၊ ဘောပင်များ နှင့် ကျောင်းဝတ်စုံစရိတ်အဖြစ် ငွေကျပ်တစ်သိန်းတို.ကို ပေးအပ်လှုဒါန်းခဲ့ပါသည် ။
 
 အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ အားမာန်သစ် မသန်စွမ်းအဖွဲ. သို.လှုဒါန်းမှု

 
ဆက်လက်၍ အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် မှ ပညာသင်စရိတ်ထောက်ပံ့ပေးနေသော အရှေ.ပိုင်း ပရဟိတကျောင်းမှ နည်းပညာတက္ကသိုလ်သို.တက်ရောက်နေသည့် ကျောင်းသားအတွက် ၆လစာထောက်ပံ့ငွေကို တာဝန်ခံမှတစ်ဆင့် ပေးအပ်လှုဒါန်းခဲ့ပါသည် ။ ထို.နေ.လှုဒါန်းမှု စုစုပေါင်းတန်ဘိုးမှာ ကိုးသိန်းကျပ်ခန်.ဖြစ်ပါသည် ။

ထို.အပြင် ဒီဇင်ဘာလအတွင်းတွင်ဝါးခယ်မ ဂျီတီအိုင် မှ နည်းပညာတက္ကသိုလ်သို. ရောက်ရှိသွားသော  မိမိတို. တာဝန်ယူနေကျဖြစ်သော ကျောင်းသူတစ်ဦး၏ ကျောင်းအပ်နှံစရိတ်အားလည်း တာဝန်ယူ လှုဒါန်းပေးခဲ့ပါသည် ။

အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်အဖွဲ.အနေဖြင့် ၂၀၁၃ ခုနှစ်မှစ၍ ပညာသင်ထောက်ပံ့ လှုဒါန်းမှု အစီအစဉ်များပြုလုပ်ရာတွင် ချို.တဲ့အခြေခံကျောင်းသား/သူများအား ထီး ၊ ဖိနပ် ၊ မိုးကာ ၊ ကျောပိုးအိတ် ၊ စာရေးကိရိယာများ လှုဒါန်းခြင်း ၊ ကျောင်းအသုံးအဆောင်များ လှုဒါန်းခြင်း ၊ ပညာရေးဆိုင်ရာ လုပ်ဆောင်နေသော အဖွဲ.များသို. တစ်ဆင့်လှုဒါန်းခြင်း ၊ ပရဟိတကျောင်းများသို. ပညာသင်စရိတ်အပါအ၀င် လိုအပ်သည်များ လှုဒါန်းခြင်း များ ပြုလုပ်နေပြီး ၀ါးခယ်မမြို.မှ အဝေးရောက်နေသော ဇာတိဖွားများ နှင့် သူတို.၏ မိတ်ဆွေများ လှုဒါန်းမှုဖြင့် ဤ အစီအစဉ်များကို လုပ်ဆောင်နေခြင်းဖြစ်ပါသည် ။

ယခုနှစ် လှုဒါန်းမှု များသို. ၀ါးခယ်မမြို.နယ် လူငယ်အဖွဲ.တစ်ခု မှ မှ လာရောက် လေ့လာ ကူညီပေးခဲ့ပါသည် ။

ပုံများကြည့်ရှုရန်

Tuesday, November 14, 2017

အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ၏ ၂၀၁၇ ပညာသင်နှစ် အခြေခံကျောင်းများ လှုဒါန်းမှု မှတ်တမ်း


Management Art of Depend On Situation


အရင်က SS Avenue ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ) ၏ အလှု ကို နောက်အကျဆုံး ဇူလိုင်တွင် လုပ်ဖြစ်မြဲဖြစ်သည် ။ သို.သော် ယခုနှစ်တွင် ကိုယ်တိုင်က ဘယ်လိုမှမအား သည့်အပြင် အကြောင်းကြောင်းကြောင့် အတော်နောက်ကျခဲ့ရသည် ။
ယခုနိုဝင်ဘာ ပိတ်ရက်တွင်တော. မဖြစ်မနေ လုပ်မည်ဆုံးဖြတ်ပြီးသားမို. အတော်လေးအားစိုက်လိုက်ရသည် ။ အချို.က ဟိုးးးအစောတည်းကထည့်ထားပြီးသား ၊ အချို.ကိုတော. အနားနီးတော.မှ ပတ်အလှုခံ ၊ အချို.ကိုတော. ဘဏ်ပိတ်ရက်များ ဆက်နေသဖြင့် အလှုပြီးမှ ထည့်ပေးဖို.ပြောထားပြီး အမတစ်ဦးထံ အကူအညီတောင်း -- ဖြစ်အောင်စီစဉ်ရသည် ။

ညနေပိုင်းအနည်းငယ်ရသည့်အချိန်လေးများတွင် ပစ္စည်းများလိုက်ဝယ် ၊ အချို.ကတော. ၀ါးခယ်မ မှ မိတ်ဆွေအမများထံ အကူအညီတောင်း စီစဉ်ရသည် ။ သူတို.ကလည်း လိုလိုလားလား အကူအညီပေးတာမို. တော်တော်လေးအဆင်ပြေသွားသည် ။
၂ရက်နေ.ကိုမဖြစ်မနေလုပ်ရန်ချိန်းလိုက်ပြီး မှ အရင်ဝါးခယ်မဘက်ခြမ်းအမာခံအဖွဲ.က ကျောင်းကြီးကထိန် ဒိုးပတ်ပွဲဖြစ်မြောက်ရေး တာဝန်ယူထားရတော.သူတို.မှာလည်း မလှုပ်သာ ၊ အဲ့ဒီတော. ကိုယ်.ဘာသာ ဖုန်းတစ်လုံးနှင့် ကျောင်းချိတ်ဆက်ခြင်း ၊ ညှိုနှိုင်းခြင်းတို. လုပ်ရတော.သည် ။

 ၁ရက်နေ.မနက် ၀ယ်ထားသောပစ္စည်းများ နှင့် ရန်ကုန်ကနေ ကြိုလွှတ်ထားရသည် ။ ညနေ ကိုယ်.ဘာသာတစ်ယောက်တည်းဖြစ်သည့်အပြင် အလုပ်ကြောင့် အစောဆုံး ၅နာ၇ီနောက်ပိုင်းမှ သွားလို.ရမှာမို. လိုင်းကားနဲ.ပဲသွားဖို.လုပ်ထားပြီး အရေးကြီးအလုပ်တစ်ချို.ကြောင့် ၆နာ၇ီကျော်မှ ထွက်ဖြစ်သည် ။ ကားက ၇း၃၀ ။ ဒီလိုအချိန်မျိုး / ရက်မျိုးက ကားပိတ်တတ်သည်မို. ကြိုပြင်ထားသော်လည်း အခြေအနေအရ ကြိုမထွက်ဖြစ်လိုက် ။သို.သော် ကိုယ်.ကားဆရာက ကျွမ်းကျင်သူမို. ဖိမောင်း ၊ ကျော်မောင်း ၊ နောက်ဆုံးတော. ရွှေပြည်သာတံတားကတက် ၊ ထိန်ပင်သုသာန်ကြားထဲကဖြတ်ထွက်နှင့် ကားဂိတ်ရောက်တော. ၇း၄၅ ၊ ဖုန်းဆက်တုန်းကကိုယ်.ကိုအကြာကြီး မစောင့်ဟုပြောခဲ့သော အောင်ချမ်းသာက သူတို.ကြိုပို.ကားမရောက်သေးလို. ကားပေါ်လူတောင်မတင်ရသေးသဖြင့် ကံကောင်းသွားသည် ။ နောက်အကျဆုံး ၇း၄၅ လောက်တော.ထွက်သည်ဆိုသည့် အောင်ချမ်းသာက သူတို.ကြိုပို.ကားရောက်တော. ၉နာရီ ထိုးလုလု ။

ကားပေါ်မှပင် ကိုရဲ ၊ ကိုဇော်မင်းတို.နှင့် မနက်ဖြန် ကားအတွက် စီစဉ်တော. အဆင်မပြေသေး ။ နောက်ကျနေသည်မို. အရှိန်ပြင်းမောင်းလာသည့်ကားက ၀ါးခယ်မရောက်တော. ၁၂နာရီ ။
မနက်မိုးလင်းသည်နှင့် ပစ္စည်းသယ်သွားဖို.ကား စီစဉ်တော. အဆင်မပြေသေး ။ နောက်တော. ဆရာတော် ဦးဇ၀န ၊ ကိုထွန်းရိတို. စီစဉ်ပေးမှုဖြင့် အဆင်ပြေသွားသည် ။ ထိုအချိန်အထိ ပစ္စည်းတွေ Final မစစ်ရသေး ။ ထိုစဉ် အရှေ.ဒရင်း ကျောင်းအုပ်စုံတွဲရောက်လာပြီး လိုအပ်သည်များ ညှို နှိုင်း တော.မှ စာရင်းရထားပြီးသားခွဲကျောင်း တစ်ခုနှင့် ချိတ်ဆက်မရသေးမှန်း ပြန်သတိရသည် ။ တော်သေးသည် ။ ထိုဆရာမကချိတ်ဆက်တော. ဟိုကအဆင်သင့်ပင်ဖြစ်နေပြီးသား ။

ကိုလှဋ္ဌေး ၊ ကိုဇော်မင်းတို.နှင့်ပင် ပစ္စည်းစစ် ၊ လိုတာတွေထပ်မှာ ၊ ကျောင်းအလိုက်ခွဲ ၊ ပြင်ဆင်သင့်သော စာရင်းများလုပ် ၊ အရင်နှစ်များက လုံလောက်သောအင်အားရှိသော်လည်း ခုကတော. ရှိတဲ့လူနှင့်လုပ်ရတော. ညှစ်ရုန်းကြရသည် ။ အဓိက က အချိန်မှီ အဆင်ပြေစွာ ပြီးမြောက်သွားဖို.သာ ။
နောက်ဆုံးတော. နေ.လည် ၁ နာရီတွင် ကိုဇော်မင်း ၊ ကိုကိုလင်း ၊ ကိုလှဋ္ဌေး ၊ အထက်တန်းကျောင်းသား ၂ယောက် တို.နှင့် စတင်ထွက်လာနိုင်ခဲ့သည် ။

အရာရာတွင် ကြိုတင်ပြင်ဆင်မှု ၊ စနစ်တကျ စီမံခန်.ခွဲမှု တို.က အရေးပါမှန်းသိသော်လည်း အခြေအနေမပေးချိန်တွင် အစဉ်အလာအတိုင်း မီးစင်ကြည်.ကရခြင်း စီမံမှု အနုပညာဖြင့်သာ ပြီးမြောက်အောင် လုပ်ဆောင်ကြရသည်ကို ပြောလိုခြင်းသာဖြစ်ပါသည် ။
( တကယ်တော. မီးစင်ကြည်.ကရခြင်း စီမံမှု အနုပညာ ဆိုတာ ကြားကောင်းအောင်သုံးတာပါ
ဖြစ်သလိုကြည့်လုပ်လိုက်ရသော ဗြုတ်စဗျင်းတောင်း စီမံခန်.ခွဲမှု ဟုသုံးလည်းရပါသည် )

