ထိုင်း-မြန်မာ နယ်စပ် ၂၀၀၁ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်လို့တော့ ကျွန်တော်
အနည်းအကျဉ်းပဲ ကြားဖူးပါတယ်။ တိုက်ပွဲမှာ ပါခဲ့ဖူးတဲ့
တပ်မတော်သားအချို့နဲ့၊ သူတို့ဆီက တဆင့်စကားကြားဖူးသူတွေ ဆီကနေ ထပ်ဆင့်ပြီး
အနည်းအကျဉ်းသာ ကြားဖူးနားဝ ရှိပါတယ်၊ ထင်ရှားတဲ့ တိုက်ပွဲတွေက အို-၇
တောင်ကုန်းတိုက်ပွဲ၊ ပါချီးစခန်း တိုက်ပွဲ၊ ဘီပီ-၁ စခန်းတိုက်ပွဲ၊
လွယ်တော်ခန်းတိုက်ပွဲ၊ လွယ်ခန်းရှိုးတိုက်ပွဲ၊ စတဲ့ တိုက်ပွဲကြီး
တိုက်ပွဲငယ်ပေါင်း များစွာ ပါပါတယ်။ မိုးသီးဇွန် ဘလော့မှာ ကိုsawkofan
ဖတ်ဖူးတဲ့ ကျောက်ခေတ်တပ်မတော် ဆိုတဲ့ ဆောင်းပါးက ဆောင်းပါးရှင် ဂါမဏိ
ရေးတာပါ။ ကျွန်တော်လည်း ဖတ်ဖူးတယ်၊ သူ့ဆောင်းပါးမှာတဲ့ တချို့အချက်တွေကို
ကြည့်လိုက်တာနဲ့တင် အရမ်းလွဲနေမှန်း သိသာပါတယ်၊ (ထိုင်းစစ်တပ်ရဲ့
ရုပ်သံလိုင်းကလွှင့်တဲ့ အချက်အလက်တွေကို ယူပြီး ရေးခဲ့သလားတော့ မသိပါ)။
မြန်မာဘက်က တိုက်ပ်-၆၉ တင့်ကားတွေ သုံးပြီး ထိုင်းဘက်က အမ်-၆၀
တင့်ကားတွေနဲ့ ခုခံခဲ့တယ်လို့ ဆိုတယ်၊ ရှမ်းပြည် အရှေ့ပိုင်း တစ်ခုလုံးမှာ
တိုက်ပ်-၆၉ လို ပင်မတိုက်ပွဲဝင်တင့်တွေ တစီးမှ မရှိပါ။ မြေပြင်
အနေထားကလည်း တင့်တွေ ရှမ်းပြည် အရှေ့ပိုင်းကို သယ်ယူဖို့နဲ့ အဲဒီ့ ဒေသမှာ
စစ်ဆင်ဖို့ အခြေအနေ မပေးပါ။ ထိုင်းဘက်ကလည်း တကယ်သုံးခဲ့တာက သံချပ်ကာ
လူသယ်ယာဉ်တွေနဲ့ ခြေလျင် တိုက်ခိုက်ရေးယာဉ်တွေပါ။
ဆောင်းပါးရှင် ဂါမဏိ ရေးထားတာ သတင်း အချက်အလက် အလွဲအမှားတွေကို အခြေခံပြီး ရေးထားတယ် ဆိုတာလောက်တော့ ကျွန်တော်ပြောနိုင်ပါတယ်။၂၀၀၁ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်လို့ ပိုသိတဲ့ လူတွေ ဆွေးနွေးပေးပါလိမ့်မယ်။ အခု ၂၀၀၃ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်ပြီး ကျွန်တော်သိသလောက် နည်းနည်း ဆွေးနွေးပါ့မယ်၊ ကျွန်တော်က ဒီတိုက်ပွဲစဉ်မှာ ပါဝင်ခဲ့လို့ မဟုတ်ပါ၊ ဒါပေမယ့် ကျွန်တော်ထွက်ခဲ့ဖူးတဲ့ စစ်ဆင်ရေး နယ်မြေက အဲဒီ့ ဒေသနဲ့ ဆက်စပ်နေတဲ့ အတွက် အနည်းအကျင်း သိခဲ့ရပါတယ်။
အဓိက တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ နေရာတွေကတော့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေ မုံးထော်-မုံးထ ဒေသ ဖြစ်ပါတယ်။ မုံးထော်(ရှမ်းအခေါ် မိုင်းတော့)-မုံးထ(မိုင်းထား) ဒေသ ဟာ ကြိဂံဒေသ အနောက်တောင်ဘက်စွန်း သံလွင်မြစ် အရှေ့ဘက်ကမ်းမှာ တည်ရှိပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
နယ်မြေ
ဟိုမိန်းဒေသ နဲ့ နယ်မြေချင်း ဆက်စပ်နေပါတယ်။ ဟိုမိန်းဒေသနဲ့
မုံးထော်-မုံးထဒေသ အစပ်မှာ SSA ဌာနချုပ် လွယ်တိုင်းလျှံစခန်း တည်ရှိပါတယ်။
လွယ်တိုင်းလျှံ စခန်းဟာ ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ်မှာ ရှိပြီး
နယ်နိမိတ် အဖြစ် သတ်မှတ်ထားတဲ့ တောင်ကြော တလျှောက် အလျားလိုက်
တည်ရှိပါတယ်။ လွယ်တိုင်းလျှံစခန်းရှေ့နဲ့ ဘယ်ညာမှာ ကာကင်း စခန်းပေါင်း
များစွာရှိပြီး SSA ဟာ လွယ်တိုင်းလျှံဝန်းကျင် ဧရိယာ အတော်များများကို
စိုးမိုး ထားနိုင်ပါတယ်။ လွယ်တိုင်းလျှံရဲ့ အဆောက်အဦ အတော်များများဟာ
မြန်မာနယ်နိမိတ်ထဲမှာ ရှိပေမယ့် ဝင်ပေါက်တွေက ထိုင်းဘက်ကပဲ ဝင်လို့ရပါတယ်။
မြန်မာဘက်ခြမ်းကို အခိုင်အမာ ခံစစ်ပြင်ထားပြီး ရှေ့မှာ သတ်ကွင်း ဖန်တီး
