Sunday, November 13, 2022

ကိုဘေးတရုတ်တန်း နဲ့ နာမည်ကျော် ကိုဘေးအမဲသားကင်

 


ဒီစျေးတန်းရှိတဲ့နေရာဟာ ၁၈၆၈ ကစခဲ့တာဖြစ်ပြီး အဓိက နန်ကင်မြို့ကတရုတ်တွေ လာအခြေချတဲ့နေရာမို. နန်ကင်းမာချီဆိုတဲ့အမည်ပေးခဲ့တာပါ ။ ဒါပေမယ့် ဒုတိယ ကမ္ဘာစစ် မှာ မဟာမိတ်တွေ ဗုံးကြဲခဲ့တာကြောင့် စားသောက်ဆိုင်တွေအိမ်တွေပျက်စီးသွားခဲ့ပြီး စစ်အပြီးမှာ ကျန်နေတဲ့တရုတ်အသိုက်အဝိုင်းတွေက ပြန်တည်ဆောက်ခဲ့ကြရတာပါ ။ တစ်ခါ  ၁၉၉၅ ငလျင်ကြောင့်ကြီးကြီးမားမားပျက်စီးခဲ့ရပြန်ပါတယ် ။ ခုတော့ ကိုဘေးတရုတ်တန်းဟာ နိုင်ငံခြားသားတွေကို အဓိကဆွဲဆောင်မှု တွေထဲကတစ်ခုဖြစ်ပြီး တရုတ်ဘုရားကျောင်း နဲ. အမှတ်တရပစ္စည်းဆိုင် ၊ ကလပ်အချို့ နဲ့တရုတ်စားသောက်ဆိုင် တစ်ရာခန့် စည်ကားနေတဲ့နေရာပါ ။ တရုတ်ထုံးစံဖြစ်တဲ့ ဒင်းဆမ်း ၊ ဖက်ထုပ် ၊ ပေါင်မုန့် ၊ ခေါက်ဆွဲ နဲ. အသားကင်ဆိုင်ကအများစုပါ ။



ကိုဘေးအမဲသားဟာ ဂျပန်နိုင်ငံ ဟိုင်ဂိုခရိုင် မှာမွေးမြူထားတဲ့ တာဂျီမာ မျိုးကွဲ မှ အမဲသားဖြစ် ။ နူးညံ့ခြင်း နဲ့ ထူးကဲတဲ့အရသာဟာ နာမည်ကျော်ရခြင်းရဲ့ အဓိကအချက်ဖြစ်ပါတယ် ။

ဒုတိယ အေဒီရာစုခောတ်မှာ တရုတ်နိုင်ငံကနေ ဂျပန်ကိုကျွဲနွားတွေပို.ဆောင်ခဲ့ ပါတယ်။ ၁၈၆၈ မေဂျီ ပြန်လည်ထူထောင်ရေးကာလမှာတော့  ကျွဲ နွားတွေကို မြန်မာလိုပဲစိုက်ပျိုးရေး ၊ သယ်ယူပို့ဆောင်ရေး ၊ သတ္တူတူးဖော်ရေး နဲ့မြေသြဇာရင်းမြစ်အဖြစ်ပါအသုံးပြုခဲ့တာပါ  ။ နွားနို.ကိုလည်းသောက်ရကောင်းမှန်းမသိသလို အသားကိုလည်း ဘာသာရေး ၊ ယဥ်ကျေးမှု  ဆိုင်ရာတို.ကြောင့်မစားခဲ့ကြပါဘူး ။ ဒုတိယကမ္ဘာစစ်ပြီးချိန်ထိ အမဲသားစားသုံးမှု နည်းပါးခဲ့ပြီး ၁၉၈၀ နဲ. ၁၉၉၀ ကြားမှာမှ ကိုဘေးအမဲသားဟာနာမည်ကျော်လာတာပါ ။ ၂၀၀၉ မှာရောဂါအခြေအနေကြောင့် အမေရိကန်ကို အမဲသားပို့ခွင့် တားမြစ်ခံခဲ့ရပြီး ၂၀၁၂ သြဂုတ်နောက်ပိုင်းကစ အိတ်စပို.ကောင်းကောင်းပြန်လုပ်ခဲ့ပါတယ် ။ ၂၀၁၂ ကစလို့ အမေရိကန် ၊ စက်ာပူ ၊ ထိုင်း ၊ ယူကေ ၊ ကနေဒါတို.ကို တင်ပို့ခဲ့ ။ တစ်ပွဲကိုတော့ ယန်း ၃၅၀၀ - ၅၀၀၀ နီးပါးကျ သင့်ပါတယ် ။

  နာမည်ကျော် ကိုဘေးအမဲသားကင်သွားရောက်စားသုံးခြင်းVideo ကြည့်ရန် နှိပ်ပါ

No comments:

Post a Comment