Friday, January 24, 2014

လင်းဇာနည်ဇော် ကားမတော်တဆမှု နှင်. လက်ရှိအခြေအနေ




ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ ရဲစခန်းအပိုင်၊ ရန်ကုန်-မန္တလေး(လမ်းဟောင်း) မိုင်တိုင်အမှတ် ၆၆/၁ နှင့်၂ အကြား ၀မ်းဘဲအင်းကျေးရွာ အနီးတွင် (၁၉.၁.၂၀၁၄)နေ့ ညနေ(၄း၃၀)အချိန်ခန့်က ယာဉ်တိုက်မှု တစ်ခုဖြစ်ပွား ခဲ့သည်။

ပဲခူးမြို့ နယ် ဗိုလ်တဲလေးကျေးရွာ ဘက်ကနေ ဦးရယ် မောင်းနှင်လာတဲ့ ယာဉ်အမှတ်- ၁ဂ/xxxx၊ဟိုင်းလတ် (SURF )၊အစိမ်း /ဖြူကျားယာဉ်သည် ၀မ်းဘဲအင်းကျေးရွာ အထွက်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်မှာလည်ထွက်သွားပြီး တစ်ဘက်ယာဉ်ကြော မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် တို့ စီးလာသည့် ကားနှင့် တိုက်မိခြင်းဖြစ်သည်။

အဆိုပါ ယာဉ်မှ ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် ၊ ဒေါ်စိန် နှင့် ယာဉ်မောင်းတဦးတို့ လိုက်ပါလာသည့် ယာဉ်အမှတ် ၄င/xxx၊ လန်ခရူဇာ၊ အစိမ်းရောင်ယာဉ်အား ၀င်တိုက်မိရာ ယာဉ်(၂)စီးလုံးမှာ လွှင့်စင်တိမ်း မှောက်သွား ခဲ့ကြောင်း သိရပါသည်။

ယာဉ်တိုက်မှုကြောင့် ၁ဂ/xxx၊ ဟိုင်းလတ် SURF အစိမ်း/ဖြူနီကျား ယာဉ်ပေါ်ပါ အမျိုးသား(၅)ဦးမှာ(မစိုးရိမ်ရ)ဖြင့်ဒဏ်ရာများ ရရှိခဲ့ပြီး၊ ယာဉ်အမှတ်- ၄ဂ/xxx ပေါ်ပါ ဒေါ်စိန်သည်အခင်းဖြစ် နေရာတွင်ပွဲ ချင်းပြီး သေဆုံးခဲ့ပါသည်။ 

ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော်မှာ ယာပခုံး ဖူးရောင်နာကျင်၊ ခါးဆစ်ရိုးဖူးရောင်နာကျင်၊ အောက်
နှုတ်ခမ်းဒဏ်ရာရခဲ့ပြီး ယာဉ်မောင်းလည်း ဒဏ်ရာများ ရခဲ.ပါသည်း။


ယာဉ်အမှတ်-၁ဂ/xxx ဟိုင်းလတ်SURF ယာဉ်မောင်းဦးရယ် မှာလည်း ၀ဲဘက်ဂျိုစောင်းပေါက်ပြဲ၊ နား/နှာခေါင်းသွေးထွက် ဒဏ်ရာများ ရရှိသွားပြီး အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသနေရကြောင်းနှင့် ယာဉ်မောင်းဦးရယ်အား ယာဉ်(ပ) ၂/၂၀၁၄၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄က/၃၃၇ /၃၃၈အရ ဘုရားကြီး နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း စုံစမ်းသိရှိရပါသည်။



