အိုဆာကာဟာ ဂျပန်နိုင်ငံရဲ့ ဒုတိယမြောက်မြို့ဖြစ်ပြီး ဂျပန်နိုင်ငံအနောက်ပိုင်းရှိ
စီးပွားရေးအချက်အချာနေရာဖြစ်သလို ဂျပန်နိုင်ငံ ယဉ်ကျေးမှုနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အချက်အချာနေရာမှာ
နှစ်ရာနှင့်ချီရှိနေခဲ့တာပါ ။
မြို့တော်ရဲ့ အတိတ်က အမွေအနှစ်များ
တည်ရှိနေသလို ခောတ်မှိမြို့တော်တစ်ခုဖြစ်တာကြောင့် အိုဆာကာဟာ ဂျပန်နိုင်ငံရဲ့ သမိုင်းကြောင်းကို
ရော လက်ရှိခောတ်အြေခအနေတွေကိုပါ အမှန်တကယ် ခံစားနိုင်မယ့် မြို့တစ်မြို့ဖြစ်ပါတယ် ။
အိုဆာကာရဲတိုက်ကတော့
အိုဆာကာရောက်သူတိုင်း မဖြစ်မနေ သွားလေ့ရှိကြတဲ့ ၊ သွားသင့်တဲ့နေရာတစ်ခုပါ ။ ၁၅၈၃
မှာ ၂ကီလိုကျော်လေးတဲ့ကျောက်တုံးပေါင်း တစ်သန်းလောက်နဲ့ စတင်တည်ဆောက်ခဲ့တဲ့
ဒီရဲတိုက်ဟာ စုစုပေါင်း ၈ထပ်ရှိပါတယ် ။ ချယ်ရီပန်းကြည့်သူတွေပါ
ချိန်းလေ့ရှိတဲ့နေရာတစ်ခုဖြစ်ပြီး ပြတိုက်ထဲက သမိုင်းကြောင်းဆိုင်ရာတင်ဆက်မှု ၊
ပြတိုက်ရှေ့က တိုင်းကက်ပဆူး ၊ ကျုံးရေပြင်ထဲက ဂိုဇဘူနဲဘုတ် ၊ ပန်းခြံထဲက
စထရိပါဖောင်မာတွေရဲ့တင်ဆက်မှု ၊ ချယ်ရီပန်းတွေရဲ့အလှစသဖြင့်
စိတ်၀င်စားစရာနေရာတစ်ခုပါ ။
အိုဆာကာ
ကအိယူကန် အကွာရီယန် ဆိုတဲ့ ငါးပြတိုက်ကလည်း ဖွင့်လှစ်ခဲ့ချိန်က ကမ္ဘာပေါ်မှာ
အကြီးဆုံးငါးပြတိုက်ဖြစ်ခဲ့ပြီး ၁၉၉၀ မေလ ကဖွင့်ခဲ့တာပါ ။ ပြတိုက်၀င်ခွင့်လက်မှတ်က
ယန်း ၂၄၀၀ ကျသင့်ပြီး ဂျပန်နိုင်ငံမှာ
လာရောက်လည်ပတ်သူအများဆုံးငါးပြတိုက်ဟာ
သတ္တ၀ါပေါင်း ၂၉၀၀၀ လောက်ကိုထည့်သွင်းပြသထားတာပါ ။ ကမ္ဘာ့ဒေသအသီးသီးက
ရေနေသတ္တ၀ါတွေနဲ့ ကုန်းနေသတ္တဝါအချို့ ကိုပြသထားပြီး ငါးမန်း ၊ ငါးလိပ်ကျောက်စတဲ့သတ္တ၀ါတွေကို
အစာကျွေးချိန် ကြည့်ရတဲ့ မြင်ကွင်းကလည်း စိတ်၀င်စားစရာပါ ။
နောက်တစ်နေရာကတော့
