Monday, November 18, 2013

သူတို. လုပ်နိုင်ခဲ့ကြသည် ( ၀ါးခယ်မသား ဆိုတာ ဒါမျိုး )




 ကျွန်တော်တို. မြို.လေးက လူတွေက ကိုယ်.မြို. ကိုယ်ချစ်သော အခြားမြို.သားများထက် ပိုချစ်တတ်သူများဖြစ်သည် ။ ဒါကတော. ကျွန်တော်.ယုံကြည်ချက်ဖြစ်သည် ။(မှန်ချင်လည်း မှန်မည် ၊ မှန်ချင်မှလည်းမှန်မည် ။လွတ်လပ်စွာ ကွဲလွဲခွင်.ရှိပါသည် )


ဤသည်ကို အခြားမြို.ရွာ များတွင် ၊ အခြား ဇာတိဖွား များကြားတွင် နေရသော ၀ါးခယ်မသားတို. ပိုသတိထားမိ ခံစားမိကြမည်ဖြစ်သည် ။  ကြုံတိုင်း မိမိတို.မြို.လေးအကြောင်း ၊ မိမိတို.ဒေသထွက်အစားအစာလေးများ ၊ မိမိတို.မြို.လေး၏ ထူးခြားသော ဓလေ.များ ကို ဂုဏ်ယူစွာ ထုတ်ပြောတတ်ကြသော အလေ.အထက မတိုင်ပင်ပဲ တူညိနေကြသည် ။ အခွင်.ရတိုင်း WKA သားကွဟု ကြွေးကျော်လေ.ရှိကြသည် ။ အသက်ပိုကြီးလာလေ ၊ မြို.လေးနှင်. ဝေးကွာချိန် ပိုကြာလာလေ ထို အမူအကျင်.တို.က ပိုပြင်းထန် လာကြလေဖြစ်လာသည် ။ သက်ကြီးပိုင်း ရောက်လာ သူတိုင်းလိုလိုက မိမိတို.မြို.လေးဆီပြန် ၊ မိမိတို.ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်ဟောင်းလေးတွေကြားပြန်လည်ခိုလှုံရင်း ဘ၀ကို အေးချမ်းစွာအဆုံးသတ်လိုကြသည်

