Thursday, January 31, 2013

ဘူတာရုံ သရဲ



လွန်ခဲ့တဲ့ အနှစ်သုံးဆယ် ၊ ကျနော့အသက် ဆယ့်လေး ၊ ဆယ့်ငါးလောက်မှာ ကျနော်က မီးရထား ဘူတာရုံနဲ့ ဓါတ်တိုင်ဆယ်တိုင်စာလောက်ဝေးတဲ့ နေရာမှာ နေပါတယ်။ ဘူတာရုံရဲ့ အနီးအနားမှာ နေတာဆိုတော့ ဘူတာရုံနဲ့ ပါတ်သက်တဲ့ သတင်းစကားတွေကလည်း မကြားချင်ပဲ ကြားနေခဲ့ရတယ်။ စင်္ကြန် ပလက်ဖောင်းနဲ့ တွဲကြားမှာ ကျလို့ တော်ကြာသေပြန်ပြီ။ ရထားအထွက် မရမကလိုက်တက်လို့ ပြုတ်ကျ သေပြန်ြ
ပီ။ ရထားဝင်လာတာ မသိပဲ လမ်းဖြတ်ကူးလို့ တိုက်မိပြီး သေပြန်ပြီ။ အရက်မူးပြီး ရထားလမ်းပေါ် အိပ်နေလို့ ရထားကြိတ် သေပြန်ပြီ။ ဒီလို ခဏခဏ သေကြပြီးတဲ့နောက် ဘူတာရုံမှာ သရဲခြောက်တယ် ဆိုတဲ့ သတင်းကလည်း ဟိုးလေးတကြော်ကြော် ဖြစ်လာတယ်။


ကျနော်တို့ ပတ်ဝန်းကျင်မှာ ည ကိုးနာရီကျော်ရင် အိမ်အပြင် မထွက်ရဲကြသလောက် ဖြစ်လာတယ်။ ဘူတာရုံသွား လမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်မှာကလည်း နှစ်ချို့ ကုက္ကိုလ်ပင်ကြီးတွေ အုပ်ဆိုင်းနေပြီး မိုးကိုမျှော်ကြည့်၍ မမြင်ရလောက်အောင်ပင် ညအခါဆို မှောင်မိုက်ကာ လူသူကင်းရှင်းနေတတ်တယ်။
အခု .. ဒီလမ်းမကြီးပေါ်မှာ ကျနော်တစ်ယောက်တည်း လမ်းလျှောက်နေတယ်။ အချိန်က ဆယ့်တစ်နာရီ မတ်တင်း။ ဒီလမ်းပေါ်ကို ကျနော် လျှောက်ချင်လို့ လျှောက်နေတာမဟုတ်ပဲနဲ့ မလျှောက်မဖြစ်လို့ လျှောက်နေရတယ်။ နောက်ပြီး ကျနော်ဦးတည်သွားနေတာက သရဲခြောက်ပါတယ်ဆိုတဲ့ ဘူတာရုံဆီကို။


အဲဒီကို ကျနော်သွားနေတာဆိုတော့ ကျနော်က မကြာက်တတ်လို့လား။ မဟုတ်ပါဘူး ကျနော့အသက် ဆယ့်လေးနှစ်လောက်ပဲ ရှိသေးတာ ကြောက်တတ်တာပေါ့။ ကြောက်လို့လည်း တစ်လမ်းလုံး သိသမျှ မှတ်သမျှ ဘုရားစာတွေ ဂုဏ်တော်တွေ ရွတ်ဖတ်နေရတာ ပါးစပ်မှာတောင် အမြှုပ်တွေ ထလို့။ မျက်လုံးကလည်း ကျီကန်းတောင်မှောက် ဘေးကြည့်လိုက် ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်ပေါ့။ ဗြုန်းဆို အနားကို ဘာကောင်ကြီးရောက်လာမလဲဆိုပြီး တွေးတွေးပြီးလည်း ကြောက်နေမိတယ်။ ကြားဖူးနားဝ ရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ယုံတမ်းစကားတွေထဲကလို ခွေးသေးသေးလေး ပေါ်လာပြီး တစ်ဖြည်းဖြည်း ဆင်လောက် အကောင်အကြီးကြီး ဖြစ်လာလေမလား။ ညီလေး မီးတစ်တို့လောက်ဆိုပြီး လာပြောတဲ့သူက လျှာကြီး တစ်တောင်လောက် ထုတ်ပြလေမလား။ အစ်ကိုကြီး အစ်မကြီးတို့ရယ် ထမင်းဖိုးလေးသနားပါဆိုတဲ့ သူတောင်းစာကြီးက နားရွက်တစ်ဖက် ခင်းထိုင်ပြီး နားရွက်တစ်ဖက် ခြုံထားလေမလား။ သစ်ကိုင်းပေါ်မှာ တွဲခိုပြီး အနားရောက်မှ ဘွားခနဲ ကိုယ်ထင်ပြမယ့် ညောင်ပင်တစ္ဆေနဲ့များ တွေ့လေမလား။
ကျနော် လမ်းသာလျှောက်နေရတယ် နောက်ကျောက မလုံဘူး။ ဗြုန်းဆို နောက်က ပုခုံးလာပုတ်လို့ လှည့်ကြည့်လိုက်တဲ့အခါ ထန်းပင်လောက်မြင့်တဲ့ သရဲကြီးများ တွေ့လေမလားဆိုပြီး ခြေလှမ်းကို အမြန်နှုန်းတင်ပြီး သုတ်ခြေတင် လျှောက်နေရတယ်။ တကယ်ဆို ဒီဘူတာကို လုံးဝ မလာချင်ပါဘူး။ အဖေက သူ့ညီမ (ကျနော့ဒေါ်လေး) နယ်ကနေ ဒီည ဆယ့်တစ်နာရီခေါက်နဲ့ ပါလာမယ်။ သူက မျက်စေ့သိပ်ကောင်းဘူး သွားကြိုပါဆိုလို့သာ လာခဲ့ရတယ်။ တစ်ကိုယ်လုံး ကြောက်စိတ်တွေကြောင့် ချွတ်ခနဲ အသံကြားတာနဲ့ ကြက်သီးတွေ တစ်ဖြန်းဖြန်း ထထနေတယ်။
ကတ္တရာလမ်းဆုံးလို့ ဘူတာရုံသွားရာ မြေနီလမ်းလေးကို ချိုးဝင်လိုက်တယ်ဆိုရင်ပဲ ဘူတာရုံနဲ့နီးလာပြီဆိုတဲ့အသိနဲ့ စောစောကကြောက်စိတ်တွေ ပိုပြီးကြီးထွားလာတယ်။ ရှေ့နားဆီမှာ ဘူတာရုံကို လှမ်းမြင်နေရပါပြီ။ သို့ပေမယ့် လူသူအရိပ်အယောင်တော့ လုံးဝမတွေ့ရ။ အဖော်တစ်ယောက်ယောက်တော့ ရကောင်းရဲ့ဆိုပြီး ဘူတာရုံထဲဝင်ဝင်ချင်း ရှာဖွေကြည့်သည်။ ဒါပေမယ့် လူရိပ်မြင်ပြီးဟောင်မည့် ခွေးတစ်ကောင်ပင်မတွေ့ပေ။ ဘူတာရုံစောင့် ကုလားအဖိုးကြီးကရော ဘယ်ရောက်နေလဲ။ လုံးလုံးမတွေ့ရပါ။ ဆယ်မိနစ်ကျော်ကျော် ဘူတာရုံစင်္ကြံမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိတယ်။ တကယ်ဆို ဘူတာရုံမှာ ရထားစီးခရီသည် မရှိတောင်မှ ဈေးသည် တစ်ဦးတစ်လေတော့ ရှိကောင်းတယ်။ အခုဟာက လုံးလုံးခြောက်ကပ်တိတ်ဆိတ်ပြီး စိတ်ချောက်ခြားဖွယ်ရာအတိ။ ဘာပဲဖြစ်ဖြစ် လက်မှတ်ရောင်းကောင်တာမှာ တစ်ယောက်ယောက်တော့ ရှိကောင်းရဲ့ဆိုပြီး လှည့်ကြည့်လိုက်တော့ …


အောင်မလေးဗျ .. နာ .. နာ .. နာ ..


မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ခေါင်းမှဆံပင်အားလုံး ထောင်ထတက်သွားရတယ်။ လက်မှတ်အရောင်း ကောင်တာပေါက်မှာ ထင်းထင်းကြီးပြူးထွက်နေတဲ့ မျက်နှာကြီးတစ်ခု။ ဆံပင် မျက်ခုံးမွှေး နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး သွားတံများဆွတ်ဆွတ်ဖြူလို့။
ကန်ကလေး မင်း .. ဘာလာလုပ်တာလဲ
အသံကြားမှ ဘူတာရုံစောင့် နာနာကြီးမှန်း သိလိုက်ရ၍ စိတ်သက်သာရသွားရတယ်။
ဟာ .. နာနာကြီးကလည်းဗျာ အသံလေးဘာလေး ပေးမှပေါ့
ဟ ကောင်လေးရ မင်းကို ငါဒီနေရာကနေ ကြည့်နေတာကြာပြီ မင်းတစ်ယောက်ထဲ ဘာလာလုပ်တာလဲ
ရထားလာစောင့်တာ နာနာကြီးရ
ဒီနေ့ ရထားမလာဘူး
ဗျာ
အေးဟုတ်တယ် ပဲခူးမှာ ရေကြီးနေလို့ ခရီးစဉ်ဖျက်ထားတယ်
ဟာဗျာ ဒုက္ခပါပဲ
ဘာဒုက္ခလဲကွ
အိမ်ကို တစ်ယောက်ထဲ ပြန်ရမှာမို့လို့ပါ
အေး ပြန်မယ်ဆိုရင်လည်း သတိဝရိယနဲ့သွားကွာ
ဘာ .. ဘာဖြစ်လို့လဲ နာနာကြီး
ဘာမှ မဟုတ်ပါဘူးကွာ ညကမှောင် လကမသာတော့ ဆူးညှောင့်ကန်သင်းတွေ သတိထားဖို့ပြောတာပါ


ကြောက်ပါတယ်ဆိုမှ ဖြဲခြောက်နေပြန်ပြီ။ ညကမှောင်။ လကမသာ။ အချိန်က ညဉ့်နက်သန်းကောင်နီးပါး။ လမ်းပေါ်မှာက ကျွန်တော် တစ်ယောက်တည်း။ အပြန်ခရီရဲ့ ခြေလှမ်းတွေက …
ဘူတာရုံနဲ့ ကိုက်နှစ်ဆယ်အကွာလောက်ရောက်တော့ အသံတစ်ခုကို ကျနော်သတ်ထားမိလိုက်တယ်။
ဖလပ် .. ဖလပ် .. ဖလပ် .. ဖလပ်
ရင်တွေ တစ်ဒုန်းဒုန်းခုန်ပြီး လိပ်ပြာလွင့်မတတ်ဖြစ်မိတယ်။
ဒီအသံ ဘယ်ကလာတာလဲ။ ဘယ်သူလဲ။ ဘာကောင်လဲ။ လူလား ခွေးလား ကြောင်လား လေတိုက်တာလား သစ်ပင်လှုပ်တာလား ဒါ ဒါမှမဟုတ် နာနာဘာဝလား။ ဟံမလေး လေး။ ကြောက်ကြောက်နဲ့ လျှောက်ရာက ရပ်။ နောက်ပြန် ဆတ်ခနဲလှည့်ကြည့်လိုက်တော့ ….
ဟာ …
ဘာဆိုဘာမှမတွေ့။ ထူးဆန်းသည်က စောစောက ကြားရတဲ့အသံ ရုတ်ချည်းရပ်တန့်သွားတာပဲ။ ကျနော်ပြန်လျှောက်တယ်။ ကျနော် စ လျှောက်ချိန်မှာပဲ အခုနအသံ ပြန်ကြားရတယ်။


ဖလပ် .. ဖလပ် .. ဖလပ်


ကျနော် ခြေလှမ်းအရှိန်ကို ထပ်မြှင့်လိုက်တော့ အသံကလည်း ပိုမြန်လာတယ်။ ဟာ … ဟုတ်တော့ ဟုတ်နေပြီ။ ဒါ သရဲ။ ဘူတာရုံသရဲ။ ကျနော့ကိုခြောက်ဖို့ နောက်ကလိုက်နေတာ။ ဘာလုပ်ရမလဲ။ လုပ်တတ်တာတစ်ခုတော့ရှိတယ်။ အဲဒီတစ်ခုပဲ လုပ်မယ်။ ဟုတ်ပြီ။ လုပ်ပြီကွာ …
သြကာသ သြကာသ သြကာသ အဲ ဟုတ်ပါဘူး သံ သံ သံဗုဒ္ဓေ အဌ ဌ ဌ ဝီသဉ္စ ဒွါရ ရ ရ သဉ္စ သ ဟ ဠကြီး အ။ အာ .. ငါ့နှယ်နော် ဘာတွေဖြစ်နေတာလဲ အရေးအကြောင်းဆိုမှ အယောင်ယောင်အမှားမှားတွေ ဖြစ်နေပြန်ပြီ ။
ခြေလှမ်းတွေ သုတ်ခြေတင်ပြီးလျှောက်လိုက်တော့ မြေနီလမ်းလေးဆုံးလို့ ကတ္တရာလမ်းမပေါ်ရောက်လာတယ်။ ဒီအထိ ကိုယ်တော်ချောက လိုက်လာဆဲ။ ကတ္တရာလမ်းမပေါ်ရောက်တော့ စောစောက ဖလပ်ဖလပ်အသံက ရှပ် ရှပ် မြည်လာတယ်။


ရှပ် .. ရှပ် .. ရှပ် .. ရှပ်


ကျနော်မရတော့ဘူး။ ရှူရှူးတွေထွက်လို့ အီအီးတွေပါ ပါချင်လာပြီ။ နောက်ကျတဲ့ခြေထောက် သစ္စာပေါက်ဟဲ့ဆိုပြီး တစ်ချိုးတည်းပြေးလိုက်တာ အိမ်ရှေ့ကို ဘယ်လိုရောက်လို့ ရောက်လာမှန်းမသိတော့ဘူး။ မောရမှန်းမသိ ပမ်းရမှန်းမသိ။ နောက်လည်းလှည့်မကြည့်မိတော့။ အိမ်ခြံစည်းရိုးဝအရောက်မှာ ဖိနပ်တောင်မစီးနိုင်တော့ပဲ ခြံဝမှာတင် ဖိနပ်ကိုချွတ်ထားခဲ့ပြီး အိမ်ထဲပြေးဝင်ခဲ့တယ်။
မောကြီးပမ်းကြီးနဲ့ အိမ်ထဲပြေးဝင်လာတဲ့ ကျနော့ကို ဘာဖြစ်လာတာလဲ ဝိုင်းမေးကြတယ်။ ဒါပေမယ့် ကျနော် စကားမေးတောင်မရပဲ သတိလစ်သွားတော့တယ်။ ဘယ်လောက်အချိန်ကြာသွားလဲ မသိဘူး။ ကျနော်သတိပြန်လည်လာတော့ မနက်ရှစ်နာရီခွဲနေပြီ။ ညကဖြစ်ပျက်ခဲ့တဲ့ အကြောင်းစုံကို အိမ်သားတွေအားလုံးကို ပြန်ပြောပြတော့ ကျနော့အဖေကို တစ်ယောက်တည်းလွှတ်ရပါ့မလားဆိုပြီး ဝိုင်းအပြစ်တင်ကြပါလေရော။ ကျနော့အဖေလည်း မျက်လုံး ပုတ်ခပ်ပုတ်ခပ်နဲ့ ဖြစ်နေရှာတယ်။ အမေကတော့ ငါ့သားလေး ကံကောင်းလို့ဆိုပြီး ပြောနေရှာတယ်။
တကယ်ပါဗျာ။ ကျနော် ဒီလိုအဖြစ်အပျက်မျိုး တစ်ခါမှ မကြုံးဖူးခဲ့ဘူး။ သရဲဆိုတာတော့ ကြားဖူးတယ်။ လက်တွေ့ အခြောက်ခံရတာတော့ ဒါ ပထမဆုံး အကြိမ်ပဲ။ ဒီအကြောင်းကို ကျောင်းရောက်ရင် သူငယ်ချင်းတွေကို ပြန်ပြောပြရမယ်လို့ တေးထားလိုက်တယ်။
ကျနော် လှဲနေရာက ထပြီး ရေမိုးချိုး ထမင်းစား အဝတ်အစားလဲပြီး ကျောင်းသွားဖို့ အိမ်ရှေ့ထွက်လာတော့ ဖိနပ်ကရှာမတွေ့ဘူး။ နောက်မှ သတိရတယ်။ ညက ကြောက်ကြောက်နဲ့ ခြံဝမှာ ချွတ်ထားခဲ့တာပဲ။ သွားကြည့်တော့ …


