Friday, May 29, 2020

ကချင်ရိုးရာအစားအစာ ဆာ့ဖျယ် ပြုလုပ်နည်း - ဆာ့ဖ်ယ္ ၿပဳလုပ္နည္း



ကချင်ရိုးရာအစားအစာ ဆာ့ဖျယ် ပြုလုပ်နည်း

ငရုတ်သီးစိမ်း
ငါးညှီမြစ်
ဖက်ဖယ်
ရှမ်းနံနံ
ကြူးဆိုင်
သံပုရာသီး
မန်ကျည်းကြိုထားတဲ့အရည်
ငံပြာရည်
အချိုမှုန့်
သကြား
ကြိုက်နှစ်သက်ရာအသားနှင့် ရေစိမ်ခေါက်ဆွဲ
မြင်းခွာရွက်

ဆာ့ဖြယ်(ချဉ်စပ်)ပြုလုပ်နည်း

ဆိုင်မှာဝယ်စားရင် တစ်ပွဲ 2000~2500ကျပ်ပေးဝယ်စားရသော ဆာဖြယ်ကို Stay Homeကာလမှာကိုယ်တိုင်ပြုလုပ်ပြီးတစ်မိသားစုလုံးအဝစားလို့ရအောင် ပြုလုပ်နည်းလေးရေးပေးပါမယ်။
ပြုလုပ်နည်းတွေကတော့အမျိုးမျိုးရှိပေမယ့်အိမ်မှာလုပ်စားတဲ့နည်းလေးအတိုင်းမျှဝေပေးတာပါ။

လိုအပ်သော ပစ္စည်းများ

*မုန့်ဖတ်(ဆာဖြယ်မုန့်ဖတ်လို့မေးဝယ်ပါ။)
50ကျပ်သားဝယ်ရင် လူ၁၀ဦးအဝစားလို့ရပါပြီ။

*အချဉ်ရည်ဗူး (ဘူးသေး)
(ဆာဖြယ်အချဉ်ဘူးလို့မေးဝယ်ပါ။)

*ကြက်သား ၂၅ကျပ်သား
(မိမိနှစ်သက်ရာအသားနဲ့ပြုလုပ်နိုင်ပါတယ်)

*ဖက်ဖယ်
*ကုလားနံနံ(ရှမ်းနံနံ)
*ငါးညှီမြှစ်
*ကျူးဆိုင်
*သံပုရာသီး
*ရှောက်ကောမှုန့်
*ငရုပ်သီး

ဆာဖြယ်ထဲထည့်စားရန်

*မြင်းခွာရွက်
*ဆလပ်ရွက်
*သခွားသီး
*တိုဟူးဝါ

ပထမဆုံးအနေနဲ့ မုန့်ဖတ်ကိုမပြုတ်ရင်ရေအရင်စိမ်ထားပါ။ရေမစိမ်ပဲပြုတ်ရင် မုန့်ဖတ်ကမပျော့ပဲ အပြင်မှာပွပြီးအတွင်းမှာမာနေတတ်လို့ပါ။

၁၅မိနစ်ခန့်စိမ်ပြီးသွားရင် ဆယ်ယူပြီးရေနွေးဆူထဲ၂မိနစ်ခန့်ထည့်ပြုတ်ပါ။ ရေအေးနဲ့တစ်ထပ်ဆေးပြီးရေစစ်ထားပါ။

အသားကို တောက်တောက်စဉ်းပြီး ရှောက်ကောမှုန့်အနည်းငယ် ၊ဆားအနည်းငယ် ရေအနည်းငယ်ထည့်၍ ရေခမ်းသည်အထိ(အသားကျက်သည်အထိ)ပြုတ်ထားပါ။
(ဝက်သား၊အမဲသားများအသုံးပြုပါက အချိန်အတော်ကြာပြုတ်ပေးရပါမယ်။)

အရိုးများကိုသီးသန့်ပြုတ်ထားပါ။
အအေးခံထားပါ။.

ဆာဖြယ်အချဉ်စပ်နည်း

*ဖက်ဖယ်
*ကုလားနံနံ
*ငါးညှီမြှစ်
*ကျူးဆိုင်တို့ကိုရေဆေးပြီး၁၅မိနစ်ကြာဆားနဲ့စိမ်ထားပါ။ ပြီးမှ ရေနှစ်ထပ်ခန့်ပြန်ဆေးပြီး ပါးပါးလှီးထားပါ။
*ငရုပ်သီးကိုညက်အောင်ထောင်းပါ။

ဇလုံတစ်လုံးထဲတွင်ဆာဖြယ်အချဉ်ရည်(ဘူးသေး)အကုန်၊သံပုရာသီး (၂)လုံးညှစ်ထည့်ပါ။ ရေခမ်းအောင်ပြုတ်ထားသောအသားနှင့်ငရုပ်သီး၊ ငါးညှီမြှစ် ပါးပါးလှီးထားသည်ကိုအရင်ရောမွှေပေးပါ။ ဆား၊ အချိုမုန့် မိမိကြိုက်နှစ်သက်သလောက်ထည့်ပါ။ အအေးခံထားသောအရိုးပြုတ်ရည်ကိုလောင်းထည့်ပါ။ ထို့နောက် လှီးထားသောအရွက်များကိုထည့်ပြီးရောမွှေပါ။ အရည်ကိုမပျစ်မကျဲလေးပဲထားပေးပါ။အပေါ့အငန်လေးမြည်းပြီးလိုအပ်သလိုထည့်နိုင်ပါတယ်။

ဒီအဆင့်လေးတွေပြီးသွားရင်တော့ ကိုယ်တိုင်နှစ်သက်တဲ့အရသာနဲ့ဆာဖြယ်အချဉ်ရည်လေးရပါပြီ။

ရေစစ်ထားတဲ့မုန့်ဖတ်ကို ပန်းကန်ထဲ၊ဇလုံထဲတွင်ထည့်ပြီး၊
*မြင်းခွာရွက်
*ဆလပ်ရွက်
*သခွားသီး
*တိုဟူးဝါတို့နဲ့ အတူချဉ်စပ်လေးနဲ့တွဲဖက်စားသုံးလို့ရပါပြီ။

ဆာဖြယ်အချဉ်ရည်ဗူးဝယ်မရရင် မန်ကျည်းသီးအနှစ်တိုက်ပြီးအစားထိုးလုပ်စားလို့ရပါတယ်။


င႐ုတ္သီးစိမ္း
ငါးညႇီျမစ္
ဖက္ဖယ္
ရွမ္းနံနံ
ၾကဴးဆိုင္
သံပုရာသီး
မန္က်ည္းႀကိဳထားတဲ့အရည္
ငံျပာရည္
အခ်ိဳမႈန္႔
သၾကား
ႀကိဳက္ႏွစ္သက္ရာအသားႏွင့္ ေရစိမ္ေခါက္ဆြဲ
ျမင္းခြာ႐ြက္

ဆာ့ျဖယ္(ခ်ဥ္စပ္)ျပဳလုပ္နည္း

ဆိုင္မွာဝယ္စားရင္ တစ္ပြဲ 2000~2500က်ပ္ေပးဝယ္စားရေသာ ဆာျဖယ္ကို Stay Homeကာလမွာကိုယ္တိုင္ျပဳလုပ္ၿပီးတစ္မိသားစုလုံးအဝစားလို႔ရေအာင္ ျပဳလုပ္နည္းေလးေရးေပးပါမယ္။
ျပဳလုပ္နည္းေတြကေတာ့အမ်ိဳးမ်ိဳးရွိေပမယ့္အိမ္မွာလုပ္စားတဲ့နည္းေလးအတိုင္းမွ်ေဝေပးတာပါ။

လိုအပ္ေသာ ပစၥည္းမ်ား

*မုန္႔ဖတ္(ဆာျဖယ္မုန္႔ဖတ္လို႔ေမးဝယ္ပါ။)
50က်ပ္သားဝယ္ရင္ လူ၁၀ဦးအဝစားလို႔ရပါၿပီ။

*အခ်ဥ္ရည္ဗူး (ဘူးေသး)
(ဆာျဖယ္အခ်ဥ္ဘူးလို႔ေမးဝယ္ပါ။)

*ၾကက္သား ၂၅က်ပ္သား
(မိမိႏွစ္သက္ရာအသားနဲ႔ျပဳလုပ္ႏိုင္ပါတယ္)

*ဖက္ဖယ္
*ကုလားနံနံ(ရွမ္းနံနံ)
*ငါးညႇီျမႇစ္
*က်ဴးဆိုင္
*သံပုရာသီး
*ေရွာက္ေကာမႈန္႔
*င႐ုပ္သီး

ဆာျဖယ္ထဲထည့္စားရန္

*ျမင္းခြာ႐ြက္
*ဆလပ္႐ြက္
*သခြားသီး
*တိုဟူးဝါ

ပထမဆုံးအေနနဲ႔ မုန္႔ဖတ္ကိုမျပဳတ္ရင္ေရအရင္စိမ္ထားပါ။ေရမစိမ္ပဲျပဳတ္ရင္ မုန္႔ဖတ္ကမေပ်ာ့ပဲ အျပင္မွာပြၿပီးအတြင္းမွာမာေနတတ္လို႔ပါ။

၁၅မိနစ္ခန္႔စိမ္ၿပီးသြားရင္ ဆယ္ယူၿပီးေရေႏြးဆူထဲ၂မိနစ္ခန္႔ထည့္ျပဳတ္ပါ။ ေရေအးနဲ႔တစ္ထပ္ေဆးၿပီးေရစစ္ထားပါ။

အသားကို ေတာက္ေတာက္စဥ္းၿပီး ေရွာက္ေကာမႈန္႔အနည္းငယ္ ၊ဆားအနည္းငယ္ ေရအနည္းငယ္ထည့္၍ ေရခမ္းသည္အထိ(အသားက်က္သည္အထိ)ျပဳတ္ထားပါ။
(ဝက္သား၊အမဲသားမ်ားအသုံးျပဳပါက အခ်ိန္အေတာ္ၾကာျပဳတ္ေပးရပါမယ္။)

အ႐ိုးမ်ားကိုသီးသန္႔ျပဳတ္ထားပါ။
အေအးခံထားပါ။.

ဆာျဖယ္အခ်ဥ္စပ္နည္း

*ဖက္ဖယ္
*ကုလားနံနံ
*ငါးညႇီျမႇစ္
*က်ဴးဆိုင္တို႔ကိုေရေဆးၿပီး၁၅မိနစ္ၾကာဆားနဲ႔စိမ္ထားပါ။ ၿပီးမွ ေရႏွစ္ထပ္ခန္႔ျပန္ေဆးၿပီး ပါးပါးလွီးထားပါ။
*င႐ုပ္သီးကိုညက္ေအာင္ေထာင္းပါ။

ဇလုံတစ္လုံးထဲတြင္ဆာျဖယ္အခ်ဥ္ရည္(ဘူးေသး)အကုန္၊သံပုရာသီး (၂)လုံးညႇစ္ထည့္ပါ။ ေရခမ္းေအာင္ျပဳတ္ထားေသာအသားႏွင့္င႐ုပ္သီး၊ ငါးညႇီျမႇစ္ ပါးပါးလွီးထားသည္ကိုအရင္ေရာေမႊေပးပါ။ ဆား၊ အခ်ိဳမုန္႔ မိမိႀကိဳက္ႏွစ္သက္သေလာက္ထည့္ပါ။ အေအးခံထားေသာအ႐ိုးျပဳတ္ရည္ကိုေလာင္းထည့္ပါ။ ထို႔ေနာက္ လွီးထားေသာအ႐ြက္မ်ားကိုထည့္ၿပီးေရာေမႊပါ။ အရည္ကိုမပ်စ္မက်ဲေလးပဲထားေပးပါ။အေပါ့အငန္ေလးျမည္းၿပီးလိုအပ္သလိုထည့္ႏိုင္ပါတယ္။

ဒီအဆင့္ေလးေတြၿပီးသြားရင္ေတာ့ ကိုယ္တိုင္ႏွစ္သက္တဲ့အရသာနဲ႔ဆာျဖယ္အခ်ဥ္ရည္ေလးရပါၿပီ။

ေရစစ္ထားတဲ့မုန္႔ဖတ္ကို ပန္းကန္ထဲ၊ဇလုံထဲတြင္ထည့္ၿပီး၊
*ျမင္းခြာ႐ြက္
*ဆလပ္႐ြက္
*သခြားသီး
*တိုဟူးဝါတို႔နဲ႔ အတူခ်ဥ္စပ္ေလးနဲ႔တြဲဖက္စားသုံးလို႔ရပါၿပီ။

.. ဆာျဖယ္အခ်ဥ္ရည္ဗူးဝယ္မရရင္ မန္က်ည္းသီးအႏွစ္တိုက္ၿပီးအစားထိုးလုပ္စားလို႔ရပါတယ္။



Credit - fb တခြင္ &  Dr Phyo Kyaw

မြစ်ချောင်းနားက ငယ်ဘ၀ - ၿမစ္ေခ်ာင္းနားက ငယ္ဘ၀ - ကျော်ကျော်ဇင်



( မြို.လေးတွင် မွေးဖွားခဲ့သူ ၊ ကြီးပြင်းခဲ့သူ အများစုက မြစ်ဝကျွန်းပေါ်ဒေသပီပီ မြစ်၊ချောင်းများသည့် ဒေသဖြစ်သည့်အလျှောက် ရေမှာပျော် ၊ ရေတွင်ဆော့ ၊ ရေနှင့်မကင်းသည့် ငယ်ဘ၀ ကို အမှတ်ရတတ်ကြသည် ။ ယခုစာစု မှာလည်း ဝါးခယ်မမြို.လေးတွင် ကြီးပြင်းခဲ့ဖူးသူ တစ်သီး၏ အမှတ်တရ စာစုလေး ဖြစ်သည်မို. ကူးယူမှတ်တမ်းတင်ပါသည် )

ဧရာဝတီကို ၇ နှစ်သားအရွယ်မှာ စရောက်တော့ .... ... ရေချိုးဆိပ်ဆင်းရင် အသား မကျ။
ကုန်းတွင်းနေတဲ့ ရေတွင်းသုံးသူတွေ အကျင့်က ဖျောက်မရ။ ရေချိုးသွားရင် ကြိုးတပ်ထားတဲ့ ရေပုံးထဲ ဆပ်ပြာခွက် ထည့်ပြီး ရေဆိပ်ရောက်တော့ တံတားပေါ်က ခပ်ချိုးတယ်။

ဘိုးကလေးရောက်စ က ရေချိုးဖို့သွားရင်း ရေထဲ ဝါဝါရှည်ရှည် အုန်းတီးဂျီး (e tone) မျော လာ တာ မြင်လို့ ရေမချိုးပဲ ပြန်ခဲ့တဲ့ ရက်လည်း ရှိတယ်။

နောက်တော့လည်း ဒေသနဲ့ အသားကျ ပြီး ကိုယ်ပါ ရေကူး တက်လာတယ်။ အဲ့အချိန်က ဘိုကလေး မှာ ပုဇွန်ထုပ်နဲ့ ဂဏန်းကြီး တွေ ဆိုတာ လူတိုင်း ဝယ်စားနိုင်ပြီး အရွယ်အကြီးကြီးတွေ။ ၁၉၈၈ အရေးခင်းကာလထဲ ရေခဲ မရတော့ ငါးသလောက် တစ်ကောင်ကို မနက်ခင်းက ငါးမူး၊ ညနေကျ တစ်မတ် ဖြစ်သွားတယ်။ နောက်နေ့ ရေသွားချိုးတော့ ဘိုကလေးမြစ်ထဲ ငါးသလောက်အသေတွေ ပေါလောမျော လို့......။ ရေထွက် အသားငါး သိပ်ပေါတဲ့ မြို့ ။

