Tuesday, April 30, 2013

နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေးရဲ. ၀ါးခယ်မ ကဗျာတစ်ပုဒ်

-->
                                                        
ကိုယ်ရောက်သောခါ 



ငယ်စဉ်ဘ၀ ၊ တစ်စစီကောက်
အရောက်ချင်ဆုံး ၊ သီကုံးဆိုက
ဝါးခယ်မ။

မွေးဖချစ်ထူး ၊ သမီးဦးမို.
တပူးတွဲတွဲ ၊ မခွဲထားဘူး
သူသွားလေ.ရာ ၊ သူ.ကမ္ဘာကား
ဝါးခယ်မသာ ၊ ဖြစ်ခဲ့ပါ၏။

မွေးဖသမီး ၊ ချစ်မငြီးလည်း
မငြီးမကွေ ၊ အခြေအလိုက်
နှလုံးပိုက်၍ ၊ စဉ်စိုက်ချစ်ကြည်
ဦးလည်မသုန် ၊ မြို.ဂုဏ်တက်ရာ
စေတနာဝေ ၊ သံသာခြွေလျှက်

မြို.နေမြို.ဝေး ၊ ကိုယ်.သွေးကိုယ်.သား
တစ်စိတ်ထားခဲ့။

မြို.များရောက်လျှင်
ကယောက်ကယက် ၊ လက်တပြပြ
ခုန်ဆွဆွဖြစ် ၊ ရင်နစ်သည်းရွှင်
ဂုဏ်အင်ဘေးချ ၊ ပြုးံစစ၀င်
ပျော်ချင်မက်မက် ၊ အသက်မေ.သွား
ဟေ.ဟားပေါက်ကွဲ ၊ ခင်အူဝဲ ။

မြို.ထဲဘုရား ၊ သော်ကသွားနှင်.
ဆွေများမျိုးများ ၊ ရှိသေးလားနှင်.
စကားမကုန် ၊ စားလက်ဆုံနှင်. ။

သည်ပုံသည်နည်း ၊ ဖြတ်ချည်းလာရ
မွေးဖတစ်သက် ၊ ပျောက်ချက်ကမ်းကုန်
ရှိခဲ့တုံလည်း ။

ကံကုန်ဖ, ဝေး ၊ အနေဆွေးမြ
ရောက်ရသည်.ခါ ၊ ရင်တွင်နာလျှင်
သည်းချာတစ်ဝိုက် ၊ တစ်လှိုက်လှိုက်ဆူ
အပူတရှိ ၊ လူမသိလေ
ဖ, နေခဲ့ရာ ၊ ကမ်းသာတစ်ဖက်
ရွာသစ်တက်၍ ၊ စိတ်လက်ပြေကြောင်း
ရွာဦးကျောင်းဝင် ၊ ရှိရင်ဦးချ
မြတ်ဒါနပြု ၊ သာဓုခေါ်စေ
ပေးဝေအမျှ ၊ မျက်ရည်စနှင်.
မွေးဖ,ရကြောင်း ၊ ဆုတောင်းသည်သာ
ကိုယ်.မှာတတ်နိုင်တော.သည် တကား ။

                                                                                                   မာမာအေး 
                                                                                                  (တေးသံရှင်)

၁၉၉၇ မေလ က ထုတ်ဝေခဲ့သော ၀ါးခယ်မမြို.နယ်အသင်း ရွှေ၇တု အထိမ်းအမှတ် မဂ္ဂဇင်းမှ နိုင်ငံကျော် အဆိုတော် (ဒေါ်) မာမာအေး၏ ဖခင်မြို.လေးနှင်. ဖခင်အား လွမ်းဆွတ်သတိရ ရေးဖွဲ.ထားသော ကဗျာကို ကူးယူဖော်ပြအပ်ပါသည်။

ဆက်စပ်ဖတ်ရှုရန် - ၀ါးခယ်မ အနွယ်ဝင် တစ်ဦးဖြစ်သော( ဒေါ်)မာမာအေး၏ စာတစ်ပုဒ်

 

No comments:

Post a Comment