Sunday, January 16, 2022

ကျောင်းကြီးဆီက အတိတ်ပုံရိပ်များ - ဦးအေးစိုး၀င်း ( ေက်ာင္းႀကီးဆီက အတိတ္ပုံရိပ္မ်ား - ဦးေအးစိုး၀င္း )

 



"ငါတက်ချင်တဲ့ ကျောင်းကြီးတက်ခွင့်ရပြီ ပျော်လိုက်တာ"

မေမေ ကျောင်းဝန်းတံခါးမှာ ကျနော့်ကိုထားခဲ့ပြီး လှည့်ပြန်သွားသည်။

မိခင်ကျောင်းတော်က မားမတ်စွာ။

မေမေက မိခင်သို့ အပ်ခဲ့သည့်ပမာ။

ပုခုံးထက်မှ ချည်လွယ်အိတ်ကို လက်ဖြင့်တင်းတင်းဆုပ်ရင်း ကျောင်းကြီးထဲသို့ အထက်တန်းကျောင်းသားအဖြစ် ဝင့်ကြွား ကြောက်ရွံ့စွာဝင်ခဲ့တော့သည်။

ငါ ကျောင်းကြီးကျောင်းသား...။

"ငါတက္ခ်င္တဲ့ ေက်ာင္းႀကီးတက္ခြင့္ရၿပီ ေပ်ာ္လိုက္တာ"

ေမေမ ေက်ာင္းဝန္းတံခါးမွာ က်ေနာ့္ကိုထားခဲ့ၿပီး လွည့္ျပန္သြားသည္။

မိခင္ေက်ာင္းေတာ္က မားမတ္စြာ။

ေမေမက မိခင္သို႔ အပ္ခဲ့သည့္ပမာ။

ပုခုံးထက္မွ ခ်ည္လြယ္အိတ္ကို လက္ျဖင့္တင္းတင္းဆုပ္ရင္း ေက်ာင္းႀကီးထဲသို႔ အထက္တန္းေက်ာင္းသားအျဖစ္ ဝင့္ႂကြား ေၾကာက္႐ြံ႕စြာဝင္ခဲ့ေတာ့သည္။

ငါ ေက်ာင္းႀကီးေက်ာင္းသား...။

 ကျောင်းသားတွေအများကြီး။အားလုံးလိုလိုလုံချည်အသစ်၊အင်္ကျီအသစ်၊လွယ်အိတ်အသစ်။အပြုံးအသစ်။ပျားပန်းခတ်မျှ။

"ငါးတန်းတွေက အနောက် အုတ်ကြွတ်မိုး နှစ်ထပ်ဆောင်မှာ"

ဆရာတစ်ဦးက ရှပ်ဖြူကို လက်မောင်းထိခေါက်၍ လက်ကောက်ဝတ်တွင် ပုတီးကုံးအတိုလေးဝတ်လျက် ခေါင်းလေး‌စောင်းကာ အော်ပြောနေသည်။နောက် အတန်းဝင်မှ သိရသည် လေးစားရသည့် ဆရာဦးစိန်ရှန်။

အောက်ထပ်မှာ ကိုယ့်နာမည်မပါ။အပေါ်ထပ်မှာမှ လှေကားထိပ် ပဉ္စမတန်း(D)။ ဆရာမဒေါ်မူမူက ကျနော့်နာမည်ကိုမေး၍ နေရာပေးလေပြီ။အတော်စုံနေကြပြီ။

အားလုံး သစ်လွင်တောက်ပစွာ။မျက်နှာအသစ်များ၊ သင်ကြားမှုအသစ်များ၊အတွေ့အကြုံအသစ်များ။

နေ့ခင်းမုန့်စားကျောင်းဆင်းချိန် ကျနော်မုန့်မစားဖြစ်။

ကျောင်းကြီးကို လှည့်ကြည့်ချင်သည်။‌



ေက်ာင္းသားေတြအမ်ားႀကီး။အားလုံးလိုလိုလုံခ်ည္အသစ္၊အက်ႌအသစ္၊လြယ္အိတ္အသစ္။အၿပဳံးအသစ္။ပ်ားပန္းခတ္မွ်။

"ငါးတန္းေတြက အေနာက္ အုတ္ႂကြတ္မိုး ႏွစ္ထပ္ေဆာင္မွာ"

ဆရာတစ္ဦးက ရွပ္ျဖဴကို လက္ေမာင္းထိေခါက္၍ လက္ေကာက္ဝတ္တြင္ ပုတီးကုံးအတိုေလးဝတ္လ်က္ ေခါင္းေလး‌ေစာင္းကာ ေအာ္ေျပာေနသည္။ေနာက္ အတန္းဝင္မွ သိရသည္ ေလးစားရသည့္ ဆရာဦးစိန္ရွန္။

