Saturday, November 30, 2013

ရန်ကုန် တွင် ကျင်းပမည်.. Sea Game ပြိုင်ပွဲ များနှင်. ပတ်သက်သော အချက်အလက်များ




 ၂၇ ကြိမ်မြောက် အရှေ.တောင်အာရှ အားကစားပြိုင်ပွဲ၏ ပွဲစဉ်အချို.ကို ၇န်ကုန်မြို.တွင် ပြုလုပ်မည်ဖြစ်ပါသည် ။ 


 ထိုပွဲများအနက် အားလုံးလိုလို စိတ်ဝင်စားကြသော အမျိုးသား အုပ်စု ဘောလုံး;ပြိုင်ပွဲများကို သုဝဏ ဘောလုံးကွင်း တွင် ကျင်းပမည်ဖြစ်သည် ။ ၇ိုးရိုးတန်း လက်မှတ်များကို ၂၀၀၀ နှင်. အထူးတန်း လက်မှတ်များကို ၄၀၀၀ သတ်မှတ်ထားသည်ဟုသိရပါသည် ။လက်မှတ်များကို My Asia Company Website တွင် ၂၇ ရက်နေ.က စတင်ရောင်းချနေပြီး ဒီဇင်ဘာ ၁ ရက်နေ.တွင် ရန်ကုန် ၊မန္တလေး ၊နေပြည်တော် ဘောလုံးကွင်းများနှင်. 4 Digital ခန်းမများတွင်ရောင်းချမည် ဟုသိရပြီး နိုင်ငံသားကဒ် ယူဆောင်သွား၇န် လိုအပ်ကာ တစ်ကဒ်လျှင် ၂စောင်ရောင်းချပေးမည်ဟုဆိုသည် ။ မြန်မာအမျိုးသား ဘောလုံးအသင်းအနေဖြင်. ဒီဇင်ဘာ ၇ ရက်နေ.ညနေ ၆နာရီ ၄၅ တွင် ကမ္ဘောဒီးယားအသင်း ၊ ဒီဇင်ဘာ ၉ ရက်နေ. ၆နာရီ ၄၅ တွင် တီမော ၊ဒီဇင်ဘာ ၁၄ ရက် ညနေ ၆နာရီ ၄၅ တွင်ထိုင်း ၊ ဒီဇင်ဘာ ၁၆ ရက်နေ. ၆နာရီ ၄၅ တွင် အင်ဒို အသင်းတို.နှင်. ယှဉ်ပြိုင်ရမည်ဖြစ်သည် ။ အကြိုဗိုလ်လုပွဲကိုမူ ဒီဇင်ဘာ ၁၉ ရက်နေ.တွင် နေပြည်တော် ဇေယျာသီ၇ိ ကစားကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  ထိုကွင်းတွင်ပင် ၂၁ ရက်နေ. ညနေ၄နာရီ တတိယလုပွဲ ၇နာရီခွဲ တွင် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည် ။

 
 အမျိုးသား ကာယအလှပြိုင်ပွဲများကို မူ မရမ်းကုန်းမြို.နယ် မင်းဓမ္မလမ်း ရှိ Myanmar Convention Center တွင် ကျင်းပမည်ဖြစ်သည် ။ထိုပြိုင်ပွဲသို. မြန်မာ ၊ထိုင်း ၊မလေး ၊ အင်ဒို ၊ဗီယက်နမ် တို.မှ ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည် ။နှစ်ဆန်းပိုင်းမှစ၍  ကစားသမား ၇ ဦးကို စခန်းသွင်း လေ.ကျင်.ပေးနေပြီး နောက်ဆုံး ဆန်ကာတင် ၅ ဦးဖြင်. ၀ိတ်တန်း ၅တန်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည် ။ ဒီဇင်ဘာ ၁၄ နှင်. ၁၅  ရက်၂ရက်ယှဉ်ပြိုင်မည်ဟုသိရပြီး ၀ိတ်တန်းအလိုက် ယှဉ်ပြိုင်ပြီးသည်နှင်. ဆုများချီးမြှင်.သွား မည်ဟုသိရသည် ။ ၁၄ ရက်နေ.တွင် မနက် ၉နာရီမှ စတင်ယှဉ်ပြိုင်မည်ဖြစ်သည် ။မြန်မာ အားကစားအဖွဲ.အနေဖြင်. ၁၉ ကြိမ် ၂၁ ကြိမ် ၂၅ ကြိမ် တို.တွင် ရွှေဆု ရရှိဖူးထားသည် ။ 



ကမ်ပိုပြိုင်ပွဲနှင်.နပန်းပြိုင်ပွဲ တို.ကို မူအမျိုးသား အားကစားပြိုင်ပွဲရုံ ( ၁ ) သုဝဏ National Indoor Stadium 1 တွင် ကျင်းပပြုလုပ်မည်ဖြစ်သည် ။ နပန်းတွင် Greco အမျိုးအစား နှင်. Freestyle ဟူ၍ ၂မျိုး ပါဝင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ.တွင် စတင် ကျင်းပမည်ဖြစ်သည် ။ အမျိုးသား ၊အမျိုးသမီး ၂မျိုးလုံး ကီလိုအလိုက် ထည်.သွင်းကျင်းပမည်ဖြစ်ကာ ဒီဇင်ဘာ ၁၃ ရက်နေ.တွင် နောက်ဆုံးထား ကျင်းပမည်ဖြစ်ပြီး နေ.စဉ်တိုင်း ဆုပေး ပွဲပါ ထည်.သွင်းသွားမည်ဖြစ်သည် ။ ပြိုင်ပွဲသို. ဘရူနိုင်း ၊ အရှေ.တီမော ၊မလေးရှား နှင်. အင်ဒိုနီးရှား တို.မှလွဲ၍ ၇ နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဓိက သတိထား၇မည်.အသင်းမှာ ဗီယက်နမ် ဟု သိရပါသည် ။