ဟင် … ညကသရဲ


ဟုတ်တယ် ညကခြောက်တဲ့သရဲက အခုထိရှိနေတုန်း။ ဒင်းက ကျနော့ဖိနပ်မှာ။ မနက်အလင်းကြီးဆိုတော့ ကြောက်စိတ်တွေလည်း မရှိတော့ဘူး။ ဘာရမလဲ သရဲကို ဂုတ်ကကိုင် ခါးလိမ်ချိုးပြီး ခြံထောင့်က အမှိုက်ပုံထဲ ပစ်ထည့်လိုက်တယ်။ ကိုယ့်ကိုယ်လည်း ငါကွလို့ ဟစ်လိုက်သေးတယ်။ သရဲကို ဂုတ်ကကိုင်ပြီး ခါးလိမ်ချိုးတာ ကျနော်တစ်ယောက်ပဲ ရှိတာမဟုတ်လား။ အခုအချိန်မှာ ကျနော် သရဲမကြောက်တော့ဘူး။ မကြောက်ဆို ကျနော် ဂုတ်ကိုင်ပြီး ခါးလိုက်ချိုးလိုက်တာ ညက ဘူတာရုံလမ်းမှာ နောက်က တကောက်ကောက်လိုက်ပြီး ဖလပ် ဖလပ် ရှပ် ရှပ်နဲ့ ခြောက်တဲ့ ကောက်ညှင်းထုပ်ဖက်ကြီး ဖြစ်နေတာကိုး။ ဟား ဟား ဟား ဟား …
ညက ကြုံခဲ့ရတဲ့ ဘူတာရုံသရဲအကြောင်း ကျောင်းရောက်ရင် ဘယ်သူမှ ပြောမပြတော့ဘူး။
နောင်လည်း ဘယ်သူ့ကိုမှ ပြောမပြတော့ဘူး ဟီး ဟီး …..


Written by မှတ်စုရေးသူ @ mynotesite.bs.com

တိတ်တိတ် ပုန်း ဟာသများ စုစည်းမှု

(တစ်ခါတစ်ရံ တွင်တော. ဟာသဆိုသည်က မပြုံးပဲ ၀ါလုံးကွဲ ရီရတတ်သလို တစ်ခါတစ်လေကျတော.လည်း ပြုံးမိရုံသာ တစ်ခါတစ်လေကျတော. တွေးမိလေ ရီရလေ ဆိုတာမျိုးတွေ ရှိပါတယ် တစ်စိမ်.စိမ်. ဟာသများပေါ. အဲဒီလို တစ်စိမ်.စိမ်. ဟာသထဲမှာ ဒီလို အိမ်ထောင်ရေး ဟာသတွေလည်း ပါတတ်ပါတယ်...ဒါကတော. နိုင်းနိုင်းစနေ ရဲ. ရှာဖွေလေ တွေ.ရှိလေ လေးတွေပါ ။ စကားချပ်)
 
 
ခေါင်းစဉ်ကြည့်ကတည်းက သိသာပါတယ်။ ဒီပို့စ်ဟာ ရိုင်းရင်လည်းရိုင်းမယ်။ အဓိပ္ပါယ်မဲ့ရင်လည်း မဲ့မယ်။ အဆဲခံထိရင်လည်း ထိမယ်။ ဒါပေမယ့် ပြုံးဖြစ်မယ်လို့ထင်ပါတယ်။ (မပြုံးလည်းရပါတယ်.. အတုတော့မခိုးပါနဲ့ :P)

(၁) ကိုယ်ချင်းစာတဲ့ တိတ်တိတ်ပုန်း

မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။

"မြန်မြန်.... ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့"

မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။

"မလှုပ်နဲ့နော်... ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ"

အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့ ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ ဘာလဲလို့မေးတယ်။ မိန်းမက တည်ငြိမ်အေးဆေးတဲ့အသံနဲ့ "အော်... ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်" လို့ဖြေတယ်။

အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။ ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက မီးဖိုထဲထသွားခဲ့တယ်။ မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့ နွားနို့တစ်ခွက် ပါလာတယ်။ အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး "ရော့... အစာနည်းနည်းစားလိုက်အုန်း၊ ငါ့လိုမဖြစ်စေနဲ့... ငါတုန်းက မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်"

(၂) လိပ်ပြာမလုံတဲ့ တိတ်တိတ်ပုန်း

ဒီလင်မယားနှစ်ယောက်စလုံး နောက်မီးလင်းကြတယ်။ ယောက်ျားက ည ည အကြောင်းပြပြီး အပြင်ထွက်တယ်။ ဒါပေမယ့် တစ်ညမှာ လင်မယားနှစ်ယောက်စလုံး ဆုံကြပြီး ကိုယ်လုပ်တဲ့အပြစ်အတွက် နေမထိထိုင်မသာ ဖြစ်နေကြတယ်။ နှစ်ဦးသား ညအိပ်ရာဝင်ပြီး မနက်မိုးလင်းခါနီးအရောက်မှာ မိန်းမဖြစ်သူက ရုတ်တရက် ထထိုင်ပြီးယောင်တယ်။

"ဒုက္ခပဲ.. ဒုက္ခပဲ... ကျွန်မယောက်ျားပြန်လာပြီ"

မိန်းမအော်သံလည်းကြားရော ယောက်ျားဖြစ်သူက သူ့အဝတ်အစားတွေ ကပျာကယာယူပြီး ပြတင်းပေါက်ကနေ ထွက်ပြေးသွားခဲ့တယ်။


(၃) တိုက်ဆိုင်တဲ့ တိတ်တိတ်ပုန်း

အိမ်မှာယောက်ျားမရှိတုန်း မိန်းမက တခြားယောက်ျားနဲ့ တိတ်တိတ်ပုန်းနေတယ်။ အဲဒီမှာ ရုတ်တရက် ယောက်ျားကားသံကြားတော့ မိန်းမက "နင့်အဝတ်အစားတွေ မြန်မြန်ယူပြီး ပြတင်းပေါက်ကနေ ပြေးတော့" လို့ ပြောတယ်။

"အပြင်မှာမိုးရွာနေတာ ငါဘယ်လိုခုန်ချမလဲ" တိတ်တိတ်ပုန်းယောက်ျားက ပြောတယ်။

"ငါ့ယောက်ျားမိရင် ငါတို့နှစ်ယောက်လုံးသေမှာ သွား.. သွား..."

