Monday, January 21, 2013

နာမည် နှင်. ချစ်ကံခေရခြင်း ဆက်စပ်မှုများ

 ချစ်လည်းချစ်နိုင်ကြ၏။
တွေ့သမျှ မြင်သမျှ က ချစ်နိုင်ကြသည့် မောင်မောင် မမ ၊ ကိုကို ၊ ပျိုပျို များ ဖြစ်နေကြသည်။ ညနေ အလုပ်သိမ်းချိန် ရောက်၊ ခဏတစ်ဖြုတ် နား ၊ ရေမိုးချိုး ၊ စားရေးသောက်ရေးကဏ္ဍလုပ်။ ပြီးသည်နှင့် အိပ်ယာလေးများပေါ် မှောက်လျှက် တစ်ဖုံ၊ ငုတ်တုတ်တစ်သွယ်၊ အသီးသီး ချက်တင် (chatting) ၀င်ကြတော့သည်ကို ကျွန်တော် မြင်နေရသည်။  
သြော် သည်အချိန်လေးပဲ အပန်းဖြေ ၊ အလွမ်းပြေ၊ စခန်းဖွေလို့ နားကြရသည်သာ။
ဒါက…ချစ်သူရှိပြီးဖြစ်ကြသည့် ကိုကိုမမ လေးများ အတွက်ဖြစ်သည်။   အဲ…အကြောင်းအားလျော်စွာ မချိတ်မိသေး၊ မရှိကြသေးသည့် ကိုကိုမမ လေးများ အတွက်ကြတော့…….ဒီလိုမဟုတ်။ ကိုယ့်ဘေးက တစ်ယောက်က အဲလိုမျိုး မှောက်ခုံတစ်သွယ် ၊ ငုတ်တုတ်တစ်ဖုံ မျိုးစုံအားထုတ်….ခိခိ ခစ်ခစ် လုပ်နေကြ ချိန်မျိုးမှာ …ချစ်သူ လိုချင်နေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ချစ်သူ လက်မဲ့ ဖြစ်နေကြရသည့် ကိုကို/ မမ လေးများ အတွက်တော့…အနေရခက်စရာ အခြေအနေမျိုး ဖြစ်ကောင်း ဖြစ်နေနိုင်သည်သာ။

ကျွန်တော် .စင်္ကာပူရောက်ပြီး သိပ်မကြာ ၊ ပြီးခဲ့သည့် ၂၅ရက်နေ့ က ကြုံခဲ့ရသည့် ဗေဒင်မေးလူငယ် တစ်ယောက်ကို သတိရသည်။ သူပြောပုံ နားထောင်ရသည်မှာ သနားလည်း သနားစရာကောင်းသလို၊ ရယ်လည်း ရယ်ချင်မိသလို ဖြစ်ရပါသည်။ 

အစ်ကိုရာ ..ဒီမှာက သိတဲ့အတိုင်းပဲ ချောချောလှလှ အနိတ်စားလေးတွေက သိပ်ပေါတာ။ တစ်ခါတစ်လေ များဆို …ညနေဘက် လမ်းလျှောက်ထွက်လာရင်း …ခွေးကလေးတွေ ကြိုးတပ်ပြီး ခွေးကျောင်း ထွက်လာတဲ့ ကောင်မလေးလှလှလေးတွေ တွေ့ရင်…၊ ငါ့သာ ကျောင်းလိုက် ပါတော့ ဆိုတဲ့ စိတ်ပေါက်လာတယ် ..တစ်ကယ်။ ………