 အလေးမ အားကစားပြိုင်ပွဲများကိုမူ သိမ်ဖြူ အားကစားရုံတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ ၊မလေး၊ ထိုင်း ၊ဖိလစ်ပိုင် ၊ဗီယက်နမ် နှင်. အင်ဒို တို.မှ အမျိုးသား /အမျိုးသမီး ၆၃ ဦး   ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည် ။ ပြိုင်ပွဲများကို ဒီဇင်ဘာ ၁၃ တွင် စတင်ပြီး ၁၆ ရက်နေ.အထိ ယှဉ်ပြိုင်မည်ဖြစ်သည် ။ နေ.စဉ်ပွဲများကို ၁၂ နာရီ ၂ နာရီ ၄ နာရိတို.တွင် ကျင်းပမည်ဖြစ်သည် ။


 ဟော်ကီ ပြိုင်ပွဲများကိုလည်း သိမ်ဖြူ မြက်ခင်းတုဟော်ကီ ကွင်းတွင် ဒီဇင်ဘာ ၁၃ ရက်မှ ၂၁ ရက်အတွင်း အမျိုးသား /အမျိုးသမီ့း ပွဲပေါင်း ၃၀ ကို ၉ရက်အတွင်းကျင်းပမည်ဖြစ်သည် ။ကျင်းပမည်ဖြစ်သည် ။ဟော်ကီ နည်းပြမှာ ပါကစ္စတန် လူမျိုး Mr-Muha Mmad Akhlalq ဖြစ်ပြီး ပြိုင်ပွဲအတွက် အသင်းကို ၂၀၁၃ မတ်လ ၁ရက်နေ.က စတင်ဖွဲ.စည်းခဲ့ခြင်းဖြစ်သည် ။  ပြိုင်ပွဲသို. မြန်မာ ၊မလေး ၊ စင်္ကာပူ ၊ထိုင်း ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ အင်ဒို ..အမျိုးသား ၊အမျိုးသမီး အသင်းများဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး မြန်မာ အမျိုးသား အသင်းအနေဖြင်.ရွှေတံဆိပ် အထိရည်မှန်းထားကြောင်း သိရသည် ။ထိုအသင်းသည်  သြဂုတ်လ မလေးရှားနိုင်ငံ တွင်သွားရောက်လေ.ကျင်.ခဲ့ပြီး စက်တင်ဘာလ ထိုင်းနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယ ရရှိထားသော အသင်းဖြစ်သည် ။ မြန်မာအသင်းအနေဖြင်. ဒီဇင်ဘာ ၁၃ ရက်နေ.တွင် အမျိုးသားအသင်းက ထိုင်းနှင်. ၊ အမျိုးသမီး အသင်းက မလေး နှင်. ။ ၁၄ ရက်တွင် အမျိုးသမီး အသင်းက စင်္ကာပူနှင်. ။ ၁၅ ရက်တွင်အမျိုးသားအသင်းကစင်္ကာပူနှင်.။နောင်ရက်များတွင်တော.အခြားပြိုင်ဘက်များနှင်.တောက်လျှောက်
ပြိုင်ပွဲဝင်မည်ဖြစ်သည် ။ဒိုင်အဖြစ် ဂျပန် ၊ဟောင်ကောင် ၊မလေး ၊အန္ဒိယ ၊ထိုင်း ၊တရုတ် ၊ကိုရီးယားတို.က တာဝန်ယူမည်ဟုသိရပါသည် ။


 သေနတ်ပစ်ပြိုင်ပွဲ များကိုမူ မြောက်ဒဂုံ သေနတ်ပစ်ကွင်းတွင် ကျင်းပမည်ဖြစ်သည် ။
ထိုပြိုင်ပွဲများသို. သွားရောက်ရန် အတွက် ကားများစီစဉ်ထား မှုနှင်. သွားလာနိုင်၇န်များမှာ အမျိုးသား အားကစားပြိုင်ပွဲရုံ ( ၁ ) သုဝဏအတွက် လေးထောင်.ကန် လမ်းမကြီးနှင်. သံသုမာလမ်း အတိုင်း မထသ မှယာဉ်လိုင်း ၁၅ လိုင်း ၊ ၁၉၇ ၊ မေတ္တာလှိုင်း ၊ ၈၈ ၊ ပါရမီလိုင်း စုစုပေါင်း ၂၂လိုင်းပြေးဆွဲ သွားမည်ဟု သိရသည် ။ သိမ်ဖြူ အားကစားရုံနှင်. ဟော်ကီကွင်းသို. မထသ မှ ၈လိုင်း ၊ ၂၃၇ ၊ ၈၈ ၊ ၁၅၇ ၊ ပါရမီ ၂လိုင်း စုစုပေါင်း ၁၃ လိုင်း ။ MCC ခန်းမသို. ၅၁ ၊ ၂၀၂ အထူး ၊ ၂၁၃ စုစုပေါင်း ၃လိုင်း ။ ဒဂုံမြောက် သေနတ်ပစ်ပြိုင်ပွဲသို. ၂၁၃ အထူး ၊ ၆၁ ၊ မေတ္တာလှိုင်း ၂ ၊ ပါရမီ စုစုပေါင်း ၄လိုင်း ပြေးဆွဲသွားမည်ဟု သိရပြီး ထိုသို.သွားလာနိုင်ရေး ယာဉ်လိုင်းနှင်. သတ်မှတ် ယာဉ်စီးခ များပါ လက်ကမ်းကြော်ငြာများကိုလည်း မကြာမှီ ဝေငှသွားမည်ဖြစ်သည် ။