မိန်းမက အင်္ကျီတွေအတင်းထိုးထည့်ပေးပြီး ပြေးခိုင်းတယ်။ အဲဒီလူလည်း ပြတင်းပေါက်က ခုန်ချလိုက်တာ မာရသွန်ပြေးနေတဲ့ လူအုပ်ကြားထဲရောက်သွားခဲ့တယ်။

မာရသွန်ပြေးနေတဲ့ လူတစ်ယောက်က သူ့ကိုတွေ့တော့ မေးတယ်။

"ခင်ဗျား တုံးလုံးပြေးရတာ ဝါသနာပါတာလား"

"ဟုတ်ကဲ့ .. ဒါမှ ဆန့်ကျင်ဖက်လေဖိအားတွေ လျော့မှာ"

"ပြေးနေတဲ့အချိန် အဝတ်အစားကိုင်ပြီး ပြေးတတ်တာလား"

"ဟုတ်ကဲ့... ပန်းဝင်တာနဲ့ ကျွန်တော်ပြန်ဝတ်လိုက်လို့ရပါတယ်"

"ခင်ဗျား ခါတိုင်းလည်း ကွန်ဒုံးတပ်ပြီး ပြေးတတ်တာလား"
"မဟုတ်ပါဘူး.. မိုးရွာတဲ့အချိန်မှပါ"

(၄) ပဟေဠိ တိတ်တိတ်ပုန်း
ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ ပင်လယ်ထဲသွားပြီး ငါးသွားရှာကြတယ်။ အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် မိန်းမတွေက ဖောက်ပြန်ကြတယ်။ ဖောက်ပြန်ပြီးတိုင်းလည်း ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။ ကြာလာတော့ ဖာသာကမိန်းမတွေကို "နောက်တစ်ခါ လာဝန်ခံကြရင် ခိုးစားတယ်လို့မပြောဘဲ "ချော်လဲတယ်"လို့ ပြောပါ။ ချော်လဲလာတယ်လို့ ပြောရင် ငါသိပြီ" လို့ မှာလိုက်တယ်။

နောက်တော့ ဖာသာအသက်ကြီးပြီး နောက်ဖာသာအသစ်တစ်ယောက်ပြောင်းတယ်။ မပြောင်းခင် ရွာသူကြီးကို "ချော်လဲတယ်"ဆိုတဲ့ အဓိပ္ပါယ်ကိုပြောပြပြီး နောက်ဖာသာကိုရှင်းပြဖို့ မှာခဲ့တယ်။ ဖာသာအသစ်ရောက်လာတော့ သူကြီးက အဲဒီစကားရဲ့အဓိပ္ပါယ်ကို ပြောပြဖို့မေ့သွားခဲ့တယ်။

ရွာထဲ မိန်းမတွေက အရင်အတိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာအသစ်ဆီသွားပြီး ဝန်ခံကြတယ်။ ချော်လဲတဲ့လူတွေ များနေတာကြောင့် ဖာသာက သူကြီးဆီသွားပြီး မိန်းမတွေ မကြာခဏချော်လဲနေတာကြောင့် ရွာထဲကလမ်းတွေ ပြုပြင်သင့်ကြောင်း ပြောပြတယ်။ ဖာသာစကားကိုကြားတော့ သူကြီးက ထရယ်တယ်။ အားရပါးရ ရယ်နေတဲ့သူကြီးကိုကြည့်ပြီး ဖာသာနားမလည်စွာနဲ့ ထအော်တယ်။

"သူကြီး... ခင်ဗျား ဘာရယ်နေတာလဲ! ဒီတစ်ပတ်အတွင်း ခင်ဗျားမိန်းမ ချော်လဲတာ ၃ ခါရှိပြီဗျ"


(၅) မေ့မရတဲ့ တိတ်တိတ်ပုန်း

လူတစ်ယောက် .. သူက အလောင်းတွေ အခေါင်းထဲမထည့်ခင် ရေချိုး၊ စစ်ဆေးမှုတွေ ပြုပေးရတဲ့လူဖြစ်တယ်။ တစ်ခါက ဦးခင်ရဲ့အလောင်းကို ရေချိုးစစ်ဆေးနေတုန်း အံ့သြစရာတစ်ခု သူသွားတွေ့တယ်။ အဲဒါက ဦးခင်ရဲ့မွေးရာပါဟာ သာမန်ထက် ကြီးနေလို့ဖြစ်တယ်။ ဒါနဲ့သူက "ဦးခင်.. ဦးခင်.. ကန်တော့ပါနော်။ ခင်ဗျားကို ကျွန်တော် ဒီအတိုင်း မီးသင်္ဂြိုလ်လိုက်လို့မဖြစ်ဘူး။ ခင်ဗျားရဲ့ ထူးခြားတဲ့မွေးရာပါကိုတော့ နောက်လူတွေတွေ့မြင်နိုင်ဖို့ ခင်ဗျားချန်ခဲ့မှဖြစ်မယ်" ဆိုပြီး ဦးခင်ရဲ့မွေးရာပါကို ဖြတ်ထားခဲ့လိုက်တယ်။

အဲဒီနောက် အိမ်ပြန်ရောက်တော့ မိန်းမကိုပြချင်တာနဲ့ "မိန်းမရေ.. မိန်းမရေ.. ဒီမှာလာကြည့် နင်လုံးဝ မယုံနိုင်တဲ့ပစ္စည်းတစ်ခု ငါပြမယ်" ဆိုပြီး အထုပ်ကို ဖြည်ပြလိုက်တယ်ဆိုရင်ပဲ မိန်းမက ထအော်တယ်။

"အမလေး... ဦးခင်ကြီး သေသွားပြီလား!"


(၆) မတော်တဆ တိတ်တိတ်ပုန်း

ငယ်ရွယ်တဲ့ လင်မယားနှစ်ဦးမှာ လှပတဲ့သမီးနှစ်ယောက်ရှိတယ်။ ဒါပေမယ့် ယောက်ျားလေးတစ်ယောက် ထပ်မွေးဖို့ သူတို့မျှော်လင့်ခဲ့ကြတယ်။ စစ်ဆေးမှုတွေပြုလုပ်ပြီး လအနည်းငယ်ကြိုးစားလိုက်တော့ မိန်းမမှာကိုယ်ဝန်ရှိသွားခဲ့တယ်။ (၉)လနေပြီးနောက် မိန်းမက သားယောက်ျားလေးတစ်ဦးမွေးခဲ့တယ်။ ယောက်ျားလုပ်သူက ဝမ်းသာအားရ ကလေးခန်းထဲပြေးဝင်ပြီး အခုမှ အမေ့ဝမ်းကကျွတ်လာတဲ့ သားလေးကိုသွားကြည့်ခဲ့တယ်။ ဒါပေမယ့် အရမ်းရုပ်ဆိုးတဲ့ သားကိုတွေ့တော့ သူလန့်သွားခဲ့တယ်။ ဒါနဲ့မိန်းမဆီသွားပြီး ဒေါသတကြီးနဲ့ "ငါ့နောက်ကွယ်မှာ မင်းခိုးစားခဲ့တာလား!" လို့မေးတယ်။ မိန်းမက အချိုသာဆုံးပြုံးပြီး "ဟင့်အင်း... ဒီတစ်ခေါက် မဟုတ်ဘူး" လို့ဖြေလိုက်တယ်။


(၇) အူတူတူ တိတ်တိတ်ပုန်း

ဦးလှအိမ်ပြန်ရောက်တော့ သားက ကြမ်းပြင်ပေါ်ထိုင်ပြီး ငိုနေတယ်။

"နင့် အမေရော!"

"မေမေ အိပ်ခန်းထဲမှာ...."

အိပ်ခန်းထဲ ဦးလှပြေးဝင်ကြည့်တော့ ကုတင်ပေါ်မှာ ချွေးတစို့စို့နဲ့ အမောဖောက်နေတဲ့ မိန်းမကိုတွေ့လိုက်တယ်။ ချွေးသုတ်ဖို့ ရေချိုးခန်းထဲ တဘက်ဝင်ယူတော့ ရေချိုးခန်းထဲမှာ တုံးလုံးကြီးရပ်နေတဲ့ ဘေးအိမ်ကဦးမြကို ဦးလှတွေ့လိုက်တယ်။

"ခင်ဗျားဗျာ.... ကျုပ်မိန်းမ နှလုံးရောဂါထနေတာကို မပြုစုဘဲ တုံးလုံးကြီးချွတ်ပြီး ကျုပ်သားကို ခြောက်နေရသလားဗျာ"

(၈) အံဝင်ခွင်ကျ တိတ်တိတ်ပုန်း

လူတစ်ယောက်က သူ့သေနတ်ပေါ် မှန်ပြောင်းတစ်လက်တပ်ဖို့ မှန်ပြောင်းရောင်းဆိုင် တစ်ဆိုင်နား ရောက်လာခဲ့တယ်။

"ဒီမှန်ပြောင်းက အရမ်းမိုက်တယ်။ ဒီကနေ ဟိုးတောင်ကုန်းပေါ်က အိမ်ကို ခင်ဗျားရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်" ဆိုင်ရှင်က မှန်ပြောင်းတစ်ခု ထုတ်ပြပြီးပြောတယ်။

"ဟုတ်လား!" မှန်ပြောင်းဝယ်သူက ဆိုင်ရှင်ပြောတဲ့ဖက် မှန်ပြောင်းယူပြီးကြည့်လိုက်တယ်။ ပြီးတော့ ရုတ်တရက် တဟားဟား ထရယ်တယ်။

"ခင်ဗျား ဘာရယ်တာလဲ!"

