Thursday, April 11, 2013

သက်ြန် ဆိုသည်မှာ

သင်္ကြန္တ ဟူသော ဝေါဟာရမှ ဆင်းသက်လာသည်ဆိုသောသက်ြန်..... ၁၂လရာသီပွဲလမ်းသဘင်တို.အနက် လောကီရေး ဦးစားပေးသောပွဲ.... မြန်မာလူမျိုးတို.အပျော်ဆုံးပွဲတော်....အလွတ်လပ်ဆုံးပွဲတော် ဖြစ်သော သက်ြန်....ဒဏ္ဍာရီ ဆန်ဆန် သမိုင်းတို.ဖြင်.သော အတိပြီးသောသက်ြန်...ထိုသက်ြန်ကား  ယခုရက်ပိုင်းအတွင်း ရောက်လာပေတော.မည်..... ရက်ပိုင်းအတွင်း  မြန်မာနှစ်သစ်ကူးပေတော.မည်...မြန်မာသက္ကရာဇ် ၁၃၇၄ မှ ၁၃၇၅ သို. ကူးပြောင်းပေတော.မည်(မင်းကွန်းဆရာတော်ကြီးပြောဖူးသည် သက္ကရာဇ်ကို မြန်မာ နှစ်တွေသာသုံးရသည် ခရစ်သက္ကရာဇ် ဟုတွဲမသုံးရ ခရစ်နှစ်ဟုသာရေးရသည်) ဤ နေရာတွင် တစ်ခုထူးခြားသည်က မြန်မာလသည် တန်ခူးလတွင်စပြီး တပေါင်းလတွင်ဆုံးသော်လည်း နှစ်မကူးသေးသော တန်ခူးလကို ၁၃၇၄ ဟုသာသုံးပါသည်....ဥပမာ  ၁၆.၄.၂၀၁၃ သည် မြန်မာလို ၁၃၇၄ တန်ခူးလပြည်.ကျော် ၆ ရက်နေ.ဖြစ်သော်လည်း နှစ်ဆန်း တစ်ရက်နေ.ဖြစ်သော နောက် နေ.၁၇.၄.၂၀၁၃ သည် ၁၃၇၅ တန်ခူးလပြည်.ကျော် ၁၁ ၇က်ဖြစ်သွားပါသည်.....

  တကယ်တော.ဘာလို.သက်ြန်ကျသည် ဘာကြောင်.သိကြားမင်း ဆင်းသည် ဆိုသည်တို.က အတော်ပင်ဒဏ္ဍာရီဆန်လှပေသည်....ကမ္ဘာပေါ်စက ဗြဟ္မာကြီးတို.သည် နယ်မြေသစ်အဖြစ် ဆင်းလာခိုက် မိုးရွာပြီးစ သင်းပျံ.သော မြေသင်းရနံ.ကို ရရာမှ စားသောက်မိကာ ကိုယ်ရှိန်ကိုယ်ဝါတို. ယုတ်လျော.ပြီး တန်ခိုးများပြယ်ကာ ဗြဟ္မာ.ပြည် သို.မပြန်နိုင်တော. ချိန်တွင် သိကြားမင်းက ငဲ့ညှာကာ နေလကြယ်တာရာတို.ကို ဖန်ဆင်းပေးပြီး(ထိုစဉ်ကကမ္ဘာ တစ်ခုလုံး အမှောင်ဖြင်.အတိပြီး၏) တစ်နှစ်တစ်ခါ သူတို.ထံ ဆင်းသက်လာပေးပါမည် ဟူသော ကတိစကား ကြောင်. နှစ်စဉ်မပျက် ဆင်းသက်ဖြစ်ခြင်းဖြစ်သည် ဟုဆိုပါသည်....သို.သော် လူု.သက်နှင်.နတ်သက် အကြား မြင်သာသောခြားနားချက် ဖြစ်စေသော တရားတစ်ပုဒ်တွင်(တစ်ခါက တာဝတိံသာ ရေကန်တော် တစ်ခုဝယ် သိကြားမင်းနှင်. နတ်သမီးတို.ရေဆော.ကစားခိုက် နတ်သမီးတစ်ပါးသည် နတ်သက်ကြွေပြီးနောက် လူ.လောကသို.ရောက်လာရာ အမျိုးကောင်းသမီး၌ ဖြစ်တည်ပြီး လူ.သက်တမ်းစေ.နေကာ ဒါန သီလ ဘာဝနာတို.ပြုပြီး ထိုကုသိုလ်ကြောင်.ပင် တာဝတိံသာ ၌ ပြန်တည်လေရာ ထိုဥယျဉ်တွင် ရေကစားခြင်းမပြီးသေးမှီ ပြန်လည်ရောက်ရှိခဲ့သည် တဲ့) ထို.သို.ဆိုလျှင် လူတစ်နှစ်သက်တမ်းသည် နတ်ပြည်တွင်...? ထို အကြောင်းအရာနှင်. ပတ်သက်၍ ကာတွန်းဆ၇ာကြိး ဦးဘဂျမ်းကလည်း ကာတွန်းရေးသားခဲ့ဖူးသည်.... ထိုကာတွန်း၏ အနှစ်ချုပ်ကတော. သိကြားမင်းသည် တစ်နှစ်တစ်ခါ လူ.ပြည်သို.သာ ဆင်းသက်နေရပါမူ ခြင်းဝိဇ္ဇာ လော်ပေါ်(ထိုခောတ်က နာမည်ကျော်ခြင်းခတ်ဝိဇ္ဇာ) ၏ ခြင်းလုံးကဲ့သို. တက်လိုက်ကျလိုက် ဖြစ်နေပြီး အခြားဘာမှ လုပ်ချိန်မရ ဖြစ်နေမည်ဟုဆိုလိုခဲ့ဖူးသည်.....သို.သော် ဆင်းသည်ဆိုလည်းဆင်းသည်ပဲပေါ.