မိုးတွင်းဆို ရေထဲမျောလာတဲ့ ဗေဒါပုတ် တွေပေါ်က ဖောင်စီးဂဏန်းလို့ ခေါ်တဲ့ ဂဏန်းအသေးလေးတွေ ပေါလွန်းလို့ ပြည်တောင်း နဲ့ ချိန်ရောင်းကြတယ်။ ပြုတ်ပြီး သားရည်စာ လုပ် စားကြတာ။

ဘိုကလေး မှာ မြစ်နဲ့ နှစ် နှစ် နီးပါး မိတ်ဆက်ခဲ့တဲ့ ကျတော်.... ဝါးခယ်မ ရောက်တော့ ရေဖျံ တစ်ကောင် ဘဝ ရောက်လာတယ်။ ကျတော်တို့ ရုံးဝန်းက ကလေးပေါ ပြီး ဘေးဝန်းကျင်က ရွယ်တူတွေ ပေါင်းလိုက်တာ ဝါးခယ်မ မြစ်ဟာ ရဲစခန်းဆိပ်ကနေ သံကြိုးတိုင်ကတို့ဆိပ်အထိက ရေစုန်ရေဆန် စော့တဲ့ ကျတော့တို့ ကစားကွင်း ။

တခါရေချိုးရင် အိမ်က လာမခေါ်တဲ့အထိ ရေထဲက မတက်ကြတော့ဘူး။ တားမရတဲ့အဆုံး ရေချိုးသွားမယ်ဆို အဖေက ကျတော့ ကျောနဲ့ရင် ကို မုန်ညင်းဆီ လိမ်းပေး လိုက်တယ်။ အဆုတ်အအေးမိမှာစိုးလို့တဲ့။ ရေချိုးတယ်သာပြော ရေထဲဆော့လိုက်တာ မေးစိမှာ ရေညှိစိမ်းစိမ်းတွေ စွဲတဲ့ အထိ။

နွေနဲ့ဆောင်းမှာ မြစ်ရေက ကြည်တယ် .... ကမ်းစပ်က သဲသောင်ခုံ လေးက ကျတော်တို့ ဘောလုံးကွင်း။

မိုးတွင်းဆို နုံးနှစ်ရည်နောက်ကျိကျိ နဲ့ ကမ်းစပ်က လတာခုံ ... ရွှံံ့လူးပြီး သိုင်းချ ရတဲ့ နေရာ။
မိုးတွင်းဆို ရုံးဝန်းဆိပ်နား ဘဝင်းပိုက် ပိတ်မည့် တံငါတွေ ရောက်ရင် ကျတော်တို့ အလွန်ပျော်။ ဘဝင်းပိုက်က ပဇောက်ပုံစံ ကမ်းကို ပိုက်နဲ့ တားပြီး ငါးဖမ်းတဲ့နည်း။

ညနေ ရေကျချိန် မှာ ငါးဖမ်းပိုက်ရဲ့ အခြေကို မြေမှာမြှပ်ပြီး၊ သုံးလံ ကွာစီ လောက် ဝါးလုံးရှည်တွေ လိုက်စိုက် ရတယ်။ ည ရေတက်ချိန် ငါးဖမ်းပိုက်ရဲ့ အပေါ်စ ကို စိုက်ထားတဲ့ ဝါးလုံးမှာ ချည်ပြီး နောက်နေ့မနက် ရေကျချိန်..... ပိုက်တားထားလို့ ကမ်းစပ်ခုံပေါ် တင်ကျန် ခဲ့တဲ့ ငါး၊ပုစွန်၊ဂဏန်း အစုံ ကို အသာလေးကောက်ရုံပဲ။

ဘဝင်းပိုက်တားသူတွေက အများဆုံး လူငါးယောက်လောက်ပဲ။ အဲ့အချိန်က ဘဝင်းပိုက်တားသူတွေရဲ့ စည်းကမ်းက သူတို့ အနောက်ကနေ လိုက်ကောက်လို့ ရတဲ့ ငါး၊ပုစွန်တွေ သူတို့ကို ပေးစရာ မလိုပဲ ..... လိုက်ကောက်တဲ့သူ ယူပိုင်ခွင့်ရှိတယ်။
ကျတော်တို့က အမြဲ သူတို့နောက်က လိုက်ကောက်တယ်။ ကိုယ်တွေက အပျော်ဆိုတော့ ရသမျှ သူတို့ကို ပြန်ပေးတယ်။ သူတို့က ပိုကြည်ဖြူတာပေါ့။
အကုသိုလ်အလုပ်ပေမည့် အကောင်ကြီးကြီးတွေ များ ကိုယ်တွေ့လို့ ကောက်လိုက်ရတဲ့ အပျော်က ဘာနဲ့ မှ မတူဘူး။

ကိုယ်တိုင် ဒိုင်းကွင်းနဲ့ ငါးလိုက်ဖမ်းတဲ့ အခါလည်း ရှိတယ်။ ရေကျချိန် ရုံးဝန်းဘေးက မင်္ဂလာဝင်းချောင်း အောက်မှာ ကျတော်တို့ထဲက ကလေးကြီးတွေက ဒိုင်းကွင်းနဲ့ ပိတ်ရင် ကျတော်တို့က ချောင်းဖျားကနေ ဖားလှန့်ငါးလှန့် ပြေး ပေးရတယ်။ ကျရေနဲ့ ငါးတွေ မြစ်ထဲဆင်းရင် ချောင်းအောက်က တားထားတဲ့ ဒိုင်းကွင်းသမားက အသာလေးကောက်ရုံပဲ။

အဲ့ လို နဲ့ ဧရာဝတီမှာ အသားကျ ခဲ့တဲ့ ငယ်ဘဝ က မမေ့နိုင်စရာ တွေ များလွန်းတယ်။

အပေါ်က အတွေးကို သန်လျင်ရေလည်ကျောက်တန်းသွားခဲ့ချိန်က မြစ်ရေပြင်မြင်ရင်း သတိရမိတာ။ နေပူပူအချိန် ကမ်းစပ်က အရိပ်ကောင်းကောင်းမှာ လှေကလေးကြိုးနဲ့ ချည်ပြီး လှေကိုပုတ်တဲ့ လှိုင်း၊ မြစ်ပြင်က လာတဲ့လေ နဲ့ ငြိမ့် ရတဲ့ စည်းစိမ်မျိုး ပြန်တောင့်တ မိ တယ် ။ ။

ဆက်စပ်ဖတ်ရှုသင့်သော စာစု
မြို.လေးရဲ. ရေကြောင်းအတတ်သင် ... ခဝါဆိပ် ယဉ်ကျေးမှု နှင်. ကြည်နူးဆည်းဆာများ 2013



( ၿမိဳ.ေလးတြင္ ေမြးဖြားခဲ့သူ ၊ ႀကီးၿပင္းခဲ့သူ အမ်ားစုက ၿမစ္၀ကၽြန္းေပၚေဒသပီပီ ၿမစ္၊ေခ်ာင္းမ်ားသည့္ ေဒသၿဖစ္သည့္အေလွ်ာက္ ေရမွာေပ်ာ္ ၊ ေရတြင္ေဆာ့ ၊ ေရႏွင့္မကင္းသည့္ ငယ္ဘ၀ ကို အမွတ္ရတတ္ႀကသည္ ။ ယခုစာစု မွာလည္း ၀ါးခယ္မၿမိဳ.ေလးတြင္ ႀကီးၿပင္းခဲ့ဖူးသူ တစ္သီး၏ အမွတ္တရ စာစုေလး ၿဖစ္သည္မို. ကူးယူမွတ္တမ္းတင္ပါသည္ )

ဧရာဝတီကို ၇ ႏွစ္သားအ႐ြယ္မွာ စေရာက္ေတာ့ .... ... ေရခ်ိဳးဆိပ္ဆင္းရင္ အသား မက်။
ကုန္းတြင္းေနတဲ့ ေရတြင္းသုံးသူေတြ အက်င့္က ေဖ်ာက္မရ။ ေရခ်ိဳးသြားရင္ ႀကိဳးတပ္ထားတဲ့ ေရပုံးထဲ ဆပ္ျပာခြက္ ထည့္ၿပီး ေရဆိပ္ေရာက္ေတာ့ တံတားေပၚက ခပ္ခ်ိဳးတယ္။

ဘိုးကေလးေရာက္စ က ေရခ်ိဳးဖို႔သြားရင္း ေရထဲ ဝါဝါရွည္ရွည္ အုန္းတီးဂ်ီး (e tone) ေမ်ာ လာ တာ ျမင္လို႔ ေရမခ်ိဳးပဲ ျပန္ခဲ့တဲ့ ရက္လည္း ရွိတယ္။

ေနာက္ေတာ့လည္း ေဒသနဲ႔ အသားက် ၿပီး ကိုယ္ပါ ေရကူး တက္လာတယ္။ အဲ့အခ်ိန္က ဘိုကေလး မွာ ပုဇြန္ထုပ္နဲ႔ ဂဏန္းႀကီး ေတြ ဆိုတာ လူတိုင္း ဝယ္စားႏိုင္ၿပီး အ႐ြယ္အႀကီးႀကီးေတြ။ ၁၉၈၈ အေရးခင္းကာလထဲ ေရခဲ မရေတာ့ ငါးသေလာက္ တစ္ေကာင္ကို မနက္ခင္းက ငါးမူး၊ ညေနက် တစ္မတ္ ျဖစ္သြားတယ္။ ေနာက္ေန႔ ေရသြားခ်ိဳးေတာ့ ဘိုကေလးျမစ္ထဲ ငါးသေလာက္အေသေတြ ေပါေလာေမ်ာ လို႔......။ ေရထြက္ အသားငါး သိပ္ေပါတဲ့ ၿမိဳ႕ ။

မိုးတြင္းဆို ေရထဲေမ်ာလာတဲ့ ေဗဒါပုတ္ ေတြေပၚက ေဖာင္စီးဂဏန္းလို႔ ေခၚတဲ့ ဂဏန္းအေသးေလးေတြ ေပါလြန္းလို႔ ျပည္ေတာင္း နဲ႔ ခ်ိန္ေရာင္းၾကတယ္။ ျပဳတ္ၿပီး သားရည္စာ လုပ္ စားၾကတာ။

ဘိုကေလး မွာ ျမစ္နဲ႔ ႏွစ္ ႏွစ္ နီးပါး မိတ္ဆက္ခဲ့တဲ့ က်ေတာ္.... ဝါးခယ္မ ေရာက္ေတာ့ ေရဖ်ံ တစ္ေကာင္ ဘဝ ေရာက္လာတယ္။ က်ေတာ္တို႔ ႐ုံးဝန္းက ကေလးေပါ ၿပီး ေဘးဝန္းက်င္က ႐ြယ္တူေတြ ေပါင္းလိုက္တာ ဝါးခယ္မ ျမစ္ဟာ ရဲစခန္းဆိပ္ကေန သံႀကိဳးတိုင္ကတို႔ဆိပ္အထိက ေရစုန္ေရဆန္ ေစာ့တဲ့ က်ေတာ့တို႔ ကစားကြင္း ။

တခါေရခ်ိဳးရင္ အိမ္က လာမေခၚတဲ့အထိ ေရထဲက မတက္ၾကေတာ့ဘူး။ တားမရတဲ့အဆုံး ေရခ်ိဳးသြားမယ္ဆို အေဖက က်ေတာ့ ေက်ာနဲ႔ရင္ ကို မုန္ညင္းဆီ လိမ္းေပး လိုက္တယ္။ အဆုတ္အေအးမိမွာစိုးလို႔တဲ့။ ေရခ်ိဳးတယ္သာေျပာ ေရထဲေဆာ့လိုက္တာ ေမးစိမွာ ေရညႇိစိမ္းစိမ္းေတြ စြဲတဲ့ အထိ။

ေႏြနဲ႔ေဆာင္းမွာ ျမစ္ေရက ၾကည္တယ္ .... ကမ္းစပ္က သဲေသာင္ခုံ ေလးက က်ေတာ္တို႔ ေဘာလုံးကြင္း။

မိုးတြင္းဆို ႏုံးႏွစ္ရည္ေနာက္က်ိက်ိ နဲ႔ ကမ္းစပ္က လတာခုံ ... ႐ႊံံ့လူးၿပီး သိုင္းခ် ရတဲ့ ေနရာ။
မိုးတြင္းဆို ႐ုံးဝန္းဆိပ္နား ဘဝင္းပိုက္ ပိတ္မည့္ တံငါေတြ ေရာက္ရင္ က်ေတာ္တို႔ အလြန္ေပ်ာ္။ ဘဝင္းပိုက္က ပေဇာက္ပုံစံ ကမ္းကို ပိုက္နဲ႔ တားၿပီး ငါးဖမ္းတဲ့နည္း။

ညေန ေရက်ခ်ိန္ မွာ ငါးဖမ္းပိုက္ရဲ႕ အေျခကို ေျမမွာျမႇပ္ၿပီး၊ သုံးလံ ကြာစီ ေလာက္ ဝါးလုံးရွည္ေတြ လိုက္စိုက္ ရတယ္။ ည ေရတက္ခ်ိန္ ငါးဖမ္းပိုက္ရဲ႕ အေပၚစ ကို စိုက္ထားတဲ့ ဝါးလုံးမွာ ခ်ည္ၿပီး ေနာက္ေန႔မနက္ ေရက်ခ်ိန္..... ပိုက္တားထားလို႔ ကမ္းစပ္ခုံေပၚ တင္က်န္ ခဲ့တဲ့ ငါး၊ပုစြန္၊ဂဏန္း အစုံ ကို အသာေလးေကာက္႐ုံပဲ။

ဘဝင္းပိုက္တားသူေတြက အမ်ားဆုံး လူငါးေယာက္ေလာက္ပဲ။ အဲ့အခ်ိန္က ဘဝင္းပိုက္တားသူေတြရဲ႕ စည္းကမ္းက သူတို႔ အေနာက္ကေန လိုက္ေကာက္လို႔ ရတဲ့ ငါး၊ပုစြန္ေတြ သူတို႔ကို ေပးစရာ မလိုပဲ ..... လိုက္ေကာက္တဲ့သူ ယူပိုင္ခြင့္ရွိတယ္။
က်ေတာ္တို႔က အၿမဲ သူတို႔ေနာက္က လိုက္ေကာက္တယ္။ ကိုယ္ေတြက အေပ်ာ္ဆိုေတာ့ ရသမွ် သူတို႔ကို ျပန္ေပးတယ္။ သူတို႔က ပိုၾကည္ျဖဴတာေပါ့။
အကုသိုလ္အလုပ္ေပမည့္ အေကာင္ႀကီးႀကီးေတြ မ်ား ကိုယ္ေတြ႕လို႔ ေကာက္လိုက္ရတဲ့ အေပ်ာ္က ဘာနဲ႔ မွ မတူဘူး။

