Wednesday, November 16, 2022

အိုဆာကာ က တန်နိုဂျီပန်းခြံ - Tennoji Park Osaka

 


၁၉၀၉ ခုနှစ်တည်းကတည်ဆောက်ခဲ့တဲ့ပန်းခြံဖြစ်ပါတယ် ။

အကျယ်အဝန်း ၂၈.၈ ဟက်တာ ရှိပြီး ၀င်ကြေးမရှိပဲ နေ.တိုင်းဖွင့် တဲ့ပန်းခြံပါ ။


၁၉၀၃ ခုနှစ်မှာ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးဖို. ပဥ္စမအကြိမ်မြောက် အမျိုးသားစက်မှုပြပွဲတစ်ခုကို ခုနေရာမှာပြုလုပ်ခဲ့ပါတယ် ။ ပြည်ပနိုင်ငံတွေကပါ လာရောက်ပြသခဲ့ကြပြီး ဓါတ်လှေကားပါတဲ့တာ၀ါ ၊ မီးရောင်စုံထွန်းညှိထားတဲ့ပြဇာတ်ရုံ တွေပါခဲ့သလို အဲ့ဒီပြပွဲမှာ အမေရိကန်ကားတွေအပါအ၀င် နောက်ဆုံးပေါ်သိပ္ပံနည်းပညာတွေ ပြသခဲ့ကြပါတယ် ။ အဲ့ဒီ ပြပွဲပြီးသွားတဲ့အခါမှာ အဆောက်အဦးတွေကိုဖြိုဖျက်ပြီး ဒီပန်းခြံကိုတည်ဆောက်ခဲ့တာပါ ။ သူ.နားမှာရှိတဲ့ တန်နိုဂျီ တိရိစ္ဆာန်ရုံက ၁၉၁၅ မှာဖွင့်ခဲ့ပြီး နိုင်ငံရဲ့ တတိယမြောက် တိရိစ္ဆာန်ရုံဖြစ်ပါတယ် ။



အိုဆာကာရဲ့ နာမည်ကျော် Picnic Area ရှိနေတဲ့နေရာဖြစ်သလို အငြင်းပွားဖွယ်ရာ ရှေးဟောင်းသချိုင်းတစ်ခု ၊ ပန်းချီဆန်လွန်းတဲ့ တံတားတစ်စင်းနဲ.ရေကန် ၊ ဂျပန်နိုင်ငံရဲ. တတိယမြောက် တိရိစ္ဆာန်ရုံ တို.နဲ့ဆက်စပ်နေတဲ့နေရာ လည်းဖြစ်ပြီး  အိုဆာကာရဲ. အထပ်မြင့်မြင်ကွင်းအချို. ကိုလှမ်းမြင်နေရတဲ့ နေရာ ဖြစ်ပါတယ် ။

တန်နိုဂျီပန်းခြံကိုသွားရောက်လည်ပတ်တဲ့ Video ကြည့်ဖို့ ဒီနေရာကို နှိပ်ပါ ။

No comments:

Post a Comment