ပွဲမတိုင်မှီ ည အလှပြ ထားသော အရုပ်များကြား
 မြို.လေး၏ ထူးခြားသော ဓလေ.များအနက် ထိပ်ဆုံးပိုင်းက ပါဝင်သော အထက ၁ ၀ါးခယ်မ ကထိန် က ၁၅-၁၁-၂၀၁၃ နေ.ကျင်းပခဲ့ပြီ်းဖြစ်သည် ။မကျင်းပမှီ ၁၃ - ၁၁- ၂၀၁၃ နေ.က ဇာတိဖွား ညီအကို တစ်ဦးဖြစ်သော အောင်သူက ဖုန်းဆက်သည် ။သူတို. Company တွင် ပဒေသာပင်ပြိုင်ပွဲ တစ်ခုရှိနေသည် ။ တိုက်ဆိုင်စွာ ကျောင်းကြီးကထိန်ကလည်းရှိနေတော. ကိုယ်.မြို. ဓလေ.လည်း လူတို.သတိထားမိစေ ၊ ကိုယ်.မြို.လက်ရာ Idea နှင်. ကိုယ.်ကျောင်း ဓလေ.တို.ကိုလည်း မြင်ကြစေ ၊ ကိုယ်. ဌာနလည်း ဆုရစေ ဆိုသော တစ်ချက်ခုတ် ၃ချက်ပြတ် အစီအစဉ်ကို ပြောတော. တအားသဘောကျမိသည် ။စိတ်ထဲ တစ်ခုစိုးရိမ်နေသည်က ခုနောက်ပိုင်း အရုပ်ချိုးကြသူတွေ အရင်လို လှပ သေသပ်ပါအုံးမည်လား ၊ နောက်တစ်ခုက ၀ါးခယ်မကနေ ရန်ကုန်ထိ သယ်ယူရမည်. ကုန်ကျစရိတ်နှင်. မထိခိုက်အောင် ဂရုစိုက်ရမည်.အနေအထား ။ သို.သော် အောင်သူက ကျွန်တော်က ကိုယ်.မြို. လက်ရာ နဲ. Idea ကိုယုံတယ် ၊ သယ်ရမယ်.ကုန်ကျစရိတ်ကတော. ဘယ်လောက်ကုန်ကုန် ပြဿနာမရှိ ဆိုပြီး စီစဉ်ထားပုံများပြောတော. ကျေနပ်မိသည် ။ကိုယ်.မြို.အပေါ် ယုံကြည်မှုကိုလည်း ချီးကျုးမိသည် ။ ယခု သူတို. အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည် ။ မြို.လေးရှိ Idea ပိုင်း ဦးစားပေး အရုပ်ကို ၇န်ကုန်ရောက်သည်အထိ သယ်ပြီး လိုအပ်သည်များ အနည်းငယ် မွမ်းမံကာ ၀င်ပြိုင် အနိုင်ယူနိုင်ခဲ့ပြီဖြစ်သည် ။ထိုအရုပ်လေးက ဆဋ္ဌမတန်း ( က ) မှ စီစဉ်သော အရုပ်ဖြစ်ပြီး အရုပ်ပြုလုပ်စဉ်ကပင် ပဒေသာပင်အရုပ်နှင်. ပတ်သက်သော ကန်.သတ်ချက်များ ရှိ/မရှိ မေးပြီး လုပ်ခွင်.ပြုသည် ဆိုသော ခွင်.ပြုချက်ဖြင်. ပြုလုပ်ထားသော အရုပ်ဖြစ်သည် ။ ယခုလို တစ်ချက်ခုတ် ၃ ချက်ပြတ် အစီအစဉ်ကို ဖော်ထုတ်ခဲ့သော ကိုအောင်သူ နှင်. ကိုအောင်ဇော်တို.ကို ချီးကျုးဂုဏ်ပြုအပ်ပါသည် ။ ထိုသို.တိုင်ပင်ပြီး ပြိုင်ပွဲတွင် အနိုင်ရရှိအောင်Psycho -War လုပ် ခဲ့သော Techanical ပိုင်းအတွက်လည်း ချီးကျုးအပ်ပါသည် ။

ကထိန် လှည်.သည်.နေ.က



ယခုအောက်တွင်ဖော်ပြထားသည်ကSS Avenue သို.ပေးပို.လာသော ညိလေး အောင်ဇော်ဝေ ၏ ပီတိစကားများဖြစ်ပါသည် ။