နာသုံးနာ + #@×&*


ပထမဆုံး ရွေးထားသည့်ကျောင်းက အရှေ.ဒရင်း ကျေးရွာ မူလတန်းကျောင်း
KG မှ လေးတန်းအထိ ကျောင်းသား/သူ ပေါင်း ၇၅ ယောက်ရှိနေသည်
သူတို.အတွက် စီစဉ်ထားသည်က ဗလာစာအုပ် နှင့် ၃ တန်းလေးတန်းတို.အတွက် ပုံပြင်စာအုပ်များ ၊ ချို.တဲ့ကျောင်းသားများအတွက် ထီး ၊ မိုးကာ ၊ ဖိနပ် ၊ ကျောင်းဝတ်စုံ ၊ KG များအတွက်ကျောင်းဝတ်စုံ နှင့် အချိုရည် ၊ မုန်. တို.စီစဉ်ထားသည် ။


သူတို.က ပဲ့ထောင်နှင့် ဦးနီစု ကလာကြိုမည်ဆိုတော. ထိုနေရာအရောက်ကားဖြင့်သွားကြသည် ။ ထို.နောက်သူတို.လာကြိုသော စက်လှေငယ်လေးပေါ် ပစ္စည်းများ ပါတင်ပြီး ကားလမ်းဘေး တူးမြောင်းမှ ချောင်းငယ်လေးအတွင်း သို.၀င်လာခဲ့ကြသည် ။ မြောင်းသာသာချောင်းလေးမို. စိုးရိမ်စရာတော.မရှိ ။ မိနစ် ၂၀ သာသာ ခန်.စီးအပြီး ထိုရွာသို.ရောက်ကြပြီး လမ်း ၅မိနစ်သာသာခန်.လျှောက်ကြရသည် ။

ကျောင်းလေးကတော. သပ်သပ်ရပ်ရပ်ရှိသည် ။ ကျောင်းအုပ်ဆရာမကြီးအမည်က ဒေါ်ခိုင်ဆွေဦး ဖြစ်ပြီး ကျောင်း၏ အမည်အပြည့်အစုံက အမက ၁၀ အရှေ.ဒရင်းဖြစ်သည် ။

ရောက်ရောက်ချင်း ဒေသထွက် ငှက်ပျောသီး ၊ လဘက်သုပ် တို.ဖြင့် ဧည့်ခံသည် ။ စေတနာအပြည့်ဖြင့် ထမင်းပါချက်ထားမည်ပြောသဖြင့် မနည်းတားထားရသည် ။ ဆင်ဖိုးထက် ချွန်းဖိုးမကြီးကြစေချင်သလို ကုန်ဈေးနှုန်းအောက်က ၀န်ထမ်းဘ၀ ကို ဧည့်ခံစရိတ်ဖြင့် ဗူးလေးရာ ဖရုံမဆင့်စေချင် ။ ကိုယ့်အဖွဲ.အလှုက ကလေးငယ်တို.အတွက် တစ်ထောင့်တစ်နေရာမှသာဖြည့်စွက်ပေးနိုင်သောအလှု ၊ တကယ်တော. စေတနာပြည့်ဝသော တောကျောင်းဆရာ/ဆရာမတို.ဘ၀က စာနာချင်စရာကောင်းလွန်းလှသည် ။


မြို.ကျောင်းဆရာ/ဆရာမများလို ကျော.ကျော.လေး နေ.တိုင်းသွားလို.မရသလို ကျုရှင်ဆိုသည့်စကားလုံးက သူတို.အတွက်တော. ဝေါဟာရအသစ်တစ်ခု ။ ကိုယ်.ကျောင်းသား ကျောင်းလာတက်ဖို.အရေးပင် မနည်းစည်းရုံးနေကြရသူများဖြစ်သည် ။


မိမိတို.နှစ်စဉ် လှုဒါန်းခဲ့သမျှ ကျောင်းများတွင် တကယ်စေတနာပါသော ၊ ကိုယ်.ကျောင်းကို ကိုယ်.ကျောင်းသားလေးတွေကို တကယ်တိုးတက်စေချင်သူ ဆရာ/ဆရာမအများအပြားကြုံတွေ.ခဲ့ရသည် ။ သူတို.လိုသမျှလည်း ဖြည့်ဆည်းပေးစေချင်စိတ် လည်းဖြစ်မိသည် ။သို.သော် မိမိတို.သည် ကိုယ်တိုင်က ရုန်းကန်နေရဆဲ ။ မိမိတို.တတ်အားသမျှ ငွေကြေး ၊ လုပ်အား ၊ မိမိတို.၏ လုပ်ရပ်များအပေါ် သိရှိ နားလည် လှုဒါန်းလိုသူများ အကူအညီဖြင့်သာ လုပ်နေကြရခြင်းဖြစ်သည် ။



မိဘဆီ စာအုပ်ဖိုးတောင်းချိန် မိဘတို.၏ ( မတတ်သာ၍ ) ငြင်းပယ်သံများ ကြားသိရချိန် ၊ ဖိနပ်မပါပဲကျောင်းတက်နေရသော ကလေးငယ်များတွေ.မိချိန် ၊ ဖားဥအထပ်ထပ် နှင့် စုတ်ပြတ်နေသော
ကျောင်းဝတ်စုံလေးများဖြင့် ကျောင်းတက်နေကြရသည်ကိုတွေ.ရလျှင် ၊ မိုးရွာထဲ ပလတ်စတစ်စ အစုတ်လေးခြုံပြီး ကျောင်းသွားနေသော ကလေးငယ်များတွေ.ရချိန် တိုင်း ကိုယ်.ကိုကိုယ် အပြစ်မကင်းသလို ခံစားရသည် ။ မိတ်ဆွေတို.ကိုယ်တိုင် ကျေးရွာများ ၊ နွမ်းပါးသော ကျောင်းများရောက်လျှင် ဤ မြင်ကွင်းများကို သင်သချောပေါက်တွေ.ရပါလိမ်.မည် ။ မိုးတွင်း ဆိုပိုဆိုးသေးသည် ။ အချို.ကျောင်းများတွင် ကျောင်းဆင်းကာနီး မိုးရွာမည်တွေ.ရလျှင် ကလေးများမိုးမိမည်စိုးသဖြင့် ကျောင်းကြိုဆင်းပေးနေရသည် ။ အချို.ထီးပါသော ကလေးနှင့် ထီးမပါသောကလေးတွဲပြီး ပြန်လွှတ်ရသည် ။ သို.သော် ၂ယောက်လုံးမိုးစိုတော. ထီးပိုင်ရှင်အိမ်ကမကြည် 

ထို.ကြောင့် ဤသို.သော အလှုမျိုးကို နှစ်စဉ် မိမိတို.တတ်အားသမျှ နှင့် မိတ်ဆွေတို.၏ ကူညီမှုများ ပူးပေါင်း လုပ်ဆောင်ကြရခြင်းဖြစ်ပါသည် ။


ကျောင်းဝတ်စုံကို အနီးစပ်ဆုံး ယူသွားကြသော်လည်း အချို.ကလေးများက အရွယ်အတော်ကြီးနေသဖြင့် ပြန်လဲပေးရန် စီစဉ်ခဲ့ရသည် ။ နောက်ကျောင်းများဆက်ရန် ရှိသဖြင့် အချိန်မဖြုန်းတော.ပဲ ဆက်လက်ထွက်ခွာ၇န် စီစဉ်ရသည် ။ အမှတ်တရ အနေဖြင့် ထိုကျောင်းမှ ဆရာမများ ၊ မိမိတို.အဖွဲ.များ ၊ ကျေးရွာမှတာဝန်ရှိသူနှင့် ကူညီပေးသူများ ၊ ကျောင်းသား/သူများ စုပေါင်းအမှတ်တရ ဓါတ်ပုံ ရိုက်ကြသည် ။

ဆက်သွားမည့်ကျောင်းက ယခုကျောင်း၏ လက်အောက်ခံ အမက ခွဲ ကျောင်းဖြစ်သဖြင့် ကျောင်းအုပ်ဆရာမကြီးမှ သူပါဆက်လိုက်ပေးမည့်အကြောင်းပြောသည် ။ ဆက်သွားရမည့်ကျောင်းမှ ဆရာမ ပါရောက်ရှိနေပြီး ပဲ့ထောင်ပါ ပါလာသည်ဆိုတော. အမြန်ဆက်လက်ထွက်ခွာကြသည် ။

အတန်တန် ငြင်းသည့်ကြားက လမ်းတွင်စား၇န် ဆိုကာ ငှက်ပျောသီးများ ထည့်ပေးလိုက်သေးသည် ။ကျောင်းလေးမှ ပြန်ထွက်လာရင်း တွေးမိသည်က မိမိတို.အဖွဲ.အနေဖြင့် တစ်နှစ်မှ ၃-၅ ကျောင်းသာ လှုဒါန်းနိုင်သည် ။ ၀ါးခယ်မတွင်က ကျေးရွာအုပ်စုတင်၁၂၆ အုပ်စုရှိနေသည် ။ ထို.ကြောင့် နောင်နှစ်ပေါင်းဘယ်လောက်ကြာရင် ဤကျောင်းလေးသို.နောက်တစ်ခေါက် ပြန်ရောက်နိုင်မည်နည်းဟု.........................