"အဲဒီအိမ်ရဲ့ အခန်းထဲမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် တုံးလုံးကြီး ကျွန်တော်တွေ့လိုက်တယ်"

ဆိုင်ရှင်က မှန်ပြောင်းကို ဆတ်ခနဲ့ဆွဲယူပြီး ကြည့်လိုက်တယ်။ ပြီးတော့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး ဒေါသတကြီးနဲ့ ကျည်ဆံနှစ်တောင့်ယူလိုက်တယ်။

"အဲဒါ ကျုပ်အိမ်ဗျ... ကျုပ်မိန်းမရဲ့ခေါင်းနဲ့ ဟိုကောင်ရဲ့မွေးရာပါကို ဒီကျည်နှစ်တောင့်နဲ့ ခင်ဗျားပစ်နိုင်ရင် ဒီမှန်ပြောင်း ခင်ဗျားကို အလကားပေးမယ်ဗျာ"

ဝယ်တဲ့သူက မှန်ပြောင်းနဲ့ သေသေချာချာကြည့်ပြီး ပြောလိုက်တယ်။

"ခင်ဗျားသိလား! ဒီကျည်တစ်တောင့်ထဲနဲ့ လုံလောက်တယ်"


မှတ်ချက်..... တကယ်လို့ ဒီ "တိတ်တိတ်ပုန်းဟာသ" က ရယ်ရတယ်ဆိုခဲ့ရင် တိတ်တိတ်ပုန်းပြီး မရယ်ပါနဲ့... သူငယ်ချင်းတွေကို မျှဝေပြီး အားပါးတရရယ်ပေးပါ။

အင်တာနက်ပေါ်က တိတ်တိတ်ပုန်းများကို နိုင်းနိုင်းစနေ ရှာဖွေတင်ပြသည်။

Wednesday, January 30, 2013

မြို.လေး ရဲ. ဓမ္မဆာယာများ




မြို.လေးမှာ တရားရိပ်သာတွေနဲ. ပတ်သက်လို. စာရေးကုန်းရပ်ကွက်မှာ ရှိတဲ. မဟာစည် သာသနာ.ရိပ်သာ...သံကြိုးတိုင်ရပ်ကွက်မှာရှိတဲ. ဟံသာဝတီ ကမ္မဌာန်းကျောင်း...မြသိန်းတန် ရပ်ကွက်မှာရှိတဲ. မိုးကုတ်ဝိပဿနာ ရိပ်သာ....ကျုံကနောင်ကျွန်းထိပ် မှာရှိတဲ. သံလျှက်စွန်းရိပ်သာ စတာတွေကတော. ထိုက်သင်.သလို ကြီးမား စည်ကားတဲ. တရားရိပ်သာကြီးတွေ ဖြစ်ပါတယ် ... ရွာသစ် ဘက်ကမ်းမှာရှိတဲ. သံလျှက်စွန်း တရားရိပ်သာ ရွာလည်ရပ်ကွက်မှာ ရှိတဲ. သဲအင်းဂူ ဓမ္မရိပ်သာ ဘိုးမင်းခေါင် ဘုရားနားမှာရှိတဲ. ဗောဓိမြိုင် ကျောင်း (မိုးကုတ် ၀ိပဿနာ ကျောင်းခွဲ)... စသည်ဖြင်. ကိုယ်.ပရိသတ်နဲ.ကိုယ် စုစည်း တရားထိုင်ကြတဲ.ကျောင်းတွေလည်း အတော်များများရှိပါတယ်..... 

မဟာစည် သာသနာ.ရိပ်သာဆိုရင်စာရေးကုန်း ရပ်ကွက်ရဲ. အတွင်းဘက် တကယ်.အေးချမ်းတဲ.နေရာမှာ ရှိနေပြီး ဟိုးးးးးးး အရင်တုန်းက ချစ်တီးသူဌေး တစ်ဦးရဲ.ခြံကို ဦးဘဘ ဒေါ်ခင်မမတို. မောင်နှစ်မတွေက ၀ယ်ယူလှုဒါန်းခဲ့တာလို.သိရပါတယ်..( ၀ါးခယ်မမှာ သံဃာ.ဆေးရုံဆောင်ဖြစ်လာအောင်လည်း သူတို.ပဲ လှုဒါန်းပေးခဲ့တာပါ)..တရားရိပ်သာ စတင်ကာစ ကဆို တန်းလျားကြိးတွေ ထိုးပြီး ယောဂီတွေ နေကြရတာပါ..ဒီကြားထဲ ကျောင်းအနောက်ဘက် လယ်ကွင်းတွေကနေ မြို.ကို လာလာပစ်ခတ်တတ်တဲ. ရောင်စုံသောင်းကျန်းသူတွေရဲ. ရန်ကလည်း ရှိပါသေးတယ်...အဲဒီလိုလာပစ်နေတဲ.အချိန်ဆိုရင်တော. ၀မ်းလျားမှောက်နေကြရတာပေါ. ..အဲဒီရိပ်သာဟာ ၁၉၆၀ ပြည်.လွန်နှစ်တွေမှာစပြီးအတော်စည်ကားခဲ့ပါတယ်... ပထမ ဆရာတော်ကြီး ပြန်လွန်တော်မူပြီးနောက်ပိုင်း ၁၉၈၀ ကျော်လောက်မှာတော. ပုံမှန် ပရိသတ်တွေနဲ. ရှိနေခဲ့ပါတယ်..၀ါတွင်းလို ကာလမျိုးဆိုရင်တော. လည်း ပိုစည်ကားတတ်ပါတယ်...အေးချမ်းတဲ.နေရာမှာ ရှိပြီး ကျောင်းရဲ.ဘေးမှာချောင်းလေးတစ်ခုက ဖြတ်စီးနေသလို ကျယ်ဝန်းတဲ.ကျောင်းဝင်းထဲက နှစ်ကြီးသစ်ပင်တွေရဲ.အရိပ် ...ဆိတ်ငြိမ်တဲ. ပတ်ဝန်းကျင်... ကျေးငှက်တွေရဲ..မြည်ကျွေးသံ တွေနဲ. အတူ ရဟန်း..အမျိုးသားယောဂီ..အမျိုးသမီးယောဂီ တွေအတွက်သီးခြားအဆောင်..အုတ်တိုက်တွေနဲ..တကယ်တရားအားထုတ်လို.ကောင်းတဲ. ရိပ်သာကြီးတစ်ခုပါ


ဟံသာဝတီ ကမ္မဌာန်းကျောင်း လို.ခေါ်တဲ. ဟံသာဝတီရိပ်သာကတော. သံကြိုးတိုင်ရပ်ကွက် မြူရုံးလမ်းမကြီးမှာ ရှိနေတာပါ....ကျောင်းရဲ. အကျယ်အ၀န်းကတော. သတိထားမိလောက်အောင်ကို ရှည်လျား ကျယ်ဝန်းပါတယ်...အရင်ကတော. ပုံမှန်ပရိသတ်လောက်နဲ. ရှိနေတတ်ပြိး ၂၀၀၀ ခုနှစ် ၀န်းကျင်မှာတော. ပြောစမှတ်ပြုလောက်အောင်စည်ကားခဲ့ပြီး အဲဒိတုန်းက ရိပ်သာရဲ. ဆရာတော်ကတော. ဇီးကျွန်းဆရာတော် (ယခု ၀ါးခယ်မဆရာတော်-တောင်ဥက္ကလာ) ဖြစ်ပြီး ၀ါတွင်း ဥပုသ်နေ.လိုမျိုးဆိုရင် တရားခန်းမကြီး တစ်ခုလုံးပြည်.ကြပ် သွားပြီး ဘေးပတ်ဝန်းကျင်တစ်လျှောက်မှာပါ တရားနာသူတွေ ပြည်.နှက်နေတတ်တာမျိုးပါ ...ဆရာတော်ဟာ ကမ္မဌာန်း တရားတော် ဟောတဲ.နေရာမှာ ပြတ်သားပြင်းထန်တဲ. အသုံးအနှုံးတွေနဲ. နားလည်လွယ်အောင်ဟောတတ်တာကြောင်.လည်း ပါပါတယ်....ဆရာတော် ဒိကျောင်းကကြွသွားရပြီးတဲ.နောက်ပိုင်း အတန်ငယ် ဆိတ်ငြိမ်သွားသလို ဖြစ်ခဲ့ပေမယ်. ခုတော.ထိုက်သင်.သလို ပြန်လည် စည်ကားနေပါပြီ...ကျောင်းဝင်းကြီးထဲမှာ ကိုယ်ပိုင်ဇရပ်တွေ ရှိနေပြီး ရက်ရှည် တရားအားထုတ်သူတွေလည်း နေထိုင်ကြပါတယ်