ေအာက္ထပ္မွာ ကိုယ့္နာမည္မပါ။အေပၚထပ္မွာမွ ေလွကားထိပ္ ပၪၥမတန္း(D)။ ဆရာမေဒၚမူမူက က်ေနာ့္နာမည္ကိုေမး၍ ေနရာေပးေလၿပီ။အေတာ္စုံေနၾကၿပီ။

အားလုံး သစ္လြင္ေတာက္ပစြာ။မ်က္ႏွာအသစ္မ်ား၊ သင္ၾကားမႈအသစ္မ်ား၊အေတြ႕အႀကဳံအသစ္မ်ား။

ေန႔ခင္းမုန႔္စားေက်ာင္းဆင္းခ်ိန္ က်ေနာ္မုန႔္မစားျဖစ္။

ေက်ာင္းႀကီးကို လွည့္ၾကည့္ခ်င္သည္။‌

 အရင်ဆုံး ရှေ့နှစ်ထပ်E ပုံကျောင်းဆောင်၏ အလယ်တောင်ပံနောက်ဖက်အ‌ပေါက်မှ မှန်နှစ်ရွက်ဖွင့်တံခါးလေးကို အသာတွန်းဝင်သွားရာ စုဝေးခန်းမကျယ်သို့ ရောက်လေပြီ။ကောင်းလိုက်တာ။

စင်မြင့်၏တိုင်ဖုံးနှင့် နဖူးစည်းတို့ကို အစိမ်းရင့်ရောင်ခြယ်ထား၍ နဖူးစီးထိပ်တွင် အဖြူရောင် အနက်ရှိတ်ဖြင့် "နိုင်ငံတော်တန်းမြင့်ကျောင်း"ဟု လှပခန့်ညားသည့်စာလုံးဖြင့် ရေးထားလေသည်။ နဖူးစည်း၏အောက်ထောင့်တွင်မူ လက်ရေးသေးသေးဖြင့် ကိုရီ ဟုကဗျည်းတင်ထားလေသည်။ ပန်းချီဆရာဦးကိုရီ၏ လက်ရာပင်။သဘောကျ။

အရင္ဆုံး ေရွ႕ႏွစ္ထပ္E ပုံေက်ာင္းေဆာင္၏ အလယ္ေတာင္ပံေနာက္ဖက္အ‌ေပါက္မွ မွန္ႏွစ္႐ြက္ဖြင့္တံခါးေလးကို အသာတြန္းဝင္သြားရာ စုေဝးခန္းမက်ယ္သို႔ ေရာက္ေလၿပီ။ေကာင္းလိုက္တာ။

စင္ျမင့္၏တိုင္ဖုံးႏွင့္ နဖူးစည္းတို႔ကို အစိမ္းရင့္ေရာင္ျခယ္ထား၍ နဖူးစီးထိပ္တြင္ အျဖဴေရာင္ အနက္ရွိတ္ျဖင့္ "ႏိုင္ငံေတာ္တန္းျမင့္ေက်ာင္း"ဟု လွပခန႔္ညားသည့္စာလုံးျဖင့္ ေရးထားေလသည္။ နဖူးစည္း၏ေအာက္ေထာင့္တြင္မူ လက္ေရးေသးေသးျဖင့္ ကိုရီ ဟုကဗ်ည္းတင္ထားေလသည္။ ပန္းခ်ီဆရာဦးကိုရီ၏ လက္ရာပင္။သေဘာက်။



 ထိုမှ အပေါ်ထပ်သို့ လှေကားတစ်ဆစ်ချိုးမှ မရဲတရဲတက်ခဲ့ရာ အပေါ်ထပ်ညာဖက်မှ ကြည်လင်ပြတ်သား၍ ဩဇာနှင့်ပြည့်စုံသော အသံတစ်သံကြားရသည်။

"ဟဲ့ စိုးမောင် နင့်ကို မနက်က မတွေ့ပါလား" အသားဖြူဖြူ၊အရပ်ရှည်ရှည်၊လူရည်သန့်ပြန့်၊ပညာတတ်အမျိုးသမီးကြီးကို ရုံးခန်းရှေ့ လူသွားစင်္ကြန်မှာတွေ့ရလေသည်။သူမ၏ရှေ့တွင်မူ ရိုသေစွာ လက်ပိုက်လျက် ရယ်ကျဲကျဲရပ် နေသည့် သူ့တပည့်ဖြစ်ခဲ့ဖူးသည့် ဆရာငယ်တစ်ဦးနှင့်အတူ တွေ့ရသည်။