Source ; မြန်မာ.အလင်း နေ.စဉ် ၊ စံတော်ချိန် နေ.စဉ် & Sea Game Official Website

Friday, November 29, 2013

( ဦး ) အေးနေ၀င်း နှင်. The Voice Interview



Voice : ထောင်ထဲမှာ ဘယ်လောက် နေခဲ့ရလဲဗျ။
UANW : အထဲမှာက ၁၁ နှစ်နဲ့ ရှစ်လ နေခဲ့ရပါတယ်။

Voice : လွတ်မယ်ဆိုတာ ကြိုသိပါ သလား၊ ဘယ်လောက် ကြိုသိခဲ့ပါသလဲ။
UANW : မသိခဲ့ပါဘူး၊ လွတ်ခါနီး ၁၅ မိနစ်လောက်မှ သိတာပါ။ ညီအစ်ကို နှစ်ယောက် လွတ်လာပါတယ်။

Voice : အခု လွတ်လာပြီးတော့ အရင်လို စီးပွားရေး ပြန်လုပ်မှာလား။
UANW : မလုပ်သေးပါဘူး။ အခုမှ လွတ်လာခါစ ဆိုတော့ စဉ်းစားဦးမှာပါ။

Voice : နိုင်ငံရေးလုပ်ဖို့ ရှိပါသလား၊ ပါတီတစ်ခုထောင်ဖို့ ရှိပါသလား၊ လွှတ်တော် ထဲကိုဝင်ဖို့ ရှိပါသလား။
UANW : အင်း နိုင်ငံရေး လုပ်မလားလို့ မေးရင် လုပ်မှာပါ။ ဒါပေမဲ့ ပါတီတစ်ခုထောင်မှ၊ လွှတ်တော်ထဲကိုဝင်မှ နိုင်ငံရေး မဟုတ်ပါဘူး။ အဲလိုလုပ်ဖို့ကို စိတ်မဝင်စားပါဘူး။

Voice : ဒါဆို ဘယ်လို နိုင်ငံရေးကို လုပ်ပါမလဲ။
UANW : အမျိုးသားနိုင်ငံရေးပါ။ တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ အစဉ်အလာကို သေးသိမ်အောင် လုပ်တာမျိုးတွေ တိုင်းပြည်ရဲ့ လုံခြုံရေး၊ လူမျိုးရေးနဲ့ ပတ်သက်လာခဲ့လို့ ရှိရင် တတ်နိုင်တဲ့ဘက်က ပြည်သူ အပေါ်မှာ ကူညီပေးနိုင်တဲ့ နိုင်ငံရေးကို ပြောတာပါ။

Voice : တစ်သီးပုဂ္ဂလ အနေနဲ့ နိုင်ငံရေးလုပ်လို့ ရတယ်လို့ ဆိုလိုတာလား။
UANW : မဟုတ်ပါဘူး။ အဲလို နိုင်ငံရေးမျိုးကို လက်ရှိ လုပ်နေတဲ့ စေတနာ ကောင်းကောင်းနဲ့ လုပ်နေတဲ့လူတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော် ဝင်ပါပြီးတော့ လုပ်လိုက်လို့ ထပ်ပြီး အကျိုးကျေးဇူး ရလာရင်တော့ လုပ်မှာပါ။ ဒါပေမဲ့ သူတို့ လုပ်နေတာတွေက အားရကျေနပ်ဖွယ်ရှိတော့ ဝင်ပါစရာ မလိုသေးပါဘူး။

Voice : နိုင်ငံတော် ပုန်ကန်မှု လုပ်တယ် ဆိုပြီး အစိုးရက ဖမ်းခဲ့တယ်။ အဲဒါ တကယ် လုပ်ခဲ့တာလား၊ အဖမ်းခံရတာကိုရော ဘယ်လိုမြင်လဲ။
UANW : နိုင်ငံတော် ပုန်ကန်မှုနဲ့ အဖမ်းခံရတာ ဟုတ်ပါတယ်။ အဲဒီကြောင်းတွေ ပြန်မပြော ချင်တော့ဘူး။