မြွေများနဲ. ခရီးသွားခြင်း


အရှေ.ဒရင်းကျေးရွာ အမက ပြီးတော. နောက်သွားရမည့်ကျောင်းက အရှေ.ဒရင်း-တောင်စု အမက ခွဲကျောင်း ၊ လက်ရှိဆရာမက တစ်ဦးသာရှိပြီး သူငယ်တန်း ၊ ပထမတန်း ၊ဒုတိယတန်း စုစုပေါင်းကျောင်းသား /သူ ၁၉ ယောက်သာရှိသည် ။


ထိုကျောင်းလေးက လက်ရှိ ကျောင်း၏ ကျောင်းခွဲ တစ်ခုဖြစ်ပြီး ဤကျောင်းမှ ဆရာမကြီးကသာ တာဝန်ယူအုပ်ချုပ်ပေးနေကြောင်းသိရသည် ။ တောင်စုကျောင်း တာဝန်ကျဆရာမလေးကလည်း မူလက ဤအရှေ.ဒရင်းကျောင်းမှပင်ဖြစ်ပြီး ယခုလည်း ရောက်ရှိနေပြီဖြစ်လျှက် ကျောင်းအုပ်ဆရာမကြီးကို သူတို.ကျောင်းကိုလိုက်ပါလာပေးဖို.ပြောဆိုနေသည် ။


သူတို.လာခေါ်သော ပဲ့ထောင်က ရေမတက်သေးသဖြင့် ကျောင်းအနီးအထိ လာလို.မရ ထို.ကြောင့် ပဲ့ထောင်နားအထိလမ်းလျှောက်ပေးပါရန် ပြောတော. ကိုယ်တွေကတောင်အားပြန်နာနေရသည် ။သေချာတာက ယခုလှုဒါန်းသမျှ ဘယ်ဆရာမ မှ တစ်စုံတစ်ခုရသည်မဟုတ် ။

သူတို.ကျောင်းသား/သူတွေအတွက် အလှုရျင်တွေကို လိုက်လိုက်လျောလျော ၊ ခခယယပြောကြရသော ရွာကျောင်းဆရာ/ဆရာတို.၏ စေတနာက အထင်းသားထွင်းဖောက်မြင်နေရသည် ။

လမ်းလျှောက်ကြတော. ဘယ်သူမှ ထီး ၊ ဦးထုပ်မပါကြ ၊ နေကအတော်ပြင်းသလို လေကငြိမ်နေတော. ချွေးကတော. အတော်လေးထွက်ကြသည် ။ နောက်မှအတူပါလာသော တောင်စုဒေသခံ အမျိုးသမီး ကလည်း သူတို.ရွာလေးက အဘယ်မျှ ချို.တဲ့ကြောင်း တောက်လျှောက်ပြောလာနေခဲ့သည် ။ လမ်းလျှောက် လို.၁၀မိနစ်နီးပါးအရောက် နောက်ဘက်မှအလန်.တကြားအော်သံကြားလိုက်ရသည် ။
မြွေ
မြွေ
အရှည်ကြီးပဲ
ပါးပြင်းလဲထောင်နေတယ်
ထိုအသံက လူတန်း၏နောက်ဆုံးမှထွက်လာခြင်းဖြစ်သည် ။ အာလုံးရပ်သွားပြီး ပြန်လှည့်ကြည့်ကြတော. သေချာမမြင်ရတော. ။ ကံကောင်းသည်က ထိုမြွေဘေးမှအားလုံးဖြတ်လျှောက်လာကြသော်လည်း ဘယ်သူတစ်ယောက်မှ အန္တရာယ်မဖြစ်ကြ ။၁၅မိနစ်ခန်.လျှောက်ပြီးတော. ပဲ့ထောင်ကပ်ထားရာနေရာသို.ရောက်ကြသည် ။


ချောင်းကျဉ်းကျဉ်းလေးထဲ ပဲ့ထောင် မောင်းရသည်မို.အရှိန်တင်မောင်းလို.လည်းမရ ။ ထိုးဝါးတစ်လှည့် စက်တစ်လှည့် ဖြင့် မောင်လာကြရင်း တစ်နေရာအရောက် ပါလာသောအဖွဲ.သားတစ်ဦးက သူ.သူငယ်ချင်းတစ်ယောက်လက်ကို ဆွဲရင်း ဟေ.ကောင်မြွေ မြွေ ဟုအော်လိုက်သံကြားရသည် ။

လူငယ်သဘာဝ စက်လှေစီးရင်း ဘေးမှသစ်ပင်ငယ်များကိုလက်နဲ.ပွတ်ဆွဲလာရင်း ရေမြွေတစ်ကောင်က ကြိုဆိုနေခြင်းဖြစ်သည် ။ သို.သော် ဘာမှတော. မထိလိုက် ။ ဤသို..ဖြင့် မိနစ် ၂၀ခန်.မောင်းအပြီး လမ်း၇ှိ ရွာ်တစ်ရွာက တံတားတစ်စင်းအား အနည်းငယ်တိုက်မိအပြီးမှာတော. ဒရင်း - တောင်စု ကျေးရွာ အမကခွဲ သို.ရောက်ခဲ့ကြသည် ။


ချစ်ကြပေမယ့်အရောင်မစွန်းစေလို


ကျောင်းရောက်တော. တကယ့်ကိုသိသိသာသာ မပြည့်စုံမှန်း မြင်နေရသည် ။ သူငယ်တန်း ဆိုလျှင် လည်း ဘာသင်ထောက်ကူမှ လောက်လောက်လားလား မတွေ.ရ ။ ထရံကာ သွပ်မိုး ကျောင်းငယ်လေးအတွင်း ဘာအခန်းမှကာမထားပဲ ကလေးငယ်တို.ကလည်း စုထိုင်နေတော. အအတွက် ရါယ်တွေကသိပ်မကွာ ။ ထိုကလေးအားလုံးအတွက် ထီး ၊ ဗလာစာအုပ် ၊ ပုံပြင်စာအုပ် ( ၁တန်း ၊ ၂တန်း အတွက် ) စသည်တို.ပေးအပ်ပြီး တစ်ဦးချင်းစီအတွက် ဖိနပ်များကို အတိအကျတိုင်းပြီး ပေးအပ်ကြပါသည် ။အထူးနွမ်းပါးသူများအတွက်မူ ၀တ်စုံပါ စီစဉ်ပေးကြပါသည် ။


ရွာဓလေ့အရ ကျောင်းသားမိဘများကလည်း ကျောင်းအတွင် ၀င်နေကြပြီး အချို.က သူတို.ကလေးများ ပစ္စည်းမရလိုက်မှာ စိုးရိမ်စိတ်ဖြင့် အနီးကပ်ကြီးကြပ်ပေးနေကြသည် ။ မိဘတို.၏ ချစ်ခြင်းကိုနားလည်သော်ငြား စိတ်ထဲဝယ် ထိုမိဘတို.၏ အပူများ ကေ လးများ၏ နှလုံးသားထိ စီးမျောသွားမှာ စိုးရိမ်မိသည် ။ ကလေးငယ်တို. အရာရာဝယ် လောဘတကြီး လိုချင်စိတ် စွဲမြဲသွားမှာ စိုးရိမ်မိသည် ။


သမုဒ္ဒရာ ရေ ချိုနိုင်ပါ့မလား


အဲ့ဒီလို လှုဒါန်းကြရင်းက လူက ၂၀ ဖြစ်နေတော့ ဆရာမက ကလေးငယ်လေးတစ်ယောက် ကိုပြရင်း သူကကျောင်းပျော်ပါ ကျောင်းအရမ်းတက်ချင်လို.ဆိုပြီး လာနေတာ သူငယ်တန်းနဲ.တွဲထားတယ်ဆိုပြီး ပြတော.မျက်လုံးပြူးလေးနဲ.မော.ကြည့်နေတဲ့ ကလေးမငယ်လေး ---- အေးလေ သူများတွေ ရတယ်ဆိုတော. သူလည်း လိုချင်ပေမပေါ့ ဆိုပြီးသူ.အတွက်ပါ လိုတာတွေထည့်ပေးလိုက်သည် ။ ထိုစဉ် နောက်ထပ်ကလေးငယ်လေးတစ်ယောက် ထပ်ဝင်လာပြန်သည် ။ ထိုကလေးငယ်အတွက်ကျန်တာတွေ ပေးရင်း ထီးကျတော. ပေးစရာ မရှိတော. ။ စိတ်မကောင်းစွာနှင့်ပင် မသိချင်ယောင်ဆောင်နေရင်း သူ.ဘေးက ကလေးငယ်က သူ.ကို တွေ.လား ငါတို.က ထီးပါရတယ် ။ နင်က ထီးမပါဘူးဟုပြောလိုက်ချိန် နောက်ဆုံး ကလေးရဲ. မျက်နှာကို မကြည့်ရဲ ။ သူစိတ်မကောင်း ဖြစ်သွားမှာကို မကြည့်ရက် ။

ထိုကလေး ၂၁ယောက်အတွက် ပေးဝေအပြီး ကျောင်းဝကိုကြည့်လိုက်တော့ အထဲက ကလေးတွေနှင့် မတိမ်းမယိမ်း ကလေးငယ်အချို. ။ တစ်ချို.ကတော. ဖြစ်သလို အ၀တ်အစားနှင့် ။ တစ်ချို.ကတော. စုတ်ပြဲနေသော အဖြူအစိမ်း ၀တ်စုံလေးတွေနှင့် ။ ရင်ထဲ မကောင်းဖြစ်မိသည် ။ သူတို.က ကျောင်းမတက်သေးတာလား ၊ ကျောင်းမတက်ရတော.တာလား ၊ သူတို.လည်း ကျောင်းတက်ချိန်စိတ် ရှိချင်ရှိနေကြမည် ။ အထူးသဖြင့် ယခုလိုအချိန်မျိုးတွင် သူတို.ရင်ထဲ ဘယ်လိုရှိနေမလဲ တွေးမကြည့်ရဲ ။ တစ်ခါတစ်လေတော. အထူးသဖြင့် အခုလိုအချိန်မျိုးတွင် ကိုယ်.လုပ်နိုင်စွမ်းအပေါ် အားမလို အားမရအတော်ဖြစ်မိသည် ။ သမုဒ္ဒရာ ရေချိုဖို. ကိုယ်ထည့်လိုက်တဲ့ သကြားတစ်ခွက်က ဘယ်မှမရောက်မှန်းသိသော်လည်း ကိုယ်လုပ်နိုင်သမျှ လောက်သာ လုပ်နေရတာကို အားမရ ဖြစ်မိသည် ။


အားလုံးလှုဒါန်းပြီးတော့ ပါလာသော ကျောင်းအုပ်ဆရာမကြီးကို ကလေးငယ်များက ကန်တော.ကြသလို အလှုရှင်များအတွက်လည်း ဆုတောင်းပေးနေကြသည် ။ကျေး၇ွာတာဝန်ရှိသူတို.ကလည်း လာရောက်သူများရော ၊ လှုဒါန်းပေးကြသူများကိုပါ ကျေးဇူးတင်ကြောင်း အားပါးတရ ပြောကြသည် ။ ပြီးတော.အားလုံးပြန်ကြချိန် ကျောင်းသားငယ်တို.ရဲ. အိမ်အပြန်က ပျော်ရွှင်မှု ၊ ကျေနပ်ခြင်း တို.ဖြင့် တက်ကြွစွာ....................

