Thursday, July 18, 2013

ဆိုတေး၏ ကားမတော်တဆ မှုနှင်. နောက်ဆက်တွဲ ဇာတ်လမ်းများ

 
အဆိုတော် ဆိုတေး၏ ကားမှောက်မှု သတင်းကား စိတ်ဝင်စားစရာနောက်ဆက်တွဲကိစ္စရပ်များပါ ပေါ်ပေါက်လျှက်ရှိနေသည်..စတင်ဖြစ်ပွားစဉ်က သတင်းထွက်ပေါ်ခဲ့ရာတွင်
အဆိုတော် ဆိုတေး၊ ဇနီး၊ ခယ်မနှင့် ယာဉ်မောင်းတို့ စီးနင်းလာသော Sport Age အမျိုးအစားယာဉ်သည် ရန်ကုန်မှ မန္တလေး တောင်သာဘက်သို့အသွား မိုင်တိုင် ၂၉၁/၃ မိတ္ထီလာ အမြန်လမ်းမပေါ်တွင် ဘီးပေါက်ကာ ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ကြောင်း၊ ၎င်း ဖြစ်စဉ်ကြောင့် ဇနီးဖြစ်သူ မဝင်းဂရိသူ (ခ) ချောချောမှာ ကွယ်လွန်ခဲ့ပြီး ဆိုတေးမှာ သတင်းပေးပို့ချိန် ညနေ ၆ နာရီခွဲထိ သတိပြန်လည်လာခြင်းမရှိဘဲ ကျန်နှစ်ဦးမှာလည်း အတွင်းလူနာ
အဖြစ် မန္တလေးဆေးရုံကြီးတွင် ဆေးကုသဆဲဖြစ်ကြောင်း မန္တလေးဆေးရုံအသိုင်းအဝိုင်းအတွင်းမှ စုံစမ်းရရှိသည်။
ဆိုတေး၏ မိသားစုဝင်တစ်ဦးက “အန်တီတို့ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမမှာရောက်နေပါတယ်။ ကားမှောက်တယ်ကြားတာကြောင့် သွားနေတာပါ။ ဘယ်ကို ဆက်သွယ်မေးမြန်းရမှန်းလဲမသိပါဘူး။ အန်တီကြား
တာကတော့ မိတ္ထီလာဆေးရုံကနေပြီး မန္တလေးဆေးရုံကိုတင်မယ်လို့ သိရပါတယ်။ အန်တီတို့ဆီဆက်သွယ်ချိန်က ၁၂ နာရီ ၁၅ မိနစ်လောက်ရှိမယ်ထင်ပါတယ်”
ဟု မဇ္ဈိမသို့ ဖြေကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍သီးကုန်းရဲတပ်ဖွဲ့အား ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူက “ယာဉ်မှောက်တာက ၁၁ နာရီ ခွဲလောက်ကပါ။ ၁၂ နာရီ ၁၅ မိနစ်လောက်မှာ မိတ္ထီလာဆေးရုံကြီးကို ဆိုတေး(ခ)ကိုအောင်သက်ပိုင်၊
ချောချော(ခ)မဝင်းဂရိသူ၊ ချောချောညီမ မစံပယ်မိုး၊ ယာဉ်မောင်းဖြစ်သူ ကိုသန်းဝင်းလှိုင်တို့တွေကလည်း ဒဏ်ရာများနဲ့အတူ ရောက်ရှိသွားပါတယ်။ မချောချောကတော့ ၁၂ နာရီ ဝန်းကျင်လောက်ကဆုံးသွားပါတယ်။ ဆိုတေး၊ မစံပယ်မွန်၊ ယာဉ်မောင်း ကိုသန်းဝင်းလှိုင်တို့ကတော့ အတွင်းလူနာအဖြစ်နဲ့ ဆေးရုံတက်နေရပါတယ်”

ဟု ပြောကြားသည်။

အဆိုတော် ဂျင်းနီက “သတိကတော့ ခုချိန်ထိ မရသေးဘူး။ နှလုံးတော့ ခုန်နေဆဲပဲ။ ဦးခေါင်း၊ လည်ပင်းနဲ့
ခြေထောက်တွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားပါတယ်”
ဟု ဖြေကြားခဲ့သည်။

ဆိုတေးက ခုချိန်ထိ သတိတော့ မရသေးပါဘူး။ ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်အထူးကုဌာနကို ပို့ထားပါတယ်ဟု မန္တလေးပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသတင်းစာသို့ ဖြေကြားခဲ့သည်။