ထားပါတယ်။ SSA ရဲ့ လွယ်တိုင်းလျှံ ကာကင်းတွေရဲ့ မျက်နှာချင်းဆိုင်မှာတော့
မြန်မာ့ တပ်မတော် ရှေ့တန်း ကာကင်းစခန်းတွေ ရှိပါတယ်။ မျက်နှာချင်းဆိုင်
တောင်ကြောတွေမှာ တဖက်နဲ့ တဖက် အသင့် ရင်ဆိုင်ထိန်းချုပ်ထားတဲ့ အနေအထားပါ။
ထုံးစံ အတိုင်းပါပဲ တိုက်ပွဲတွေ စတင် ဖြစ်ပွားတဲ့ အချိန်ကတော့ ထိုင်း-အမေရိကန်ပူးတွဲ Cobra Gold စစ်လေ့ကျင့်မှု ပြုလုပ်တဲ့ အချိန်ပါ။ (ထုံးစံ အတိုင်းလို့ ဆိုရတာက နယ်စပ်က မြန်မာ့တပ်မတော် စခန်းတွေ အတိုက်ခံရတဲ့ အချိန်တိုင်း လိုလိုဟာ Cobra Gold ပြုလုပ်မယ့် အချိန်ကာလ ပတ်ဝန်းကျင်ဖြစ်ပါတယ်)။ လူမျိုးစုလက်နက်ကိုင်တွေ မြန်မာ့ တပ်မတော်စခန်းတွေ ကို ဝင်တိုက်တာတွေဟာ Cobra Gold နဲ့ အချိန်ကိုက် ဖြစ်လေ့ရှိတာ တိုက်ဆိုင်မှု သက်သက်တော့ မဟုတ်ပါဘူး။ အဲဒီ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်တဲ့ အချိန်မှာ ထိုင်းတပ်ဟာ ဝင်မပါပေမယ့် သူတို့ နယ်စပ်ကို ကာကွယ်ဖို့ဆိုတဲ့ ပုံစံနဲ့ နယ်စပ်မှာ လက်နက်ကြီးတွေ အပြည့်အစုံနဲ့ တပ်လှန့်ခြင်း တပ်အသင့်နေရာယူခြင်းတွေ လုပ်ပြီး မြန်မာ့ တပ်မတော်ကို တိုက်ခိုက်နေတဲ့ လူမျိုးစုလက်နက်ကိုင်တွေ နောက်မှာ အသင့်ရှိနေတတ်ပါတယ်။ နောက်တစ်ချက်က Cobra Gold စစ်ရေး လေ့ကျင့်မှုဟာ ပုံမှန် ပူးတွဲ စစ်ရေးလေ့ကျင့်ရုံသက်သက် မဟုတ်ပါဘူး။ အမေရိကန်က ထိုင်းကို လက်နက်ရောင်းတဲ့ပွဲလည်း ဖြစ်တယ်။ စစ်လေ့ကျင့်မှုမှာပါတဲ့ အမေရိကန်တပ်တွေဟာ လက်နက် အပြည့်အစုံနဲ့လာလေ့ရှိတယ်၊ ဒါပေမယ့် စစ်လေ့ကျင့်မှု ပြီးတဲ့အခါ ပါလာတဲ့ လက်နက်ကြီးတွေကို ပြန်ယူမသွားဘဲ ထိုင်းကို အထူးဈေးနဲ့ ရောင်းခဲ့လေ့ရှိပါတယ်။ စစ်လေ့ကျင့်မှုကို ရှေ့တန်းတင်ပြီး လက်နက်ကြီးတွေကို လျှော့ဈေးနဲ့ သက်သက်သာသာ ပေးပစ်ခဲ့တဲ့ သဘောပါ။ ဒီလို ထိုင်းမှာ လက်နက်တွေ အသင့် လေ့ကျင့်မှု အသင့် ဖြစ်တဲ့ အချိန်မှာ နယ်စပ်က တပ်မတော်စခန်းတွေ အမြဲလိုလို တိုက်ခံရပါတယ်။ ၂၀၀၁ ခုနှစ် Cobra Gold ကိုမြန်မာနိုင်ငံ တာချီလိတ်ဒေသ၊ လွယ်လန်းဒေသတွေနဲ့ ကပ်လျက် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် နယ်စပ်မှာ ပြုလုပ်သွားပါတယ်။ ထိုင်းတပ်တွေ ချင်းရိုင်ခရိုင်ထဲမှာ အသင့်ရှိနေချိန် မေလလယ်မှာ ထိုင်းမြန်မာ အပြန်အလှန်ပစ်ခတ်မှုတွေ ၊ ရှေ့တန်းတပ်ချင်း ထိတွေ့မှုတွေ ဖြစ်လာတာပါ။
၂၀၀၃ တိုက်ပွဲစဉ်တွေဟာလည်း အလားတူပါပဲ။ Cobra Gold မတိုင်ခင်မှာ SSA တပ်တွေဟာ တပ်မတော်ရှေ့တန်း စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်။ တပ်မတော်ရှေ့တန်း စခန်းတွေဟာ နယ်စပ်အနီးမှာရှိပြီး SSA တပ်တွေဟာ ထိုင်းဘက်ကနေ ဝင်ရောက်တိုက်ခိုက်ကြတာပါ။ လက်နက်အင်အား လူအင်အား ကောင်းကောင်းနဲ့ တိုက်ခိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံက လက်နက် အထောက်အပံ့ပြုမှာ သံသယဖြစ်စရာ မရှိပါ။ ရုတ်တရက် အလစ်အငိုက် ထိုးစစ်ဆင်ခံရပြီး တပ်မတော် စခန်း အတော်များများ ဆုံးရှုံးခဲ့တယ်။ ကြီးမားတဲ့ ဆုံးရှုံးမှု အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်အမှတ်(၅) ဘီပီ-၅ ဒေသကို စွန့်လွှတ်ခဲ့ရပြီး SSA က ထိန်းချုပ်သွားနိုင်တယ်။ အဲဒီ့ ဒေသမှာ ဒေသဖွံ့ဖြိုးရေး အတွက် တည်ဆောက်ပေးထားတဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ စတဲ့ အဆောက်အဦတွေ ဖျက်ဆီးခံရပြီး