ကိုယ္တိုင္ ဒိုင္းကြင္းနဲ႔ ငါးလိုက္ဖမ္းတဲ့ အခါလည္း ရွိတယ္။ ေရက်ခ်ိန္ ႐ုံးဝန္းေဘးက မဂၤလာဝင္းေခ်ာင္း ေအာက္မွာ က်ေတာ္တို႔ထဲက ကေလးႀကီးေတြက ဒိုင္းကြင္းနဲ႔ ပိတ္ရင္ က်ေတာ္တို႔က ေခ်ာင္းဖ်ားကေန ဖားလွန္႔ငါးလွန္႔ ေျပး ေပးရတယ္။ က်ေရနဲ႔ ငါးေတြ ျမစ္ထဲဆင္းရင္ ေခ်ာင္းေအာက္က တားထားတဲ့ ဒိုင္းကြင္းသမားက အသာေလးေကာက္႐ုံပဲ။

အဲ့ လို နဲ႔ ဧရာဝတီမွာ အသားက် ခဲ့တဲ့ ငယ္ဘဝ က မေမ့ႏိုင္စရာ ေတြ မ်ားလြန္းတယ္။

အေပၚက အေတြးကို သန္လ်င္ေရလည္ေက်ာက္တန္းသြားခဲ့ခ်ိန္က ျမစ္ေရျပင္ျမင္ရင္း သတိရမိတာ။ ေနပူပူအခ်ိန္ ကမ္းစပ္က အရိပ္ေကာင္းေကာင္းမွာ ေလွကေလးႀကိဳးနဲ႔ ခ်ည္ၿပီး ေလွကိုပုတ္တဲ့ လႈိင္း၊ ျမစ္ျပင္က လာတဲ့ေလ နဲ႔ ၿငိမ့္ ရတဲ့ စည္းစိမ္မ်ိဳး ျပန္ေတာင့္တ မိ တယ္ ။ ။

13May2020(7:05pm)


ဝါးခယ်မ - မျိုးရဲ


ဝါးခယ်မ



* မွန်မင်းသမီး ဥမ္မာဒန္တီ လဲ
အလွမ်းစေတီ တည်ခဲ့ပြီးပီ ။

* အတွတ်နဲ့ မွှေး လဲ
ကျိ န်စာအတိုင်းဝေးခဲ့လေပီ ။

* ကားမောင်းတတ်သွားပီ
ခြွေလှေ့စက်လဲရိတ်တတ်သွားလေပီ ။

* ခောတ်ကဘယ်လိုစီးစီး
ဧရာဝတီ စီးနေသမျှ
လှေ ာ်တက်နဲ့ရေရှိနေသမျှ
လှော်ခတ် ဖြစ်နေဦးမှာပါ ။

* အနပညာ ဂီတ ရုပ်ရှင်
ပြန်ပြောရင် မယုံနိုင်စရာလို
နိုင်ငံရေးသဘောအပြု ု
သခင်နုကစ စိုးစန္ဒာထွန်းနောက်ဆုံး
ကိုင်ဇာအလယ် ဇော်ဝင်းထွဋ်အဆုံး
စန္ဒယားလှထွဋ်တီး ရန်ပိုင်စိုးအဆို
ဝါးခယ်မရဲမောင်နဲ့မေရွက်ဝါတို့အပါ
လွို င်ကော်လေဆိပ်မှာဆင်း
ဂျေ ညီညီရဲ့ ပလက်ဖောင်းရှိူးနဲ့လင်းပီ ။

* အကယ်ဒမီဇော်မျိူးထွဋ်ရေ -----
အရောင်ရှိပီးသားမြို့ဟာ
ညှပ်ဖိနပ်အဟောင်းနဲ့
ခရီးစဉ်တစ်ခုတိုးဖို့အတွက်
ခဏအနားပေးဖို့ဆို
အိပ်ရေးစက်စက်သမိုင်းမှန်နဲ့
ပြန်အိပ်မက်ပေးပါမယ် ။ ။

မျိုးရဲ



ဝါးခယ္မ

* မြန္မင္းသမီး ဥမၼာဒႏၲီ လဲ
အလြမ္းေစတီ တည္ခဲ့ၿပီးပီ ။

* အတြတ္နဲ႔ ေမႊး လဲ
က်ိ န္စာအတိုင္းေဝးခဲ့ေလပီ ။

* ကားေမာင္းတတ္သြားပီ
ေႁခြေလွ႔စက္လဲရိတ္တတ္သြားေလပီ ။

* ေခာတ္ကဘယ္လိုစီးစီး
ဧရာဝတီ စီးေနသမွ်
ေလွ ာ္တက္နဲ႔ေရရွိေနသမွ်
ေလွာ္ခတ္ ျဖစ္ေနဦးမွာပါ ။

* အနပညာ ဂီတ ႐ုပ္ရွင္
ျပန္ေျပာရင္ မယုံႏိုင္စရာလို
ႏိုင္ငံေရးသေဘာအျပဳ ု
သခင္ႏုကစ စိုးစႏၵာထြန္းေနာက္ဆုံး
ကိုင္ဇာအလယ္ ေဇာ္ဝင္းထြဋ္အဆုံး
စႏၵယားလွထြဋ္တီး ရန္ပိုင္စိုးအဆို
ဝါးခယ္မရဲေမာင္နဲ႔ေမ႐ြက္ဝါတို႔အပါ
လြိဳ င္ေကာ္ေလဆိပ္မွာဆင္း
ေဂ် ညီညီရဲ႕ ပလက္ေဖာင္းရွိူးနဲ႔လင္းပီ ။

* အကယ္ဒမီေဇာ္မ်ိဴးထြဋ္ေရ -----
အေရာင္ရွိပီးသားၿမိဳ႕ဟာ
ညႇပ္ဖိနပ္အေဟာင္းနဲ႔
ခရီးစဥ္တစ္ခုတိုးဖို႔အတြက္
ခဏအနားေပးဖို႔ဆို
အိပ္ေရးစက္စက္သမိုင္းမွန္နဲ႔
ျပန္အိပ္မက္ေပးပါမယ္ ။ ။

မ်ိဳးရဲ

Monday, May 4, 2020

မန္တလေးမြို.နဲ.ပလိပ်ရောဂါ - လူထုဒေါ်အမာ



 မြန်မာနိုင်ငံရဲ့ပြည်သူ့ကျန်းမာရေးသမိုင်းကို ပြန်လှန်ကြည့်ရင် ပလိပ်ကပ်ရောဂါနှိပ်စက်တာကို အခံရဆုံးအရပ်ဟာ မန္တလေးမြို့ပဲလို့ တွေ့ရလိမ့်မယ်ထင်ပါတယ်။ ဒီကပ်ရောဂါက တစ်ချိန်တစ်ခါကများ မြန်မာနိုင်ငံမှာ လူဦးရေ အလွန်များတဲ့မြို့ကြီး၊ မင်းနေပြည်တော်ဖြစ်ခဲ့တဲ့မြို့ကြီး ပျက်သွားရမတတ် ကျရောက်တာကို ခံခဲ့ရပါတယ်။ အဲဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀လောက်ကပေါ့။

ရက်တွေ လတွေ ခုနှစ်သက္ကရာဇ်တွေကို အမှတ်အသားကောင်းလှတဲ့ဆရာကြီးရွှေဥဒေါင်းက မန္တလေးမြို့မှာ ပလိပ်ရောဂါစဖြစ်တာ ၁၉၀၇ ခုနှစ်ကလို့ ဆိုပါတယ်။ မန္တလေးမြို့ကို ပဉ္စမြောက်ဂျော့ဘုရင်ဖြစ်လာမယ့်မင်းသားအိမ်ရှေ့စံဝေလမင်းသားဘဝနဲ့ ၁၉၀၆-ခုနှစ်က မန္တလေးကို အလည်လာသွားပြီးတဲ့နောက်မှာ ပလိပ်စဖြစ်တာပဲလို့ သူ့တစ်သက်တာ မှတ်တမ်းမှာ ရေးခဲ့ပါတယ်။ ၁၉၀၉-ခုနှစ်၊ ဒီဇင်ဘာလမှာ ရိုက်နှိပ်ထုတ်ဝေခဲ့တဲ့ ၂၀ ရာစုမြန်မာပြည်အကြောင်း(20th Century Impressions of Burma)ဆိုတဲ့စာအုပ်ကြီးထဲမှာတော့ မန္တလေးမြို့မြူနီစီပယ်ဟာ လွန်ခဲ့တဲ့လေးနှစ်ကစပြီး ဖြစ်ပွားနေတဲ့ပလိပ်ရောဂါကြီးကို ကာကွယ်နှိမ်နင်းနေလို့ ငွေကြေးအလွန်ကုန်ကျနေပြီး ပြည်နယ်အစိုးရဆီက အထောက်အပံ့များ တောင်းခံနေရတယ်လို့ပါပါတယ်။ ဒီစာအုပ်မှာပဲ ၁၉၀၈-ခုနှစ်၊ ၁၉၀၉-ခုနှစ်မှာ အလွန်ကြီးကျယ်တဲ့ရောဂါဖြစ်ပွားမှုကြီးကြောင့် မန္တလေးမြို့ရဲ့လူဦးရေသုံးပုံတစ်ပုံ အဝေးမြို့တွေကို ထွက်ပြေးတိမ်းရှောင်ကုန်ကြတယ်။ စစ်ကိုင်းတစ်မြို့တည်းကိုချည်း လူ ၂ သောင်းလောက်ထွက်ပြေးကြတယ်လို့ စာမျက်နှာ ၃၇၁ မှာ ရေးသားဖော်ပြထားပါတယ်။ ပလိပ်ရောဂါဖြစ်ပွားချိန်မှာ ဒီရောဂါကို ကြောက်လို့ အိုးပစ်အိမ်ပစ် တစ်နေရာကို ရွှေ့ပြောင်းနေထိုင်ရတာကို ပလိပ်ပြေးပြေးတယ်လို့ပဲ ပြောပါတယ်။

၁၉၁၁ ခုနှစ်ထုတ် ရတနာပုံမဂ္ဂဇင်မှာတော့ မန္တလေးမြို့ရဲ့လူဦးရေနဲ့ပတ်သက်ပြီး သီပေါဘုရင်ပါတော်မူပြီး ၅ နှစ်အကြာ၊ ၁၈၉၁-ခုနှစ်က လူနေ ၁၈၈,၈၁၅ ရှိတယ်။ ရန်ကုန်ထက် လူ ၈၀၀၀ ပိုတယ်။ နောက် ၁၀ နှစ်ကြာတဲ့အခါ ၁၉၀၁-ခုနှစ်၊ မန္တလေးလူဦးရေဟာ ၁၈၂,၄၉၀ ပဲရှိတယ်။ လူနေ ၆၀၀၀ လျော့သွားတယ်။ ၁၉၁၁ ခုနှစ် သန်းခေါင်စာရင်းကောက်တော့ လူ ၁၃၈,၄၅၆ ပဲရှိတော့တယ်။ ၁၀နှစ်အတွင်း လူပေါင်း ၄၅၃၉၀ လျော့သွားတယ်။ တခြားဘယ်မြို့မှ ဒီလိုလူဦးရေ လျော့မသွားဘူး။ တိုးတဲ့မြို့ချည်း ဖြစ်တယ်။ မန္တလေးတစ်မြို့တည်း လူဦးရေ ၂၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ဖော်ပြရေးသားထားပါတယ်။

ရတနာပုံမဂ္ဂဇင်းက ၁၉၀၁ ခုနှစ်နဲ့၁၉၁၁ ခုနှစ်အကြား လူဦးရေ ၄ သောင်းခွဲ လျော့ပါးသွားတာနဲ့ပတ်သက်လို့ အကြောင်းပြချက်သော်လည်းကောင်း မဖော်ပြပါဘူး။ ဒါပေမယ့် အဲဒီကာလဟာ မန္တလေးမြို့မှာ ပလိပ်ရောဂါအကြီးအကျယ် စတင်ကျရောက်တဲ့ကာလကြီးနှစ်တွေ ဆက်ပြီး အကြီးအကျယ် ကပ်ဆိုက်တဲ့ကာလကြီးမို့၊ ပလိပ်ဖြစ်လို့ သေကြေတဲ့အရေအတွက် ဒီမြို့မှာ မနေရဲတော့ပါဘူးဆိုပြီး တခြားတစ်နေရာကို အပြီးအပိုင် ပြောင်းရွှေ့ထွက်ခွာသွားတဲ့အရေအတွက် နှစ်ခုပေါင်းလို့ ဒီလိုလျော့ဆင်းသွားတာပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့အဘိုး ဦးဖြိုးအောင်၊ သူ့သားမက်ကြီးကိုဦး၊ သူ့အစ်မဒေါ်ရင်တို့ဟာ ၁၉၁၁ ခုနှစ်ကုန်နဲ့၁၉၁၂ ခုနှစ်တစ်ဝိုက်မှာပဲ ပလိပ်ရောဂါနဲ့ အနိစ္စရောက်ကြတာပါ။

မန္တလေးမှာ ပလိပ်ရောဂါကျရောက်တာနဲ့ ပတ်သက်ပြီး ကျွန်မတို့ငယ်ငယ်တုန်းက ကျွန်မတို့ မမီလိုက်တဲ့ခေတ်ကိုလူကြီးတွေက ပြောပြတာများလဲ ကြားယောင်နေပါသေးတယ်။ ကျွန်မတို့အဘိုးအဘွားများတိုက်က ၂ ထပ်တိုက် ၁ လုံး၊ ၁ ထပ်တိုက် ၁ လုံးပါ။ အဲဒီတိုက်တွေမှာ အခင်းတွေက အထက်ရော အောက်ရော ပေကျွန်းပျဉ်ကြီးတွေ ခင်ထားတာပါ။ နို့ပေမယ့် ဒီပျဉ်ကြီးတွေက သံတွေ ကြွတာက ကြွ၊ ထိုးထိုးထောင်ထောင် ရှိတာကရှိ၊ နင်းလိုက်ယင် မြည်တာက မြည်ပါတယ်။ ကျွန်မတို့က ဒီကြမ်းကြီးတွေကလဲ မကောင်းလိုက်တာ၊ ဘယ်လိုဖြစ်နေတာလဲလို့ ပြောယင်၊ အဲ့ဒါ ပလိပ်ဖြစ်တော့ ဆေးဖျန်းတာတဲ့တော့။ ကြမ်းတွေ အကုန်ခွာပြီး ဆေးတွေ လာလာဖျန်းလို့ အားလုံးကြွကုန်တာလို့ ပြောပြီး ပလိပ်ရောဂါကျရောက်စက အင်္ဂလိပ်အစိုးရ နှိမ်နင်းတိုက်ဖျက်ပုံကို လူကြီးတွေက ပြောပြကြပါတယ်။

