Wednesday, October 16, 2013

MWRN ဆိုတာဘာလဲ





M-W-R-N ဆိုသော စကားလုံး၏ အပြည်.အစုံ က Migrant Workers Rights Network ဖြစ်ပြီး မြန်မာဘာသာဖြင်.တော. ရွှေ.ပြောင်းအလုပ်သမား အခွင်.အရေးကွန်ယက် ဟုခေါ်သည် ။ ထိုအဖွဲ.၏ စတင်အခြေတည်ရာသည် ထိုင်းနိုင်ငံ မဟာချိုင် ဒေသဖြစ်ပြီး မျက်မြင်တွေ.ကြုံနေရသော မြန်မာနိုင်ငံမှ လာရောက်လုပ်ကိုင်ကြသည်. အလုပ်သမားများ၏ ရပိုင်ခွင်.အရေးဆိုင်ရာကိစ္စများ အတွက်ကူညီဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက် စိတ်သဘောထားတူညီသော အလုပ်သမား ၉ ဦးဖြင်. ၂၉ ရက် ၃ လ ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ.စည်းခဲ့ခြင်းဖြစ်သည် ။

 ထို စမွတ်စာခွန်ခရိုင်မဟာချိုင်ဒေသတွင် မြန်မာအလုပ်သမား ၃၀၀,၀၀၀ ခန်.ရှိနေပြီး ဘာသာရေျးနှင်. လူမှုရေး အသင်းအဖွဲ.များ တည်ထောင် လုပ်ကိုင်ကူညီ လာသည်မှာ  ၈ နှစ် ခန်.ရှိပြီဖြစ်သော်လည်း အလုပ်သမားများ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုများအပါအ၀င် အလုပ်သမားအခွင်.အရေးများ ဆောင်ရွက်ရာတွင် ကိုယ်စားပြု လုပ်ဆောင်ဖြေရှင်းပေးမည်. အဖွဲ.အစည်းမရှိသဖြင်. ထိုသို.ဖြေရှင်းနိုင်ရန်အတွက်လည်းကောင်း ၊အလုပ်သမားများအနေဖြင်. မိမိတို.အခွင်.အရေးကို မိမိတို.သိရှိတောင်းဆိုနိုင်ရန် အတွက်လည်းကောင်း ရည်ရွယ်၍ မိမိတို.အရေး မိမိတို.ဘာသာဆောင်ရွက်ရန် တည်ထောင်ခဲ့သော အလုပ်သမားအခြေပြု အဖွဲ.အစည်းဖြစ်ပြီး လက်ရှိအဖွဲ.၀င် ၂၈၀၀ ခန်. ရှိနေပြီဖြစ်သည်ဟုသိရသည် ။

MWRN မှစီစဉ်သော အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် HOME မှ ဒေါက်တာ သိန်းသန်းဝင်းနှင်.တွေ.၇သော ၇န်ကုန်ရုံးခွဲ ဒါရိုက်တာ ( အကျီင်္အဖြူနှင်.)

 ထိုအဖွဲ.မှ တရားဝင်ကြေညာထားသော ရည်ရွယ်ချက်နှင်. လုပ်ငန်းစဉ်များမှာ


·         နိုင်ငံတကာ စံနှုန်း နှင်.အညီ အလုပ်သမားအခွင်.အရေးများနှင်. အခြားအခွင်.အရေးများကို ဥပဒေ ပြ`ဋ္ဌာန်းချက်အတိုင်း တန်းတူညီမျှ ခံစားရရှိအောင် ပံ.ပိုးကူညီဆောင်ရွက်ပေး၇န်

·         ရွှေ.ပြောင်း အလုပ်သမားများ ကြားတွင် အတူတကွ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာရန်နှင်. ညီညွတ်သော အစုအဖွဲ.ဖြစ်ပေါ်လာစေရန်

·         ရွှေ.ပြောင်း အလုပ်သမားများကြား အသိပညာများဖြန်.ဝေပေးနိုင်ရန်

·        
ရွှေ.ပြောင်း အလုပ်သမားများ၏ အလုပ်သမားအခွင်.အရေး ဆိုင်ရာများကို တိုင်ပင်ဆွေးနွေးမှု ပြုလုပ်ပေး၇န်နှင်. ကူညီဆောင်ရွက် ထောက်ပံ.မှုများ ပေးနိုင်ရန်   တို.အတွက်


1.    အလုပ်သမားအခွင်.အရေးဆိုင်ရာ ပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း

