Wednesday, July 24, 2013

တက္ကသိုလ် ဘုန်းနိုင် ..၀ါးခယ်မ နှင်. မွှေး





ကမ္ဘာကျော် ၀တ္ထု ကြီးများ ၌ နေရာသဘောကို ပိုင်ပိုင်နိုင်နိုင် ကိုင်ပြကြသည် ။စာရေးဆရာ၏ ပိုင်နိုင်ကျွမ်းကျင်မှုကြောင်. နေရာများသည် အသက်ဝင်လာသည် ။အကြောင်းအရာသာမက ထိုအကြောင်းအရာ ဖြစ်ပျက်ခဲ့သည်ဆိုသော နေရာများ သည် မမေ.တဲ့နိုင်အောင် ဖြစ်လာသည်။

စာရေးဆရာကြီး သောမတ်(စ်)ဟာဒီက သူ.၀တ္ထုကြီးများကို သူ.ဇာတိမြေ ၀က်ဆက်(စ်)နယ် ၌ နောက်ခံပြုလျှက် ရေးသားခဲ့သည်။ အင်္ဂလန်ရောက် ကမ္ဘာလှည်.ခရီးသည် စာပေသမားများက ၀က်ဆက်(စ်)နယ်သို. တကူးတကန်. လာပြီးကြည်.ရှုကြသည် ။ သောမတ်(စ်)ဟာဒီ ကြောင်. ၀က်ဆက်(စ်)နယ်သည် အသက်ဝိဥာဏ် ရှိသောမြေ (၀ါ)နေရာဖြစ်လာခဲ့သည် ။


ကျွန်တော်၏ သူငယ်ချင်းလို.ပဲ ဆက်..ခေါ်မည်ခိုင် ၀တ္ထုကြောင်. သံလျှင်သို. ရောက်လာကြသူများက ခိုင်နှင်.မောင် ကလေးဘ၀က ကျခဲ့သော ချောက်ကြီး တစ်ခုကို ရှာကြသည် ။နွေကန္တာဦးဝတ္ထုကြောင်. တောင်ကြီးသို. ကားဖြင်. တက်ရောက်သူများက ရွာမွန်သာ ရောက်လျှင် နုနုငယ်တို. ၏ အိမ်ကြီးရှိရာ စုံစမ်းကြသည်။ ပြည်မှပေါက်ခေါင်း သွားသူများက ပေါင်းတလည်ရောက်လျှင် စိမ်းနေဦးမည်. ကျွန်တော်.မြေ ဟု ရွတ်တတ်ကြသည် ။

ကျွန်တော.၀တ္ထုမှ နေရာများသည် ကမ္ဘာကျော်ဝတ္ထုကြီးများမှ နေရာနှင်. ယှဉ်လျှင် မကြီးကျယ်လှ သေးပါ ။

စာရေးဆရာ အများသည် မိမိတို.ကျွမ်းဝင်ရင်းနှီးရာ နေရာအကြောင်းကို ရေးကြသည် ။ မိမိတို.ကျွမ်းဝင်ရင်းနှီးရာ နေရာ ဆိုသည်မှာလည်း မိမိတို.မွေးဖွားကျင်လည်ရာ ဇာတိမြေသာလျှင် ဖြစ်ကြသည် ။ဇာတိမြေ နောက်ခံပြု.၍ရေးကြသည်. ၀တ္ထုတို ၊၀တ္ထုရှည် တွေများစွာရှိကြသည် ။ရှမ်းပြည်အကြောင်း ၊အညာမြေအကြောင်း ၊ မြစ်ဝကျွန်းပေါ်အကြောင်း….။