“မြို့ထဲ ပလိပ်ဖြစ်တယ်၊ ကြွက်ကျတယ်ဆိုကတည်းက အနာအဖျား ရှိလာယင် မြူနီစီပယ်ကို ချက်ချင်းအကြောင်းကြားရတယ်။ သူတို့ကို အကြောင်းမကြားပဲ ကြိတ်ကုရင် တရားစွဲ ဒဏ်ရိုက်တယ်။ လူမမာရှိတဲ့အိမ်ကို မြူနီစီပယ်က အလံနီလာစိုက်တာပဲ။ လူမမာက သေသွားယင် ချက်ချင်း အလံနက် ပြောင်းစိုက်တာပဲ။ ပြီးတော့ PI ဆိုတဲ့စာလုံးကြီး အိမ်ထရံမှာ ကတ္တရာစေးအနက်တွေနဲ့ လာရေးသွားရော။ သေတဲ့လူကိုလဲ ကိုယ့်ဘာသာ မသဂြိုဟ်ရဘူး။ မြူနီစီပယ်က ဂလိုင်ကြီးလှုပ်လာတဲ့မသာရထားအနက်ကြီးဆိုက်လာပြီး အင်္ကျီနီကြီးတွေ ဝတ်ထားတဲ့လူတွေက မသာကို ဝင်ယူပြီး ရထားပေါ်တင်သွားတာ။ ပြီးတော့လူသေရဲ့အဝတ်အစား၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင် ဆိုတာတွေကို အားလုံး အိမ်ရှေ့မှာတင် မီးပုံရှို့သွားတယ်။ တစ်ခါတလေ အဝတ်အစားသာမက သူ့အသုံးအဆောင်၊ သူကိုင်တွယ်သွားတဲ့ပစ္စည်းပစ္စယတွေပါ မီးပုံရှို့သွားတယ်။ ဒီအိမ်က တစ်ယောက်မက သေဆုံးယင် P2 P3 စသဖြင့် ပလိပ်နဲ့သေသူ ၂ ယောက်၊ ၃ ယောက် ဆိုတာ အိမ်မှာ ကမ္ပည်းထိုးသွားပါတယ်။

ပလိပ်ရောဂါဟာ အဖျားအလွန်ကြီးပြီး ၂ ရက် ၃ ရက် ၄ ရက်နဲ့ သေရတာမို့ လူတွေက တုန်လှုပ်ကြောက်ရွံ့နေရတဲ့ အထဲမှာ မြူနီစီပယ်ရဲ့လုပ်ဆောင်ချက်တွေက ပိုပြီး ချောက်ခြားကြောက်ရွံ့စရာ ကောင်းပါသေးတယ်။ အလောင်းလာထမ်းတဲ့အင်္ကျီနီကြီးတွေနဲ့ လူတွေကို အရပ်က သူရဲသဘက်တွေလို့ အောက်မေ့တယ်။ ပြီးတော့ လူသေတဲ့အိမ်ကို သန့်ရှင်းရေးလုပ်သလို ဆေးဖြန်းလိုက်တာ မြေလှန်ပစ်တော့မယ့်အတိုင်းပဲ။ တို့တိုက်က ကြမ်းပြင်ကြီးတွေ ထိုးထိုးထောင်ထောင် ဖြစ်နေရစ်တာ၊ကြမ်းကို မ, ခွာပြီး ဆေးဖြန်းလို့ပါ။ ပလိပ်ဖြစ်နေတဲ့အချိန်များ အရပ်တွေထဲသွားလို့ အိမ်ရှေ့မှာ မီးခိုးတစ်လူလူနဲ့အိမ်က ကတ္တရာစာလုံးကြီးနဲ့ အိမ်တံခါးပိတ်လို့ ဆိုတာမျိုး ၂ အိမ်၊ ၃ အိမ် တွေ့ယင် ဒီလမ်းကို မဝင်ရဲ မဖြတ်ရဲတော့ဘူး။ အဲဒီလောက် ချောက်ခြားကြတယ်လို့ ပြောပြပါတယ်။

ပလိပ်ရောဂါ အကြီးအကျယ်ဖြစ်ပွားကျရောက်တဲ့အခါ မြို့လဲ ပျက်မတတ် ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေလဲ အားလုံးရပ်ဆိုင်းပျက်စီးကုန်တယ်။ ဒါကြောင့် ဒီရောဂါကို အစွမ်းကုန် တိုက်ဖျက်တယ်လို့ဆိုပါတယ်။ နို့ပေမယ့်မြို့လူထုကို ပညာပေးတဲ့အပိုင်းက အလွန်နည်းပြီး အာဏာနဲ့ဇွတ်တိုက်ဖျက်မှုက များလေတော့၊ လူထုရဲ့အသိနဲ့ပူးပေါင်းဆောင်ရွက်မှုကို မရတဲ့အပြင် လူတွေရဲ့ရွံရှာမုန်းတီးမှုကို ခံရတာနဲ့တူပါတယ်။

မန္တလေးနဲ့ဘုရားရှင်စွယ်တော်

ဗြိတိသျှအစိုးရက ပလိပ်ရောဂါကြောင့် မန္တလေးမြို့ပျက်မှာကို စိုးလာတဲ့အခါ ဘုရားကုကုတဲ့သဘောနဲ့ မြတ်စွာဘုရားစွယ်တော်ကို မန္တလေးပင့်ပေးတာများလဲ လုပ်ဆောင်ခဲ့ပါတယ်။ အိန္ဒိယပြည် ပက်ရှဝါမြို့နားက စေတီဟောင်းတစ်ဆူမှာ ဌာပနာတိုက်တွေ့လို့ တူးဖော်ကြတဲ့အခါ မြတ်စွာဘုရားစွယ်တော်ကို လုံခြုံစွာ ဌာပနာထားတာကို တွေ့ရပါတယ်။ ဒီစေတီဟောင်းအုတ်ပုံကြီးဟာ ကနစ်ရှကဘုရင် တည်ထားခဲ့တဲ့စေတီလို့ယူဆရပါတယ်။အဲဒီက ရခဲတဲ့ဓာတ်တော်တွေ ကို ဗုဒ္ဓဘာသာဝင်တွေ အလွန်နည်းနေပြီဖြစ်တဲ့ အိန္ဒိယက စိတ်မဝင်စားတော့တဲ့အတူတူမြန်မာပြည်ကို ပို့ပေးမယ်၊ မြန်မာပြည်မှာလဲ မြန်မာမင်းနောက်ဆုံးနေသွားတဲ့ မန္တလေးကို ပင့်ယူစေမယ်။ ဒီမြို့မှာ ဗုဒ္ဓဘာသာသာသနာပိုင်လဲ ရှိတယ်။ ဒီကိုသာ ပင့်စေယင် ပလိပ်ရောဂါကြောင့် စိတ်ဓာတ်ကျဆင်းခြောက်ချားနေတဲ့လူထုလဲ မြတ်စွယ်တော်တန်ခိုးကြောင့် မြို့အန ္တရာယ်ကင်းပြီလို့ ယူဆမယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေလာလို့လဲ မြို့စည်ကားမယ်ဆိုတဲ့တွက်ကိန်းနဲ့ ပက်ရှဝါဓာတ်တော်ကို မန္တလေးပင့်ဖို့ ဗြိတိသျှအစိုးရက စီမံပါတော့တယ်။

ပက်ရှဝါဓာတ်တော်ကို မြန်မာပြည်နယ်ဘုရင်ခံ ဆာသာကေဝှိုက်က (Sir Herbert Thirkill White)က တောင်းခံလို့ အိန္ဒိယဘုရင်ခံချုပ်လတ်မင်တိုက မြန်မာပြည်ကို ယူခွင့်ပြုတယ်လို့ အမိန့်လာတယ်။ ဒီအမိန့်လာတဲ့အခါ မင်းတုန်းမင်းကြီးရဲ့သားတော် ပျဉ်းမနားမင်းသားကြီး၊ အိန္ဒိယဘုရင်ခံချုပ်ရဲ့မင်းတိုင်ပင်အမတ်ဦးဘတူ၊ ကျောက်စာဝန်တော်စိန်ခို၊ သမာဓိမြို့ဝန်ဦးဘေ၊ရွှေပြည်မင်းကြီးရဲ့သားရွှေပြည်မောင်မောင်လေးတို့ ကာလကတ္တားကိုသွားပြီး ဓာတ်တော်ပင့်ကြတယ်။ ၂၂-၃-၁၉၁၀ နေ့မှာ ရန်ကုန်ရောက်လာတော့ ရန်ကုန်ရွှေတိဂုံရင်ပြင်ပေါ်မှာ ၅ ရက် အပူဇော်ခံပြီး ၂၈-၃-၁၉၁၀ မှာ မန္တလေးကိုပင့်လာကြပါတယ်။

မန္တလေးမှာ ကြေးမြှင်မိဖုရားကြီးဝင်းထဲမှာ ခေတ္တကိန်းဝပ်အပူဇော်ခံပြီး မဟာမုနိဂန္ဓကုဋီထဲမှာ ထားရှိပါတယ်။ ပြီးမှ ထာဝစဉ်ကိန်းဝပ်စံပယ်စရာနေရာကို ကြည့်တော့ မန္တလေးတောင်ပေါ်မှာထားယင် အကောင်းဆုံးဖြစ်မယ်လို့ ရွေးချယ်ကြပြီး မန္တလေးတောင်ရဲ့အရှေ့ဘက် ခင်တန်းတောင်ထိပ်မှာ ငွေတစ်သိန်းအကုန်ခံပြီး ဓာတ်တော်တိုက် ဆောက်လုပ်ပါတယ်။ မန္တလေးတောင်ဟာ အဲဒီခေတ်က ဗြိတိသျှစစ်တပ်တွေ ချထားတဲ့စစ်မြေပါ။ ဒါကြောင့် ဓာတ်တော်တိုက်ဆောက်လုပ်ဖို့အတွက် ၈-၈-၁၉၁၂ မှာ ဗြိတိသျှစစ်ဘက်ကို အမိန့်ခံရသေးတယ်။ အမိန့်ရတော့ ရသေ့ကြီးဦးခန္တီက စတင်တည်ဆောက်ပြီး ၂၄-၁၀-၂၃နေ့ မှာမှ ဓာတ်တော်တိုက်ပြီးစီးလို့ မဟာမုနိဂန္ဓကုဋီထဲက မန္တလေးတောင်ကို ရွှေ့ပြောင်းကြပါတယ်။ ဒီစွယ်တော်ကို ဖန်ပေါင်းချောင်မှာ သေသေချာချာထည့်ပြီး ဓာတ်တော်တိုက်တံခါးကိုတော့ သံခေါက်တံခါးကြီးတွေတင်ပြီး အမြဲတမ်းသော့ခတ်ထားတာမို့ လေးဘက်လေးမျက်နှာ သံခေါက်တံခါးကြားနေပြီး ဒီဓာတ်တော်ကို ဖူးမြော်ကြရပါတယ်။ ဒုတိယကမ ္ဘာစစ်ကြီးဖြစ်တဲ့အထိပါ။

ကမ ္ဘာစစ်ကြီးပြီးလို့ အမြှောက်ဒဏ်ခံရ၊ ဗြိတိသျှတပ်တွေတက်ပြီး တပ်စွဲထားသေးတဲ့ဒဏ်ကိုပါ ခံရတဲ့မန္တလေးတောင်ကြီးအပျက်အစီးတွေကို ပြန်လည်ပြုပြင်ပြီးစီးတဲ့အခါမှာတော့ ပက်ရှဝါဓာတ်တော်ကို မူလနေရာမှာ မဖူးကြတော့ပါဘူး။ ဒါကြောင့် စစ်ကြီးပြီးတဲ့နောက် ၁၉၆၅ ခုနှစ်တစ်ဝိုက်ဆီလောက်ထင်ရဲ့၊ ရဟန်းပျိုအဖွဲ့ချုပ်အတွင်းရေးမှူးဆရာတော်ဦးကုသလကို ပက်ရှဝါဓာတ်တော်ဟာ စစ်ကြီးဖြစ်လာတော့ ဘယ်သူပင့်သွားသလဲ၊ ဘယ်ရောက်သလဲ၊ ပျောက်ဆုံးသွားပြီလားလို့ မေးလျှောက်ကြည့်တဲ့အခါ ဆရာတော်ဦးကုသလက မပျောက်ဆုံးဘူး၊ ရဟန်းပျိုအဖွဲ့ချုပ်တည်ရှိရာ တိုက်ထဲမှာ အလုံအခြုံ ကောင်းမွန်စွာ ထားရှိတယ်လို့ မိန့်တော်မူဖူးပါတယ်။ အများပြည်သူ ဖူးမြော်လို့တော့ မရပါဘူး။

ဗြိတိသျှအစိုးရက တစ်ဘက်ကလဲ တိုက်ဖျက်နှိမ်နင်းရေးကို လုပ်တယ်။ တစ်ဖက်ကလဲ စိတ်ဓာတ်မြှင့်တင်ရေးကို လုပ်တယ်။ ဘက်စုံအောင်တော့ လုပ်ပါရဲ့။ ပလိပ်ရောဂါကတော့ မန္တလေးမြို့မှာ အမြစ်မပြတ်ပါဘူး။ ဘယ်အထိ မပြတ်သလဲဆိုယင် သူတို့အုပ်စိုးသွားတဲ့တစ်သက်လုံးအပြင် မန္တလေးက သူတို့ထွက်ပြေးလာရတဲ့ကာလအထိလဲ မပြတ်ဘူး။ ကမ္ဘာစစ်ကြီးအတွင်းတုန်းကများဆိုယင် စစ်ပြေးရာတွေမှာ ပလိပ်အကြီးအကျယ် ဖြစ်လိုက်တာ၊ ကျွန်မတို့တတွေပါ ကံကောင်းလို့မသေ ဖြစ်ကုန်ပြီး စစ်ပြေးဘဝမှာ ပလိပ်ပြေး ထပ်ပြီး ပြေးခဲ့ရသေးတယ်။ ကျွန်မတို့ ငယ်ငယ်က မြို့ထဲ တစ်ချို့ရပ်ကွက်မှာ ပလိပ်ကြွက် တွေ့တယ်ဆိုယင် မြူနီစီပယ်က စာသင်ကျောင်းတွေကို လာပြီး ကျောင်းသူကျောင်းသားတွေကို ပလိပ်ရောဂါကာကွယ်ဆေး ထိုးပေးပါတယ်။ ကျောင်းတွေမှာ ဆေးက မထိုးမနေရပါ။

သောကြာနေ့မှာ ဆေးထိုးပေးလိုက်ယင် စနေတနင်္ဂနွေနေ့မှာ ဖျားရပါရော။ တနင်္လာနေ့မှာ အဖျားသက်သာပြီး ကျောင်းတက်နိုင်တယ်။ ဆေးမထိုးမနေရကို မြူနီစီပယ်က စာသင်ကျောင်းက ကျောင်းသူကျောင်းသားကိုပဲ လုပ်နိုင်တယ်။ ကျန်မြို့သူမြို့သားတွေကို ထိုးချင်သူလာထိုးဆိုတဲ့ သဘောအလျောက် ထားပါတယ်။ အဲဒီတော့ ဆေးထိုးသူက အင်မတန်၊ မြို့ထဲမှာ ကြွက်ကိုလဲပပျောက်အောင် နှိမ်နင်းနိုင်တာမဟုတ်တော့ တစ်နှစ်ခြား နှစ်နှစ်ခြား ပလိပ်ရောဂါဟာ မန္တလေးမှာ ဖြစ်လို့ချည်းနေတာပဲ။ ဒီရောဂါက စဖြစ်ယင် ဆောင်းတွင်းမှာ စဖြစ်တယ်။ နွေပေါက်လို့ ဥတုရာသီတော်တော်ပူပြင်းလာပြီဆိုတော့မှ ရောဂါကင်းသွားတာပါ။

မန္တလေးမြို့ပေါ်က တစ်ချို့ရပ်ကွက်တွေမှာ ပလိပ်ဖြစ်ပြီတဲ့ကြားယင် ကိုယ့်အိမ်မှာရှိတဲ့ကြွက်တွေကို ဂရုစိုက်ကြည့်နေရတယ်။ အယင်လိုပဲ ပြေးပြေးလွှားလွှား သွားသွားလာလာ ရှိရဲ့လား၊ ဟိုနားဒီနားက တကြွီကြွီ မြည်နေကြ မြည်နေရဲ့လားပေါ့၊ ပုံမှန်အတိုင်းဆိုပဲဆိုယင် ကိစ္စမရှိဘူး။ ကြွက်တွေ ငြိမ်သွားတယ်၊ တိတ်သွားတယ်ဆိုယင် သတိထားပေရော့။ ဒီကို ပလိပ်ပိုးရောက်လာပြီ။ တိတ်ငြိမ်သွားတဲ့ကြွက်တွေက တစ်နေ့တော့ ကုပ်ချောင်းချောင်းနဲ့ လူရှေ့ထွက်လာပြီး အမွေးပွစောင်းစောင်းနဲ့မျက်စိရှေ့မှာပဲ ပက်လက်လန်သေသွားပါရော။

အဲဒါဆိုယင် ပလိပ်ကြွက်ပဲ။ တစ်ခါတည်း ရေနံဆီခွက်ယူခဲ့၊ ဒီကြွက်ပေါ်ကို ရေနီဆီလောင်း၊ မီးညှပ်နဲ့ကြွက်သေကို တော်ရာဝေးရာ ညှပ်ယူသွားပြီး ရေနံဆီလောင်း မီးရှို့ပေရော့။ ကြွက်သေသွားတဲ့နေရာကလေးကိုလဲ မီးနဲ့ရှို့လိုက်ရတယ်။ တစ်ခါတလေ ရောဂါပြင်းလို့ထင်ရဲ့၊ လူရှေ့ရောက်အောင် ထွက်မလာနိုင်ဘူး။ ချောင်ကြိုချောင်ကြားမှာပဲ သေနေကြတာ။ ပုပ်စော်နံမှ အနံ့လိုက်ခံပြီး ရှာရတာ။ တွေ့တဲ့နေရာမှာ ရေနံဆီရွှဲရွှဲ လောင်းပြီး ညှပ်ယူရတာပဲ။ ဒီလိုတွေ့ယင် ကြွက်ကျပြီ။ ပြေးကြပေတော့။ ဒီအိမ်မှာ မနေနဲ့၊ အိပ်ရာခင်း၊ စားအိုးစားခွက်နဲ့တကွ ပြောင်းရွှေ့တော့၊ ဒီအိမ်ကို ၂ လတန်သည် ၃ လတန်သည် စွန့်ပစ်ထားခဲ့။ တစ်နေရာရာ ဖြစ်နိုင်ယင် ပလိပ်ရောဂါ မရှိတဲ့မြို့တစ်မြို့ကို ပြောင်းရွှေ့ပြေးကြပေတော့ပဲ။

မန္တလေးမှာ အနေကြာတဲ့လူတွေက ကြွက်သေကို တွေ့ယင် သာမန်မျက်စိနဲ့ကြည့်ရုံနဲ့ ရိုးရိုးသေတဲ့ကြွက်ကောင်း၊ ပလိပ်ပိုးနဲ့သေတဲ့ပလိပ်ကြွက်ဆိုတာကို ခွဲခြားပြောနိုင်တယ်လို့တောင် ယုံပါတယ်။ သေရိုးသေတဲ့ကြွက်ကောင်းအသေက အမွေးမပွဘူး၊ အရောင်အဆင်းကလဲ ရှိတယ်တဲ့။ ပလိပ်ကြွက်ကတော့ အမွေးကိုက မွဲခြောက်ခြောက်နဲ့။ ကိုယ်ပေါ်မှာလဲ အမွေးက ကြွစောင်းစောင်းရှိပါသတဲ့။ အဲဒီလို မြို့ထဲတစ်ချို့ရပ်ကွက်တွေ ပလိပ်ဖြစ်နေတယ်လို့ကြားယင် ရေချိုးဆင်ခြင်ကြ၊အချိန်နဲ့ရေချိုး၊ အချိန်မဲ့ ဟိုဟိုဒီဒီ မသွားကြနဲ့လို့ လူကြီးတွေက မှာတတ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ဖျားကြတဲ့လူတွေထဲမှာ တစ်ချို့က ဘယ်ကလန့်လာလို့၊ ညာကလန့်လာလို့ ဖျားတာလို့ ဆိုသကိုး။ ပလိပ်ဖြစ်နေတယ် ကြားတဲ့အချိန် ဇက်လေးသလား၊ခေါင်းခဲ လည်နာသလားဆိုတာကလဲ အမြဲတမ်း သတိထားနေရသေးတယ်။ လက်တို့ ခြေတို့မှာ အနာရှိလို့ အနာယဉ်းလို့ချိုင်းပိုးခုယင်၊ ပေါင်ပိုးခုယင် အဲဒါပလိပ်အကျိတ်လားလို့လဲ ကြောက်မိသေးတယ်။ မန္တလေးမြို့မှာ ပထမတော့ နှစ်နှစ်၊ နောက်တော့ တစ်နှစ်ခြားလောက် ဖြစ်တယ်၊ နောက်တော့ နှစ်နှစ်ခြားလောက်ဖြစ်ပါတယ်။ ကျွန်မတို့ ကလေးအရွယ်တုန်းကတော့ ဘာမှမသိတတ်လေတော့ ပလိပ်ပြေး ပြေးရတာကို ပျော်စရာကြီးလို့ထင်မိတာပေါ့။

ရှေးလူကြီးတွေက ပလိပ်ဖြစ်တာဟာ သွေးရိုးသားရိုး ဖြစ်တာမထင်ဘူး။ နယ်ချဲ့သမားတွေ တမင်လုပ်တဲ့ကိစ္စလို့ထင်တယ်ဆိုတာကို ကျွန်မတို့ ကျောင်းနေတဲ့အရွယ်ရောက်တော့ ရှေးလူကြီးတွေ ပညာမဲ့လို့သာ ဒီလိုထင်တာလို့ အောက်မေ့မိတယ်။ ကျွန်မတို့ ပညာသင်တဲ့ဆရာများကလဲ ဒီလိုပဲ ဟောပြောပို့ချတာကိုး။ အဲဒီတော့ ရှေးလူကြီးတွေကို အထင်သေးမိတာပေါ့။ ကျွန်မတို့ကြီးပြင်းလာတဲ့အခါကျတော့ နိုင်ငံရေးပရိယာယ်တွေကို သဘောပေါက်သလောက် ပေါက်လာတဲ့အပြင် ပိုးမွှားစစ်ဆင်ရေး သတင်းတွေကိုပါ သိနေကြားနေရတော့ ရှေးလူကြီးတွေကို အထင်မသေးချင်တော့ဘူး။ မြန်မာလူနေမှု ဘယ်လောက်အောက်တန်းကျကျ ဒီ့အယင်က ပလိပ်ရောဂါ မရှိခဲ့ဖူးပဲနဲ့ ဖြုန်းကနဲ ရောက်လာပြီး လူတွေ ကြွက်သေသလို တဖုတ်ဖုတ် သေကြရလေတော့ ဒါဟာ ပယောဂလို့ ထင်လဲ ထင်ပေမှာပဲ။ ရှေးလူကြီးတွေရဲ့အတွေးအခေါ်က မရိုင်းပါဘူး။


 ျမန္မာနိုင္ငံရဲ့ျပည္သူ႔က်န္းမာေရးသမိုင္းကို ျပန္လွန္ၾကည့္ရင္ ပလိပ္ကပ္ေရာဂါႏွိပ္စက္တာကို အခံရဆုံးအရပ္ဟာ မႏၲေလးၿမိဳ့ပဲလို့ ေတြ႕ရလိမ့္မယ္ထင္ပါတယ္။ ဒီကပ္ေရာဂါက တစ္ခ်ိန္တစ္ခါကမ်ား ျမန္မာနိုင္ငံမွာ လူဦးေရ အလြန္မ်ားတဲ့ၿမိဳ့ႀကီး၊ မင္းေနျပည္ေတာ္ျဖစ္ခဲ့တဲ့ၿမိဳ့ႀကီး ပ်က္သြားရမတတ္ က်ေရာက္တာကို ခံခဲ့ရပါတယ္။ အဲဒါဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၈၀ေလာက္ကေပါ့။

ရက္ေတြ လေတြ ခုႏွစ္သကၠရာဇ္ေတြကို အမွတ္အသားေကာင္းလွတဲ့ဆရာႀကီးေရႊဥေဒါင္းက မႏၲေလးၿမိဳ့မွာ ပလိပ္ေရာဂါစျဖစ္တာ ၁၉၀၇ ခုႏွစ္ကလို့ ဆိုပါတယ္။ မႏၲေလးၿမိဳ့ကို ပဥၥေျမာက္ေဂ်ာ့ဘုရင္ျဖစ္လာမယ့္မင္းသားအိမ္ေရွ႕စံေဝလမင္းသားဘဝနဲ႔ ၁၉၀၆-ခုႏွစ္က မႏၲေလးကို အလည္လာသြားၿပီးတဲ့ေနာက္မွာ ပလိပ္စျဖစ္တာပဲလို့ သူ႔တစ္သက္တာ မွတ္တမ္းမွာ ေရးခဲ့ပါတယ္။ ၁၉၀၉-ခုႏွစ္၊ ဒီဇင္ဘာလမွာ ရိုက္ႏွိပ္ထုတ္ေဝခဲ့တဲ့ ၂၀ ရာစုျမန္မာျပည္အေၾကာင္း(20th Century Impressions of Burma)ဆိုတဲ့စာအုပ္ႀကီးထဲမွာေတာ့ မႏၲေလးၿမိဳ့ျမဴနီစီပယ္ဟာ လြန္ခဲ့တဲ့ေလးႏွစ္ကစၿပီး ျဖစ္ပြားေနတဲ့ပလိပ္ေရာဂါႀကီးကို ကာကြယ္ႏွိမ္နင္းေနလို့ ေငြေၾကးအလြန္ကုန္က်ေနၿပီး ျပည္နယ္အစိုးရဆီက အေထာက္အပံ့မ်ား ေတာင္းခံေနရတယ္လို့ပါပါတယ္။ ဒီစာအုပ္မွာပဲ ၁၉၀၈-ခုႏွစ္၊ ၁၉၀၉-ခုႏွစ္မွာ အလြန္ႀကီးက်ယ္တဲ့ေရာဂါျဖစ္ပြားမွုႀကီးေၾကာင့္ မႏၲေလးၿမိဳ့ရဲ့လူဦးေရသုံးပုံတစ္ပုံ အေဝးၿမိဳ့ေတြကို ထြက္ေျပးတိမ္းေရွာင္ကုန္ၾကတယ္။ စစ္ကိုင္းတစ္ၿမိဳ့တည္းကိုခ်ည္း လူ ၂ ေသာင္းေလာက္ထြက္ေျပးၾကတယ္လို့ စာမ်က္ႏွာ ၃၇၁ မွာ ေရးသားေဖာ္ျပထားပါတယ္။ ပလိပ္ေရာဂါျဖစ္ပြားခ်ိန္မွာ ဒီေရာဂါကို ေၾကာက္လို့ အိုးပစ္အိမ္ပစ္ တစ္ေနရာကို ေရႊ႕ေျပာင္းေနထိုင္ရတာကို ပလိပ္ေျပးေျပးတယ္လို့ပဲ ေျပာပါတယ္။

၁၉၁၁ ခုႏွစ္ထုတ္ ရတနာပုံမဂၢဇင္မွာေတာ့ မႏၲေလးၿမိဳ့ရဲ့လူဦးေရနဲ႔ပတ္သက္ၿပီး သီေပါဘုရင္ပါေတာ္မူၿပီး ၅ ႏွစ္အၾကာ၊ ၁၈၉၁-ခုႏွစ္က လူေန ၁၈၈,၈၁၅ ရွိတယ္။ ရန္ကုန္ထက္ လူ ၈၀၀၀ ပိုတယ္။ ေနာက္ ၁၀ ႏွစ္ၾကာတဲ့အခါ ၁၉၀၁-ခုႏွစ္၊ မႏၲေလးလူဦးေရဟာ ၁၈၂,၄၉၀ ပဲရွိတယ္။ လူေန ၆၀၀၀ ေလ်ာ့သြားတယ္။ ၁၉၁၁ ခုႏွစ္ သန္းေခါင္စာရင္းေကာက္ေတာ့ လူ ၁၃၈,၄၅၆ ပဲရွိေတာ့တယ္။ ၁၀ႏွစ္အတြင္း လူေပါင္း ၄၅၃၉၀ ေလ်ာ့သြားတယ္။ တျခားဘယ္ၿမိဳ့မွ ဒီလိုလူဦးေရ ေလ်ာ့မသြားဘူး။ တိုးတဲ့ၿမိဳ့ခ်ည္း ျဖစ္တယ္။ မႏၲေလးတစ္ၿမိဳ့တည္း လူဦးေရ ၂၅ ရာခိုင္ႏွုန္းေလာက္ က်ဆင္းသြားတယ္လို့ ေဖာ္ျပေရးသားထားပါတယ္။

ရတနာပုံမဂၢဇင္းက ၁၉၀၁ ခုႏွစ္နဲ႔၁၉၁၁ ခုႏွစ္အၾကား လူဦးေရ ၄ ေသာင္းခြဲ ေလ်ာ့ပါးသြားတာနဲ႔ပတ္သက္လို့ အေၾကာင္းျပခ်က္ေသာ္လည္းေကာင္း မေဖာ္ျပပါဘူး။ ဒါေပမယ့္ အဲဒီကာလဟာ မႏၲေလးၿမိဳ့မွာ ပလိပ္ေရာဂါအႀကီးအက်ယ္ စတင္က်ေရာက္တဲ့ကာလႀကီးႏွစ္ေတြ ဆက္ၿပီး အႀကီးအက်ယ္ ကပ္ဆိုက္တဲ့ကာလႀကီးမို့၊ ပလိပ္ျဖစ္လို့ ေသေၾကတဲ့အေရအတြက္ ဒီၿမိဳ့မွာ မေနရဲေတာ့ပါဘူးဆိုၿပီး တျခားတစ္ေနရာကို အၿပီးအပိုင္ ေျပာင္းေရႊ႕ထြက္ခြာသြားတဲ့အေရအတြက္ ႏွစ္ခုေပါင္းလို့ ဒီလိုေလ်ာ့ဆင္းသြားတာပဲ ျဖစ္ပါလိမ့္မယ္။ ကၽြန္မတို့အဘိုး ဦးၿဖိဳးေအာင္၊ သူ႔သားမက္ႀကီးကိုဦး၊ သူ႔အစ္မေဒၚရင္တို့ဟာ ၁၉၁၁ ခုႏွစ္ကုန္နဲ႔၁၉၁၂ ခုႏွစ္တစ္ဝိုက္မွာပဲ ပလိပ္ေရာဂါနဲ႔ အနိစၥေရာက္ၾကတာပါ။