ထိုနေ. ညပိုင်းက ပေါ်ပြူလာ ဂျာနယ်မှ သူမ၏အကို ဒါရိုက်တာ မိုက်တီးထံ ဆက်သွယ်ခဲ့ရာ
“ကျွန်တော်
အခုရောက်တော့မယ် သူ့ ကောင်မလေးတော့ ဆုံးသွားရှာတယ် သေဆုံးသူ အတွက်အားလုံး စိတ်မကောင်းဖြစ်နေကြ ရပါတယ်၊ လင်းလင်း ကတော့ အသက် အန္တရာယ် မရှိတော့ ပါဘူး မနက်မှ ရန်ကုန်ဆေးရုံ ရွှေ့ပါမယ် "
ဟု ပြန်လည်ဖြေကြားခဲ့ပြီး ၂၀ ရက်နေ.တွင် ရန်ကုန် SSC ဆေးရုံသို. ရွှေ.ပြောင်းခဲ့ကြောင်း သိရပါသည် ။



ယခုလက်ရှိအခြေအနေနှင်. ပတ်သက်၍ အစ်မဖြစ်သူ မချစ်ချစ်ဇော်က ဇန်နဝါရီ ၂ဝ ရက်နေ့တွင် ပြောပြခဲ့ရာ .... ”အခု သူ့အခြေအနေက ခါးပိုင်းထိမှာပဲ စိုးရိမ်ရတယ်။ ဆရာဝန် ဒေါက်တာ ဦးဇော်ဝေစိုးက နေပြည်တော်ကနေ ပြန်လာမှာ ဆိုတော့ တိတိကျကျ မသိသေးဘူး။ စကားလည်း ပြောနိုင်တယ်။ ကားတိုက်တုန်းက ကိစ္စတွေ သူအကုန် ပြန်ပြောပြတယ် ၊ ”သူတို့ ကားကို ဝင်မတိုက်ခင် အဲဒီကားက လမ်းလယ်မှာ ပတ်ချာလည်ပြီး မှ ဝင်တိုက်ခဲ့တယ်။ ရှောင်စရာ မရှိလို့ ကားကို ရပ်ပစ်လိုက်တယ်။ မဟုတ်ရင် အကြီးအကျယ်ကို ဖြစ်သွားမှာ။ ဟိုဘက်က ကားဒရိုင်ဘာလည်း တအား မူးနေတယ် ဆိုတာပဲ သိတယ် ၊ ကားရိုက်နားရက်မို့ အသိ အလှူသွားရင်း အပြန်လမ်းမှာ ဖြစ်တာပါ ၊ ဒီကိစ္စ မေမေ့ကို ပေးမသိဘူး။ ဖေဖေကတော့ အယ်လ်ဇိုင်းမား ခံစားနေရတာ ဆိုတော့ သူဘာမှ မသိဘူး။ ထူးခြားတာက ညမှာတုန်းက သူအိပ်နေရင်း ”လင်းလင်း” လို့ ထအော်လို့ မချစ်က ထူးတော့ ”လင်းလင်း မအိပ်သေးဘူးလား” လို့ မေးတယ်။ ”အိပ်ပြီ” လို့ ပြန်ပြောမှ ”သူအိပ်ပြီဆို ဖေဖေ စိတ်ချပြီ။ ဖေဖေလည်း အိပ်တော့မယ်” ပြောတယ်။ သားသမီးနဲ့ မိဘဆိုတော့ သွေးက စကားပြောတာ နေမှာ”။

လင်းဇာနည်ဇော် အပါအဝင် တစ်ဖက်ယာဉ် ဟိုင်းလတ်ဆာ့ဖ် ကားပေါ်မှ လူလေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ပဲခူးဆေးရုံသို့ တင်ပို့ခဲ့ရာ ယခု လင်းဇာနည်ဇော် က SSC ရွှေဂုံတိုင် အထူးကု ဆေးရုံသို့ ပြောင်းရွှေ့ဆေးကု သနေကြောင်း သိရသည်။လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ ဖူးစုံကလည်း လာရောက် သတင်း မေးခဲ့သလို မိသားစု ညီအစ်ကို မောင်နှမ များ နှင့် အတူ သမီးလေးလည်း အနားမှာ ရှိနေကြောင်း တွေ့ရသည်ဟု Popular Myanmar ကရေးသားထားပါသည် ။


Ref ; popularmyanmar.com & Thithtoolwin
 

No comments:

Post a Comment