Tuesday, July 9, 2013

ယခုရက်ပိုင်းအတွင်း စိတ်ဝင်စားစရာ MNL သတင်းများ (၉ ဇူလိုင် ၂၀၁၃)


၂၀၁၅ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်ကို အတန်း(၃) တန်းဖြင့်ကျင်းပဖွယ်ရှိ

လက်ရှိအချိန်တွင် မြန်မာနေရှင်နယ်လိဂ်ကို MNL-1 နှင့် MNL-2 အစသဖြင့် အတန်းနှစ်တန်းဖြင့် ကျင်းပနေသော်လည်း ၂၀၁၅ ဘောလုံးရာသီတွင် MNL-3 ပြိုင်ပွဲကို ထည့်သွင်းကျင်းပရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းနှင့်ပတ်သတ်ပြီး
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးက " ၂၀၁၅ မှာ MNL-3 ဆိုပြီး အတန်းတစ်တန်းထပ်တိုး ကျင်းပနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ ဒီရာသီမစခင်ကတည်းက ပြုလုပ်ခဲ့တဲ့ လိဂ်ကော်မတီအစည်းအဝေးပွဲမှာတည်းက MNL-3 လုပ်ဖို့ကို
သဘောတူခဲ့ကြတာပါ။ " ဟု ပြောကြားခဲ့သည်။
မူလက MNL-3 ကို ဆီမီးပရိုအဖြစ်သာ ကျင်းပရန်ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ပရော်ဖက်ရှင်နယ်လိဂ်အဖြစ်တစ်ခါတည်းကျင်းပနိုင်ရန် စီစဉ်နေကြခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် MNL-1 တစ်ခုတည်းသာ တန်းတက်တန်းဆင်းစနစ်ကျင်းသုံးနေခဲ့သော်လည်း
MNL-3 သာ ကျင်းပဖြစ်ခဲ့ပါက MNL-1 နှင့် MNL-2 နှစ်ခုစလုံးတွင် တန်းတက်၊ တန်းဆင်းစနစ်ကို ကျင့်သုံးရတော့မည်ဖြစ်သည်။



ဧရာဝတီသို့ပြောင်းရွှေ့ခဲ့သည့် ဟိန်းသီဟဇော် ယနေ့ထိတိုင်လျော်ကြေးငွေ မရရှိသေး



 ၂၀၁၃ ဘောလုံးရာသီဝက်အပြောင်းအရွှေ့တွင် ဧရာဝတီယူနိုက်တက်မှ ရတနာပုံအသင်းသို့ ပြောင်းရွှေ့ခဲ့သည် မြန်မာ့လက်ရွေးစင်ဂိုးသမား သီဟစည်သူ၏ အပြောင်းအရွှေ့တွင် တစ်စိပ်တစ်ဒေသပါဝင်ခဲ့သည့် ဟိန်းသီဟဇော်သည် ယနေ့ထက်တိုင်လျော်ကြေးငွေမရရှိ
သေးကြောင်း သိရှိရသည်။ သီဟစည်သူ၏ အပြောင်းအရွှေ့တွင် ရတနာပုံအသင်းမှ ကစားသမားနှစ်ဦးဖြစ်သည့် ဟိန်းသီဟဇော်နှင့်စိုးကျော်ကျော်တို့သည် ရတနာပုံအသင်းနှင့်စာချုပ်သက်တမ်းရှိနေခဲ့သော်လည်း အသင်းတာဝန်ရှိသူများ၏ စီစဉ်မှုကြောင့် အသင်းပြောင်း
ရွှေ့မှုအပေါ်ကို သဘောတူခဲ့ပြီး ယင်းသဘောတူမှုတွင် ရတနာပုံအသင်းမှပေးချေရမည့် နစ်နာကြေးအဖြစ် သိန်း(၉၀) ကို ဟိန်းသီဟဇော်အနေဖြင့် ယနေ့ထိတိုင်အောင်မရရှိသေးကြောင်း သိရသည်။
" ကျွန်တော် ဧရာဝတီကို ပြောင်းရင် နစ်နာကြေးသိန်း(၉၀)ပေးမယ်လို့ အသင်းအုပ်ချုပ်သူက နှုတ်ကတိပေးခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအချိန်မှာ ကျွန်တော်အသင်းမပြောင်းချင်သေးပါဘူး။ စာချုပ်ကလည်း ကျန်နေသေတာကိုး။ ဒါပေမယ့် မဖြစ်မနေပြောင်း
ရမယ့်အခြေအနေရောက်သလို အသင်းအုပ်ချုပ်သူကလည်း အုပ်ချုပ်သူတစ်ယောက်အနေနဲ့ နှုတ်ကတိပြုပြောကြားခဲ့တဲ့အတွက် ကျွန်တော့်မိသားစုနဲ့ တိုင်ပင်ပြီး အသင်းပြောင်းရွှေ့ခဲ့တာပါ။ ဒါပေမယ့် အခုချိန်ထိ ဒီကိစ္စအတွက် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ် နေ့ရွှေ
ညရွှေဖြစ်နေခဲ့ပါတယ်။ MNL 2013 လည်း ပြီးဆုံးခါနီးပီဖြစ်လို့ ကျွန်တော်လည်းရသင့်ပြီလို့ထင်ပါတယ်။ " ဟု ဧရာဝတီယူနိုက်တက်နောက်ခံလူ ဟိန်းသီယဇော်က လျော်ကြေးမရသေးခြင်းနှင့်ပတ်သတ်ပြီး ဖွင့်ဟပြောကြားသွားခဲ့သည်။
ယင်းကစားသမားသည် ဧရာဝတီယူနိုက်တက်နောက်တန်းတွင် ခြေစွမ်းပြကစားနေခဲ့ပြီး နေပြည်တော်အသင်းနှင့် (၃-၃) ဂိုး သရေကျခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် လိုအပ်နေသော နောက်ဆုံးချေပဂိုးကို အံသြသင့်ဖွယ်အနေအထားကနေ ကန်သွင်းယူနိုင်ခဲ့သူ
ဖြစ်သည်။


