Tuesday, November 5, 2013

စင်္ကာပူက ၀ါးခယ်မ GTI ကျောင်းသားတို.ရဲ. 4th Gathering Party





 စင်္ကာပူ နိုင်ငံတွင် ရောက်ရှိနေသော ၀ါးခယ်မ GTI   ကျောင်းသားဟောင်းများ ၏ Gathering Party ကို ၂၀၁၃ နိုဝင်ဘာ ၂ ရက် ညနေ ၅နာရိအချိန်က စင်္ကာပူနိုင်ငံ ရှိ Labrador Park တွင် ကျင်းပခဲ့ပါသည် ။ ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက် ကျင်းပခဲ့သော ပွဲဖြစ်ပြီး ထူးခြားမှုအတော် များများ ရှိခဲ့သော ပွဲ တစ်ပွဲဖြစ်သည် ။ပထမဆုံး ထူးခြားမှုမှာ ယခုနှစ် Gathering Party သို. ၀ါးခယ်မ GTI မှ ဆရာမ ဒေါ်သဇင်အေး ( အင်္ဂလိပ်စာနည်းပြ ) စင်္ကာပူ ပွဲသို. တက်ရောက် ပြီး သြ၀ါဒ စကားများ ပြောကြားပေးခဲ့ခြင်းဖြစ်သည် ။ထိုနေ.က ကျောင်းသား/ကျောင်းသူ စုစုပေါင်း၆၀  .တက်ေ၇ာက်ခဲ.ပြီး ဆ၇ာမ ဒေါ်သဇင်အေး   ဒေါ်ဝင်းမာလာ နှင့် ကျောင်းအုပ်ကြီးဟောင်း ဦးဇော်မင်းထွန်း တို.ပါ တက်ရောက်ချီးမြှင်.ပေးခဲ့ပါသည် ။


 ထို.အပြင် ယခုရက်ပိုင်း ရွာနေသော မိုးကြောင်. ပွဲကျင်းပမည်.နေ. ပွဲကျင်းပမည်.အချိန် မိုးလေကင်းလွတ်အောင်  ဆရာမ ဒေါ်သဇင်အေး ဆုတောင်းပေးခဲ့ခြင်းကလည်း အတွေ.အကြုံ သစ်တစ်ခုဖြစ်ခဲ့ကြသည် ။


 အစီအစဉ်များကို ကြိုတင်ကြေညာ ထားသည်.အတိုင်း ပြုလုပ်ခဲ့ပါသည် ။ပွဲမစတင်မှီ ကြွေ၇ာက်လာသူတိုင်းကို Soft Drink ဖြင့် တည်ခင်းဧည့်ခံခြင်း ၊အမှတ်တ၇ တီ၇ှပ် အကျီများ ပေးအပ်ခြင်း ၊ Labrador Park အလှ နောက်ခံများဖြင့် အုပ်စုလိုက် ဓါက်ပုံ၇ိုက်ခြင်း ၊တစ်ဦးချင်း အလှဓါက်ပုံများ ၇ိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြပါသည် ။
ထို.နောက် တက်ရောက်လာသော ကျောင်းသားကျောင်းသူများ အားလုံးတို.က တစ်ဥိးချင်းစီ မိတ်ဆက်ကြပြီး မိမိတို.၏ ကျောင်းသားဘ၀ အမှတ်တရများအနက်မှ အမှတ်ထင်ထင် အရှိဆုံး  အဖြစ်အပျက် တစ်ခုစီကို ပြောကြားစေခြင်းဖြင်.  အားလုံးမိမိတို.၏ ကျောင်းတက်စဉ်ကာလများဆီ တဒင်္ဂစီ ပြန်သွားခဲ့ကြပြီးနောက် အုပ်စုဖွဲ. ဓါတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ကြပါသည် ။
 အစီအစဉ် တစ်ခုအနေဖြင်. ကျောင်းအုပ်ကြီးဟောင်း ဆရာဦးဇော်မင်းထွန်းမှ အဖွင်.အမှာစကားပြောကြားပြီး ယခုနှစ် အတွက် အထူးဧည်.သည်တော် ဆရာမဒေါ် သဇင်အေး ကတပည်.ကျောင်းသားဟောင်းတို.အား ဆုံးမသြ၀ါဒ စကားပြောကြားခဲ့ပါသည် (ဆရာမ သည် စင်္ကာပူ သို. ၂၆-၁၀-၂၀၁၃ နေ.တွင်ရောက်ရှိခဲ့ပြီး ၂ - ၁၁-၂၀၁၃ ပွဲသို.တက်ရောက်ကာ ၄-၁၁-၂၀၁၃ နေ.တွင် စင်္ကာပူ နိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ပါသည် ) ။
  ထို.နောက် ရောက်ရှိလာကြသော သူငယ်ချင်း ကျောင်းသား/ကျောင်းသူ ဟောင်းများ စုပေါင်းပြီး အလွမ်း၇ယ်မပြေ သူငယ်ချင်းတွေ ဖြေသိမ့်လိုက်  သိချင်း၃ ပုဒ်ကို စုဖွဲ. သီဆိုခဲ့ကြပြီး ဆရာ /ဆ၇ာမ နှင်. ကျောင်းသား/ကျောင်းသူ အားလုံးတို.ကို ညစာဖြင့် တည့်ခင်းဧည့်ခံပြီး BBQ များ ဆာတေး များဖြင့် ကျွေးမွေးခဲ.ကြပါသည်  (တက်ေ၇ာက်လာသော ကျောင်းသား/သူဟောင်းများ အား ညနေစာ ထမင်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်  ဖြင့် တည့်ခင်းဧည့်ခံ ၇န် ကျောင်းသား ကျောင်းသူ အယောက်၄၀ အတွက်ကို မခိုင်ဇင် နှင့် Ericka ( Treasure Travel & Tour Pte Ltd ) , #03-59, Peninsula Plaza" မှ ပါဝင်လှုဒါန်းပေးခဲ့သည်ဟု သိရပါသည် ) ။

