Wednesday, April 30, 2014

ဝါးခယ်မမြို.နယ်အသင်း နာယက ကြီးများအား နှစ်ဦးကန်တော.ပွဲနှင်. သြ၀ါဒ ခံယူခြင်း



ဝါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) ၏ လက်ရှိအမှုဆောင်များမှ အသင်းကြီး၏ အစဉ်အဆက် တာဝန်များကို ကိုယ်ကျိုးမဖက် ထမ်းဆောင်ခဲ့ကြသော အသင်း၏ ဂုဏ်ထူးဆောင် နာယကကြီးများ ၊ နာယကကြီးများအား တတိယ အကြိမ်မြောက် နှစ်သစ်ဦး ပူဇော်ကန်တော.ခြင်း အစီအစဉ်နှင်. နာယက ကြီးများထံမှ သြ၀ါဒ နာယူခြင်း များအား ၂၀၁၄ ဧပြီလ ၂၇ ရက်နေ. မနက် ၁၀နာရီက ဗဟန်း M3 ပိတောက်ခန်းမ တွင်ပြုလုပ်ခဲ့ပါသည် ။ ထိုအခမ်းအနားသို. ဂုဏ်ထူးဆောင် နာယကကြီးများ ၊ နာယကကြီးများ ၁၁ ဦးတက်ရောက်ခဲ့ပြီး အမှုဆောင်အားလုံးနီးပါးလည်း တက်ရောက်ခဲ့ကြပါသည် ။

ကန်တော့မည့် အမှုဆောင်များနှင့် ဧည့်သည်ဝါးခယ်မသားများ ( Photo by Aye Aye Myint - SS Avenue of WKA )
ထိုအခမ်းအနားတွင် လက်ရှိအသင်းဥက္ကဋ္ဌ တာဝန်ယူထားသူ ဦးသန်းဋ္ဌေးမှ အသင်း၏လက်ရှိ လုပ်ဆောင်နေသော အခြေအနေများကို နာယကကြီးများအား ရှင်းလင်းပြောကြားခဲ့သည် ။ နာယကကြီးများအား ကန်တော.ချိုးဖြင်. ရှိခိုးကန်တော.ခြင်း ၊ ကန်တော.လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း တို.ပြုလုပ်ခဲ့ပါသည် ။ထိုသို.ကန်တော.ရာတွင် မြို.နယ်အသင်း ရန်ပုံငွေမှ ၃၀၀၀၀ စီ ၊ ၀ါးခယ်မမြို.နယ် အသင်းခွဲမှ ၁၅၀၀၀ စီ နှင်. တစ်ဦးချင်းစီ၏ ထပ်မံဖြည်.စွက်လှုဒါန်းမှုများ စုပေါင်းထည်.သွင်းကန်တော.ခဲ့ခြင်းဖြစ်သည် ။

အသင်းဥက္ကဋ္ဌ ဦးသန်းဌေးမှဂါရ၀ပြု ကန်တော့.လက်ဆောင်ပေးအပ်စဉ်( Photo by Aye Aye Myint - SS Avenue of WKA )

ထို.နောက် နာယကကြီးများ တစ်ဦးချင်းစီ၏ အထ္တုပတ္တို တို.ကိုဖတ်ကြားပြီးတက်ရောက်လာပေးသော နာယကကြီး ၁၁ဦးတို.မှ မိမိတို. ကျွမ်းကျင်ရာ နယ်ပယ်အလိုက် သြ၀ါဒ စကားများ ပြောကြား ခဲ့ကြသည် ။


တက်ရောက်လာပေးသော နာယကကြီးများအနက် ၀ါးခယ်မနွယ်ဖွား ဆရာတော်များ၏ အကြီးအကဲ ကြာနီကန်ဆရာတော် ဦးရေ၀တ ( ၀ါးခယ်မ ) က အသင်းအတွက်အလုပ်လုပ်ရာ တွင် ဆန္ဒပြင်းပြ၇မည် ။ စိတ်ဓါတ်တက်ကြွ ရှင်သန်နေရမည် ။ ဇွဲလုံ.လ လည်းပြင်းထန်ရမည် ။ စည်းလုံးမှု ရှိရမည် ဟူသော ဣဒ္ဓိပါဒ် ၄ပါးနှင်. ပြည်.စုံလျှင် ထာဝရ တိုးတက်စည်ပင်သော အသင်းဖြစ်မည် ဟူ၍ ဆုံးမသြ၀ါဒ ပြောကြားခဲ့သည် ။

နာယကကြီး ဦးသိန်းမြင့် နှင့် ဦးသောင်း  Photo by Aye Aye Myint - SS Avenue of WKA )
ကျန် နာယကကြီး ၁၀ဦးတို.အနက် ဗိုလ်မှုးကြီးအောင်ကြည် ( အငြိမ်းစား ) က ဘာသာရေး နှင်.ပတ်သက်၍ ၁၁မီး နှင်.ပတ်သက်၍ သဘာဝမီးဖြစ်သော အို၊နာ၊သေ နဂိုမီး ဖြစ်သော လောဘ ၊ ဒေါသ ၊မောဟ ဆိုသည်တို.က ရှောင်လွဲမရပဲ အပိုမီး ၅မီးဖြစ်သော သောက ၊ ပဋိဝေဒ ၊ဒုက္ခ ၊ ဒေါမနဿ ၊  ဥပရဿ တို.ကိုအတတ်နိုင်ဆုံး ရှောင်ရှားရန် ဆုံးမသလို ဂုဏ်ထူးဆောင် နာယက ကြီး ဒေါ်သိန်းဟန် က နောင်တက်လာသော လူများအနေဖြင်. တက်ကြွစွာ လုပ်ကိုင်နေကြသည်ကိုတွေ.ရသဖြင်. ကိုယ်.မြို.ကောင်းစားရေး စိတ်အားထက်သန်စွာ ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည် ။ နာယကကြီး ဒေါ်ခင်မြင်. ကလည်း မိမိတို.လက်ထက်ထက် ယခုအချိန်ပိုမိုအောင်မြင် သည်ကိုတွေ.ရပြီး   ခေါင်းဆောင်များက ဦးဆောင်ရမှာဖြစ်သလို ကျန်သူများက ၀န်းရံပေးကြရမည်ဖြစ်ပြီး အမှန်တကယ်စိတ်ဝင်စားစွာ လုပ်ဆောင်ကြ၇မည်ဖြစ်ကြောင်း ၊ အသင်းတိုက်၏ သန်.ရှင်းရေးကို ဂရုတစိုက်လုပ်ကြဖို.လိုကြောင်း ၊ တာဝန်ကျေသူများကို လုပ်ခလစာ တိုး၍  ချီးမြှင်.စေလိုကြောင်း ပွင်.လင်းတက်ကြွစွာ ပြောကြားသွားခဲ့သည် ။

ဒေါက်တာချစ်ဆိုင် (  Photo by Aye Aye Myint - SS Avenue of WKA )
နာယကကြီး ဒေါက်တာချစ်ဆိုင်က မြို.မှ ရန်ကုန်ရောက်လာသော ရောဂါသည်များအနက် အသည်းခြောက်ဝေဒနာ၇ှင် များပြားကြောင်း ၊ မြစ်ရေ ကို မိမိတို.ငယ်စဉ်ကပင်သောက်လာသော်လည်း ယခုတွင်မူ ဝေဒနာသည်ပိုများလာကြောင်း ၊ မြို.မှာအဖြစ်များတဲ့ ဘီပိုးနဲ.အသည်းခြောက်ရောဂါကာကွယ်ဖို. မြစ်ရေကိုမသောက်စေပဲ သန်.ရှင်းသော သောက်ရေ ရစေဖို. ၊ အဖွဲ.အစည်းတစ်ခုနဲ.ဆက်သွယ်ပြီး အိမ်တိုင်းစေ. လေ.လာသင်.ကြောင်း ၊ နောက်တစ်ခုအနေနဲ.မြို.ကကျောင်းသားတွေကိုအမြင်ကျယ်စေချင်ကြောင်း ၊စာရေးဆရာ ၊ကဗျာ ဆရာတွေရဲ.ဟောပြောပွဲတွေသာများပြီး မိမိတို.နိုင်ငံ နည်းပညာပိုင်းနောက်ကျနေမှုတွေ ၊ သူများတိုင်းပြည်ရဲ.ကြိုးစားမှုတွေ ၊ ဘယ်လိုင်းကိုယူရင် ဘ၀မှာ ဘယ်လိုေ၇ွးချယ်ရပ်တည်လို.၇မယ် ၊ ဘူမိဗေဒဆိုရင်လည်း တည်ရှိပုံ ၊ရှာဖွေပုံ ၊ အသုံးချပုံ နဲ.နောက်ဆုံးဝါးခယ်မမြစ်ေ၇မှာ ဘယ်ဒပ်ြတွေက ဘယ်လောက် ၊ ဘာပျော်ဝင်ပစ္စည်းတွေက ဘယ်လောက်ပါဝင်နေတယ်ဆိုတာမျိုး ၊ ရူပဗေဒဆိုရင်လည်း အနူမြူ နည်းပညာတွေအထိ ကျောင်းတွေမှာ ကျောင်းအုပ်၊ ပညာရေးမှုး စတာတွေ နဲ. တိုင်ပင်ပြီး ဟောပြောပွဲလေးတွေ လစဉ်ဖြစ်စေ ၊ ၂လတစ်ကြိမ်ဖြစ်စေ Projector တွေ ပါသုံးပြီး ရှင်းလင်းဟောပြောဖို.  သြ၀ါဒပေးခဲ့သည် ။