အဆိုတော်ဘန်နီဖြိုးကလည်း သူ၏ ဖေ့စ်ဘုတ်တွင် အတူရေးသားထားသည့် တေးသီချင်းများရှိကြောင်း၊
မြန်မြန်ပြန်သတိရပါတော့ဟု ရေးသားဖော်ပြထားသလို လတ်တလောတွင် ယာဉ်ထိန်းရဲဝတ်စုံကိုဝတ်ဆင်ပြီး မိုက်ကယ်ဂျက်ဆင်အကဖြင့် ရိုက်ကူးမှုကြောင့် သတိပေးရသည့် ကြော်ငြာတွင် ပါဝင်ရိုက်ကူးထားသူ Bobby Soxer ကလည်း ဆိုတေး မြန်မြန်နေကောင်းဖို့ ဝိုင်းဝန်းဆုတောင်းပေးကြဖို့ တိုက်တွန်းထားကြသည်။

ဆိုတေးသည် တောင်သာမြို့သို့ ပွဲ သီဆိုရန်သွားရောက်စဉ် ယင်းကဲ့သို့ ဖြစ်ပွားခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူ ကိုသန်းဝင်းလှိုင်အား အမှုဖွင့် အရေးယူထားသည်။
သရုပ်ဆောင်နန္ဒက ဆိုတေးရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး... “ကျွန်တော်မနေ့ကနေ့လည်၁နာရီခွဲလောက်က ဆိုတေးကို သတင်း သွားမေးဖြစ် ပါတယ်။ သူက ဦးခေါင်းကိုထိသွားတယ်။ ဦးခေါင်းချုပ်တာ အားလုံး ၄၁ချက်ချုပ်ရတယ်။ အဲ့ဒီရဲ့မေ့ဆေးအရှိန်နဲ့ နောက်ထပ်၁ရက် ၂ရက်လောက်တော့ သတိရဖို့ ကြာဦးမယ်။ သူ့မှာ အသိလေးတော့ ရှိပါတယ်။ သူ့ကိုအနီးကပ်ကြည့်ခဲ့တယ် ။အောက်ဆီဂျင်ပေးထား တာတွေရှိ တယ်။ ဝမ်းသာစရာကောင်းတဲ့ တိုးတက်မှုကတော့ လူတစ်ယောက်မှာ ဦးနှောက် အသိဥာဏ် က ၁၅ ရှိတယ်။ အခုသူက ဆေးရုံစရောက်လာ တဲ့အချိန်မှာ ၃.၅ပဲရှိတယ်။ မနေ့က ကျွန်တော်ရောက်တုန်းက ၄ ရှိတယ်။ ဒီနေ့မနက်မှာ ၅ ရှိလာပြီ။ ၇ ရောက်လာပြီဆိုရင်တော့ သူသတိရလာလိမ့်မယ် လို့ ပြောတယ်” လို့ ပြောပါတယ်။

