Tuesday, January 22, 2013

Best Fans In The World ဆု မြန်မာနိုင်ငံ ပရိသတ် ရရှိ


The Ideal Beauty မှကြီးမှူးကျင်းပတဲ့ TIBAward2012 အစီအစဉ်မှာ ၂၀၁၂ ခုနှစ်ရဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများအတွက် ကမ္ဘာ့အကောင်းဆုံးပရိသတ်ဆု "Best Fans In The World" ကို မြန်မာနိုင်ငံက ရရှိခဲ့ပါတယ်...၂၀၁၂ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ကမ္ဘာပေါ်က အကြီးကျယ်ဆုံး အလှမယ် ပွဲကြီး ၄ခုဖြစ်တဲ့ Miss Universe, Miss World,Miss International နဲ. Miss Earth စတဲ့ ပွဲတွေကို အခြေခံပြီး ဆုတွေရွေးချယ်ချီးမြှင်. ခဲ့တာဖြစ်ပြီး ၁၇-၁-၂၀၁၃ နေ.က တရားဝင်ကြေငြာရာမှာ မြန်မာနိုင်ငံမှ ပရိသတ်များက ကမ္ဘာ. အကောင်းဆုံး ပရိသတ် ဆု ရရှိသွားခဲ့တာဖြစ်ပါတယ်....ဆန်ခါတင် ၅နိုင်ငံဖြစ်တဲ့ တောင်ဆူဒန်..မြန်မာ..ဖင်လန်..အင်ဒို..ပနားမား စတာတွေထဲကရွေးချယ်ခံခဲ့ရတာပါ...


၂၀၁၂ ခမ်းနားထည်ဝါမှု အရှိဆုံးဆုကို အမေရိကန်...ဓါတ်ပုံအစားဆုံး ဆုကို သြစတေးလျ..ခန္ဓာကိုယ် အပြေပြစ်ဆုံးဆုကို ဝေးလ် ရေပန်းအစားဆုံးမော်ဒယ်ဆုကို တောင်ဆူဒန် တို.ကရရှိခဲ့ပါတယ်...ဒီဆုတွေကို ၂၀၀၉ ကစပြီး ဂျာမနီအခြေစိုက် နှစ်စဉ် ရွေးချယ်ခဲ့တာပါ..


နန်းခင်ဇေယျာအတွက် ၀ိုင်း Vote လုပ်ကြချိန်က နှိုးဆော်မှု တစ်ခု

 နန်းခင်ဇေယျာကတော. သူမရဲ. Facebook မှာ 

တစ်ကမ္ဘာလုံးမှာရှိတဲ့ မြန်မာနိုင်ငံသားများ အားလုံးရဲ့ ညီမအပါအ၀င် မြန်မာနိုင်ငံသူပြိုင်ပွဲဝင်များကိုတစ်ခဲနက်အားပေးမှုကြောင့် ရရှိတဲ့ဆုဖြစ်လို့ ဒီဆုအတွက် ညီမ အတိုင်းမသိပျော်ရွှင် ဂုဏ်ယူမိပါတယ်။ ဒီထက်ပိုပြီးဂုဏ်ယူစရာကောင်းတာကတော့ ဒီဆုဟာ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီးလေးရပ်မှ အချက်အလက်များကို အခြေခံပြီးအမှတ်ပေးတဲ့ ဆုဖြစ်ပြီး၊ ညီမတို့နိုင်ငံသားတွေ ၀င်ရောက်အားပေးခဲ့တဲ့ပြိုင်ပွဲကတော့ ညီမကို အားပေးခဲ့ကြတဲ့ Miss International 2012 ပြိုင်ပွဲတစ်ပွဲတည်းသာရှိခဲ့တာပါ။ ဒါပေမယ့် ထိုပြိုင်ပွဲတစ်ပွဲတည်းမှာ သာအားပေးခဲ့ကြတဲ့ မြန်မာနိုင်ငံသားများရဲ့ အားပေးမှုကတော့ ပြိုင်ပွဲတစ်ပွဲမကယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံသားများရဲ့ အားပေးမှုကို ကျော်လွန်ပြီး ဒီဆုကိုချီးမြှင့်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ညီမကိုအားပေးခဲ့ကြတဲ့ ပရိသတ်များနဲ့ထပ်တူ၊ မြန်မာနိုင်ငံသား အားလုံးနဲ့ထပ်တူ ညီမအနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်လို့ ဒီနေရာကပြောကြားလိုက်ပါတယ်။

လို.ရေးသားထားခဲ့ပါတယ်...


Source Nan Khin Zayar FB & ပြည်မြန်မာ

No comments:

Post a Comment