အရပ်ဘက်ဝန်ထမ်းတချို့ အသက်ဆုံးရှုံးခဲ့တယ်။ စစ်ပွဲကြောင့် ဘီပီ-၅ နယ်စပ်မှာ တည်ရှိတဲ့ ပန်ကန့်ကော်ရွာနဲ့ အဲဒီ့ မရောက်ခင်က ပန်မိုင်ဆွန်၊ ကျူဆန်ကပ်၊ မုံးထော်၊ မုံးထ ရွာတွေ လုံးဝနီးပါး ပျက်ဆီးသွားခဲ့ပြီး ဒေသခံတွေလည်း အများအပြား ထိခိုက်သေဆုံးကြရကာ အဲဒီ့ ဒေသခံ လူအားလုံး နေရပ်ကို စွန့်ခွာထွက်ပြေးရတယ်။ တပ်မတော်က အမှတ်(၃၃) ခြေမြန်တပ်မ လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များနဲ့ ဒီဒေသကို ပြန်လည် ထိုးစစ်ဆင်ခဲ့တယ်။ ကြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်ေ အာက်ခံ တပ်အချို့လည်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီး၊ တပ်မတော်နဲ့ အတူ UWSA 'ဝ' တပ်ဖွဲ့ များလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်။
တပ်မတော်ဘက်က အရင်က အင်အားအနည်းငယ်နဲ့ စခန်းထိုင်ခဲ့တဲ့ စခန်းတွေကို SSA က အင်အားအများအပြားနဲ့ အခိုင်အမာ ခံစစ်ပြင်ထားလို့ ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတယ်။ တပ်မတော်ဘက်က ၁၂၀ မမ စိန်ပြောင်းကြီးတွေ အများအပြား အသုံးပြု တိုက်ခိုက်ခဲ့တယ်။ မော်တာ ကျည်တချို့ ထိုင်းနိုင်ငံထဲ ကျရောက်တယ်လို့ ထိုင်းနိုင်ငံက စတင် ပြောဆိုလာတယ်။ တပ်မတော်ဟာ မုံးထော်၊ မုံးထ တို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပေမယ့် ရန်သူဟာ ပိုမြင့်တဲ့ တောင်တွေပေါ်ကနေ ဆက်လက် ခုခံကြတဲ့ အတွက် တိုက်ပွဲကြီးတွေ ဆက်ဖြစ်ခဲ့တယ်။ ရန်သူအခိုင်အမာ ခံစစ်ပြင်ထားတဲ့ ထောင်ထိပ် စခန်းတွေကို အငိုက်မရရှိဘဲ ရှေ့တည့်တည့်ကနေ ဒဲ့တက် တိုက်ရတာ ဖြစ်တဲ့ အတွက် အထိအခိုက် အကျအဆုံးလည်း အင်မတန်မှ များခဲ့တယ်။ ရန်သူကလည်း ယာဘဆေးတွေ သုံးစွဲထားပြီး တောင်ထိပ်က အမိုးပါခံကတုတ်တွေထဲမှာကျည်ဆံ အလျှံပယ်ထည့်ပြီး ခုခံကြတာ ဖြစ်တယ်။ အကာအကွယ် မရှိတဲ့ တောင်ထိပ်ပေါ်ကို ရဲစွမ်းသတ္တိ တစ်ခုတည်းကို အရင်းပြုပြီး ရင်ဖွင့်ပြီး တက်တိုက်ခဲ့ကြတဲ့ တပ်မတော်သား အားလုံး ဒီနေရကနေ အလေးပြုပါတယ်။ အဲဒီ့ တိုက်ပွဲစဉ် တစ်လျှောက်မှာ ဝ တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွမ်းရည်ဟာလည်း မှတ်တမ်းတင်ရလောက်အောင် လေးစားစရာဖြစ်ခဲ့တယ်။
အကြီးဆုံး တိုက်ပွဲကြီးတွေကတော့ ပန်မိုင်ဆွန် တိုက်ပွဲ၊ ၄၀၀၈၈၇ တိုက်ပွဲ၊ ပန်ကန့်ကော် တိုက်ပွဲ၊ ညောင်ပင်ကုန်း တိုက်ပွဲ တွေဖြစ်တယ်။ ၄၀၀၈၈၇ တိုက်ပွဲဟာ အလွန်ခက်ခဲတဲ့ တိုက်ပွဲ တစ်ပွဲဖြစ်ခဲ့ပြီး တောင်ရဲ့ တောင်ခါးပန်း တဝက်မှာ ရှိတဲ့ (ပွိုင့်-xxxx) ကို တပ်မတော်က သိမ်းနိုင်ခဲ့ပြီး ရန်သူနဲ့ ဆက်လက် ရင်ဆိုင်ထိန်းချုပ် ခြေကုန်ယူထားစဉ်မှာ တောင်ထိပ်ပေါ်မှာ ရှိတဲ့ ရန်သူက လက်နက်ကြီးတွေနဲ့ ဦးနှိမ်ပစ်ခတ်ပြီး ပြန်သိမ်းယူဖို့ ကြိုးစားခဲ့တယ်။ အပေါ်စီးကနေ ပစ်ခတ်ပြီး တန်ပြန် ထိုးစစ်ဆင်လာတာကို ပြန်မကျဆုံးအောင် ခုခံနိုင်ခဲ့လို့သာ ဒီတိုက်ပွဲမှာ ရည်မှန်းချက်ရရှိတဲ့ အထိ အောင်မြင်အောင် ဆက်တိုက်ပွဲဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲစစ် တစ်လျှောက်လုံးမှာလည်း မိမိ တိုက်စစ်ရပ်တန့်သွားတဲ့ အချိန်မျိုး၊ ကျားတက်ထိုးရာကနေ လန်ကျလာတဲ့ အခါမျိုးမှာ ရန်သူက ထုတ်နှုတ်အင်အားနဲ့ တန်ပြန် ထိုးစစ် ဆင်လေ့ရှိခဲ့တယ်။ ပန်ကန့်ကော် တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေ ထိုင်းနိုင်ငံထဲကျတဲ့အတွက် အရပ်သား အချို့ ဒဏ်ရာရတယ်လို့ ထိုင်းဘက်က ပြောဆိုလာပြီး ထိုင်းတပ်က မြန်မာတပ်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်။ မြန်မာဘက်ကလည်း တုံ့ပြန်ပစ်ခတ်ခဲ့ပြီး နယ်စပ်တင်းမာမှု အမြင့်ဆုံးရောက်ခဲ့တယ်။ ဒါပေမယ့် ၂၀၀၁ တိုက်ပွဲစဉ်တုန်းကလို ထိုင်းတပ်နဲ့ မြန်မာတပ်တွေ ထိတွေ့ တိုက်ခိုက်ခဲ့တာမျိုး အထိတော့ မဖြစ်ခဲ့ပါဘူး။ ထိုင်းတပ်က SSA ကို လက်နက် ရိက္ခာအကြီးအကျယ် ထောက်ပံ့တာမျိုး၊ သူတို့နိုင်ငံနယ်နိမိတ်ထဲကနေ ထိုးစစ် ဆင်နိုင်အောင် ကူညီတာမျိုးနဲ့ မြန်မာ့တပ်မတော်နဲ့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်တာမျိုး အထိပဲ ဖြစ်ခဲ့တယ်။
မြန်မာ့ တပ်မတော်က မုံးထော်-မုံးထ ဒေသတစ်ခုလုံးနဲ့ ဆုံးရှုံးသွားတဲ့ စစ်စခန်းတွေ အားလုံး ပြန်လည်သိမ်းပိုက်နိုင်ပြီးတဲ့ အချိန်မှာ SSA တပ်တွေ ဆုတ်ခွာသွားတဲ့ လွယ်တိုင်းလျှံဘက်ကို ဆက်လက် ထိုးစစ်ဆင်ကြတယ်။ ဒီအချိန်မှာ ထိုင်းဝန်ကြီးချုပ်ဟာ ထိုင်းစစ်သေနာပတိချုပ်ရာထူးကို အပြောင်းအလဲ ပြုလုပ်ခဲ့တယ်။ မြန်မာပြည်ကို လိုအပ်ရင် အင်အားသုံးမယ်လို့ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ ရာထူးက အနားယူရပြီး စစ်သေနာပတိချုပ် အသစ်က SSA ကို ထောက်ပံ့ကူညီနေတာတွေ ရပ်ဆိုင်းလိုက်တယ်။ SSA လည်းလွယ်တိုင်းလျှံဘက်ကို အားလုံး ဆုတ်ခွာသွားရတယ်။ မြန်မာ့တပ်မတော်နဲ့ UWSA တပ်ဖွဲ့တွေလည်း လွယ်တိုင်းလျှံ ဒေသနဲ့ မျက်နှာချင်းဆိုင် တောင်ကြောတွေပေါ်မှာ ကာကင်းစခန်းတွေ တည်ဆောက်ပြီး ရင်ဆိုင်ထိန်းချုပ်ထားခဲ့ကြပြီး တိုက်ပွဲတွေ အခိုက်အတန့် ပြီးဆုံးခဲ့ပါတယ်။
တိုက်ပွဲတွင်းမှာ တပ်မတော်ဟာ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ အားလုံး ပြန်ရအောင် တိုက်ယူနိုင်ခဲ့ပေမယ့် အကျအဆုံးများခဲ့ပါတယ်။ တိုက်ပွဲတွေ အတွင်း ကျဆုံးခဲ့သူတွေ ရှိသလို တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ မြို့တွေနဲ့ ဆက်သွယ်ထားတဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေမှာ မကြာခဏ ခြုံခို တိုက်ခိုက်ခံရတဲ့ အတွက် ကျဆုံးရတာတွေလည်း ရှိခဲ့တယ်။ UWSA တပ်ဖွဲ့ကလည်း ကျဆုံးမှုများခဲ့ပြီး ဒဏ်ရာရသူနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးသူတွေလည်း အတော်များများ ရှိခဲ့တယ်။ ၁၂၀ မမ စိန်ပြောင်းကြီးတွေဟာ တိုက်ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ နည်းဗျူဟာ လက်နက်ကြီးတွေ အဖြစ်မြင်တွေ့ခဲ့ရ ပေမယ့် တချို့တိုက်ပွဲတွေမှာ ပစ်မှတ်ကို အတော် ဝေးဝေး လွဲချော်တာတွေ အားနည်းချက်အဖြစ် တွေ့ခဲ့ရတယ်။ တိုက်ပွဲအတွင်းပျက်ဆီးသွားခဲ့တဲ
ဆောင်းပါးရှင် ဂါမဏိ ရေးထားတာ သတင်း အချက်အလက် အလွဲအမှားတွေကို အခြေခံပြီး ရေးထားတယ် ဆိုတာလောက်တော့ ကျွန်တော်ပြောနိုင်ပါတယ်။၂၀၀၁ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်လို့ ပိုသိတဲ့ လူတွေ ဆွေးနွေးပေးပါလိမ့်မယ်။ အခု ၂၀၀၃ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်ပြီး ကျွန်တော်သိသလောက် နည်းနည်း ဆွေးနွေးပါ့မယ်၊ ကျွန်တော်က ဒီတိုက်ပွဲစဉ်မှာ ပါဝင်ခဲ့လို့ မဟုတ်ပါ၊ ဒါပေမယ့် ကျွန်တော်ထွက်ခဲ့ဖူးတဲ့ စစ်ဆင်ရေး နယ်မြေက အဲဒီ့ ဒေသနဲ့ ဆက်စပ်နေတဲ့ အတွက် အနည်းအကျင်း သိခဲ့ရပါတယ်။