မႏၲေလးမွာ ပလိပ္ေရာဂါက်ေရာက္တာနဲ႔ ပတ္သက္ၿပီး ကၽြန္မတို့ငယ္ငယ္တုန္းက ကၽြန္မတို့ မမီလိုက္တဲ့ေခတ္ကိုလူႀကီးေတြက ေျပာျပတာမ်ားလဲ ၾကားေယာင္ေနပါေသးတယ္။ ကၽြန္မတို့အဘိုးအဘြားမ်ားတိုက္က ၂ ထပ္တိုက္ ၁ လုံး၊ ၁ ထပ္တိုက္ ၁ လုံးပါ။ အဲဒီတိုက္ေတြမွာ အခင္းေတြက အထက္ေရာ ေအာက္ေရာ ေပကၽြန္းပ်ဥ္ႀကီးေတြ ခင္ထားတာပါ။ နို့ေပမယ့္ ဒီပ်ဥ္ႀကီးေတြက သံေတြ ႂကြတာက ႂကြ၊ ထိုးထိုးေထာင္ေထာင္ ရွိတာကရွိ၊ နင္းလိုက္ယင္ ျမည္တာက ျမည္ပါတယ္။ ကၽြန္မတို့က ဒီၾကမ္းႀကီးေတြကလဲ မေကာင္းလိုက္တာ၊ ဘယ္လိုျဖစ္ေနတာလဲလို့ ေျပာယင္၊ အဲ့ဒါ ပလိပ္ျဖစ္ေတာ့ ေဆးဖ်န္းတာတဲ့ေတာ့။ ၾကမ္းေတြ အကုန္ခြာၿပီး ေဆးေတြ လာလာဖ်န္းလို့ အားလုံးႂကြကုန္တာလို့ ေျပာၿပီး ပလိပ္ေရာဂါက်ေရာက္စက အဂၤလိပ္အစိုးရ ႏွိမ္နင္းတိုက္ဖ်က္ပုံကို လူႀကီးေတြက ေျပာျပၾကပါတယ္။

“ၿမိဳ့ထဲ ပလိပ္ျဖစ္တယ္၊ ႂကြက္က်တယ္ဆိုကတည္းက အနာအဖ်ား ရွိလာယင္ ျမဴနီစီပယ္ကို ခ်က္ခ်င္းအေၾကာင္းၾကားရတယ္။ သူတို့ကို အေၾကာင္းမၾကားပဲ ႀကိတ္ကုရင္ တရားစြဲ ဒဏ္ရိုက္တယ္။ လူမမာရွိတဲ့အိမ္ကို ျမဴနီစီပယ္က အလံနီလာစိုက္တာပဲ။ လူမမာက ေသသြားယင္ ခ်က္ခ်င္း အလံနက္ ေျပာင္းစိုက္တာပဲ။ ၿပီးေတာ့ PI ဆိုတဲ့စာလုံးႀကီး အိမ္ထရံမွာ ကတၱရာေစးအနက္ေတြနဲ႔ လာေရးသြားေရာ။ ေသတဲ့လူကိုလဲ ကိုယ့္ဘာသာ မသၿဂိဳဟ္ရဘူး။ ျမဴနီစီပယ္က ဂလိုင္ႀကီးလွုပ္လာတဲ့မသာရထားအနက္ႀကီးဆိုက္လာၿပီး အကၤ်ီနီႀကီးေတြ ဝတ္ထားတဲ့လူေတြက မသာကို ဝင္ယူၿပီး ရထားေပၚတင္သြားတာ။ ၿပီးေတာ့လူေသရဲ့အဝတ္အစား၊ ေခါင္းအုံး၊ ေစာင္၊ ျခင္ေထာင္ ဆိုတာေတြကို အားလုံး အိမ္ေရွ႕မွာတင္ မီးပုံရွို့သြားတယ္။ တစ္ခါတေလ အဝတ္အစားသာမက သူ႔အသုံးအေဆာင္၊ သူကိုင္တြယ္သြားတဲ့ပစၥည္းပစၥယေတြပါ မီးပုံရွို့သြားတယ္။ ဒီအိမ္က တစ္ေယာက္မက ေသဆုံးယင္ P2 P3 စသျဖင့္ ပလိပ္နဲ႔ေသသူ ၂ ေယာက္၊ ၃ ေယာက္ ဆိုတာ အိမ္မွာ ကမၸည္းထိုးသြားပါတယ္။

ပလိပ္ေရာဂါဟာ အဖ်ားအလြန္ႀကီးၿပီး ၂ ရက္ ၃ ရက္ ၄ ရက္နဲ႔ ေသရတာမို့ လူေတြက တုန္လွုပ္ေၾကာက္ရြံ့ေနရတဲ့ အထဲမွာ ျမဴနီစီပယ္ရဲ့လုပ္ေဆာင္ခ်က္ေတြက ပိုၿပီး ေခ်ာက္ျခားေၾကာက္ရြံ့စရာ ေကာင္းပါေသးတယ္။ အေလာင္းလာထမ္းတဲ့အကၤ်ီနီႀကီးေတြနဲ႔ လူေတြကို အရပ္က သူရဲသဘက္ေတြလို့ ေအာက္ေမ့တယ္။ ၿပီးေတာ့ လူေသတဲ့အိမ္ကို သန႔္ရွင္းေရးလုပ္သလို ေဆးျဖန္းလိုက္တာ ေျမလွန္ပစ္ေတာ့မယ့္အတိုင္းပဲ။ တို့တိုက္က ၾကမ္းျပင္ႀကီးေတြ ထိုးထိုးေထာင္ေထာင္ ျဖစ္ေနရစ္တာ၊ၾကမ္းကို မ, ခြာၿပီး ေဆးျဖန္းလို့ပါ။ ပလိပ္ျဖစ္ေနတဲ့အခ်ိန္မ်ား အရပ္ေတြထဲသြားလို့ အိမ္ေရွ႕မွာ မီးခိုးတစ္လူလူနဲ႔အိမ္က ကတၱရာစာလုံးႀကီးနဲ႔ အိမ္တံခါးပိတ္လို့ ဆိုတာမ်ိဳး ၂ အိမ္၊ ၃ အိမ္ ေတြ႕ယင္ ဒီလမ္းကို မဝင္ရဲ မျဖတ္ရဲေတာ့ဘူး။ အဲဒီေလာက္ ေခ်ာက္ျခားၾကတယ္လို့ ေျပာျပပါတယ္။

ပလိပ္ေရာဂါ အႀကီးအက်ယ္ျဖစ္ပြားက်ေရာက္တဲ့အခါ ၿမိဳ့လဲ ပ်က္မတတ္ ျဖစ္တယ္။ စီးပြားေရးလုပ္ငန္းေတြလဲ အားလုံးရပ္ဆိုင္းပ်က္စီးကုန္တယ္။ ဒါေၾကာင့္ ဒီေရာဂါကို အစြမ္းကုန္ တိုက္ဖ်က္တယ္လို့ဆိုပါတယ္။ နို့ေပမယ့္ၿမိဳ့လူထုကို ပညာေပးတဲ့အပိုင္းက အလြန္နည္းၿပီး အာဏာနဲ႔ဇြတ္တိုက္ဖ်က္မွုက မ်ားေလေတာ့၊ လူထုရဲ့အသိနဲ႔ပူးေပါင္းေဆာင္ရြက္မွုကို မရတဲ့အျပင္ လူေတြရဲ့ရြံရွာမုန္းတီးမွုကို ခံရတာနဲ႔တူပါတယ္။

မႏၲေလးနဲ႔ဘုရားရွင္စြယ္ေတာ္

ၿဗိတိသၽွအစိုးရက ပလိပ္ေရာဂါေၾကာင့္ မႏၲေလးၿမိဳ့ပ်က္မွာကို စိုးလာတဲ့အခါ ဘုရားကုကုတဲ့သေဘာနဲ႔ ျမတ္စြာဘုရားစြယ္ေတာ္ကို မႏၲေလးပင့္ေပးတာမ်ားလဲ လုပ္ေဆာင္ခဲ့ပါတယ္။ အိႏၵိယျပည္ ပက္ရွဝါၿမိဳ့နားက ေစတီေဟာင္းတစ္ဆူမွာ ဌာပနာတိုက္ေတြ႕လို့ တူးေဖာ္ၾကတဲ့အခါ ျမတ္စြာဘုရားစြယ္ေတာ္ကို လုံျခဳံစြာ ဌာပနာထားတာကို ေတြ႕ရပါတယ္။ ဒီေစတီေဟာင္းအုတ္ပုံႀကီးဟာ ကနစ္ရွကဘုရင္ တည္ထားခဲ့တဲ့ေစတီလို့ယူဆရပါတယ္။အဲဒီက ရခဲတဲ့ဓာတ္ေတာ္ေတြ ကို ဗုဒၶဘာသာဝင္ေတြ အလြန္နည္းေနၿပီျဖစ္တဲ့ အိႏၵိယက စိတ္မဝင္စားေတာ့တဲ့အတူတူျမန္မာျပည္ကို ပို့ေပးမယ္၊ ျမန္မာျပည္မွာလဲ ျမန္မာမင္းေနာက္ဆုံးေနသြားတဲ့ မႏၲေလးကို ပင့္ယူေစမယ္။ ဒီၿမိဳ့မွာ ဗုဒၶဘာသာသာသနာပိုင္လဲ ရွိတယ္။ ဒီကိုသာ ပင့္ေစယင္ ပလိပ္ေရာဂါေၾကာင့္ စိတ္ဓာတ္က်ဆင္းေျခာက္ခ်ားေနတဲ့လူထုလဲ ျမတ္စြယ္ေတာ္တန္ခိုးေၾကာင့္ ၿမိဳ့အန ၱရာယ္ကင္းၿပီလို့ ယူဆမယ္။ အနယ္နယ္အရပ္ရပ္က ဘုရားဖူးေတြလာလို့လဲ ၿမိဳ့စည္ကားမယ္ဆိုတဲ့တြက္ကိန္းနဲ႔ ပက္ရွဝါဓာတ္ေတာ္ကို မႏၲေလးပင့္ဖို့ ၿဗိတိသၽွအစိုးရက စီမံပါေတာ့တယ္။

ပက္ရွဝါဓာတ္ေတာ္ကို ျမန္မာျပည္နယ္ဘုရင္ခံ ဆာသာေကဝွိုက္က (Sir Herbert Thirkill White)က ေတာင္းခံလို့ အိႏၵိယဘုရင္ခံခ်ဳပ္လတ္မင္တိုက ျမန္မာျပည္ကို ယူခြင့္ျပဳတယ္လို့ အမိန႔္လာတယ္။ ဒီအမိန႔္လာတဲ့အခါ မင္းတုန္းမင္းႀကီးရဲ့သားေတာ္ ပ်ဥ္းမနားမင္းသားႀကီး၊ အိႏၵိယဘုရင္ခံခ်ဳပ္ရဲ့မင္းတိုင္ပင္အမတ္ဦးဘတူ၊ ေက်ာက္စာဝန္ေတာ္စိန္ခို၊ သမာဓိၿမိဳ့ဝန္ဦးေဘ၊ေရႊျပည္မင္းႀကီးရဲ့သားေရႊျပည္ေမာင္ေမာင္ေလးတို့ ကာလကတၱားကိုသြားၿပီး ဓာတ္ေတာ္ပင့္ၾကတယ္။ ၂၂-၃-၁၉၁၀ ေန႔မွာ ရန္ကုန္ေရာက္လာေတာ့ ရန္ကုန္ေရႊတိဂုံရင္ျပင္ေပၚမွာ ၅ ရက္ အပူေဇာ္ခံၿပီး ၂၈-၃-၁၉၁၀ မွာ မႏၲေလးကိုပင့္လာၾကပါတယ္။

မႏၲေလးမွာ ေၾကးျမႇင္မိဖုရားႀကီးဝင္းထဲမွာ ေခတၱကိန္းဝပ္အပူေဇာ္ခံၿပီး မဟာမုနိဂႏၶကုဋီထဲမွာ ထားရွိပါတယ္။ ၿပီးမွ ထာဝစဥ္ကိန္းဝပ္စံပယ္စရာေနရာကို ၾကည့္ေတာ့ မႏၲေလးေတာင္ေပၚမွာထားယင္ အေကာင္းဆုံးျဖစ္မယ္လို့ ေရြးခ်ယ္ၾကၿပီး မႏၲေလးေတာင္ရဲ့အေရွ႕ဘက္ ခင္တန္းေတာင္ထိပ္မွာ ေငြတစ္သိန္းအကုန္ခံၿပီး ဓာတ္ေတာ္တိုက္ ေဆာက္လုပ္ပါတယ္။ မႏၲေလးေတာင္ဟာ အဲဒီေခတ္က ၿဗိတိသၽွစစ္တပ္ေတြ ခ်ထားတဲ့စစ္ေျမပါ။ ဒါေၾကာင့္ ဓာတ္ေတာ္တိုက္ေဆာက္လုပ္ဖို့အတြက္ ၈-၈-၁၉၁၂ မွာ ၿဗိတိသၽွစစ္ဘက္ကို အမိန႔္ခံရေသးတယ္။ အမိန႔္ရေတာ့ ရေသ့ႀကီးဦးခႏၲီက စတင္တည္ေဆာက္ၿပီး ၂၄-၁၀-၂၃ေန႔ မွာမွ ဓာတ္ေတာ္တိုက္ၿပီးစီးလို့ မဟာမုနိဂႏၶကုဋီထဲက မႏၲေလးေတာင္ကို ေရႊ႕ေျပာင္းၾကပါတယ္။ ဒီစြယ္ေတာ္ကို ဖန္ေပါင္းေခ်ာင္မွာ ေသေသခ်ာခ်ာထည့္ၿပီး ဓာတ္ေတာ္တိုက္တံခါးကိုေတာ့ သံေခါက္တံခါးႀကီးေတြတင္ၿပီး အျမဲတမ္းေသာ့ခတ္ထားတာမို့ ေလးဘက္ေလးမ်က္ႏွာ သံေခါက္တံခါးၾကားေနၿပီး ဒီဓာတ္ေတာ္ကို ဖူးေျမာ္ၾကရပါတယ္။ ဒုတိယကမ ၻာစစ္ႀကီးျဖစ္တဲ့အထိပါ။

ကမ ၻာစစ္ႀကီးၿပီးလို့ အေျမႇာက္ဒဏ္ခံရ၊ ၿဗိတိသၽွတပ္ေတြတက္ၿပီး တပ္စြဲထားေသးတဲ့ဒဏ္ကိုပါ ခံရတဲ့မႏၲေလးေတာင္ႀကီးအပ်က္အစီးေတြကို ျပန္လည္ျပဳျပင္ၿပီးစီးတဲ့အခါမွာေတာ့ ပက္ရွဝါဓာတ္ေတာ္ကို မူလေနရာမွာ မဖူးၾကေတာ့ပါဘူး။ ဒါေၾကာင့္ စစ္ႀကီးၿပီးတဲ့ေနာက္ ၁၉၆၅ ခုႏွစ္တစ္ဝိုက္ဆီေလာက္ထင္ရဲ့၊ ရဟန္းပ်ိဳအဖြဲ႕ခ်ဳပ္အတြင္းေရးမွူးဆရာေတာ္ဦးကုသလကို ပက္ရွဝါဓာတ္ေတာ္ဟာ စစ္ႀကီးျဖစ္လာေတာ့ ဘယ္သူပင့္သြားသလဲ၊ ဘယ္ေရာက္သလဲ၊ ေပ်ာက္ဆုံးသြားၿပီလားလို့ ေမးေလၽွာက္ၾကည့္တဲ့အခါ ဆရာေတာ္ဦးကုသလက မေပ်ာက္ဆုံးဘူး၊ ရဟန္းပ်ိဳအဖြဲ႕ခ်ဳပ္တည္ရွိရာ တိုက္ထဲမွာ အလုံအျခဳံ ေကာင္းမြန္စြာ ထားရွိတယ္လို့ မိန႔္ေတာ္မူဖူးပါတယ္။ အမ်ားျပည္သူ ဖူးေျမာ္လို့ေတာ့ မရပါဘူး။