ပြန်မရနိုင်တော.တဲ့သုခဘုံ


တောင်စု အမက မှထွက်တော. နေကျစပြုပြီ
တာဝန်ကျေလွန်းသော အရှေ.ဒရင်းကျောင်းအုပ်က သူ.ကျောင်းပြီးတော. ခွဲကျောင်း ၊ ခွဲကျောင်းပြီးတော. ကားလမ်းမရောက်သည်အထိ စက်လှေနှင့် လိုက်ပို.ပေးဖို. လိုက်လာသည် ။ အားလုံးစက်လှေပေါ်ရောက်ကြတော. ကမ်းပါးမှ ဆရာမ နှင့် ကျေးရွာတာဝန်ရှိသူတို.က နှုတ်ဆက်နေကြသော မြင်ကွင်းအတွင်း လှုထားသော ထီးတစ်လက်က တောက်ပလွန်းနေသည် ။

ပဲ့ထောင်မောင်လာသောချောင်းကျဥင်္းလေးတစ်ဖက်တစ်ချက်က ခြုံပင်တွေ ၊ ရိုးပြတ်လယ်ကွင်းတွေ ၊ တိုင်ထောင်နွယ်ပင်အချို. ၊ သယ်ယူဖို.ပုံထားသော စပါးဟုထင်ရသည့် အိတ်များ စိတ်ထဲဟိုးးးးး ငယ်ဘ၀တစ်ခုစီပြန်ရောက်သွားခဲ့သည် ။


အဖေက သားသမီးကိုအတော်လေးအလိုလိုက်သည့်အထဲပါသည် ။ အတော်ချစ်သည့်အထဲပါသည် ။
ငယ်စဉ်က ကိုယ်ကရေသာမကူးတတ်သော်လည်း လှေကျတော.စီးချင်သည် ။ ခက်တာက လှေက ၀ါးခယ်မမှာ စီးဖို.မလွယ် ။ အဖေကတော. ရအောင်လုပ်ပေးသည် ။ လှေတစ်စီးရအောင်ငှားပြီး ဈေးချောင်းတစ်လျှောက် ၊ ကျုံစိန်ချောင်းတစ်လျှောက် လှေလိုက်လှော်ပေးသည် ။သူက အားကစားသမားမို.လှေလှော်ရာတွင်လည်း အတော်သန်သန်မာမာတော.ရှိသည် ။ ချောင်းဘေးရှိ အိမ်များထဲမှ သူ.အသိအိမ်တွေ.လျှင် လှမ်းနှုတ်ဆက် ၊ ဟိုကပြန်စကားပြော ၊ တံတားအသေးလေးများအောက်ရောက်လျှင် မှောက် ၊ မနက်၁၀နာရီ ၁၁နာရီမို. သစ်ပင်ကြားကဆင်လာတဲ့နေက သိပ်အရင့်ကြီးမဟုတ် ၊ အိမ်တွေက ထမင်း ၊ ဟင်းချက်ရင်း ထွက်လာတဲ့ မီးခိုးတွေက သစ်ပင်တွေကြားဝင်ရင်း ထိုအပေါ်နေရောင်က ကြိုကြားကြိုကြား ကျနေတော. ခုထိတိုင်ထိုမြင်ကွင်းကိုမြင်နေမိဆဲဖြစ်သည် ။တစ်ချက်တစ်ချက် မြစ်ကမ်းဘေးက ရေဖျံလေးတွေ ၊ ချောင်းထဲ အုပ်လိုက်ကူးနေသည့် ဘဲကလေးတွေကလည်း ပန်းချီကားတစ်ချပ် မလှလှအောင် ကူနေသည်နှင့်တူသည် ။ ရေထဲမျောနေသာ ဗေဒါပင်ငယ်အချို. ၊ ကမ်းနားမှရေထဲထိတိုင် တွဲရရွဲကျနေသော ညောင်လန်းပင်အမြစ်များ ၊ ဘယ်လိုမှသုံးမရသော်လည်း ကြည့်လှသည့် ကျီးအာသီးနီနီရဲရဲများ ကိုပြန်မြင်နေမိသည် ။

ရောက်ပြီရောက်ပြီဆိုသော အသံနှင့်အတူ ကားလမ်းမဘေး ပဲ့ထောင်ပြန်ကပ်နေသည် ။ နာရီဝက်ခန်.စီးလာပြီး အတိတ်က နိဗာန်ဘုံထဲ ပျော်နေမိသည့် စိတ် ပစ္စုပ္ပန် တည့်တည့် ခုမှပြန်ကျက်မိသည် ။ လိုက်ပို.သော ဆရာမကြီးအပါအ၀င် အားလုံးကိုနှုတ်ဆက်၍ ကားဖြင့် ရွှေလောင်း စိုက်ကွင်းကွေ.သို.ဆက်ထွက်လာခဲ့ကြသည် ။


ကကတိုက်ဆည်မြောင်းကျောင်းဆီသို. 



မိနစ် ၂၀ ၊ နာ၇ီဝက်ခန်.ကားမောင်းအပြီး လာကြိုနေကြသော စက်လှေတွေနားရောက်တော. သူတို.ကအင်အားတောင့်တင်းလှသည် ။ပဲထောင်က ၃စီးတောင်ဖြစ်သည် ။ လှုသမျှ ကျောင်းတွင် ဤကျောင်းက လူအများဆုံး ၊ လှု ရမည့် ပစ္စည်းအများဆုံးမို. အားလုံးသယ်ချပြီးသည်နှင့် အမြန်ထွက်ခဲ့ကြသည် ။နေရောင်ကဖျော.ဖျော.သာကျန်တော.သည် ။

ကျောင်းရောက်တော. အဆောက်အဦးလေးကမဆိုး ။ မေးကြည့်တော. NGO အဖွဲ.တစ်ခုကလှုထားခြင်းဖြစ်ပြီး မူရင်းကျောင်းဆောင်က အခြားဘက်တွင်ရှိနေသော ခပ်ဟောင်းဟောင်းအဆောင်တစ်ခု ။ ကျေးရွာ လူကြီးများ ၊ ဤကျောင်းဖြစ်မြောက်ရေး မြေလှုသည်မှ အူလကျောင်းဆောင်ရသည်အထိ လက်တွဲလုပ်ဆောင်ခဲ့ကြသော ၇၄နှစ်အရွယ် အဘတစ်ဦး နှင့် ဆရာဟောင်းများ လူစုံတက်ရောက်လာကြသည် ။ ဤကျောင်းတွင် ကျောင်းသား/သူပေါင်း ၈၆ယောက် ရှိနေပြီး အားလုံးအတွက် ထီး ၊ ဖိနပ် ၊ ၀တ်စုံ ၊ ကျော်ပိုးအိတ် ၊ ဗလာစာအုပ် နှင့် ကျောင်းစာကြည့်တိုက်အတွက်ပုံပြင်စာအုပ်များဖြစ်သည် ။


ထိုကျောင်းလေးကို စတင်ချိတ်ဆက်စဉ်တည်းက တစ်ရွာလုံးနီးပါးကစီးပွားရေးသိပ်အဆင်မပြေကြကြောင်းပြောသည် ။ ယခု အလှုအတွက် ကျောင်းဘက်မှ ချိတဆက်တာဝန်ယူပေးနေသော ဆရာဦးဝင်းဆွေမှာ ထိုကျောင်းဖြစ်မြောက်လာရေးအတွက် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခုအနားယူသွားသည့်တိုင်သူ.ကျောင်းအတွက် ပူတုန်း ၊ပင်တုန်း ၊ ကိုယ်.ဘက်က ဘဏ္ဍာရေးအနေအထားအရ ဖိနပ် ၊ ကျောပိုးအိတ် ၊ ၀တ်စုံ တို.ကို ချို.တဲ့လွန်းသူများအတွက်သာရည်ရွယ်ကြောင်းသူ.ကိုပြောပြတော. သူက ကျောင်း၇ှိကလေးများမှ မိုးတွင်းကျောင်းတက်လျှင် မိုးကာဝေးလို. ပလတ်စတစ်စတောင် လူစေ့မရှိဆိုတော. သက်ပြင်းချမိရင်း အားလုံးအတွက် စီစဉ်လာခဲ့ရခြင်းဖြစ်သည် ။


တစ်ခုတော.ပြောစရာရှိသည် ။ မိုးကုန်တော.မှထီးနဲ.မိုးကာ ဘာလို.လှုလည်း ဆိုတော. သူတို.နောက်နှစ်ကျောင်းအပ်ရာသီတွင် သူတို.မိဘတွေ စိတ်သက်သာပါစေ၊
ဝန်တစ်ခုပေါ့သွားပါစေတော.ဟူသောစိတ် ၊ ကျောင်းစတက်သည်နှင့် မပူပင်ရအောင် တစ်ခါတည်းလှုလိုက်ခြင်းဖြစ်သည် ။ မိမိတို.အနေနှင့်က တစ်နှစ် ၃ကျောင်းမှ ၅ကျောင်း သာလှု ရသည်မို. ဘယ်တော.မှ ဒီကျောင်းပြန်ရောက်မည်မသိ ။ ထို.ကြောင့်ရောက်သည့်အခိုက် တတ်စွမ်းသမျှ ဖြည်.ဆည်းခဲ့ခြင်းဖြစ်သည် ။


ကိုယ်တိုင်တွန်းလို.ရွေ..စေခဲ့ကြသူများ


လှုခဲ့သမျှ ကျောင်းများထဲ ဤကျောင်းကတော.အင် နှင့် အားနှင့် ညီညွတ်စွာ ကြိုတင်ပြင်ဆင်မှုပိုအားကောင်းပုံရသည် ။ ဤ သို.ပြောတော. အခြားကျောင်းများ က အားနည်းသည်လားဆိုတော.မဟုတ် ။ ကျောင်းနှင့် တိုက်ရိုက်သက်ဆိုင်သူများ၏ စေတနာ ၊ အားထုတ်မှု နှင့် အလေးထားခြင်းတို.ကမူ အားလုံးအတူုတူပင် ။ သို.သော် သူတို.ကျောင်းများ၏ မိဘများ ၊ သက်ဆိုင်ရာရွာ နှင့် အခြားသော အခြေအနေများကြောင့် သာ ကွာခြားသွားကြရခြင်းဖြစ်သည်ကို နားလည်ကြပါသည် ။ဤကျောင်းတွင်ကတော. ကျောင်းစတင်ဖြစ်မြောက်ရေး ၉နှစ်တိုင် လုပ်ဆောင်ခဲ့ကြသူ ဦးဝင်းဆွေ - ဒေါ်လှလှသီ ၊ သူတို.နှင့် လက်တွဲပံ့ပိုးလာခဲ့သော ကျေးရွာတာဝန်ရှိသူ အသက် ၇၄နှစ် ရှိ ကိုယ်တိုင် စာမတတ်သော်လည်း အများကို စာတတ်စေချင်သူ ဦးပွကြီး ၊ အစဉ်အဆက် စေတနာအပြည့် တာဝန်ယူပေးခဲ့ကြသော ဆရာဟောင်းများ ၊ လက်ရှိတာဝန်ရှိကျေးရွာ လူကြိးများ ၊ ကျောင်းတာဝန်ရှိသူများပါ အပြည့်တက်ရောက်လာပေးကြသည်ကိုတွေ.ရသည် ။ကျောင်း စတင်စဉ်က ထိုကျောင်းနှင့်ကျေး၇ွာတာဝန်ရျိသူတို.က ကိုယ်ပိုင်ငွေကြေးပါအသုံးပြ၍ ကျောင်းဆောင်ဖြစ်မြောက်ရေး ကြိုးပမ်းခဲ့ရကြောင်းနှင့် ယမန်နှစ်ကမှသာ NGO အဖွဲ.အစည်းတစ်ခုက ယခုအခမ်းအနားကျင်းပနေသော အဆောင်ကို တည်ဆောက်လှုဒါန်းပေးခြင်းဖြစ်ကြောင်းနှင့် အဆောင်ဟောင်းကိုလည်း တွဲဘက် အသုံးပြုနေရသေးကြောင်းသိရသည် ။


