Tuesday, November 5, 2013

လွမ်းတယ် သူငယ်ချင်း - Phyo Wai




၉း၁၅ နဲ. ၄ နာရီ တိတိကြား ကြား၇တတ်တဲ့ 
ငါတို့ကျောင်းတော်ကြီးရဲ့ခေါင်းလောင်းသံကို

လွမ်းတယ် သူငယ်ချင်း
အတန်းနောက်ဆုံးချိန်တိုင်းလွယ်အိတ်ပြင်
အဆူခံရတိုင်းရီနေတတ်တဲ့
ငါ့သူငယ်ချင်းတွေကိုပေါ့

လွမ်းတယ် သူငယ်ချင်း
အသိပညာနဲ့အတတ်ပညာတွေ
ခေါင်းထဲရိုက်သွင်းပေးခဲ့ပြီး
အကောင်းဆုံးပံ့ပိုးပေးလို့လမ်းမှန်စေခဲ့တဲ့
ငါတို့ရဲ့ကျေးဇူးရှင်ဆရာသခင်တွေကိုပေါ့

လွမ်းတယ် သူငယ်ချင်း
အခုနီးကပ်လာတဲ့တန်ဆောင်တိုင်ပွဲနဲ့အတူ
မြို့လုံးကျွတ်စိတ်ဝင်စားပျော်ရွှင်ခဲ့ကြတဲ့
ငါတို့ကျောင်းတော်ကြီးရဲ့ကထိန်ပွဲကိုပေါ့
 

လွမ်းတယ် သူငယ်ချင်း
မတတ်တခေါက်ပညာအစွမ်းနဲ့
ပျော်ရွှင်စွာရီမောပြိုင်ဆိုင်ခဲ့ကြတဲ့
ပန်းချီပန်းပုလက်ရာတွေနဲ့မြိုင်ဆိုင်နေတဲ့
ကထိန်အကြိုညလေးကိုပေါ့

လွမ်းတယ် သူငယ်ချင်း
အဖြူအစိမ်းနဲ့ပဲများနေတဲ့ကျောင်းသား/သူ
ငါတို့ကိုအေးမြတဲ့အပြုံးတွေနဲ့စောင့်ဆိုင်း
ကြည့်ရှုနေတဲ့မိဘပြည်သူတွေကိုပေါ့

လွမ်းတယ် သူငယ်ချင်း
စာမေးပွဲနီးလာတာနဲ့အမျှခေါင်းမဖော်နိုင်ငြား
ပလူပျံနေတဲ့AutoBookလေးတွေကိုပေါ့

လွမ်းတယ် သူငယ်ချင်း
ရတဲ့မုန့်ဖိုးလေးတွေကိုယ်စီစုလို့
ကျေးဇူးရှင်ဆရာ/ဆရာမတွေကို
ဦးခိုက်ကာကန်တော့နိုင်ဖို့ကြိုးစားခဲ့တဲ့
့ငါတို့ရဲ့ဖြူစင်ခဲ့တဲ့အချိန်တွေကိုပေါ့

လွမ်းတယ် သူငယ်ချင်း
အရောင်တွေမစွန်းတဲ့
အဖြူရောင်သူ ငယ်ချင်းဘဝတွေကိုပေါ့


Phyo Wai

No comments:

Post a Comment