Tuesday, April 23, 2013

မြို.လေးရဲ. နှစ်ဆန်း တစ်ရက်...ကန်.သတ်ရက်တိုးသင်္ကြန်...ဘုရားကြီးရေသပ္ပါယ်ပွဲ

 
ယခုနှစ် နှစ်ဆန်း ၁ ရက်နေ.

 
ပြီးခဲ့သော နှစ် နှစ်ဆန်း ၁ ရက်နေ.

 
ပြီးခဲ့သော နှစ် နှစ်ဆန်း ၁ ရက်နေ.
ဝါးခယ်မမြို.ရဲ. တည်ထားပူဇော်သက်တမ်း နှစ် ၁၂၀ ခန်.ရှိပြီဖြစ်တဲ. သကျမဟာသီရိ ဘုရားကြီးမှာ ထူးခြားတာ နှစ်ခုရှိပါတယ် တစ်ခုက လပြည်. လကွယ် မနက်တိုင်း မျက်နှာသစ်တော်ရေ (ရေကြည်တော် ) ကပ်လှုခြင်း ကျင်းပလေ.ရှိပါတယ် (မန္တလေး မဟာမြတ်မုနိဘုရားကြီးကတော. နေ.တိုင်းပေါ.) နောက်တစ်ခုက ခုလို နှစ်ဆန်း တစ်ရက်နေ.ဆိုရင် ဘုရားကြီးရေသပ္ပါယ်ပွဲ ကျင်းပလေ.ရှိပါတယ် (ဒါနဲ.နီးစပ်တာဆိုရင်တော. ရန်ကုန်မှာဆို သာဓုကန်က ဒီလိုနေ.စည်ကားပါတယ်)


ယခုနှစ် နှစ်ဆန်း ၁ရက်နေ.

 ယခုနှစ် နှစ်ဆန်း ၁ရက်နေ.

ယမန်နှစ် နှစ်ဆန်းတစ်ရက်

ယခုနှစ်နှစ်ဆန်း ၁ ရက်
 ဟိုးအရင်ကဆို ဒီလိုနေ.မျိုးဆိုရင် မနက်မိုးလင်းတာနဲ. အနီးနားက ရွာတွေကနေ နေမပူခင် အဖွဲ.လိုက် လမ်းလျှောက်တက်လာကြပါတယ် မြို.ရောက်တာနဲ. ဈေးထဲဝင် ၀ယ်ခြမ်း စားသောက်ကြပြီး အထူးပွဲ ၉နာရီခွဲ ပွဲ ၀င်ကြည်.ကြ (ခုတော. ရုပ်ရှင်ရုံတွေလဲ မရှိတော.သလို ရွာတွေမှာကလည်း VCD, DVD,SKYNET, ၈ပေစလောင်း စတာတွေ ရှိနေတော. .....)ပြီးတာနဲ. ရေသပ္ပါယ်ပွဲ စချိန်ဆိုတော. ကွက်တိပဲလေ....ဒီလိုရက်ဆို တအားကိုစည်ကားတာပေါ.....ခုလဲ ထိုက်သင်.သလိုတော. စည်ကားပါတယ်




 
ယမန်နှစ် နှစ်ဆန်း ၁ရက်နေ. ပုံများ
ရေသပ္ပါယ်ပွဲ ဆိုတာက ဒီလို နှစ်ဆန်း တစ်ရက်နေ. နေ.လည် ၁၂ ၀န်းကျင်လောက်ဆိုရင် ရေစဝေပါတယ် ရေဝေတယ်ဆိုတာက မြစ်ထဲကရေတွေကို မီးသတ်ပိုက်နဲ.စုပ်တင်ပြီး (အရင်ကတော. ကျောက်တိုင်ရှေ.) ခုတော. မင်္ဂလာဝင်း ရှေ.(ဘုရားကြီးလမ်း)မှာ ရေတိုင်ကီတွေထားပြီး အဲ.ဒီထဲကိုဖြည်.ပေးတာပါ....ဘုရားကိုရေသယ်မယ်.လူတွေက အဲ့ဒီကနေ ဘုရားရောက်တဲ.အထိ ဘုရားကြီးလမ်းတစ်လျှောက် အရင်ကတော. ရေခွက် ရေဖလား ရေပုံး စတာတွေနဲ. သယ်ကြတာပါ ခုတော. အိတ်တွေနဲ. သယ်တာများလာပေမယ်. ငွေဖလားနဲ. သယ်တဲ.မိန်းကလေးငယ်တစ်ချို.လဲ တွေ.နေရပါသေးတယ်....အဲဒီလိုသယ်သွားပြီးရေသပ္ပါယ်မယ်. ဆင်းတုတော်နားရောက်တဲ.အချိန်မှာ အဲဒီရေထဲကို အမွှေးနံ.သာ ထည်.ပေးသူ ဆီက အမွှေးနံ.သာတွေထည်. ပြီးရေသပ္ပါယ်ပေးနေသူတွေဆီ အပ်လိုက်ရတာပါ တစ်ချို.ကတော.အမွှေးနံ.သာကို ကိုယ်တိုင်ထည်.ယူလာပြီး အဲဒိနေရာကနေ အခြားသူတွေကိုဝေမျှ ပေးကြတာပါ အရင်ကတော. သကျမဟာသီရိ ဆင်းတုတော်ကြီးကိုပဲ သပ္ပါယ်ကြပေမယ်. နောက်ပိုင်းတော. သီးခြား ကျောက်ဆင်းတုတော် တစ်ဆူ စီစဉ်ပေးပါတယ် 