  နောက်တစ်ခုက ရှေးက သိကြား နှင်. ဗြဟ္မာတို.သည် တစ်ပတ်တွင် ၇ ရက် ရှိသည် ၈ ရက်ရှိသည် တို.ကို ငြင်းခုန်ကြရာမှ ရှုံးသူ ခေါင်းဖြတ်စတမ်းလောင်းကြေးတိုက်ပြီး ကျော်ကြားသော နက္ခတ်ဗေဒင်ဆရာ က၀ါလမိုင်းထံ ဆုံးဖြတ်ပေးရန် မေတ္တာရပ်ခံလေ၏.. သိကြားကအနိုင်ရသဖြင်. မိုးကြိုးသွားဖြင်. ပစ်ရာ ဗြဟ္မာခေါင်းပြတ်ပြိး ထိုခေါင်း၏ အပူကြောင်. ပစ်ချရာနေရာတွင် မီးလောင် ရေခမ်းသောကြောင်. သိကြားမင်းက နတ်သမီး ၇ ဖော်ကို တစ်လှည်.စီကိုင်ခိုင်းပြီး နတ်သမီးတို. သက်ြန်ချိန်ခါ တွင်လက်ပြောင်းကြသည်

  အချို.ဗြဟ္မဏ ၀ါဒီတို.ကမူ က၀ါလမိုင်းဆရာတော် ယူလာသည်. ပိင်္ဂလ ဆင်ဦးခေါင်းကို သိကြားမင်းက ရေစင်သွန်းပြီး ဗြဟ္မာ. ကိုယ်တွင် တပ်လိုက်ရာ မဟာပိန္နဲ အဖြစ်အသက်ရှင်လာပြီး ဦးခေါင်းပြောင်းချိန်တွင် ရေဖျန်းခြင်းဖြစ်သည်တဲ့