 ကိုယ်ပိုင် စာကြည့်တိုက်လေးများ


စတင်လှုဒါန်းမှုများမလုပ်ခင်. အချိန်အနေအထားအရ စကားတော.အများကြီးမပြောဖြစ် ။ ကျောင်းအုပ်ကြီးဖြစ်သူ ဥိးစိုးရာဇာအောင် က အသက် ၃၀ခန်. လူလတ်ပိုင်း တစ်ဦးဖြစ်ပြီး မိမိတို.လှုဒါန်းမည့် ပစ္စည်းနှင့် အစီအစဉ်ကိုပြောပြပြီး စာကြည့်တိုက်ရှိ/မရှိမေးတော. မရှိသော်လည်း စာအုပ်အချို.ကလေးတွေဖတ်ဖို. စုထားပေးကြောင်းပြောတော. ပါလာသော ပုံပြင်စာအုပ် ၃၀ကျော်ကို ကျောင်းကိုသာလှုထားခဲ့မည့်အကြောင်းပြောဖြစ်သည် ။ မိမိတို.က ၃တန်းနှင့် ၄တန်း ကလေးများအတွက် ယဉ်ကျေးလိမ်မာနှင့် ရိုးရာ ပုံပြင်စာအုပ်များ ပါလာပြီး ပြီးခဲ့သည့်ကျောင်းများတွင်လည်း တစ်ယောက် တစ်အုပ် လှုပေးထားခဲ့သည် ။ ကလေးများ စာကို သွက်သွက် ဖတ်ချင်စိတ်ဖြစ်စေရန် ၊ ပါဝါရိန်းဂျားတို. နိုင်ငံခြား ကာတွန်းဇာတ်ဆောင်တို.အစား မြန်မာ.ဇာတ်ဆောင်များ ၊ သူရဲကောင်းများ ကိုသတိပြုမိစေရန် ၊ စာအုပ်များက မတူသဖြင့် တစ်ဦးနှင့် တစ်ဦး လဲဖတ်ရင်း ကိုယ်တိုင်စောင့်ရှောက်ရသော စာကြည့်တိုက်လေးသဖွယ်ဖြစ်စေရန် ရည်ရွယ်လှုဒါန်းခြင်းဖြစ်သည် ။ ဤကျောင်းတွင်တော. ကျောင်းက စာကြည့်တိုက်လေးတစ်ခု အစပြုနေသည်ဆိုတော. ကျောင်းကိုသာလှုဒါန်းပေးလိုက်သည် ။


ခြေထောက်ကြိုးတုတ်၍ လမ်းလျှောက်ကြသူများ


စမလှု ခင်လေး ကျောင်းသားအားလုံးကို တစ်ခုသာပြောဖြစ်သည် ။ မိမိတို.ကို ယခုလှုဒါန်းမှု အတွက် ကတိတစ်ခုပေးရမည်ဖြစ်ကြောင်း -ယခုမိမိတို. လှုဒါန်းသကဲ့သို. ဤကျောင်းသားများ အရွယ်ရောက်လာလျှင်လည်း ကိုယ်.ရွာ / ကိုယ်.ဒေသအတွက် ဤအလုပ်မျိုး မဖြစ်မနေ လုပ်ပေးရမည်ဖြစ်ကြောင်း ကတိတောင်းတော. အားပါးတရ ညီညွတ်စွာ ကတိပေးကြသည် ။ အချိန်တန်၍ ဤကတိကို ဘယ်နှစ်ယောက် အကောင်အထည်ဖော်ဖြစ်သည်ဖြစ်စေ သူတို.ရွာအတွက် ၊ မိမိတို.ဒေသအတွက် သေချာပေါက် အကျိုး ရှိမည်ဖြစ်သည်။


ပုံမှန်အတိုင်း ဗလာစာအုပ် ၊ ထီး ၊ မိုးကာ ၊ ၀တ်စုံ ၊ ကျောပိုးအိတ် စသည်တို. အစဉ်အတိုင်း တစ်ယောက်စီလှုကြသည် ။ မိုးကလည်း ချုပ်စပြုတော. အမြန်လုပ်ကြရသည် ။ ပြသာနာက ဖိနပ် ။ Size ကမှန်းယူလာရခြင်းဖြစ်သည် ။ အမ မတင်တင်ဝင်း ကလည်း စေတနာအပြည့်ကူညီသည် ။ ဖြစ်နိုင်သည့်အရွယ်အားလုံး အပိုများယူလာပြီး တော်တာ/မတော်တာ ပြန်လဲဖို.စီစဉ်ပေးလိုက်သည် ။ ဖိနပ်အများစုက အကြီးပိုင်းတွေတော်ပြီး အသေးများ လိုနေခြင်းဖြစ်သည် ။ အဲ့ဒီတော. တစ်ယောက်စီတိုင်း ၊ မတော်လျှင် ဖြစ်နိုင်သည့် နံပါတ်မှတ် ၊ ပြီးမှ ပို.ပေးဖို.စီစဉ်ရသည် ။

ထိုသို.လုပ်ကြရင်းက ကျောင်းသားတစ်ယောက်အလှည့်ရောက်တော. ဖိနပ်တိုင်းသည် ။ တော်သည်ဆိုတော. တစ်ခါတည်းစီးသွားလို.ပြောပြီး ပြန်လွှတ်လိုက်သည် ။ ထိုကျောင်းသား ပြန်လှည့်အထွက် ဘိုင်းကနဲပစ်လဲကျတော. အားလုံးအလန်.တကြားဖြစ်သွားပြီး နောက်မှ ၀ိုင်းရီဖြစ်ကြသည် ။ အဖြစ်က ဖိနပ် ၂ဖက်တွဲထားသော ကြိုးများရှိသည် ။ တိုင်းပြီး တော်မှ ထိုကြိုးကို ဖြတ်ပေးလိုက်သည် ။ မတော်လျှင် ဒီတိုင်းထားလိုက်သည် ။သို.မှသာ ဖိနပ်ပြန်လဲလျှင် အဆင်ပြေရန်ဖြစ်သည် ။ ထိုကျောင်းသားကို ဆရာကြီးက ဖိနပ်တိုင်းပေးရင်း ကြိုးမဖြတ်မိခြင်းဖြစ်သည် ။ငိုအားထက်ရယ်အားသန်ကြရသည် ။ အချိန်ကလုလုပ်ရတော. အမှားအယွင်းရှိကြသည် ။ ပြီးကာနီး တစ်ယောက်တွင် ထုံးစံအတိုင်း တိုင်းပြီးတော်တော. ဖိနပ် စွပ်ပေးလိုက်သည် ။ သို.သော် ထိုကလေးက လမ်းလျှောက်တာ ရှေ.မရောက် ။ Moon Rock ကသလိုဖြစ်နေသည် ။ ထုံးစံအတိုင်း ဖိနပ်ကြိုးဖြတ်မပေးမိ ၊ သို.သော် ကလေးက မပြောပဲ သူ.ဘာသာချော်မလဲအောင်လျှောက်တော. ဖိနပ်၂ခုကြိုးတုတ်ထားသဖြင့် မလဲအောင်လှမ်းရင်း ရှေ.မရောက်ဖြစ်နေဖြင်းဖြစ်သည် ။ထို.နောက် ကြိုးဖြတ်ပေးလိုက်မှ သူလည်း လွတ်လပ်စွာသွားလာခွင့်ရသွားသည် ။


မြင်သာသော ၀ိုးတ၀ါးအပြုံးများ 


အားလုံးပြီးတော. မီးမရှိသည့်ကျောင်းထဲ တစ်ယောက်မျက်နှာ တစ်ယောက်မမြင်ရတော. ။ ကျေးဇူးတင်ဝမ်းမြောက်ခြင်းမှတ်တမ်းကို ကျောင်းအုပ်ကရေးတော. ဖုန်းမီးဖြင့် ဆရာမတစ်ယောက်က ပြပေးနေရသည် ။ ပြီးတော. အပြင်ထွက်ကြပြီး ကျောင်းရှေ.တွင် ကျောင်းသားများ ၊ ဆရာ/ဆရာမများ ၊ တာဝန်ရှိသူများ ၊ မိဘများ ၊ မိမိတို.အဖွဲ.များစု၍ လရောင်ဆမ်းသော ဓါတ်ပုံ စုရိုက်ဖြစ်ကြသည် ။ ကင်မရာတွေက Red Eye Reduce လုပ်မထားတော. အချို.ပုံတွင် မျက်လုံးတွေက မီးဝင်းဝင်းတောက်နေကြသည် ။ အပျော်မီးတောက်များသာဖြစ်လိမ့်မည်ပေါ့ ။ ပြိးတော. အားလုံးကိုနှုတ်ဆက်ကြသည် ။ ပျော်ပျော်ပါးပါး ညီညီညွတ်ညွတ်မို. တကယ့်အမှတ်တရ ဖြစ်ရသည် .ဓါတ်ပုံရိုက်ပြီးတော့ ကလေးတစ်ချို.က ကျောင်းရှေ.ကွက်လပ်တွင် သူတို.ရထားသော ပစ္စည်းလေးတွေချပြီး ခုန်သူခုန် ၊ ဂျွမ်းထိုးသူထိုး ဖြစ်နေကြသည် ။ပျော်လွန်းလို.တဲ့ ။ သူတို.မိဘများက ဒါကိုသဘောအကျကြီး ကျနေကြသည် ။ ဖန်တီးထားသော အလင်းရောင်တို.မဲ့ရာ ဒေသမို. ထင်ထင်ရှား၇ျား မမြင်ရသော်ငြား သူတို.၏ အပြုံး ၊ သူတို.၏ အပျော်များကို မိမိတို.ရင်တွင်း အပြည့်အ၀ သိမ်းပိုက်ခံစားနိုင်ခဲ့သည် ။ အပြန်မှာ ဤကျောင်းတွင်တာဝန်ကျသော မြို.နှင့်ရွှေလောင်းမှဆရာမလေးများ ပြန်လိုက်ပါပြီး ဤအလှုအတွက် ချိတ်ဆက်ပေးပြီး ယခုတိုင်ကျောင်းအတွက် စိတ်ဓါတ်အပြည့်၇ျိနသေးသော ဦးဝင်းဆွေအပါအ၀င် တာဝန်ရျိသူများ လိုက်ပို.ကြသည် ။ အဘ ဦးပွကြီးကတော. ကမ်းပါးပေါ် လက်ပြရင်းကျန်နေခဲ့သည် ။


