Thursday, July 17, 2014

အေးချမ်းရိပ်ငြိမ် ပညာကုသိုလ်၏ ပီတိအား မျှဝေခြင်း

အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.၏ ပညာသင်ထောက်ပံ.ကြေးဆိုင်ရာ ဂတိစာချုပ် နှင်. ပထမဆုံး စာချုပ်ချုပ်ဆိုရာ မဟာပုည ၀တ်အသင်းတန်ဆောင်း
Secluded Serene Avenue of WKA Group – SS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ) ၏ Educational Supporting Program 2014 အရ လှုဒါန်းမှု အစီအစဉ်များကို ၂၀၁၄ ဇူလိုင် ၆ ရက်နေ. က ၀ါးခယ်မမြို.တွင် ပြု  လုပ်ခဲ့ပါသည် ။

ထိုသို.ပြုလုပ်ရာတွင် ၀ါးခယ်မမြို. ဘုရားကြီးနောက်ရှိ ကျုံစိန်ရေကျော် အမက ကျောင်း တွင် တက်ရောက်နေသော ကျောင်းသား / သူ ၇၈ ယောက်တို.အနက် ချို.တဲ့ကျောင်းသား / သူ များအား ကျောင်းဝတ်စုံ ၊ ထီး ၊ မိုးကာ ၊ ဖိနပ် ၊ လွယ်အိတ် စသည်တို.လှုဒါန်းပြီး ကျန်ကျောင်းသား အားလုံးတို.အား ဗလာစာအုပ် ၊ ခဲဆံ ဘောပင် ၊ ခဲဆံ ဘူး များလှုဒါန်းခြင်း ၊ လူငယ်ဖွံ.ဖြိုးရေး စင်တာ ( Youth Development Center )  ရှိ Technological Knowledge Development & Sharing Group WKA သို. အလှုငွေ ၅၀၀၀၀ ကျပ် လှုဒါန်းခြင်း ၊ အားမာန်သစ် မသန်စွမ်းအဖွဲ. မှ ကျောင်းတက်နေသော ကျောင်းသားလေးများ အနက် နားကြားကိရိယာ လိုအပ်နေသော ၅တန်းကလေးငယ်တစ်ဦးအား ၁၉၀၀၀၀ တန်ဖိုးရှိ နားကြားကိရိယာ တစ်ဖက်၊ ဘောပင် ၊ ဗလာစာအုပ် နှင်.  ခြေအဂါင်္ မသန်စွမ်း ၈တန်းကျောင်းသားငယ်အတွက် Steel ချိုင်းထောက်တစ်စုံ ၊ မိုးကာ အကျီင်္ ၊ ဗလာစာအုပ် ၊ ဘောပင် တို.ကိုလှုဒါန်းခြင်း ၊ ပရဟိတကျောင်းမှ ၉တန်း နှင်. ဆယ်တန်း တက်ရောက်နေသော ကျောင်းသား များ၏ တစ်နှစ်တာ ပညာသင်စရိတ် ( ကျုရှင်လစာ အပါအ၀င် ) ကို လှုဒါန်းခြင်း ၊ မကွေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဦး ၀င်းမြတ်အေး ၊ ဒေါက်တာကိုကိုလင်း နှင်. SS Avenue of WKA Group တို.စုပေါင်း လှုဒါန်းသော ပရဟိတကလေးငယ်များအတွက် နေ.လည်စာ ကျွေးမွေးခြင်းနှင်. လှုဒါန်းမှု အခမ်းအနား တက်ရောက်လာပေးသော အားမာန်သစ် မသန်စွမ်း အဖွဲ.၀င်များအား တည်ခင်းဧည်.ခံခြင်း ၊ ထော်ကနွတ်ကျောင်း မှ ကျောင်းသား ၁၀၇ ယောက်အနက် ချို.တဲ့သူများကို ကျောင်းဝတ်စုံ ၊ ထီး စသည်တို. ပံ.ပိုးလှုဒါန်းခဲ့ပြီး ကျန်ကျောင်းသားအားလုံးအား ဗလာစာအုပ် ၊ ခဲဆံဘောပင် ၊ ခဲဆံ ဘူးများ လှုဒါန်း ခြင်း ၊ တရုတ်တန်း ကျောင်း မှ ကလေးငယ် ၇၇ ယောက်အနက် ချို.တဲ့ ကလေးငယ်များအား ကျောင်းဝတ်စုံများ ၊ ထီးများ လှုဒါန်းပြီး ကျန်ကလေးငယ်အားလုံးတို.အား ဗလာစာအုပ် ၊ ခဲဆံဘောပင် ၊ ခဲဆံဘူးများ လှုဒါန်းခြင်းများ ပြုလုပ်ခဲ့ပါသည် ။