တန်ပိုဇန်ဖဲရစ်ဝှီးပဲဖြစ်ပါတယ် ။ Tempozan Ferris Wheel ဟာ အချင်း ၃၃၀ ပေ အမြင့်
၃၆၉ ပေ ရှိပြီး ကမ္ဘာ့အကြီးဆုံး ရဟတ်တွေထဲက တစ်ခုပါ ။ သူနဲ. ကောင်းကင်ပေါ်ကို ၁၅မိနစ် ကနေ ၁၇မိနစ်ကြား
တက်လေ့လာခွင့်ရမှာဖြစ်ပြီး အိုဆာကာရဲ့မြင်ကွင်းတွေကို
လွတ်လပ်စွာကြည့်နိုင်မှာပါ ။
ပုံမှန်အားဖြင့်တော့ မနက် ၁၀နာရီကနေ ည ၁၀နာရီ အထိဖွင့်ပါတယ် ။ ၁၉၉၇ ဇူလိုင် ၁၂
ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အဲ့ဒီအချိန်ကတော့ ကမ္ဘာ့အမြင့်ဆုံး Ferris
Wheel ပါ ။ အထူးသဖြင့် သူ.ရဲ. မီးအလှဆင်ထားတဲ့ ညမြင်ကွင်းဟာ
တကူးတကစောင့်ကြည့်ချင်စရာ ဆွဲဆောင်မှု ရှိလှပါတယ် ။
ဒိုတွန်ဘူရီ ။ သူကတော့ အစားတလိုင်းသမားများအတွက်ကတော့ ကောင်းကင်ဘုံပါပဲ ။ ဒါဇင်ပေါင်းများစွာသော စားသောက်ဆိုင်တွေက Dotomborigawa မြစ်ကို တန်းစီထားပြီး နာမည်ကြီး ကြော်ငြာဘုတ်ကြီးတွေက လာရောက်သူများရဲ့အာရုံကို ဆွဲဆောင်လျက်ရှိသည်။ တူးမြောင်းကို လှည့်ပတ်ဖို့ မိနစ် 20 ပဲ ကြာတဲ့ Tonbori River Cruises တွေနဲ့ Glico အပြေးလူသား ဆိုင်းဘုတ်က အဲ့ဒီနေရာရဲ့ သက်ေတတွေပါ ။ သူတို့၏ဖောက်သည်တွေကိုဖျော်ဖြေဖို့ geisha မယ် တွေကို အသုံးပြုတဲ့ မြစ်မြောက်ဘက်ခြမ်းမှာကတော့ အရက်ဆိုင်ငယ်များနှင့်စားသောက်ဆိုင်များသည်တန်းစီပြီးစုပုံနေပါတယ်။ မြစ်၏တောင်ဘက်ခြမ်းက တစ်ချိန်က ပြဇာတ်ခရိုင်လို့ လူသိများတဲ့ Dotombori ဧရိယာရဲ့ အလယ်ဗဟိုဖြစ်ပါတယ် ။ ယနေ့ခေတ်မှာတော့ ရောင်စုံနီယွန်ဆိုင်းဘုတ်များနှင့် ဖလက်ရှ်ဆိုင်းဘုတ်များကအဲ့ဒီ ဧရိယာကို အသက်ဝင်စေပါတယ်
အာဘဲနို
ဟာရူးကပ် ။ အဆောက်အဦးတွေသက်သက်အနေနဲ့ကြည့်ရင် ဂျပန်နိုင်ငံရဲ့ အထပ် ၆၀
ရှိတဲ့အမြင့်ဆုံးအဆောက်အဦးဖြစ်ပါတယ် ။ တာ၀ါတွေပါထည့်တွက်ရင်တော့ ဂျပန်နိုင်ငံရဲ.
