Friday, April 4, 2014

ပဲပြားမောင်မောင် ( သို. ) ကြွေလွင်.ခဲ့သည်. ရိုးရာ ကြယ်တစ်ပွင်.

From Liger Paing
ရိုးရာလက်ဝှေ.သည် မြန်မာတို.အတွက်တော. သာမာန်အားကစားတစ်ခုထက် များစွာပိုသည် ။
မြန်မာလူမျိုးတို.၏ သတ္တိ ကိုဖော်ပြသော ၊ မြန်မာတို.၏ ဇာတိဂုဏ် ၀င်.ထည်စေသော  မြန်မာ.ရိုးရာ ကိုယ်ခံပညာစစ်စစ် တစ်မျိုးဖြစ်ပြီး ဇွဲ ၊ သတ္တိ ၊ ခံနိုင်ရည် ကောင်းမှသာ ၀င်ရောက်ခွင်.ရှိသည်. အားကစားနယ်ပယ် တစ်ရပ်လည်းဖြစ်သည် ။

ကြားပွဲများဝင်ထိုးရင်း ဆေးဘိုးတောင်မကာမိရှာသောဝါသနာကြီးလွန်းကြရှာသည်. ရိုးရာလက်ဝှေ.ကစားသမားများ မှ နိုင်ငံကျော်အဆင်.အထိ သော ရိုးရာလက်ဝှေ.ကစားသမားများ အထိကား လေးစားဖွယ်ကောင်းလှသည် ။ ခိုင်မာသော ဘ၀အာမခံချက်ထက် မိမိတို. စိတ်အားထက်သန်သော ရိုးရာအားကစားဘက် အနာဂတ်တစ်ခုလုံးပုံထားကြရှာသည် ။ ယခုလည်း စိတ်မကောင်းစရာ သတင်းတစ်ခုကြားရသည် ။

မွန်ပြည်နယ် ရေးမြို. ဟံဂံကျေးရွာ မရမ်းချောင်း ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ သီလတေဇာ မဟာထေရ် သက်တော် ၈၂ သိက္ခာတော် ၆၃ ၀ါ ၏ အန္တိမ ဈာပန ပူဇော်ပွဲကျင်းပရာ မြန်မာ - ထိုင်း ရိုးရာ ၅ချီ အထူးစိန်ခေါ်ပွဲကို ၃၀ ရက်နေ.မှ စတင်ကျင်းပရာ နောက်ဆုံးနေ. ဧပြီ ၁ရက်နေ.ညနေ ၄နာရီ က ယှဉ်ပြိုင်ထိုးသတ်ကြရာ အလွတ်တန်းချန်ပီယံ စောငမန်း နှင်. ရက်ချက်စင်း ၊ ၀မ်းစတားနှင်. ဒင်ဖိုစိုင်း တို.ယှဉ်ပြိုင်ထိုးသတ်အပြီး တိုင်းဒေသနှင်.ပြည်နယ်  ရွှေတံဆိပ်ဆုရှင် ပဲပြားမောင်မောင် နှင်. စပ်ခွန် ( ထိုင်း ) တို.အထူး၅ချီ စိန်ခေါ်ပွဲ ထိုးသတ်ကြရာ ပထမအချီ လွှတ်လွှတ်ချင်း ယိုးဒယား လက်ဝှေ.သမားက တံတောင်ဖြင်. ဂုတ်ပိုးတစ်ချက် ၊ မေးဖျားနှစ်ချက် ဆင်.ရိုက်ရာ ပဲပြားမောင်မောင် သတိလစ်မေ.မျောသွားခဲ့သည် ။ ထို.ကြောင်. ပွဲတာဝန်ကျ ဆရာဝန်က ရေးမြို.ဆေးရုံသို.ပို.ဆောင်ရာ လမ်းတွင်ပင် သေဆုံးခဲ့ရသည် ဟုသိရပါသည် ။