Voice : နောက်ပြီး အရင်အစိုးရကိုရော ဘယ်လို မြင်ပါသလဲ။
UANW : ဘာမှ မမြင်ပါဘူး၊ နာကြည်းတဲ့ ခံစားချက်လည်း ဘာမှ မရှိဘူး။ ဒါပေမဲ့ မမြင်ဘူးဆိုတာ အစိုးရကြောင့် ကျွန်တော်တို့ အကျဉ်းကျခံရတာ မဟုတ်ဘူး။ အစိုးရကို ချုပ်ကိုင်ထားတဲ့ လူပုဂ္ဂိုလ်အချို့ သို့မဟုတ် တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်ကြောင့်သာလျင် အထဲကို ဝင်ခဲ့ရတာ ဆိုတော့ အစိုးရကို ဘယ်လိုမှ မမြင်ပါဘူး။ နောက်ပြီး အစိုးရသာ မကောင်းခဲ့ရင် ကျွန်တော့် အဘိုးတောင် အပြင်မှာ နေရမှာ မဟုတ်ဘူး။ အစိုးရ သဘောထား ကောင်းခဲ့တာကြောင့် အဘိုးဟာ သာမန်လူတစ်ယောက် လိုပဲ အပြင်မှာ နောက်ဆုံး ထွက်သက်အထိ မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ ခေါင်းချခွင့် ရခဲ့တာပဲ။

Voice : ဖမ်းဆီး ထိန်းသိမ်းခံခဲ့တဲ့ အချိန်မှာ ပိုင်ဆိုင်မှုတွေ ဘယ်လောက် ချိပ်ပိတ် ခံခဲ့ရပါသလဲ။
UANW : ကျွန်တော်တို့ မိသားစုမှာ အရှိန်အဝါကြောင့် လုပ်ကိုင်ခဲ့တာ၊ စီးပွားရှာခဲ့တာ မရှိပါဘူး။ ကိုယ်ကိုယ်တိုင် မှန်မှ သူများကို မှန်မှန်ပြောလို့ ရမှာပါ။ နိုင်ငံတော် ခရီးစဉ်အရ သွားခဲ့တဲ့ နိုင်ငံတွေက ပေးလိုက်တဲ့ လက်ဆောင်တွေကိုတောင်မှ ပြန်ရောက်တဲ့ အချိန်မှာ စာရင်းအင်းနဲ့ နိုင်ငံတော်နဲ့ ပါတီကို ပြန်အပ်ခဲ့ရတာလေ။ နာရီ ဘယ်နှလုံး၊ ကော်ဇော ဘယ်နှချပ်ကအစ နိုင်ငံတော်ပိုင်အဖြစ် ပြန်အပ်ခဲ့ရတယ်။ ကျွန်တော် ပြောနေတာကို မယုံရင် အခု သက်ရှိထင်ရှား ရှိနေတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ကို သွားပြီးတော့ မေးလို့ ရတယ်။ တပ်မှူး၊ တပ်မမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ သူတွေလေ၊ သူတို့တွေ တာဝန်ကျရာမှာ ကျွန်တော်တို့က မိသားစု အရှိန်အဝါနဲ့ မြေကွက် တစ်ကွက်ပေးပါ။ အိမ်တစ်လုံး ပေးပါဆိုပြီး တောင်းခဲ့တာ မရှိဘူး။ သူတို့ကိုယ်တိုင် သက်သေခံနိုင်ပါတယ်။သူတို့တွေထက် စီနီယာကျတဲ့ ဗိုလ်ချုပ်ကြီး မောင်အေးတို့၊ ဗိုလ်ချုပ်ကြီး ထွန်းကြည် တို့ကို သွားမေးနိုင်ပါတယ်။ ကားတို့၊ နိုင်ငံခြားပစ္စည်းတွေ တင်သွင်းခွင့် ပါမစ်တွေကို မိသားစု အရှိန်အဝါနဲ့ ယူခဲ့တာ ဘာတစ်ခုမှ မရှိပါဘူး၊ သူတို့ သက်ရှိထင်ရှား ရှိနေပါသေးတယ်။

Voice : ပြည်သူတွေကြားမှာ မိသားစု ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပြောကြတာကို ဘယ်လို ထင်ပါတယ်။

UANW : ပြည်သူတွေကိုတော့ ပြောစရာ မလိုပါဘူး။ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် သတင်းလွှင့်တဲ့ သူတွေ ရှိတယ်။ သူတို့က မိသားစုကို မလိုမုန်းထား ရှိခဲ့ကြတာလေ။ ရေးကြီးခွင်ကျယ် ပြောနေစရာ မလိုဘူး။ ဘယ်နိုင်ငံမှာမဆို ဒီလိုအဆင့် အတန်းနဲ့ နေခဲ့ရတဲ့ မိသားစုကို ကြိုက်တဲ့ သူတွေ ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိမှာပဲ။

Voice : ရေးကြီးခွင်ကျယ် ပြောစရာ မလိုဘူးဆိုတာ ဘာကြောင့်ပါလဲ။
UANW : အရေးတယူလုပ်ပြီး ရှင်းစရာ မလိုဘူးဆိုတာက နိုင်ငံသားတွေအပေါ်မှာ အပြည့်အဝ ယုံကြည်လို့ပါ။ သူတို့တွေ စဉ်းစား ဆင်ခြင်နိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အလေးမထားပါဘူး။