 ကြွရောက်လာပေးသော ဆရာ /. ဆရာမတို.အားလက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုး ပူဇော်ကန်တော.ခြင်းအစိအစဉ်ကို ဆက်လက်ကျင်းပခဲ့ပြီးနောက် အမှတ်တရ လက်ဆောင်များပေးအပ်ခဲ.ကြပါတယ် ။ထို.နောက် ဆ၇ာမ ဒေါ်သဇင်အေး နှင့် ဦးဇော်မင်းထွန်းတို.မှ တပည်.သား/သမီးတို.အားဆုံးမ စကားပြောကြားခဲ.ပါသည် ။
 ထို.နောက် တက်ရောက်လာကြသော ကျောင်းသား /ကျောင်းသူ အားလုံး Game အစိအစဉ်များကို လွတ်လပ် ၊ ပျော်ရွှင် စွာ ၀င်ရောက်ကစားကြပြီး အနိုင်ရရှိသော Major များကို အမှတ်တရ ဆုလက်ဆောင်များချီးမြှင်.ပါသည် ။
  ယခုနှစ် Gathering Party ၏ ထူးခြားအစီအစဉ် တစ်ခုလည်းဖြစ် ၊ အမှန်တကယ်လည်း စိတ်ဝင်စားဖွယ်ကောင်းသော အစီအစဉ်ကိုတော. Game Playing အပြီးတွင် ကျင်းပခဲ့ပါသည်။ ထိုအစီအစဉ်မှာ ၂၀၁၄ ဇန်န၀ါရီလ ရန်ကုန်မြို.တွင်ကျင်းပမည်. ၀ါးခယ်မ GTI ဆရာကန်တော.ပွဲသို. စင်္ကာပူရှိ  ၀ါးခယ်မ GTI  ကျောင်းသားဟောင်းများ ကိုယ်စား ၊ အထူးဧည်.သည်တော်အဖြစ် တက်ရောက်ရန် စင်္ကာပူ ၊ ရန်ကုန် ၊ စင်္ကာပူ အသွားအပြန် လေယာဉ် လက်မှတ် ၂စောင် ကံစမ်းမဲဖောက်ခြင်း ဖြစ်ပြီး ထိုအစီအစဉ်သို. ကျင်းပရေး ကော်မတီဝင်များ ၀င်ရောက်ကံစမ်းခွင်. မရှိပဲ တက်ရောက်လာပေးသော ကျောင်းသား/ကျောင်းသူ များအတွက် သီးသန်.ရည်ရွယ်ခြင်းဖြစ်သည် ။ ထိုကံစမ်းမဲကို ဆရာမ ဒေါ်သဇင်အေးက ကံစမ်းပေးခဲ့ခြင်းဖြစ်ပြီး  ပေါ်ထွက်လာသော အထူးဧည်.သည်တော် ၂ ဦးမှာ မောင်ကျော်ဇော်ထွန်း(ခ) ကဲကဲ (EP - 2001) နှင့် မ၀င့်အိဖြိုး (MP -2002) တို. ဖြစ်ပါသည် 