ကုမ္ပဏီမှာ ကထိန်ပွဲကျင်းပမယ်တဲ့....ဌာနတစ်ခုကို ပဒေသာပင် တစ်ခုလုပ်ရမယ်....အလှဆုံးပဒေသာပင်ကို CEO က ဆုပြန်ပေးမယ်တဲ့...သာမန်လူတွေကတော့ ကထိန်ကို အမှုမဲ့ အမှတ်မဲ့ နေနေကြပေမယ့် ဝါးခယ်မသား ( အထက-၁ ကျောင်းထွက်) တွေကတော့ ကျွမ်းကျင်ပြီးသား အလုပ်ကို လုပ်ရတော့မယ်ဆိုတော့ ပိုပြီးရင်ခုန်ကြတယ်လေ...စဉ်းစားကြည့်လေ အလှဆုံးပဒေသာပင်ကို ဆုပေးမှာတဲ့....ကျွန်တော်တို့ကုမ္ပဏီ RGK+Z&A မှာ ဝါးခယ်မသား ရှားရှားပါးပါး နှစ်ယောက်ရှိတယ်၊ ဌာနတူ GK Power Systems (GKPS) Department....ကျွန်တော် Aung Zaw Wai နဲ့ ကို Aung Thu Htoon ... ကျွန်တော်တို့နှစ်ယောက် ခေါင်းချင်းဆိုင် အတွေးပေါင်းစုံ နဲ့...တွေးတာကတော့ရိုးရိုးလေးပါ...အားလုံးထက်သာချင်တယ် ဆုရချင်တယ် မှတ်တိုင်တစ်ခု စိုက်ထူချင်တယ်...အချိန်ကလည်း ၅ ရက်လောက်ပဲရတယ်လေ...ကိုအောင်သူက သူ့ Idea တစ်ခုပြောတယ်...ဘာလဲဆိုတော့ Face Book မှာတွေ့တယ်... ဝါးခယ်မ အထက-၁ ကထိန် ၁၅.၁၁.၂၀၁၃ ရက်နေ့မှာလုပ်မယ်တဲ့...ကျွန်တော်တို့ကုမ္ပဏီ ကထိန်က ၁၇.၁၁.၂၀၁၃ ရက်နေ့ ဆိုတော့ ဝါးခယ်မ အထက (၁) ကထိန်မှာ Idea ကောင်းတဲ့ အရုပ်တစ်ခုကို ရန်ကုန်ကိုယူ ပြန်လည်မွမ်းမံကြပြီး ဝင်ပြိုင်ကြမယ်  ပေါ့...ကျွန်တော်ကလည်းထောက်ခံတယ်...ဒါပေမယ့် ဝါးခယ်မမှာ ဘယ်အရုပ်က Idea အကောင်းဆုံးလည်းဆိုတာ ကြိုသိဖို့လိုတယ်...ကြိုသိဖို့က လိုက်စုံစမ်းရမယ်...ဘယ်သူစုံစမ်းမှာလဲ???....ဖြစ်ချင်တော့ ကျွန်တော့်အမေက အဲ့ဒီရက်မှာ ဝါးခယ်မကိုရောက်နေတယ်....အမေ့ကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြတော့...အမေက ယခင် မင်းပိုင်းရပ်ကွက်ရုံးဘေး ကွမ်းခြံကုန်းဘုန်ကြီးကျောင်းဘေးမှာ အအေးရောင်းတဲ့...ကျွန်တော်တို့ ၈ တန်းတုန်းက မြှားနတ်မောင်အရုပ်လုပ်ပေးတဲ့ ကိုအောင်မြင့်ဦး ကို ဆက်သွယ်ပေးမယ်လို့ပြောတယ်...သိပ်မကြာလိုက်ပါဘူး အဆက်အသွယ်ရတယ်...ကိုအောင်မြင့်ဦးကတော့ သူလိုက်ပြီးကြည့်ပေးမယ်...Idea ကောင်းတဲ့ အရုပ်တွေ့ရင်ပြောမယ်တဲ့....၁၄.၁၁.၂၀၁၃ ရက်နေ့ကျတော့သူဖုန်းပြန်ဆက်တယ်..ရွာသစ်ဘက်ကမ်းမှာ ဆရာဦးသောင်းဌေး လုပ်တဲ့အရုပ် ၃ ခုရှိကြောင်းနဲ့ တစ်ခုကတော့တော်တော်လေးကောင်းကြောင်း....ငြိမ်းချမ်းရေး ဂျိုးငှက်ဖြစ်ကြောင်းပြောလာတော့ Idea ကောင်းရင် ကျောင်းကြီးကထိန်လှည့်ပြီးတာနဲ့ ကားနဲ့သာ တင်လာခဲ့လိုက်တော့အစ်ကိုရေလို့ပြောထားလိုက်တယ်...အဲ့ဒါနဲ့ကျောင်းကြီးကထိန်လှည့်ပြီး နေ့လည် ၁၂း၀၀ လောက်မှာ အရုပ်ကို ကားပေါ်တင်ပြီး ရန်ကုန်ကိုထွက်လာနေပြီလို့ သတင်းရတယ်....ညနေ ၃း၃၀ လောက်ကျတော့ ရန်ကုန်ထဲဝင်လာပြီဆိုတော့ ကျွန်တော်တို့လည်း ပဒေသာပင်လုပ်မယ့်နေရာ အလုံမြို့နယ်ထဲက ကျွန်တော့်တို့ကုမ္ပဏီရဲ့စက်ရုံကိုလာခဲ့ဖို့ပြောလိုက်တယ်..