ၿဗိတိသၽွအစိုးရက တစ္ဘက္ကလဲ တိုက္ဖ်က္ႏွိမ္နင္းေရးကို လုပ္တယ္။ တစ္ဖက္ကလဲ စိတ္ဓာတ္ျမႇင့္တင္ေရးကို လုပ္တယ္။ ဘက္စုံေအာင္ေတာ့ လုပ္ပါရဲ့။ ပလိပ္ေရာဂါကေတာ့ မႏၲေလးၿမိဳ့မွာ အျမစ္မျပတ္ပါဘူး။ ဘယ္အထိ မျပတ္သလဲဆိုယင္ သူတို့အုပ္စိုးသြားတဲ့တစ္သက္လုံးအျပင္ မႏၲေလးက သူတို့ထြက္ေျပးလာရတဲ့ကာလအထိလဲ မျပတ္ဘူး။ ကမၻာစစ္ႀကီးအတြင္းတုန္းကမ်ားဆိုယင္ စစ္ေျပးရာေတြမွာ ပလိပ္အႀကီးအက်ယ္ ျဖစ္လိုက္တာ၊ ကၽြန္မတို့တေတြပါ ကံေကာင္းလို့မေသ ျဖစ္ကုန္ၿပီး စစ္ေျပးဘဝမွာ ပလိပ္ေျပး ထပ္ၿပီး ေျပးခဲ့ရေသးတယ္။ ကၽြန္မတို့ ငယ္ငယ္က ၿမိဳ့ထဲ တစ္ခ်ိဳ့ရပ္ကြက္မွာ ပလိပ္ႂကြက္ ေတြ႕တယ္ဆိုယင္ ျမဴနီစီပယ္က စာသင္ေက်ာင္းေတြကို လာၿပီး ေက်ာင္းသူေက်ာင္းသားေတြကို ပလိပ္ေရာဂါကာကြယ္ေဆး ထိုးေပးပါတယ္။ ေက်ာင္းေတြမွာ ေဆးက မထိုးမေနရပါ။

ေသာၾကာေန႔မွာ ေဆးထိုးေပးလိုက္ယင္ စေနတနဂၤေႏြေန႔မွာ ဖ်ားရပါေရာ။ တနလၤာေန႔မွာ အဖ်ားသက္သာၿပီး ေက်ာင္းတက္နိုင္တယ္။ ေဆးမထိုးမေနရကို ျမဴနီစီပယ္က စာသင္ေက်ာင္းက ေက်ာင္းသူေက်ာင္းသားကိုပဲ လုပ္နိုင္တယ္။ က်န္ၿမိဳ့သူၿမိဳ့သားေတြကို ထိုးခ်င္သူလာထိုးဆိုတဲ့ သေဘာအေလ်ာက္ ထားပါတယ္။ အဲဒီေတာ့ ေဆးထိုးသူက အင္မတန္၊ ၿမိဳ့ထဲမွာ ႂကြက္ကိုလဲပေပ်ာက္ေအာင္ ႏွိမ္နင္းနိုင္တာမဟုတ္ေတာ့ တစ္ႏွစ္ျခား ႏွစ္ႏွစ္ျခား ပလိပ္ေရာဂါဟာ မႏၲေလးမွာ ျဖစ္လို့ခ်ည္းေနတာပဲ။ ဒီေရာဂါက စျဖစ္ယင္ ေဆာင္းတြင္းမွာ စျဖစ္တယ္။ ေႏြေပါက္လို့ ဥတုရာသီေတာ္ေတာ္ပူျပင္းလာၿပီဆိုေတာ့မွ ေရာဂါကင္းသြားတာပါ။

မႏၲေလးၿမိဳ့ေပၚက တစ္ခ်ိဳ့ရပ္ကြက္ေတြမွာ ပလိပ္ျဖစ္ၿပီတဲ့ၾကားယင္ ကိုယ့္အိမ္မွာရွိတဲ့ႂကြက္ေတြကို ဂ႐ုစိုက္ၾကည့္ေနရတယ္။ အယင္လိုပဲ ေျပးေျပးလႊားလႊား သြားသြားလာလာ ရွိရဲ့လား၊ ဟိုနားဒီနားက တႂကြီႂကြီ ျမည္ေနၾက ျမည္ေနရဲ့လားေပါ့၊ ပုံမွန္အတိုင္းဆိုပဲဆိုယင္ ကိစၥမရွိဘူး။ ႂကြက္ေတြ ၿငိမ္သြားတယ္၊ တိတ္သြားတယ္ဆိုယင္ သတိထားေပေရာ့။ ဒီကို ပလိပ္ပိုးေရာက္လာၿပီ။ တိတ္ၿငိမ္သြားတဲ့ႂကြက္ေတြက တစ္ေန႔ေတာ့ ကုပ္ေခ်ာင္းေခ်ာင္းနဲ႔ လူေရွ႕ထြက္လာၿပီး အေမြးပြေစာင္းေစာင္းနဲ႔မ်က္စိေရွ႕မွာပဲ ပက္လက္လန္ေသသြားပါေရာ။

အဲဒါဆိုယင္ ပလိပ္ႂကြက္ပဲ။ တစ္ခါတည္း ေရနံဆီခြက္ယူခဲ့၊ ဒီႂကြက္ေပၚကို ေရနီဆီေလာင္း၊ မီးညႇပ္နဲ႔ႂကြက္ေသကို ေတာ္ရာေဝးရာ ညႇပ္ယူသြားၿပီး ေရနံဆီေလာင္း မီးရွို့ေပေရာ့။ ႂကြက္ေသသြားတဲ့ေနရာကေလးကိုလဲ မီးနဲ႔ရွို့လိုက္ရတယ္။ တစ္ခါတေလ ေရာဂါျပင္းလို့ထင္ရဲ့၊ လူေရွ႕ေရာက္ေအာင္ ထြက္မလာနိုင္ဘူး။ ေခ်ာင္ႀကိဳေခ်ာင္ၾကားမွာပဲ ေသေနၾကတာ။ ပုပ္ေစာ္နံမွ အနံ့လိုက္ခံၿပီး ရွာရတာ။ ေတြ႕တဲ့ေနရာမွာ ေရနံဆီရႊဲရႊဲ ေလာင္းၿပီး ညႇပ္ယူရတာပဲ။ ဒီလိုေတြ႕ယင္ ႂကြက္က်ၿပီ။ ေျပးၾကေပေတာ့။ ဒီအိမ္မွာ မေနနဲ႔၊ အိပ္ရာခင္း၊ စားအိုးစားခြက္နဲ႔တကြ ေျပာင္းေရႊ႕ေတာ့၊ ဒီအိမ္ကို ၂ လတန္သည္ ၃ လတန္သည္ စြန႔္ပစ္ထားခဲ့။ တစ္ေနရာရာ ျဖစ္နိုင္ယင္ ပလိပ္ေရာဂါ မရွိတဲ့ၿမိဳ့တစ္ၿမိဳ့ကို ေျပာင္းေရႊ႕ေျပးၾကေပေတာ့ပဲ။

မႏၲေလးမွာ အေနၾကာတဲ့လူေတြက ႂကြက္ေသကို ေတြ႕ယင္ သာမန္မ်က္စိနဲ႔ၾကည့္႐ုံနဲ႔ ရိုးရိုးေသတဲ့ႂကြက္ေကာင္း၊ ပလိပ္ပိုးနဲ႔ေသတဲ့ပလိပ္ႂကြက္ဆိုတာကို ခြဲျခားေျပာနိုင္တယ္လို့ေတာင္ ယုံပါတယ္။ ေသရိုးေသတဲ့ႂကြက္ေကာင္းအေသက အေမြးမပြဘူး၊ အေရာင္အဆင္းကလဲ ရွိတယ္တဲ့။ ပလိပ္ႂကြက္ကေတာ့ အေမြးကိုက မြဲေျခာက္ေျခာက္နဲ႔။ ကိုယ္ေပၚမွာလဲ အေမြးက ႂကြေစာင္းေစာင္းရွိပါသတဲ့။ အဲဒီလို ၿမိဳ့ထဲတစ္ခ်ိဳ့ရပ္ကြက္ေတြ ပလိပ္ျဖစ္ေနတယ္လို့ၾကားယင္ ေရခ်ိဳးဆင္ျခင္ၾက၊အခ်ိန္နဲ႔ေရခ်ိဳး၊ အခ်ိန္မဲ့ ဟိုဟိုဒီဒီ မသြားၾကနဲ႔လို့ လူႀကီးေတြက မွာတတ္တယ္။

ဘာျဖစ္လို့လဲဆိုေတာ့ ဖ်ားၾကတဲ့လူေတြထဲမွာ တစ္ခ်ိဳ့က ဘယ္ကလန႔္လာလို့၊ ညာကလန႔္လာလို့ ဖ်ားတာလို့ ဆိုသကိုး။ ပလိပ္ျဖစ္ေနတယ္ ၾကားတဲ့အခ်ိန္ ဇက္ေလးသလား၊ေခါင္းခဲ လည္နာသလားဆိုတာကလဲ အျမဲတမ္း သတိထားေနရေသးတယ္။ လက္တို့ ေျခတို့မွာ အနာရွိလို့ အနာယဥ္းလို့ခ်ိဳင္းပိုးခုယင္၊ ေပါင္ပိုးခုယင္ အဲဒါပလိပ္အက်ိတ္လားလို့လဲ ေၾကာက္မိေသးတယ္။ မႏၲေလးၿမိဳ့မွာ ပထမေတာ့ ႏွစ္ႏွစ္၊ ေနာက္ေတာ့ တစ္ႏွစ္ျခားေလာက္ ျဖစ္တယ္၊ ေနာက္ေတာ့ ႏွစ္ႏွစ္ျခားေလာက္ျဖစ္ပါတယ္။ ကၽြန္မတို့ ကေလးအရြယ္တုန္းကေတာ့ ဘာမွမသိတတ္ေလေတာ့ ပလိပ္ေျပး ေျပးရတာကို ေပ်ာ္စရာႀကီးလို့ထင္မိတာေပါ့။

ေရွးလူႀကီးေတြက ပလိပ္ျဖစ္တာဟာ ေသြးရိုးသားရိုး ျဖစ္တာမထင္ဘူး။ နယ္ခ်ဲ႕သမားေတြ တမင္လုပ္တဲ့ကိစၥလို့ထင္တယ္ဆိုတာကို ကၽြန္မတို့ ေက်ာင္းေနတဲ့အရြယ္ေရာက္ေတာ့ ေရွးလူႀကီးေတြ ပညာမဲ့လို့သာ ဒီလိုထင္တာလို့ ေအာက္ေမ့မိတယ္။ ကၽြန္မတို့ ပညာသင္တဲ့ဆရာမ်ားကလဲ ဒီလိုပဲ ေဟာေျပာပို့ခ်တာကိုး။ အဲဒီေတာ့ ေရွးလူႀကီးေတြကို အထင္ေသးမိတာေပါ့။ ကၽြန္မတို့ႀကီးျပင္းလာတဲ့အခါက်ေတာ့ နိုင္ငံေရးပရိယာယ္ေတြကို သေဘာေပါက္သေလာက္ ေပါက္လာတဲ့အျပင္ ပိုးမႊားစစ္ဆင္ေရး သတင္းေတြကိုပါ သိေနၾကားေနရေတာ့ ေရွးလူႀကီးေတြကို အထင္မေသးခ်င္ေတာ့ဘူး။ ျမန္မာလူေနမွု ဘယ္ေလာက္ေအာက္တန္းက်က် ဒီ့အယင္က ပလိပ္ေရာဂါ မရွိခဲ့ဖူးပဲနဲ႔ ျဖဳန္းကနဲ ေရာက္လာၿပီး လူေတြ ႂကြက္ေသသလို တဖုတ္ဖုတ္ ေသၾကရေလေတာ့ ဒါဟာ ပေယာဂလို့ ထင္လဲ ထင္ေပမွာပဲ။ ေရွးလူႀကီးေတြရဲ့အေတြးအေခၚက မရိုင္းပါဘူး။


လူထုဒေါ်အမာ

မှတ်ချက်။ ။၁၉၈၆-ခုနှစ်၊ စက်တင်ဘာလထုတ် စန္ဒာရုပ်စုံမဂ္ဂဇင်း စာမျက်နှာ(၂၂ မှ ၂၆ ထိ)၌ ပါရှိသောဆောင်းပါး)

Credit -ရှမ်းရိုးမဝဘ်ဆိုဒ် - Aung Thet Oo

ဝါးခယ်မ - မင်းသန့်ကောင်း



ဝါးခယ်မ



မြစ်ကြောင်းကနေဝင်လာလိုက်တာနဲ့
တဖျပ်ဖျပ်လူးနေတဲ့လိုင်းကြက်ခွပ်တွေဟာ
ရာသီအလိုက်
ကော်ဖီရောင်ဖြစ်လိုက်
အပြာရောင်သဲ့သဲ့လေးဖြစ်လိုက်နဲ့
အဲ့ဒီကြားထဲအပေါ်ကရပ်ပြေးပြီး ကောင်းကင်ပြာပြာပေါ်က
တိမ်ဖြူဖြူ ကျိုးတိုးကျဲတဲတွေထဲမ
စင်ဟိုဟောင်းဆန်စက်မီးခိုးတွေလွင့်နေတာ
စမြင်ခဲ့ရဖူးတဲ့မြို့။
(ခုတော့ သင်္ခ ါ ရ တရားကြောင့်ပျက်စီးယိုယွင်းမီးခိုးတိတ်)

ရွေရောင်တဝင်းဝင်းနဲ့မြစ်ပြင်သင်ဖြူးခင်းလို့ မြို့အဝင်မာဖူးမဝနိုင်တဲ့
မြသိန်းတန်စေတီ တည်ထားကိုးကွယ်တဲ့မြို့။

နေ့ပြန်တိုး တွေနဲ့
အတိုးတောင်လိုပုံတော့မဝဲညိယာည
ယာပြန်ညိရင်း ဝေစားမျ စား
လျပ်စားဖြတ်စားတွေ များပြီး
သိမ်းပိုက်ကာ မတရားစားနေသူအချို့
ိနေပြီ ဖြစ်တဲ့မြို့။

သစ်လွင်ခြင်းအယောင်ဆောင်မုတွေကို
အဆောင်အယောင်ကင်းမဲ့စွာ
အဟောင်းပုံတွေထဲကပဲဆွဲထုတ်နေဆဲမြို့။

မွေးပြီးရင်းမွေးစေဖို့
(စာပေ နဲ့စပ်လျဉ်း လို့ပြောပါတယ်)
ဆရာမကြီး(ဒေါ်)ခင်နင်းယုရဲ့
အမတ်တရ "မွေး" ကျောက်စာတိုင်
ထာဝရ မယိုင်လဲ အမတ်ရ နေစေဖို့
မွေး နဲ့ အတွတ် ရဲ့ ဇာတိ ရွာအနီး သော်ကစေတီမ
ကဗျာရေးသူတွေနဲ့ငယ်ပေါင်းများ
အတွင်းသားထဲကရိသမျ အင်အားနဲ့
စိုက်ထူ ထားပြီးဖြစ်တဲ့ မြို့။

