Thursday, April 11, 2013

အတွေးပါတဲ့ ဟာသလေးတွေ

"သားအားလုံးသိတယ်နော်"
 

တစ်ခါကသိပ်လည်တဲ့ကလေးတစ်ယောက်ရှိပါတယ်။
တစ်နေ့ သူ့ မေမေအလှပြင်နေတဲ့အနားကိုသွားပြီး
"မေမေ သားအားလုံးသိတယ်နော်" လို့ ပြောတဲ့အခါ
သူ့ မေမေက "အေးအေး သား.. သားကလိမ်မာတယ် ဘယ်သူ့ မှလျှောက်မပြောနဲ့ 
မုန့် ဖိုးယူသွား " ဆိုပြီး မုန့် ဖိုးပေးလိုက်ပါတယ်။
ဒါနဲ့ ကလေးက သူ့ ဖေဖေဆီသွားပြီး "ဖေဖေသားအားလုံး သိတယ်နော်"လို့ 
ပြောလိုက်ပါတယ်။ သူ့ ဖေဖေကလည်း "အေးအေး သားအတွက် မုန့် ဖိုး
ယူသွား လျှောက်မပြောနဲ့ " ဆိုပြီးမုန့် ဖိုးပေးလိုက်ပါတယ်။
အဲဒီအချိန်မှာ အိမ်ကိုစာပို့ သမားတစ်ယောက်ရောက်လာပါတယ်
ကလေးက " ဦးလေး ဦးလေး သားအားလုံးသိတယ်နော်"လို့ ပြောတဲ့ အခါ
စာပို့ သမားကြီးပြန်ပြောလိုက်တာကတော့"အမလေး လူလေးရယ် မင်းအား
လုံးသိသွားပြီလား လာစမ်းပါဦးဖေဖေ့ဆီကို" ဖြစ်ပါသတဲ့။

"တရားခံဘယ်သူလဲဟေ့"

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုန်းကံကြီးမားတဲ့ဘုရင်ကြီးတစ်ပါး အုပ်ချုပ်မင်းလုပ်နေသတဲ့။ဘုရင်ကြီးရဲ့ နှူတ်ထွက်စကားဟာလည်း သမာသမတ်ရှိတာနဲ့ အညီ တည်စေမြဲစေဖြစ်ပါသတဲ့။

တစ်နေ့ တိုင်းခန်းလှည့်လည်တဲ့အခါ မိန်းမတစ်ယောက်က

“အရှင်မင်းကြီး ကျွန်တော်မတို့  မိန်းမသားတွေမှာ ကိုယ်ဝန်ဆောင်ပြီးမီးဖွားတဲ့အခါ

နာကျင်ဆင်းရဲမှုတွေကို ခံစားရပါတယ်..ဒီကိုယ်ဝန်ဟာ ယောကျာင်္းတွေန.ဲ လည်းသက်ဆိုင်တဲ.အတွက် ဒီလိုနာကျင်မှုတွေကိုသူတ.ို လည်းခံစားရမှတရားနည်းလမ်းကျပါလိမ့်မယ်လို.” 


 လျှောက်တင်သတဲ့။ဒါနဲ.မင်းကြီးလည်းဟုတ်ပေသားဆိုပြီး”မိန်းမတွေမီးဖွားတဲ့အခါ

သက်ဆိုင်တဲ့ ခင်ပွန်းဖြစ်သူက နာကျင်မှုကိုခံစားစေ” လို့ အမိန့် တော်ချမှတ်လိုက်ပါတယ်။

အဲဒီအချိန်ကစပြီး တိုင်းပြည်အတွင်းမှာမိန်းမတွေမီးဖွားတိုင်း သက်ဆိုင်ရာယောကျာင်္းတွေကဗိုက်နာကြသတဲ့။တစ်နေ.တော့မင်းကြီးရဲ့ညီလာခံသဘင်မှာအမတ်ချုပ်ကြီးက ထပြီးဗိုက်နာပါသတဲ့။အဲဒီအချိန်မှာတကယ်တမ်းမီးဖွားနေတာကတော့ မိဖုရားကြီးဖြစ်နေပါသတဲ့။






"Asshole"