လရောင်အောက်က ရွှေခရု



တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညမို.ချောင်းရေပြင်ပေါ် လရောင်က ဖိတ်ဖိတ်တောက် နီးပါးမျှ ဖြန်.ကျနေသည် ။ ခုနောက်ပိုင်း မီးမရသောကျေး၇ွာအချို. Solar အားကိုးဖြင့် TV ၊ အိမ်မီး ၊ ဖုန်းအားသွင်း စသည်တို.လုပ်လို.ရလာနေကြသည် ။ အဲ့ဒီတော. ကမ်းပါးစပ်မှ မီးလင်းအိမ် အချို.ကိုလည်းတွေ.နေရသည်

ရေနံ.ပါသော လေအေးအေး ၊ လမင်းကိုနောင်ခံထား၍ အချို. စိုပြေအုံဖွဲ.နေသော ၊ အချို. သန်မာဝင့်ထည်နေသော ၊ အချို. အရိုးပြိုင်းပြိုင်း ထီးတည်းဖြစ်နေသော သစ်ပင်တို.၏ အရိပ်က လောကအတွင်းရှိ အချို.ဘ၀များကို ထင်ဟပ်နေစေသည် ။ တစ်ခုပဲရှိသည် ။ ဤမျှ အေးချမ်းသော ၀န်းကျင် ၊ ဤမျှ ငြိမ်းချမ်းသော ရှုခင်းများကြားသွားနေရသော်ငြား ဆူညံလှသည့် ပဲ့ထောင်စက်သံက အရာရာကိုဖျက်ဆီးပစ်နေသလိုဖြစ်သည် ။ ဤမျှခောတ်မှီသော ကာလ၀ယ် အဘယ်ကြောင့် အသံတိတ် ပဲ့ထောင်စက်များမတီထွင်နိုင်ရသည်ဆိုသည်ကို တွေးမိပြီးသိပ္ပံနှင့် တီထွင်ပညာရှင်ဆိုသူတို.အပေါ် မကျေနပ်စိတ်ဖြစ်မိသည် ။

ပတ်ဝန်းကျင်အလှ ခံစား၍ ၀တော့ ရွာမှတာဝန်ရှိသူများနှင့် စကားပြောဖြစ်ရင်းစိတ်ဝင်စားစရာ သတ္တ၀ါ အကြောင်းကြားရသည် ။
ရွှေ ခ ရု တဲ့
ကျေးရွာ လယ်ကွင်းတွေမှာသူတို.ကျလာလျှင် ဧကကွက်တွေအထိပြောင်အောင် စားပစ်သည်တဲ့ ။ စပါးရော မြက်ပါမရှောင် အကုန်တွယ်သည်တဲ့
နှိမ်နင်းလို.လည်းမရတဲ့
အိမ်အောက်များရှိ ခရုလုံးများလိုဖြစ်ပြီး သူက အကောင်ကြီး၍ ရွှေရောင်ဖြစ်သည်တဲ့
ဘာလာလာဆိုသော မြန်မာပါးစပ်များလည်းမရတဲ့
သူ.အသားကစားကောင်းသဖြင့် ချက်စားသည် ၊ သုပ်စားသည် သို.သော်မနိုင်တဲ့
လယ်တစ်ကွက်လောက်ကောက်လျှင် ပီနံအိတ်နှင့်ကိုရသည်တဲ့
မကြာသေးခင်ကမှရောက်လာကြခြင်းဖြစ်သည်တဲ့
အဲ့ဒီတော.ဒီခရုတွေ အသားထုတ်ပြီး စည်သွတ်ဗူးလုပ် ပြည်ပပို.နိုင်လျှင်တော. အတော်အဆင်ပြေမည် ။သို.သော် ၂၀၁၀ စွန်းစွန်းတည်းက နိုင်ငံခြား Company များနှင့် တည်ထောင်မည့် ၀ါးခယ်မ စက်မှုဇုံကလည်း လျှပ်စစ်ဓါတ်အားပေးစက်ရုံပြသာနာ နှင့်အခြားအကြောင်းများကြောင့် ယခုတိုင် အိမ်မက်သာသာဆိုတော. ...................

+-× +-× +-× +-× +-× +-× +-× +-× +-×

မိမိတို.အဖွဲ.အနေဖြင့် နောင်နှစ်များတွင်လည်း မိမိတို.တတ်အားသမျှလှုဒါန်းနေကြမည်ဖြစ်ပါ့သည်
မပြောပလောက်သော မိမိတို.အဖွဲ..စွမ်းအားဖြင့် ထင်ရျားသော အပြောင်းအလဲ တစ်ခုကို အချိန်တိုအတွင်း ဘယ်လိုမှမရနိုင်မှန်းသိသော်လည်း မိမိတို.ကြိုးစားနေမည်သာဖြစ်သည် ။ မိမိတို. ခြစ်ထုတ်ခဲ့သော ကျောက်တောင်နံရံသည် မိမိတို.ဘ၀များအဆုံးသတ်ချိန်တွင် ဖောက်ထွက်သွားနိုင်ဖို.အထိမမျှော်လင့်သော်လည်း မိမိတို.ကဲ့သို. ဆက်လက်ဖောက်ထွက်ပေးမည့်သူများကိုတော. မျှော်လင့်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးး


လှုဒါန်းမှု မှတ်တမ်း ဓါတ်ပုံများ

Thursday, July 30, 2015

အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ Educational Supporting Program 2015 စာသင်နှစ်ဦး အလှု






ဝါးခယ်မ ဘလော.၏ စတင်သန္ဒေတည်ရာ  ၀ါးခယ်မ Page ၏ မူရင်းအစ Secluded Serene Avenue of WKA – SS Avenue of WKA Group ကို အကြောင်းကြောင်းကြောင်. နိုင်ငံတွင်းအခြားမြို./ရွာ များ ၊ ပြည်ပနိုင်ငံများ တွင် လုပ်ကိုင်/နေထိုင်/အခြေချနေထိုင်ကြသော ၀ါးခယ်မသားများ အလွယ်တူတွေ.ဆုံဆက်သွယ်နိုင်ရန် လွန်ခဲ့သော ၅နှစ်နီးပါးခန်.ကပင် စတင်ဖွဲ.တည်ခဲ့ကြပါသည် ။ ထို.နောက် မြို.လေးနှင်. ပတ်သက်သော ဘာသာရေး ၊ ကျန်းမာရေး ၊ ပညာရေးဆိုင်ရာ လှုဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည် ။ ပထမဦးဆုံးသော Collector များမှာ Ye Aung , Kyi Soe Tun , Sophie Phyo , Nway Wathan Lwin Naung , Yamin Ko Lay , Brani Ko Ko , Zawmin Lwin တို.ဖြစ်ပြီး နောက်ထပ်မံ၍ Ko Ko Lynn , Aye Aye Myint , Hnin Wutyi Kyaing တို. ပူးပေါင်းပါဝင်ပေးခဲ့ပါသည် ။ နောက်ပိုင်းတွင် ထပ်မံ၍ Khaing Zaw , Aye Aye Khaing, Khing Gyi တို. ကူညီပေးခဲ့ကြပါသည် ။

နောက်ပိုင်းတွင်မိမိတို.အနေဖြင်. ဘာသာလူမျိုးမရွေး ကူညီနိုင်သည်.အပြင် အမှန်တကယ် အငြင်းပွားဖွယ်မရှိ ကူညီနိုင်သော ပညာရေးဆိုင်ရာ ကိုသာ အဓိကထား ကူညီပေးခဲ့ကြရာတွင် Educational Supporting Program 2013 / 2014 / 2015 ဟူ၍ စာသင်နှစ်အစတိုင်းတွင် ချို.တဲ့ မူလတန်းကျောင်း ၃ကျောင်းအား ရွေးချယ်ပြီး ကလေးများအတွက် ထီး ၊ ဖိနပ် ၊ မိုးကာ ၊ လွယ်အိတ် ၊ ခဲတံ ၊ ပေတံ ၊ ခဲဆန် ၊ ဗလာစာအုပ် များအပြင် ရေလိုအပ်သောကျောင်းအတွက်ပိုက်သွယ်တန်းခြင်း မျိုးအထိပါ တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည် ။ ထို.အပြင် GTI ကျောင်းအပ်ရန်အခက်အခဲရှိသူအချို. ကျောင်းအပ်ပေးခြင်း ၊ ပရဟိတကျောင်းမှ လိုအပ်သမျှ တာဝန်ယူထောက်ပံ.လှုဒါန်းခြင်း ၊ တက္ကသိုလ်ရောက် ချို.တဲ့ကျောင်းသားတို.ကို လစဉ် အလုံးစုံ တာဝန်ယူပေးခြင်းတို. လုပ်ဆောင်ခဲ့ကြသလို လုပ်ဆောင်နေဆဲလည်းဖြစ်ပါသည် ။



ယခုနှစ်တွင်လည်း Educational Supporting Program 2015 အစီအစဉ်ဖြင်. ပထမဆုံး ဘဲချောင်းချောင်းဖျား အမက သို. ၂၀၁၅ ဇူလိုင်လ ၁၉ ရက်မနက်က သွားရောက်လှုဒါန်းခဲ့ကြပါသည် ။ ထိုကျောင်းလေးတွင် သူငယ်တန်းမှ ပထမတန်းထိကျောင်းသား/သူ ၇၄ ဦးရှိပြီး အားလုံးနီးပါးတက်ရောက်ခဲ့ပါသည် ။ အခမ်းအနားကို မနက် ၉နာရီ၂၀ခန်.တွင် စတင်ခဲ့ပြီးSS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်အဖွဲ. ) မှ တာဝန်ခံတစ်ဦးက လှုဒါန်းရမှုအကြောင်း ရှင်းလင်းပြီး မိမိတို.ယခုလုပ်ကိုင်ပေးသကဲ့သို. တတ်အားသမျှ ရပ်ရွာအတွက် ပြန်လည်လုပ်ကိုင်ပေးရန် ၊ မိဘများအားဂရုစိုက်ပြုစုရင်းစိတ်ချမ်းသာအောင်ထားရန် ၊ ပညာကိုထူးချွန်စွာသင်ကြားတတ်မြောက်စေရန်တို. ပြောကြားပြီး တက်ရောက်လာပေးသော ကျောင်းသား/သူအားလုံးအား မုန်.များဝေငှခြင်း ၊ ကျောင်းဝတ်စုံ ၇၄ စုံ ၊ ကျောပိုးအိတ် ၁၉ လုံး ၊ ထီး ၂၅ လက် ၊ မိုးကာ ၄၁စုံ ၊ ဖိနပ် ၁၇ ရံ ၊ ဦးထုပ် ၇ လုံး နှင်. ကျောင်းတွင်အသုံးပြုရန် ဘောပင် ၁၂၀ တို.အား တစ်ဦးချင်းစီ လှုဒါန်းပေးခဲ့ပါသည် ။ ထို.နောက်ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ၁၀နာရီ ၂၀ ခန်.တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည် ။