မြန်မာ.ရိုးရာ လက်ဝှေ.အဖွဲ.အတွင်းရေးမှုးချုပ်က အဖွဲ.ချုပ်က ဒီပွဲမှာ ဘယ်သူမှ ပါမသွားတဲ့အတွက်ကြောင်. ရွှေဆံတော် ဂေါပက ကိုပဲ အကုအညီတောင်းပြီး အစစလုပ်ခိုင်းထားပါတယ် ။ ဆေးရုံကနေ သူ.ဇာတိ မြိုင်ကြီးငူ လင်းလွန်းမြိုင် ရပ်ကွက်ကိုပြန်သယ်သွားပါတယ် ။ ဧပရယ် နှစ်ရက်ည သဂြိုဟ်မယ်လို.သိရပါတယ် ။ အဖွဲ.ချုပ်က လောလောဆယ် တစ်သိန်းထောက်ပံ.ထားပြီး နောက်ပိုင်း လိုအပ်တာတွေ ထောက်ပံ.ဖို. စီစဉ်ထားတယ်လို. စံတော်ချိန်ကို ပြောခဲ့တယ် ဆိုပါတယ် ။

ဒီသတင်းကို မြန်မာ.အလင်းသတင်းစာမှာ ရေးသားရာမှာ ပထမအချီမှာပဲ ထိုင်း လက်ဝှေ့သမားရဲ့ ပြင်းထန်တဲ့ ထိုးလုံးနဲ့ ကန်ချက်တွေကြောင့် ပဲပြားမောင်မောင် ဟာ နောက်စေ့ ဒဏ်ရာတွေ ရလို့ ရေး မြို့ ဆေးရုံကို ကုသဖို့ အသွား လမ်းမှာပဲ သေဆုံးသွားခဲ့တာလို့ ရေးသားခဲ့ပြီး ဒါကို Irrawaddy Blog မှာ ထိုင်း လက်ဝှေ့သမား ကန်ချက်ကြောင့် မြန်မာလက်ဝှေ့ကျော် အသက်ဆုံး ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ဆက်လက်ဆင်.ကူး ဖော်ပြခဲ့တာကြောင်. လက်ဝှေ.အသိုက်အ၀န်းနဲ.ဆက်စပ်တဲ့ Facebook wall တွေမှာ သတင်းကိုသေချာစုံစမ်းရေးဖို. သတိပေး ရေးသားမှုတွေ လုပ်လာတာတွေ.ရပါတယ် ။

မုလအစီအစဉ်အရ မိသားစုတွေက မြိုင်ကြီးငူ ပြန်သယ်ဖို.ပေမယ်. PC အပါအ၀င် လုပ်ဆောင်ဖွယ်ရာ အားလုံးလုပ်ဆောင်ပြီး မိသားစုက ဖားအံမှာပဲ သဂြိုဟ်လိုက်တယ်လို.သိရပါတယ် ။


ဟံဂံကျေးရွာပွဲမှာမြန်မာနှင့်ထိုင်း၁၁ပွဲထိုးခဲ့ပြီး မြန်မာဘက်က စောငမန်း ၊ စိုးလင်းဦး ၊
ဖိုးလပြည့် ၊ စစ်အောင် ၊ သိန်းညီညီ ၊မိုက် ရိုင်းလေး ၊ ဖျံသွေး ၊ ဝမ်းစတား ၊ လင်းလင်း ၊ စူပါတို့ပါဝင် ထိုးသတ်ခဲ့ကြတယ်ဆိုပါတယ် ။ ပဲပြားမောင်မောင်အနေနဲ. ၂၁.၁၂.၂၀၁၃ကမှလာချီလိတ်နဲ့ဝေါလေမြိုင် မှာထိုးခဲ့သေးတယ် လို.လည်းသိရပါတယ် ။

ဒီနေရာမှာ ဆုံးပါးသွားရှာတဲ့ မြန်မာ.ရိုးရာလက်ဝှေ.သမားရဲ.သတင်းကို တင်ရင်း မြန်မာ.လက်ဝှေ. Page မှာ ပူးတွဲရေးသားထားတဲ့ သတိပေးစကားလေးဟာလည်း သက်ဆိုင်သူများအပါအ၀င် အားလုံးသတိထားသင်.ပါတယ် ။ သတိပေးထားတာလေးက တော.