ကျောင်းကထိန် ပါဝင်လှည်.လည်ခိုက်
 .ရောက်လာပြီးကြည့်လိုက်တော့ တော်တော်လေးကို အချိုးအစားကျတဲ့ ဂျိုးငှက် အရုပ်....သိလိုက်ပြီ ကျွန်တော်တို့ဌာန ပထမရတော့မယ်ဆိုတာ....ယူလာတုန်းက ဂျိုးငှက်က အမွှေးတွေမပေါက်သေးဘူး...ကျွန်တော်တို့က တစ်ညလုံးအမွှေးတွေထိုင်တပ်နေကြတယ်...၁၆.၁၁.၂၀၁၃ ရက်နေ့ မှာ ဝါးခယ်မကယူလာတဲ့ ဂျိုးငှက် ကတော့ တော်တော်လေးကို လှနေပြီပေါ့...ပထမဆုအတွက် သေချာသလောက်ရှိသွားတာတော့ ၁၆.၁၁.၂၀၁၃ ရက်နေ့ညနေ ပဒေသာပင်အားလုံး ဘုန်းကြီးကျောင်းပို့တဲ့အချိန်ပေါ့...ကျွန်တော်တို့ဌာနက ပဒေသာပင်ကို နောက်ကျပြီးမှ ပို့တော့ လူတွေရဲ့စိတ်ဝင်စားမှုက အရှိန်ကောင်းလာတယ်....ဘုန်းကြီးကျောင်းရောက်တော့ ပဒေသာပင်ကိုနေရာချပြီး ကျောင်းထိုင်ဘုန်းကြီးကို လျှောက်တော့ မင်းတို့ပဲ ပထမရမှာလို့ ဘုန်းဘုန်းက Comment ပေးတယ်...ကျွန်တော်ကတော့ ဘုန်းဘုန်းရယ် သေချာပါ့မလား ဟိုဘက်က ပဒေသာပင်တွေက အလှူငွေတွေအများကြီး (၁၀၀၀၀၀၀ ကျပ်)၊ တပည့်တော်တို့က ၇၀၀၀၀၀ ကျပ်ပဲရှိတာ နည်းနေလို့ မရနိုင်ဘူးထင်တယ်လို့ပြောတော့ ဘုန်းကြီးက မင်းတို့က Idea ကောင်းတယ် မင်းတို့ပဲရမှာတဲ့...ပထမရရင် ရတဲ့ငွေကို ဘုန်းဘုန်းကိုလှူပါ့မယ်ဘုရား ဆိုပြီး မသိမသာ ဘုန်းကြီးကို စည်းရုံးလိုက်တာကို ကျန်တဲ့ဌာနက လူတွေမသိလိုက်....ကဲ ရောက်ပါပြီ ၁၇.၁၁.၂၀၁၃ ရက်နေ့...ကျန်တဲ့ ဌာနကလူတွေက ကျွန်တော်တို့ ပဒေသာပင်ကို ယှဉ်ပြိုင်ဖို့ အကျုံးမဝင်ဘူးဆိုပြီး ကန့်ကွက်သံတွေ ကြားနေရတယ်....အဲ့အသံတွေ ပိုပြီးကျယ်လောင်လာအောင် ကျွန်တော်က လိုက်ဆွ နေလေရဲ့....ကန့်ကွက်လေ ကောင်းလေပဲလေ...မယှဉ်နိုင်လို့ ကန့်ကွက်နေတာကိုး....တရားနာ၊ ရေစက်ချပြီး ကျွန်တော်တို့ CEO က ပဒေသာပင် တစ်ခုချင်းဆီကို လိုက်ကြည့်တယ်...သူလည်းသိလိုက်ပြီ....Power Systems ကလူတွေကတော့ ရက်ရက်စက်စက် လုပ်ချလိုက်ပြီဆိုတာကို (အထူးသဖြင့် ဝါးခယ်မသားနှစ်ယောက်) ကျန်တဲ့ဌာနကလူတွေကလည်း ညံနေအောင် ကန့်ကွက်ကြတယ်...ကျွန်တော့်အတွက်ကတော့ ကန့်ကွက်ခြင်းဟာ အကောင်းဆုံးပါလို့ပြောတာနဲ့အတူတူပဲ မို့လို့ မသိချင်ယောင်ဆောင်ပြီး မှိန်းနေလိုက်တယ်လေ...CEO က ဘုန်းဘုန်း ဘယ်ပဒေသာပင်အလှဆုံးလဲလို့မေးတော့...ဘုန်းဘုန်းကို စည်းရုံးပြီးသားလေ...ဘုန်းဘုန်းက ဂျိုးငှက် လေးက အဓိပ္ပါယ်ရှိတယ်တဲ့....ဘုန်းဘုန်းကိုလည်း ကျွန်တော်တို့ပဒေသာပင်ဟာ ပြိုင်ဖို့စည်းကမ်းချက်နဲ့မညီပါဘူးလို့ ဝိုင်းကန့်ကွက်ကြတယ်....စည်းကမ်းချမှတ်တဲ့ HR Manager ကို ကြိုမေးထားပြီးမှ လုပ်ထားတာလေ...ကျန်တဲ့လူတွေက မသိလိုက်ဘူး....ကျွန်တော်က CEO ကိုပြောပြပုံက ကန့်ကွက်သူများနေခြင်းဟာ အလှဆုံးဆိုတာကို ထောက်ခံတဲ့သဘောဖြစ်နေတာလို့....CEO က နှစ်သိမ့်ဆုရတဲ့ ပဒေသာပင်တွေကို ကြော်ငြာနေပြီ...ကျွန်တော်တို့ကတော့ နှစ်သိမ့်ဆု မဟုတ်တာသေချာသွားပြီ....ကျန်တာက Admin HR ပဒေသာပင်၊ Finance & Account ပဒေသာပင်၊ Air Con ဌာန ပဒေသာပင်နဲ့ ကျွန်တော်တို့ Power Systems ပဒေသာပင်...CEO က Admin HR နဲ့ Finance က တရားစကားလေးတွေ IT နဲ့ပတ်သက်တဲ့ ပစ္စည်းလေးတွေ (TV,Mobile Phone) ပါတော့ Idea ကောင်းတယ်တဲ့ ၈၀၀,၀၀၀ ဆုချမယ်တဲ့...သေချာသလောက်ရှိသွားပြီ Air Con နဲ့ Power Systems နှစ်ခုထဲကတစ်ခု ပထမရတော့မယ်လေ...CEO က တစ်ဆက်တည်းကြော်ငြာလိုက်တယ်