 ထို.နောက် တစ်ဦးချင်းစီ ခံစားမှုများ ၊ အဖွဲ.လိုက် ဟစ်ကြွေးမှုများ ဖြင်. သိဆိုခံစားကြရင်း စင်္ကာပူရှိ ၀ါးခယ်မ GTI  ကျောင်းသားဟောင်းများ ၏ စတုတ္ထအကြိမ်မြောက် စုစည်းတွေ.ဆုံပွဲကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည် ။
ထိုသို. ပွဲတစ်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက်  ပွဲဖြစ်မြောက်ရေး ကော်မတီအပါအ၀င် ပူးပေါင်းဆောင်ရွက်သူများ၏ ညီညွတ်မှုကား အထူးအရေးကြီးပါသည်။ကော်မတီကို ကိုဝေဖြိုးကျော် (MP 2000) ကိုညဏ်လင်းဖြိုး (MP 2000) မစုသွယ်သွယ်အောင် (EP 2000) သန်းထိုက်စိုး ( Civil 2001) တင့်လွင်ဦး ( Civil 2001) ဝင်းပိုင်စိုး (MP 2001)၊ အောင်ပိုင်ဦး (EP 2001)၊၊ဟိန်းသူရအောင် (MP 2001 )၊ မေနှင်းဦး (EP 2002)၊ အေးသန္တာ (EP 2002 )  တို.ဖြင်.ဖွဲ.စည်းထားခြင်းဖြစ်ပြီး ယခုနှစ်ထူးခြားမှုများ အနက် တစ်ခုဖြစ်သလို အားရစရာကောင်းသော ၊၀မ်းမြောက်ဝမ်းသာကြိုဆိုရမည်ဖြစ်သော အချက်တစ်ခုက Junior ညီငယ်များ အားတက်သရော ဖြင်. Gathering Party သို.စိတ်ဝင်စားစွာ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည် ။
 

  နှစ်စဉ်နှစ်တိုင်း အာစရိယပူဇော်ပွဲ နှင့် Gathering Singapore ကို အောင်မြင်စွာကျင်းပ နိုင်၇န် ၊ ကျောင်းသား ကျောင်းသူဟောင်းများ ၏ အခက်အခဲများကိုေ၇ခြားမြေခြားမှာ ၇င်း၇င်းနီးနှီး တိုင်တိုင်ပင်ပင် နှင့် စည်းလုံးစွာ  ကူညီဖြေရှင်းပေးနိုင်ကြ၇န် .. စသည်တို.ကတော. ကော်မတီ၏ အဓိက ရည်ရွယ်ချက်များဖြစ်ပါသည် ။
 
Gathering ပြီးသွားသော်လည်းအာစရိယပူဇော်ပွဲ အလှုငွေများ ကို 002-3-066493 (DBS Saving Plus) Account တွင် နိုဝင်ဘာ လကုန်ထိ ထည်.၀င်လှုဒါန်းနိုင်ပြီး ထည်.၀င်ပြီးပါကလည်း ကိုဝေဖြိုးကျော် - 81834647   သန်းထိုက်စိုး ( Civil ကုလားမ) 83331012   မေနှင်းဦး - 94571143 တို.ထံသို. အသိပေးအကြောင်းကြား ပေးရန်မေတ္တာရပ်ခံထားပါသည် ။
တစ်နှစ်ထက် တစ်နှစ် ပိုမိုအောင်မြင်စည်းလုံး ပျော်ရွှင်သော တွေ.ဆုံပွဲများ ၊ ပူဇော်ကန်တော.ပွဲများ ကျင်းပနိုင်ပါစေကြောင်း wakhama.blogspot.com မှ ဆုမွန်ကောင်းတောင်းလျှက်.                                အချက်အလက်များ ပံ.ပိုး ကူညိပေးပါသော ညီငယ် Aung Paing Oo နှင်. Wakema GTI Group                ဓါတ်ပုံများ သုံးစွဲခွင်.ရရှိစေခဲ့သော Aung Paing Oo, Hein Thura Aung    နှင်. အချက်အလက်အချို. ပြင်ဆင်ပေးခဲ့သော ညိလေးပိုင်စိုး တို.အား ကျေးဇူးတင်ရှိပါသည် ။
     

    No comments:

    Post a Comment