Voice : လက်ရှိ နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဘယ်လို ယူဆပါလဲ။
UANW : အခု အစိုးရ လက်ထက်မှာ အပေါင်း လက္ခဏာတွေကို တွေ့ရလို့ ဝမ်းသာပါတယ်။ သို့သော် စနစ်ပြောင်း ခေတ်ပြောင်းလို့ တိုးတက်လာတာလား၊ လူ ပြောင်းသွားတာကြောင့် တိုးတက်လာတာလား ဆိုတာ စဉ်းစားကြည့် ဖို့လိုမယ်။ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်မှာ ဒီစနစ်ကို ကြိုက်လို့ ဝမ်းသာအားရ ပူးပေါင်းလာတဲ့သူ မရှိပါဘူး။ အရင်ခေတ်ဟောင်းကို ရုန်းထွက်ချင်တဲ့ ရွေးကောက်ပွဲ နိုင်ငံရေးကို ရွေးချယ်ခဲ့ကြတာပါ။ ဒါပေမဲ့ စစ်အစိုးရမို့လို့ မကောင်းဘူး၊ တပ်မတော် အုပ်ချုပ်တဲ့ နိုင်ငံရေးက မကောင်းဘူးဆိုတဲ့ အယူအဆကို လက်မခံဘူး။

Voice : ဘာလို့ လက်မခံတာလဲ။
UANW : အခု တာဝန် ထမ်းဆောင်နေတဲ့ သမ္မတဦးသိန်းစိန်သာ နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်ခဲ့ရင် တိုင်းပြည် ပိုပြီးတော့ တိုးတက်မယ်လို့ ယူဆလို့ပါ။ ဝန်ကြီးချုပ် ဆိုတော့ အဲဒီအချိန်က အခြေခံဥပဒေ မရှိဘူး။ အခြေခံဥပဒေရဲ့ ထိန်းချုပ်ခြင်းကို မခံရဘူးလေ။ သူ အခုအချိန်ထက် ကောင်းအောင် လုပ်လို့ရတယ်။ အခုက ဘာပဲ လုပ်ချင်လုပ်ချင် အခြေခံဥပဒေက ထိန်းချုပ်ထားတာ ဆိုတော့ ဘာမှ လုပ်လို့မရဘူး။ ခေတ်စနစ်ထက်စာရင် တိုင်းပြည် အုပ်ချုပ်တဲ့သူ ပြောင်းသွားလို့ တိုင်းပြည်က အကောင်းဘက်ကို ဦးတည်သွားတာပါ။

Voice : ဒီတော့ စနစ်ထက် လူက အရေးကြီးတယ်လို့ ယူဆပါသလား။
UANW : အဲလိုပြောလို့ မရပါဘူး။ လူနဲ့ စနစ်က ၅၀ ရာခိုင်နှုန်းစီ အရေးကြီးတာပါ။ တိုင်းပြည် စပြီး ထူထောင်ကတည်းက အခြေခံဥပဒေနဲ့ အုပ်ချုပ်သူ သမ္မတ ကောင်းကောင်း လိုအပ်တာပါ။

Post from The Voice Weekely

လျှာကို စားတဲ့ ငါး - လျှာယောင်ဆောင်တဲ့ငါး


 ကယ်လီဖိုးနီးယား ပင်လယ်ကွေ့က Cymothoa exigua တွေက ငါးပါးစပ် ထဲဝင်ပြီး လျှာမှာ ကပ်တွယ် နေပြီးနောက်မှာ လျှာကို စားပစ်လိုက်ပြီး ငါးရဲ့လျှာ နေရာမှာ သူတို့က အစားထိုး ၀င်နေလိုက် ပါတယ် ။



ဒါက တကယ်.အဖြစ်အပျက်ပါ ။ အဲ့ဒီ Cymothoa exigua  တွေဟာ ငါးရဲ. ပါးစပ်တွေထဲကို ၀င်နေပြီး ပထမ အဲ့ဒီငါးရဲ. လျှာတွေကို စားလိုက်ပါတယ် ။နောက်တော. လျှာနေရာမှာ ၀င်တွယ်ကပ်ပြီး အရင်လျှာလိုပဲအစာတွေ ၀ါးတဲ့အခါမှာ အာခေါင်ထိပ်က သွားသေးသေးလေးတွေနဲ. အတူ အကူအညီပေးပါတယ် ။

သူတို.တွေဟာ အခြားငါးတွေကိုလည်း အလားတူ တိုက်ခိုက်ပေမယ်. ဒီနှင်းဆိရောင် Snapper ငါးမျိုးထံမှာပဲ အစိတ်အပိုင်း တစ်ခုအဖြစ် နေထိုင်နိုင်တာလို. Arizona တက္ကသိုလ်က Marine Biologist ဖြစ်တဲ့ Rick Brusca က ဆိုပါတယ် ။ တစ်ခြား လျှာစား Isopod တွေ ရှိပေမယ်.လည်း ဒီ Cymothoa exigua တွေကသာ အဲ့ဒီလို လုပ်နိုင်တာပါတဲ့ ။