 Photo by Aye Aye Myint - SS Avenue of WKA )
ထို.အပြင်ဘာသာရေးအလိုက် ၀ိပဿနာ အားထုတ်ဖို.နာယကကြီး ဗိုလ်မှုးဖေသိန်း (ငြိမ်း ) ကအသိပေး ၊သတိပေးခဲ့သည် ။နာယက တစ်ဦးဖြစ်သော ဆရာကြီး ဦးအောင်သန်းကမူ ဂန္ဒီပြောကြားခဲ့သော I have nothing to teach you but only the truth ကိုပြောကြားသွားခဲ့သည် ။

ထို.အပြင် မျိုးဆက်သစ်အမှုဆောင်များ အနေဖြင်. လက်ရှိဒုဥက္ကဋ္ဌ ၀ါးခယ်မ ဦးရဲမောင်ကို သီးခြားထပ်မံကန်တော.ခဲ့ကြပြီး ဂုဏ်ထူးဆောင်နာယကကြီး ဦးအံ.ကျော် တည်ခင်းသော နေ.လည်စာ သုံးဆောင်ကြအပြီး အခမ်းအနားပြီးဆုံးခဲ့ပါသည် ။

ဓါတ်ပုံများ ကြည်.ရှုလိုပါလျှင် ... 

ဝါးခယ်မမြို.နယ်အသင်း(ရန်ကုန်)၏နှစ်ဦးပူဇော်ပွဲ နှင်. သြ၀ါဒခံယူပွဲဓါတ်ပုံများ

Monday, April 28, 2014

မြို.လေးဆီက သုတစုံလင်ဗုဒ္ဓဝင်ပထမအဆင့် စာမေးပွဲ




မြို.လေးဆီတွင် ၂၀၁၄ ဧပြီ ၂၆ ရက်နေ.ကသုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲ အလယ်တန်းအဆင်. ( ပဉ္စမတန်း မှ အဋ္ဌမတန်း ထိ ) ကလေးငယ်များ၏ ပထမဆင်. စာမေးပွဲဖြေဆိုခဲ့ကြသည်ဟု သိရပါသည် ။



နိုင်ငံတော်အဆင်.အနေဖြင်. တတိယ အကြိမ် ကျင်းပမည်ဖြစ်ပြီး မြို.အနေဖြင်. ပထမဆုံးအကြိမ် ကိုယ်ပိုင်စာစစ်ဋ္ဌာန ဖြင်.ဖြေခွင်.ရခြင်းဖြစ်သည် ။ပထမဆုံး ကျင်းပသော နှစ်က နိုင်ငံတော် အဆင်. စာစစ်ဌာန တစ်ခုသာ ရှိပြီး ဒုတိယနှစ်တွင် ရန်ကုန် ၊ မန္တလေး စာစစ်ဌာန ၂ခုဖြေခွင်.ပြုကာ ယခုနှစ်တွင်မူ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ဖျာပုံ ၊ ၀ါးခယ်မ ဟူ၍ စာစစ်ဌာန ၅ခုထိ တိုးချဲ.ဖြေဆိုခွင်. ပြုခဲ့သည်ဟုသိရသည် ။ ။တစ်နိုင်ငံလုံး စာစစ်ဋ္ဌာန ၅ခုတွင် ဧရာဝတီ တိုင်းက ၂ခုပါဝင်နေခြင်း ၊ တစ်နိုင်ငံလုံး စာစစ်ဋ္ဌာန ၅ခုသာရှိသည်.အနက် မိမိတို.မြို.လေး တွင် တစ်ခုဖွင်.ခွင်.ရခြင်းတို.က ဦးစီးဦးဆောင်သူများ ၊ ဘာသာရေးကို စိတ်ဝင်တစားလေ.လာနေကြသော ကလေးငယ်များ အတွက်လည်းကောင်း မြို.လေးအတွက်လည်းကောင်း ဂုဏ်ယူစရာလည်း ဖြစ်ပါသည် ။




ယခင် ရန်ကုန်တွင်သွားရောက်ဖြေဆိုရသော၂ကြိမ်ကမူ နောက်ဆုံးအဆင်.သို. တစ်ဦးစီသာ ပါဝင်ခွင်.ရရှိခဲ့ခြင်းဖြစ်သည် ။စာမေးပွဲပုံစံမှာ ပထမအကြိမ်စာမေးပွဲတွင် A , B , C သုံးဆင်.သတ်မှတ်ပြီး A အဆင်.သာ ဒုတိယ စာမေးပွဲသို.၀င်ရောက်ခွင်.ရပြီး ထိုစာမေးပွဲတွင် မှအထူးချွန်ဆုံး ကလေး ၂၄ ဦးကိုထပ်မံရွေးချယ်ကာ နိုင်ငံတော် အဆင်.၀င်ရောက်ယှဉ်ပြိုင်ခွင်.ပြုခြင်းဟု သိရသည် ။ ဆုငွေအနေဖြင်. ပထမဆု ၁၀သိန်း ၊ဒုတိယဆု ၇သိန်း ၊ တတိယဆု ၅သိန်း ချီးမြှင်.သည်ဟုသိရသည် ။ မြို.အနေဖြင်. ပထမဆင်. ၀င်ရောက်ဖြေဆိုသူပေါင်း ၁၇၀ခန်. ရှိခဲ့သည်






ထိုသို.ဖြေဆိုရာတွင် ဗဟိုမှစီစဉ်သော မေးခွန်းကို ရေးဖြေဖြေ ဆိုရခြင်းဖြစ်ပြီး ဗဟိုမှ မေးခွန်းအပြင် လူပါလာရောက်စစ်ဆေးသည်ဟုလည်း သိရပါသည် ။ထိုသို.ဖြေဆိုနိုင်ရန် ပြဋ္ဌာန်းစာအုပ် ၂ခု ရှိပြီး   ဗုဒ္ဓဝင် နှင်.  ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်တို.ဖြစ်သည်ဟုသိရသည် ။




မိမိတို.ဘာသာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်အတွက် ကလေးဘ၀မှစ၍ စစ်မှန်သော ဘာသာရေးဗဟုသုတ ၊ ဘာသာရေးအသိ ၊ ဘာသာရေးဆိုင်ရာ အတွေးအခေါ်တို.ကို ပြည်.စုံလုံလောက်နေစေ၇န် လေ.ကျင်. ၊ ပံ.ပိုးပေးနေမှသာ မိမိတို. ဘာသာ ၊ မိမိတို. သာသနာကိုလုံခြုံစွာ စောင်.ရှောက် နိုင်မည်ဖြစ်ပေသည် ။ 

Data & Photos by Win Win Yi

Friday, April 25, 2014

အလိုမတူပဲ တက် ( ဂ် ) အလုပ်မခံကြရစေရန် နည်းလမ်း




Facebook သုံးစွဲနေကြသူတွေထဲမှာ ကိုယ်.အယူအဆ နဲ.ကိုယ်သုံးကြသည်ပေါ.ဗျာ
အချို.က ကိုယ်.အကြောင်း သွား ..လာ..လှုပ်ရှား...စိတ်ခံစား ရသမျှတင်သည်
အချို.က စာ..ကဗျာ..နိုင်ငံရေး..ဘာသာရေးယုံကြည်ချက်တွေ တင်သည် ..မျှဝေသည်
အချို.က သတင်းဖတ်ရုံ ..သူများရေးတာ ဖတ်ရုံသုံးသည်

ထိုအထဲတွင် အချို.က မိမိတို. Wall ကို သန်.သန်.လေးထားသည်
အချို.ကမိမိတို.မိတ်ဆွေများ Tag လုပ်သမျှ အားရ၀မ်းသာကြိုဆိုသည်
အချို.က သက်ဆိုင်သူအချို.သာ ၀င်ရေးစေသည်
အချို.ကတော. မည်သူ.ကိုမှ တင်ခွင်.မပေးပဲ မိမိရေးချင်ရာသာရေးသည်
ပြဿနာက တက်(ဂ် ) လုပ်ခံရခြင်းပင်ဖြစ်သည် ။ Tag လုပ်သည်ဆိုသည်က Facebook တွင် မိမိရေးသမျှကို အခြားသူတို.၏ Wall တွင်ပါ အပြည်.အစုံ လိုက်တင်ပေးခြင်းဖြစ်ပြီး  တစ်ကြိမ် Tag လျှင် လူ ၅၀ အထိ တိုက်ရိုက် Tag ခွင်..ပေးထားသည် ။