များသောအားဖြင်. ဇာတိမြေမှ အနံ.အသက်လေးတွေ ၊အရောင်အဆင်းတွေ ၊အကောင်ဒြပ်တွေ ၊စရိုက်ဓလေ.တွေကို လှပအောင်ဖွဲ.စပ်တင်ပြကြသည် ။သို.ရာတွင် ဤ သည်က ပထမအဆင်.သာ ။သေခြင်းမဲ့သော ၀ိဥာဏ်သဘောရောက်အောင်  ဖန်တီးပြ၇န် ရှိနေလေသေးသည် ။ တစ်ခါတစ်ရံ ၌ အကျိုးသက်ရောက်ရန် စာရေးဆရာသည် စကားပင် များများမသုံး ။ အသေးစိပ်ပင် မှုန်းမပြ ။


 ကျွန်တော်သည် ၀ါးခယ်မကို မရောက်ဖူး ။ ၀ါးခယ်မ၏ အသေးစိပ်ကို မမြင်ဘူး ။သို.ရာတွင် ၀ါးခယ်မက ကျွန်တော်.ရင်ကို ခုန်စေသည် ။



ကျွန်တော်၏ အမ ခင်နှင်းယု က မွှေးဝတ္ထုကြီးကို ရေးခဲ့သည် ။

မွှေးဝတ္ထုကြီး၏ အစ၌တစ်ခါ ၊အဆုံး၌တစ်ခါ ၀ါးခယ်မမြို. လယ်ကွင်းများမှ စပါးပင်များမှ စပါးနှံဦးနုစလေးများအကြောင်း ကို တစ်ဝါကျတည်း ရေးသည် ။

မွှေးဝတ္ထုကြီးက ဇာတ်အိမ်ခိုင်ခန်. ကြီးမား လှပါသည် ။မွှေးဝတ္ထုကြီးတွင် ခင်နှင်းယု ကျွန်တော်တို.ကို ခေါ်သွားပြသသည်. နေရာတွေအများကြီး ရှိပါသည် ။ သို.ရာတွင် ကျွန်တော်တို.သည် ၀ါးခယ်မမြို. လယ်ကွင်းများမှ စပါးနှံဦး နုနု ကွေးကွေးလေးတွေဆီ မမေ.တဲ့နိုင်အောင် ပြန်ပြန်ရောက်လာသည် ။



မွှေးဝတ္ထုကြီးမှ အစ၀ါကျနှင်. နိဂုံးဝါကျတို.ကို ဖြုတ်ပစ်ကြည်.ပါ ။မွှေးဝတ္ထုကြီးသည် ယခုလှနေသည်လောက် လှတော.မည် မဟုတ် ။ ခင်နှင်းယုသည် စပါးနှံဦး နုနုကွေး ကွေးလေးတို. ၏ အနံ.အသက် အရောင်အဆင်း အကောင်ဒြပ်တွေကို လွန်၍ ဟိုမှာဘက်ဆီသို.ပြသည် ။ ဤ သို.ဖြင်. မွှေးဝတ္ထုကြီး  သေခြင်းမဲ့သော ၀ိဥာဏ် ကိန်းဝပ်လာသည် ။ဝါးခယ်မ ဟူသော နေရာသည်လည်း မမေ.တဲ့နိုင်အောင်လှလာသည် ။

 ( ၀ါးခယ်မ မြို.နယ် အသင်း ရွှေရတု မဂ္ဂဇင်းပါ နိုင်ငံကျော် စာရေးဆရာကြီး တက္ကသိုလ် ဘုန်းနိုင် ၏ ဆောင်းပါးမှ ကောက်နှုတ် ဖော်ပြပါသည်)

ဆက်စပ် ဖတ်ရှုရန် ...ကိုခါးရဲ. မွှေး..သော်က..ခင်နှင်းယု..၀ါးခယ်မ


ဆရာမကြီး ခင်နှင်းယု ၏ မွှေးစာအုပ် Download ရယူနိုင်ရန် ...http://library.eainmathlaing.com/archives/category/၀တ္ထုရှည်/ခင်နှင်းယု 

No comments:

Post a Comment