 ထို.နောက် ၀ါးခယ်မအရှေ.ပိုင်းရှိ  လှေကျင်း မူလတန်းလွန် ကျောင်း သို..ရောက်သောအခါ နေ.လည် ၁၂နာရီခွဲခန်.ရှိပြီဖြစ်ပါသည် ။ ထိုကျောင်းသည် ၀ါးခယ်မမြို. အရှေ.ပိုင်း အဖျားတွင် တည်ရှိပြီး သူငယ်တန်းမှ ဆဋ္ဌမတန်းအထိကျောင်းသား/သူပေါင်း ၃၁၉ ဦး တက်ရောက်ပညာသင်ကြားနေပါသည် ။ ပြီးခဲ့သော အစိုးရစစ် စတုတ္ထတန်း စာမေးပွဲတွင် ၈၅ % ခန်. ကျွတ်လွတ်စွာအောင်မြင်ခဲ့သော ကျောင်းလည်းဖြစ်ပါသည် ။ ထို.နေ.က အခမ်းအနားသို.ချို.တဲ့ကျောင်းသူ/သား အားလုံးနှင်. အတန်းကြီးပိုင်း အားလုံးနီးပါးတက်ရောက်ပေးခဲ့ပါသည် ။

အခမ်းအနားအစတွင် အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်မှ Collector တစ်ဦးက အဖွဲ.အကြောင်း ၊ စုဆောင်းရပုံ ၊ လှုဒါန်းဖြစ်ခြင်း တို.ကိုရှင်းလင်းပြောကြားပြီး ယခုကျောင်းသူ/သားများအနေဖြင်.လည်း မိမိတို.တတ်နိုင်သည်.အရွယ်တွင် မိမိတို.ကျောင်း /မိမိတို.မြို. / မိမိတို.ပတ်ဝန်းကျင်အား ကောင်းစွာ အကျိုးပြုရန် ၊ မိဘများအားဂရုစိုက်ပြုစု၍ စိတ်ချမ်းသာစေရန် ၊ ပညာအား ထူးချွန်စွာတတ်မြောက်စေရေး ကြိုးစားရန် ပြောကြားရာ ကျောင်းသူ/သားတို.မှ တက်ကြွစွာ တုန်.ပြန် ဂတိပေးခဲ့ကြပါသည် ။

ထို.နောက် ချို.တဲ့ကလေးငယ်များအတွက် ထီး / ဖိနပ် / မိုးကာ / ကျောင်းဝတ်စုံ တို.နှင်. ကျောင်းသူ/သား အားလုံးအတွက် ဗလာစာအုပ် / ဘောပင် / ခဲဆန်ဘောပင် /ခဲဆန်ဘူး / ခဲတံ တို.ကို ကျောင်းအုပ်ဆရာမကြီးမှတစ်ဆင်. ပေးအပ်လှုဒါန်းခဲ့ပါသည် ။အခမ်းအနားအပြီးတွင် ကျောင်းသား/သူများမှ အလှုရှင်အားလုံးအား ဆုတောင်းမေတ္တာပို.သခဲ့ပါသည် ။
ထိုကျောင်းသို. ထီး ၁၇ လက် ၊ ဖိနပ် ၁၁ ရံ ၊ မိုးကာ ၈စုံ ၊ ကျောင်းဝတ်စုံ ၂၅ စုံ ၊ ဦးထုပ် ၁၈ လုံး ၊ ဘောပင်ထည်.အိတ် ၂၆ အိတ် ၊ ခဲတံ ၂၄ ဒါဇင် ၊ ခဲဆံဘောပင် ၃၆ ဒါဇင်ခွဲ ၊ ခဲဆံဘူး ၃၆ ဒါဇင်ခွဲ ၊ ဘောပင် ၆၉ ဒါဇင် ၊ ဗလာစာအုပ် ၆၆ ဒါဇင်ခွဲ ၊ ကျောင်းအတွက် ဘောပင် ၁၀ ဒါဇင် တို.လှုဒါန်းနိုင်ခဲ့ပါသည် ။



ထို.နောက်ဆက်လကိထွက်ခွာခဲ့ကြရာ ၀ါးခယ်မအရှေ.ပိုင်း ပရဟိတကျောင်းသို. မွန်းလွဲ ၁နာရီ ခွဲခန်. တွင်ရောက်ရှိခဲ့ကြပါသည် ။ ဆရာတော်.ထံ Collector များမှ ကျောင်းရှိ ပရဟိတကလေးငယ် ၅၀ ခန်.အတွက် နေ.လည်စာ နှင်. ပရဟိတကျောင်းရှိ အလယ်တန်းကျောင်းသား /သူ ၂၂ ဦးတို.အတွက် ကျောင်းဝတ်စုံများ လှုဒါန်းခဲ့ကြပါသည် ။ ထို.အပြင် အလှုရှင် ၀ါးခယ်မသခင်သိန်းဖေ လှုဒါန်းထားသော ယခုနှစ် စတင်ဖွင်.လှစ်သည်. ကျောင်းဝင်းအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆိုင်ရာ ကိစ္စရပ်များအား ဆရာတော်နှင်. တိုင်ပင်ပြီး SS Avenue အနေဖြင်. ထိုကျောင်းရှိ သူငယ်တန်း မှ စတုတ္ထတန်းအထိ ကလေးငယ်များအတွက် အတန်းတင်စာမေးပွဲတွင် ပထမ၊ ဒုတိယ ၊ တတိယ ရသူများအား ( အခြားတာဝန်ယူသူများမပေါ်ပေါက်မှီ အနည်းဆုံး ၃နှစ် ) တာဝန်ယူဆုချီးမြှင်.ပေးရန် အဆိုပြု ညှိုနှိုင်း ခဲ့ပြီး ဆရာတော်မှလည်း သဘောတူခဲ့ပါသည် ။


SS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ) အဖွဲ. ၏ Educational Supporting Program 2015 အရ   လှုဒါန်းမှု အစီအစဉ်များ၏ စတုတ္ထမြောက် ကျောင်းအဖြစ် သဲကုန်း ကျေးရွာ အမက သို. မွန်းလွဲ ၃နာရီခန်.တွင် ရောက်ရှိခဲ့ကြပါသည် ။ရောက်ရောက်ချင်း ကလေးငယ်များ နှင်. တက်ရောက်လာသူများအား မုန်.များ လိုက်လံဝေငှပါသည် ။


 ရောက်ရှိခဲ့သော ကျောင်းများအနက် ယခုကျောင်းလေးတွင်မူ အခမ်းအနား တစ်ရပ်အသွင် စနစ်တကျပြင်ဆင်ထားသည်ကိုတွေ.ရှိရပါသည် ။ အခမ်းအနားမှုး အဖြစ် ဆောင်ရွက်သော ဆရာမလေး ၂ ဦးက အခမ်းအနားအစီအစဉ် ဖတ်ကြားခြင်း ၊ အခမ်းအနားဖွင်.လှစ်ခြင်း ၊ SS Avenue မှ Collector တစ်ဦးက ရှေ.ပိုင်းအစီအစဉ်များ အချိန်အနည်းငယ်ပိုသွားသည်.အတွက် မိမိတို.ရောက်ရှိချိန်နောက်ကျရသဖြင်. ကလေးငယ်များအားတောင်းပန်ပါကြောင်း အရင်ဆုံးပြောကြားပြီး အဖွဲ.အကြောင်း ၊ လှုဒါန်းရန်စုဆောင်းရပုံများ ၊ ကလေးငယ်များ ပညာတတ်များဖြစ်အောင်ကြိုးစားရန် လိုအပ်ပုံ နှင်. နောင်တွင် မိမိတို.ရပ်ရွာ /ကျောင်း / မြို.အတွက် မိမိတို.တွင်မဖြစ်မနေ လုပ်ဆောင်ပေး၇န် တာဝန်ရှိပုံ တို.ကိုပြောကြားပြီးနောက် လှုဒါန်းမှု အစီအစဉ် စတင်ခဲ့ပါသည် ။ အလှုရှင်များ နှင်. အဖွဲ.ကိုယ်စား ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာအောင် မှ ကလေးငယ်များအား တစ်ဦးချင်းစီ ပေးအပ်ပါသည် ။ထို.နောက် Collector တစ်ဦးမှ ကျောင်းအုပ်ဆရာမကြီးထံ ကျောင်းတွင်အသုံးပြုရန် ဘောပင် ၁၀ ဒါဇင် လှုဒါန်းခဲ့ပါသည် ။

ထို.နောက်ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် “ မိမိဤကျောင်းသို.တာဝန်ကျသည်.အချိန်မှစ၍ ကလေးငယ်များ ထီး ၊ ဖိနပ် ၊ မိုးကာ စသည်တို. ဆောင်ကြပါရန်ပြောသော်လည်း မိဘများကိုယ်တိုင်က ၀ယ်မပေးနိုင်သဖြင်. မိမိကိုယ်တိုင်လည်း မတတ်နိုင်ပဲ စိတ်မကောင်းသာ ဖြစ်ရကြောင်း ၊ ယခုကဲ့သို. ပြည်.ပြည်.စုံစုံ လှုဒါန်းမှုမျိုး မြင်ရသောကြောင်. မျက်ရည်ကျမတတ်ပိတိဖြစ်ရပါကြောင်း ၊အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်အဖွဲ.နှင်. အလှုရှင်များကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း.” ပြောကြားခဲ့ပါသည် ။
ထို.နောက်ကလေးငယ်များက အလှုရှင်များအားဆုတောင်းမေတ္တာပို.သပြီး နှုတ်ဆက်ခဲ့ကြပါသည် ။

အခမ်းအနားအပြီးတွင် ထိုအခမ်းအနားသို.တက်လာသော ကျေးရွာ အုပ်ချုပ်ရေးမှုး ကလည်း အဖွဲ.ကိုကျေးဇူးအထူးတင်ပါကြောင်း မိမိတို.ရွာလေးသည် အိမ်ခြေ ၆၀ ခန်.အနက် ၂၅% ခန်.သာ ကိုယ်ပိုင်လယ်လုပ်ငန်းရှိသဖြင်. ချို.တဲ့ပါကြောင်း ၊ နောက်နောင်လည်း ယခုလိုလာရောက်လှုဒါန်းနိုင်ပါစေကြောင်း ပြောကြားခဲ့ပါသည်။
ထိုကျောင်းလေးတွင် ကျောင်းသား/သူပေါင်း ၅၇ ဦး ရှိပြီး ထိုနေ.က လှုဒါန်းနိုင်ခဲ့မှု မှာ မိုးကာ ၂၁ စုံ ၊ ဖိနပ် ၂၉ ရံ ၊ ကျောင်းဝတ်စုံ ၁၂ စုံ ၊ ဦးထုပ် ၅၇ လုံး ၊ ခဲတံ ၈ဒါဇင် ၊ ခဲဖျက် ၂ဒါဇင် ၊ ပေတံ ၂ဒါဇင် ၊ ခဲဆန်ဘောပင် ၂၄ ဒါဇင်ခွဲ ၊ ခဲဆန်ဘူး ၁၄ ဒါဇင်၊ ဗလာစာအုပ် ၅၀ ဒါဇင် နှင်. ကျောင်းအတွက် ဘောပင် ၁၀ ဒါဇင်တို. ဖြစ်ပါသည် ။