သူတို.မှာနောက်ထပ် စိတ်ဝင်စားဖို.ကောင်းတဲ့ အချက် တစ်ခုရှိနေပြီး တစ်သက်မှာ ၂ဘ၀ နေနိုင်သူတွေလို.ပြောရပါမယ် ။ သူတို.ဟာ အထီးအဖြစ် မွေးဖွားလာကြပြီး ငါး ပါးဟက်ထဲ ရောက်ပြီဆိုတော.မှ ပထမ ၀င်ရောက်တဲ့ အကောင်ဟာ အမအဖြစ် ပြောင်းသွားရပါတယ် ။ ပါးဟပ်ကနေ တစ်ဆင်. လည်ချောင်းထဲကို ၀င်သွားပြီး လျှာမှာ တွယ်ကပ်ကာ အမအဖြစ် ရောက်ရှိပါတယ် ။ သူ.မှာရှိတဲ့ခြေ အစုံတွေ အများကြီးနဲ. တွယ်ကပ်နေပြီး တစ်ခုခြင်းစီမှာ ကင်းမြီးကောက် အဆိပ် ဆူးနဲ.တူတဲ့ အာရုံကြောမကြီးတွေ ရှိပြီး နောက်ထပ်ဝင်လာတဲ့ အကောင်နဲ. မိတ်လိုက်ပြီးချိန်မှာတော. သူ.ဘ၀ကုန်ဆုံးချိန်ထိ အဲ့ဒီ Snapper နဲ.အတူ ပဲ နေထိုင်ပါတော.တယ် ။ 

အကောင်းကြီးလာချိန်မှာ သူမဟာ လျှာကနေသွေးစုပ်ယူရင်း လျှာဟာ ကြွက်သားငုတ်လေးပဲ ကျန်တော.တဲ့အထိ စုပ်ယူစားသောက် ပါတယ် ။ အဲ့ဒီလို
ကြွက်သားငုတ်လေး ကိုခြေသုံး လေးစုံနဲ. ကုပ်ယူပြီး လျှာအဖြစ် အသွင်ယူ နေထိုင်ပါတော.တယ် ။

ဒိနေရာမှာ ရှိနေတဲ့ အယူအဆတွေက တော. သူမဟာ Rose Snapper တွေရဲ.လျှာ ကုန်သွားချိန်အထိ နေပြီး တစ်ချိန်မှာတော. ထွက်ခွာသွားတာကြောင်. လျှာမရှိတဲ့ ငါးရဲ. ဘ၀ဟာ ဘယ်လိုမှ ဇာတ်သိမ်းလှနိုင်မယ် မဟုတ်ပါဘူး ။နောက်တစ်မျိုးကတော. လျှာအဖြစ် အသွင်ယူနေထိုင်ရင်း ကလေးငယ်များအရွယ်ရောက်ချိန်ထိ အိမ်ရှင်ငါးကို အသက်ဆက်ရှင်စေတယ်လို.လည်း ဆိုပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော. Snapper တွေခမျာ သက်တမ်းမစေ.ခင်မှာပဲ ပါးစပ်ဟောင်းလောင်းနဲ.သေရရှာပါတယ် ။

Source ; MYM Club .Net

Thursday, November 28, 2013

မြန်မာနိုင်ငံ ဘောလုံးအဖွဲ.ချုပ် နှင်. AFC Dream Asia Award

Photo by blog.irrawaddy.org

 အာရှ ဘောလုံးအဖွဲ့ချုပ် (အေအက်ဖ်စီ)၏၂၀၁၃ ခုနှစ် အတွက်လူမှုရေး ထူးချွန်ဆု (AFC Dream Asia Award) ကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပြီဖြစ်သည် ။

အာရှ ဘောလုံးအဖွဲ့ချုပ် (အေအက်ဖ်စီ)သည် နှစ်စဉ် လူမှုရေး ထူးချွန်ဆု (AFC Dream Asia Award)ကို ချီးမြှင့်လေ့ရှိရာ ၂၀၁၃ ခုနှစ်အတွက် ရွေးချယ် လိုက်သော ပဏာမ ဆန်ခါတင် (၅)နေရာ ရွေးချယ်ရာ တွင်ပင်   မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပါဝင်နေခဲ့ခြင်းဖြစ်ပြီး အဆိုပါ စာရင်းတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် အာရှ အင်အားကြီးနိုင်ငံများ ဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ ကာတာ၊ ဂျော်ဒန် စသည့်နိုင်ငံများ နှင့်အတူ ပါဝင်နေခဲခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် အာဆီယံ အကောင်းဆုံး အဖွဲ့ချုပ်ဆု ရရှိထားသော မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ဦးဆောင်မှုဖြင့် နိုင်ငံ၏ ဘောလုံး ဖွံ့ဖြိုး တိုးတက်ရေး နှင့်အတူ  ပညာရေး၊ ကျန်းမာရေး နှင့် လူမှုရေး ကဏ္ဍများ တွင်လည်း ဘက်စုံဖွံဖြိုး တိုးတက်မှုများ ရှိလာစေရန် ဆောင်ရွက် လျက်ရှိနေခြင်း၊ အာရှဘောလုံး မိသားစုအတွင်း လူမှုရေး လုပ်ငန်းများကို တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်လျက်ရှိ နေခြင်းကြောင့် ယခုကဲ့သို့ ပဏာမ စာရင်းတွင် ပါဝင် လာခဲ့ခြင်းဖြစ်သည်။

အာရှ ဘောလုံး အဖွဲ့ချုပ်၏ လူငယ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်လျက်ရှိသော ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာရှ ဒေသဘောလုံး ဖွံ့ဖြိုးတိုးတက်မှု အတွက် အသက်(၁၄) နှစ်အောက် လူငယ်ဘောလုံး ပြိုင်ပွဲပေါ်ပေါက်လာစေရန် ဦးဆောင်ကြိုးပမ်း ခဲ့သလို ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)၏ FIFA Football for Health အစီအစဉ် ကိုလည်း မြန်မာနိုင်ငံ အနေဖြင့် အာရှဒေသတွင် ပထမဆုံး ဆောင်ရွက်ခွင့် ရရှိနိုင်ရန် အတွက် ကြိုးပမ်းနိုင်ခဲ့သည်။ FIFA Football for Health အစီအစဉ်သည် မြန်မာ နိုင်ငံသားများ ဘောလုံး အားကစား တိုးတက်ရေးနှင့် ကျန်းမာရေး အသိမြင့်မားရေးအတွက် အဓိက ရည်ရွယ် ဆောင်ရွက်နေသော အစီအစဉ် တစ်ခုဖြစ်သည်။

