Saturday, November 30, 2013

ရန်ကုန် တွင် ကျင်းပမည်.. Sea Game ပြိုင်ပွဲ များနှင်. ပတ်သက်သော အချက်အလက်များ




 ၂၇ ကြိမ်မြောက် အရှေ.တောင်အာရှ အားကစားပြိုင်ပွဲ၏ ပွဲစဉ်အချို.ကို ၇န်ကုန်မြို.တွင် ပြုလုပ်မည်ဖြစ်ပါသည် ။ 


 ထိုပွဲများအနက် အားလုံးလိုလို စိတ်ဝင်စားကြသော အမျိုးသား အုပ်စု ဘောလုံး;ပြိုင်ပွဲများကို သုဝဏ ဘောလုံးကွင်း တွင် ကျင်းပမည်ဖြစ်သည် ။ ၇ိုးရိုးတန်း လက်မှတ်များကို ၂၀၀၀ နှင်. အထူးတန်း လက်မှတ်များကို ၄၀၀၀ သတ်မှတ်ထားသည်ဟုသိရပါသည် ။လက်မှတ်များကို My Asia Company Website တွင် ၂၇ ရက်နေ.က စတင်ရောင်းချနေပြီး ဒီဇင်ဘာ ၁ ရက်နေ.တွင် ရန်ကုန် ၊မန္တလေး ၊နေပြည်တော် ဘောလုံးကွင်းများနှင်. 4 Digital ခန်းမများတွင်ရောင်းချမည် ဟုသိရပြီး နိုင်ငံသားကဒ် ယူဆောင်သွား၇န် လိုအပ်ကာ တစ်ကဒ်လျှင် ၂စောင်ရောင်းချပေးမည်ဟုဆိုသည် ။ မြန်မာအမျိုးသား ဘောလုံးအသင်းအနေဖြင်. ဒီဇင်ဘာ ၇ ရက်နေ.ညနေ ၆နာရီ ၄၅ တွင် ကမ္ဘောဒီးယားအသင်း ၊ ဒီဇင်ဘာ ၉ ရက်နေ. ၆နာရီ ၄၅ တွင် တီမော ၊ဒီဇင်ဘာ ၁၄ ရက် ညနေ ၆နာရီ ၄၅ တွင်ထိုင်း ၊ ဒီဇင်ဘာ ၁၆ ရက်နေ. ၆နာရီ ၄၅ တွင် အင်ဒို အသင်းတို.နှင်. ယှဉ်ပြိုင်ရမည်ဖြစ်သည် ။ အကြိုဗိုလ်လုပွဲကိုမူ ဒီဇင်ဘာ ၁၉ ရက်နေ.တွင် နေပြည်တော် ဇေယျာသီ၇ိ ကစားကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  ထိုကွင်းတွင်ပင် ၂၁ ရက်နေ. ညနေ၄နာရီ တတိယလုပွဲ ၇နာရီခွဲ တွင် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည် ။

 
 အမျိုးသား ကာယအလှပြိုင်ပွဲများကို မူ မရမ်းကုန်းမြို.နယ် မင်းဓမ္မလမ်း ရှိ Myanmar Convention Center တွင် ကျင်းပမည်ဖြစ်သည် ။ထိုပြိုင်ပွဲသို. မြန်မာ ၊ထိုင်း ၊မလေး ၊ အင်ဒို ၊ဗီယက်နမ် တို.မှ ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည် ။နှစ်ဆန်းပိုင်းမှစ၍  ကစားသမား ၇ ဦးကို စခန်းသွင်း လေ.ကျင်.ပေးနေပြီး နောက်ဆုံး ဆန်ကာတင် ၅ ဦးဖြင်. ၀ိတ်တန်း ၅တန်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည် ။ ဒီဇင်ဘာ ၁၄ နှင်. ၁၅  ရက်၂ရက်ယှဉ်ပြိုင်မည်ဟုသိရပြီး ၀ိတ်တန်းအလိုက် ယှဉ်ပြိုင်ပြီးသည်နှင်. ဆုများချီးမြှင်.သွား မည်ဟုသိရသည် ။ ၁၄ ရက်နေ.တွင် မနက် ၉နာရီမှ စတင်ယှဉ်ပြိုင်မည်ဖြစ်သည် ။မြန်မာ အားကစားအဖွဲ.အနေဖြင်. ၁၉ ကြိမ် ၂၁ ကြိမ် ၂၅ ကြိမ် တို.တွင် ရွှေဆု ရရှိဖူးထားသည် ။ 