တစ်ခါက ပန်းခြံတစ်ခုထဲက ခုံတန်းလျားတစ်ခုမှာလူစိမ်းနှစ်ယောက် အတူတူထိုင်နေပါတယ်။

တစ်ယောက်ကသတင်းစာဖတ်ရင်းနဲ့ 

“ဟာ..ဒီနိုင်ငံရေးသမားတွေဟာ` asshole’ တွေဘဲ” လို့ ထအော်ပါသတဲ့။

အဲဒီအခါမှာ ဘေးကတစ်ယောက်က “ဟေ့ မင်းဒီလိုမပြောပါနဲ့ ... ငါလုံးဝသည်းမခံနိုင်ဘူး” လို .ထအော်ပါသတဲ့။

ဒါနဲ့ ပထမလူက နဲနဲအားနာသွားပြီး

“သြော်.. ခင်ဗျားကနိုင်ငံရေးသမားလားလို့ "မေးတဲ့အခါ
ဒုတိယလူက “အေးငါ ‘asshole’ ဘဲ” လို့ ဒေါသတကြီးပြန်အော်လိုက်ပါတယ်။



မြန်မာစာကိုမြန်မာလိုဖတ်တာ"

မြန်မာစာကိုမြန်မာလိုဖတ်တာအသံနေအသံထားမှန်ဖို့အင်မတန်အရေးကြီးပါ

တယ်ခင်ဗျာ...ကဲဒါလေးတွေကိုဖတ်ကြည့်မယ်..


"မမဲပေါင်ထားတဲ့ ကိုဖေါင်ရဲ့လတ်စွပ်ကို ရွေးလျှင်ရွေးမရွေးလျှင်ဆုံးရပါလိမ့်မယ်" 

လို့စာတိုလေးတစ်စောင်ရေးပေးလိမ့်သတဲ့..။အဲဒိစာကိုဘုန်းကြီး
ကျောင်းသားလေးကဖတ်လိုက်ပုံကတော
"မမဲပေါင် ကိုဖေါင်လစွပ် ရွေ့လျှင်ရွေ့ မရွေ့လျှင် စုပ်လိမ့်မယ်" လို့ဖတ်လိုက်သတဲ့..။

အဲသလိုပဲ "မအူပင်တရုတ်တန်းက ပန်းကန်တစ်ရာငှားလိုက်ပါ"လို့ရေးထားတဲ့စာလေးကိုဖတ်လိုက်ပုံကတော့..."မအုဖင် တရုတ်လှန် မခံတရား ငါလဲပါ" လို့ဖတ်လိုက်သတဲ့..။
 

အဲသလိုပဲရွာသူကြီးတစ်ယောက်က"ရွေး ပင်ကိုထင်တိုင်းမခုတ်ရ ဆင့်ဆိုလိုက်သည်"လို့အရပ်ထဲမှာမောင်းထုကြေညာရန် မှာလိုက်သည်ကို မောင်းထုဆရာကမောင်းထုကြေညာလိုက်ပုံကား...
ခွေးဖင်ကိုထင်တိုင်းမလုပ်ရ ဆင်ဆိုးလိုက်တက်သည်"လို့လိုက်ကြေညာသတဲ့..။



မြန်မာစကားကသေချာမပြောတက်ရင်အယူအစတစ်မျိုးသက်ရောက်တက်ပါတယ်..။
တစ်ခါကရွာတစ်ရွာရဲ့လမ်းမှာကောင်မလေးတစ်ယောက်လှည်းကြုံလိုက်ချင်တယ်လို့လှည်းသမားကိုပြော
လိုက်တယ်။လှည်းသမားကလဲ ရိုးရိုးသားသားပြန်ပြောပါတယ်....ကောင်မလေးကတော့ဘယ်လိုတွေးလဲတော့မသိဘူး..။လှည်းသမားပြနိပြော
လိုက်တာက"ဖင်ခံနိုင်ရင်လိုက်ခဲ့တဲ့"သူပြောတာကလှည်းဆောင့်ရင်ဖင်နာတယ်လေ....လှည်းဆောင့်တဲ့
ဒဏ်ခံနိုင်ရင်လိုက်ခဲ့လို ပြောတာပေမယ်. ကြားရသူအဖို.ကတော......

Post from http://tawwtharlay.blogspot.com/



No comments:

Post a Comment