အဲလိုကြားရတော့ ကျွန်တော့် မှာ ရီရမလို ၊ ငိုရမလို ဖြစ်လာသည်။ လာဆွေးနွေးသည့် ကောင်လေးမှာ အသက် ၂၇ ၀န်းကျင်ခန့်ရှိသည်။ အသားညိုညို နှင့် ဗိုက်ကလေးကလည်း နည်းနည်း ပူပူဖိုင့်ဖိုင့်၊ နည်းနည်း ရုပ်ဆင်းသွင်ပြင် အားနည်းလှသူဟု ဆိုနိုင်သည်။ ဒီ့ထက်ပိုအရေးကြီးတာက  စစ်ဆေးကြည့်တော့ သူ၏ ချစ်မှုရေးရာဂြိုဟ်ကလည်း  အားနဲလှ၏။ အထူးသဖြင့် တနင်္လာ နှင့် ပက္ခမိနေသော  နာမည်အဖျား စာလုံးဂြိုဟ် စနေက …ဘ၀ တစ်လျှောက်တွင် အထီးကျန်စွာနေရခြင်းနှင့် ..မေတ္တာရေးတွင် ကံအားနည်း မှုကို ဖော်ပြနေကြပါသည်..


မေတ္တာရေး အားနည်းရခြင်း အကြောင်း …………
မေတ္တာရေးရာ ဟူသမျှတို့တွင် အားနည်းချက်ဖြစ်တည်လာစေသော အခြေအနေ အရပ်ရပ် ရှိပါသည်။ လက်ဆန်းဗေဒင်ပညာ ရှုထောင့်အရ ………… အောက်ပါအခြေအနေများသည် မေတ္တာရေးကံကို အမှန်ပင် အားနည်းစေတတ်ကြပေသည်။
(၁)     ဆိုင်ရာ မွေးနံအလိုက် ဆပွတ်ဂြိုဟ်တို့သည် ..မဟာဘုတ်ဇာတာတွင် ရပ်တည်မှု အားနဲခြင်း
(၂)   ဆိုင်ရာ မွေးနံ အလိုက် ဆပွတ်ဂြိုဟ်တို့သည် … မွေးနံ ၊ နာမည်အရင်း စာလုံး ၊ နာမည်အဖျား စာလုံးတို့ဖြင့် ပက္ခမိခြင်း ၊ ….
(၃)    မွေးနံ ၊ နာမည်အရင်းစာလုံး သို့မဟုတ် နာမည်အဖျားစာလုံးတို့သည် …တနင်္လာဖြင့် ပက္ခ မိနေခြင်း
(၄)    တနင်္လာသည် မဟာဘုတ်ဇာတာတွင် ရပ်တည်မှု အားနဲခြင်း
စသော အခြေအနေများသည် ….မေတ္တာရေးရာကဏ္ဍ များတွင် …ကံဇာတာအားနဲစေသော အချက်များ အမှန်ပင်ဖြစ်လေသည်။ ချစ်သူဘ၀ တွင် ဖြစ်စေ အိမ်ထောင်မှု ဘ၀တွင် ဖြစ်စေ ကံအားနဲစေသည့် အချက်များ ဟု ဆိုနိုင်၏။

ဘသ၀လက်တွဲဖော် အချင်းချင်း စိတ်ဝမ်းညီညွတ်ခြင်း၊ မညီညွတ်ခြင်း ၊ သဘောထား တိုက်ဆိုင်အေးချမ်းခြင်း၊ သဘောထားကွဲပြား ဆူပူရခြင်း စသည်တို့ကိုမူ …အင်္ဂါဂြိုဟ်၏ အနေ အထားဖြင့် ဖော်ပြ၏။
မြောက်များစွာသော သမီးရည်းစား ကွဲရခြင်း၊ အိမ်ထောင်ရေး တွင်လည်း ကွာရှင်းပြတ်ဆဲရခြင်း များသည် အင်္ဂါဂြိုဟ် ဆိုးအား ကျရောက်လာချိန်များတွင် …ဖြစ်ပွားမှု ပိုမိုများပြားကြ၏။ 
အလားတူပင် နာမည်များအရလည်း အောက်ပါကဲ့သို့သော အချင်းအရာများ ကို ထင်ရှားစွာတွေ့ရှိ ရ၏။

အမည်အဖျားစာလုံး  အင်္ဂါနံဖြင့် မှည့်ခေါ်ထားသော သူများ (ဥပမာအားဖြင့် …မင်းမင်းစိုး၊ မြတ်ဇော်၊ လွင်လွင်စန်း၊ ပုလဲဇင်၊ ခင်သူဇာ ၊ မူမူဆင့် ..စသဖြင့်) သော အမည်ရှင်များ သည် …