ကမ်ပိုပြိုင်ပွဲနှင်.နပန်းပြိုင်ပွဲ တို.ကို မူအမျိုးသား အားကစားပြိုင်ပွဲရုံ ( ၁ ) သုဝဏ National Indoor Stadium 1 တွင် ကျင်းပပြုလုပ်မည်ဖြစ်သည် ။ နပန်းတွင် Greco အမျိုးအစား နှင်. Freestyle ဟူ၍ ၂မျိုး ပါဝင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ.တွင် စတင် ကျင်းပမည်ဖြစ်သည် ။ အမျိုးသား ၊အမျိုးသမီး ၂မျိုးလုံး ကီလိုအလိုက် ထည်.သွင်းကျင်းပမည်ဖြစ်ကာ ဒီဇင်ဘာ ၁၃ ရက်နေ.တွင် နောက်ဆုံးထား ကျင်းပမည်ဖြစ်ပြီး နေ.စဉ်တိုင်း ဆုပေး ပွဲပါ ထည်.သွင်းသွားမည်ဖြစ်သည် ။ ပြိုင်ပွဲသို. ဘရူနိုင်း ၊ အရှေ.တီမော ၊မလေးရှား နှင်. အင်ဒိုနီးရှား တို.မှလွဲ၍ ၇ နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဓိက သတိထား၇မည်.အသင်းမှာ ဗီယက်နမ် ဟု သိရပါသည် ။


 အလေးမ အားကစားပြိုင်ပွဲများကိုမူ သိမ်ဖြူ အားကစားရုံတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ ၊မလေး၊ ထိုင်း ၊ဖိလစ်ပိုင် ၊ဗီယက်နမ် နှင်. အင်ဒို တို.မှ အမျိုးသား /အမျိုးသမီး ၆၃ ဦး   ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည် ။ ပြိုင်ပွဲများကို ဒီဇင်ဘာ ၁၃ တွင် စတင်ပြီး ၁၆ ရက်နေ.အထိ ယှဉ်ပြိုင်မည်ဖြစ်သည် ။ နေ.စဉ်ပွဲများကို ၁၂ နာရီ ၂ နာရီ ၄ နာရိတို.တွင် ကျင်းပမည်ဖြစ်သည် ။