  ဘုရားရှင်လက်ထက်ကမူ သာကီဝင်မင်းအပေါင်းတို.သည် နွေလရောက်လျှင် တိုင်းပြည်အနီးရေအိုင်ကြီးတစ်ခုတွင် မင်းတဲများဆောက်ပြီးရေဖျန်းသဘင်ဆင်ယင်ကြသည်တဲ့ ရတနာပုံခောတ်တွင်တော. ရွှေမြို.တော် တံခါး၁၂ ရပ်တွင် အမြှောက် ၂လက်ကျစီထားကာ လွှတ်တော်ရှေ.အမြှောက် ၂လက်စဖောက်က အမြှောက်အားလုံး ၃ ချက်ကျစီဖောက်၍ အသံပေးကြသည်(ထိုမှစ၍ သကြန်င်္အမြှောက်ဟူသော စကားပေါ်လာပုံရသည်)ထိုအချိန်တွင် မင်းတရားကိုယ်တိုင် ဘုရားတို.ကို ရေသပါယ်တော်မူသည်တဲ့ အဲ.ဒီအချိန်မှာ ပြည်သူပြည်သားတွေကလည်း သပြေပန်းထိုးထားတဲ. အတာအိုးလေးထဲကရေကို မြေပေါ်သွန်းလောင်းပြီး သတ္တ၀ါများ ကျန်းမာချမ်းသာကြပါစေဆိုပြီး မေတ္တာပို. တစ်ဦးကိုတစ်ဦး အမွှေးနံ.သာတွေနဲ. သွန်းလောင်းကြတယ်တဲ့

အချို.ကတော. လွန်ခဲ့သော နှစ်၏ မိဿရာသီ နှစ်ဆန်း တစ်ရက်မှ  စတင်ထွက်ခွာခဲ့သော တနင်္ဂနွေ နေမင်းကြီးသည် နှစ်၏ နောက်ဆုံးလဖြစ်သော မိန်ရာသီကို ဖြတ်ကျော်ပြီး မိဿရာသီသို. ပြန်လည် ကူးပြောင်းဝင်ရောက်ခြင်း ကိုသင်္ကြန်ဟုခေါ်ခြင်းဖြစ်သည်ဟု ဆိုကြသည်

  ဘာပဲပြောပြော ဘယ်လိုကြောင်.ပဲကျကျ ထိုလောကီပွဲတော်ကို စတုဒီသာကျွေးမွေးခြင်း ဘေးမဲ့လွှတ်ခြင်း သက်ကြီးရွယ်အိုတို.အား ခေါင်းလျှော်ခြင်းနှင်. တစ်ကိုယ်ရေ သန်.ရှင်းမှုပြုပေးခြင်း ကန်တော.ခြင်း နှစ်ကူးရက်များတွင် ပရိတ်တရားတို.ရွတ်ဖတ်ခြင်း ဒုလ္လဘ ၀တ်ခြင်း စသည်တို.နှင်. တန်ဆာဆင်လိုက်သောအခါ သက်ြန်သည် အတော်ခန်.ထည်သွားလေသည်

  အရှေ.နှင်.အနောက်သည် များစွာကွာခြားပါသည် အနောက်က အကြွင်းမဲ့လွတ်လပ်မှုကိုခုံမင်သလောက် အရှေ.က ထိန်းချုပ်နိုင်စွမ်းကို တန်ဘိုးထားကြသည်...သို.သော် ထိန်းချုပ်ရပါများသူတို.ကလည်း တစ်ခါတစ်လေတော. လွတ်လပ်လိုကြသည်....မြန်မာလူမျိုးတို.အတွက် စိတ်ထွက်ပေါက်ကား များလှသည်တော.မဟုတ်....ဘောလုံးပွဲနှင်. သက်ြန်သာ ရှိသည်...ဘောလုံးပွဲတွင် မိန်းမကို...မိန်းမအမျိုးတွေကို..ယောက္ခမ ကို.. သူငယ်ချင်းကို ..ဘ၀ကို ..ကံကြမ္မာ ကိုမကျေနပ်သမျှ ဘောလုံးသမားနှင်. ဒိုင်လူကြီးပေါ်ပုံချကာ အော်ဟစ် -ဲ ဆို ပြီးထွက်ပေါက်ရှာကြသည် Stage Show..Club စသည်တို.တွင် စိတ်လွတ် ကိုယ်လွတ်နေရအောင်ကလည်း ငွေကြေး ဂုဏ်သိက္ခာ ယဉ်ကျေးမှု အပါအ၀င်အခြားအခြေအနေ များကိုထည်.တွက်ရသေးသည်...သို.သော် သင်္ကြန်ကတော. အရာတော်တော်များများ ကို ကိန်းသေအဖြစ်ထားခွင်.ရှိနေသည် ထို.ကြောင်. ရံဖန်ရံခါတွင် အဆုံးစွန်သောလွတ်လပ်မှုတို.ကို သက်ြန်တွင် လွန်ကျွံစွာ သုံးစွဲကြလေတော.သည် မိမိပြုသမျှကံ မိမိသာခံရမည်ဖြစ်သောကြောင်. ခံနိုင်ရည်သာ ရှိပါက ဘာမဆို Carry On.