 ရခိုင်ယူနိုက်တက် နည်းပြချုပ် အနားပေးခံရ


ပွဲစဉ်(၁၇) ပြီးချိန်အထိ နိုင်ပွဲမရရှိသေးပဲ အမှတ်ပေးဇယား အောက်ဆုံးတွင် ရောက်ရှိနေသည့် ရခိုင်ယူနိုက်တက် အသင်းသည် အသင်း၏ ရလဒ်ဆိုးရွားမှုများကြောင့် နည်းပြချုပ် ဖြစ်သူ ဦးအောင်နိုင်အား တာဝန်မှ အနားပေးလိုက်ကြောင်း သိရသည်။ ဦးအောင်နိုင်အား အနားပေးခဲ့ရခြင်းကို ရခိုင်ယူနိုက်တက် အသင်းက ကျန်းမာရေး အခြေအနေကြောင့် အနားပေးခဲ့ ခြင်းဟု ထုတ်ပြန် ကြေငြာခဲ့သည်။



ရခိုင်ယူနိုက်တက် အသင်းမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် အသင်းတာဝန်ရှိသူ တစ်ဦးက "ကျွန်တော်တို့အနေနဲ့ ဦးအောင်နိုင်ကို နည်းပြချုပ်ရာထူးကနေ အနားပေးခဲ့တာပါ။ သူဟာ အသင်းမှာ စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်လက်ရှိနေမှာ ဖြစ်ပြီး အသင်းရဲ့ အခြားကဏ္ဍတွေမှာ ဆက်လက်ဆောင်ရွက်ခွင့်ပေးထားပါတယ်။ အနားပေးခဲ့ရတာကတော့ တန်းဆင်းဇုန်ထဲရောက်နေတဲ့ အသင်းကို တန်းဆင်းဇုန်ထဲကနေ ရုန်းမထွက် နိုင်တာ၊ ပွဲစဉ် ၁၇ ပွဲကစားပြီးချိန်ထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိတာအပြင် နည်းဗျူဟာ သုံးသပ်ချက်မှားယွင်းတတ်တာ တွေကြောင့် ကျန်းမာရေးအရ အနား ယူဖို့လိုအပ်တဲ့အတွက် အခုလို အနားပေးဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ ဒီလိုရလဒ်တွေဆိုးရွားနေချိန်မှာ ပရိသတ်တွေရဲ့ တောင်းဆိုမှုကိုလည်း ထည့်သွင်းစဉ်းစားခဲ့တာလည်း အရေး ကြီးတဲ့ အချက်တစ်ချက်ပါဘဲ။ နည်းပြချုပ်ရာထူးကနေ အနားပေးခဲ့ပေမယ့်လည်း ဦးအောင်နိုင်ဟာ အသင်းမှာ ဆက်လက်ရှိနေမှာဖြစ်ပြီး ရခိုင်အသင်းရဲ့ အခြားကဏ္ဍတွေမှာ ဆက်လက်ပါဝင်ဆောင်ရွက်ခွင့်ရမှာ ဖြစ်ပါတယ်"ဟု ဦးအောင်နိုင်အား နည်းပြချုပ် အဖြစ်မှ အနားပေး ခဲ့ရသည့် အကြောင်းရင်းကို  ပြောကြားခဲ့ကြောင်း ဖော်ပြထားခဲ့သည်။

လက်ရှိတွင် ဦးအောင်နိုင်၏ စာချုပ်သက်တမ်းမှာ နိုဝင်ဘာလအထိ ကျန်ရှိနေသောကြောင့် စာချုပ်သက်တမ်း ကုန်သည်အထိ အသင်းတွင် တာဝန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ရခိုင် ယူနိုက်တက်သည် ဦးအောင်နိုင်ကို အနားပေးခဲ့ပြီးနောက် လက်ရှိတွင် လူငယ်အသင်း နည်းပြချုပ်အဖြစ် ဆောင်ရွက်နေသည့် အသင်းခေါင်းဆောင်ဟောင်း အောင်ဇော်မျိုးကို နည်းပြချုပ် အဖြစ် ယာယီတာဝန်ပေးခဲ့ကြောင်း သိရသည်။ ဦးအောင်နိုင်သည် ပြီးခဲ့သည့် ရာသီက ရခိုင်ယူနိုက်တက်ကို ရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက်ပေးခဲ့သည့် နည်းပြချုပ် ဦးဟန်ထွန်း အသင်းပြောင်းသွား ခဲ့ပြီးနောက် နည်းပြချုပ် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ 


Source ; SoccermyanmarMyanmarsportdata

No comments:

Post a Comment