နောက်ဆို မွေထိုင်းသမားတွေနဲ့ ထိုးရင် သတိကြီးကြီးထားရပါမယ် ၊ ကျနော်တို့ လက်ဝှေ့မောင်တွေက ပြိုင်ပွဲတစ်ခုထက်ပို မတွေးပေမဲ့ သူ့တို့က မပြေသေးတဲ့ အငြိုးပါ ကြိုးဝင်းထဲ သယ်ဆောင်လာပုံရှိပါတယ် ။( လူမျိုးရေးမပြောချင်သော်လည်း သူတို့ဘက်က ပြောထားတာတွေ ၊ မြန်မာတွေကို သူတို့ ဘယ်လိုသဘောထားတာတွေ က သိသာလွန်းနေလို့ပြောရပါတယ် ၊ လူကောင်းတွေလည်း ရှိသပေါ့ဗျာ ၊ သတိထားရအောင်ပါ ) ဂုပ်ပိုး ၊ ငယ်ထိပ် ကို တံတောင်နဲ့ ထောင်းတာ သေနိုင်ပါတယ် ၊ အားပါပြီး တိကျသေသပ်တဲ့ တံတောင် တစ်ချက်ဟာလည်း ကန်းစေ ၊ သေစေနိုင်ပါတယ် ၊ ဒါကြောင့် အဝင်လောလို့မရပါ ၊ လက်ဝှေ့မောင်များဟာ အသက်နဲ့ရင်းထိုးရတဲ့ အတွက် ခုံဒိုင်မှ အတင်းဖိအားပေးပြီ ဝင်ထိုးခိုင်းခြင်းကို အတတ်နိုင်ဆုံး ထိန်းပါ ၊ ခြေတစ်ကွက်မှားတာနဲ့ အသက်နဲ့ရင်းသွားရနိုင်ပါတယ် ၊ မိမိတို့ သား၊ ညီအစ်ကိုလိုသဘောထားပြီး ညှာညှာတာတာ ဆက်ဆံပေးကြပါ ။ ( အထူးသဖြင့် ထိုင်းနဲ့ထိုးရင် အတင်းမဝင်ခိုင်းပါနဲ့ ၊ မခံချင်အောင် မဆွပေးပါနဲ့ ) မြန်မာ့လက်ဝှေ့ဆိုသည်မှာ လူသတ်ပွဲမဟုတ်ပါ ၊ ပညာယှဉ် ၊ သတ္တိယှဉ် ၊ စိတ်ဓက်ယှဉ်သော ပွဲဖြစ်ပါတယ် ။ ဇွတ်ထိုးနေတိုင်း လက်ဝှေ့ပွဲမမည်ပါ ၊ ရသပေါ်အောင် ပညာဖြင့်ထိုးရပါမယ် ၊ ပရိတ်သတ်က အလဲထိုးတာကိုပဲ အရမ်းအာရုံစိုက်လာတော့ လက်ဝှေ့မောင်တွေဟာ ပညာမသုံးတော့ပဲ အတင်းဝင် သူထိကိုယ်ထိ ထိုးရတဲ့ဘဝရောက်လာပါတယ် ။ ( ဟုတ်ကဲ့ ကြည့်လို့တော့ကောင်းတာပေါ့ခင်ဗျ ၊ လက်ဝှေ့မောင်တွေကတော့ လက်ခုပ်နဲ့ အသက်ကို လဲနေရသူတွေပါ ) ။ ဒါကြောင့် ကြယ်လင်းအောင် ၊ စိုးလင်းဦး ၊ တွေ့မရှောင် ၊ သပြေညို တို့လို မာဂုဏ် မမြင့်သူတွေ အနေနဲ့ ပညာ အသားပေးပြီး ပါဝိ လာချိလိတ်တို့ စတိုင်ထိုးရပါမယ် ။ ( ဟုတ်ကဲ့ ကဲ့ရဲ့ခံရမယ် ၊ နည်းနည်းရှောင်မိလို့ ၊ ဒါပေမဲ့ လူ့အသက်တစ်ချောင်းခင်ဗျ ၊ ကြယ်လင်းအောင်တို့လို လူတိုင်းမမာဘူး ၊ ဒါကြောင့် ရှောင်ပြီး ကောင်တာကစားသမားကို အတင်းဖိအားမပေးကြပါနဲ့ ၊ သူ့သက်လုံ ၊ ခန္ဓာကိုယ်က မရဘူး ခင်ဗျ ။ဒါကြောင့် သူရှောင်ကစားရချင်း ဖြစ်ပါတယ် ) သူတင်ကိုယ်တင် မရှောင်တမ်းထိုးတာ ကြည့်ချင်သူတွေ အတွက် တွေ့မရှောင် ၊ ကြယ်လင်းအောင် ၊ သားသား ၊ သပြေညို ၊ ဝင်းတင် ၊ သတ္တိအောင် ၊ စိုးလင်းဦး စတဲ့မောင်တွေရှိသလို ပညာရော မာဂုဏ်ရောရှိတဲ့ ထွန်းထွန်းမင်း ၊ တူးတူး ၊ မာဂုဏ်မရှိပေမဲ့ ပညာကောင်းတဲ့ ဝင်းထွန်း ဆိုပြီး အသီးသီးရှိကြပါတယ် ။ ဒါကြောင့် မာဂုဏ်မြင့်တဲ့ မောင်တွေကို အတင်းလောပေးတာ ကိစ္စသိပ်မရှိပေမဲ့ မာဂုဏ်နိမ့်သူတွေကို အတင်းမဝင်ခိုင်းပါနဲ့ ၊ မိမိတို့သွေးသားများ လိုသဘောထား စာနာပါ ။