ထို့ပြင် ပြည်တွင်း၌လည်း ဦးဇော်ဇော် တည်ထောင်ထားသည့် ဧရာဝတီ ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍  ၂၀၁၃ ခုနှစ်တွင် ဆင်းရဲ နွမ်းပါးသော ဒေသများတွင် စာသင် ကျောင်းများ ဆောက်လုပ် လှုဒါန်းခြင်း၊ ပညာသင်စရိတ် မတတ်နိုင်သော ကလေးငယ်(၁၅၀၀)ကိုလည်း ပညာသင် စရိတ်များ ထောက်ပံ့ပေးခြင်း၊ ရန်ကင်း ကလေးဆေးရုံကြီးတွင် ကလေးငယ် များအားအခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ အခမဲ့ နှလုံးခွဲစိတ် ကုသပေးသည့် အစီအစဉ်များ ပြုလုပ်ပေးခြင်း၊ ခြေလေးချောင်း ကလေးငယ် အားအခမဲ့ခွဲစိတ် ကုသပေးခြင်း၊ အရေးပေါ် လူနာတင်ယာဉ် (EAS) အစီအစဉ်ကို ဆောင် ရွက်နေခြင်း၊  မလေးရှား နိုင်ငံတွင် ဒုက္ခရောက်နေသော မြန်မာ နိုင်ငံသားများအား ကူညီခြင်း စသည့် လူမှုရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိ နေသည်။ ဆုရွေးချယ်ရေး အဖွဲ့အနေဖြင့် အထက်ပါ ဆောင်ရွက်ချက်များကို လေ့လာမှုများ ပြုလုပ် ခဲ့ပြီးနောက် ယခုကဲ့သို့ ပဏာမ(၅)နေရာ စာရင်းတွင် ပါဝင်ခဲ့သလို ၂၀၁၂ အတွက် မူဆု ချီးမြှင်.ခံ ခဲ့ရခြင်းဖြစ်သည် ။

အဖွဲ့ဝင်(၄၇)နိုင်ငံ ပါဝင်သော အာရှ ဘောလုံး အဖွဲ့ချုပ်သည် အဆိုပါ လူမှုရေး ထူးချွန်ဆု (AFC Dream Asia Award) ကို ၂၀၁၀ ခုနှစ်တွင် စတင် ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး အာရှ၏ ဘောလုံး အင်အားကြီး နိုင်ငံများ ဖြစ်သော သြစတြေးလျ နိုင်ငံနှင့် ယူအေအီး ဘောလုံး အဖွဲ့ချုပ်များက ဆုရရှိခဲ့ ဖူးပြီး ပြီးခဲ့သည့် ၂၀၁၂ခုနှစ် တွင်လည်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ပဏာမ(၅)နေရာ စာရင်းတွင် ပါဝင်နိုင်ခဲ့ပြီး ယခုနှစ်တွင်တော. ဆုပါချီးမြှင်.ခံ ခဲ့ရခြင်းဖြစ်သည် ။ထို.အပြင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ.ချုပ်သည် ၂၀၁၂ ခုနှစ် အတွက် အာဆီယံ အကောင်းဆုံး ဘောလုံးအဖွဲ.ချုပ် ဆုကိုလည်း ဆွတ်ခူးရရှိထားခဲ့သည် ။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ.ချုပ် ဥက္ကဌ ဦးဇော်ဇော်သည်  မြန်မာ.ဘောလုံးဖွံ.ဖြိုးတိုးတက်ရေးအပြင် လူမှုရေး ပညာရေး ၊ ကျန်းမာရေး တို.ပါ ဘက်စုံတိုးတက်လာစေရန် ဆောင်ရွက်နေခြင်း ၊ အာရှ ဘောလုံးမိသားစုအတွင်း လူမှုရေး လုပ်ငန်းများကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ခြင်းကြောင်. ယခုလိုေ၇ွးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည် ။


“ကျနော်တို့ လုပ်ဆောင်နေမှုတွေကို အသိအမှတ်ပြုခံရတာကြောင့် ဒီဆုကို လက်ခံရတာဖြစ်လို့ ကျနော် တကယ်ပဲ ပျော်ပါ တယ်” လို့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆုလက်ခံယူစဉ် ပြောသွားခဲ့သည် ။ဆုကို နိုဝင်ဘာ ၂၆ ရက်နေ. တွင် မြန်မာ ဘောလုံး အဖွဲ့ချုပ် ဦးဇော်ဇော်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ အခြေစိုက်  AFC တာဝန်ရှိသူထံမှ လက်ခံရယူခဲ့ခြင်းဖြစ်သည် ။