ထိုကဲ့သို.ပင် အချို.သော သူတို.က မိမိတို.ရေးသမျှ ..ခံစားရသမျှ..တွေ.မြင်သမျှ ကို မိမိ သီးသန်.သိစေလိုသူ ...တိုက်ရိုက်သိစေလိုသူ တို.သာမကပဲ Friend List ထဲ ရှိသမျှ Limit ကုန် Tag သည် ..အကြောင်းအရာ ပေါင်းစုံပါသည် ...ထိုအခါ မိမိတို.Wall ကို မိမိတို.ယုံကြည်ချက်အတွက် သီးသန်. သုံးသူများ ...မိမိခံစားချက် သီးသန်.သုံးသူများ...မိမိဘာသာ စနစ်တကျ စီမံထားသူများအဖို. စိတ်အနှောင်.အယှက်ဖြစ်ရသည် ။ မိမိ Wall သို. လာ မ Tag ပါရန် တောင်းပန်ကြရသည် ..ဟန်.တားကြရသည်..ထိုအခါ Social Network အတွင်း Public Relation Weak သူတစ်ယောက်လို ဖြစ်လာရသည် ။

ယခုကတော. ထိုအဖြစ်မျိုးမှ ကင်းဝေရန် လေ.လာမိသည်ကိုမျှဝေပါမည် ။အခြားသူများ မိမိတို. Wall တွင် Tag လာမလုပ်နိုင်ရန် ပိတ်ပင်နည်းဖြစ်ပါသည် ။ လေ.လာမိသော မူရင်း ပုံများအတိုင်း ရှင်းပြပါမည် ။ မူရင်းတင်ဆက်သူ အလွန်တော်ပါသည် ။

ပထမဆုံးအဆင်.ကနေအောက်ဆုံးထိ တောက်လျှောက်လုပ်သွားရုံပါပဲ ။





















Ref ; Mg Lu Mone

သရဲခြောက်တဲ့ ပြင်ဦးလွင် က ဟိုတယ်


ပြင်ဦးလွင်မှာ ဟိုတယ်တစ်ခုရှိတယ်ဗျ..။ နာမည်တော့ ထည့်မရေးတော့ပါဘူး..။ အင်္ဂလိပ်လက်ထက် ကတည်းက ရှိခဲ့တဲ့ဟိုတယ်တစ်ခုပေါ့ဗျာ.. ဒီလောက်ဆို သိမယ်ပါတယ်..။ တစ်ခေါက်က မိသားစုလိုက် ခရီးထွက်ရင်းနဲ့ အဲ့ဒီဟိုတယ်မှာ ၀င်တည်းခဲ့ဖြစ်ကြတယ်..။

ဟိုတယ်ဝန်းထဲ ၀င်ဝင်ချင်းပဲ ကျွန်တော့် ကိုယ်ပေါ်က ထူးဆန်းစွာ ကြက်သီးမွေးညှင်းတွေ ထလာတာကို သိလိုက်ရတယ်..။ ကျွန်တော် သိလိုက်ပြီ..။ ဒီဟိုတယ်မှာ တစ်ခုခုတော့ ရှိနေပြီ…။ ပြီးတော့ ကျွန်တော့် စိတ်ထင်နေလို့လား မသိဘူး…။ ဟိုတယ်က လူသူကင်းမဲ့ပြီး ခြောက်ကပ်နေတယ်လို့ ခံစားမိတယ်..။ ဒါနဲ့ပဲ Reception မှာ Check-In ၀င်တော့ မနေနိုင်ပဲ မေးမိသေးတယ်…။

"ခရီးသွားရာသီ မဟုတ်တော့ လူပါးနေတာပါ…" တဲ့..။
အဖြေက လက်ခံနိုင်စရာရှိတာကြောင့် ကျွန်တော်လည်း ငါကိုက အတွေးလွန်နေတာ ပါလေလို့ ဖြေသိမ့်လိုက်တယ်…။ ဒါနဲ့ပဲ အခန်းတွေ လိုက်ပြပေးဖို့ဆိုပြီး အဆောင် တစ်ခုကို ခေါ်သွားတယ်..။ ကျွန်တော် သိသလောက်တော့ အဲ့ဒီအဆောင်က ၀န်းကြီးကျင် ညာဘက်ထောင့်ဆုံး မှာ ရှိတယ်ဗျ..။ သီးသန့်ကြီး ရှိနေတဲ့ အဆောင်ကြီးပေါ့..။ သွားရင်းနဲ့ ကျွန်တော်လေ့လာကြည့်မိသလောက် ဒီအဆောင်ကြီးကို အင်္ဂလိပ်ခေတ်ထဲက တည်ဆောက်ထားပုံရတယ်..။ သစ်သားတွေကိုပဲ အများဆုံး အသုံးပြုထားပြီး ဒီဘက်ခေတ်မှာ အနည်းငယ်သာ ပြန်မွန်းမံထားတယ်လို့ ယူဆရတယ်..။

အဲ့ဒီအဆောင်ထဲ ၀င်လိုက်ချင်းပဲ ကျွန်တော် ကြက်သီးတွေ ထလာပြန်တယ်..။ အဆောင်စောင့်တဲ့ ကောင်လေး တစ်ယောက် ပြေးလာပြီး ဟိုတယ်ဝန်ထမ်းနဲ့ စကားတွေ ပြောကြတယ်..။ ပြီးတော့ ကျွန်တော်တို့ကို အပေါ် ထပ်ကို ခေါ်သွားတယ်..။ အဆောင်တစ်ခုလည်း တိတ်ဆိတ်ငြိမ်သက်နေပြီး ကြမ်းခင်းပေါ်မှာ ကျွန်တော်တို့ရဲ့ လမ်းလျှောက်တဲ့ခြေသံ "တကျွီကျွီ" က ကျယ်လှောင်စွာ ထွက်နေတယ်..။ ဒီလိုနဲ့ အဖေနဲ့အမေက တစ်ခန်း ကျွန်တော်က တစ်ခန်း ကပ်လျက် အခန်း ၂ ခန်းကို ယူလိုက်ကြတယ်..။

"အစ်ကို ဒီအခန်းမှာ နေမလို့လား.."
"ဟုတ်တယ်လေ… ဘာလို့လဲ.."
"သြော်..ဘာမှမဟုတ်ပါဘူး..ဒီအခန်းထဲမှာ အခန်းတစ်ခန်း အပိုရှိတယ်..အဲ့ဒါကို မဖွင့်ပါနဲ့လို့ ပြောမလို့ပါ.."
"ဟင် …. အခန်းအပို ဟုတ်လား… ဘယ်မှာလဲ…? "
ဟိုတယ်ဝန်ထမ်းက အိမ်သာအခန်းလောက်ပဲ ကျယ်တဲ့ အခန်းတစ်ခန်းကို လိုက်ပြတယ်..။ ကျွန်တော့်ရဲ့ ကုတင် ခြေရင်းလောက်မှာ ရှိတာပါ…။ သံကြိုးနဲ့ သော့တစ်လုံးနဲ့လည်း အခန်းကို အကျအန ခတ်ထားပါသေးတယ်..။

"မင်းဟာက သော့ခတ်ထားတာပဲ..ဖွင့်ချင်ရင်တော့ ဖွင့်လို့မရပါဘူး.."
"အရင်က သော့မခတ်ထားပါဘူး… ခုမှ ဘာလို့ခတ်လိုက်လဲ မသိဘူး…"
ပြောပြောဆိုဆို ကျွန်တော်တို့ကို နှုတ်ဆက်ပြီး ဟိုတယ်ဝန်ထမ်းက အလောတကြီး ပြန်သွားခဲ့သည်။ အချိန်က နေ့လည် ၂း၀၀ နာရီလောက်ပဲ ရှိသေးပေမယ့် ခရီးကလည်း ပန်းလာတာကြောင့် တစ်ရေးတစ်မော အိပ်စက်ချင်တာကြောင့် အမေတို့ကို ပြောပြီး အိပ်စက်လိုက်သည်။
ရုတ်တရက် နိုးလာတော့ ညနေ (၅း၀၀) နာရီထိုးနေပြီ..။ အဖေနဲ့အမေ အခန်းကို သွားကြည့်တော့ မရှိ.. ။ အပြင်ထွက်သွားပြီ ထင်သည်။ ဖုန်းဆက်ကြည့်လိုက်တော့…
"သားရေ… အမေတို့ ဒီက အသိတစ်ယောက်အိမ်မှာ .. သားအိပ်နေတာနဲ့ မနှိုးတော့တာ..သား လိုက်ချင်လိုက်ခဲ့လေ.. အမေတို့တော့ ဒီည ပြန်လာချင်မှ ပြန်လာဖြစ်မယ်.. ညတစ်အားနက်သွားရင် ဒီမှာပဲ အိပ်လိုက်တော့မယ်… သားတစ်ယောက်တည်း နေရဲလား..အဲ့ဒီမှာ…"
"ဟုတ်…မလိုက်လာတော့ဘူး…သားနေရဲပါတယ်….."
ဗိုက်ကဆာလာတာကြောင့် အစောင့်ကောင်လေးကို လိုက်ရှာလိုက်သည်။