ဆရာမကြီး ဒေါ်ပိုက်မိ ဆိုတာပဲ။ ငါ့ဖေဖေတို့ခေတ်ကတည်းက ဆရာမကြီးပဲ။ ဟိုဆရာ‌က ငါတို့ကို မြန်မာစာသင်တဲ့ဆရာပဲ။ ဆူနေပြီ။ပြန်ဆင်းမှ။

ဒီနေ့အဖို့ ကျောင်းကြီးလေ့လာရေး ကျေနပ်ပြီ။

(မှတ်ချက်။ ။"ကျောင်းကြီး"ဆိုသည်မှာ ယခင် ဝါးခယ်မမြို့ပေါ်တွင် အထက တစ်ကျောင်းထဲရှိစဉ်က မြို့သူမြို့သားများ၏ ယခု အထက(၁)ဝါးခယ်မ ကိုခေါ်ဝေါ်ခြင်းဖြစ်ပါသည်။)

ထိုမွ အေပၚထပ္သို႔ ေလွကားတစ္ဆစ္ခ်ိဳးမွ မရဲတရဲတက္ခဲ့ရာ အေပၚထပ္ညာဖက္မွ ၾကည္လင္ျပတ္သား၍ ဩဇာႏွင့္ျပည့္စုံေသာ အသံတစ္သံၾကားရသည္။

"ဟဲ့ စိုးေမာင္ နင့္ကို မနက္က မေတြ႕ပါလား" အသားျဖဴျဖဴ၊အရပ္ရွည္ရွည္၊လူရည္သန႔္ျပန႔္၊ပညာတတ္အမ်ိဳးသမီးႀကီးကို ႐ုံးခန္းေရွ႕ လူသြားစၾကၤန္မွာေတြ႕ရေလသည္။သူမ၏ေရွ႕တြင္မူ ႐ိုေသစြာ လက္ပိုက္လ်က္ ရယ္က်ဲက်ဲရပ္ ေနသည့္ သူ႔တပည့္ျဖစ္ခဲ့ဖူးသည့္ ဆရာငယ္တစ္ဦးႏွင့္အတူ ေတြ႕ရသည္။

ဆရာမႀကီး ေဒၚပိုက္မိ ဆိုတာပဲ။ ငါ့ေဖေဖတို႔ေခတ္ကတည္းက ဆရာမႀကီးပဲ။ ဟိုဆရာ‌က ငါတို႔ကို ျမန္မာစာသင္တဲ့ဆရာပဲ။ ဆူေနၿပီ။ျပန္ဆင္းမွ။

ဒီေန႔အဖို႔ ေက်ာင္းႀကီးေလ့လာေရး ေက်နပ္ၿပီ။

(မွတ္ခ်က္။ ။"ေက်ာင္းႀကီး"ဆိုသည္မွာ ယခင္ ဝါးခယ္မၿမိဳ႕ေပၚတြင္ အထက တစ္ေက်ာင္းထဲရွိစဥ္က ၿမိဳ႕သူၿမိဳ႕သားမ်ား၏ ယခု အထက(၁)ဝါးခယ္မ ကိုေခၚေဝၚျခင္းျဖစ္ပါသည္။)

နောက်တစ်နေ. နေ့ခင်းမုန့်စားကျောင်းဆင်းသည်နှင့် ကျောင်းကြီးရောက်မှ ကိုင်ခွင့်ရသည့် ကွန်ပါဘူးအသစ်လေးထဲမှ မေမေပေးလိုက်သည့် ပိုက်ဆံ တစ်မတ်ကိုယူ၍ အခြားကျောင်းသားများနည်းတူ မုန့်စားရန် လှေကားမှတိုးဝှေ့ဆင်းခဲ့သည်။

တစ်ချို့က ခဏဆင်းသည်ကို လွယ်အိတ်နှင့်မို့ နားမလည်။နောက်မှ ကျောင်းနှင့်အိမ် နီးသူများ ထမင်းပြန်စားကြသည်ဟု သိရသည်။ကျနော်တို့ မနက်ထဲက စားလာသူများသာ မုန့်စားတန်းရှာရလေသည်။

ထိုသူတို့နှင့်ရော၍ လိုက်ခဲ့ရာ ကျောင်းအပြင်ဘက်လမ်းတွင် မုန့်ဆိုင်တစ်ခုနှစ်ခုနှင့် ကျန်မုန့်သည်များက ထင်းရူးပုံးလေးပေါ်တင်လျက် ရောင်းချနေသည်ကို‌တွေ့ရလေသည်။



