Monday, January 14, 2013

ဝါးခယ်မမြို. ကရင်နှစ်သစ်ကူး အခမ်းအနား


မြို.လေးမှာ ဗမာ လူမျိုးများ အဓိက နေထိုင်တာဖြစ်ပေမယ်.လည်း အနားမှာရှိတဲ့ ကျေးရွာပေါင်း ၁၂၆ ရွာမှာတော. အများဆုံးတိုင်းရင်းသားက ကရင်လူမျိုးတွေပဲဖြစ်ပါတယ်...ခရစ်စမတ် လိုမျိုးဆိုရင် မြို.နဲ. သိပ်မဝေးလှတဲ့ ကနစိုးကုန်းဆိုတဲ့ ရွာလေးမှာ စည်ကားနေတတ်လေ.ရှိပြီး ကရင်နှစ်ကူးဆိုရင်တော. အနားပတ်လည်က ကရင်ရွာလေးတွေ အားလုံးလိုလိုမှာ စည်ကားလေ.ရှိပါတယ်...အာလိန်ငါးဆင်.ဘုရားမှာ ကျင်းပတဲ့ ကရင်နှစ်ကူးပွဲ က ဒုံးယိမ်းပြိုင်ပွဲတွေအထိ လာရောက်ယှဉ်ပြိုင်လေ. ရှိကြပါတယ်....

ဒီဘက် နှစ်တွေမှာတော. ကရင်နှစ်ကူးပွဲကို ပိုမိုစည်ကားစွာကျင်းပလာကြပြီး ဒုတိယအကြိမ်မြောက်
ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် အခမ်းအနားနှင့် အလံ တင်ပွဲကို ကျုံထရိတ် ကျေးရွာ ရွှေဖားစည် ကွင်း မှာ အဲဒီနေ.က ကျင်းပခဲ့ပါတယ်

ဒီအခမ်းအနားကို 
နံနက် ၆ နာရီမှ စတင် ပြုလုပ်ပြီး ဧရာဝတီတိုင်း ဒေသကြီး
အစိုးရ အဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစောမြသိန်း၊ ဧရာဝတီတိုင်း ဒေသကြီး တရား သူကြီးချုပ် ဦးသန်းထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း၊ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ ကရင် တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ကျေးရွာ ပေါင်း ၅၅ ရွာမှ ကရင် အမျိုးသား၊ အမျိုးသမီးများ၊ ကရင် အမျိုးသား နှစ်သစ်ကူး ဖြစ်ြေ မာက်ရေး ကော်မတီ အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ ကြ ပါတယ်... ပထမဆုံး နံနက် ၆ နာရီမှာ ကရင် အမျိုးသား အလံတော်ကို ကရင် အမျိုးသား နှစ်သစ်ကူး ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ မန်းထွန်းမြင့်မှ ပဒိုးမှုတ်၍   လွှင့်ထူခဲ့ပါတယ်..  အဲ့ဒီနောက် ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော်ကို နံနက် ၇ နာရီ မှာကျင်းပရာ နိုင်ငံတော်ဗဟို သံဃာ့ ဝန်ဆောင် ဝါးခယ်မ မဟာစည် ဆရာတော် ဘဒ္ဒန္တပညာ စာရ... မြတ်ဓမ္မာရုံ ကျောင်းဆရာတော် ဘဒ္ဒန္တ ကောသလတို.က သြဝါဒစကား မြွက်ကြားပြီး ဧရာဝတီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစောမြသိန်းနှင့် တာဝန်ရှိ သူများက အမှာစကား အသီးသီး ပြောကြား ခဲ့ပါတယ်..

Source ;  
http://www.myawady.com.mm/allnews/localnews/item/4313-2013-01-14-09-21-25

No comments:

Post a Comment