မွမ်းမံ ပြင်ဆင်ပြီး ၀င်ပြိုင် ဆုရခဲ့သော အရုပ် ( Photo by Aung Zaw Wai )
 Power Systems က ၁,၀၀၀,၀၀၀ ကျပ်တဲ့...ပထမလေ...ပထမ...ဝါးခယ်မသား နှစ်ယောက်ဘာဖြစ်သွားမယ်ထင်လဲ...ပျော်နေပြီပေါ့...ပါးစပ်ထဲက ကြွားလုံးတွေက တစ်ပုံကြီးထွက်ကြလာတာ...ဘာတဲ့ ပဒေသာပင်နဲ့ ပတ်သက်လာရင် ဝါးခယ်မသားတွေကို လာမယှဉ်နဲ့တဲ့.....ဝါးခယ်မသားတွေဟာ ရောက်တဲ့နေရာမှာ ထိပ်ဆုံကနေကြသလို...မြို့လေးရဲ့နာမည်ကိုလည်း ခုလိုမျိုးတမ်းတမ်းတတ ငြီးဆိုတတ်ကြပါတယ်...ဘာတဲ့ " ဝါးခယ်မသားတွေကို လာမယှဉ်နဲ့" ....ဆုပေးပွဲပြီးတော့ ဘုန်းဘုန်းကိုလျှောက်ထားခဲ့တဲ့အတိုင်း ဆုရတဲ့ ပိုက်ဆံ ၁,၀၀၀,၀၀၀ ကျပ်ကိုလှူပြီး အိမ်ပြန်လာခဲ့လိုက်ကြတာ (ငွေ မလို...ဝါးခယ်မရဲ့ ဂုဏ်ပုဒ်ကို ဖွဲ့ဆိုချင်တာ) ဝမ်းသာပီတိ ဂွမ်းဆီထိလို့ပေါ့..................

( ယခု Post လေးသည် ၀ါးခယ်မ သားတို.၏ အောင်မြင်မှုကို ဂုဏ်ပြု ဖော်ပြသော Post ဖြစ်ပါသဖြင်. အခြား ဇာတိဖွားတို.အတွက် လွန်ကျုးဖွဲ. အဆင်တန်ဆာဟု မှတ်ယူ မကြည်ဖြူ ဖြစ်ခဲ့သော် နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည် ။ မြို.ကို ချစ်မှ မျိုးကို ပိုချစ်တတ်လာမည်ဟု ယုံကြည်ပါသည် )

No comments:

Post a Comment