Sunday, November 13, 2022

နဂိုယာငါးပြတိုက် - Port of Nagoya Public Aquarium

 


ဒီနေရာဟာ အကွာရီယမ်အပြင် အခြားသောပြတိုက်တွေ ခန်းမတွေလည်းရှိနေပါတယ် ။

‌လင်းပိုင် လေးတွေရဲ့ဖျော်ဖြေမှု ဟာ မိနစ်၂၀ခန့်ကြာပြီးတော့  North Building အဆောက်အဦးရဲ့ ၃လွှာ မှာတင်ဆက်တာဖြစ်ပါတယ် ။ အဲ့ဒီတင်ဆက်တဲ့ရေကန်ဟာ ဂျပန်နိုင်ငံရှိ အကြီးဆုံးရေကူးကန်ဖြစ်ပြီး (မီတာ 60 အရှည်၊ အကျယ် 30 မီတာနှင့် အနက် 12 မီတာ) ရှိပါတယ် ။

အော်ကာဆိုတဲ့ သမုဒ္ဒရာရဲ. ဘုရင် ဝေလငါးတစ်မျိုးရဲ့ တင်ဆက်မှုကိုလည်း အဲ့ဒီနေရာမှာပဲ ၁၅မိနစ်လောက်ကြည့်ရှုရမှာပါ ။

ဘီလူဂါဆိုတဲ့ ဆိုတဲ့အဖြူရောင်ဝေလငါးရဲ့ တင်ဆက်မှုကိုလည်း ၁၅မိနစ်စာ ကြည့်ရှုူ ကြရမှာဖြစ်ပါတယ် ။

North Building ရဲ့ ဒုတိယထပ်မှာတော့ ဘီလူဂါ တွေ က သူတို.ရဲ့သားကောင်တွေကိုဘယ်လိုဖမ်းတယ်ဆိုတာကို ၁၀မိနစ်ခန့်ကြည့်ရှုရမှာဖြစ်ပြီး ဒီအစီအစဥ်ကတော့ စနေ ၊ တနဂ်နွေ ၊ Golden Week နဲ့ Summer Holiday တွေမှာသာ တင်ဆက်တယ်လို့သိရပါတယ် ။

Tornado of Sardine ဆိုတဲ့အစီအစဥ်ကိုတော့ အဆောက်အဦးရဲ့ ဒုတိယထပ်မှာရှိတဲ့ The Large Kuroshio Tank မှာကြည့်ကြရမှာပါ ။ ဆာဒင်းငါး  35,000 ရဲ့ သွက်လက်စွာ ကခုန်ခြင်းကို  အံ့ဩဘွယ်ရာ ကြည့်ကြရမှာပါ ။

Diver Communication ဆိုတဲ့အစီအစဥ်ကတော့ ပထမထပ်မှာရှိတဲ့ သန္တာကျောက်တန်းတွေပါရှိတဲ့ ရေကန်အတွင်းမှာ ရေငုပ်သမားတွေက ရေအောက်ကင်မရာနဲ. ရိုက်ကူးတင်ဆက်တာကို မော်နီတာကနေတစ်ဆင့်ကြည့်ရှူကြရမယ့်အစီအစဥ်ပါ ။

ဒါ့အပြင် ပင်ဂွင်းတွေရဲ့ တင်ဆက်မှု ၊ သူတို.အစာစားချိန် နဲ့ ပင်လယ်လိပ်တွေအစာကျွေးချိန် ၊  Kuroshio Tank ထဲမှာရှိတဲ့အခြားသော ရေနေသတ္တဝါတွေရဲ့ အစာစားတာတွေကို ပြသတာလည်းရှိပါတယ် ။

ဒုတိယလွှာ နဲ့ တတိယလွှာ မှာ ရုပ်ရှင်ရုံ လေးတွေရှိပြီး တိရိစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အံ့မခန်းရုပ်ရှင်များကို နာရီ၀က်ခန့်စီတင်ဆက်ပေးနေတယ်လို့လည်းဆိုပါတယ် ။

ပုံမှန်အချိန်မှာတော့ ၀င်ကြေးက တစ်ဦး ကို ယန်း ၂၀၃၀ ကျသင့်ပြီး ကလေးငယ်တွေအတွက်က ယန်း ၅၀၀ ပါ ။

နဂိုယာငါးပြတိုက်သို့ သွားရောက် ခြင်း Video ကြည့်ရန် နှိပ်ပါ


No comments:

Post a Comment