ခံတွင်းပျက်နေတဲ့ပိတုန်းများ
ဝတ်ရည်စုပ်တာခါးခါးလာတော့
အခြားကမ္ဘာမာသွားသွားပြီး
သကာတွေ့လိုတွေ့ငြားထွက်ရာနေကြတဲ့မြို့။

ဘယ်အပင်က ပွင့်ခဲ့တဲ့ပန်းလဲ
သော်က ပင်က ပွင့်တော့ သော်ကပန်းပေါ့
ပွင့်သောပန်းတိုင်း ထာဝရ မွေး စေချင်တဲ့မြို့။

နေညို ရင် လေပြို တတ်သူတွေလေ
ကမ်းစပ်သောင်ပြင် လမုပင်တန်းမ
အချစ်ခါးခါး ကိုအရက်ချိုချို တွေနဲ့မျောချ ခဲ့ရာမ
လမုပင်ရဲ့ ပွင့်သီးမု ကအမြည်းဖြစ်သွားတဲ့မြို့။

လက်နေးတဲ့ သူက ခိုးချင်တာလဲပြာလို့
ပြောပြီးအရိပ်ခိုအခက်ချိုးနဲ့ပုံမားရိုက်ပြီး
ဇာတိဖွားမဟုတ် တဲ့ သူရဲ့မနာလိုမရု စိမ့်မု ကို
တိုက်စားပေး စိန်ခေါ်မု ပြုလုပ်ရဲ တဲ့ မြို့။

အချို ပေါ်သကာလောင်းချခဲ့ပြီးမ ထပ်ထပ်ပြီး
ချို လာမာစိုးတထိတ်ထိတ်နဲ့အညီ ရိ ရာ ယင်အုံ မ
စိုး နေတဲ့ မြို့။

ငွေ များငွေ နိုင် တယ်ဆိုတော့ကာ
သေရာပါလောဘတွေအတွက်
ရေကုသိုလ်ရင် ကိုနားဆူစေတယ် ဆိုပြီး
ဆယ်ပါးသောမတောင်းပဲပြည့်တဲ့ ဆုတွေ
ပိတ်ပင်တားဆီးခံထားရတဲ့မြို့။

ကုသိုလ်တစ်ပဲ ငရဲ တစ်ပိာ ာ
ပစ် ရမာလဲ ဆီ နဲ့ တဝင်းဝင်း
စားရ မာလဲ သဲ နဲ့ တရပ် hရပ်
မစားရ ဝခမန်း တွေနဲ့
လေ လုံးတွေနဲ့ ပဲ မိုးအထိပျံ တက်စပြု နေတဲ့မြို့။

ပြီးတော့
ဖောင်စီးရင်းရေငတ်နေသူတွေလို
မြစ်နားချောင်းနားမာရေတစ်ထော်လာဂျီ
မြန်မာငွေခုနစ်ထောင်ပေးဝယ်သုံးနေရတဲ့မြို့။

ေးကထက် ဖောင်းကားစည်ပင်လာသလိုနဲ့
မာရေကျောရေ နိုင်လာတဲ့လမ်းတွေအပေါ်
ဟိုဟိုဒီဒီ စီးမျောနေတဲ့ခါချဉ်ကောင်မာန်ကြီးကြီးတွေ
အားမသန်သေးပဲခါးချည့်နေဆဲ မြို့။

သဘောၤ ဆိပ် ဟာ
တိတ်ဆိတ်နေလိုက်ပုံ များ
ကားဂိတ် တွေ ကို မနာလိုစိတ်နဲ့
စည်ကားခဲ့ပုံများကို
ပြတိုက်ထဲ သွားကြည့်ရတော့မယ့်မြို့။

နေဝင်ချိန်ညနေခင်းအလကို
တံတားပေါ်ကကြည့်ရင်
အုန်းလက်တွေကြားနေလုံးနီနီ ကြီး ငုပ်လျို းတိုးဝင်သွားတဲ့မြို့။

အစိမ်းရောင်ကုက္ကို ဥမင်လေး
သော်က စေတီဖူးမြော်ရန်သွားရာ လမ်း တစ်လျောက် ခုတ်ထစ်မု တွေ ကြားမ
ခုတ်ရာတစ်ခြား ရ ရာ တစ်ထစ်
ဖြစ်ခဲ့ဖူးတဲ့ သမိုင်းတရားခံရာမရတဲ့မြို့။

မြို့ဟာ ၁၁၁ နစ်သား ကျော်ကာမ
တဖြည်းဖြည်း မြို့ ဆန်လာသလောက်
တစ်ယောက်တစ်ပေါက်တွေ နဲ့မြို့ကြီးသား
မဆန်ကြသေးတဲ့မြို့။

စာမဖတ်သူ တွေများလာတာကတစ်ကြောင်း
မဂ္ဂဇင်းအမည်ခံကြော်ငြာစာအုပ်တွေ
များလာတာကတစ်ကြောင်း
ပျက်သုဉ်း သွားတဲ့ စာအုပ်အငားဆိုင်တွေအစား
သုတ ရသ စုံလင်စေပြီး
မျိုးဆက်သစ်တွေစာဖတ်ခြင်းအနုပညာ မာ စီးမျေ ာစေမယ့် ဦးနုစာကြည့်တိုက်နဲ့
ဖမ်းစားထားပြီ ဖြစ်တဲ့မြို့။

မြို့ က လူတွေကို လွမ်းခြုံ ထားသလောက်
လူတွေက မြို့ ကို ဖိဖိစီးစီး မလွမ်းခြုံ နိုင်သေး
မြို့ဟာမြို့လောက် ပဲ
သူ့ ဆန် နဲ့ တန် တဲ့ သူ့အိုးလောက်ပဲလပနေတဲ့မြို့။




ျမစ္ေၾကာင္းကေနဝင္လာလိုက္တာနဲ႕
တဖ်ပ္ဖ်ပ္လူးေနတဲ႕လွိဳင္းၾကက္ခြပ္ေတြဟာ
ရာသီအလိုက္
ေကာ္ဖီေရာင္ျဖစ္လိုက္
အျပာေရာင္သဲ႕သဲ႕ေလးျဖစ္လိုက္နဲ႕
အဲ႕ဒီၾကားထဲအေပၚကရွပ္ေျပးျပီး ေကာင္းကင္ျပာျပာေပၚက
တိမ္ျဖဴျဖဴ က်ိဳးတိုးက်ဲတဲေတြထဲမွာ
စင္ဟိုေဟာင္းဆန္စက္မီးခိုးေတြလြင့္ေနတာ
စျမင္ခဲ႕ရဖူးတဲ႕ျမိဳ႕။
(ခုေတာ့ သခၤ ါ ရ တရားေၾကာင့္ပ်က္စီးယိုယြင္းမီးခိုးတိတ္)

ေရႊေရာင္တဝင္းဝင္းနဲ႕ျမစ္ျပင္သင္ျဖဴးခင္းလို႕ ျမိဳ႕အဝင္မွာဖူးမဝနိုင္တဲ႕
ျမသိန္းတန္ေစတီ တည္ထားကိုးကြယ္တဲ႕ျမိဳ႕။

ေန႔ျပန္တိုး ေတြနဲ႕
အတိုးေတာင္လိုပံုေတာ့မွဝဲညိွယာညွိ
ယာျပန္ညွိရင္း ေဝစားမ်ွ စား
လ်ွပ္စားျဖတ္စားေတြ မ်ားၿပီး
သိမ္းပိုက္ကာ မတရားစားေနသူအခ်ိဳ႕
ရွိေနၿပီ ျဖစ္တဲ႕ျမိဳ႕။

သစ္လြင္ျခင္းအေယာင္ေဆာင္မွဳေတြကို
အေဆာင္အေယာင္ကင္းမဲ႕စြာ
အေဟာင္းပံုေတြထဲကပဲဆြဲထုတ္ေနဆဲၿမိဳ႕။

ေမႊးျပီးရင္းေမႊးေစဖို႕
(စာေပ နဲ႕စပ္လ်ဉ္း လို႔ေျပာပါတယ္)
ဆရာမႀကီး(ေဒၚ)ခင္ႏွင္းယုရဲ႕
အမွတ္တရ "ေမႊး" ေက်ာက္စာတိုင္
ထာဝရ မယိုင္လဲ အမွတ္ရ ေနေစဖို႕
ေမႊး နဲ႕ အတြတ္ ရဲ႕ ဇာတိ ရြာအနီး ေသာ္ကေစတီမွာ
ကဗ်ာေရးသူေတြနဲ႕ငယ္ေပါင္းမ်ား
အတြင္းသားထဲကရွိသမ်ွ အင္အားနဲ႕
စိုက္ထူ ထားၿပီးျဖစ္တဲ႕ ျမိဳ႕။

ခံတြင္းပ်က္ေနတဲ႕ပိတုန္းမ်ား
ဝတ္ရည္စုပ္တာခါးခါးလာေတာ့
အျခားကမ႓ာမွာသြားသြားၿပီး
သကာေတြ႕လိုေတြ႕ျငားထြက္ရွာေနၾကတဲ႕ျမိဳ႕။

ဘယ္အပင္က ပြင့္ခဲ႕တဲ႕ပန္းလဲ
ေသာ္က ပင္က ပြင့္ေတာ့ ေသာ္ကပန္းေပါ့
ပြင့္ေသာပန္းတိုင္း ထာဝရ ေမႊး ေစခ်င္တဲ႕ျမိဳ႕။

ေနညိဳ ရင္ ေလျပိဳ တတ္သူေတြေလ
ကမ္းစပ္ေသာင္ျပင္ လမုပင္တန္းမွာ
အခ်စ္ခါးခါး ကိုအရက္ခ်ိဳခ်ိဳ ေတြနဲ႕ေမ်ွာခ် ခဲ႕ရာမွ
လမုပင္ရဲ႕ ပြင့္သီးမွဳ ကအျမည္းျဖစ္သြားတဲ႕ျမိဳ႕။

လက္ေႏွးတဲ႕ သူက ခိုးခ်င္တာလဲျပာလို႕
ေျပာျပီးအရိပ္ခိုအခက္ခ်ိဳးနဲ႕ပံုမွားရိုက္ၿပီး
ဇာတိဖြားမဟုတ္ တဲ႕ သူရဲ႕မနာလိုမရွဳ စိမ္႕မွဳ ကို
တိုက္စားေပး စိန္ေခၚမွဳ ျပဳလုပ္ရဲ တဲ႕ ျမိဳ႕။

အခ်ိဳ ေပၚသကာေလာင္းခ်ခဲ႕ၿပီးမွ ထပ္ထပ္ၿပီး
ခ်ိဳ လာမွာစိုးတထိတ္ထိတ္နဲ႕အညွီ ရွိ ရာ ယင္အံု မွာ
စိုး ေနတဲ႕ ျမိဳ႕။

ေငြ မ်ားေငြ ႏိုင္ တယ္ဆိုေတာ့ကာ
ေသရာပါေလာဘေတြအတြက္
ေရကုသိုလ္ရွင္ ကိုနားဆူေစတယ္ ဆိုၿပီး
ဆယ္ပါးေသာမေတာင္းပဲျပည့္တဲ႕ ဆုေတြ
ပိတ္ပင္တားဆီးခံထားရတဲ႕ျမိဳ႕။

ကုသိုလ္တစ္ပဲ ငရဲ တစ္ပိႆာ ာ
ပစ္ ရမွာလဲ ဆီ နဲ႕ တဝင္းဝင္း
စားရ မွာလဲ သဲ နဲ႕ တရွပ္ hရွပ္
မစားရ ဝခမန္း ေတြနဲ႕
ေလ လံုးေတြနဲ႕ ပဲ မိုးအထိပ်ံ တက္စျပဳ ေနတဲ႕ျမိဳ႕။

ၿပီးေတာ့
ေဖာင္စီးရင္းေရငတ္ေနသူေတြလို
ျမစ္နားေခ်ာင္းနားမွာေရတစ္ေထာ္လာဂ်ီ
ျမန္မာေငြခုနစ္ေထာင္ေပးဝယ္သံုးေနရတဲ႕ျမိဳ႕။

ေရွးကထက္ ေဖာင္းကားစည္ပင္လာသလိုနဲ႕
မာေရေက်ာေရ ႏိုင္လာတဲ႕လမ္းေတြအေပၚ
ဟိုဟိုဒီဒီ စီးေမ်ာေနတဲ႕ခါခ်ဉ္ေကာင္မာန္ႀကီးႀကီးေတြ
အားမသန္ေသးပဲခါးခ်ည့္ေနဆဲ ျမိဳ႕။

သေဘာၤ ဆိပ္ ဟာ
တိတ္ဆိတ္ေနလိုက္ပံု မ်ား
ကားဂိတ္ ေတြ ကို မနာလိုစိတ္နဲ႕
စည္ကားခဲ႕ပံုမ်ားကို
ျပတိုက္ထဲ သြားၾကည့္ရေတာ့မယ့္ျမိဳ႕။

ေနဝင္ခ်ိန္ညေနခင္းအလွကို
တံတားေပၚကၾကည့္ရင္
အုန္းလက္ေတြၾကားေနလံုးနီနီ ႀကီး ငုပ္လ်ွိဳ းတိုးဝင္သြားတဲ႕ျမိဳ႕။

အစိမ္းေရာင္ကုကၠိဳ ဥမင္ေလး
ေသာ္က ေစတီဖူးေျမာ္ရန္သြားရာ လမ္း တစ္ေလွ်ာက္ ခုတ္ထစ္မွဳ ေတြ ၾကားမွာ
ခုတ္ရာတစ္ျခား ရွ ရာ တစ္ထစ္
ျဖစ္ခဲ႕ဖူးတဲ႕ သမိုင္းတရားခံရွာမရတဲ႕ျမိဳ႕။

ျမိဳ ႕ဟာ ၁၁၁ ႏွစ္သား ေက်ာ္ကာမွ
တျဖည္းျဖည္း ျမိဳ႕ ဆန္လာသေလာက္
တစ္ေယာက္တစ္ေပါက္ေတြ နဲ႕ၿမိဳ႕ႀကီးသား
မဆန္ၾကေသးတဲ႕ျမိဳ႕။

စာမဖတ္သူ ေတြမ်ားလာတာကတစ္ေၾကာင္း
မဂၢဇင္းအမည္ခံေၾကာ္ျငာစာအုပ္ေတြ
မ်ားလာတာကတစ္ေၾကာင္း
ပ်က္သုဉ္း သြားတဲ႕ စာအုပ္အငွားဆိုင္ေတြအစား
သုတ ရသ စံုလင္ေစၿပီး
မ်ိဳးဆက္သစ္ေတြစာဖတ္ျခင္းအနုပညာ မွာ စီးေမ် ာေစမယ့္ ဦးနုစာၾကည့္တိုက္နဲ႕
ဖမ္းစားထားၿပီ ျဖစ္တဲ႕ၿမိဳ႕။

ျမိဳ႕ က လူေတြကို လႊမ္းျခံဳ ထားသေလာက္
လူေတြက ျမိဳ႕ ကို ဖိဖိစီးစီး မလႊမ္းျခံဳ နိုင္ေသး
ျမိဳ႕ဟာျမိဳ ႔ေလာက္ ပဲ
သူ႕ ဆန္ နဲ႕ တန္ တဲ႕ သူ႕အိုးေလာက္ပဲလွပေနတဲ႕ၿမိဳ႕။

မင္းသန္႕ေကာင္း
မင်းသန့်ကောင်း

၁၀ - ၃ -၂၀၁၇