ဆိုတေးနဲ့အတူ ကားအက်ဆီးဒင့်ဖြစ်စဉ်က ကွယ်လွန်သွားတဲ့ ဆို တေးရေးရဲ့ဇနီး ဝင့်ကုဋေသူ(ခ)မချောချောဈာပနကို ယနေ့ ဇူလိုင်လ ၁၆ရက် နေ့ လည်တစ်နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုဟ်ခဲ့သည်
ကွယ်လွန်သွားတဲ့ ဝင့်ကုဋေသူ(ခ)မချောချာက ဆိုတေးရဲ့ ဇနီး လား၊ ချစ်သူလားဆိုပြီး ဝိဝါဒကွဲပြားတာတွေ ရှိနေပေမဲ့ဆိုတေးရဲ့ အစ်ကိုဖြစ်သူ ကိုဇာနည်ရဲ့ ပြောပြချက်နဲ့အတူ ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ကြောင်းကို သရုပ်ဆောင် နန္ဒက“အပြင်က သတင်းတွေက ဒီကောင်မလေးက ဆိုတေးနဲ့ တရားဝင် မယူရသေးဘူးလို့ ကြားတာတွေနဲ့ ပြောကြတဲ့ အပေါ်မှာ ကောင်မလေးရဲ့ မိဘတွေက ပြန်ကြားတော့ သူတို့သမီးလေးရဲ့ ဆုံးသွားတဲ့အတိုင်းအတာမှာ သူ့နောက်ဆုံးခရီးတောင် ဖြောင့်ဖြောင့်သွားစေချင်တယ်။ ဆိုတေးတို့ဘက်က လည်း ဆိုတေးတို့ အသိုင်းအဝိုင်း ဆိုတေးတို့ အစ်ကိုတွေ၊မိဘတွေက ဒီကိစ္စ ကို ပြောတာမဟုတ်ဘူး။ ဆိုတေးအစ်ကို ဇာနည်ကိုယ်တိုင်က ကျွန်တော့်ကို ပြောပြီး အကူအညီတောင်းတယ်။ သူလည်း ဆေးရုံထဲမှာရောက်နေတဲ့ အတွက် ဒါလေးတော့ အားလုံးသိအောင် ကြေညာပေးပါ။ သူကိုယ်တိုင်ပြော တာပါ။ အခု သေဆုံးသွား တဲ့ကောင်မလေးက ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ပါတယ်ဆိုတာကို အားလုံး သိအောင် ပြောပေးစေချင်တာပါ”လို့ ပြောပါ တယ်။
ဆိုတေးနဲ့ ဝင့်ကုဋေသူ (ခ)ချောချောတို့က ၂ဝ၁၂ခုနှစ်၊ အောက်တို ဘာ ၁၆ရက်နေ့၊ ညနေ၄နာရီတွင် သထုံမြို့ အမှတ်(၁)၊ သီဟဓန လျှပ်စစ် ပစ္စည်းဆိုင်နေအိမ်မှာ ဘားအံမြို့က တရား သူကြီးရှေ့မှောက်တွင် နှစ်ဖက် မိဘအစုံနဲ့ တရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
နောက်ပိုင်းဆက်လက်ထွက်ပေါ်လာသော သတင်းများတွင် 
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေး ဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသည့် တေးသံရှင် ဆိုတေး၏ ယမန်နေ့ညက အရေးပေါ် ကုသမှု ခံယူပြီး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီဟု ဆိုတေး၏ ဦးလေး တော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။
ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၉၁/၃နှင့် ၂၉၁/၄ ကြားတွင် ယာဉ် တိမ်းမှောက်ခဲ့သော တေးသံရှင် ဆိုတေးမှာ ဦးခေါင်းပိုင်းတွင် အပြင်းအထန် ဒဏ်ရာ ရရှိထားသောကြောင့် သတိမရသေးဘဲ ဦးခေါင်းတွင် ထိခိုက် ထားသောကြောင့် ဆေးရုံမှ ဆရာဝန်ကြီးများက အထူး စောင့်ကြည့်လျက် ရှိကြောင်း မန္တလေး ဆေးရုံကြီးမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

“အခြေအနေကတော့ ကောင်းလာပါပြီ။ သတိတော့ ဝင်နေပါတယ်။ ဆရာဝန်ရဲ့ မှတ်ချက်အရကတော့ မနက်ဖြန်၊ သန်ဘက်ခါဆိုရင် သတိရ မယ်၊ အခြေအနေကတော့ တော်တော်လေး ကောင်းလာပါပြီ” ဟု ဦးရဲမြင့်အောင်က ထပ်မံ ပြောကြားသည်။

အဆိုပါ ယာဉ် တိမ်းမှောက်ရာတွင် ဆိုတေးနှင့် ယာဉ်မောင်းတစ်ဦး အပါအဝင် အမျိုးသမီး နှစ်ဦး စီးနင်း လိုက်ပါလာပြီး ၎င်းတို့ထဲမှ မချောချော ကို မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံတွင် သေဆုံးသွား ခဲ့ပြီး မစံပယ်မွန် အသက်(၁၈) နှစ်သည် မန္တလေးဆေးရုံကြီး အရိုး ကုသဆောင်မှ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းက ဆင်းသွားခဲ့ကြောင်း မန္တလေး ဆေးရုံကြီးမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ဆိုသည်။
သေဆုံးသွားသော မချောချော နှင်. ပတ်သက်၍ မြန်မာ.အလင်း သတင်းစာ တွင် အဆိုတော် ဆိုတေး၏ ဇနီးဟူ၍ နာရေးကြော်ငြာ ပါဝင်လာခဲ့သော်လည်း မထင်မရှား နေရာတွင် ကော်လံအကျဉ်းဖြင်.သာ ဖော်ပြခဲ့ခြင်း ဖြစ်သလို ချောချော၏ မိသားစု ဘက်မှသာ ထည်.သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်.။