တိတိယ အမြင့်ဆုံးအဆောက်အဦးဖြစ်ပါတယ် ။ အမှတ်တရ ရိုက်ကူးဖို့နေရာလေးတွေလုပ်ပေးထားသလို မြေပြင်အထက် မီတာ ၃၀၀ ကနေ အိုဆာကာမြို့ရဲ့ မီးရောင်စုံည ကို ခံစားနိုင်မယ့်နေရာတစ်ခုပါ ။
ယူနီဗာဆယ်
စတူဒီယို ဂျပန်ဟာ အိုဆာကာမှာတည်ရှိနေတာပါ ။ အာရှမှာ ပထမဆုံး တည်ဆောက်တဲ့ ယူနီဗာဆယ်
စတူဒီယို ဟာOsaka Bay
Area မှာ 2001 ခုနှစ် မတ်လက ဖွင့်လှစ်ခဲ့ပြီး အပန်းဖြေဥယျာဉ်ဟာ
ဧရိယာ 39 ဟက်တာ ကျယ်ဝန်းပြီး Tokyo Disney Resort ပြီးရင်
ဂျပန်နိုင်ငံတွင် လာရောက်လည်ပတ်မှု အများဆုံး အပန်းဖြေဥယျာဉ်ဖြစ်ပါတယ် ။ ပန်းခြံဟာ
Universal Orlando Resort နှင့် Universal Studios
Hollywood တို့က ရွေးချယ်ထားတဲ့ အထင်ကရနေရာတွေ ပါတာကြောင့် Universal
Orlando Resort နဲ့ ဆင်တူပါတယ် ။ ဖွင့်တဲ့နှစ်မှာ ဧည့်သည် ၁၁
သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး အဲ့ဒီပန်းခြံဟာ အဲ့ဒီအချိန်က စ်နှစ်အတွင်း လူ ၁၀
သန်းအထိ ရောက်ခဲ့တဲ့ ကမ္ဘာ့အမြန်ဆုံး
အပန်းဖြေဥယျာဉ် ဖြစ်လာခဲ့တာပါ ။
နမ်းဘ
ယာစာကီ ရှရိုင်း ။ ၁၉ ရာစု မေဂျီ ပြန်လည်ထူထောင်ရေးခောတ် အပြီးမှာ
ရှင်တိုအယူဝါဒနှင့် ဗုဒ္ဓဘာသာကို ပိုင်းခြားရန် အမိန့်ပေးတဲ့ အစိုးရအမိန့်ကြောင့်
ဘုရားကျောင်းကို ဖျက်သိမ်းခဲ့ပြီး 1945 ခုနှစ်မှာ နတ်ကွန်းရဲ့ အဆောက်အဦတွေကို
လေကြောင်းမှ စီးနင်းတိုက်ခိုက်ခြင်း ခံခဲ့ရပါတယ် ။ အမြင့် 12 မီတာ၊ အကျယ် 11
မီတာရှိသည့် ခြင်္သေ့ခေါင်းပုံသဏ္ဍာန် ကြီးမားသော အဆောက်အအုံက ၁၉၇၅
မှာဆောက်ခဲ့တာဖြစ်ပြီး
အထူးဆွဲဆောင်မှုရှိပါတယ် ။ လက်ရှိ နတ်ကွန်းအဆောက်အအုံတွေက စစ်ပြီးခေတ် ပြန်လည်တည်ဆောက်မှုများဖြစ်ပါတယ် ။
ကူရိုမွန်မားကက်
။ အဲ့ဒီစျေးကတော့ ငါး၊ အသားနှင့်ထွက်ကုန်များကို အဓိကရောင်းချသည့် ဆိုင်ခန်းပေါင်း
၁၅၀ ခန့်ရှိပြီး အခြားဆိုင်များကလည်း ရိုးရာချိုချဉ်နှင့် ဈေးနှုန်းချိုသာသော
အဝတ်အထည်များနှင့် အိမ်သုံးပစ္စည်းများကို ရောင်းချကြပါတယ် ။ အဲဒီ စျေးဟာ Edo ခေတ်မှစတင်ခဲ့ပြီး
ယနေ့ခေတ်မှာတော့ လမ်းလျှောက်ခြင်း၊
ဈေးဝယ်ခြင်းနှင့် အမျိုးအစားအစုံစုံသော
လမ်းဘေးအစားအစာများကို စားသုံးရန် ကောင်းတဲ့နေရာတစ်ခုပါ ။ အဲ့ဒီစျေးရဲ့
အစားအစာတွေမှာ အများနှစ်ခြိုက်ကြတာက ကဏန်းခြေထောက် နဲံ ကမာကင်များ အပါအဝင်