အဖွဲ. ၏ Educational Supporting Program 2015 အရ  ပြုလုပ်ခဲ့သော လှုဒါန်းမှု အစီအစဉ်များ အနက် ပဉ္စမမြောက်အဖြစ် ပညာအလင်း လူငယ်.ရေးရာညကျောင်း အားရွေးချယ်ခဲ့ပါသည် ။

ထိုသို.ရွေးချယ်ရခြင်းမှာ  ထိုကျောင်းကို လူငယ်များဦးစီးလျှက် ယခုနှစ်မှ စတင်ဖွင်.လှစ်ခဲ့သော ကျောင်းဖြစ်ခြင်း ၊ ကျောင်း၏ဦးတည်ချက် နှင်. လုပ်ငန်းစဉ်များဖြစ်သော   မြို့နယ် အတွင်းရှိ လူငယ်လူရွယ်များကို အသိပညာ အတတ်ပညာ ကောင်းမွန်သော ကိုယ်ကျင့်တရားတို့နှင့် ပေါင်းစပ်၍ စွမ်းအားမြင့် လူ့အရင်း အမြစ်များ အဖြစ် ပြုစုပျိုးထောင်ပေးရန်  နှင်.၁။ တက္ကသိုလ် ၀င်တန်းဖြေဆိုမည် ကျောင်းသားကျောင်းသူများ (အထူးသဖြင့် ဆင်းရဲချို့တဲ့သူများ) အားလုံး လက်လှမ်းမီနိုင်သော ပညာရေး ကျောင်းကို ရုံးချိန် အလုပ်ချိန် ပြင်ပတွင် ဖွင့်လှစ်ပေးရန်၂။ စည်းကမ်းတကျ နေထိုင်တတ်ရန်နှင့် အသင်းအဖွဲ့ဖြင့် ဆောင်ရွက် တတ်ရန် လေ့ကျင့်ပေးရန်၃။ ကောင်းမွန်သည့် ကိုယ်ကျင့်တရားနှင့် အလေ့အကျင့်များ ရရှိနိုင်စေရေး မွေးမြူထိန်းကျောင်းပေးရန်၎။ စိတ်ဓါတ်ခွန်အားနည်းသော ကျောင်းသားကျောင်းသူများကို စိတ်ဓါတ် မြှင့်တင်ရေး ဆောင်ရွက်ပေးရန်  စသည်တို.ကိုသဘောတူ လက်ခံခြင်းတို.ကြောင်. ဖြစ်ပါသည်

ထိုသင်တန်းကို  ၂၀၁၅ ဇူလိုင်လ  ၂၃ ရက် ကြာသပတေးနေ့ ညနေ ၅း၃၀ နာရီ အချိန်တွင် ဈေးရပ်ကွက် မူလတန်းကျောင်း၌ ဖွင်.ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားတွင်ပင် SS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ) အဖွဲ.ကိုယ်စား Donor တစ်ဦးဖြစ်သော ဦးစိုးသီဟ မှ သင်ကြားရေးဆိုင်ရာ နှင်. စတင်ဖွဲ..တည်ခြင်းဆိုင်ရာ လိုအပ်ချက်များအတွက် အလှုငွေ ကျပ်တစ်သိန်း နှင်.ကျောင်းသား/သူ များအတွက် ဘောပင် အချောင်း ၂၂၀ - ခဲဆံဘောပင် ၂၄ ချောင်းအား လှုဒါန်းခဲ့ရာ ပညာအလင်း လူငယ်.ရေးရာညကျောင်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခိုင်ဇော်မှ လက်ခံရယူပေးခဲ့ပါသည် ။

တက္ကသိုလ်ဝင်တန်း ပြင်ပဖြေကျောင်းသား များအတွက်အထောက်အကူကောင်းဖြစ်သော ၊အကြောင်းကြောင်းကြောင်. ကျုရှင်မယူဖြစ်ခဲ့ကြသော ကျောင်းသား/သူများအတွက် အစီအစဉ်ကောင်းဖြစ်သော ၊ မြို.နယ် အောင်ချက်အတွက် အထောက်အပံ.ကောင်းတစ်ခုဖြစ်လာနိုင်သော ဤပညာရေူး လုပ်ငန်းအတွက် SS Avenue of WKA အနေဖြင်. လှုဒါန်းခွင်.ရရှိခြင်းအား အထူးကျေနပ်အားရမိပါသည် ။ ဤသင်တန်းသည်လည်း အောင်မြင်စွာဖြင်. ရာသက်ပန် တည်တံ.နိုင်ပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည် ။



အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်အဖွဲ. ( SS Avenue of WKA ) အနေဖြင်. ဘဲချောင်း-ချောင်းဖျား အမက သို.လှုဒါန်းမှုအပြီးတွင် ဘဲချောင်း-မြို.မ ကျေးရွာရှိ လူထုရှင်းသန်.အဖွဲ.၏ ကွန်ပြူတာသင်တန်း ၊ စက်ချုပ်သင်တန်း ၊ အင်္ဂလိပ် စကားပြောသင်တန်းများ ဖွင်.ပွဲသို. လည်းတက်ရောက်ခဲ့ပါသည် ။ ထိုအခမ်းအနားအပြီးတွင် အဖွဲ.၏ Founder ဖြစ်သူ ကိုရှင်းသန်. မှ အဇွဲ.စတင်တည်ထောင်ဖြစ်ပုံ ၊ လက်ရှိ လုပ်ဆောင်နေမှု ၊ ယခုဖွင်.လှစ်သော သင်တန်းအခြေအနေ ၊ နောင်ဆက်လက် လုပ်ဆောင်မည်. လုပ်ငန်းစဉ်များ အကြောင်း အသေးစိပ်ရှင်းလင်းပြောကြားခဲ့ပါသည် ။ ( ထိုအဖွဲ. အကြောင်းကို အလျဉ်းသင်.ချိန်တွင် သီးခြားရေးသားတင်ပြပါမည် ) ။ ထိုအသင်း၏ဆောင်ပုဒ်မှာ စိတ်ဓါတ်မြှင်.ပေး ပညာတက်ရေး - လူမျိုးဘာသာ အတန်းအစားမရွေး - ဒို.တွေအားလုံး ၀ိုင်းကူပေး ဖြစ်ပြီး ထိုနေ.က သင်တန်းများသို.သင်တန်းသား/သူ ၅၀ ခန်.တက်ရောက်ခဲ့ ပြီး အခမဲ့ ပညာဒါန သင်တန်း ဖြစ်ကြောင်းသိရှိရပါသည် ။ မြောင်းမြဇာတိဖွား ဖြစ်သော်ငြား မိမိတို.မြို.လေး၏ ဒေသတစ်ခုတွင် စတင်၍ ယခုကဲ့သို. လုပ်ငန်းမျိုးကို လာရောက်လုပ်ကိုင်ဖြစ်ခဲ့ခြင်း အတွက်ကိုထက်အောင် ( ခ ) ကိုရှင်းသန်. ( လူထုရှင်းသန်.ပညာရေး နှင်. လူငယ်များ စိတ်ဓါတ်မြှင်.တင်ရေး ကူညီမှုအသင်း တည်ထောင်သူ ) အား ကျေးဇူးတင်ရှိ ရပါသည် ။

 

ယခု Educational Supporting Program 2015 ၏ နှစ်ဦးအစီအစဉ်အရ ( အလှုရှင်များ ၊ Collector များ ၊ ပူးပေါင်းဆောင်ရွက်သူများ၏စုပေါင်းအားဖြင်. ) လှုဒါန်းနိုင်ခဲ့မှုများမှာ ကျောင်း ၅ကျောင်းမှ ကျောင်းသား/သူပေါင်း ၅၂၂ ဦးတို.အတွက်  ကျောင်းဝတ်စုံ - ၁၃၃စုံ ၊ ထီး - ၄၂ လက်  ၊ မိုးကာ - အစုံ ၇၀ ၊ ဖိနပ် - ၅၂ ရံ  ၊ ကျောပိုးအိတ် - ၁၉ လုံး  ၊ ဦးထုပ် - ၈၂ လုံး ၊ ဘောပင်ထည်.အိတ် - ၂၆အိတ် ၊ ပေတံ - ၂၄ချောင်း၊ ခဲဖျက် - ၂၄ ခု ၊ ခဲတံ - ၃၈၄ ချောင်း ( ၃၂ ဒါဇင် ) ၊ ခဲဆန်ဘောပင် -  ၇၅၆ ချောင်း ( ၆၃ဒါဇင် ) ၊ ခဲဆန်ဘူး - ၆၀၆ ဘူး ( ၅၀.၅ ဒါဇင် ) ၊ ဘောပင် - ၁၄၀၈ ချောင်း ( ၁၁၇ ဒါဇင် ) ၊ ဗလာစာအုပ် - ၁၄၀၄ အုပ် ( ၁၁၇ ဒါဇင် ) ၊  ကျောင်းသား/သူ ငယ်များအား မုန်.အခုရေ ၂၀၀ ကျော်ခန်. ၊ ပရဟိတကလေးငယ်များအတွက် နေ.လည်စာ တစ်နပ် ၊ လူငယ်.ရေးရာ ညကျောင်းအတွက် အလှုငွေ တစ်သိန်း တို. လှုဒါန်းနိုင်ခဲ့ပြီး ပရဟိတကျောင်းဝင်းအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ သူငယ်တန်းမှ စတုတ္ထတန်းအထိ ဆုချီးမြှင်.ရေးဆိုင်ရာ ကိစ္စရပ်ကို အနည်းဆုံး ၃ နှစ်တာဝန်ယူရန် သဘောတူညီနိုင်ခဲ့ပါသည် ။

Secluded Serene Avenue of WKA – SS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်အဖွဲ. ) အနေဖြင်. ၂၀၁၂ ခုနှစ်တွင် လှုဒါန်းမှုများစတင်ပြုလုပ်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် ပညာရေးကိုသာ အားစိုက်လျှက် Educational Supporting Program များဖြင်. နှစ်စဉ်လှုဒါန်းနိုင်ခဲ့ခြင်းများမှာ စေတနာထက်သန်စွာ လှုဒါန်းပေးနေကြသူများ ၊ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးနေကြသူများ ကြောင်.သာ အောင်မြင်နေခဲ့ခြင်း ဖြစ်ပါသည် ။ ထိုသို. ပူးပေါင်းဆောင်ရွက်လှုဒါန်းမှုများအတွက်လည်း အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်အဖွဲ. အနေဖြင်.အထူးကျေးဇူးတင်ရှိရပါသည် ။


ဓါတ်ပုံများကို အောက်ပါ Link များတွင်ကြည်.ရှု နိုင်ပါသည် ။









ဆက်စပ် Post များ