မိုးကုတ်ဝိပဿနာ ရိပ်သာကတော. အရှေ.ပိုင်း မြသိန်းတန် ရပ်ကွက်မှာ ရှိနေပြီး သာမာန် ကျောင်းလေးတစ်ခုကနေ ခုလို စည်ကားလာတဲ. ရိပ်သာအဖြစ်ကိုရောက်၇ှိလာတာပါ...သိရသလောက် ဒီကျောင်းလေးစတင် တည်ဆောက်ချိန်က အဓိက ကုသိုလ်၇ှင်က ရွာလည် ရပ် သီရိမင်္ဂလာလမ်းက ဒေါ်ကြည်အေး လို.သိရပြီး နောက်ပိုင်းမှာတော. အလှုရှင်အသီးသီးတွေ၇ဲ. ပံ.ပိုးမှုနဲ. လက်ရှိအခြေအနေရောက်လာတာပါ... ခုဆိုရင် သိသိသာသာတိုးတက်စည်ကားလာတဲ. ရိပ်သာတစ်ခုဖြစ်နေပါပြီ

သံလျက်စွန်း ဓမ္မရိပ်သာကတော. ကျုံကနောင်ကျွန်းထိပ် ( လှေကျင်းရပ်ကွက်နှင်. မြ၀တီ-ခမောက်စုကြား...GTI ကျောင်းအလွန်) မှာ ရှိနေတာပါ...လက်ရှိဆရာတော်ဟာ ဒုတိယမြောက်ဆရာတော်ဖြစ်ပြိး ကရင်အမျိုးသားပါ....မြို.နဲ.စာရင် ရွာဘက်တွေနဲ. ပိုနီးတာကြောင်. ကျေးရွာတွေက ပရိသတ်တွေပိုများပါတယ်...တစ်နှစ်ကို တရားစခန်း ၄..၅ ကြိမ် ဖွင်.ဖြစ်နေတဲ့ စည်ကားတဲ. တရားရိပ်သာ တစ်ခုပါ...

 ရွာသစ်ဘက်ကမ်းမှာ ရှိတဲ.သံလျက်စွန်း ရိပ်သာကတော. ပုံမှန်ပရိသတ်နဲ. ရှိနေတတ်ပြီး သဲအင်းဂူ ကမ္မဌာန်းကျောင်းကတော. စည်ကားဖို.အရျိန်ယူနေဆဲပါ...ဗောဓိမြိုင်ကျောင်းက မိုးကုတ်ကျောင်းခွဲကတော. မိုးကုတ်ဆရာတော် ဘုရားကြီးရဲ. တရားခွေဖွင်.ပြီး တရားနာယူ ၀ိပဿနာ ရှု မှတ်တာမျိုးကို ဥပုသ်နေ. မဟုတ်လည်း လုပ်ကြပါတယ်...ဘုရားကြီး ပတ်ဝန်းကျင်မှာ ရှိတဲ.ဘုန်းတော်ကြီးကျောင်းအချို.နဲ. မြို.ထဲကကျောင်းအချို.မှာလည်း ၀ါတွင်းကာလ မျိုးမှာဆို စုစည်းပြီးတရားရှုမှတ်သူတွေ ရှိနေတတ်ပါတယ် ...သင်္ကြန်လို ကာလ မျိုးဆိုရင်တော. ရှိသမျှ ရိပ်သာတွေ မှာ တရားစခန်းတွေနဲ. တရားရှာသူတွေ နေရာမဆန်.လောက်အောင် ပြည်.နှက်နေတာမျိုးတွေရှိနေတတ်ပါတယ်

ဒီလိုအေးမြတဲ. ရိပ်သာ စခန်းလေးတွေရဲ. အရှိန်ကြောင်. မြို.လေးကလည်း ထိုက်သင်.သလောက် အပူတွေငြိမ်းပြိး ငြိမ်းချမ်းခြင်း ရသတွေ ဖြန်.ကြက် လွှမ်းခြုံ ခံ ထားရလို. ပိုမိုအေးမြနေသလို ခံစားရမိစေပါတယ်

ဧရာဝတီရဲ. မရှုမလှ အရှုံးအတွက် ထိုသို. ခံစားခဲ့ကြရသည်

ဧရာဝတီ၏ ၂၀၁၃ ရာသီ ပထမဆုံး ရှုံးပွဲ(ကမ္ဘောဇ ၃-ဧရာဝတီ ၀) နှင်. ပတ်သက်၍ ဧရာဝတီ ပရိသတ် များ စုစည်းနေသော Facebook ပေါ်ရှိ We Love AUFC Group တွင် ခံစားခဲ့ကြရသည်များကို ရင်ဖွင်.ရေးသားခဲ့ကြသော ပရိသတ် များ၏  ရင်တွင်းဖြစ်များ စုစည်းပေးထားခြင်း ဖြစ်ပါသည်...