 ေနာက္တစ္ေန. ေန႔ခင္းမုန႔္စားေက်ာင္းဆင္းသည္ႏွင့္ ေက်ာင္းႀကီးေရာက္မွ ကိုင္ခြင့္ရသည့္ ကြန္ပါဘူးအသစ္ေလးထဲမွ ေမေမေပးလိုက္သည့္ ပိုက္ဆံ တစ္မတ္ကိုယူ၍ အျခားေက်ာင္းသားမ်ားနည္းတူ မုန႔္စားရန္ ေလွကားမွတိုးေဝွ႔ဆင္းခဲ့သည္။

တစ္ခ်ိဳ႕က ခဏဆင္းသည္ကို လြယ္အိတ္ႏွင့္မို႔ နားမလည္။ေနာက္မွ ေက်ာင္းႏွင့္အိမ္ နီးသူမ်ား ထမင္းျပန္စားၾကသည္ဟု သိရသည္။က်ေနာ္တို႔ မနက္ထဲက စားလာသူမ်ားသာ မုန႔္စားတန္းရွာရေလသည္။

ထိုသူတို႔ႏွင့္ေရာ၍ လိုက္ခဲ့ရာ ေက်ာင္းအျပင္ဘက္လမ္းတြင္ မုန႔္ဆိုင္တစ္ခုႏွစ္ခုႏွင့္ က်န္မုန႔္သည္မ်ားက ထင္း႐ူးပုံးေလးေပၚတင္လ်က္ ေရာင္းခ်ေနသည္ကို‌ေတြ႕ရေလသည္။

မဝယ်ရဲသေး။ခဏ အကဲခတ်ပြီးမှ။

မူလတန်းတုန်းက မုန့်ကျွဲသဲ၊ကောက်ညှင်းပေါင်း၊မုန့်ဖက်ထုတ်၊ကောက်ညှင်းထုတ်၊မုန့်လုံးကြီးအုန်းနို့ဆမ်း၊ကြံ စသည့်အသည်များတွေ့ရသလို ဆိုင်ငယ်လေးများတွင်မူ ဇီးငံစေ့၊မရမ်းပြား၊သရက်ပြား၊သကြားလုံး၊ကပ်စေးနဲဒုတ်ထိုး၊ပဲနီလေးထုတ် စသည်တို့ကို ချိတ်ဆွဲလျက် ခင်းကျင်းထားသည်ကိုတွေ့ရလေသည်။

ကျနော် ခပ်လှမ်းလှမ်း လမ်းတစ်ဖက်တွင်ရောင်းနေသည့် မုန့်လုံးကြီးအုန်းနို့ဆမ်း ဆယ်ပြားဖိုးဝယ်လိုက်သည်။မုန့်သည်က ဗာဒံရွက်တွင်ထဲ့ပေးလိုက်သည်။ပြန်အမ်းငွေ ဆယ့်ငါးပြားကိုယူ၍ ဗာဒံရွက်ကို လေးဘက်ခေါက်၍ယူလာရသည်။ဘယ်မှာစားရမည် မသိသေး။

မူလတန်းတုန်းကလို ဈေးသည်၏မုန့်ဗန်းပါတ်လည်တွင် ထိုင်စားနေကြသည်ကို မတွေ့ရ။မြို့ကျောင်းက တစ်မျိုး။

 မဝယ္ရဲေသး။ခဏ အကဲခတ္ၿပီးမွ။

မူလတန္းတုန္းက မုန႔္ကြၽဲသဲ၊ေကာက္ညႇင္းေပါင္း၊မုန႔္ဖက္ထုတ္၊ေကာက္ညႇင္းထုတ္၊မုန႔္လုံးႀကီးအုန္းႏို႔ဆမ္း၊ႀကံ စသည့္အသည္မ်ားေတြ႕ရသလို ဆိုင္ငယ္ေလးမ်ားတြင္မူ ဇီးငံေစ့၊မရမ္းျပား၊သရက္ျပား၊သၾကားလုံး၊ကပ္ေစးနဲဒုတ္ထိုး၊ပဲနီေလးထုတ္ စသည္တို႔ကို ခ်ိတ္ဆြဲလ်က္ ခင္းက်င္းထားသည္ကိုေတြ႕ရေလသည္။