   သို.သော် မိမိလွတ်လပ်မှုက ပတ်ဝန်းကျင်ကိုအနှောင်.အယှက်ဖြစ်လျှင်..ကိုယ်.သိက္ခာကို ထိခိုက်လျှင်...ကိုယ်မိသားစုကို ထိခိုက်စေလျှင်တော. ရသောအပျော်နှင်. မထိုက်တန်ဟုမြင်ပါသည်...ယခု ဘယ်လိုမှအမြင်မတော်သော ၀တ်စားဆင်ယင်မှု...အနေအထိုင်များက on line ပေါ်တွင် မမြင်ချင်အဆုံး.....အရင်က အိမ်ထောင်ကျစ ဇနီးမောင်နှံပင် မြင်ခွင်.ခဲယဉ်းသော အနေအထားတို.ကို ယခုတော. ပေါပေါများများ ဖောဖောသီသီ မြင်ခွင်.ရနေသည်... ရက်ရောလှပါဘိ....ထို.အတူယမန်နှစ်က သင်္ကြန်ရက်တွင် ၇န်ကုန်ရှိဟော်တယ်အသေးများနှင်. တည်းခိုခန်းများ လုံးဝအခန်းမရပါတဲ. အသစ်များပင်....... သက်ြန်ရေပက်ခံထွက်တာ တည်းခိုခန်းကိုထွက်တယ်တဲ့....လုံးဝအသစ်တွေပဲ....သမီးမိန်းကလေးမွေးထားသော မိဘများ ရေအေးများများသောက်ရတော.မည်ပင်....တစ်ခုတော.သတိပြုစေချင်သည်....မိန်းကလေးတော်တော်များများ လက်မထပ်မှိ lost of the virgin သည် အ၇က်..ဘီယာစသည်. မူးယစ်မှုတစ်ခုခုဖြစ်နေချိန်တွင် ၈၀% ခန်. ဖြစ်လေ.ရှိပါသည်....ဆိုဂျုး ယဉ်ကျေးမှု ကကူးစက် လာသော ဘီယာ ၀ိုင် မှသည် imported whisky ထိအရှိန်ပြင်းပြင်း လှမ်းနေသော မိန်းကလေးငယ်တို.အနေဖြင်. လက်ရှိခောတ်အရ မပြောလိုသော်လည်း အတူသောက်သူ...အတူသောက်ချိန် စသည်တို.က တစ်ဘ၀လုံးနှင်. ဆိုင်နေတတ်ပါသည်....ပိုဆိုးသည်က ဆိတ်ကွယ်ရာမရှိလောက်အောင်ပေါများနေသော spy camera များနှင်. စည်းမစောင်.သော ဟိုတယ်ဝန်ထမ်းများ...သူငယ်ချင်းများ..... သတိတော.အထူးထားသင်.ပါသည်...ဒီကြားထဲ တစ်ချက်တစ်ချက် ကြားနေရသည်. friend sex ...အကျယ်တော.မရှင်းပြလိုတော.ပါ

   ထို.အပြင်ရှေးပဝေသဏီကပင် ဝေဖန်လာသော ရေဖြုန်းပွဲကြီးဆိုသည်.ကိစ္စ....စာရေးဆရာတစ်ယောက်လည်းရေးဖူးပါသည်....အညာဒေသကမိသားစုလေးတစ်ခုက ၃မိုင်လောက်ကရေကိုသွားသယ်လာပြီး ပုဆိုးလေးရေထဲညှစ် တစ်ကိုယ်လုံးရေပတ်တိုက်...အဲဒိရေကိုပဲ အဖေပြီးတော. အမေ..ပြီးတော.အကို..ပြီးတော.ညိမ....ထိုရေတစ်အိုးကို ချိုးမပစ်ရက်ပါတဲ. အဲဒီအချိန်သက်ြန မှာသုံးသောရေများကို သူမျက်နှာပူနေမိပါသည်တဲ့............လာတော.မယ်.နွေ ရေခွဲတမ်းစနစ်များ......သို.သော်လည်း အားလုံးညီမှတော. ဤ ကို ဘာလို.ကျွဲမဖတ်ရမှာလဲ......ပျော်စရာကောင်းသောသက်ြန်ပါပဲပေါ.