 မင်္ဂလာပါဧရာဝတီ..( Ayeyawady United FC )
မင်းကိုငါ သတိထားမိခဲ့တာ မင်းအသိမကြွယ်သေးခင် Delta United ဆိုတဲ့ ဘ၀တည်းကပါ
မင်းအပေါ်ငါဘယ်လောက်ထိရူးသွပ်မြတ်နိုးတန်ဖိုးထားတယ်ဆို ငါ့ကိုယ်စောင့်နတ်နဲ့ ငါသာအသိဆုံးပါ
မင်းကြောင့်ပဲ ငါငယ်ငယ်တည်းက အိပ်မက်ခဲ့ရတဲ့ အောင်မြင်ခြင်းရဲ့ချိုမြိန်မှုတွေကိုလည်းဘောလုံကွင်းထဲမှာ
ခံစားခဲ့ရတယ်။ အားကျတဲ့ ကစားသမားတွေ နည်းပြတွေနဲ့ လည်း ရင်းနှီးနွေးထွေးခဲ့ ရတယ်…
မင်းအပေါ်ကို ငါ့လို ပဲ ထပ်တူ တန်ဖိုးထားတဲ့ မိသားစုလေးတစ်ခုကိုလည်း မင်း ဖန်တီးပေးခဲ့ တယ်…..
ကျေးဇူးပါ ဧရာဝတီ…
စည်းလုံးကြံ့ခိုင်တဲ့ ဗျူဟာ နဲ့  မြက်ခင်းထက်မှာ မင်းကစားပုံတွေကြည့်ရင်း ငါအားမလိုအားမရဖြစ်ရခဲ့ရဖူးသလို
ပြင်းထန်တဲ့ပေါက်ကွဲချက်တွေနဲ့  မင်းဖန်ဆင်းလာတဲ့ ရွှေရောင်နေ့ရက်တွေကို တော့ပီတိအပြည့်နဲ့ ငါ အရသာခံ
ကြည့်ရှုခွင့်ရခဲ့ဖူးတယ်။ အားမာန်အပြည့်နဲ့ မင်းရဲ့တပ်သားတွေဟာလည်း ကိုယ်စွမ်ဥာဏ်စွမ်းရှိသမျှ
ကြိုးစားခဲ့ကြရင်း သူတို့ရဲ့ချွေးစက်တွေခွန်အားတွေ အညံ့မခံတတ်တဲ့ ဧရာဝတီစိတ်ဓာတ်တွေနဲ့ 
ငါတို့ ကိုပျော်ရွင်ခြင်းတွေ ပေးခဲ့ကြဖူးတယ်။
မင်းအတွက်ကြောင့် ငါတို့တွေ ၀င့်ကြွားခဲ့ရဖူးတယ်…မင်းအတွက်လည်း ဂုဏ်ယူလို့ မဆုံးဖြစ်ခဲ့ကြဖူးတယ်…
မင်းရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုနားစွင့်ရင်း မင်းကိုလည်း ငါတို့ တွေ အများကြီးမျှော်လင့်ထားတာ
ယနေ့ ထိပါပဲ……ဒါပေမယ့်ထင်သလိုဖြစ်မလာခဲ့ခြင်းကို ငါ အဖြေရှာဖို့ ဥာဏ်မှီသလောက်ကြိုးစားကြည့်မိတယ်
မင်းကျောခိုင်းခဲ့တဲ့..သက္ကရာဇ် ၂၀၁၂ ကပဲ မင်းကို ဒဏ်ခတ်ခဲ့တာလား ……
အသင်းရဲ့ပုံရိပ် ကစားသမားအချို့ဆုံးရှုံးခဲ့ရခြင်းက မင်းရဲ့စိတ်ဓာတ်ကိုနာမကျန်းဖြစ်စေခဲ့တာလား
အသေအချာတော့ ငါ မသိရိုးအမှန်ပါ..
ရာသီသစ်တစ်ခုကို စတင်ဖို့ပြင်ဆင်နေစဉ်ကတည်းက မင်း ခင်းကျင်းပြသမယ့် ဗျူဟာ အသစ်တွေကို ငါ
အငမ်းမရမျှော်လင့်နေမိခဲ့တာ……..
ဒါပေမယ့်မင်းအပေါ်ကို စိတ်မဆိုးရက် အပြစ်မတင်ရက်စွာနဲ့ မင်းကျဆုံးခန်းတွေအလယ်မှာ မင်းနဲ့ အတူ
ငါတို့ မျက်ရည်လည်ခဲ့ ရဖူးတယ်….
မင်း ရာသီသစ်အတွက် တိုက်ပွဲ ၀င်ခဲ့ တာ ၅ ကြိမ်မြောက်ခဲ့ပြီ…မင်းကစားခဲ့တဲ့ ပြိုင်ပွဲ(၂)ပွဲကို ငါမင်းနဲ့ အတူ
စီမျောခဲ့ဖူးတယ်……မျှော်မှန်းထားသလောက် မင်းဆီက တုန့် ပြန်မှုကို မရခဲ့ ဘူး…..
မင်းလုပ်ပြနိုင်ခဲ့တာက
မနောမြေ ၀ - ၀ ဧရာဝတီ
နေပြည်တော် ၁ - ၁ ဧရာဝတီ
မကွေး ၂ - ၂ ဧရာဝတီ
မင်းကစားခဲ့ တဲ့ ရလဒ်တွေကို ကြည့်ရင်း အရင်က မင်းယူဆောင်ပေးခဲ့ဖူးတဲ့  စံချိန်ရှင် ဆိုတဲ့ ဂုဏ်ပုဒ်ကိုများ
ငါတို့ အတွက် ဒုတိယံမိဆောင်ကျဉ်ပေးဖို့ ကြံရွယ် နေတာလားလို့
တိတ်တခိုးမျှော်လင့်ဖူးတယ် ဧရာဝတီ…
ပဉ္စမမြောက် မင်းရဲ့တိုက်ပွဲကိုတော့ ဖန်သားပြင်ထက်မှာကြည့်ရှုရင်း မင်းရဲ့ တာဝန်မကျေမှုတွေက
အထွဋ်အထိတ်ကို ရောက်ရှိခဲ့ ပြီဆိုတာသေချာသွားခဲ့ပြီ…
မနှစ်က ဗိုလ်လုပွဲမှာ မင်းချော့သိပ်ခဲ့ တဲ့ ချာတိတ်လေးတွေ က မင်းကို အတားအဆီးမဲ့ စွာ ထိုးနှက်ခဲ့ပြီ…….
(၃-၀) ဆိုတဲ့ အရှုံးရလဒ်က ငါတို့ တွေ အတွက်တော့ပြင်းထန်လွန်းတဲ့ ဒဏ်ခတ်မှုကြီးပါပဲ …….
အထိန်းအကွတ်မရှိ….စွဲမက်ဖွယ်မရှိ….စုတ်ပျက်နေတဲ့ မင်းရဲ့ဗျူဟာတွေက အထင်းသားပေါ်လွင့်ခဲ့ပြီဧရာဝတီ။
အသင်းတစ်သင်းရဲ့ အဓိကအစိတ်အပိုင်း ကွင်းလယ်က အတက်အဆင်းမှန်မှန်နဲ့ ကစားကွက်ကိုဖန်တီး
ဖျက်တောက်ပြီး တစ်ဘက်အသင်းရဲ့ကစားပုံကို အသာစီးနိုင်ဖို့ဝေးစွ ပြိုင်ဘက်အသင်းရဲ့ Playmaker
တွေကိုတောင် အသင်းရဲ့ အန္တရာယ်ဇုန်ထဲကို စိတ်ကြိုက်ဝင်ရောက်ချယ်လှယ်ဖို့ခွင့်ပြုနေကြတယ်…….
နောက်တန်းစကားပုံကရော တည်ငြိမ်မာကျောခြင်းတွေပျောက်ဆုံးသွားပြီလား?
Zonal Marking ကစားတာလား Man Marking ကစားတာလား ဘယ်လိုနည်းစနစ်တွေနဲ့
ကစားနေသလဲတော့မသိ.. တစ်ဖက်အသင်းရဲ့ တိုက်စစ်ဆင်မှုကို သေသေသပ်သပ်နဲ့ ဇွဲကြီးစွာ
ကြိုးစားဖျက်ထုတ်တတ်တဲ့ ဧရာဝတီကို မင်းဘယ်မှာထားခဲ့ပြီလဲ….
အဆိုးဆုံးကတော့ တိုက်စစ်ပိုင်းပါပဲ…အရင်ကလိုမျိုးပေါက်ကွဲမှုပြင်းထန်တဲ့ ဧရာဝတီရဲ့ တန်ပြန်တိုက်စစ်
ဆိုတာကို အစအနတောင် ငါတို့ ရှာမတွေ့ တော့ဘူး….
ကစားသမားအသစ်တွေနဲ့  အဟောင်းတွေ အသားမကျသေးလို့ပါဆိုတဲ့ စကားနဲ့မင်းဖုံးကွယ် ဟန်ဆောင်ထားတယ် ဧရာဝတီ…….
မင်းအတွက် တန်ဖိုးကြီးတဲ့ကစားသမားကောင်းတွေ အများကြီးမလိုအပ်ပါဘူးးးး
မင်းအတွက်လိုအပ်တာ အာမာန်အပြည့်နဲ့တိုက်ပွဲဝင်မယ့်စိတ်ဓာတ်ကောင်းတစ်ခုဆိုတာ
မင်းလည်းအသိပါ ဧရာဝတီ…….
ဒီပုံစံနဲ့ ငါတို့ AFCကို ဘယ်လိုဝင်ပြိုင်မှာလဲ …..
ငါတို့ မနမ်းရှိုက်ရသေးတဲ့  MNL ဆုဖလားကြီးကိုရော ဘယ်လိုရယူနိုင်မှာလဲ…..
မင်းအတွက် ငါတို့တွေကြေကွဲစို့နစ်နေရတဲ့အကြောင်း…
မင်းရဲ့ရွှေရောင်နေ့ရက်တွေ မှေးမှိန်စပြုလာပြီဆိုတဲ့အကြောင်း…..
မင်းအပေါ်မှာ ငါတို့စိတ်မပျက်ဘူးဆိုတဲ့အကြောင်း……..
မင်းကောင်းကောင်းဆိုးဆိုး မင်းဘက်ကအမြဲရှိနေမယ်ဆိုတဲ့အကြောင်း……
ငါမင်းကို ရင်ဖွင့်ပြခြင်တယ် ဧရာဝတီ……
ငါတို့ကို ခရီးကြမ်းတွေက စောင့်ကြိုနေတယ်ကွာ..
အမြန်နေကောင်းပါတော့ ဧရာဝတီရယ်…..       Feeling of Dat Tha