ပင်လယ်စာများ၊ ယာကီတိုရီ၊ ပင်လယ်ငါးဥ၊ ဆူရှီ၊ ငါးရှဉ့်၊ ရာသီအလိုက် အသီးအနှံများနှင့် takoyaki တို့ဖြစ်ပါတယ် ။
ဆူမီရိုရှီတာအိရှ
ရှ ရှရိုင်း ။ Sumiyoshi-taisha
လို့ လည်းလူသိများတဲ့ Sumiyoshi
Grand Shrine ဟာ အိုဆာကာစီရင်စု၊ Sumiyoshi-ku ရှိ Shinto နတ်ကွန်းဖြစ်ပြီး ဂျပန်နိုင်ငံရှိ Sumiyoshi ဘုရားကျောင်းအားလုံး၏ အဓိက ဘုရားကျောင်းဖြစ်ပါတယ် ။ ဒေသခံတို့က Sumiyoshi-san
သို့မဟုတ် Sumiyossan လို့ခေါ်ကြပြီး
နှစ်သစ်ကူးနေ့မှာ hatsumōde အတွက် နတ်ကွန်းသို့
လာရောက်ကြဲ့ လူအုပ်ကြီးကြောင့် နာမည်ကြီးပါတယ် ။ ရှေးဟောင်းတံတားနဲ့
အဆောက်အဦးပုံစံတွေကလည်း စိတ်၀င်စားစရာ ဆွဲဆောင်မှုရှိလှပါတယ် ။
CupNoodles
Museum Osaka Ikeda ဟာ
အသင့်စားခေါက်ဆွဲခြောက်များနဲ့ Cup
Noodles အပြင် သူ.ရဲ့ ဖန်တီးသူနှင့် တည်ထောင်သူ Momofuku
Ando အတွက် ရည်စူးထားသည့် ပြတိုက်ဖြစ်ပါတယ် ။ ပြတိုက်မှာ
ဧည့်သည်တွေကို သူတို.ရဲ. ကိုယ်ပိုင် "လတ်ဆတ်သော" အသင့်စားခေါက်ဆွဲ ပြုလုပ်လို့ရမယ့် ခေါက်ဆွဲထုပ် အလုပ်ရုံတစ်ခုရှိပါတယ် ။
ပြတိုက်မှာ ဒီအခွင့်အရေးရဖို့
ကြိုတင်စာရင်းသွင်းထားရပါတယ် ။
လာရောက်လည်ပတ်သူတွေဟာ ယန်း ၃၀၀
လောက်နဲ့ ကိုယ်ပိုင်ခွက်ခေါက်ဆွဲများကို ပြုလုပ်နိုင်တဲ့အခွင့်အရေးရမှာပါ ။
အမေရိကမူရာ
ဆိုတာကတော့ အမေရိကန်ရွာလို့ပြောလို့ရပါမယ် ။ ရှင်ဆာအိဘရှိ
ဘူတာအနောက်ခြမ်းမှာရှိတဲ့ နာဂါဟိုရီ လမ်းကနေ ဒိုတွန်ဘူရီ အထိရှိတဲ့ အဲ့ဒီနေရာကို
ဒေသခံတွေက အမီမူယာ လို့ခေါ်ပြီး ကြီးမားကျယ်ပြန့်တဲ့
လက်လီဆိုင်တွေနဲ.ဖျော်ဖြေရေးနယ်မြေတစ်ခုဖြစ်ပြီး ဖက်ရှင်ဆိုင်တွေ ၊ နိုက်ကလပ်တွေ ၊
ဘားတွေနဲ့ အနောက်တိုင်းသားတွေ အတွက် အဓိကရည်ရွဘ်တဲံ ၊
လာလေ့ရှိတဲံနေရာတစ်ခုဖြစ်ပါတယ် ။ ရောင်းချသူတွေကတော့ ဂျပန်လူမျိုးအများစုဖြစ်ပါတယ်
။
မိနိုး
ပန်းခြံထဲမှာရှိတဲ့ မိနိုးရေတံခွန်ဟာ ဆောင်းဦးပေါက်ရာသီမှာ
အပန်းဖြေဖို့အကောင်းဆုံးနေရာတစ်ခုပါ ။ အူမီဒါ ဘူတာကနေ
နာရီဝက်လောက်လမ်းလျှောက်ရတဲ့နေရာမှာရှိတဲ့ရေတံခွန်ပါ ။ မိနိုးပတ် မှာရှိတဲ့
တကီမိချီ တောင်တက်လမ်းရဲ့အဆုံးမှာရှိတဲ့ လှပတဲ့ရေတံခွန်ဖြစ်ပြီး