ထိုဖြစ်စဉ်နှင်. တစ်ဆက်တည်းတွင် 
ကားအက်ဆီဒင့် ဖြစ်မှုကြောင့် မန္တလေးဆေးရုံတွင် ဆေးကုသမှု ခံယူနေရသော တေးသံရှင် ဆိုတေး၏ အခြေအနေမှာ မသက်သာပါက ထိုင်းနိုင်ငံရှိ ဆေးရုံ၌ ဆေးကုသမှု ခံယူနိုင်ရေး အတွက် ၄င်း၏ဇနီးဆိုသူ မချိုချို(ခ) Cream က တာဝန်ယူကု သပေးသွား မည်ဖြစ်ကြောင်း ပြောသည် ဟူသော သတင်းတစ်ရပ်ကလည်း ထွက်ပေါ်လာခဲ့သည်
၎င်းနှင့်ဆိုတေး(ခ)အောင်သ က်ပိုင်တို.မှာ မြ ၀တီမြို.တွင်တွေ. ဆုံချစ်ကြိုက်ကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို.တွင် အတူပေါင်းသင်းနေ ထိုင်ခဲ.ခြင်း ဖြစ်ပြီးဇွန်လ အတွင်းကဆိုတေးမှ ၄င်း၏ ဇနီးဆိုသူ အား၎င်း၏ မိသားစုဝင်များနှင့် တွေ.ဆုံပေးခဲ.ကြောင်း၊ ထိုနောက် ဇူလိုင်လ(၄) ရက်နေ.တွင် ၄င်းတို.နှစ်ဦးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ၄င်းဇနီးဟုဆိုသော အမျိုး သမီးနှင့်အတူ သွားရောက် နေထိုင်ခဲ.ကြကြောင်း ၊ ထို.နောက်ဆိုတေး သည် မြန်မာနိုင်ငံ၌ ၄င်းလက်ခံထားသော ရှိုးပွဲရှိသည်ဟုဆိုကာ ၄င်းမှ ဘန်ကောက်မှ ရန်ကုန် သို.လေယာဉ်ဖြင့် လည်းကောင်း၊ ၄င်း၏ အမျိုးသမီးဖြစ်သူက မဲဆောက်မှ ရန်ကုန်သို. လည်းကောင်း ဇူလိုင်(၁၀)ရက်နေ. တွင်ရောက်ရှိ ခဲ.ကြကြောင်း၊ ၄င်းနောက်ဆိုတေးမှ ၄င်း၏ အမျိုးသမီးဖြစ်သူအား ရန်ကုန်ရှိ ဟိုတယ်တစ်ခုတွင် ခေတ္တထားခဲ.ကာ ပုဂံမြို.တွင် ရှိုးပွဲရှိ သည်ဟုဆိုကာ ဇူလိုင်လ(၁၄)ရက်နေ.တွင် တောင်သာမြို.သိုရန်ကုန်-မန္တလေးအမြန်လမ်းမှ သွားရောက်စဉ် ယာဉ်တိမ်းမှောက်မှုဖြစ် ပွားခဲ.ခြင်း ဖြစ်ကြောင်း ၄င်း၏ အမျိုးသမီးဖြစ် သူ ဟုဆိုသူ မချိုချို(ခ) Cream ကပြောသည်။ ကျွန်မ သူကားမှောက်တယ်လို. သတင်းကြားကြား ချင်းမန္တလေးဆေးရုံကို လိုက်သွားပေမဲ. သူမိသားစုတွေက ကျွန်မကိုသူနဲ. တွေ.ခွင့် မပေးခဲ.တဲ.အပြင် ကျွန်မတို.နှစ်ယောက်ရဲ. စ္စကို ဘယ်သူမှ မသိအောင်နေပေးဖို. သူ.အစ်ကိုက ပြောခဲ.တယ်။ 