က်ေနာ္ ခပ္လွမ္းလွမ္း လမ္းတစ္ဖက္တြင္ေရာင္းေနသည့္ မုန႔္လုံးႀကီးအုန္းႏို႔ဆမ္း ဆယ္ျပားဖိုးဝယ္လိုက္သည္။မုန႔္သည္က ဗာဒံ႐ြက္တြင္ထဲ့ေပးလိုက္သည္။ျပန္အမ္းေငြ ဆယ့္ငါးျပားကိုယူ၍ ဗာဒံ႐ြက္ကို ေလးဘက္ေခါက္၍ယူလာရသည္။ဘယ္မွာစားရမည္ မသိေသး။

မူလတန္းတုန္းကလို ေဈးသည္၏မုန႔္ဗန္းပါတ္လည္တြင္ ထိုင္စားေနၾကသည္ကို မေတြ႕ရ။ၿမိဳ႕ေက်ာင္းက တစ္မ်ိဳး။



မုန့်ထုတ်ကိုယူ၍ အားကစားရုံ(ယခု ဒေါ်ပိုက်မိခန်းမ)သို့ ဝင်လိုက်သည်နှင့် ကျနော်နှင့်ဘဝတူများကို တွေ့ရလေပြီ။

အားကစားရုံ၏အတွင်းပါတ်လည် နံရံနှင့်တွဲလျက် ထိုင်ခုံတန်းလေးများပေါ်တွင် ထိုင်စားရင်း ကျောင်းသားများကိုကြည့်လိုက် စားလိုက် ကစားနေသူများကို ရယ်လိုက်နှင့် အပန်းဖြေရသည်။

ဆယ်တန်းအောင်သည်အထိ အားကစားရုံသည် ကျနော့် စားရိပ်သာ၊အပန်းဖြေရိပ်သာ သာလျင်ဖြစ်တော့သည်။

ကျောင်းတက်ခေါင်းလောင်း ပြန်ထိုးခါနီးမှ ပြန်ခဲ့လေသည်။

 မုန႔္ထုတ္ကိုယူ၍ အားကစား႐ုံ(ယခု ေဒၚပိုက္မိခန္းမ)သို႔ ဝင္လိုက္သည္ႏွင့္ က်ေနာ္ႏွင့္ဘဝတူမ်ားကို ေတြ႕ရေလၿပီ။

အားကစား႐ုံ၏အတြင္းပါတ္လည္ နံရံႏွင့္တြဲလ်က္ ထိုင္ခုံတန္းေလးမ်ားေပၚတြင္ ထိုင္စားရင္း ေက်ာင္းသားမ်ားကိုၾကည့္လိုက္ စားလိုက္ ကစားေနသူမ်ားကို ရယ္လိုက္ႏွင့္ အပန္းေျဖရသည္။

ဆယ္တန္းေအာင္သည္အထိ အားကစား႐ုံသည္ က်ေနာ့္ စားရိပ္သာ၊အပန္းေျဖရိပ္သာ သာလ်င္ျဖစ္ေတာ့သည္။

ေက်ာင္းတက္ေခါင္းေလာင္း ျပန္ထိုးခါနီးမွ ျပန္ခဲ့ေလသည္။



အပြန်လမ်းတွင် အောက်ထပ် ဓါတုဗေဒ လက်တွေ့ခန်းနှင့် စက်မှုလက်မှု ခန်း၊အပေါ်ထပ်တွင်မူ စာကြည့်တိုက်တို့ကို ဖြတ်လမ်းမှသာ ငေးကြည့်ခဲ့ရသည်။

‌တစ်နေ့နေ့တော့ ဒီအခန်းတွေမှာ လေ့လာခွင့်၊သင်ယူခွင့် ရဦးမည်ဟု တွေးလျက်နှင့် ပျော်နေမိပါတော့သည်။

 အျပန္လမ္းတြင္ ေအာက္ထပ္ ဓါတုေဗဒ လက္ေတြ႕ခန္းႏွင့္ စက္မႈလက္မႈ ခန္း၊အေပၚထပ္တြင္မူ စာၾကည့္တိုက္တို႔ကို ျဖတ္လမ္းမွသာ ေငးၾကည့္ခဲ့ရသည္။

‌တစ္ေန႔ေန႔ေတာ့ ဒီအခန္းေတြမွာ ေလ့လာခြင့္၊သင္ယူခြင့္ ရဦးမည္ဟု ေတြးလ်က္ႏွင့္ ေပ်ာ္ေနမိပါေတာ့သည္။

 ( ရနိုင်သမျှ ပုံအဟောင်းများသာအသုံးပြုထားပါသည် )

ချစ်ခြင်းဖြင့်

ဦးအေးစိုးဝင်းဘော်ဒါ၂၀၂၁