ဒီလို အဖြစ်မျိုးကတော့ အားကစားတိုင်းမှာရှိကြပါတယ် ။ ဒါပေမဲ့ မြန်မာ့လက်ဝှေ့မှာ ဘဝင်မကျစရာတစ်ခုက အရုပ်ကျိုးပြတ်အလဲထိုးခံရသူ ကို တစ်ကနေ ရှစ်အထိအပြည့်ရေပြီးမှ အကူလူတွေတတ်ခွင့်ပေးတာပါပဲ ။ တစ်ကယ်ဆို ကိုယ်လည်း မျက်လုံးကောင်းတဲ့ ဒိုင်ပဲ အဲလို ( ပြင်းပြင်းထန်ထန် ) အလဲထိုးခံရပြီဆိုတာနဲ့ အရည်မရ အဖတ်မရ စာအုပ်ကြီးအတိုင်း အမှတ်စဉ်ရေမဲ့ အစား( ရေမယ်ဆိုလည်း သုံး - လေး လောက်မှာတင် အလဲထိုးခံရသူ အခြေအနေကိုသိသင့်ပြီ ) ချက်ခြင်း အလဲထိုးခံရသူကို ရှေးဦးသူနာပြု နီးနဲ့ အနေအထားပြင်ပေး ၊ ချက်ခြင်း ဆရာဝန် ခေါ်ရပါမယ် ။ ( ဒီလိုနေရာမှာ စာအုပ်ကြီး အတိုင်း ခေါင်းမာပြီး အမှတ်စဉ်ရေပါက သင်ဟာ လူသတ်သမားပါ ၊ သင် ရဲ့ ဆင်ခြင်ညဏ်နဲ့ လူသားဆန်မှူတစ်ခုက လူ့အသက်တစ်ချောင်းကို ကယ်နိုင်ပါတယ် ။ ) ပြီးတော့ မာန်အပြည်နဲ့ ကြိုးဝိုင်းပေါ် ယောင်္ကျားပီပီ သတ္တိပြခြင်း ၊ မိမိထိုးလိုက်၍ ပြိုင်ဘက်လဲသွားသောအခါ ပျော်၍ လက်ရမ်းပြခြင်း ၊ အောင်ပွဲရသည့် အခါ ကြိုးဝိုင်းထောင့်ကို တတ်၍ မာန်အပြည့်နဲ့ ပရိတ်သတ်ကို နှုတ်ဆက်ချင်း ၊ ထိုးသတ်နေစဉ် မာန်သွင်း၍ လက်ကမောင်းခတ်ခြင်း တို့ကို ခုံဒိုင်ဟာ ဘာကြောင့်မှန်းမသိ ပြင်းပြင်းထန်ထန် တားတတ်ပါတယ် ။ ဒါဟာ လက်ဝှေ့မောင်တွေ ရဲ့ ယုံကြည်ချက်ကို ရိုက်ချိုးခြင်းမည်ပါတယ် ။ ကိုတွေ့မရှောင်ပွဲတော်တော်များများမှာ ကိုတွေ့မရှောင် လက်ဝှေ့မာန်နဲ့ ပရိတ်သတ်ကို နှုတ်ဆက် ၊ အနိုင်ရလို့ ကြိုးတန်းပေါ် တတ်ပြီး နှုတ်ဆက်ချင်တိုင်း ၊ လက်ခမောင်းထခတ်တိုင်း '' ဟာ ထိုးလေ ဘာလုပ်မှာလည်း ၊ ဟေ့ဟေ မလုပ်နဲ့လေ ထိုး '' ဆိုပြီးအော်တတ်ပါတယ် ။ ကိုစောငမန်းကတော့ ပြတ်ပါတယ် ၊ ခပ်ရှင်းရှင်းပဲ အဲလိုသူ့ကို အမိန့်ပေးလို့မရပါဘူး ၊ ပွဲပြီးလို့အောင်ပွဲခံရင် ကြိုးတန်းပေါ်တတ်ပြီး ပရိတ်သတ်ကို နှုတ်ဆက်ပါတယ် ။ အသက်နဲ့ ရင်းထားရတဲ့ အားကစားသမားတွေမှာ မိမိလက်ဝှေ့ပညာ ပရိရာယ်ကို လွတ်လပ်စွာ ထုတ်သုံး ခွင့်ရှိပါတယ် ၊ အောင်ပွဲကို ပျော်ပျော်ပါးပါးခံယူခွင့်ရှိပါတယ် ။ ( မွေထိုင်းသမားများလို မော်ကြွားသော လက်ဝှေ့မောင် မရှိပါ ၊ ယဉ်ကျေးသော နည်းဖြင့်ပင် ပညာမာန်ဝင့်ကြချင်းဖြစ်ပါတယ် ) ။