"ညီလေး..ဒီနားမှာ ဘာစားစရာရှိလဲ.."
"ဟိုးဘက်နားမှာ ထမင်းဆိုင်ရှိတယ်… ကျွန်တော် ပြန်တော့မှာ..ကျွန်တော်နဲ့ လိုက်ခဲ့လေ.. လိုက်ပြပေးမယ်.."
"ဟင်.. မင်းက ပြန်တော့မှာလား.. ဒီမှာစောင့်ရတာ မဟုတ်ဘူးလား.."
"ကျွန်တော်က နေ့ပဲ စောင့်တာ.. ညစောင့်တော့ မထားတာကြာပြီလေ…"
"သြော်…" ကျွန်တော် ဆက်မေးချင်ပေမယ့်လည်း မမေးဖြစ်ခဲ့..။ တော်ကြာ ကြောက်တတ်လှချေလားလို့ အထင်မခံနိုင်…။

ဒီလိုနဲ့ ထမင်းစားပြီး ဟိုတယ်ပြန်ရောက်တော့ ည၈း၀၀ နာရီထိုးပြီ..။ ဘာမှလုပ်စရာမရှိတာနဲ့ Laptop ဖွင့်ပြီး တွေ့ရာ ဗွီဒီယိုတစ်ဖိုင်ကို ဖွင့်လိုက်သည်။ Evil Dead …။ မဖြစ်သေးပါဘူး… ကိုယ်က တစ်ယောက်တည်းပါဆိုမှ သရဲကားနဲ့ လာတိုးနေတယ်..။ နောက်တစ်ဖိုင်ဖွင့်လိုက်သည်။ Walking Dead ..။ ဖွင့်သမျှ သရဲကားတွေချည်းဖြစ်နေတော့သည်။ ကိုယ့် laptop ထဲလည်း သရဲကားတွေပဲ စုထည့်ထားမိသည်ကိုး..။ နောက်ဆုံးတော့ ဘာမှမကြည့်တော့ပဲ laptop ပိတ်ပြီး အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။

အိပ်ခါနီး ဘုရားရှိခိုးပြီး မေတ္တာပို့အမျှဝေတော့ ကြက်သီးတစ်ကြိမ် ထလိုက်သေးသည်..။ ဘာမှ ထွေထွေထူးထူး မစဉ်းစားပဲ အိပ်ယာဝင်လိုက်သည်။ ဒီလိုနဲ့ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည် မသိ…. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာ
"အဟစ်…အဟစ်…အဟစ်…."
"ဟိ…ဟိ…ဟိ…ဟိ…"
ဟင်…. ကလေးနှစ်ယောက်ရဲ့ ရီသံ..။ တိတိကျကျပြောရရင်.. ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး တစ်ယောက်ရဲ့ ရီသံ…။ ကျွန်တော် မျက်လုံးမဖွင့်…။ ဒါပေမယ့် အိပ်ပျော်နေသည် မဟုတ်…။ ကျွန်တော် ကြားနေတာ ကျွန်တော်သိသည်။ ဒီရီသံတွေကို ကျွန်တော်ကုတင်ခြေရင်းကနေ ကြားနေရခြင်းဖြစ်သည်။ တိတိကျကျဆိုရရင် ဟိုအခန်းထဲကနေ ထွက်လာခြင်း..။

"ဟိ..ဟိ..ဟိ…ဟိ… အဟစ်…ဟစ်…ဟစ်…"
ကျွန်တော် စိတ်မထိန်းနိုင်တော့ပဲ အိပ်နေရင်းကနေ မျက်လုံးလေး အသာဖွင့်ပြီး ခြေရင်းက အခန်းကို ကြည့်လိုက် မိသည်။

ဟင်…။ သော့…သံကြိုး…။ တစ်ခုမှ မရှိတော့ပါလား…။ နေ့ခင်းက တွေ့ခဲ့သည့် သော့နဲ့သံကြိုး မရှိတော့..။ တံခါးမှ စေ့သာထားသည့် ပုံစံဖြစ်နေသလို အခန်းထဲမှ အလင်းရောင်အနည်းငယ်က အပြင်သို့ ဖြာထွက်နေသည်။ ကျွန်တော် ကုတင်ပေါ်က အသာထလိုက်သည်။ ပြီးတော့ အသံမထွက်အောင် ခြေဖျားထောက်ပြီး ဟနေတဲ့တံခါးကနေ အခန်းတွင်းကို ချောင်းကြည့်လိုက်သည်။



အခန်းအတွင်းမှာက….
အသက် ၅ နှစ်နဲ့ ၆ နှစ်ကြားမှာ ရှိတဲ့ အင်္ဂလိပ်လူမျိုး ကောင်ေ လးနဲ့ ကောင်မလေး နှစ်ယောက် ဆော့ကစားနေကြသည်။ ကျွန်တော် မယုံ…။ မျက်လုံးကို သေချာပွတ်ပြီး ပြန်ကြည့်ကြည့်သည်။ ကောင်လေးနဲ့ ကောင်မလေးကိုတွေ့ဆဲပင်… ကျွန်တော် အံ့အားသင့်စွာ ကြောင်ပြီး ငေးကြည့်နေမိသည်။ သူတို့ဆော့ကစားနေ ရင်းမှ ကောင်လေးက ကောင်မလေးလက်ကို ဆွဲလိုက်သည်။ ဒါပေမယ့် လူမပါလာပဲ ကောင်မလေး လက်ချည်းသက်သက်သာ ကောင်လေးဆီပါလာသည်။

"အောင်မလေးဗျ…."
ကျွန်တော်လန့်ပြီး အော်လိုက်မိသည်။ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မျက်လုံးအစုံက ကျွန်တော်ချောင်း ကြည့်နေတဲ့ တံခါးကြားသို့ ရောက်လာသည်။ သူတို့ရဲ့မျက်လုံးတွေက အသက်မပါတဲ့ အရုပ်မျက်လုံးတွေလို တံခါးကြားက ကျွန်တော့်မျက်လုံးနဲ့ ဆုံမိကြသည်။

"အားးးးးး…"
ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ… အခန်းပြင် ကိုထွက်ပြေး သည်။ အောက်ထပ်ကို ပြေးဆင်းသည်။ အောက်ထပ်ရောက်တော့ အပေါ်ထပ်က "တကျွီကျွီ" နဲ့ ခြေသံများကို ထပ်မံကြားရသည်။ သေချာပြီ..။ ကျွန်တော့် နောက်ကို တစ်စုံတစ်ခု လိုက်နေပြီ..။

အပြင်ထွက်ဖို့ တံခါးဆီကို ကျွန်တော်ပြေးသည်။ ကျွန်တော် တံခါးဖွင့်ဖို့ လုပ်နေတုန်း. အပေါ်က ခြေသံတွေက အောက်ကို ရောက်လာပြီ..။ ကျွန်တော် လှည့်ကြည့်လိုက် တော့ ဟို ကလေး နှစ်ယောက်….။ အရေးထဲ အဆောင်တံခါးက ဖွင့်လို့မရ ကြပ်နေသည်။ နောက်ဆုံး တံခါး ဖွင့်လို့ရတော့ အပြင်ကိုပြေးထွက်သည်။ အပြင်မှာလည်း မှောင်မည်းနေပြီး ဘာကိုမှ သည်းသည်းကွဲကွဲမမြင်ရ..။ နောက်ကိုလှည့်ကြည့်တော့ ဟိုကလေးနှစ်ယောက် လိုက်လာသေးသည်။

ဒါနဲ့ ခြံဝန်းတံခါးဆီကိုကျွန်တော် ပြေးသည်။ ကံဆိုးစွာ ခြံဝန်းတံခါးက သော့ခတ်ထားသည်။ မတတ်နိုင်..။ ခြံဝန်းကို ကျွန်တော် ခုန်ကျော်လိုက်သည်။ လမ်းမကြီးပေါ်ကို ရောက်တော့ လမ်းမီးတွေ ထိန်ထိန်သာနေတာကြောင့် အနည်းငယ်အားရှိသွားသည်။ ကလေးနှစ်ယောက်ကတော့ ဆက်မလိုက်လာတော့ပဲ ခြံဝန်းတစ်ခါးကို ကိုင်ပြီး ကျွန်တော့်ကို မျက်လုံး သေတွေနဲ့ ကြည့်နေကြသည်။

ကျွန်တော် ထိုနေရာက အမြန်ပြေးထွက်ခဲ့ပြီး…. ပြင်ဦးလွင် ဗိုလ်သင်တန်းကျောင်းရဲ့အရှေ့က ရုပ်ထုကြီးတွေ အောက်မှာ ထိုင်ပြီး မိုးအလင်းကို စောင့်နေခဲ့ရသည်။ နောက်နေ့ မနက်လင်းလင်းချင်းပဲ P.C.O ကနေ အမေတို့ဆီကို ဖုန်းဆက် အထုတ်အပိုးတွေ ပြန်ယူပြီး အဆိုပါ ဟိုတယ်ကနေ အပြီးပြောင်းခဲ့လေတော့သည်။

သြော်…မေ့လို့… ကျွန်တော် တည်းခဲ့ရတဲ့ အခန်း နံပါတ်က….101…ပါ…။ အခန်းအပိုရှိတဲ့ အခန်းဆိုရင် အဲ့ဒီ ဟိုတယ်က ၀န်ထမ်းတွေ အကုန်သိပါတယ်..။ မယုံရင်တော့ သွားပြီး တည်းကြည့်စေချင်ပါတယ်ဗျာ..။

From  ygnnews

Thursday, April 24, 2014

မြိဲ.လေးဆီက မသန်စွမ်း အဖွဲ.




