Sunday, October 27, 2013

ရေကြောင်းရဲတပ်ဖွဲ. နှင်. ကမ်းခြေစောင်. တိုက်ရေယာဉ်ငယ်များ



 တပ်မတော်ရေမှ မြန်မာနိုင်ငံရဲတပ်ဖွဲ.တွင် အသစ်တိုးချဲ.ဖွဲ.စည်းသော ရေကြောင်းရဲတပ်ဖွဲ.သို. ကမ်းခြေစောင်. ရေယာဉ် ၄ စင်းလွှဲပြောင်းခြင်းကို ၂၀၁၃ အောက်တိုဘာ ၂၅ ရက်နေ.က သံလျှက်စွန်းရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ် တွင်ပြုလုပ်ခဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရေကြောင်းရဲတပ်ဖွဲ့၌ မြစ်ကြောင်း လုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တပ်မတော်(ရေ)တွင် အသုံးပြုလျက်ရှိသော စစ်ရေယာဉ်များအနက် တိုက်ရေယာဉ် ၁၁၇၊ ၁၁၈၊ ၁၁၉ နှင့် ၁၂ဝ တို့အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရေကြောင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ပွဲကို အောက်တိုဘာ(၂၅)ရက်နေ့ နံနက် ၉ နာရီတွင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ် အမှတ်(၃) ရေတပ် ဗောတံတား၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
 ထို Patrol Craft Estuary (PCE) တိုက်ရေယာဉ်များကို မြန်မာ့တပ်မတော်(ရေ)တွင် ၁၉၉၀ ခုနှစ် က တပ်မတော်ရေ သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုကာလမှ ယခုလက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း ဧရာဝတီရေတပ်စခန်းဌာနချုပ်မှုး ဗိုလ်မှုးချုပ် မောင်ဦးလွင်က ပြောကြားခဲ့သည် ။
 ရေယာဉ်အရွယ်အစား သေးငယ်သော်လည်း ကမ်းဦးရေတိမ်စစ်ဆင်ရေး၊ ကမ်းရိုးတန်းကာကွယ်ရေး/ လုံခြုံရေး၊ မြစ်ကြောင်းပိတ်ဆို့ရေး / လုံခြုံရေး တာဝန်အမျိုးမျိုး ထမ်းဆောင်နိုင်ခဲ့ကြသည်။ ဒီဘက်ခေတ်တွင် ၎င်းတိုက်ရေယာဉ်များအား အတွင်းပိုင်းရေပြင်ဧရိယာများ၌ ရေတပ်၏ လုပ်ငန်းတာဝန်တစ်ခုဖြစ်သည့် တရာဥပဒေစိုးမိုးရေး ( Constabulary Role ) လုပ်ငန်းစဉ်များတွင် အဓိကအသုံးပြုခဲ့ကြသည်။ ထို တိုက်ရေယာဉ်ငယ်များအနေဖြင်. တပ်မတော်ရေတွင် တာဝန်ထမ်းဆောင်စဉ်ကာလ တရားမ၀င် မှောင်ခို နှင်. ငါးဖမ်းစက်လှေများကို ဖမ်းဆီးပေးနိုင်ခဲ့ပြီးဖြစ်သည် ။
အဆိုပါတိုက်ရေယာဉ်အမျိုးအစားသည် အလျား(၆၄)ပေ၊ အနံ(၁၄)ပေ (၆)လက်မ၊ ရေစူး(ဝန်ပေါ့- (၃)ပေ (၁၀)လက်မ) / (ဝန်ပြည့်- (၄)ပေ (၈)လက်မ) ရှိပြီး MWM Marine Diesel Engine(၂)လုံး တပ်ဆင်ထားကာ အမြင့်ဆုံးအမြန်နူန်း(၁၆)မိုင်အထိ ခုတ်မောင်းနိုင်သည်ဟု ဆိုသော်လည်း ယခုအချိန်တွင် သက်တမ်းအရ (၁၀/၁၂)မိုင်ခန့် ခုတ်မောင်းနိုင်မည်ဟု ခန့်မှန်းရသည်။ (၂၀)မမ Oerlikon စက်သေနတ် (၁)လက်၊ ပွိုင့်(၅)စက်သေနတ် (၁)လက် နှင့် လက်နက်ငယ်များ တပ်ဆင်ပါရှိပြီး အရာရှိ(၁)ဦး၊ စစ်သည်(၁၄)ဦး တာဝန်ထမ်းဆောင်နိုင်သည်ဟု သိရသည်။

ယခုအခါ ဖော်ပြပါတိုက်ရေယာဉ်များအနက် (၄)စီးကို အတွင်းပိုင်းရေပြင်များ၌ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရန် အောက်တိုဘာ(၂၅)ရက်နေ့က ရေကြောင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့အတူ လာမည့်ကာလများ အတွင်းတွင်လည်း တပ်မတော်(ရေ)၏ အတွင်းပိုင်းရေပြင်သုံး စစ်ရေယာဉ်များ၊ River Class စစ်ရေယာဉ်များအား တစ်ဆင့်ပြီးတစ်ဆင့် ရေကြောင်းရဲတပ်ဖွဲ့သို့ ဆက်လက်လွှဲပြောင်းဖွယ် ရှိနိုင်သည်ဟုလည်း ခန့်မှန်းရသည်။ 

ထိုသို.ရေကြောင်းရဲတပ်ဖွဲ့၏ ဖွဲ့စည်းမှုနှင့် တာဝန်ထမ်းဆောင်နိုင်မှု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တပ်မတော်(ရေ)သည်လည်း ပိုင်နက်ပင်လယ်၊ ဆက်စပ်ဇုံနှင့် သီးသန့်စီးပွားရေးဇုံ စသည့် ရေပြင်ဧရိယာများဘက်သို့ ပိုမိုအာရုံစိုက်၍ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ရေကြောင်းရဲတပ်ဖွဲ.အနေဖြင်.မူ ရန်ကုန်မြစ်ကြောင်း နှင်. ကမ်းရိုးတန်းတစ်လျှောက် လှည်.ကင်းတာဝန်များ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ.မှ ရဲမှုးချုပ်စိုးမြိုင်ကပြောဆိုခဲ့သည် ။
Source ; မောင်ဝါဆို @ Myanmar Navy & The Standard Time Daily

No comments:

Post a Comment