လက်ဝှေ့ထိုးရင်း မတော်တဆဖြစ် လို့ပဲဖြစ်ဖြစ် ၊ တိမ်းပါးသွားပါက အဖွဲ့ချုပ် ၊ စီစဉ်သူ ၊ စပွန်ဆာ တို့မှ လူသားခြင်းစာနာထောက်ထားပြီး ကျန်ရစ်သူမိသားစုကို ထောက်ပံ့ရပါမယ် ။ နောက်တစ်ခုက လက်ဝှေ့ပညာ တစ်ကယ်မစုံသေးရင် ၊ စိတ်မချရသေးရင် ထိုင်းတွေနဲ့မထိုးခိုင်းပါနဲ့ ။ မြန်မာပြည်မှာလာထိုးတဲ့ မွေထိုင်းသမားတွေဟာ မွေဘိုရန် ၊ မွေချီရာ ၊ မွေခါ့ချပ်ဘုရင်တွေဖြစ်ပါတယ် ။ ပါဝီဆိုရင် အရှေ့တောင်အာရှေမှာ နာမည်ကြီးပါ ။ လာအို ၊ ကမ်ဘောဒီးယားက ချန်ပီယံတွေကို အသာစီး သို့မဟုတ် အလဲထိုးနဲ့ နိုင်ထားသူပါ ။ မြန်မာ့လက်ဝှေ့သမားတော်တော် များများကိုလည်းနိုင်ထား၊ အသာစီးထိုးထားသူပါ ။ ( ပါဝိကို ထွန်းထွန်းမင်းက အလဲထိုး ၊ စောငမန်း နဲ့ တွေ့မရှောင်က အကွဲထိုးနဲ့ နိုင်ထားပါတယ် ) ပါဝိ ၊ လာချီလိပ် တို့ဟာ မွေထိုင်းအားကစားအပြင် ထိုင်းသိုင်း တွေကိုပါ ကြေညက်ပြီး လက်သီးဗလာပွဲတွေနဲ့ စိမ်းသူတွေလုံးဝမဟုတ်ပါ ။ လက်သီးဗလာပွဲ ၊ မွေခါ့ချပ်ပွဲတွေမှာ သူတို့ဟာဘုရင် ၊ သူတို့ပရိတ်သတ်နဲ့သူတို့ ရှိပါတယ် ။ ( ဘုတ်ခေါင် တို့ စူဆခွန်တို့ ကနာမည်ကြီးကစ်ဘောက်ဆင်ပွဲတွေ ပတ်ထိုးလို့ နာမည်ကြီးလူသိများ ပြီး မော်ဒန်မွေထိုင်းမှာ နာမည်ကြီးရင် ပါပိတို့က ခေတ်ဟောင်း မွေထိုင်း ၊ မွေခါ့ချပ်တို့မှာ နာမည်တစ်လုံးနဲ့နေသူတွေပါ ) ။ ဒါကြောင့်သူတို့နဲ့ ယှဉ်ထိုးခိုင်းမယ်ဆိုရင် ကိုယ့်ဘက်ကလည်း ထွန်းထွန်းမင်းကို ပညာကောင်း တဲ့မောင်တွေ အများကြီးလိုပါတယ် ။ ဘယ်လောက်ပဲမာမာ ပညာတစ်ကယ်ကောင်းပြီး မာတဲ့ ထိုင်းလာထိုးရင် ခံရမှာပါပဲ ၊ သရေကျရင်တောင် ကိုယ့်ဘက်ကရင်းရတာ တန်ပါသလားခင်ဗျား ? အနာဂတ်လက်ဝှေ့လောကအတွက် အမုန်းခံရေးလိုက်ပါတယ် ။ကို ပဲပြားမောင်မောင် ကောင်းရာသုဂတိလားပါစေ ၊ သံသရာ ခရီး လှပ ဖြောင့်ဖြူးပါစေ ဆုတောင်းပေးပါတယ် ။