 မိမိတို.နိုင်ငံသည် ဘာသာ/သာသနာ၏ အဆုံးအမအောက် ရှိနေပါလျှက် အခြားနိုင်ငံများထက် စုံလင်စွာ ယုတ်ယုတ်ပတ်ပတ် ဆဲဆိုတတ်ကြခြင်းများ အပါအ၀င် အပြောအဆိုပိုင်းတွင် ပိသာလေး ဘေးပစ်မှအစ....တစ်ဖက်သားအား အမှုမှတ်မဲ့ နာကျင်အောင်ပြောဆိုမိတတ်ကြသည်များ က များပြားလှသည် ။တစ်ခါတစ်ရံ နာကျင်စေလိုသော ရည်ရွယ်ချက်မရှိပါပဲလျှက် တစ်ဖက်သားကို အခံရ ခက်စေတတ်ကြသည် ။ ဤအထဲတွင် နိုင်ငံတကာက Disable ဟုခေါ်သော မသန်စွမ်း သူများသည်လည်း အပါအ၀င်ဖြစ်သည် ။ မစွမ်းမသန် (သို.) မသန်မစွမ်းဟူသော ဝေါဟာရအစား မသန်စွမ်းဟု ပြောင်းလဲ သုံးနှုံးနေချိန်ဝယ် မိမိတို.ဆီမှာက ဒုက္ခိတ ထို.ထက်ဆိုးလျှင် အကျိုး ၊ အကန်း ၊ အ အ ၊ နားလေး ၊ထော.ကျိုး စသည်ဖြင်. မစာမနာ နာမည်တပ်ကြဆဲဖြစ်သည် ။ အကျိုးဆော. အကန်းမော.ဆိုသော စကားပုံများက ဟိုးတုန်းတည်းကပေါ်ထွက်ခဲ့ကြသလို ရုပ်ရှင်များတွင် ရယ်စရာအဖြစ်အလှောင်ခံကြရသည် ။ အစိုးရ ရာထူးများခန်.အပ်ရန် အကန်.အသတ်များ ရှိနေသည် ။ လူချင်းတူလျှက် အကျင်.စာရိတ္တကြောင်.မဟုတ်ပါပဲလျှက် နေရာအကန်.သတ်ခံကြရသည် ။ ခွဲခြားဆက်ဆံ ခံကြရသည် 


  လေ.လာမိသော၂၀၀၈ခုနှစ် စာရင်းတစ်ခုအရ မြန်မာနိုင်ငံတွင် ထိုဦးရေမှာ ၁၃သိန်း (သို.) ၂၃ သိန်းခန်.ရှိနေသည်ဟုသိရသည် ။ နိုင်ငံတကာတွင် Disable များအတွက် လုပ်ဆောင်ပေးနေကြသော အဖွဲ.များက ဦးတည်ပစ်မှတ်အုပ်စု ၉ ခုအထိ ဦးတည်လုပ်ဆောင်ကြသော်လည်းမြန်မာနိုင်ငံတွင်တော. ကိုယ်အင်္ဂါ/အမြင်/အကြား/ဥာဏ်ရည် ချို.တဲ့သူများအတွက် အဓိကထားဦးတည်လုပ်ဆောင် နေကြရသည် ။ စာနာမှု ရှိသော ၊ နားလည်မှုရှိသော ၊ကိုယ်ချင်းစာသော ပြည်တွင်း/ပြည်ပ အဖွဲ.အစည်း များ နှင်. မသန်သော်လည်း စွမ်းကြသူများပေါင်းလျှက်ထိုသူတို.အကျိုးအတွက် ၀ိုင်းဝန်းဆောင်ရွက်လာကြသည်ကိုယခုနောက်ပိုင်းပိုတွေ.လာရသည် ။

အကြို ညှိ နှိုင်း ပွဲ
  ထိုအစုအဖွဲ.များအနက် မြို.လေးတွင်လည်း မသန်စွမ်းကြသူများ၏ နောင်ရေး ၊ လတ်တလော အခက်အခဲ တို.ကို တတ်အားသမျှ ကူညီပေးနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင်. အဖွဲ.ငယ်လေးတစ်ခုဖြစ်တည်နိုင်ရေး ကြိုးစားလျှက်ရှိသည်ဟု သိရသည် ။ မြန်မာနိုင်ငံတွင် ထိုသို.သော အဖွဲ.များအနက် ယခုလက်ရှိ အစီအစဉ်အားဖြင်. မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ.ဆောင်အဖွဲ. ၏ မြို.နယ် အဖွဲ.ခွဲအဖြစ် ဖွဲ.စည်းနိုင်ရန် ရည်ရွယ်လျှက် ရှေးဦးတွေ.ဆုံမှုကို ၁၆ ရက် ၄ လ ၂၀၁၄ နေ.က အောင်ရတနာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်ဟု သိရသည် ။ထိုအဖွဲ.ခွဲ ဖွဲ.တည်နိုင်ရေး အဓိက တာဝန်ခံကြိုးပမ်းနေသော ကိုဇေယျာမင်း မှ  ဖွဲ.စည်းလိုသော အဖွဲ.ခွဲအကြောင်း ၊ အသင်းသားများ ပါဝင်လာရန် စည်းရုံးမှု ပြုလုပ်ရမည်.အနေအထား ၊ ပံ.ပိုးပေးနိုင်မှု အခြေအနေတို.ကို တင်ပြပြီး တက်ရောက်လာသူများက သိလိုသည်များမေးမြန်း ၊ လိုအပ်မည်ထင်သည်များအကြံပြု ဆွေးနွေးကြပြီး   အဖွဲ.ခွဲထူထောင်နိုင်ရေး အဓိကထား တိုင်ပင်ခဲ့ကြသည်ဟု သိရသည် ။

အားမာန်သစ် မသန်စွမ်းအဖွဲ.( ယာယီ )ဖွဲ.စည်းခြင်း အခမ်းအနား

ထို.နောက် ၂၀၁၄ - ၄ လပိုင်း ၁၉ ရက်နေ. က . မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ.ဆောင်အဖွဲ. ၏ မြို.နယ် အဖွဲ.ခွဲ အဖြစ် ခွင်.ပြုချက်မရသေးမှီ လိုအပ်သည်များ လုပ်ဆောင်နှင်.ရန် အတွက် အားမာန်သစ် မသန်စွမ်းအဖွဲ.( ယာယီ ) နှင်. အထောက်အကူပြုကော်မတီ ဖွဲ.စည်းခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရပါသည် ။ ထိုနေ.က ဥက္ကဋ္ဌ အဖြစ် ဦးသောင်းညွန်. ၊ အတွင်းရေးမှုးအဖြစ်ကိုအောင်မင်းထွန်း ၊ တွဲဖက် အတွင်းရေးမှုးအဖြစ် ဒေါ်ကြည်ကြည်မာ ၊ ဘဏ္ဍာရေးမှုးအဖြစ် ဦးမောင်မောင်သန်း တို.ဖြင်. ဦးဆောင်ကော်မတီကို ဖွဲ.စည်းခဲ့သလို အဖွဲ.ရဲ. စည်းရုံးရေး ၊ထောက်ပံ.ကူညီမှု တို.အတွက် အဖွဲ.ခေါင်းဆောင်အဖြစ် ဦးမိုးကျော် တာဝန်ယူပြီး ဦးသိန်းအောင် ၊ ဦးသောင်းမြင်. ၊ ကိုအောင်ကြိုင် ၊ကိုမြင်.ဇော် ၊ ဒေါ်ခင်ချိုဦးတို.ပါဝင်တဲ့ အထောက်အကူပြု ကော်မတီ အဖြစ် ဖွဲ.စည်းခဲ့ကြသည် ။

 ထိုမြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ.ဆောင်အဖွဲ.သည် နိုင်ငံတော်၏ လမ်းညွှန်မှု ခံယူကာ အစိုးရမဟုတ်သော ၊ဘာသာရေး/လူမျိုးရေး မဟုတ်သော ၊မသန်စွမ်းသူများ အရေးသက်သက်သာ ဦးတည်သည်. မသန်စွမ်းသူများ ကိုယ်တိုင်ဦးဆောင်သော လူမှု ဖွံ.ဖြိုးရေး အဖွဲ.ဖြစ်သည် ။ထိုအဖွဲ.ကို အာရှ-ပစိဖိတ် ဒေသမသန်စွမ်းသူများ ခေါင်းဆောင်မှုဆိုင်ရာ ဒတ်စကင်တစ်နှစ် သင်တန်းတက်ရောက်ခဲ့ကြသော ကိုယ်တိုင်မသန်စွမ်းသူ ၃ ဦး မှ အခြားဘ၀တူ မသန်စွမ်းများနှင်. ပူးပေါင်းကာ ၂၀၁၁ မေလ ၈ ရက်နေ. ၇န်ကုန်မြို.တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည် ။ ရုံးချုပ်မှာ ၁၇/၁၉ သာယာအေးလမ်း ၃ ရပ်ကွက် မရမ်းကုန်း တွင်တည်ရှိပြီး ဖုန်း ၀၁-၆၆၁၉၆၉ ၊ ၀၉-၄၅၀၀၆၇၂၄၇ ဖြစ်ကာ info.myanmarili@gmail.com သို.ဆက်သွယ်နိုင်သည်ဟု သိရသည် ။ ထိုအဖွဲ.အနေဖြင်. ဧရာဝတီတိုင်း အတွင်း ရေကြည်မြို.နယ်ရုံးခွဲ ၊ ငါးသိုင်းချောင်း ၊ ကျုံပျော် ၊ မြောင်းမြ ၊ သာပေါင်း ၊ငပုတော မြို.နယ်ရုံးခွဲ ၊ ငပုတော သင်္ကန်းကုန်း ရုံးခွဲ နှင်. ရခိုင်ပြည်နယ် ၊ကချင်ပြည်နယ် ၊ မန္တလေးတိုင်း ၊ ပဲခူးတိုင်း ၊ရန်ကုန်တိုင်း အတွင်း စုစုပေါင်းရုံးခွဲ ၁၄ ခုရှိနေပြီဖြစ်ပြီး ရုံးခွဲ ၃၀ အထိတိုးချဲ. ဆောင်ရွက်ရန် စီစဉ်ထားသည်ဟု သိရပါသည် ။

အားမာန်သစ် မသန်စွမ်းအဖွဲ.( ယာယီ )ဖွဲ.စည်းခြင်း အခမ်းအနား

မြို.နယ်အဖွဲ.ခွဲအဖြစ် ဦးတည်လုပ်ဆောင်နေကြသူများအနေဖြင်. အသင်းဝင်ဖြစ်လာကြမည်. မသန်စွမ်း သူများအတွက် ထောက်ပံ.ကူညီပေးနိုင်ဖွယ် ရှိသည်. အထောက်အကူပြု ကိရိယာနှင်. သက်မွေးသင်တန်း ဆိုင်ရာ ကိစ္စရပ်များ အကြောင်း ကိုလည်း ယာယီအဖွဲ.ဖွဲ.စည်းသည်. အခမ်းအနားတွင် အဖွဲ.အစည်းဖြစ်မြောက်ရေး တာဝန်ခံ ကိုဇေယျာမင်းက ရှင်းလင်းပြောကြားရာတွင်  ချိုင်းထောက် ၊ Wheel Chair ၊ လမ်းလျှောက်တုတ် စသည်များကို ရရှိလာနိုငသော ခွဲတမ်းအရ လိုအပ်သူများ ဆီ ဖြေးဖြေးချင်း ထောက်ပံ.သွားမည်ဖြစ်ပြီး  အသက် ၁၈မှ ၄၅ ကြား မသန်စွမ်းများအတွက် သက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ တက်ရောက်ခွင်.အတွက်ကို အခမဲ့ စီစဉ်ပေးနိုင်ဖို.ကြိုးစားချိတ်ဆက် လုပ်ဆောင်နေကြောင်း နှင်.အသင်းဝင်အဖြစ်ခွင်.ပြုမည်. အမြင်အာရုံ ချို.တဲ့သူများ ၊ အပြောနှင်. အကြား အာရုံချို.ယွင်းသူများ ၊အသက်အရွယ်နှင်.လျှော်ညီအောင် ဦးနှောက်ဖွံ.ဖြိုးမလာသူများ ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ အကြောင်းကို ၇ှင်းလင်းပြောကြားခဲ့ပြီး ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သူ ဦးသောင်.ညွန်.ကလည်း မိဘတို.အနေဖြင်. မသန်စွမ်း ကလေးငယ်များအပေါ် ဆက်ဆံ သိနားလည်မှု အရေးပါပုံကို ကိုယ်တွေ.ဖြစ်ရပ် ၊ ဂျပန်ဇာတ်ကောင် တစ်ယောက်တို.နှင်.ပုံပြု ရှင်းလင်းသွားခဲ့သည် ။

အားမာန်သစ် မသန်စွမ်းအဖွဲ.( ယာယီ )ဖွဲ.စည်းခြင်း အခမ်းအနားတွင် အသင်းဝင်ခွင်.လျှောက်လွှာများ ဝေငှစဉ်

လတ်တလော ထို အားမာန်သစ် မသန်စွမ်းအဖွဲ.( ယာယီ ) အနေဖြင်. အသင်းဝင်အင်အားရရှိရေး နှင်.မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ.ဆောင်အဖွဲ. ၏ မြို.နယ်အဖွဲ.ခွဲဖြစ်ရေး အဓိကလုပ်ဆောင်လျှက် ရှိသည်ဟု သိရပါသည် ။ထိုအဖွဲ.အစည်းနှင်. ပတ်သက်၍   ဦးသောင်းညွန်. ( ဖုန်း - ၀၉၈၅၃၇၅၆၉ ) ကိုဇေယျာမင်း ( ဖုန်း - ၀၉၄၂၂၄၆၈၅၁၆ ) တို.ထံဆက်သွယ်မေးမြန်းနိုင်ပါသည် ။

Wednesday, April 23, 2014

ဒါလား မြန်မာ.ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန် ( သို. ) Review of 2014 Myanmar's Water Festival


From www.myanmartourism.org

 အေးဗျာ  သင်္ကြန်ကတော. သက်ြန်လို.ပဲ ခေါင်းစဉ်တပ်လို.ရတော.မယ်ထင်ပါရဲ. ဘာလို.လည်းဆိုတော. ရိုးရာအတာသင်္ကြန်ဆိုပြီး ရိုးရာဆိုတဲ့ စကားလုံးနဲ. ဘယ်လိုမှ တွဲမရလို.ပေါ.ဗျာ ။


 ဟုတ်တယ်လေဗျာ ခုဒီနှစ်သင်္ကြန်ကို ဒီမိုကရေစီ သင်္ကြန်တဲ့ လွတ်လွတ်လပ်လပ် ကျင်းပခွင်.ရတဲ့သင်္ကြန်တဲ့ ..ဒါပေမယ်. သံချပ်တွေစိစစ်ရမယ်ဆိုတော. အလကားလွတ်လပ်ခွင်.ပိတ်ပင်တယ်တဲ့ …ကျုပ်ကတော. စိစစ်သင်.တယ်လို.ထင်တယ်..ဥပမာ ဘာသာရေး အရ တစ်ဖက်စောင်းနင်းပြောတာတွေ ၊ လူမျိုးရေးအမြင်စောင်းနိုင်တာတွေလောက်တော. တားရမှာပေါ.ဗျာ....ပြောသာပြောတာ Skynet ကလာတဲ့ သံချပ်အဖွဲ.တွေ ဖျော်ဖြေပွဲမှာတော. ပြောလိုက်ကြတာ..စေတနာနဲ.ပြောတာလည်းပါရဲ. အညှိုးနဲ. မကျေနိုင်သူတွေလည်းတွေ.ရဲ. ကွန်မြူနစ်ကြွေးကျော်သံတွေ လက်ကိုင်ထားနေဆဲ လူတွေလည်းရှိ.ရဲ. ..ဒါ.အပြင် သံဃာတော် လိုဝတ်ပြီး မသင်.လျှော်တဲ့ ပုံစံနဲ.တောင် သရုပ်ဆောင်လို. ၀ိုင်းဝေဖန်ကြသေး...သူတို. ကိုကျင်းပပေးနေတဲ့ အဓိက အကုန်အကျခံတဲ့ Company ဆိုတာကရော သူတို.ဝေဖန်နေတဲ့ ခရိုနီ ဆိုတာကြီးပဲ မဟုတ်ဘူးလားဗျာ ။ တစ်ယောက်ပြောတာ မှတ်မိတာလေးပဲ ပြန်ပြောပါရစေ သူတို.က ဝေဖန်ထောက်ပြကြတာဆိုတော. ဘယ်နယ်ပယ်မှာ ဘယ်လောက် ကျွမ်းကျင်သူတွေ ပါနေလို.လဲတဲ့ ။