   တကယ်တော.လည်း ပျော်စရာတွေ.လျှင်ပျော်...လုပ်စရာရှိတာလုပ်...ဘ၀နိဂုံးချုပ်ချိန်မှာ ငြိမ်းချမ်းစွာ အဆုံးသတ်နိုင်ဖို.ပဲလိုပါတယ် ...မနက်ဖြန်ဆိုလျှင် နှစ်တစ်နှစ်ကူးပြိ...ဘာသာရေးသမားတို.က ပြီးခဲ.သည်.နှစ် ဒါန.သီလ.ဘာဝနာ ဘယ်လောက်လုပ်နိုင်ခဲ့လည်း...ပိုပြီးဘယ်လိုလုပ်နိုင်မလဲ....မကောင်းမှု အကုသိုလ် ဘယ်လောက်ရှောင်နိုင်ခဲ့လဲ..ဒီ.ထက်ဘယ်လိုပိုရှောင်မလဲ....ဆင်ခြင်ကြပေမည်.....စီးပွားရေးသမားတို.က ပြီးခဲ့သည်.နှစ် ဘယ်လောက်စုဆောင်းနိုင်ခဲ့သည် နောင်နှစ် ဘာတွေထပ်လုပ်ဖို.လိုသည်...မနှစ်က ဘယ်အလုပ်တွေဆုံး၇ှုံးခဲ့သည်..နောင်နှစ် ဘာဂရုစိုက်ရမည်...ဒါတွေပဲတွေးတောနေပေလိမ်.မည်.....နိုင်ငံရေးသမားတို.ကလည်း မနှစ်ကဘယ်လောက်အောင်မြင်ခဲ့သည်..ဒိနှစ်တော. ဘာတွေထပ်အောင်မြင်ရမည်...မနှစ်က ဘယ်နေရာတွေမှာအားနည်းခဲ့သည်..ဒီနှစ်တော. ဟာကွက်မရှိစေရ ဆိုတာမျိုး စီစဉ်နေကြပေမပေါ. ..ကျောင်းသားအရွယ်တို.ကတော..မနှစ်က ဘာအဆင်.ပဲရသည်..ဒီနှစ်တော. ဆိုပြီး ကြုံးဝါးကြ မည်ပေါ. ... အဆိုတော်တို.က..ရုပ်ရှင်မင်းသားမင်းသမီးတို.က...၀န်ထမ်းတို.က...အားကစားသမားများက....စသည်ဖြင်. ..... ကောင်းပါသည် ကိုယ်ယုံကြည်ရာ ကိုယ်စိတ်ထက်သန်ရာ နယ်ပယ်တို.တွင် ထိပ်ဆုံးရောက်လျှင်အကောင်ဆုံးပေါ. သို.သော် ထိပ်ဆုံးကပြန်မကျဖို.က ပိုဝန်ကြီးလှသည်....ယခု အသက်၂၀ ရှိနေသူတို.အနေဖြင်. လူ.လောကတွင် အသက်၇၀ နေရမည်ဆိုပါက ၇က်ပေါင်း ၁၈၂၅၀ သာကျန်တော.သည်...၂၅ နှစ်ရှိသူတို.က ၁၆၃၂၅ ရက်သာကျန်တော.သည်..၃၀ပြည်.သူတို.က ၁၄၆၀၀ သာကျန်တော.သည်..၂၅ ဆိုလျှင်တော. ၁၁၀၀၀ ကျော်ကျော်သာကျန်တော.သည် အကယ်၍ များ ၆၀ သာနေရမည်ဆိုလျှင် သို.မဟုတ် မကျန်းမာတော.လျှင်.......... ထို.ကြောင်. ယုံကြည်ရာကို ပိုအားစိုက်ကြရပေတော.မည်............

No comments:

Post a Comment