2.    အသိပညာ တိုးတက်ရေးများ ဆောင်ရွက်ခြင်း

3.    အလုပ်သမား သမဂများ ၊ NGO များ နှင်. ပူးပေါင်း၍ လှုံ.ဆော် တောင်းဆိုမှုများ ပြုလုပ်ခြင်း

4.    ဘာသာရေးနှင်. ရိုးရာယဉ်ကျေးမှု ဆိုင်ရာများတွင် ရပ်ကွက်နယ်မြေများနှင်. ပူးပေါင်းဆောင်ရွက်ခြင်း

5.    အခွင်.အရေးချိုးဖောက်ခံရသော အလုပ်သမားများကို အမှုကိစ္စ နှင်. အမှု ရင်ဆိုင်နေရစဉ် စားဝတ်နေရေးများ ကူညီပံ.ပိုးခြင်း တို. ဖြစ်သည် ။

ထိုကိစ္စများ လုပ်ဆောင်ရာတွင် ထိုင်းနိုင်ငံ အလုပ်သမား သမဂ္ဂ ၊ ထိုင်းနိုင်ငံ လုပ်ငန်းရှင်များအသင်း ၊ INGOနှင်. NGO များ ၊ ထိုင်း-မြန်မာ အလုပ်သမားဆိုင်ရာ အဖွဲ.အစည်းများ ၊ ထိုင်းအစိုးရ ဋ္ဌာနများ ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တို.နှင်. ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရပါသည် ။
ယခု ၂၀၁၃ တွင် MWRN အနေဖြင်. မြန်မာလုပ်သားများ ရွှေ.ပြောင်း အခြေချရာ ထိုင်းနိုင်ငံတွင်းသာမက မူရင်းဒေသ မြန်မာနိုင်ငံတွင်းတွင်လည်း ရွှေ.ပြောင်းလုပ်သားများ ၏ ရရှိရမည်.အခွင်.အရေး ၊ ရောက်ရှိသွားလျှင် ကြုံတွေ.နိုင်သော အခက်အခဲ ၊ ရွှေ.ပြောင်းလုပ်သားအဖြစ် မထွက်ခွာမှီ သိထားသင်.သည်များတို.ကို သက်ဆိုင်သူများ ၊ ပတ်သက်ဆက်နွယ်သူများ ကြိုတင်သိရှိထားနိုင်ရန်ရည်ရွယ် လျှက် လုံခြုံစိတ်ချရသော ရွှေ.ပြောင်းသွားလာမှု ဖြစ်ပေါ်လာစေရေး စီမံကိန်း ကိုထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ရန် MWRN (မြန်မာပြည်ရုံးခွဲ) ကို ဖွင်.လှစ် ဆောင်ရွက်လျှက် ရှိနေပါသည် ။

အလုပ်ရုံဆွေးနွေးပွဲတွင်တွေ.၇သော ၇န်ကုန်ရုံးခွဲ၏ Crew & Volunteer

 အခန်းအမှတ် ၁၈ ဒုတိယလွှာ အမှတ် ၁၁၀ပြည်လမ်း ၈မိုင် မရမ်းကုန်း မြို.နယ်တွင် ရုံးခန်းဖွင်.လှစ်ထားပြီး မြန်မာပြည်ရုံးခွဲ၏ ဒါရိုက်တာအဖြစ် ဦးစိန်ထွန်းက တာဝန်ယူ ဆောင်ရွက်လျှက်ရှိသည် ။ MWRN ( မြန်မာပြည်ရုံးခွဲ) သို.ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ ၀၁-၆၆၇၉၆၇ ၊ ၀၉- ၄၉၂၇၈၅၀၀ တို.ဖြစ်ပြီး mwrnorg@gmail.com သို.လည်း ဆက်သွယ်နိုင်ကြောင်း သိရသည် ။MWRN ၏ တရားဝင် Website လိပ်စာမှာ www.mwrn.org ဖြစ်ပြီးထိုင်းနိုင်ငံ ပင်မရုံး လိပ်စာမှာ 93/206 Moo7 Tabol Thasal A.Muang Samut Sakhon , Thailand 7400 +66 86 7555 337 ဖြစ်ကြောင်းသိရပါသည် ။

ဆက်စပ်ဖတ်ရှုရန် ..  M-W-R-N မြန်မာပြည် ရုံးခွဲ မှ စီစဉ်သော ရွှေ.ပြောင်းရေးရာ နှင်. Media ၏ အခန်းကဏ္ဍ
 ထိုင်းနိုင်ငံတွင်း ရွှေ.ပြောင်းလုပ်သား အခြေအနေများ - ဦးစိန်ဋ္ဌေး MWRN

No comments:

Post a Comment