 အများအခေါ် ခရိုနီ ပေါ.ဗျာ အဲ့ဒီအရက် Company ကြီးက ယိုးဒယားက အကအဖွဲ.ဆိုလား ၊   ခေါ်ပြီး အောက်ခံဘောင်းဘီသာသာတွေနဲ. ကပြတယ်တဲ့ ။ တစ်ဖက်ကကြည်.ရင် မြန်မာအမျိုးသမီးတွေမှ မဟုတ်တာ လို.ပြောလို.ရသလို တစ်ဖက်ကလည်း ရိုးရာယဉ်ကျေးမှု အခြေခံတဲ့ပွဲမှာ ဒါမျိုးကမသင်.လျှော်တာပဲလေ ။ အဲ့ဒီလို ခရိုနီ လို.ခေါ်ခေါ်နေတဲ့ သူတွေကဖျော်ဖြေပေးဖို.ကိုတော. လက်ခံလိုက်ပြီး သီချင်းဆိုတော. အနုပညာထက် နိုင်ငံရေး နာကြဉ်းမှုတွေ စင်ပေါ်ကနေ လျှောက်ပြော ဒီလိုသာဆို သိချင်းမဆိုပဲ နိုင်ငံရေး သက်သက်လုပ်ပါလားဗျာခုတော.ဆိုနေတော. ခရိုနီ စင်ပေါ်က ပြောလိုက်တော. နိုင်ငံရေးစကားတွေဘာလဲ ဗျာ  ကျုပ်တော. လိုက်မမှီတော.ပါဘူး

Emperor Show
  ဒီနှစ်ကျုပ်တစ်ခုတွေ.၇တာ ပန်းခြံတွေ ထဲမှာ လုပ်တဲ့ ဖျော်ဖြေမှုတွေ က သက်ြန်ကို တစ်နည်းတစ်ဖုံအထောက်အကူပြုနေတယ်ဗျ ။ အချို.မိသားစုတွေဆို စားစရာတွေထည်.လာ ၊ လိုင်းကားစီး ၊ ပန်းခြံထဲက အခမဲ့ဖျော်ဖြေမှုတွေကြည်. ၊ ပါလာတဲ့ အစားအသောက်တွေစား ၊ ကလေးတွေက ပန်းခြံထဲမှာ ကစား ၊ အဖိုးနည်းဝန်ပါ အနားယူမှုလေးတွေ တွေ.လာရတယ်ဗျ ။

နောက်တစ်ခုက မဏ္ဍပ်အနီးဝန်းကျင်မှာ လိုင်စင်မဲ့ အရက်/ဘီယာ ရောင်းချခွင်.မပြုဘူးတဲ့ ၊ ပြောပါလိမ်.မယ် ၊အရေးယူတာပဲ မတွေ.ဘူးလား လို. ..ဟုတ်တဲ့နေရာတော. ဟုတ်ပါလိမ်.မယ်ဒါပေမယ်.လည်း ကန်တော်ကြီး ပတ်လမ်းပေါ်က မဏ္ဍပ်တစ်ခုဆိုသူ.စင်ပေါ်မှာကို ရေးထားပါတယ်ဗျာ ။ ဘီယာတစ်လုံးတစ်ထောင် တဲ့ ။တစ်ခုဆိုးနေတာက ထုတ်ပြန်ချက် တစ်ခုထုတ်လိုက်တယ်ဆို ဒါကို ကြပ်မတ်ရမယ်. အဖွဲ.အစည်းက ထိန်းကျောင်းကြပ်မတ်တာမျိုးမဟုတ်ပဲ ဒီထုတ်ပြန်ချက်ကနေ ဘယ်လိုအခွင်.အရေးဖန်တီးရမလဲ ဆိုတာတွေ စောင်.နေကြတာ မျိုးတွေ ရှိနေသလို အရေးယူပြန်တော.လည်း ဘယ်သူ.မျက်နှာမှ ထောက်စရာမလိုတဲ့ လုပ်ပိုင်ခွင်.မျိုးက တကယ်တော. ရမနေသေးဘူးဗျာ ။ဒါကျုပ်သိသလောက် ၂ဖက်လုံးက ကြည်.မိတာပါ ။

ဒီနှစ်သင်္ကြန်မှာ နောက်တစ်ခုတွေ.ရတာက ဆေးလိပ်ဗျ ။ အရင်က မိန်းကလေးတွေ လမ်းမှာ ဘီယာသောက်တာ ၊လမ်းဘေးမှာ ထိုင်သောက်တာတွေ တွေ.နေရပြီး ဒီနှစ်မှာတော. မိန်းကလေးအတော်များများ စီးကရက် လက်ကြားညှပ် လမ်းလျှောက်နေတာတွေပါပဲ ။ အရင်ကတော. ကျုပ်တို.သိတာ ပွတ်သဘင်လို. အမည်ခံတဲ့ ပါတီတက်တဲ့ မိန်းကလေးတွေ ၊ဆို၇ှယ်ကြသူတွေ ဆေးလိပ်သောက်တဲ့ခောတ် ၊ နောက်တော. ဆေးလိပ်သောက်တယ်ဆိုတာ ကျေးရွာတွေက ပညာမဲ့ ၊ ကျန်းမာရေး အသိမရှိတဲ့ မိန်းမကြီးတွေ ၊ မိန်းမလတ်တွေသာ ဆေးပေါ.လိပ် ၊စီးကရက်သောက်တဲ့ခောတ် ကနေ ခုတော. ပညာတတ် ၊ ပိုက်ဆံရှိ မိန်းကလေးငယ်တွေ ဆေးလိပ်သောက်တဲ့ခောတ်ကို ပြန်ရောက်လာခဲ့ပြီဆိုရမှာပေါ.ဗျာ ။

From gettyimage
 ဘီယာဆိုင်တစ်ဆိုင်ကပြောတယ်တဲ့ ။သူတို.ဘီယာဆိုင်မှာ ၆ယောက်လာဝယ်ရင် ၄ယောက်က မိန်းကလေးတွေတဲ့ ။ပထမ ခိုးကြောင်ခိုးဝှက်သောက် ၊နောက်တော. ပေါ်တင်သောက် ၊ အဲ့ဒီကနေ ကိုယ်တိုင်ဝယ်သောက်ရဲ နောက်ဆုံးတော. မိန်းကလေးဘီယာဝိုင်းတွေ ၊လမ်းဘေးမှာ ဘီယာမူးပြီးရမ်းနေတဲ့ မိန်းကလေးတွေ ၊ မူးလဲနေတဲ့မိန်းကလေးတွေ တွေ.လာရတော.မှာပေါ.ဗျာ ။ ထိမ်းသိမ်းသူတွေဘက်က အားနည်းတာတွေရှိသလို မိန်းကလေးတွေ ကလည်း ကိုယ်.ကိုကိုယ် မထိမ်းသိမ်း ကြတော.ဘူးဆိုတော.နောင်ဒီ.ထက် ဆိုးလာတော.မှာဆိုတော. စိတ်ချမ်းသာစရာကြီးပေါ.ဗျာ ။ 

တစ်နေရာမှာဆို မိန်းကလေးတွေက မူးပြီးကနေတုန်း သံဃာတော်တွေ ကားနဲ.လာတာကိုတားပါတယ်တဲ့ဗျာ ။ ဘာမှလည်းမဟုတ်ပဲ ဟေးဟားလုပ်ပြီးတော. ဆရာတော်တစ်ပါးက လူငယ်အုပ်ကို သွားခွင်.ပြုဖို.ပြောတော. အဲ့ဒီထဲက ချာတိတ်မ တစ်ယောက်က Sorry ကိုကို တဲ့ ကဲ လွတ်လပ်သော နိုင်ငံတော်ကြီးပေါ.ဗျာပျော်ရွှင်ဖွယ်ရာမြန်မာ.ရိုးရာ အတာသင်္ကြန်ပွဲတော်ပေါ.

From လင်းပွင်.သစ္စာ
 လမ်းဘေးမှာ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ရောက်နေတာ ၊ လူတောထဲ နှုတ်ခမ်းချင်း ဂဟေဆက်နမ်းနေတာ ၊ တည်းခိုခန်းတွေ Hotel တွေ သက်ြန်ရက်ကို တစ်နေ.လုံးမရပဲ အချိန်ပိုင်းပဲရတာ ၊ ရက်ရှည်တည်းသူတွေဆိုရင် သက်ြန်တွင်းကိုဈေး၂ဆ ပေး၇တာ တွေကလည်း မြန်မာမိန်းကလေးတို.ရဲ. အိနြေ္ဒဆိုတာ လွတ်လပ်ခွင်.တို. ၊လူ.အခွင်.အရေးတို. ဆိုတာတွေကို မကျော်နိုင်တော.ဘူးထင်ပါရဲ. ။