နောက်ထပ်သိရတာက သူနဲ.အတူ ပါသွားပြီး ဆုံးသွားတဲ. မိန်းကလေးက အရင်ကျွန်မနဲ. စတွေ.စဉ်တုန်းက ပါလာခဲ .ပေမဲ. သူကို.မေးကြည့်တော့ သူကသူနဲ. ဘာမှ မပတ်သတ်ဘူးလို. ပြောခဲ.ပြီး ကျွန်မကို ချစ်ရေးဆိုခဲ. လို. သူ.အချစ်ကို လက်ခံခဲ.ပြီး အတူပေါင်းသင်း နေထိုင်ခဲ.တာ။ နောက်ပြီးဒီ ကိစ္စကိုသူမိသားစုတွေ လည်းသိတယ်။ အခုသတင်းတွေ ထွက်တော့ သေဆုံးသွားတဲ. မိန်းကလေးက သူ.ဇနီးဆိုပြီး သတင်းတွေ ထွက်နေတာနဲ .ကျွန်မအပေါ်သူမိသားစုက ဆက်ဆံတာမကြိုက်လို. အခုလိုပြောရတာပါ။ ဟု ၄င်းကဆို သည်။ ထို.အပြင် မန္တလေးဆေးရုံသို. ဆိုတေး၏ အခြေအနေအားကြည့်ရန် သွားရောက်စဉ် ၄င်း၏အကို ဖြစ်သူ ကိုဇာနည်ဆိုသူမှ ဆိုတေးနှင့် ပတ်သတ်သောကိစ္စများအား အခြားမည်သူကိုမှ မပြောရန်ပြော ဆိုခဲ.သည်ဟုသူမက ထပ်မံပြောသည်။ ကျွန်မအနေနဲ. ဆိုတေးကို တကယ်ချစ်ခဲ.တာပါ။ သူဘာသာ  
ကျွန်မအပေါ် ဘယ်လိုပဲလိမ်လိမ် ကျွန်မအနေနဲ. သူ.အပေါ်မှာ စိတ်ဆိုးမိသလို အရမ်းလည်း သနားမိတယ်။

 သူ.အပေါ်ထားတဲ. အချစ်တွေလည်း ပျောက်သွားမှာ မဟုတ်ပါဘူး။ အခုမန္တလေးဆေး၇ုံမှာသူ. အခြေအနေ မကောင်း ရင်ဘန်ကောက် ကဆေးရုံမှာ သူရောဂါလုံးဝ ပျောက်ကင်းသွားတဲ. အထိဆေးကုပေး သွား ဖို.အထိစီစဉ် ထား တယ်  ဟု ၄င်းကထပ်လောင်းပြောသည်။ အဆိုပါသတင်းနှင့်ပတ် သတ် ၍ တေးသံရှင် ဆိုတေး၏ ဇနီးဖြစ်သူဟုဆိုသော မချိုချို(ခ)Cream၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ၄င်းအား ဆက်သွယ် မေးမြန်းနိုင်ကြပါသည်ဟု on line ပေါ်တွင်ရေးသားခဲ့သလို ကာယကံရှင်၏ ခွင်.ပြုချက်အရဟုဆိုကာ ဓါတ်ပုံများလည်း ပေါ်ထွက်လာခဲ့ပါသည် ။
 ဆိုတေးသည် MTV တစ်ခုတွင်ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်နှင်. ပတ်သက်ပြီး ဘာသာခြားဟု အထင်မမှားစေရန် လည်း ရှင်းလင်းခဲ့ရဖူးသည်...ထိုစဉ်က ပြောကြားခဲ့ရာတွင်
 ကျွန်တော်ဘာသာခြား တစ်ယောက်မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ ဝင်စစ်စစ်ပါ။ ဘာသာခြားတစ်ယောက်ပဲဆိုပြီး ပရိသတ်ကို ဘယ်တော့မှ လိမ်ပြီး မကိုးကွယ်ဘူး။ ကျွန်တော့်ရင်ထဲမှာ တကယ် တမြတ်တနိုး ကိုးကွယ်တာက မြတ်စွာ ဘုရားရှင်ကို ကိုးကွယ်တာပါ။ ကျွန်တော့်အိမ်မှာလည်း ဘုရားစင်ရှိပါတယ်။ ညနဲ့ နံနက်ကျရင် ဘုရားရှိခိုးတယ်။ ပရိသတ်က ကျွန်တော့်ကို ဘာသာရေး တစ်ခုမှာ အထင်လွဲနေတာ ပါ။ ဗုဒ္ဓဘာသာရဲ့ထုံးစံအတိုင်း ကျွန်တော်ရှင်ပြုရဟန်းခံပြီးပါပြီ။

No comments:

Post a Comment