ဝါဆိုကလပ်တွင် နေခဲ့စဉ်က ( From Zin Lin Htunn )

ဒါ.အပြင် MinOakarNge(ကျိုက္ခမီ) ရေးခဲ့တဲ့ ကဗျာလေးဟာလည်း ရင်ကို တကယ်ကို ထိခတ်စေခဲ့ပါတယ်။

မင့်သေတာမဟုတ်ပါဘူးမောင်မောင်

ငါတို့မြန်မာ့လက်ဝှေ့သေသလိုပါ

မင့်ပုံကိုငါ google မှာရှာမတွေ့ခဲ့ဘူး

လက်ဝှေ့ချစ်သူမှန်ရင်သိရမယ်

"ပဲပြားမောင်မောင်" ဟာ

နာမည်တစ်လုံး

သမိုင်းတခု

လက်ခမောင်းသံတချက်

အခု

မျက်ရည်တစက်ပါညီမောင်။

.......................

ငါတို့အားလုံးမင်းကိုအလေးပြုတယ်

ငါတို့အားလုံးမင်းကိုချစ်တယ်

သွေးကဆာလောင်တိုင်း

ထိုင်း...ဆိုတဲ့

ဆောင့်ကြွားကြွားကောင်တွေကို

မင်းတိုက်ခိုက်နိုင်တဲ့ပွဲတွေလေ

သူရဲကောင်းစွန့်စားခန်းလို

ငါကြည့်ဖူးတယ်....ငါဂုဏ်ယူဖူးတယ်

အခု ထိုင်းထိုးလို့မင်းသေတော့

ငါငိုမိတာပေါ့ ။

မင်းသေတော့ ကြိုးဝိုင်းထဲမှာ

လဲလျောင်းနေမှာက ရေးမြို့ဆေးရုံ

ဒီကဗျာစောင်လေးတထည်တော့

ငါ့ကိုခြုံ ပေးခွင့်ပြု ပါ ။

အပြစ်ပြောစရာမရှိပါဘူး

သာတဲ့သူနိုင်တာပေါ့ ။

ငါတို့မှာ လက်ဝှေ့မိဘမှမရှိတာ

သူတို့က သာပါတယ်

ငါတို့တွေနာလှပါတယ်

တို့တတွေ ကိုယ့်အားကိုယ်ကိုးပြီး

တို့လက်ဝှေ့သမိုင်းကို

ဝမ်းကြောင်းခဲ့တာလေ

ဝမ်းလည်းမ၀ခဲ့ဘူး ခါးလည်းမလှခဲ့ဘူး

မင်းအသက်တချောင်းကွာ....

လက်ဝှေ့သမားတွေအားလုံးတွက်

ကာကွယ်ရေးခေါင်းလောင်းသံ

ဖြစ်ပါစေတော့။

တိုက်စွမ်းရည်မြှင့်တင်ရေး

လှံတစ်ချောင်းဖြစ်ပါစေတော့။

နောက်ဘ၀ကိုလက်ခမောင်းခတ်ပြီး

သွားပါညီမောင်........

မင့်ဘ၀အချီစေ့သွားပါပြီ ။

မင်းပွဲပြီးရင်တို့ပွဲပေါ့

...................................