ကျုပ်အတော်လေးမကျေနပ်တာကတော. ခုလို လူငယ်တွေ ပျက်စီးရခြင်းကို သေသေချာချာ အဖြေထုတ် ၀ိုင်းဝန်းမပြုပြင်ပဲ တစ်ဖက်ကလည်းဒါသူတို.လွတ်လပ်ခွင်. ၊နိုင်ငံတကာနဲ.ဆို ဒါဘာဟုတ်သေးလည်း ဆိုသူတွေကတစ်မျိုး ၊ တစ်ဖက်ကလည်း ဖြစ်ဖြစ်သမျှ အစိုးရအပြစ် ၊ တစ်ဖက်ကလည်း သွားထိန်းကျောင်းကာမှ ထိန်းကျောင်းသူတွေနဲ. ထိပ်တိုက်ထိတွေ.မှုတွေဖြစ်ရင်  ဆိုတာမျိုးနဲ. နောက်ဆုံးတော. ထိန်းကျောင်းသူမဲ့ လူငယ်တွေ ဖြစ်နေပါလေရောဗျာ ။တစ်ခုတော.ရှိတယ်ဗျ ဒီနှစ် အနုပညာ၇ှင်တွေ ၀တ်စားဆင်ယင်မှုနဲ.ပတ်သက်လို. သက်ဆိုင်ရာအစည်းအရုံးက ကြိုတင် အသိပေးခဲ့တာကြောင်. အရင်နှစ်တွေလို အနုပညာရှင်တွေရဲ.ဆိုးဝါးတဲ့ပုံတွေတော. သိပ်မမြင်ရပါဘူးဗျာ ။

Grand Royal မဏ္ဍပ် Foam Party စင်မြင်.ထက်က ယိုးဒယား အကအဖွဲ.
 မှုခင်းတွေအနေနဲ.ကတော. မန္တလေးတိုင်းမှာ သင်္ကြန်ရက်အတွင်း ရဲအက် ၁၇၁ မှု ၊ လက်နက်မှု ၃၂ မှု ၊ ယစ်မျိုး ၄၂၂ မှု ၊ အပါအ၀င် စုစုပေါင်း ၆၃၄ မှုမှာ သေဆုံး ၁ ၊ဒါဏ်ရာရ ၅၂ ရှိပြီး ပြီးခဲ့တဲ့နှစ်ထက် နည်းတယ်ဆိုပါတယ် ။ ရန်ကုန်မှာတော.အကြိုနေ.တည်းကိုက ယာဉ်မတော်တဆမှု ၁၄ မှု ၊ သေဆုံး ၄ ၊ ဒါဏ်ရာရ ၃၆ ဦးရှိနေခဲ့ပါပြီ ။ အကျနေ.မှာတော. တစ်နိုင်ငံလုံးအနေနဲ. (ယစ်မျိုးမှုမပါ ) သက်ြန်နဲ.တိုက်ရိုက်ပတ်သက်တဲ့ အမှုပေါင်း ၄၀ ဖြစ်ခဲ့ပြီး သေဆုံး ၆ ဒါဏ်ရာရ ၁၇ ဦးရှိခဲ့ပါတယ် တဲ့ ။ ရန်ကုန်တိုင်းအနေနဲ. ၂၀၁၄ သင်္ကြန် ဆက်နွယ်မှုခင်းပေါင်း ၁၅၉ မှု သေဆုံး၎ ဒါဏ်ရာရ ၉၁ ဦးတို.ရှိခဲ့ပြီး သင်္ကြန်တွင်းကာလ သက်ြန်နဲ. မပတ်သက်တဲ့အမှုတွေပါထည်.တွင်ရင် စုစုပေါင်း ၅၇၈ မှုတောင်ရှိနေခဲ့ပါတယ် ။၂၀၁၃ မှာဖြစ်ခဲ့တဲ့ ၄၀၇ မှုထက် ၁၇၁ မှုတောင်ပိုများလာတဲ့သဘောရှိပါတယ် ။ လမ်းဘေးမှာ တရားမ၀င်ရောင်းတဲ့ယစ်မျိုးမှုတွေမှာတော. တစ်ခါတည်း စွဲချက်တင် ထောင်ဒါဏ် ၁၅ ရက်စိချခဲ့တယ်လို.သိရပါတယ် ။

တကယ်တော.ဒီနှစ်သက်ြန်ဟာ အကြိုနေ.ဆိုရင် ပြည်လမ်းမကြီးတစ်လျှောက် တံတားဖြူမရောက်ခင်အထိ ဖြတ်သွားတဲ့ကား မရှိသလောက်ရှားနေခဲ့ပြီး ညဘက်ထက်တောင် လမ်းပေါ်မှာ လူရော ၊ ကားပါ ရှင်းနေခဲ့တာမျိုးပါ ။ အကျနေ.အထိပန်းခြံတွေထဲက ဖျော်ဖြေရေး စင်မြင်.တွေဟာ လူတွေ ရောက်မလာလို.စောင်.ရင်း စောင်.ရင်း နောက်ကျဖျော်ဖြေခဲ့ကြရတာပါ ။ဒါပေမယ်.လည်းနောက်ဆုံးပိတ်တော.လည်း အိတ်နဲ. လွယ်ကြတာပါပဲ ။

ကန်တော်ကြီး ပတ်လမ်း
 ဒီသင်္ကြန်မှာနောက်တစ်ခု သိသာလာတာက ခရီးရှည်ထွက်ကြတဲ့ မိသားစုတွေ ထူးထူးခြားခြား များလာတာပါပဲ ။ အမျိုးသား အားလပ်ရက် ၁၀ ရက်အဖြစ် ကြောငြာပြီးစ နှစ်တွေက သိပ်မသိသာပေမယ်. ခုကတော. သိသိသာသာဖြစ်လာပါပြီ ။ အထူးသဖြင်. မြန်မာပြည်အထက်ပိုင်းနဲ. ရှမ်းပြည်နယ် တွေဖက် ပိုများသလို ကမ်းခြေတွေဘက်လည်း ခ၇ီးထွက်ကြတာပါ ။

ကန်တော်ကြီး ပတ်လမ်း
 ဒါ.အပြင် ဒီနှစ်ထူးခြားချက်ကတော. နိုင်ငံခြားသားအများအပြား ( အရှေ.တိုင်းသား / အနောက်တိုင်းသား ) သကြန်မှာ ပါဝင်ဆင်နွဲခြင်းပါပဲ ။ အချို.က မဏ္ဍပ်ပေးမှာ ၊ အချို.က လူတွေကြားထဲမှာ ၊အချို.က ကားအစီးလိုက် ၊ အချို.က ဂီတဖျော်ဖြေပွဲတွေမှာစသဖြင်. နေရာစုံမြင်တွေ.ရခြင်းပါပဲ ။ဒါ.အပြင် ဆက်သွယ်ရေး Company ကြီး တစ်ခုဆီက မြန်မာအမျိုးသား ၀တ်စုံပြည်. ၀တ်ဆင်ထားတဲ့ နိုင်ငံခြားသားတွေရဲ. မြင်ကွင်းကလည်း စိတ်ဝင်စားစရာပါ ။

သို.သော်လည်း ပေါ.ဗျာ ။ သက်ြန်ဆိုတာ ဘယ်လိုကြောင်. ကျတယ် ၊ ဘာတွေ လုပ်သင်.တယ် ၊ ဘာတွေ လုပ်ခဲ့တယ်ဆိုတာထက် ခုကတော. သင်္ကြန်ဆိုတာ နိုင်ငံရေးသမားတွေက သံချပ်ဆိုတာကိုအကြောင်းပြပြီး သူတို.မနှစ်သက်သူတွေ ၊ ၀ါဒတွေ ၊ ဖြစ်ရပ်တွေကို စိတ်ထဲထင်ရာ ထုတ်ဖော်ကြ ( စေတနာဖြင်. ဝေဖန်ကြသူများလည်းရှိပါရဲ. ) ၊ မိန်းကလေးငယ်တွေက တိုသထက်တို - ပေါ်သထက်ပေါ်အောင်ဝတ်စားပြီး ဘိယာသောက်ကြ ၊ ၀ိုင်သောက်ကြ ၊ အရက်သောက်ကြ ၊ လူငယ်တွေက စိတ်ကြွဆေးပြားတွေကြိုစုကြ ၊ အရက်တွေမူးကြ ၊ ရန်တွေဖြစ်ကြ ၊ အခွင်.ရေးသမားတွေကမိန်းကလေးတွေကို ဆေးတိုက်- ဘီယာတိုက် ပြီးတည်းခိုခန်းခေါ်ကြ ၊ကားတွေ ဆိုင်ကယ်တွေက စည်းကမ်းမဲ့မောင်းကြ -တိုက်ကြ-ဒါဏ်ရာရ -အချို.သေကြ ၊ ခရီးသည်တင်ကား ( မြို.တွင်း ၊ အဝေးပြေး ) တွေက ဈေးတွေမတန်တဆတောင်းကြ ၊လူတွေ မတန်တဆ တင်ကြ ၊ ဈေးသည်တွေက ပစ္စည်းမျိုးစုံ ဈေးတင်ရောင်းကြ ဟုတ်ကဲ့ ဒါကိုမှ မြန်မာ.ရိုးရာ ယဉ်ကျေးမှု မဟာသက်ြန် ပွဲတော်လို. နာမည်တပ်ရင်တော. ………….

Source ; နေ.စဉ်ထုတ် သတင်းစာများ