ဆောင်းဦးရွက်ကြွေတွေကို ကြည့်ရှုခံစားလို့ရမယ့်နေရာလည်းဖြစ်ပါတယ် ။စိတ်၀င်စားစရာတစ်ခုကတော့ အဲ့ဒီမှာ
ချိုမြိန်ပြီး နှမ်းရနံ့လေးမွှေးနေတဲ့ မေပယ်ရွက် တန်ပူရာ ၀ယ်စားလို့ရတဲ့ဆိုင်လေးတွေ
လမ်းတစ်လျှေက်ရှိနေပါတယ် ။တစ်ခုသတိပြုရမှာကတော့ ဂျပန်မျောက်၀ံတွေက ခရီးသည်တွေရဲ့
အစားအစာ အိတ်စတာတွေက ယူသွားတတ်ပါတယ်တဲ့ ။
မိုဇူတွမ်း
တွေကို ၃ရာစုနှောင်းပိုင်းနဲ့၆ရာစုကြားမှာ စတင်တည်ဆောက်ခဲ့ကြ ။
ရှေးဟောင်းသချိုင်းတွေဖြစ်ပြီးတော့ သော့ပေါက်ပုံ ၊ အ၀ိုင်းပုံ ၊ စတုဂံပုံ
သချိုင်းကုန်းပေါင်း ၁၀၀ ကျော်ရှိပြီး ဒုတိယကမ်ဘာစစ်အပြီး
နေအိမ်တွေတိုးလာတာကြောင့် ထက်၀က်ကျော်ပျက်စီးကုန် ။ အထင်ရှာဆုံး အင်ပါယာ
ဂူဇိမ္မာန်တွေက အင်ပါယာနင်တိုကူ နဲ့
အင်ပါယာ ရီချုး တို့ဖြစ်ပါတယ် ။ မိုဇူ အစုအေ၀းမှာ သချိုင်းဂူ ၄၄ခုရှိပြီးတစ်စိတ်တစ်ပိုင်းပျက်စီးပြီးတော့၁၉ခုကိုအမျိုးသားသမိုင်း၀င်နေရာအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်
နေရှင်နယ်မြူစီဃမ်အော့ဖ်အတ်ဟာ
အမ်အန်အေအိုလို့ လူသိများတဲ့နေရာဖြစ်ပါတယ် ။ အိုဆာကာမှာပြု လုပ်ခဲ့တဲ့ အိတ်စပို
ဆမ်တီး ပြပွဲရဲ့ အကျိုးဆက်တစ်ခုဖြစ်ပြီး
ပြပွဲအထိမ်းအမှတ်ပန်းခြံတစ်စိတ်တစ်ပိုင်းကို အမျိုးသားအနုပညာပြတိုက်အဖြစ် ၁၉၇၇
မှာဖွင့်လှစ်ခဲ့တာပါ ။ ၂၀၀၄ ဇန်န၀ါရီမှာတော့ ပြတိုက်ဟောင်းကိုဖြိုချ
လက်ရှိတည်နေရာကိုပြောင်းပြီး ၂၀၀၁ နို၀င်ဘာမှာဖွင့်ခဲ့တာပါ ။ ၁၉၄၅ ကစလို့
ခုခောတ်ပြိုင်လက်ရာတွေအထိ ပြည်တွင်းပြည်ပ
ပညာရှင်တို.ရဲ. အနုပညာလက်ရာပေါင်း ၈၀၀၀ ခန့်ကို စုစည်းထားတဲ့ပြတိုက်ပါ ။
တန်နိုဂျီ
တိရိစ္ဆာန်ရုံ က ၁၉၁၅ မှာဖွင့်ခဲ့ပြီး နိုင်ငံရဲ့ တတိယမြောက်
တိရိစ္ဆာန်ရုံဖြစ်လို့ သက်တော်ရှည် တိရိစ္ဆာန်ရုံတစ်ရုံဖြစ်ပါတယ် ။ ခြသ်ေ့ ၊
ပန်ဒါနီ ၊ ပင်ဂွင်း ၊ ကြံ့ စတာတွေပါရှိနေပြီး တိရိစ္ဆာန်အမျိုးအစား ၂၃၀
နဲ့အကောင်ရေ ၁၀၀၀ ကျော်ရှိနေပါတယ် ။ ဧရိယာ ၁၀ဟက်တာသာရှိတာမို. သိပ်မကြီးတဲ့
နေရာဖြစ်ပေမယ့်
နှစ်စဥ်လာရောက်သူတစ်သန်းခွဲရှိတဲ့နေရာပါ ။ ။ တန်နိုဂျီ ပန်းခြံရယ် ၊
အိုဆာကာရဲ့ နာမည်ကျော် Picnic
Area ရှိနေတဲ့နေရာရယ်တဲ့ တစ်ဆက်တစ်စပ်တည်းရှိနေတာပါ
Trip for
Favorites 15 in OSAKA Video File ကို
ဒီနေရာမှာကြည့်ပါ ။
No comments:
Post a Comment