ထိုပြုလုပ်ခဲ့သော ကိစ္စရပ်တို.နှင်. ပတ်သက်သော အမြင်အချို.ကို စုစည်းတင်ပြပါမည် ။
ထိုနေ.က အလှုသို.လိုက်ပါပေးခဲ့ပြီး Group ၏ Member တစ်ဦးလည်းဖြစ်သူ Donor တစ်ဦးလည်းဖြစ်သော ဒေါက်တာ သဇင်နှင်းက ဤသို. ရေးသားခဲ့ပါသည် ။

ဝါးခယ်မသူ ဝါးခယ်မသားများ online ပေါ်မှစတင်ဖွဲ့စည်းဖြစ်ခဲ့သော Secluded Serene Avenue of WKA group အေးချမ်းရိပ်ငြိမ်ပညာကုသိုလ်အဖွဲ့ အနေနဲ့ အလှူတွေလုပ်နေတာ ၃နှစ်ရှိပါပြီ။
တတ်နိုင်သလောက်လည်း အလှူပါဝင်ဖြစ်ခဲ့ပါတယ်။
ကိုယ်တိုင်တော့ ဒီနေ့မှ ပထမဆုံးပါဝင်ဖြစ်ခဲ့ပါတယ်။
ဝါးခယ်မက အရမ်းကြီးကျယ်တဲ့မြို့ကြီး မဟုတ်ပေမယ့်
မြို့ပေါ်မှာ ကြီးပြင်းလာခဲ့ရတာပါ။ ဒီနေ့မှ ဝါးခယ်မတစ်ဖက်ကမ်းက ထော်ကနွတ် မူလတန်းကျောင်း၊ တရုတ်တန်းမူလတန်းကျောင်းတွေကို ရောက်သွားတော့ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေနဲ့ လူနေမှုဘဝတွေကို သိခွင့်ရခဲ့ပါတယ်။
ဝါးခယ်မတစ်ဖက်ကမ်းက သိပ်ဝေးလှတဲ့ခရီးမဟုတ်ပေမယ့် ကျေးလက်တောရွာလေးတွေဆီကို ခရီးတစ်ခုထွက်ခဲ့ရသလိုပါပဲ။ရွံ့ဗွက်တွေနဲ့ လမ်းကလည်းမကောင်းတော့ ပင်ပန်းခဲ့ပါတယ်။
သွားရတာပင်ပန်းပေမယ့် ကျောင်းတွေကိုရောက်လို့ ကျောင်းဝတ်စုံ၊ထီး၊ ဗလာစာအုပ်၊ခဲတံတွေကို ကလေးတွေလက်ထဲလှူရတဲ့အခါမှာ သူတို့လေးတွေလည်းဝမ်းသာကြတာကို ကြည့်ပြီး ပီတိဖြစ်ရပါတယ်။
အလှူရှင်များကျန်းမာ ချမ်းသာကြပါစေ လို့သံပြိုင်ဆုတောင်းပေးတာ ကြားရတဲ့အခါမှာလည်း ရင်ထဲမှာ ပြောမပြတတ်အောင် ခံစားမိပါတယ်။
သူတို့လေးတွေ လိုအပ်နေတာတွေကို အကုန်မဖြည့်ဆည်းနိုင်ပေမယ့် ကိုယ်တတ်နိုင်သလောက်တော့ လှူပေးခဲ့ပါတယ်။နောက်ကိုလည်း ဒီထက်ပိုလှူချင်ပါသေးတယ်။


ထို.အပြင် ကျုံစိန်ရေကျော် ကျောင်း၏ အကျိုးဆောင် တစ်ဦးဖြစ်သော ကိုအောင်ကျော် ကလည်း ဤသို.ရေးသား ဂုဏ်ပြုခဲ့ပါသည် ။