(၁) အရွေးလွန်သဖြင့် အပျိုကြီး လူပျိုကြီး ဖြစ်ကြရခြင်း…………..
(၂) ချစ်သူ သို့မဟုတ် အိမ်ထောင်ဖက် ရရှိပြီး သူများတွင်လည်း ….မိမိ၏ လက်တွဲဖော်ကို အရည်အသွေး ရှိ/မရှိ အမြဲစိစစ်တိုင်းထွာကြည့်နေတတ်ပြီး…..စိတ်တိုင်းမကျ ဖြစ်ပါများလတ်သော် ….လမ်းခွဲရန် လုံ့လပြုမိစေတတ်ခြင်း …။

(၃) စိတ်မြန်လက်မြန် လုပ်ကိုင်မှု များပြားခြင်းကြောင့် …အမှားအယွင်းပြုမိရာမှ အိမ်ထောင်ရေး ၊ အချစ်ရေး ..တည်ငြိမ်မှု ပျက်ပြားရတတ်ခြင်း…..

(၄) အိမ်ထောင်ပြုလွယ် ..ပျက်လွယ် ရှိတတ်ခြင်း (တရားသေ မမှတ်အပ်ပါ။ မူလဇာတာအပေါ် မူတည်ပြီး အဆိုပါအချက်များသည် …အပြောင်းအလဲ ရှိတတ်ပါသည်။)

စသဖြင့် ရှိတတ်ကြသူများ အဖြစ် တွေ့ရှိရပေသည်။

အထက် ဖော်ပြပါ အချက်အလက်များထဲတွင် ………….. ဆိုင်ရာ မွေးနံ အလိုက် ဆပွတ်ဂြိုဟ်တို့သည် … မွေးနံ ၊ နာမည်အရင်း စာလုံး ၊ နာမည်အဖျားစာလုံးတို့ဖြင့် ပက္ခမိခြင်း ၊ …. ဟူသည့်အခြေအနေသည် မူလဇာတာတွင် ပါရှိနေပါမူ ……ပိုမိုဆိုးအားပြင်းထန်ပြီး၊ ကောဇာဇာတာနှင့် တိုက်ဆိုင်ညီညွတ် လာချိန်မျိုးတွင် ..အထူးပင် အခက်အခဲ ကြုံတွေ့ရတတ်ပေသည်။ မူလ ဇာတာတွင် မပါရှိဘဲ …ကောဇာအရ တိုက်ဆိုင်ညီညွတ်ရုံမျှ ဖြစ်ပါမူ အခိုက်အတန့် အခက်အခဲများ သာ ဖြစ်မည်ကို ဖော်ပြပေသည်။ 
ထို့ကြောင့်ပင်လျှင် ……..ကလေးသူငယ်အရွယ်များကို အမည်စတင်မှည့်ခေါ် မှု ပြုသည့်အခါ … အိမ်ထောင်ရေး / မေတ္တာရေး အားနဲချက်များ နဲပါးအောင် လည်း ဂရုစိုက်မှည့်ခေါ်ရန် လိုအပ်ပေသည်။ အထူးသဖြင့် မိန်းကလေးဇာတာရှင် ကလေးငယ်များကို အမည်ပေးရာတွင် ပိုမို ဂရုစိုက်ရပေသည်။ သဘာဝ အရပင်လျှင် မိန်းကလေးဖြစ်ရသည်နှင့် …အိမ်ထောင်ရေးကံကောင်းမှုကို ပိုမို လိုအပ်နေခြင်းကြောင့် ပင်တည်း။

နောက်ဆောင်းပါးများတွင် ………..မေတ္တာရေးကံခေနေသူများ အတွက် …လုပ်ဆောင်သင့်သည်များကို ဆက်လက်ရေးသားဖော်ပြပါဦးမည်။

ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း

No comments:

Post a Comment