"ပဲပြားမောင်မောင်" ဟာ

နာမည်တစ်လုံး

သမိုင်းတခု

လက်ခမောင်းသံတချက်

အခု

မျက်ရည်တစက်ပါညီမောင်။

မင့်ကိုငါတို့အလေးပြု ပါတယ် ။

(တတ်နိုင်သလောက်မင်းမိသားစုတွေ

ကိုငါတို့စောင့်ရှောက်ရစ်ကြမှာပါ)

၁-၄-၂၀၁၄


 

ဒါ.အပြင်မို.မြင်.ထက်ရဲ. ကဗျာများထဲက စာသားအချို.ကိုလည်း မျှဝေခံစားနိုင်ဖို.ကောက်နှုတ်ဖော်ပြလိုက်ပါတယ်

အခုလည်း ကျွန်တော်ချစ်ခင်တဲ့ညီလေး "ပဲပြားမောင်မောင်(မြှားထက်ကျော်) ခေါ် မိုးမင်းမောင်"တယောက် လက်ဝှေ့ကြိုးဝိုင်းထဲမှာ ရာဇဝင်ရိုင်းစွာဖြင့်မွေထိုင်းကစားသမားရဲ့ တံတောင်သုံးချက်နဲ့ ဝိညာဉ်အနှုတ်ခံလိုက်ရပါတယ်။ ။

ကြိုးဝိုင်းလယ်မှာ
လက်ခမောင်းခတ်ပြီး
မြန်မာအလံနဖူးစီး
မင်းလားကွမွေထိုင်းလို့
ဘာမထီခဲ့တဲ့
မြန်ပြည်ဂုဏ်ဆောင် ပဲပြားမောင်မောင်
ကြိုးဝိုင်းထဲမှာပဲ လောကကြီးကို
နှုတ်ဆက်ခွဲခွာသွားပြီလေ။

ရွှေမန်းတင်မောင် - ဇတ်ကရင်းနဲ့သေ
ဗီဗီယန်ဖိုး- ဘောကန်ရင်းနဲ့သေ
ပေါ်ဝေါကာ- ကားမာင်းရင်းနဲ့သေ
ဒီလိုပါပဲ...
ငှက်ဆိုတာပြန်ရင်းနဲ့သေ
လူဆိုတာကြံရင်းနဲ့သေပေါ့။

ရိုးရာလက်ဝှေ့ ချစ်တဲ့ပရိသတ်တွေရင်ထဲမှာတော့
"ပဲပြားမောင်မောင်ဆိုတာ" ထာဝရရှင်သန်နေတဲ့
သူရဲကောင်းတစ်ဦးပါ ညီလေး...
ပဲပြားလေးရေ ကောင်းရာဘုံဘဝမှာနေပါလေ။

………..

…….

ဘောလုံးထက်ကိုးဆယ်ဆသာသော
အောင်မြင်မှုကို ဆောင်ကျဉ်းပေးနေသော
မြန်ပြည်ဂုဏ်ဆောင်လက်ဝှေ့မောင်အတွက်
စိတ်မကောင်းခြင်းများစွာဖြင့်....


မိုးမြင့်ထက်(မန်းတက္ကသိုလ်)
1st Batch MBA(Mandalay)
နှလုံးသားဖြင့်စာရေးသည်။

ယိုးဒယားလက်ဝှေ.သမား စင်ခွန်း ( From Zin Lin Htunn )
ဒီကဗျာလေးကလည်း သေသေချာချာ ဖတ်ကြည်.ပြီး တွေးစရာတွေ အများကြီး တွေးလို.ရပါတယ် 

အကြွေးစာရင်း
**********
ရှုံးခဲ့တယ်
ညံ့သွားတယ်
အားနည်းကုန်တယ်
 အေး... သေသွားတယ်ကွာ။

မမဲဘူး
မဆဲဘူး
စည်းကမ်းပြင်ပ
လူမချဘူး။ ။
အရှုံးကိုမကျေနပ်လည်း
ရင်ဘတ်ကြီးနဲ့လက်ခံပေးမယ်။
ငါတို့ဟာ လက်ဝှေ့ပရိသတ်
ငါတို့ဟာလက်ဝှေ့သမား
ယောက်ျားအစစ်တွေ ။

အားကစားကိုချစ်တယ်
ရိုးရာကိုချစ်တယ်
ယဉ်ကျေးမှုကိုချစ်တယ်
အမွေအနှစ်ကိုချစ်တယ်
တန်ဖိုးမသိတဲ့လူတွေ ပစ်ထားတဲ့ဘိုးဘွားပိုင်အမွေကိုေ
ရွှေဆိုတာ ကမ္ဘာကသိအောင်