ကျွန်တော်တို ရေကျော်ရပ်ကွက် ကျုံစိန်ရေကျော် မူလတန်းကျောင်းလေးဟာ ဆင်းရဲတဲ့ ကလေးသူငယ်များရဲ့ ဘ၀ ပညာရေးစတင်ရာ နေရာလေးဖြစ်ပါတယ် ဆင်းရဲသားကျောင်းလေးဆိုတော့ လိုအပ်ချက်တွေက အများကြီးပါ
ကျွန်တော်ငယ်ငယ်က ဒီကျောင်းလေးမှာ ကျောင်းတက်ရင်း ထီးမရှိလို့ မိုးရေထဲမှာအပြေးကျောင်းကိုသွားခဲ့ရပြီး မိုးစိုလို့နေမကောင်းမှာစိုးရိမ်တဲ့အတွက် ဆရာမဆူတာခံလိုက်ရတယ် အခုလို wka သားများစုစည်းထားသည့် အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ့ မှ လှူဒါန်းမှုကိုတွေ့လိုက်ရတော့ အံ့သြ၀မ်းသာ ကြည်နှူးမိပါတယ် လှူဒါန်းကြတဲ့သူတွေပြောတာတော့ သူတို့ဟာချမ်းသာပြည့်စုံကြတဲ့သူတွေ မဟုတ်ကြပါဘူးတဲ့ ၀ါးခယ်မသားများပါဝင်တဲ့ အနယ်နယ်အရပ်ရပ်က သူတွေစုပေါင်းပြီး လှူဒါန်းကြတာလို့ပြောသွားပါတယ် ပုံတွေကိုကြည့်လိုက်ပါ ကျွန်တော်မြင်လိုက်ရတာက သူတို့ဆီမှာ ကြည်နှူးမှုအပြည့်နဲ့ပါ ပျော်နေကြပုံရပါတယ် စိတ်ချမ်းသာပျော်ရွင်နေတာ တွေ့ရပါတယ် ဒါဆိုသူတို့အားလုံး မွန်မြတ်တဲ့စိတ်ဓါတ်တွေ ချမ်းသာနေမှာ ချမ်းသာသူတွေဆိုတာသေချာပါတယ် သူတို့ချမ်းသာနေကြပါပြီဆိုတာ ကျွန်တော်သေချာပေါက်ပြောရဲပါတယ် ကျွန်တော်လဲ သူတို့လိုချမ်းသာအောင်လုပ်ရမယ် အားလုံးသော Fri တို့လဲ သူတို့လို ချမ်းသာကြပါစေလို့ဆုတောင်းရင်း အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ့အား ကျောင်းကိုယ်စား ကျေးဇူးတင် စွာဖြင့် သမိုင်းမှတ်တမ်း တင်အပ်ပါတယ်ခင်ဗျား ...........


ထို.အပြင် အားမာန်သစ် မသန်စွမ်းအဖွဲ. ( ၀ါးခယ်မ ) ၏ စဦးတည်ထောင်သူ တစ်ဦးဖြစ်သော ကိုဇေယျာမင်း ကလည်း ဤသို.ကျေးဇူးတင် ဆုတောင်း ဖော်ပြခဲ့ပါသည် ။

"အားမာန်သစ် မသန်စွမ်းသူများအသင်း(ဝါးခယ်မ)သို့ အေးချမ်းရိပ်မွန်ပညာကုသိုလ်အဖွဲ့မှ လှူဒါန်းမှု အတွက် ကျေးဇူးတင်မှတ်တမ်းလွှာ"

ဇူလိုင်လ ၆ရက် ၂၀၁၄ခုနှစ်တွင် "အေးချမ်းရိပ်ငြိမ်ပညာကုသိုလ်အဖွဲ့" မှ ဝါးခယ်မမြို့ပေါ်ရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် တက်ရောက်နေကြပြီး ပညာရေးဆိုင်ရာ ထောက်ပံ့မှုလိုအပ်လျှက်ရှိသော ကျောင်းသား/သူများအတွက် စာရေးကရိယာများ၊ ဗလာစာအုပ်များ၊ ထီး၊ မိုးကာနှင့် အခြားကျောင်းသုံးပစ္စည်းများလှူဒါန်းခြင်းများပြုလုပ်ခဲ့ရာ မြသိန်းတန်ရပ်ကွက်ရှိ ပရဟိတဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သော ပညာရေးဆိုင်ရာထောက်ပံ့မှု လိုအပ်လျှက်ရှိသော ကျောင်းသား/သူများအတွက် စာရေးကရိယာများ၊ ဗလာစာအုပ်များ၊ ထီး၊ မိုးကာနှင့် အခြား ကျောင်းသုံးပစ္စည်းများလှူဒါန်းပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ယခုနှစ် ဧပြီလတွင်မှ စတင်ဖွဲ့စည်းခဲ့သော "အားမာန်သစ် - မသန်စွမ်းသူများအသင်း(ဝါးခယ်မ)" ၏ အသင်းဝင်မသန်စွမ်းသူ ၂ ဦးတို့ကိုလဲ ကျောင်းသုံးပစ္စည်းများအပြင် မသန်စွမ်းသူသုံး အထောက် အကူပြုပစ္စည်းများကို လဲလှူဒါန်းခဲ့ပါသည်။