ယမန်နှစ် နှစ်ဆန်း ၁ ရက်

 ယမန်နှစ် နှစ်ဆန်း ၁ ရက်

ယခုနှစ် နှစ်ဆန်း ၁ ရက်
 ခုနောက်ပိုင်းနှစ် တွေမှာ တော. စောင်းတန်းထိပ် ဂန္ဒကုဋီ တိုက်အပြင်ဘက် မှာ ဆင်းတုတော် တစ်ဆူစီစဉ် ပေးထားပါတယ်
အဲဒီလိုရေသယ်ကြရင်းဒီလမ်းတစ်လျှောက်မှာ လောင်းချင်သူ လောင်းခွင်.ရှိပါတယ် မြို.ရဲ.အခြားနေရာတွေမှာတော. လောင်းခွင်.မရှိပါဘူး ရက်တိုး ကန်.သတ်သင်္ကြန် ပေါ. အဲဒီမှာ ဘုရားကြီးစောင်းတန်း တစ်လျှောက် ဘေးက အုတ်ခုံတွေမှာ ဒီပွဲကို လာရောက် ကြည်.ရှု နေသူတွေလဲ ရှိကြပါတယ် များသောအားဖြင်.တော. သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေ လူလတ်ပိုင်းတွေများပါတယ်.စောင်းတန်းထဲမှာလည်းဆိုင်းဝိုင်းအသေးလေးတစ်ခုဖြစ်ဖြစ် ရှိနေတတ်ပြီး လာရောက်သူတွေကို တီးမှုတ်ဖြေဖျော်လေ. ရှိပါတယ်...

ခုဒီနှစ်ဆိုရင်လည်း ရာသီဥတုရဲ. အပူဒါဏ်က သတိထားစရာ ဖြစ်နေပေမယ်. အားလုံး အစဉ်အလာမပျက် စိတ်ပါလက်ပါ ပါဝင်ဆင်နွဲခဲ့ကြပါတယ် 

ပြီးခဲ့သည်.နှစ်က ဆွမ်းဆန်စိမ်း လောင်းပွဲ
ဒီလိုနဲ.ရေသပ္ပါယ်ပွဲ ပြီးရင်တော. ဆွမ်းဆန်စိမ်းလောင်းပွဲ ဆက်ကျင်းပပါတယ် .. ကျောင်းတိုက် ၇၀ ခန်.က သံဃာတော် တွေကို ဆွမ်းစိန်စိမ်းလောင်း.... လာကြသူတွေကလည်း တတ်နိုင်တာလေးတွေ လှု ပြီးတော. ပဒေသာပင် ကံစမ်းမဲ တွေလဲဖောက် ပေးပါတယ်

ပြီးခဲ့သည်.နှစ် မြစ်တွင်းအန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပုံ
 ညနေစောင်းမှာတော. မြို.တွင်းလမ်းတွေတစ်လျှောက် ထေရ်ကြီး ၀ါကြီး သံဃာတော်တွေက ကားနဲ. ပရိတ်တရားတော်တွေ လိုက်လံရွတ်ဖတ် ပါတယ် တစ်ပြိုင်တည်းမှာပဲ မြစ်ထဲမှာလည်း ပဲ့ထောင်နဲ. လိုက်လံရွတ်ဖတ်ပူဇော်ပါတယ် ရပ်ကွက် လမ်းတွေမှာလည်း ကိုယ်.လမ်းအစီအစဉ်နဲ.ကိုယ် ဆရာတော်တွေ ပင်.ပြီး ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော် နာယူကြပါတယ်.. 

ယခုနှစ် နှစ်ဆန်း ၁ရက်နေ. လမ်းတွင်းပရိတ်ရွတ်ဖတ်ပုံ (Photo-Hnin Yee Lwin)
  နှစ်တစ်နှစ်ရဲ. နှစ်ဦးအစ ခုလို ရက်တိုင်းမှာ ဒီလိုကောင်းမှုတွေကို တစ်မြို.လုံး အစဉ်အဆက်ပြုခဲ့ကြတာပါ.....
ဒါကြောင်.လည်း လူကြောင်.ဖြစ်တဲ.အန္တရာယ် သဘာဝကြောင်.ဖြစ်တဲ.အန္တရာယ်တွေမှာ မြို.ဟာ အထိခိုက် အနည်းဆုံးတွေသာကြုံရတာ ဖြစ်ပါလိမ်.မယ်

No comments:

Post a Comment