အဓိက တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ နေရာတွေကတော့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေ မုံးထော်-မုံးထ ဒေသ ဖြစ်ပါတယ်။ မုံးထော်(ရှမ်းအခေါ် မိုင်းတော့)-မုံးထ(မိုင်းထား) ဒေသ ဟာ ကြိဂံဒေသ အနောက်တောင်ဘက်စွန်း သံလွင်မြစ် အရှေ့ဘက်ကမ်းမှာ တည်ရှိပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
ထုံးစံ အတိုင်းပါပဲ တိုက်ပွဲတွေ စတင် ဖြစ်ပွားတဲ့ အချိန်ကတော့ ထိုင်း-အမေရိကန်ပူးတွဲ Cobra Gold စစ်လေ့ကျင့်မှု ပြုလုပ်တဲ့ အချိန်ပါ။ (ထုံးစံ အတိုင်းလို့ ဆိုရတာက နယ်စပ်က မြန်မာ့တပ်မတော် စခန်းတွေ အတိုက်ခံရတဲ့ အချိန်တိုင်း လိုလိုဟာ Cobra Gold ပြုလုပ်မယ့် အချိန်ကာလ ပတ်ဝန်းကျင်ဖြစ်ပါတယ်)။ လူမျိုးစုလက်နက်ကိုင်တွေ မြန်မာ့ တပ်မတော်စခန်းတွေ ကို ဝင်တိုက်တာတွေဟာ Cobra Gold နဲ့ အချိန်ကိုက် ဖြစ်လေ့ရှိတာ တိုက်ဆိုင်မှု သက်သက်တော့ မဟုတ်ပါဘူး။ အဲဒီ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်တဲ့ အချိန်မှာ ထိုင်းတပ်ဟာ ဝင်မပါပေမယ့် သူတို့ နယ်စပ်ကို ကာကွယ်ဖို့ဆိုတဲ့ ပုံစံနဲ့ နယ်စပ်မှာ လက်နက်ကြီးတွေ အပြည့်အစုံနဲ့ တပ်လှန့်ခြင်း တပ်အသင့်နေရာယူခြင်းတွေ လုပ်ပြီး မြန်မာ့ တပ်မတော်ကို တိုက်ခိုက်နေတဲ့ လူမျိုးစုလက်နက်ကိုင်တွေ နောက်မှာ အသင့်ရှိနေတတ်ပါတယ်။ နောက်တစ်ချက်က Cobra Gold စစ်ရေး လေ့ကျင့်မှုဟာ ပုံမှန် ပူးတွဲ စစ်ရေးလေ့ကျင့်ရုံသက်သက် မဟုတ်ပါဘူး။ အမေရိကန်က ထိုင်းကို လက်နက်ရောင်းတဲ့ပွဲလည်း ဖြစ်တယ်။ စစ်လေ့ကျင့်မှုမှာပါတဲ့ အမေရိကန်တပ်တွေဟာ လက်နက် အပြည့်အစုံနဲ့လာလေ့ရှိတယ်၊ ဒါပေမယ့် စစ်လေ့ကျင့်မှု ပြီးတဲ့အခါ ပါလာတဲ့ လက်နက်ကြီးတွေကို ပြန်ယူမသွားဘဲ ထိုင်းကို အထူးဈေးနဲ့ ရောင်းခဲ့လေ့ရှိပါတယ်။ စစ်လေ့ကျင့်မှုကို ရှေ့တန်းတင်ပြီး လက်နက်ကြီးတွေကို လျှော့ဈေးနဲ့ သက်သက်သာသာ ပေးပစ်ခဲ့တဲ့ သဘောပါ။ ဒီလို ထိုင်းမှာ လက်နက်တွေ အသင့် လေ့ကျင့်မှု အသင့် ဖြစ်တဲ့ အချိန်မှာ နယ်စပ်က တပ်မတော်စခန်းတွေ အမြဲလိုလို တိုက်ခံရပါတယ်။ ၂၀၀၁ ခုနှစ် Cobra Gold ကိုမြန်မာနိုင်ငံ တာချီလိတ်ဒေသ၊ လွယ်လန်းဒေသတွေနဲ့ ကပ်လျက် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် နယ်စပ်မှာ ပြုလုပ်သွားပါတယ်။ ထိုင်းတပ်တွေ ချင်းရိုင်ခရိုင်ထဲမှာ အသင့်ရှိနေချိန် မေလလယ်မှာ ထိုင်းမြန်မာ အပြန်အလှန်ပစ်ခတ်မှုတွေ ၊ ရှေ့တန်းတပ်ချင်း ထိတွေ့မှုတွေ ဖြစ်လာတာပါ။
၂၀၀၃ တိုက်ပွဲစဉ်တွေဟာလည်း အလားတူပါပဲ။ Cobra Gold မတိုင်ခင်မှာ SSA တပ်တွေဟာ တပ်မတော်ရှေ့တန်း စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်။ တပ်မတော်ရှေ့တန်း စခန်းတွေဟာ နယ်စပ်အနီးမှာရှိပြီး SSA တပ်တွေဟာ ထိုင်းဘက်ကနေ ဝင်ရောက်တိုက်ခိုက်ကြတာပါ။ လက်နက်အင်အား လူအင်အား ကောင်းကောင်းနဲ့ တိုက်ခိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံက လက်နက် အထောက်အပံ့ပြုမှာ သံသယဖြစ်စရာ မရှိပါ။ ရုတ်တရက် အလစ်အငိုက် ထိုးစစ်ဆင်ခံရပြီး တပ်မတော် စခန်း အတော်များများ ဆုံးရှုံးခဲ့တယ်။ ကြီးမားတဲ့ ဆုံးရှုံးမှု အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်အမှတ်(၅) ဘီပီ-၅ ဒေသကို စွန့်လွှတ်ခဲ့ရပြီး SSA က ထိန်းချုပ်သွားနိုင်တယ်။ အဲဒီ့ ဒေသမှာ ဒေသဖွံ့ဖြိုးရေး