တန်ဖိုးကိုသိလွန်းလို့ 
တန်ဖိုးရှိအောင်ကြိုးစားရင်း
ရွှေတပွင့် ကြွေလွင့်ခဲ့တယ်။
ပညာချင်းတူပေမယ့်
မြှောက်စားခံရတဲ့သူတွေက 
တောက်ကြွားတာသဘာဝပဲပေါ့

မင်းတို့ကိုဘုရင်ကြီးမြှောက်စားနေချိန်မှာ
ငါတို့ပညာသည်တွေ ထမင်းမ၀ဘူး
ရှုံးခဲ့တယ်
ညံ့သွားတယ်
အားနည်းကုန်တယ်
 အေး... သေသွားတယ်ကွာ။
ရာမညတိုင်း 
ရေးဒေသ
ဟံဂံရွာ 
ရွှေတပွင့်
သွေးတစက်
ရာဇ၀င်အဆက်ဆက်
အကြွေးတက်စေသတည်း။

(မြန်မာ့ရိုးရာလက်ဝှေ့ပညာရှင်အပေါင်းအားလေးစား၈ုဏ်ပြုလျက် အမွေအနှစ်ရတနာထွန်းတောက်ပါစေကြောင်း)

မင်းဥတ်ကာငယ်(ကျိုက်ခမီ)

 
From မင်းဥုတ်ကာငယ်

ဒါ.အပြင် လက်ဝှေ.ချစ်သူများ ၊ ကိုယ်ချင်းစာကြသူများ ၊ အမျိုးချစ်တတ်ကြသူများက လက်ဝှေ.ကြိုးဝိုင်းအတွင်း ယိုးဒယားတစ်ဦး လက်ချက်ဖြင်. ဇီဝိန်သက်ခဲ့ရသော မြန်မာ.ရိုးရာလက်ဝှေ.သမား တစ်ဦးအတွက် ထောက်ပံ.စာနာမှု အလှုငွေ များ ကိုဆက်သွယ်လှုဒါန်းရန် လိပ်စာများကိုလည်း ကူးယူဖော်ပြအပ်ပါတယ် ။

If you are in Singapore, you may transfer to following account
Dbs Saving 020-9-073687
OCBC 658-845748-001 (Name:Wathan)
After you transfer, please text to
David Wathan @ +65-84819122 or
leave message @ https://www.facebook.com/mmLethwei ) Facebook - https://www.facebook.com/david.wathanz?fref=ts


ထိုင်းနိုင်ငံတွင်နေထိုင်သောအလှူ ငွေ ထည့်ဝင် လိုသူများအတွက်
နံပါတ်...8572043089
နံမည်...ko nge
ဘဏ်အမျိုးအစား... ကတ်စီကွန်(kasikorn)
ဖုန်းနံပါတ်....0851146386


ပြည်တွင်းနေ လက်ဝှေ့ဝါသနာရှင်များအနေနဲ့ကတော့ သူ့မိသားစုကိုကူညီခြင် တယ်ဆိုရင် ဖခင်ဦးအေးလွင်၊ အကိုလင်း
နိုင်ဦး ၀၉၄၂၁၁၁၂၆၁၄ ၊ လင်းလွန်းမြိုင် ရပ်ကွက်၊ ,မြိုင်ကြီးငူ တိုက်ရိုက်ဆက်သွယ်လှူတန်းနိုင်ပါတယ် ။

( ရိုးရာလက်ဝှေ.ကိုချစ်သော ၊ သေဆုံးသည်ထိ စိတ်ဓါတ်အပြည်.ယှဉ်ပြိုင်သွားခဲ့သော ပဲပြားမောင်မောင်အား ဂုဏ်ပြုဖော်ပြအပ်ပါသည် ။ ကောင်းရာ သုဂတိ လားနိုင်ပါစေ ။ ကျန်ရစ်သော မိသားစုအနေဖြင်.လည်း ပူပင်မှုအပေါင်း အမြန်ဆုံး အေးချမ်းနိုင်ပါစေ )

Ref ; Myanmar Alin , Irrawaddy Blog &  Myanmar Lethwei Page




No comments:

Post a Comment