မောင်သီဟမင်းထက် (ဆေးရုံရပ်ကွက်၊ ဝါးခယ်မမြို့)Grade 6 အတွက် စာရေးကရိယာများ၊ ဗလာစာအုပ်များနှင့် ၁၉၀,၀၀၀ ကျပ်တန်ဖိုးရှိ
Hearing Aid (အကြားအာရုံမသန်စွမ်းများ အသုံးပြုသော နားကြပ်)၊

မောင်အောင်ကျော်ထူး Grade 9 (ဝဲကြီးကျေးရွာ၊ ဝါးခယ်မမြို့နယ်) အတွက် စာရေးကရိယာများ၊ ဗလာစာအုပ်များ၊ မိုးကာနှင့် ၂၃,၀၀၀ ကျပ်တန်ဖိုးရှိ Steel Crutches (စတီးချိုင်းထောက် ၁စုံ)

တို့ကို လှူဒါန်းပေးခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုများမှာ အမှန်တကယ်လိုအပ်လျှက်ရှိသည်များကို လှူဒါန်းခဲ့ကြခြင်းဖြစ်ရာ လှူဒါန်းမှုကိုလက်ခံရရှိသူများမှာ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါသည်။ မသန်စွမ်းသူများမှာ ဘဝပေးအခြေအနေအရ မသန်စွမ်းမှုရှိကြသော်လည်း လိုအပ်နေသော အထောက်အကူပြုပစ္စည်းများတပ်ဆင်ပေးလိုက်ပါက သာမာန်သန်စွမ်းသူများနည်းတူ သွားလာ လှုပ်ရှား ပညာသင်ကြားနိုင်ကြမည်ဖြစ်ရာ ယခုကဲ့သို့သော အလှူဒါနမျိုးမှာ အလွန်မွန်မြတ်သည် သာမက မသန်စွမ်းသူတို့၏ ဘဝကိုတစ်ဘက်တစ်လမ်းမှ ထိရောက်စွာမြှင့်တင်ပေးခြင်း ဖြစ်သောကြောင့် "အေးချမ်းရိပ်ငြိမ်ပညာကုသိုလ်အဖွဲ့"သို့ "အားမာန်သစ် - မသန်စွမ်းသူများအသင်း(ဝါးခယ်မ)" မှ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် "အေးချမ်းရိပ်ငြိမ်ပညာကုသိုလ်အဖွဲ့" သည်လည်း အဓွန့်ရှည်ကြာတည်တံ့ပါစေကြောင်း ၊ ယခုထက်ပိုမို၍ ဆထက်ထမ်းပိုးလှူဒါန်းမှုများပြုလုပ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


လောကတွင် အရသာအရှိဆုံး သုံးဆောင်ဖွယ် ၊ အမွန်မြတ်ဆုံးသော သုံးဆောင်ဖွယ် သည်ကား ပီတိဆိုသောအရာပင် ။ ထိုပီတိကို မိမိတို. အဖွဲ.၏ အလှုသို. ကူညီထောက်ပံ. လှုဒါန်းကြသူများ ၊ ပါဝင်ကူညီ ပေးကြသူများအားလုံးတို.အား မျှဝေပါသည် ။ မိမိတို.ကြောင်. အတိုင်းအတာ တစ်ခုအထိ အဆင်ပြေသွားကြသူများ ၊ ရာနှင်.ချီသော ပြုံးပန်းပွင်.များအပေါ် ထပ်ဆင်.ကြည်နူးနိုင်ပါစေဟု....

Secluded Serene Avenue of WKA Group – SS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် )

ဆက်စပ်ဖတ်ရှရန် 
SS Avenue of WKA ( အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် ) ၏ Educational Supporting Program      2014 အရ လှုဒါန်းမှု များ

No comments:

Post a Comment