အတွက် တည်ဆောက်ပေးထားတဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ စတဲ့ အဆောက်အဦတွေ ဖျက်ဆီးခံရပြီး အရပ်ဘက်ဝန်ထမ်းတချို့ အသက်ဆုံးရှုံးခဲ့တယ်။ စစ်ပွဲကြောင့် ဘီပီ-၅ နယ်စပ်မှာ တည်ရှိတဲ့ ပန်ကန့်ကော်ရွာနဲ့ အဲဒီ့ မရောက်ခင်က ပန်မိုင်ဆွန်၊ ကျူဆန်ကပ်၊ မုံးထော်၊ မုံးထ ရွာတွေ လုံးဝနီးပါး ပျက်ဆီးသွားခဲ့ပြီး ဒေသခံတွေလည်း အများအပြား ထိခိုက်သေဆုံးကြရကာ အဲဒီ့ ဒေသခံ လူအားလုံး နေရပ်ကို စွန့်ခွာထွက်ပြေးရတယ်။ တပ်မတော်က အမှတ်(၃၃) ခြေမြန်တပ်မ လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များနဲ့ ဒီဒေသကို ပြန်လည် ထိုးစစ်ဆင်ခဲ့တယ်။ ကြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်ေ
တပ်မတော်ဘက်က အရင်က အင်အားအနည်းငယ်နဲ့ စခန်းထိုင်ခဲ့တဲ့ စခန်းတွေကို SSA က အင်အားအများအပြားနဲ့ အခိုင်အမာ ခံစစ်ပြင်ထားလို့ ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတယ်။ တပ်မတော်ဘက်က ၁၂၀ မမ စိန်ပြောင်းကြီးတွေ အများအပြား အသုံးပြု တိုက်ခိုက်ခဲ့တယ်။ မော်တာ ကျည်တချို့ ထိုင်းနိုင်ငံထဲ ကျရောက်တယ်လို့ ထိုင်းနိုင်ငံက စတင် ပြောဆိုလာတယ်။ တပ်မတော်ဟာ မုံးထော်၊ မုံးထ တို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပေမယ့် ရန်သူဟာ ပိုမြင့်တဲ့ တောင်တွေပေါ်ကနေ ဆက်လက် ခုခံကြတဲ့ အတွက် တိုက်ပွဲကြီးတွေ ဆက်ဖြစ်ခဲ့တယ်။ ရန်သူအခိုင်အမာ ခံစစ်ပြင်ထားတဲ့ ထောင်ထိပ် စခန်းတွေကို အငိုက်မရရှိဘဲ ရှေ့တည့်တည့်ကနေ ဒဲ့တက် တိုက်ရတာ ဖြစ်တဲ့ အတွက် အထိအခိုက် အကျအဆုံးလည်း အင်မတန်မှ များခဲ့တယ်။ ရန်သူကလည်း ယာဘဆေးတွေ သုံးစွဲထားပြီး တောင်ထိပ်က အမိုးပါခံကတုတ်တွေထဲမှာကျည်ဆံ အလျှံပယ်ထည့်ပြီး ခုခံကြတာ ဖြစ်တယ်။ အကာအကွယ် မရှိတဲ့ တောင်ထိပ်ပေါ်ကို ရဲစွမ်းသတ္တိ တစ်ခုတည်းကို အရင်းပြုပြီး ရင်ဖွင့်ပြီး တက်တိုက်ခဲ့ကြတဲ့ တပ်မတော်သား အားလုံး ဒီနေရကနေ အလေးပြုပါတယ်။ အဲဒီ့ တိုက်ပွဲစဉ် တစ်လျှောက်မှာ ဝ တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွမ်းရည်ဟာလည်း မှတ်တမ်းတင်ရလောက်အောင် လေးစားစရာဖြစ်ခဲ့တယ်။
အကြီးဆုံး တိုက်ပွဲကြီးတွေကတော့ ပန်မိုင်ဆွန် တိုက်ပွဲ၊ ၄၀၀၈၈၇ တိုက်ပွဲ၊ ပန်ကန့်ကော် တိုက်ပွဲ၊ ညောင်ပင်ကုန်း တိုက်ပွဲ တွေဖြစ်တယ်။ ၄၀၀၈၈၇ တိုက်ပွဲဟာ အလွန်ခက်ခဲတဲ့ တိုက်ပွဲ တစ်ပွဲဖြစ်ခဲ့ပြီး တောင်ရဲ့ တောင်ခါးပန်း တဝက်မှာ ရှိတဲ့ (ပွိုင့်-xxxx) ကို တပ်မတော်က သိမ်းနိုင်ခဲ့ပြီး ရန်သူနဲ့ ဆက်လက် ရင်ဆိုင်ထိန်းချုပ် ခြေကုန်ယူထားစဉ်မှာ တောင်ထိပ်ပေါ်မှာ ရှိတဲ့ ရန်သူက လက်နက်ကြီးတွေနဲ့ ဦးနှိမ်ပစ်ခတ်ပြီး ပြန်သိမ်းယူဖို့ ကြိုးစားခဲ့တယ်။ အပေါ်စီးကနေ ပစ်ခတ်ပြီး တန်ပြန် ထိုးစစ်ဆင်လာတာကို ပြန်မကျဆုံးအောင် ခုခံနိုင်ခဲ့လို့သာ ဒီတိုက်ပွဲမှာ ရည်မှန်းချက်ရရှိတဲ့ အထိ အောင်မြင်အောင် ဆက်တိုက်ပွဲဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲစစ် တစ်လျှောက်လုံးမှာလည်း မိမိ တိုက်စစ်ရပ်တန့်သွားတဲ့ အချိန်မျိုး၊ ကျားတက်ထိုးရာကနေ လန်ကျလာတဲ့ အခါမျိုးမှာ ရန်သူက ထုတ်နှုတ်အင်အားနဲ့ တန်ပြန် ထိုးစစ် ဆင်လေ့ရှိခဲ့တယ်။ ပန်ကန့်ကော် တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေ ထိုင်းနိုင်ငံထဲကျတဲ့အတွက် အရပ်သား အချို့ ဒဏ်ရာရတယ်လို့ ထိုင်းဘက်က ပြောဆိုလာပြီး ထိုင်းတပ်က မြန်မာတပ်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်။ မြန်မာဘက်ကလည်း တုံ့ပြန်ပစ်ခတ်ခဲ့ပြီး နယ်စပ်တင်းမာမှု အမြင့်ဆုံးရောက်ခဲ့တယ်။ ဒါပေမယ့် ၂၀၀၁ တိုက်ပွဲစဉ်တုန်းကလို ထိုင်းတပ်နဲ့ မြန်မာတပ်တွေ ထိတွေ့ တိုက်ခိုက်ခဲ့တာမျိုး အထိတော့ မဖြစ်ခဲ့ပါဘူး။ ထိုင်းတပ်က SSA ကို လက်နက် ရိက္ခာအကြီးအကျယ် ထောက်ပံ့တာမျိုး၊ သူတို့နိုင်ငံနယ်နိမိတ်ထဲကနေ ထိုးစစ် ဆင်နိုင်အောင် ကူညီတာမျိုးနဲ့ မြန်မာ့တပ်မတော်နဲ့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်တာမျိုး အထိပဲ ဖြစ်ခဲ့တယ်။
အက်စ်အက်စ်အေ တပ်များ ဆုတ်ခွါရာ လွယ်တိုင်းလျှံ တောင်ကုန်း |
ညောင်ပင်ကုန်းစခန်းတိုက်ပွဲဟာ
တိုက်ပွဲစဉ် တလျှောက်မှာ အကျအဆုံးအများဆုံးနဲ့ ရင်းနှီးပြီးမှ စခန်းကို
သိမ်းပိုက်ရရှိပါတယ်။ ဒီစခန်းကို နည်းဗျူဟာကွပ်ကဲမှု အဖွဲ့တစ်ခု၊
တပ်ရင်း(၃)ရင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ မစတင်မီမှာ
ဗျူဟာမှူးက စခန်းကို ရရှိပြီလို့ ကြိုတင် သတင်းပို့ခဲ့ပြီး
ကိုယ်တိုင်ပါဝင်ကာ ဘုရင့်နောင်ထုံး နှလုံးမူပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။
အဲဒီ့ အချိန်မှာ တိုက်ပွဲ နယ်မြေတွေနဲ့
ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊
ချင်းရိုင်ခရိုင်တွေမှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ တွေက မူးယစ်ဆေးဝါးနဲ့
ပက်သက်ပြီး စစ်ဆင်ရေး လုပ်နေတဲ့ အချိန်ဖြစ်တယ်။ ထိုင်းနိုင်ငံကပြောဆို
လာတာက UWSA ဝ တပ်ဖွဲ့တွေဟာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတယ်၊
ထိုင်းနိုင်ငံထဲကို ဖြန်းဖြူးနေတယ်လို့ စွပ်စွဲလာတယ်။ အဲဒိ့ အပြင်
ထိုင်းဝန်ကြီးချုပ် သက်ဆင် ကိုယ်တိုင်က မြန်မာအနေနဲ့ UWSA ကို အရေးမယူရင်
ထိုင်းတပ်က မြန်မာပြည်ထဲထိဝင်ပြီး UWSAရဲ့ ဘိန်းချက်စခန်းတွေကို
ဖျက်ဆီးပစ်မယ်လို့ ပြောဆိုကြောင်း ထိုင်းမီဒီယာတွေကနေ ဖေါ်ပြခဲ့ကြတယ်။
မြန်မာနိုင်ငံကလည်း မြန်မာ့မြေပေါ်ကို ဘယ်နိုင်ငံခြားတပ်ဖွဲ့မှာ အဝင်ခံမှာ
မဟုတ်ဘူးလို့ဆိုပြီး၊ ထိုင်းနိုင်ငံဟာ SSA တပ်ဖွဲ့တွေကို နောက်ကွယ်ကနေ
ထောက်ပံ့နေပြီး ဒီအဖွဲ့တွေဟာ ဘိန်းမှောင်ခို လက်နက်ကိုင်တွေ၊ ဘိန်းဓါးပြ
တွေသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့တယ်။ သံအမတ်ကြီးတွေကို
နိုင်ငံခြားရေးဝန်ကြီး ဌာနကို ခေါ်ယူပြီး ပြင်းပြင်းထန်ထန် သတိပေးတာတွေ
နှစ်နိုင်ငံလုံး အပြန်အလှန်ပြုလုပ်ခဲ့ကြတယ်။ ထိုင်းတပ်တွေဟာ
နယ်စပ်မြို့တွေ၊ နယ်စပ်မျဉ်းအနီးက လမ်းတွေ၊ ရှေ့တန်းစခန်းတွေမှာ သံချပ်ကာ
ကားတွေနဲ့ ကင်းလှည့်တာတွေ လုပ်ခဲ့ကြတယ်။ ၂၀၀၁ တုန်းကလို
တာချီလိတ်မြို့ထဲနဲ့ မယ်ဆိုင်မြို့ထဲကို လက်နက်ကြီးတွေအပြန်အလှန်
ပစ်ခတ်တာမျိုး မရှိခဲ့ပေမယ့် တာချီလိတ်မြို့ထဲမှာ ဗုံးတွေ ကွဲခဲ့တယ်။မြန်မာ့ တပ်မတော်က မုံးထော်-မုံးထ ဒေသတစ်ခုလုံးနဲ့ ဆုံးရှုံးသွားတဲ့ စစ်စခန်းတွေ အားလုံး ပြန်လည်သိမ်းပိုက်နိုင်ပြီးတဲ့ အချိန်မှာ SSA တပ်တွေ ဆုတ်ခွာသွားတဲ့ လွယ်တိုင်းလျှံဘက်ကို ဆက်လက် ထိုးစစ်ဆင်ကြတယ်။ ဒီအချိန်မှာ ထိုင်းဝန်ကြီးချုပ်ဟာ ထိုင်းစစ်သေနာပတိချုပ်ရာထူးကို အပြောင်းအလဲ ပြုလုပ်ခဲ့တယ်။ မြန်မာပြည်ကို လိုအပ်ရင် အင်အားသုံးမယ်လို့ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ ရာထူးက အနားယူရပြီး စစ်သေနာပတိချုပ် အသစ်က SSA ကို ထောက်ပံ့ကူညီနေတာတွေ ရပ်ဆိုင်းလိုက်တယ်။ SSA လည်းလွယ်တိုင်းလျှံဘက်ကို အားလုံး ဆုတ်ခွာသွားရတယ်။ မြန်မာ့တပ်မတော်နဲ့ UWSA တပ်ဖွဲ့တွေလည်း လွယ်တိုင်းလျှံ ဒေသနဲ့ မျက်နှာချင်းဆိုင် တောင်ကြောတွေပေါ်မှာ ကာကင်းစခန်းတွေ တည်ဆောက်ပြီး ရင်ဆိုင်ထိန်းချုပ်ထားခဲ့ကြပြီး တိုက်ပွဲတွေ အခိုက်အတန့် ပြီးဆုံးခဲ့ပါတယ်။