အမှန်အတိုင်းပြောရရင် ငါဧရာဝတီတိုင်းသားတစ်ယောက်မဟုတ်ပါဘူး။ဒါပေမယ့်ငါဧရာဝတီကိုအား
ပေးခဲ့တယ်။အရင်ကပုံရိပ်ကစားသမားတွေမရှိလို့ရှံးတယ်လို့လက်ခံရပေမယ့်အခုတော့ဘာတွေဖြစ်ကုန်တာလဲ။ဧရာဝတီဆီက ထွက်သွားတဲ့နာမည်ကြီးကစားသမားကိုပြန်လွမ်းတာမဟုတ်ပေမယ့် ဘာတွေဖြစ်နေတာလဲဆိုတာကစားသမားတွေနဲ့နည်းပြတွေဆီက ဘာတွေဖြစ်နေတာပါဆိုတဲ့စ
ကားတွေကိုကြားချင်ပါတယ် ဧရာဝတီ။တကယ်တမ်းကျတော့အသင်းမှာဖော်ဇော်ဦးတို့လိုအတွေ့အ
ကြုံရင့်ကစားသမားတွေရှိသလို လူငယ်ခြေတက်ကစားသမားတွေဖြစ်တဲ့ညီညီမင်းတိုလို့စိုးကျော်
ကျော်တို့လိုကစားသမားတွေရှိရဲ့သားနဲ့ဘာတွေဖြစ်နေတာလဲလို့အော်မေးလိုက်ချင်ပါတယ်။ဖန်ကလပ်လေးကိုစနစ်တကျဖွဲ့ပြီးကာမှအသင်းကဘာလို့နိုင်ပွဲမရသေးတာလဲဧရာဝတီတိုင်းသားတစ်
ယောက်မဟုတ်တဲ့ငါတောင် တော်တော်လေးဝမ်းနည်းနေပြီဆိုရင်ဖန်ကလပ်က ငါသူငယ်ချင်းတွေဘယ်လောက်ဝမ်းနည်းနေမလဲငါတောင်ကိုယ်ချင်စာလို့ရပေမယ့်မင်းကတော့
ကိုယ်ချင်စာတတ်ပါ့မလားဧရာဝတီ။ဖန်ကလပ်လေးကိုဦးဆောင်လုပ်နေတဲ့ကိုဇော်မင်းလွင်လည်း
ကွင်းထဲမှာမေးမြန်းရတာတွေ။အတွင်းရေးမှုးလုပ်နေတဲ့သူငယ်ချင်းလေးမေစိုးရဲ့ငိုသံတွေနဲ့ကျုန်တဲ့
ဖန်ကလပ်မန်ဘာတွေနဲ့ဧရာဝတီတိုင်းကပရိတ်သတ်တွေကိုမင်းအမြန်ဆုံးကိုယ်ချင်စာတတ်ပါစေလိုဆုတောင်းပါတယ်ဧရာဝတီ။(မှတ်ချက် ဖန်ကလပ်ထဲကသူငယ်ချင်းတွေခံစားနေရတာကိုမကြည့်
နိုင်တော့လို့ရေးထားတာပါ။)     Scene of

 


ကဲ ဘာလုပ်ကြမတုံး ဧရာဝတီ ၊ ရောင်းလိုက် ၀ယ်လိုက် ပြောင်းလိုက် လုပ်လိုက်တဲ့အကျိုးကျေးဇူးက တော. ၄ ပွဲကစား ၃ပွဲသရေ ၁ပွဲရှုံး ၊ ကောင်းပါ. ကျုပ်တို.ကတော. အဖြေကူရှာရတော.မယ်ထင်တယ်၊
၁ -ကစားသမားတွေက နိုင်ချင်စိတ်မ၇ှိလို.လား၊ရေသာခိုနေတာလား၊ဒါမှမဟုတ် အခြားအသင်းက လူတွေရဲ. အရည်အသွေးကို မမှီတာလား၊တစ်ယောက်ကစားပေါက် တစ်ယောက်မသိသေးတာလား၊သိဖို.ရော ဘယ်နှစ်လလောက် အချိန်ယူဖို. အစီအစဉ်ရှိလဲ
၂-နည်းပြချုပ် ကခုထိကစားသမားတွေရဲ. ကစားပေါက်ကိုမသိလို.လား၊နေရာမှန်လူမှန်မသုံးနိုင်သေးတာလား၊သူသုံးရက်နဲ. ကစားသမားတွေက မကစားနိုင်တာလား၊သူသုံးချင်တဲ့ကစားသမားမျိုးအသင်းမှာမရှိတာလား၊
၃-ပိုင်ရှင်တွေဘက်က နည်းပြအဖွဲ. လိုချင်တဲ့သူ၊၀ယ်ချင်တဲ့ကစားသမား ပေးဝယ်ခွင်.သုံးခွင်.ပြုထားလျှက်နဲ. ဒီလိုတွေဖြစ်နေတာလား၊ဒါမှမဟုတ် ဒီအခွင်.အရေးတွေ နည်းပြ အဖွဲ.အပါအ၀င် နည်းပြချုပ်တို.မှာ ရှိမနေတာလား
ခုလက်ရှိရလဒ်ကို ဘယ်လိုပြောင်းကြမလဲ၊ခုပြောပြောနေကြတဲ့ အထိုင်မကျသေးလို.ပါ၊အထိုင်မကျသေးလို.ပါ ဆိုတာကြီးက ဘယ်တော.လောက်အထိုင်ကျမလဲ ဆိုတာလည်းသိချင်ပါရဲ.
ဒါမှမဟုတ်ပရိသတ် အားပေးတာနည်းလို.၊ ပရိသတ်စိတ်ဝင်စားမှုနည်းလို. ဒီလိုဖြစ်နေတယ်လို.များ ပြောမလား
သိလည်းသိ၊ပြောလည်းပြောရဲ သူများဆီကို အသံလေးတွေတော. ကြားချင်တယ်ဗျ
ခုတော.ကျုပ်တို.နဲ့ ၇တနာပုံ ပြိုင် နေသလားမှတ်ရတယ် ခုကျုပ်တို.အသင်း ရဲ. အဆင်.ကရော အောက်မှာ ဘယ်နှစ်သင်း ရှိသေးလဲ ၄ပွဲကစား ၃မှတ် ပေးဂိုး ၆ဂိုး ရဂိုး ၃ဂိုး ကောင်းပါ.ဗျာ..   Thought of Ko Shwe Min

 နင့်အတွက်ကြောင့် အချစ်ဆုံးချစ်သူကလည်း လမ်းခွဲတာခံ ခဲ့ရဖူးတယ် ဒါပေမယ့် ငါမျက်ရည်မကျခဲ့ဖူးဘူး ဘာလို့လဲဆို နင်ကိုပိုချစ်လို့ ဧရာဝတီ ဒါပေမယ့် နင်အခုလို ရှုံးနှိမ့်မှုတွေနဲ့ကြုံနေရင်တော့ ငါအရမ်းဝမ်းနည်းတယ် ငါတစ်ယောက်တည်း ကြိတ်ကြိတ်ပြီးငိုနေမိတယ်ကျေးဇူးပြုပြီး ငါခဏခဏ မငိုပါရစေနဲ့နော်..... Request of Maysoe Paingoo





ဧရာဝတီယူနိုက်တတ်အသင်းသည် ယခုနှစ်ရာသီတွင် နိုင်ပွဲရရှိသေးခြင်း မရှိသေးသော်လည်း ရှုံးပွဲ စတင် ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ :D .... Mg Toee 's Voice




ဧရာဝတီရေ ..................ဒါ ပရိသတ် တွေကို ကိုယ်စားပြု နေကြသူ အချို.ရဲ. ရင်တွင်းဖြစ် စစ်စစ် တွေပါ