 ဟော်ကီ ပြိုင်ပွဲများကိုလည်း သိမ်ဖြူ မြက်ခင်းတုဟော်ကီ ကွင်းတွင် ဒီဇင်ဘာ ၁၃ ရက်မှ ၂၁ ရက်အတွင်း အမျိုးသား /အမျိုးသမီ့း ပွဲပေါင်း ၃၀ ကို ၉ရက်အတွင်းကျင်းပမည်ဖြစ်သည် ။ကျင်းပမည်ဖြစ်သည် ။ဟော်ကီ နည်းပြမှာ ပါကစ္စတန် လူမျိုး Mr-Muha Mmad Akhlalq ဖြစ်ပြီး ပြိုင်ပွဲအတွက် အသင်းကို ၂၀၁၃ မတ်လ ၁ရက်နေ.က စတင်ဖွဲ.စည်းခဲ့ခြင်းဖြစ်သည် ။  ပြိုင်ပွဲသို. မြန်မာ ၊မလေး ၊ စင်္ကာပူ ၊ထိုင်း ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ အင်ဒို ..အမျိုးသား ၊အမျိုးသမီး အသင်းများဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး မြန်မာ အမျိုးသား အသင်းအနေဖြင်.ရွှေတံဆိပ် အထိရည်မှန်းထားကြောင်း သိရသည် ။ထိုအသင်းသည်  သြဂုတ်လ မလေးရှားနိုင်ငံ တွင်သွားရောက်လေ.ကျင်.ခဲ့ပြီး စက်တင်ဘာလ ထိုင်းနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယ ရရှိထားသော အသင်းဖြစ်သည် ။ မြန်မာအသင်းအနေဖြင်. ဒီဇင်ဘာ ၁၃ ရက်နေ.တွင် အမျိုးသားအသင်းက ထိုင်းနှင်. ၊ အမျိုးသမီး အသင်းက မလေး နှင်. ။ ၁၄ ရက်တွင် အမျိုးသမီး အသင်းက စင်္ကာပူနှင်. ။ ၁၅ ရက်တွင်အမျိုးသားအသင်းကစင်္ကာပူနှင်.။နောင်ရက်များတွင်တော.အခြားပြိုင်ဘက်များနှင်.တောက်လျှောက်
ပြိုင်ပွဲဝင်မည်ဖြစ်သည် ။ဒိုင်အဖြစ် ဂျပန် ၊ဟောင်ကောင် ၊မလေး ၊အန္ဒိယ ၊ထိုင်း ၊တရုတ် ၊ကိုရီးယားတို.က တာဝန်ယူမည်ဟုသိရပါသည် ။


 သေနတ်ပစ်ပြိုင်ပွဲ များကိုမူ မြောက်ဒဂုံ သေနတ်ပစ်ကွင်းတွင် ကျင်းပမည်ဖြစ်သည် ။
ထိုပြိုင်ပွဲများသို. သွားရောက်ရန် အတွက် ကားများစီစဉ်ထား မှုနှင်. သွားလာနိုင်၇န်များမှာ အမျိုးသား အားကစားပြိုင်ပွဲရုံ ( ၁ ) သုဝဏအတွက် လေးထောင်.ကန် လမ်းမကြီးနှင်. သံသုမာလမ်း အတိုင်း မထသ မှယာဉ်လိုင်း ၁၅ လိုင်း ၊ ၁၉၇ ၊ မေတ္တာလှိုင်း ၊ ၈၈ ၊ ပါရမီလိုင်း စုစုပေါင်း ၂၂လိုင်းပြေးဆွဲ သွားမည်ဟု သိရသည် ။ သိမ်ဖြူ အားကစားရုံနှင်. ဟော်ကီကွင်းသို. မထသ မှ ၈လိုင်း ၊ ၂၃၇ ၊ ၈၈ ၊ ၁၅၇ ၊ ပါရမီ ၂လိုင်း စုစုပေါင်း ၁၃ လိုင်း ။ MCC ခန်းမသို. ၅၁ ၊ ၂၀၂ အထူး ၊ ၂၁၃ စုစုပေါင်း ၃လိုင်း ။ ဒဂုံမြောက် သေနတ်ပစ်ပြိုင်ပွဲသို. ၂၁၃ အထူး ၊ ၆၁ ၊ မေတ္တာလှိုင်း ၂ ၊ ပါရမီ စုစုပေါင်း ၄လိုင်း ပြေးဆွဲသွားမည်ဟု သိရပြီး ထိုသို.သွားလာနိုင်ရေး ယာဉ်လိုင်းနှင်. သတ်မှတ် ယာဉ်စီးခ များပါ လက်ကမ်းကြော်ငြာများကိုလည်း မကြာမှီ ဝေငှသွားမည်ဖြစ်သည် ။

Source ; မြန်မာ.အလင်း နေ.စဉ် ၊ စံတော်ချိန် နေ.စဉ် & Sea Game Official Website

No comments:

Post a Comment