ဦးဇော်ဇော်မှ ဆက်လက်ပြောကြားရာတွင်  မြန်မာပြည်သူတွေအတွက် ဘောလုံးအားကစားကို ဆက်ပြီး 
ကောင်းမွန်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်ဆိုတဲ့အကြောင်း၊ အခု ဒီ ဆုဟာ လူ့အဖွဲ့အစည်းမှာ လူမှု အပြောင်းအလဲတွေကို မြှင့်တင်ဖို့ ကြိုးစားအားထုတ်တာတွေကို ထင်ဟပ်တဲ့အကြောင်း၊ မြန်မာတနိုင်ငံလုံး က လည်း ဒီဆုကို ရလိုက်တဲ့အတွက် ဂုဏ်ယူနေကြမယ် ဆိုတဲ့ အကြောင်းလည်း ပြောကြားခဲ့ပါသည် ။

ထိုနေ.ည အခမ်းအနားကို အောက်ပါ Link တွင်သွားရောက်ကြည်.ရှုနိုင်ပါသည် ။ မူလ အစီအစဉ်အရ တိုက်ရိုက်ကြည်.ရှုနိုင်ရန် စိစဉ်သော်လည်း ၁နာရီ ၄၅ မိနစ်စာ Video File ဖြစ်နေသောကြောင်. Link သာ တင်ပေးဖြစ်ပါသည် ။
 
အာရှဘောလုံးအဖွဲ.ချုပ်၏ ဆုချီးမြှင်.ပွဲအခမ်းအနား ည Video

Source ; MFF , Irrawaddy Blog& Myanmar Alin Newspaper

ဝိုင်းစု ချစ်သူပြောတဲ့ သူ.ချစ်သူအကြောင်း


Photo by အေးဇော်မိုး (စက်မှု)


 ဝိုင်းစု နဲ့ ချစ်သူ သက်တမ်းသုံး နှစ်ကျော် သွားပါပြီ။ ဝိုင်းစုကို မတွေ့ခင် ကတည်းက သဘောကျ ခဲ့တာတော့ မဟုတ်ဘူး။ ၂ဝ၁ဝ တုန်း က အမေရိကလာ ပြီး ဖျော်ဖြေရေး လုပ်ရင်းနဲ့ မှ တွေ့ပြီး သဘောကျသွား တာပါ။


ချစ်သူဖြစ်တဲ့ အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တော့ပေးရတာပေါ့။ တစ်ယောက် နဲ့ တစ်ယောက် အလျှော့ အတင်းတော့ လုပ်ရတာပေါ့။ သူက အနုပညာ သည် ဖြစ်တော့ အနုပညာ လုပ်ငန်းက သာမန် လူတွေနဲ့ မတူဘူးလေ။ သီချင်း ဆိုတာကတော့ ဘာမှမဟုတ် ဘူးလေ။ ရုပ်ရှင် ရိုက်တာ ကျတော့ နား လည် မှုပေးရတာပေါ့။ သူလည်း ဝါသနာ ပါတာကို လုပ်နေတာ ဆိုတော့ ကျွန်တော့် ဘက်က ဘာမှ အဆင်မပြေ တာမရှိပါဘူး။ အဆင်ပြေပါတယ်။

အဓိက အချက် ကတော့ သူ့ကို စစတွေ့ချင်း စိတ်ထဲမှာ တစ်မျိုးပဲ ရင်ခုန်တယ်။ တစ်ခါမှ မဖြစ်ဖူးတဲ့ ခံစားချက်မျိုး ဖြစ်တယ်။ propose တွေလုပ် ပြီးတော့ မြန် မာပြည် ပြန်လာတယ်။ သူ နဲ့ ချစ်သူတွေ ဖြစ်သွားပြီးတော့ ဒီကြား ထဲမှာ သွားရင်း လာရင်းနဲ့ လည်း ပိုပြီး သံယောဇဉ် ဖြစ်လာတယ်။ သူ့အတွေး အခေါ် တွေက ကျွန်တော် နဲ့ အဆင်ပြေတယ်။ မိဘကိုလည်း သိ တတ်တယ်။ သူ့အတွက် ထက်သူ့ မိသားစု၊ ကျွန်တော့် အတွက် အမြဲတမ်း စဉ်းစားတယ်။ စိတ်ထား ကောင်းတယ်။ အဲ ဒါကြောင့် ရွေးချယ်တာပါ။ ဝိုင်းစုကို အနုပညာလုပ် ခွင့်ပေးပါတယ်။ သူအဆင်ပြေတဲ့ အချိန်ထိ သူ ဝါသနာပါတဲ့ အလုပ်ကိုလုပ် နေတာပဲ။ သူ နောက်ဆုံး အသက် တွေ ကြီးလာ လို့ မလုပ်ချင်ဘူး။ ပင်ပန်း တယ်ဆိုရင်လည်း သူ့သဘောပါပဲလို့ ဖြေကြားပေးခဲ့ ပါတယ်။
  
popularmyanmar.com  တွင်
ခိုင်ဝေလွင် တွေ.ဆုံမေးမြန်း ရေးသားသော  မင်္ဂလာဝတ်စုံ ရိုက်ကွင်းပေါ်က သတို့သားလောင်း ကိုဥက္ကာမြင့်ကြူ ရဲ့စကား   ဟူသော စာစုမှ ကောက်နှုတ် ဖော်ပြပါသည် ။

အခြား မင်္ဂလာ အကြိုသတင်းများ .....  သက်မွန်မြင်. - Single to Double - Comming Soon !