တိုက်ပွဲတွင်းမှာ တပ်မတော်ဟာ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ အားလုံး ပြန်ရအောင် တိုက်ယူနိုင်ခဲ့ပေမယ့် အကျအဆုံးများခဲ့ပါတယ်။ တိုက်ပွဲတွေ အတွင်း ကျဆုံးခဲ့သူတွေ ရှိသလို တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ မြို့တွေနဲ့ ဆက်သွယ်ထားတဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေမှာ မကြာခဏ ခြုံခို တိုက်ခိုက်ခံရတဲ့ အတွက် ကျဆုံးရတာတွေလည်း ရှိခဲ့တယ်။ UWSA တပ်ဖွဲ့ကလည်း ကျဆုံးမှုများခဲ့ပြီး ဒဏ်ရာရသူနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးသူတွေလည်း အတော်များများ ရှိခဲ့တယ်။ ၁၂၀ မမ စိန်ပြောင်းကြီးတွေဟာ တိုက်ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ နည်းဗျူဟာ လက်နက်ကြီးတွေ အဖြစ်မြင်တွေ့ခဲ့ရ ပေမယ့် တချို့တိုက်ပွဲတွေမှာ ပစ်မှတ်ကို အတော် ဝေးဝေး လွဲချော်တာတွေ အားနည်းချက်အဖြစ် တွေ့ခဲ့ရတယ်။ တိုက်ပွဲအတွင်းပျက်ဆီးသွားခဲ့တဲ
အခုတော့ အရင်က စည်ကားတဲ့ ရွာကြီးဖြစ်ခဲ့ပြီး ၂၀၀၃ တိုက်ပွဲတွေ အတွင်းမှာ ရွာပျက်ကြီး ဖြစ်သွားတဲ့ မုံးထရွာနေရာမှာ ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းက စပြီး မုံးထမြို့ အဖြစ် မြို့အသစ် တည်ဆောက်နေပါပြီ။ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နဲ့လည်း ကားလည်း ဖေါက်လျက်ရှိပြီး မိုင်းပန်-မုံးထ လမ်းမှာ သံလွင်မြစ်ကို ဖြတ်ပြီး သံလွင်မြစ်ကူးတံတားသစ်ကြီးလည်း တည်ဆောက်ဖို့ စီစဉ်နေပါပြီ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာနဲ့ အမျှ ဒေသရဲ့ လုံခြုံရေး အခြေအနေ ကောင်းမွန်လာပြီး ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၀၃ တိုက်ပွဲတွေရဲ့ စစ်ဘေးဒဏ်အဖြစ် ရွာပျက်တွေရဲ့ အစိတ်အပိုင်း အကြွင်းအကျန်တွေကို ယနေ့တိုင် တွေ့မြင်နိုင်ပါသေးတယ်။ အခုပြန်တည်ထားတဲ့ ရွာတွေရဲ့ မနီးမဝေးမှာ ချုံတောတွေ ဖုံးလွှမ်းနေပြီ ဖြစ်တဲ့ ရွာပျက်တွေ ရှိပါတယ်။
အဲဒီ့တုန်းက ခက်ခက်ခဲခဲ ပြန်တိုက်ယူခဲ့ရတဲ့ ပန်မိုင်ဆွန်၊ ပန်ကန့်ကော်၊ ကျူဆန်ကပ်၊ မုံးထော်၊ မုံးထ၊ ညောင်ပင်ကုန်း၊ ၄၀၀၈၈၇ စတဲ့ စခန်းတွေ အားလုံးဟာ ယခုအခါ မဆုတ်တန်းခံစစ် စခန်းတွေ အဖြစ် သတ်မှတ်ထားပါတယ်။ မည်သည့် အခြေအနေနဲ့ ကြုံရသည်ဖြစ်စေ စခန်းကို စွန့်ခွာ ထွက်ပြေးခွင့် မရှိပါဘူး။ ဒီစခန်းတွေကနေ ဆုတ်ခွာခွင့်ကို အမိန့်ပေးနိုင်သူဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးပဲ ရှိပါတယ်။
အခုတင်ပြခဲ့တာတွေကတော့ ကျွန်တော် သိမှီသလောက် ၂၀၀၃ ခုနှစ် ထိုင်း-မြန်မာ နယ်စပ် တိုက်ပွဲများ အကြောင်းပဲ ဖြစ်ပါတယ်။ လွဲမှားနေတာ၊ မပြည့်စုံတာတွေရှိရင် သိတဲ့သူတွေက ထောက်ပြ ပြုပြင် ပေးကြပါ။
အားလုံးကို လေးစားလျက်
Comrade @ mmdefence.bs
No comments:
Post a Comment